← Chapters

တန်းလင်တုတ်

Vol. 48 Ch. 665

တန်းလင်တုတ်

Vol. 48 Ch. 665

ယဲ့ချန်သည် ဂရုတစိုက်စစ်ဆေးရင်း ဓားပျံ၏အကူအညီဖြင့် အာရုံခံလိုက်သောအခါ နောက်ဆုံးတွင် သေတ္တာတစ်လုံးကို မျက်စိကျသွားခဲ့သည်။ ၎င်းက အခြားသေတ္တာများကဲ့သို့ လှပခမ်းနားခြင်းမရှိဘဲ အိုမင်းဟောင်းနွမ်းနေပြီး ထိခိုက်နေသည့် ရတနာများကိုသာ သိမ်းဆည်းထားခြင်းဖြစ်သည်။ သူ၏အပြုအမူကြောင့် မုလောင်က နားမလည်နိုင်အောင် ဖြစ်သွားခဲ့သည်။

"ခေါင်းဆောင်မုက ပြောတယ်။ ဒီသေတ္တာထဲမှာ အပျက်အစီးတွေကိုသာ သိမ်းဆည်းထားပြီး အရင်က တာအိုအဆင့်ကိုးနဲ့အထက် လက်နက်တွေဖြစ်ခဲ့ပြီး ကုန်ကြမ်းကောင်းကာင်းနဲ့ လုပ်ထားပေမယ့် ပြင်မရလောက်အောင် ပျက်စီးနေကြပြီ။ သူတို့က ဒါတွေကို လွှင့်မပစ်ရက်လို့ အနာဂတ်မှာ တစ်ယောက်ယောက်များ ပြင်ဆင်နိုင်မလားဆိုပြီး သိမ်းဆည်းထားခဲ့တာ"

ရောင်ယွမ်က ဘာသာပြန်နေရင်း ယဲ့ချန်ကို လူထူးဆန်းတစ်ယောက်ဟု စတင်ထင်မြင်လာခဲ့သည်။ သစ်တောစောင့်မျိုးနွယ်က ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီး လက်ဆောင်ပေးသည်ကို ငြင်းပယ်၍ သာမန်တာအိုလက်နက်များကို ရွေးချယ်ခဲ့သည်။ ယဲ့ချန်တွင် ကြယ်ဝိညာဥ် မဟာတာအိုလက်နက်တစ်ခု ရှိပြီးသားဖြစ်သောကြောင့် ၎င်းတို့က အသုံးဝင်မည် မဟုတ်ပေ။ အကယ်၍ သူက အကောင်းဆုံးရတနာတစ်ခုကို ရွေးချယ်လိုက်လျှင်လည်း သူမအတွက် မထူးဆန်းပေ။ သို့သော်လည်း ယဲ့ချန်က အပြစ်ကင်းစင်သော လက်နက်များကို ရွေးချယ်ရမည့်အစား အပျက်အစီးများကိုသာ မျက်စိကျနေခြင်းအား နားမလည်နိုင်ပေ။ သူက ဤအပျက်အစီးများကြားတွင် ရတနာတစ်ခု ရှာတွေ့သွားခြင်း ဖြစ်နိုင်သော်လည်း အခွင့်အလမ်း အလွန်နည်းပါးသည်။

ရောင်ယွမ်၏စကားကို ကြားသောအခါ ယဲ့ချန်က တစ်ချက်ပြုံး၍ သေတ္တာထံ ချဥ်းကပ်လိုက်သည်။ ဓားပျံ၏တုံ့ပြန်မှုက ပြင်းထန်လာသောကြောင့် သူက လူတစ်ယောက်၏အရပ် အရွယ်အစားရှိသော ၎င်းကို ဖွင့်လှစ်လိုက်သည်။ အတွင်း၌ ပျက်စီးနေသော လက်နက်များပြည့်နှက်နေပြီး ယဲ့ချန်က တစ်စုံတစ်ခုကို ရှာဖွေနေသဖြင့် သူမက စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သည်။ သူမ၏အမြင်၌ ယဲ့ချန်က ထူးဆန်းသော်လည်း ပတ်ဝန်းကျင်ရှိ လူများ၏သိချင်စိတ်တိုးလာအောင် လုပ်နိုင်စွမ်းရှိသူလည်း ဖြစ်သောကြောင့် မည်သို့သော လူစားမျိုးဖြစ်ကြောင်း အတွေးနက်နေမိသည်။

