← Chapters

IQ နဲ့ EQ နိမ့်တဲ့သူတွေက ကြောက်စရာကောင်းတယ်!

Vol. 4 Ch. 56

IQ နဲ့ EQ နိမ့်တဲ့သူတွေက ကြောက်စရာကောင်းတယ်!

Vol. 4 Ch. 56

စားပွဲရှိလူအားလုံးမှာ ထိုစတော်ဘယ်ရီကိုအလွန်စိတ်ဝင်စားသွားကြသည်။ သူတို့အားလုံးမြည်းကြည့်ပြီး စားပြီးသည်နှင့်အံ့သြသွားကြ၏။

''ဒီစတော်ဘယ်ရီက အရမ်းအရသာရှိတာပဲ ဟုတ်တယ်မလား?''

''အရင်ကကျားဝမ်နဲ့အတူတူ တက္ကသိုလ်တုန်းကအခင်ဆုံးသူငယ်ချင်းဆီက နိုင်ငံခြားစတော်ဘယ်ရီ ၂၀၀ ကတ်တီဝယ်ဖူးတယ်... အရသာက ဒါကိုလုံးဝမမီဘူး''

လီကျားဝမ်၏အခင်ဆုံးသူငယ်ချင်းသုံးယောက်လည်း အံ့အားသင့်သွားသည်။

အနံ့အရသာရှိမှု +၂၊ အရသာ +၂၊ ချိုမြိန်ခြင်း +၂၊ လျှာပေါ်စွဲကျန်ခြင်း +၂ ရှိတဲ့ဒီလိုစတော်ဘယ်ရီမျိုးကို သူတို့ဘဝမှာ လုံးဝစားဖူးမည်မဟုတ်ချေ။

မကြာမီ_

ဖရဲသီးများလည်းရောက်လာ၏။

''ချင်လင်... ဒီဖရဲသီးက တစ်ကတ်တီ ယွမ် ၁၀၀ တန်လား?'' လီကျားဝမ်က မျှော်လင့်တကြီးမေးလိုက်သည်။ အရင်ကဗီဒီယိုကြည့်ထားပြီး တစ်ကတ်တီယွမ် ၁၀၀ တန်ဖရဲသီးက ဘယ်လိုအရသာရှိမလဲဟု သူမတွေးကြည့်ဖူးသည်။

ချင်လင်ကခေါင်းညိမ့်ရင်း_ ''ဟုတ်တယ်... ဒီဖရဲသီးတွေက နည်းနည်းပဲရှိတော့တယ် မရီး... မြည်းကြည့်''

လီကျားဝမ်ကဟိတ်ဟန်ထုတ်မနေ။ ဖရဲသီးတစ်စိတ်ကောက်ပြီး တစ်ကိုက်ကိုက်ကြည့်လိုက်သည်။ ထို့နောက် ဖရဲသီး၏အရသာရှိမှုက တဖန်ဆွဲဆောင်သွားပြန်လေသည်_ ''ဟုတ်တယ်... ဟုတ်တယ်... ဒီဖရဲသီးကအရမ်းချိုတာပဲ... အရသာအရမ်းကောင်းတယ်... ဒီလောက်အရသာရှိတဲ့ဖရဲသီးမျိုး တစ်ခါမှမစားဖူးဘူး''

ဤသည်က တခြားသူများကိုလည်း စိတ်ဝင်စားသွားစေသည်။ သူတို့ကဖရဲသီးစိတ်ကောက်ပြီး မြည်းကြည့်လိုက်၏။ ထို့နောက်သူတို့လည်း ဖရဲသီး၏အရသာကို စွဲသွားကြလေသည်။ အရင်က တစ်ကတ်တီယွမ် ၁၀၀ ကျော်တန်ဖရဲသီးမှာ လူချမ်းသာများကပေးဝယ်စားကြခြင်းဖြစ်ပြီး အရသာမှာသာမန်ဖရဲသီးနှင့်ဘာမှမကွာဟုထင်ခဲ့ကြသည်။

အခုတော့ကြည့်ရတာ ဆင်းရဲသူတွေမှာ အတွေးအခေါ်လည်း တကယ်အကန့်အသတ်ရှိပုံပေါ်သည်။ ကိုယ်ပေးသလောက် ကိုယ်ရသည်မှာအမှန်ပင်။

စားပြီးသည်နှင့်သဘောပေါက်လိုက်သည်မှာ ဒီစျေးပေးရတဲ့သီးနှံတွေက သာမန်သီးနှံတွေထက် အမှန်တကယ်ပိုအရသာရှိသည်ဟူ၍ဖြစ်သည်။

