← Chapters

ဖရဲမျိုးစေ့အပင်ပေါက်ပြီ!

Vol. 4 Ch. 60

ဖရဲမျိုးစေ့အပင်ပေါက်ပြီ!

Vol. 4 Ch. 60

မာလဲ့ဝမ်က သူ့ဇနီးစကားကြားလျှင် စိတ်မကြည်မလင်ဖြစ်သွားသည်။ သူကအထဲကိုလှမ်းအော်လိုက်၏_ ''အစ်မဝူ... ခဏလောက်ထွက်ခဲ့ပါဦး''

သက်လတ်ပိုင်းအရွယ်အိမ်ထိန်းတစ်ဦးထွက်လာပြီး_ ''လူကြီးမင်းမာ''

''အစ်မဝူ... ဒီဆန်ကိုပါယူသွားပြီး ချက်လိုက်ပါဦး... ဒါမင်းအစ်မဆန်နဲ့မတူဘူး... ဒီရုံးပတီသီး ကန်စွန်းဥနဲ့ ပန်းပွင့်စိမ်းတွေလည်း နည်းနည်းစီလုပ်ပေးဦး''

မာလဲ့ဝမ်က အိမ်ထိန်းကိုညွှန်ကြားလိုက်သည်။ ဤအိမ်ထိန်း၏လက်ရာမှအလွန်ကောင်း၏။ ထို့ကြောင့်ပင်သူက စျေးကောင်းပေး၍ခန့်ထားခြင်းဖြစ်လေသည်။

''ကောင်းပါပြီ လူကြီးမင်းမာ'' အစ်မဝူက ခေါင်းညိမ့်လိုက်၏။

ဒရိုင်ဘာကအစ်မဝူနောက်လိုက်၍ မီးဖိုချောင်ထဲထိုပစ္စည်းများထည့်ပြီး ရိုရိုသေသေထွက်သွားသည်။

သိပ်မကြာမီ_

အစ်မဝူချက်ပြုတ်ပြီးသွား၍အပြင်ထွက်လာပြီး သူတို့သုံးယောက်ကိုထမင်းစားပွဲသို့ဖိတ်လိုက်သည်။

ထမင်းစားပွဲတွင် ရုံးပတီ၊ ကန်စွန်းဥ၊ ပန်းပွင့်စိမ်းနှင့် ဆန်နှစ်မျိုးလုံးတည်ခင်းထား၏။

မာလဲ့ဝမ်ကဲ့သို့သူဌေးကြီးတစ်ဦးအနေနှင့် ဤစားပွဲမှာအနည်းငယ်ရှက်စရာကောင်းသော်လည်း တချို့သူဌေးကြီးများစားချင်လျှင်တောင်မစားနိုင်သောစားပွဲမျိုးဖြစ်မှန်း သူသာလျှင်သိလေသည်။

ရှန်းရွှေလက်ဆောင်ဆန်အစစ်ဖြစ်စေ ထူးရှယ်ရုံးပတီ၊ ကန်စွန်းဥနှင့် ပန်းပွင့်စိမ်းဖြစ်စေ ငွေနှင့်ဝယ်၍မရနိုင်ပေ။

''အစ်မဝူ... ဘယ်ဆန်က ကျုပ်ယူလာတဲ့ဆန်လဲ?'' မာလဲ့ဝမ်ကမေးလိုက်သည်။

အစ်မဝူက ဘယ်ဘက်ရှိဆန်ကိုလက်ညွှန်လိုက်ပြီး_ ''လူကြီးမင်း... ဒီဟာပါ''

မာလဲ့ဝမ်ကခေါင်းညိမ့်၍ သူ့ဇနီးအား_ ''အချစ်ရေ... မင်းလီဖေးဆီကဝယ်လာတဲ့ဟာကို အရင်မြည်းကြည့်လိုက်ပါဦး''

ချူရှင်းကခေါင်းညိမ့်၍ သူမနှင့်လင်းလျိုအတွက် တစ်ပန်းကန်ဖြည့်လိုက်သည်။ ထို့နောက် နှစ်ဇွန်းအပြည့်စားကြည့်လိုက်၏။

နောက်သူမက_ ''အတွေ့အထိနဲ့အရသာက အရင်အတိုင်းပဲ... ဒါရှန်းရွှေလက်ဆောင်ဆန်အစစ်ပဲ''