ထိုအချိန်တွင် ယဲ့ချန်က ဂရုတစိုက်အာရုံခံနေပြီး ပျက်စီးနေသော လက်နက်များကြားတွင် သူ့အား ဆွဲဆောင်နေသော အရှိန်အဝါတစ်ရပ်ကို ခံစားလိုက်ရ၏။ လက်နက်အများစုက ပြင်းထန်စွာ ထိခိုက်ထားသောကြောင့် ပြင်ဆင်မရလောက်အောင် ပျက်စီးနေပြီး အသုံးပြုထားသော ကုန်ကြမ်းများက အလွန်ကောင်းမွန်နေသဖြင့် အနာဂတ်၌ အသုံးဝင်လိုဝင်ငြား ထိန်းသိမ်းခံထားရခြင်းဖြစ်သည်။ သူက လက်နက်များကို တစ်ခုချင်းဖယ်ထုတ်၍ နောက်ဆုံးတွင် စက်လုံးခြမ်းသဏ္ဍာန် သတ္တုတုတ်ရှည်တစ်ချောင်းကို ကောက်ယူလိုက်သည်။ ၎င်းက တစ်မီတာရှည်လျားပြီး လက်မောင်းခန့်တုတ်သော်လည်း အလယ်မှ ပိုင်းဖြတ်ခံထားရသည်။ သူက ၎င်းကို အချိန်ကြာမြင့်စွာ စစ်ဆေးပြီးနောက် ဓားပျံ၏တုံ့ပြန်မှု အကြောင်းအရင်းဖြစ်ကြောင်း သေချာသွားခဲ့သည်။

"ဒီလက်နက်ကို တန်းလင်တုတ်လို့ခေါ်ပြီး အရင်က အဆင့်ကိုးတာအိုလက်နက်တစ်ခုဖြစ်ပြီး သစ်တောစောင့်မျိုးနွယ်ရဲ့ စစ်ဧကရာဇ်တစ်ယောက် အသုံးပြုခဲ့တယ်။ တိုက်ပွဲတစ်ခုအတွင်းမှာ ဒီလက်နက်က အဆင့်တစ်ဆယ်တာအိုလက်နက် ဓားရှည်တစ်လက်နဲ့ ခုတ်ပိုင်းခံခဲ့ရပြီး ကျန်တစ်ပိုင်းက ပျောက်ကွယ်သွားခဲ့တယ်"

မုလောင်က လက်နက်အကြောင်း မိတ်ဆက်ပေးလိုက်သဖြင့် ရောင်ယွမ်ကလည်း ချက်ချင်းဘာသာပြန်ပေးခဲ့သည်။ သူတို့အားလုံးက ယဲ့ချန်အပေါ် နားမလည်နိုင်ဖြစ်နေကြပြီး ဘဏ္ဍာတိုက်အတွင်း ကောင်းမွန်သော အဆင့်တစ်ဆယ်တာအိုလက်နက်များပင် ရှိပါလျက် ပျက်စီးနေသော တန်းလင်တုတ်ကို ရွေးချယ်ခြင်းမှာ အလွန်ထူးဆန်းနေခဲ့သည်။

"ကျုပ်က ဒါကို လက်ဆောင်အဖြစ် လက်ခံလိုက်မယ်"

ယဲ့ချန်က တန်းလင်တုတ်ကို ထုတ်ယူ၍ ဆုပ်ကိုင်လိုက်သောအခါ အေးစက်စက်အထိအတွေ့တစ်ခုကို ခံစားလိုက်ရပြီး မုလောင်ဘက်လှည့်ကာ တစ်လုံးချင်းပြောလိုက်သည်။

"ဒီတုတ်ကျိုးက ဘာများကောင်းမွန်နေလို့လဲ"

ရောင်ယွမ်က ယဲ့ချန်၏အတွေးများကို လုံးဝမခန့်မှန်းနိုင်တော့ပေ။ သူမသာမက မုလောင်နှင့် စစ်ဧကရာဇ်နှစ်ယောက်ကလည်း ကြောင်အအဖြစ်နေပြီး တစ်​ယောက်ကို တစ်ယောက်ကြည့်ကာ အချင်းချင်း တိုင်ပင်လိုက်ကြသည်။ သူတို့၏အမြင်တွင် ယဲ့ချန်က ရိုးသားလွန်းနေသော်လည်း လက်နက်အပျက်တစ်ခုကို လက်ဆောင်အဖြစ်ပေးခြင်းက မသင့်လျော်ပေ။

"ခေါင်းဆောင်မုက နင့်ကို နောက်ထပ်တာအိုလက်နက်တွေ ထပ်ယူစေချင်တယ်"

မုလောင်က သူ၏ရည်ရွယ်ချက်ကို ရောင်ယွမ်မှတဆင့် ပြောလိုက်သည်။

"ခေါင်းဆောင်မုကို ကျေးဇူးတင်တယ်လို့ ပြောပေးပါ။ ငါက တန်းလင်တုတ်ကလွဲပြီး ဘာမှမလိုချင်ပါဘူး"

ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းယမ်းပြလိုက်သည်။ ထိူ့ကြောင့် မုလောင်တို့က ထပ်မံတိုက်တွန်းမနေတော့ဘဲ လက်လျှော့လိုက်ကြပြီး ယဲ့ချန်ကို သစ်တောစောင့်မျိုးနွယ်၏မိတ်ဆွေအဖြစ် သတ်မှတ်ကြောင်း အထပ်ထပ်ပြောလာခဲ့သည်။ သူက တန်းလင်တုတ်ကို သိမ်းဆည်း၍ အားလုံးနှင့်အတူ ဘဏ္ဍာတိုက်အပြင်သို့ ထွက်ခွာလာခဲ့သည်။

"ယဲ့ချန် ဘာလို့ ဒီအသုံးမဝင်တဲ့ ရတနာကို ယူလာရတာလဲ"

ရောင်ယွမ်က စပ်စုလိုက်ခြင်းဖြစ်သည်။

"ဒါက အသုံးမဝင်ဘူးလို့ပြောဖို့ ခက်ပါတယ်"

ယဲ့ချန်က ဆန်းကျယ်စွာပြုံး၍ ဖြေလိုက်သည်။ ဓားပျံက အမှားလုပ်မည်မဟုတ်ကြောင်း သူက ယုံကြည်ထားသည်။

"ဒီတုတ်ကို တာအိုအဆင့်တစ်ဆယ် လက်နက်က ထက်ခြမ်းခွဲထားတာလေ။ ဘယ်လိုလုပ် အသုံးဝင်မှာလဲ"

သူတို့အုပ်စုက သစ်တောစောင့်မျိုးနွယ်အတွင်း ပြန်လည်ရောက်ရှိလာကာ ယဲ့ချန်နှင့် ရောင်ယွမ်က မုလောင်တို့ကိုနှုတ်ဆက်၍ ရေကန်ထံပြန်ရန် ပြင်လိုက်စဥ် အဝေးမှ ပုံရိပ်နှစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။ ဧကရာဇ်ချင်နှင့် ဧကရာဇ်ယုက ဤနေရာအထိ ရောက်ရှိလာသော်လည်း အဝတ်အစားများစုတ်ပြတ်၍ ဆံပင်များရှုပ်ပွနေကာ တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသဖြင့် သူတောင်းစားများနှင့် ဆင်တူနေသည်။

"ဒီစိတ်ရှုပ်စရာကောင်းတဲ့သူတွေက ဘယ်လိုရောက်လာတာလဲ။ ငါ အရင်သွားနှင့်ပြီ"

ထိုနှစ်ယောက်ကို မြင်သောအခါ ရောင်ယွမ်က အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ချက်ချင်းထွက်ခွာသွားခဲ့သည်။ သူမက ထိုနှစ်ယောက်အပေါ် အမြင်မကြည်ကြောင်း ယဲ့ချန်က သိလိုက်ရသဖြင့် တစ်ချက်ပြုံးလိုက်သည်။ ရောင်ယွမ် ထွက်ခွာသွားပြီးနောက် သူက မုလောင်တို့နှင့် မဆက်သွယ်နိုင်သောကြောင့် ကြောင်အအဖြစ်နေစဥ် မျောက်ကလေးက သူ၏ပခုံးထက်သို့ ရောက်ရှိလာခဲ့သည်။

"အစ်ကိုကြီး မမက မြင့်မြတ်ရေကန်ကို အရင်သွားနှင့်ပြီ။ မင်းကို ခေါ်လာဖို့အတွက် ငါ့ကို တာဝန်ပေးထားခဲ့တယ်"

မျောက်ကလေးက ချိုသာစွာ ပြောလိုက်ပြီး အမြှီးလေးဖြင့် သူ၏လည်ပင်းကို ပွတ်သပ်ဆော့ကစားနေသဖြင့် အနည်းငယ် ယားယံလာစေသည်။

"ကောင်းပြီ"

မျောက်ကလေးက လိမ္မာပြီး သူ၏စကားကို နားလည်သောကြောင့် ဘာသာပြန်အဖြစ်ပင် ဆောင်ရွက်ပေးနိုင်လောက်သည်။

"မျောက်ညီလေး မင်းနာမည်က ဘယ်လိုခေါ်လဲ"