သူတို့မူလအတွေးတွေက မမှားဘူးဆိုတာ ထိုအုပ်စုကမသိကြချေ။

အခုသူတို့စားနေသည်က ထပ်တိုးအရည်အသွေးတွေနဲ့ဂိမ်းထုတ်ကုန်ဖြစ်သည်လေ။ အပြင်မှာ တစ်ကတ်တီယွမ် ၁၀၀ တန်ဖရဲသီးတောင် ဒီလောက်အရသာမရှိနိုင်။

လျိုဟွာလည်း ဤဖရဲသီးအရသာရှိကြောင်း ဝန်ခံရပေမည်။ တစ်စိတ်စားပြီးသည်နှင့် နောက်တစ်စိတ်ကိုလက်လှမ်းနေမိတော့သည်။ ထို့နောက်သူကဖုန်းထုတ်လိုက်ပြီး ဖရဲသီးနှင့်စတော်ဘယ်ရီကိုဓာတ်ပုံရိုက်ယူကာ Wechat အခိုက်အတန့်တွင်တင်လိုက်၏။

ခေါင်းစဉ်: ချင်းလင်စံအိမ်မှ တစ်ကတ်တီယွမ်၂၀၀ တန် ထူးရှယ်စတော်ဘယ်ရီသီးနှင့် တစ်ကတ်တီယွမ် ၁၀၀ တန် ထူးရှယ်ဖရဲသီး။ တကယ်အရသာရှိ။

သူ့အသိုင်းအဝိုင်းသူငယ်ချင်းတွေထဲမှာ ဒီလိုအဆင့်အတန်းရှိတဲ့သီးနှံကိုစားဖူးတဲ့သူအလွန်နည်းသည်ကို သူကောင်းကောင်းသိထားသည်ဖြစ်၍ ကြွားရကျိုးနပ်ပေမည်။

ထင်ထားသည့်အတိုင်း တချို့က like ပေးပြီး သူ့အခိုက်အတန့်များထဲတွင် မှတ်ချက်ဝင်ပေးကြသည်။

ဘာပဲဖြစ်ဖြစ်ချင်းလင်စံအိမ်က အွန်လိုင်းမှာသာမက ရုံချန်းစီရင်စုမှာပါနာမည်ကြီးသည်လေ။

''အစ်ကိုဟွာက မိုက်တယ်ဗျာ... ဒီသီးနှံတွေက ကျွန်တော်တစ်သက်လုံး ဝယ်စားနိုင်မှာမဟုတ်တဲ့ဟာတွေပဲ!''

''အစ်ကိုလျို... ဘာလို့ချင်းလင်စံအိမ်ကိုသွားလည်တာလဲ?''

“…”

ထိုအံ့သြသွားကြသည့်မှတ်ချက်တွေက လျိုဟွာကိုပြောမပြတတ်အောင် ဂုဏ်ယူကျေနပ်စေလေသည်။ သူကမနေနိုင်ဘဲ စာပြန်လိုက်၏_ ''သူဌေးကျွမ်က ငါ့သူငယ်ချင်းလေ... သူကငါ့ကိုလာလည်ဖို့ဖိတ်တာ''

ဤသည်ကြောင့် အံ့သြသွားကြပြီး အတော်များများကအားကျသွားကြလေသည်။ နောက်ပြီး ချင်းလင်စံအိမ်၏သူဌေးက ရုံချန်းစီရင်စုတွင်လုံးဝအထင်ကြီးစရာကောင်းသောပုဂ္ဂိုလ်မှန်း အားလုံးကသိထားကြ၏။

လျိုဟွာကပိုပြီးမြောက်ကြွကြွဖြစ်လာသည်။ သူနှင့်တကယ်ပဲသက်ဆိုင်သလိုလိုနှင့် သူ့နှုတ်ခမ်းထောင့်များပါကွေးတက်သွား၏။ အမှန်တော့သူနှင့်ဘာမှမဆိုင်ပါချေ။

ဒါပေမဲ့သူ့အသိုင်းအဝိုင်းထဲက ဘယ်သူငယ်ချင်းက သူ့သက်သက်အာချောင်တယ်ဆိုတာသိပါ့မလဲ?