လင်းလျိုကလည်း ခေါင်းညိမ့်လိုက်သည်။

မာလဲ့ဝမ်ကခေါင်းခါရင်း_ ''ဒီတော့ ငါတို့ထပ်ပြီးလှည့်စားခံလိုက်ရပြီဆိုပါတော့... အခုကိုယ်ဝယ်လာတဲ့ဟာမြည်းကြည့်ပါဦး''



''???'' ချူရှင်းကဇဝေဇဝါဖြစ်နေသော်လည်း ပြောသလိုလိုက်လုပ်လိုက်၏။ သူမက မာလဲ့ဝမ်ယူလာသောထမင်းတစ်ပန်းကန်ထပ်ဖြည့်လိုက်သည်။ သို့သော်နှစ်လုတ်စားပြီးသည်နှင့် သူမမျက်နှာမှာ မယုံနိုင်ပုံနှင့်_ ''ယောက်ျား... ဘာလို့ဒီဆန်ကအရမ်းအရသာရှိတာလဲ?''

ကလေးတစ်ဖက်နှင့်လင်းလျိုကလည်း မယုံနိုင်သည့်ပုံပင်။ အရင်က ဒီလိုအရသာရှိသောဆန်မျိုးမစားခဲ့ဖူးပေ။

မာလဲ့ဝမ်ကပြုံးလိုက်ပြီး_ ''အခုသိပြီလား? ဒါဆန်အစစ်ပဲ... ကိုယ်လည်းအရင်ကအစစ်မစားဖူးဘူး... ကိုယ်ဝယ်လာတာတွေကိုအစစ်လို့ထင်ပေမဲ့ တော်ရုံသင့်ရုံပဲပေးရတာ''

ချူရှင်းကထိုစကားကြားလျှင် ချက်ချင်းအောင့်သီးအောင့်သက်ဖြစ်သွားပြီး_ ''ပစ္စည်းကောင်းကို ဘာလို့ဒီလိုလုပ်ရတာလဲ? ကျွန်မအဲဒီကိုထပ်မသွားတော့ဘူး''

အချဉ်ဖမ်းခံရသည်ကို မည်သူမျှမကြိုက်ကြပေ။

မာလဲ့ဝမ်ကဂုဏ်ယူစွာနှင့်_ ''စိတ်မတိုပါနဲ့... ဖြစ်ချင်တော့ ကိုယ်ဒီတစ်ခေါက်သူဌေးချင်နဲ့ဆုံမှ လှည့်စားခံရမှန်းသိလိုက်တာ... နောက်ဆို သူဌေးချင်ကိုပဲယုံတော့မယ်... ဒါနဲ့ ဒီရုံးပတီ ကန်စွန်းဥနဲ့ ပန်းပွင့်စိမ်းတွေကိုမြည်းကြည့်ဦး... အဲဒါသူဌေးချင်ဆီက အဖိုးတန်တွေပဲ''

ထိုစကားလုံးများက အမျိုးသမီးနှစ်ဦးအား စိတ်ဝင်စားသွားစေသည်။ သူဌေးချင်က ဘယ်လိုလူမျိုးမလို့ ဂုဏ်သရေရှိမာလဲ့ဝမ်ကို ဒါမျိုးတွေပြောထွက်စေတာလဲ?

ထိုအရည်အသွေး ၂ ရုံးပတီ၊ကန်စွန်းဥနှင့်ပန်းပွင့်စိမ်းများမှာ မည်သည့်အတွေ့အထိအရသာမှမရှိပေ။ အရသာမှာ သာမန်အတိုင်းပင်။

သို့သော်အချိန်ကုန်လွန်သည်နှင့်အမျှ ခံစားရသည်မှာမတူတော့။ တဖြည်းဖြည်းနွေးလာပြီး သက်သောင့်သက်သာဖြစ်လာလေသည်။

''ဟမ်... အာ...'' လျိုလင်းက စားပြီးရုံရှိသေး။ ပန်းကန်ချလိုက်သည်နှင့် ရုတ်တရက်မနေနိုင်ဘဲ အလွန်မထင်မရှားအသံပြုလိုက်မိသည်။

ထိုအသံကြောင့် လင်မယားနှစ်ယောက်လုံးအံ့အားသင့်ပြီး ကြည့်လိုက်ကြ၏။

''အန်...'' လျိုလင်းမှာရုတ်တရက်ကသိကအောက်သွားလေသည်။ အရှေ့ပိုင်းနှစ်နေရာသို့ ရုတ်တရက်အနွေးစီးကြောင်းနှစ်ခုစီးဝင်လာမည်ဟု သူမထင်မထားမိပေ။ လုံးဝသက်သောင့်သက်သာရှိသွားသဖြင့် ထိုကဲ့သို့...