ဘဝင်ခိုက်နေသောလျိုဟွာမှာ သူ့ကောင်မလေးကဖုန်းကိုင်ပြီး နည်းနည်းမျက်မှောင်ကြုတ်နေပြီဆိုတာကိုပင်မသိရှာ။ သူမကသူ့ကောင်လေးအခိုက်အတန့်များထဲဝင်ကြည့်လိုက်ပြီး ရှက်သလိုလိုဖြစ်သွား၏။

သူနှင့်ဘာမှမသက်ဆိုင်သောအရာကို ကြွားလည်းကြွားရဲပါပေသည်။ အဓိကက သူစာပြန်ထားပုံကြောင့် သူမတကယ်ရှက်ရသည်။ ဒီကောင်လေးနှင့်သိတာမကြာသေး၍ လီကျားဝမ်တို့နှင့် Wechat တွင် မိတ်ဆွေမဖြစ်သေး၍သာတော်တော့၏။

ထောင်လွှားတယ်၊ မာနကြီးတယ်၊ အကြွားသန်တယ်... တစ်ဖက်လူကလိုက်နေတုန်းတော့ ဒီချို့ယွင်းချက်တွေကိုမသိရသေး။ ဒါပေမဲ့အခု လီကျားဝမ်အမျိုးသား၏တည်ငြိမ်ပုံနှင့်လည်းကောင်း၊ ကျောက်မိုချင်းကောင်လေး၏ ငယ်ရွယ်ပြီး ကတိတည်ပုံနှင့်လည်းကောင်း နှိုင်းယှဉ်ကြည့်သောအခါ...

မည်သို့ဖော်ပြရမည်ကိုတောင်မသိတော့ချေ။

အရည်အသွေး ၂ ဖရဲသီးနှင့်စတော်ဘယ်ရီမှာ လုံးဝအရသာရှိ၏။

သူကဖရဲသီးတစ်လုံးနှင့်စတော်ဘယ်ရီကတ်တီတချို့လတ်စသတ်ပြီးတာတောင် မကျေနပ်နိုင်သေး။

ချင်လင်က နောက်ထပ်အရည်အသွေး ၂ ဖရဲသီးကိုထပ်ခွဲခိုင်းလိုက်သည်။

ထိုအချိန်တွင် ကျောက်လီယွမ်လွှတ်လိုက်သောကားရောက်လာ၏။ ချင်လင်က ထိုအုပ်စုကိုနှုတ်ဆက်လိုက်ပြီး ချန်တပေအားကားပေါ်ပစ္စည်းတင်ခိုင်းလိုက်သည်။ ထို့နောက်သူက ချန်ရှန်းဖေနှင့်မာလဲ့ဝမ်အား လိုက်နှုတ်ဆက်လိုက်၏။

နှစ်ယောက်လုံးက ဖောက်သည်အကြီးစားတွေပင်။

ချင်လင်သွားသည်နှင့် ကျောက်မိုယွင်ကမနေနိုင်တော့ဘဲ သူ့ညီမအား_ ''မိုချင်း... ဘယ်လိုဖြစ်တာလဲ? ဘယ်လိုဖြစ်ပြီးချင်လင်က ရုတ်တရက်ဒီစံအိမ်ကိုဖွင့်ဖြစ်သွားတာလဲ?''

သူကစိုးရိမ်နေသည်။

ဘာပဲဖြစ်ဖြစ် ကြပ်တည်းနေတဲ့မိသားစုနှင့်လူက ရုတ်တရက်ချမ်းသာသွားသည်ဆိုတော့... သူပဲကံကောင်းပြီးဆုကြီးပေါက်လို့လား...ဒါမှမဟုတ် တရားမဝင်တာတွေများလုပ်လို့လား။ သူ့အနေနှင့်အချိန်တိုအတွင်း ယွမ်သန်းချီရရန်မဖြစ်နိုင်ပေ။

ကျောက်မိုချင်းက_ ''အစ်ကို...ချင်လင်ကကံကောင်းပြီး အဆောင်အယောင်ငါးတစ်ကောင်ဖမ်းမိခဲ့တယ်... အဲဒါကိုသူဌေးတစ်ယောက်က ယွမ် ၆၅၀၀၀၀ နဲ့ဝယ်သွားတာ... နောက်တော့အဲဒီသူဌေးကချင်လင်ကို မျက်မှန်းတန်းမိပြီး ဒီစံအိမ်ဖွင့်ဖို့ငွေရင်းနှီးပေးခဲ့တာ... သူကချင်လင်ကို နောက်အခွင့်အရေးရရင် ငါးထပ်ဖမ်းပေးဖို့တောင်တောင်းဆိုခဲ့သေးတယ်''

''အာ... ဘယ်ငါးက ဒီလောက်စျေးကြီးတာလဲ?'' လီကျားဝမ်က အံ့သြနေသည်။

စားပွဲရှိလူအားလုံးလည်း ထိုအကြောင်းအရာကိုစိတ်ဝင်စားသွားကြ၏။

သူတို့ဘဝပတ်ဝန်းကျင်မှာ ဒီလိုအရာတွေနှင့်လုံးဝမကြုံဖူးပါချေ။

ကျောက်မိုချင်းက_ ''သဘာဝကျားဖြူငါးဆိုပဲ!''

ထိုနာမည်ကိုပြောလိုက်သည်နှင့် ဝိုင်းတွင်ထိုင်နေသောလူအားလုံးမှာ သူတို့ဖုန်းထုတ်ပြီးရှာလိုက်ကြ၏။

ကျောက်မိုယွင်လည်း ထိုနည်းတူပင်။ မကြာမီသူက ဆီလျော်သောသတင်းတစ်ခုကိုတွေ့လိုက်ရ၏။ ကျားဖြူငါးလိုအဆောင်အယောင်ငါးမျိုးတကယ်ရှိသည်တဲ့။ စျေးကလည်းကြောက်စရာ။ သဘာဝငါးဆိုပိုစျေးကြီးလေသည်။ တစ်ကောင်တစ်ကောင်ကို သူ့ BMW 5 Series စျေးလောက်ရှိ၏။

သတင်းအရထိုငါးမျိုးမှာ တိုင်းပြည်အတွင်းအလွန်ရှားပါးသည်တဲ့။ သို့သော်တချို့မှာ တိုင်းပြည်အတွင်းမြစ်ဝှမ်းဒေသများတွင်ပေါ်လာတတ်သော်လည်း အရည်အသွေးတော့သိပ်မကောင်းတတ်။ အကယ်၍အရည်အသွေးမြင့်ငါးမျိုးကိုဖမ်းမိသူရှိပါက သေချာပေါက်သိန်းချီပေးဝယ်သူများရှိပေမည်။

ကြည့်ရတာချင်လင်က ကံကောင်းသည့်ပုံပင်။ နတ်သိကြားတွေက သူ့ကိုမလိုက်သည်။ စျေးခေါင်ခိုက်နေသောငါးကိုဖမ်းမိရုံသာမက သူ့ကိုမြှောက်စားမည့်သူဌေးနှင့်ပါ သိကျွမ်းလိုက်ရသည်။

ဤလောကတွင် သူတော်ကောင်းစောင်မခံရသူများလည်း ရှိစမြဲဖြစ်၏။

ချင်လင်က လုံးဝအကျိုးတော်ဆောင်နှင့်တွေ့ခဲ့သည်ပင်။

ကျောက်မိုယွင်က ဆက်ပြီးမစပ်စုတော့ချေ။ ပထမအချက်အနေနှင့် ရိုင်းရာကျမည်။ ဒုတိယအနေနှင့် ထိုငါးမျိုးဖမ်းမိချင်သည်ဟုအထင်ခံရလိမ့်မည်။ နောက်ပြီး EQ သို့ IQ နိမ့်သူများသာ ထိုကဲ့သို့အတွေးမျိုးဝင်လိမ့်မည်ဖြစ်သည်။

''မိုချင်း... နင့်ကောင်လေးက ငါးကိုဘယ်နားကဖမ်းမိခဲ့တာလဲ?'' လျိုဟွာကမနေနိုင်ဘဲမေးလိုက်၏။

ငါးတစ်ကောင်ကို ယွမ် ၆၅၀၀၀၀။ တွေးကြည့်ရုံနှင့်ပင် မက်လောက်စရာပေ။

“…” ကျောက်မိုယွင်က မျက်မှောင်ကြုတ်လိုက်သည်။

ကျောက်မိုချင်းက ခေါင်းခါလိုက်ပြီး_ ''ကျွန်မလည်းမသိဘူး... ချင်လင်ဘာမှမပြောဘူး''

သိပ်မကြာခင်_

ချင်လင်ကဧည့်သည်လိုက်ပို့ပြီး ပြန်ရောက်လာသည်။

လျိုဟွာကချင်လင်ကိုမြင်လျှင် အကြာကြီးမျိုသိပ်ထားရသည့်နှယ် စိုးရိမ်တကြီးနှင့်_ ''ချင်လင်... မင်းအဲဒီသဘာဝကျားဖြူကို ဘယ်နားကမိခဲ့တာလဲ?''