ဤသည်မှာ အရည်အသွေး ၂ ရုံးပတီသီး၏နို့ထွက်ကောင်းစေခြင်း +၂ အာနိသင်ကြောင့်ပင်။ နောက်ပြီးသူမက မီးဖွားထားသည်မှာမကြာသေး၍ဖြစ်သည်။

ထိုအဖြစ်ကြောင့် လင်းလျိုလည်းရှက်သွား၏။ ညစာစားပြီးသည်နှင့် သူမကနှုတ်ဆက်ပြီး ကလေးနှင့်ပြန်ထွက်သွားလေသည်။

တစ်ဖက်တွင်မာလဲ့ဝမ်မှာ သူ့ဇနီးကိုအချက်ပြ၍ အပေါ်ထပ်ခေါ်သွားတော့၏။

…

ထိုညတွင်_

ဤသည်မှာကျောက်မိုချင်း ချင်လင်၏အိမ်၌ ပထမဆုံးနေခြင်းဖြစ်သည်။ အခန်းမှာ မရေမရာအငွေ့အသက်များပြည့်နှက်နေ၏။

ချင်လင်က ကျောက်မိုချင်းကို အနောက်မှသိုင်းဖက်လိုက်ပြီး_ ''စောစောကသိခဲ့ရင် မင်းကိုဟိုတယ်အရင်ခေါ်သွားပါတယ်... အောင်ပွဲခံစရာမရှိတော့ဘူး!''

''ဖွီ... ဒါတွေတွေးနေတာလား?'' ကျောက်မိုချင်းကရှက်ရှက်နှင့်ပြောလိုက်သည်။



''ဘယ်လိုဖြစ်ပြီး ကိုယ့်ကိုအပြစ်တင်ရတာလဲ? မင်းပဲအတွင်းအင်္ကျီကိုကူပြီး ဆွဲချခိုင်းပြီးတော့!'' ချင်လင်ကအသည်းအသန်ပြောလိုက်သည်။ ဤငှားထားသောအိမ်မှာအသံမလုံသဖြင့် သူဘာမှမလုပ်နိုင်ပေ။

''ရှင်ညစ်ပတ်တာပါ!'' ကျောက်မိုချင်းကစိတ်ကောက်သွားသည်။

ညမှာတိတ်ဆိတ်နေသော်လည်း ခါတိုင်းနှင့်မတူ။

နောက်နေ့တွင်ချင်လင်နိုးလာပြီး သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်သည်။ သီးနှံအားလုံးမှည့်နေလေပြီ။ ရှန်းရွှေလက်ဆောင်ဆန်မှာ မနေ့ညကညဉ့်နက်ပိုင်းမှည့်သည်။ သူလည်းအိပ်ပျော်သွားပြီး ဤမနက်မှသာရိတ်သိမ်းနိုင်၏။

သူကဂိမ်းဇာတ်ကောင်ကို သီးနှံအားလုံးခူးစေပြီး သူအာရုံပြန်မလွှဲခင် မျိုးစေ့အသစ်များချထားစေလိုက်သည်။ ကျောက်မိုချင်းနိုးနေပြီဖြစ်ပြီး သူမမျက်လုံးလှလှလေးများနှင့်သူ့ကိုငေးကြည့်နေပြီဖြစ်ကြောင်း သူသတိထားမိလိုက်၏။

ကျောက်မိုချင်းအတွက်တော့ ထိုညမှာထူးခြားနေသည်။ ဘာပဲဖြစ်ဖြစ် ချင်လင်၏ဇနီးအနေနှင့် သူ့အိမ်တွင်ပွင့်ပွင့်လင်းလင်းနေ၍ရပြီဖြစ်လေသည်။

''ပြန်အိပ်လိုက်ဦး... ကိုယ်စံအိမ်ကိုကုန်သွားပို့လိုက်ဦးမယ်... အထူးသီးနှံတွေက ကိုယ်ကိုယ်တိုက်သွားပို့ချင်လို့'' ချင်လင်က ကျောက်မိုချင်းနဖူးကိုနမ်းပြီး အိပ်ကာမှထကာ ကိုယ်လက်သန့်စင်၍ထွက်လာခဲ့၏။

တစ်ဖက်တွင်_

မာလဲ့ဝမ်က မနက်အစောကြီးနိုးနေသည်။ သူဌေးချင်၏ပစ္စည်းတွေက သူ့ကိုတစ်ညလွန်သည်နှင့် သူရဲကောင်းတစ်ဦးကဲ့သို့ခံစားရစေပြီး အလွန်စိတ်ရွှင်လန်းနေ၏။