''???'' ချင်လင်က ထိုမေးခွန်းကို ဘယ်သူကမှမေးမည်ဟုထင်မထားပေ။ ကြိုတင်မစဉ်းစားထားမိ၍ ဖြေမိဖြေရာဖြေလိုက်သည်_ ''အဲဒါ စံအိမ်ဘေးရေလှောင်တမံနားက ပင်မရေကန်မှာ... ပြင်ဆင်ရတာတင် အချိန်သုံးရက်နဲ့ ပိုက်ဆံအများကြီးကုန်တယ်... အဲကောင်ကိုဖမ်းမိဖို့ တစ်ပတ်လုံးလုံးအချိန်ပေးခဲ့ရတာ... ဒါပေမဲ့ပင်ပန်းရကျိုးနပ်ပါတယ်''

''ရေလှောင်တမံမှာလား!'' လျိုဟွာကတည်နေရာသိသည်နှင့်ချက်ချင်းပြုံးလိုက်ပြီး သူ့စိတ်ထဲတွင်စတင်တွက်ချက်နေသည်။

ကျောက်မိုယွင်က ထပ်ပြီးမျက်မှောင်ကြုတ်လိုက်၏။

သူ့ဇနီးကို အဲဒီအခင်ဆုံးသူငယ်ချင်းနှင့် အဆက်အသွယ်လျှော့ခိုင်းရမည်ဟု လုံးဝခံစားလိုက်ရသည်။ ဒီလိုကောင်လေးမျိုးနဲ့အမျိုးသမီးတွေက အကြိုက်မှားတာ၊ စိတ်အလိုလိုက်တာ ဒါမှမဟုတ် တုံးအတာပဲ!

ကျောက်မိုချင်းက ချင်လင်၏လက်မောင်းကိုတွဲလိုက်ပြီး_ ''ချင်လင်... ကျွန်မအစ်ကိုနဲ့ယောက်မကို ပန်းပင်လယ်ထဲခေါ်သွားလိုက်ဦးမယ်''

''အင်း!'' ချင်လင်ကခေါင်းညိမ့်လိုက်သည်။

ထိုအုပ်စုကထွက်ခွာမည့်ဆဲဆဲ ကျောက်မိုချင်း၏ဖုန်းမြည်လာသည်။

သူမကချက်ချင်းဖုန်းကောက်ကိုင်လိုက်ရာ သူမမိခင်၏စိတ်ဆိုးမာန်ဆိုးအသံကိုကြားလိုက်ရ၏_ ''ကျောက်မိုချင်း... အိမ်ကိုချက်ချင်းပြန်လာစမ်း... ချင်လင်ကိုပါခေါ်ခဲ့''

''အာ!'' ကျောက်မိုချင်းကြောင်သွားသည်။ သူမဘာမှန်းမသိလိုက်ခင် တစ်ဖက်ကဖုန်းချသွား၏။

လီကျားဝမ်ကမေးလိုက်သည်_ ''မိုချင်း... ဘာဖြစ်လို့လဲ?''

ကျောက်မိုချင်းက စိတ်လှုပ်ရှားစွာနှင့်_ ''အမေက ငါ့ကိုအိမ်ပြန်လာတဲ့... ချင်လင်ကိုပါခေါ်လာခိုင်းတယ်... အရမ်းစိတ်ဆိုးနေတဲ့ပုံပဲ''

''အာ... ဘယ်လိုလုပ်ပြီးအမေက နင့်ကိုအခုချင်လင်နဲ့အတူတူမှန်းသိသွားတာလဲ?'' လီကျားဝမ်ကချက်ချင်းသူ့လက်ကိုမြှောက်လိုက်ပြီး_ ''ငါမပြောဘူးနော်... ငါသတင်းပေးတာမဟုတ်ဘူး''

ထို့နောက်သူမက သူ့ယောက်ျားကိုကြည့်လိုက်သည်။

ကျောက်မိုယွင်က စိတ်ဓာတ်ကျသွားပုံနှင့်_ ''ဘာလို့ကိုယ့်ကိုကြည့်နေတာလဲ? ကိုယ်ဝင်လာကတည်းက ဖုန်းလည်းမဆက် စာလည်းမပို့ဘူး... ကိုယ်မဟုတ်ဘူး''

ကျောက်မိုချင်းနှင့်ချင်လင်မှာ တစ်ယောက်ကိုတစ်ယောက်မလုံမလဲနှင့်ကြည့်လိုက်ကြလေသည်။

All Chapters