ဤသည်ကြောင့်သူက သူဌေးချင်နှင့်ဆက်ဆံရေးကောင်းအောင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ်သူဌေးချင်မှာသာ ဒီပစ္စည်းတွေရှိသည်လေ။

နာရီဝက်အကြာတွင် မာလဲ့ဝမ်နှင့်သူ့ဇနီးက ရေမိုးချိုး၍အောက်ဆင်းလိုက်သည်။ သူတို့ရောက်သည်နှင့် ချူရှင်းကစာတစ်စောင်ရလိုက်၏။ ထို့နောက်သူက မာလဲ့ဝမ်အား ထူးဆန်းသောပုံစံနှင့်_ ''ယောက်ျား... ရှင်မနေ့က ဒီပစ္စည်းတွေဘယ်ကရခဲ့တာလဲ?''

''ဘယ်ဟာလဲ?'' မာလဲ့ဝမ်ကမေးလိုက်သည်။

ချူရှင်းကသူမရင်ဘတ်ကိုညွှန်ပြပြီး ရှင်းပြလိုက်၏_ ''လင်းလျို မနေ့ကစားလိုက်တယ်မလား? သူဒီမနက်နိုးလာတော့ ကလေးအတွက်နို့လုံလုံလောက်လောက်ထွက်တယ်တဲ့... တကယ်တော့ပိုတောင်ပိုသေးတယ်... အရင်က ကလေးအတွက်မလောက်ဘူးလေ''

''...'' မာလဲ့ဝမ်ကကြောင်သွားသည်။ ဒီဟာက အမျိုးသားတွေပဲအာနိသင်ရှိတာမဟုတ်ဘူး အမျိုးသမီးတွေရောပေါ့?

သူကချက်ချင်းဖုန်းထုတ်၍ရှာလိုက်သည်။ အမှန်ပင်။ ရုံးပတီသီးရဲ့အစွမ်းက အမျိုးသားတွေတင်မက အမျိုးသမီးတွေပါအကျိုးရှိသည်တဲ့။ လူကြီးမင်းချင်၏အထူးမျိုးအာနိသင်မှာ အလွန်အစွမ်းထက်ခြင်းကြောင့်ဖြစ်လေသည်။

ဤသည်ကသူ့အား တစ်စုံတစ်ရာကိုအမှတ်ရစေ၏။

ချင်လင်ဂိုဒေါင်ရောက်သောအခါ ဂိမ်းထဲဝင်လိုက်ပြီး ရုံးပတီ၊ ကန်စွန်းဥ၊ ပန်းပွင့်စိမ်း၊ စတော်ဘယ်ရီနှင့် ဖရဲသီးများကို အသုတ်လိုက်ခွဲထုတ်၍ စံအိမ်ပို့လိုက်သည်။

ရှန်းရွှေလက်ဆောင်ဆန်ကိုမူ ဂိမ်းထဲတွင်သာထားလိုက်၏။ ၄င်းဆန်ကိုအများကြီးထုတ်ရန်မသင့်တော်ပေ။ သူစားသည်ထက်လောလောဆယ် ဂိမ်းထဲတွင်သာ ရောင်းရမည်ကိုစိုးမိသည်။

ချင်လင်ကစံအိမ်သို့အားလုံးပို့ပြီးနောက် ကျောက်မိုချင်းနှင့်လင်းဖန်လည်းရောက်နေပြီဖြစ်ကြောင်း သတိထားမိလိုက်၏။

''အမေလည်းလိုက်မယ်ဆိုလို့ ကျွန်မခေါ်ခဲ့လိုက်တာ'' ကျောက်မိုချင်းကပြောသည်။

''အင်း!'' ချင်လင်ကခေါင်းညိမ့်လိုက်၏။

သူ့မိခင်အကြောင်း သူသိသည်။ သူမကိုစံအိမ်သို့လာကူညီခိုင်းမည်ဟုကတိပေးထားသော်လည်း သူ့ကတိကိုမတည်နိုင်သေး။ အခုတော့သူမက အခွင့်အရေးကိုအမိအရယူလိုက်လေပြီ။

သူတို့ခန်းမထဲဝင်လိုက်သည်နှင့် ချန်တပေပြေးလာပြီး အလန့်တကြားပြောလိုက်၏_ ''သူဌေး... ဟိုဖရဲမျိုးတွေအပင်ပေါက်နေပြီ!''



All Chapters