သူက မျောက်ကလေး၏ခေါင်းကို ပွတ်သပ်၍ မေးလိုက်ခြင်းဖြစ်သည်။

"အမေပြောတာကတော့ ငါ့ကို ဝိညာဥ်ကျောက်တုံးတစ်ခုက မွေးဖွားခဲ့တာတဲ့။ ငါက ကျောက်တုံးမျောက်တစ်ကောင်ဖြစ်ပြီး သစ်တောစောင့်မျိုးနွယ်ကတော့ မဟာသူတော်စင်လို့ ခေါ်ကြတယ်"

မျောက်ကလေးက ခေါင်းကုတ်၍ စဥ်းစားပြီး အဖြေပေးလာခဲ့သည်။

"ကျောက်တုံးမျောက် မဟာသူတော်စင် ဒီနာမည်က တကယ်ကောင်းမွန်တယ်"

ယဲ့ချန်၏စိတ်ထဲတွင် သူ၏အရင်ကမ္ဘာမှ ထင်ပေါ်ကျော်ကြားခဲ့သော ကျောက်တုံးမျောက်တစ်ကောင်အကြောင်းက ထွက်ပေါ်လာခဲ့သည်။

"တကယ်လား။ ငါလည်း ဒီနာမည်ကို ကြိုက်တယ်။ ခေါင်းဆောင်မုပြောတာကတော့ ငါ့မှာ မြင့်မြတ်ဝိညာဥ်ရုပ်ခန္ဓာ ပိုင်ဆိုင်ထားတဲ့အတွက် ဒီနာမည် ပေးထားတာတဲ့"

မျောက်ကလေးက ပျော်ရွှင်စွာ ခုန်ပေါက်နေရင်း ပြောလိုက်သည်။ သူ၏စကား​ကြောင့် ယဲ့ချန်၏စိတ်ထဲတွင် ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာနှင့် မြင့်မြတ်ဝိညာဥ်ခန္ဓာကြားတွင် မည်သည်က ပို၍အစွမ်းထက်သနည်းဟူသော မေးခွန်း ဖြစ်ပေါ်လာသည်။

"အမေနဲ့ မမရောင်ယွမ်ကတော့ ရှောင်ချီလို့ ခေါ်တယ်။ အစ်ကိုကြီးလည်း ဒီအတိုင်း ခေါ်နိုင်ပါတယ်"

"ရှောင်ချီ နာမည်ကောင်းလေးပဲ။ ဒါဆိုရင် မင်းကို ဒီလိုပဲခေါ်လိုက်မယ်"

ယဲ့ချန်က ခေါင်းညိတ်၍ ရှောင်ချီ၏ခေါင်းကို ပုတ်လိုက်သည်။ ထိုအချိန်တွင် ဧကရာဇ်ချင်နှင့် ဧကရာဇ်ယုက ယဲ့ချန်ကိုမြင်သောအခါ ရန်သူများဖြစ်သောကြောင့် မျက်လုံးများ နီရဲလာကြသည်။ သူတို့က လမ်းတလျှောက် ဆူးပင်များကို တွန်းလှန်ရန် ထိပ်တန်းအဆင့် ဆေးလုံးထောင်ချီအသုံးပြုကာ ကောင်းကင်ချီများကို ဖြည့်တင်းခဲ့ရသည်။ ဤနေရာသို့ရောက်ရှိလာရန် အချိန်ကြာမြင့်စွာ ကြိုးပမ်းခဲ့ရပြီး အဝတ်အစားအပိုများလည်း ပျက်စီးကုန်သဖြင့် သူတောင်းစားများထက်ပင် ဆိုးရွားသော ပုံစံမျိုးဖြစ်နေခဲ့သည်။ ငယ်စဥ်တည်းက ပါရမီရှင်များဖြစ်သောကြောင့် ပစားပေးခံခဲ့ရသည့်အတွက် ဤအတွေ့အကြုံသည် သူတို့အတွက် ငရဲပမာ ပြင်းထန်လှသည်။ သို့သော် ယဲ့ချန်ကမူ ကိုယ်ပိုင်ခြံဝန်းအတွင်း လမ်းလျှောက်ထွက်လာသကဲ့သို့ အေးအေးဆေးဆေးရှိနေသောအခါ ရူးသွပ်မတတ် ဖြစ်သွားကြသည်။ သူတို့က ယဲ့ချန်ကို နောက်တစ်ကြိမ်မြင်ရသောအခါ အပိုင်းပိုင်းအစစ စုတ်ဖြဲရန် အသင့်ဖြစ်နေခဲ့သည်။

"နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ။ အဲ့ဒီမှာ ရပ်နေစမ်း"

ဧကရာဇ်ယုက ပတ်ဝန်းကျင်ကိုပင် ဂရုမစိုက်နိုင်ဘဲ ယဲ့ချန်အား တိုက်ခိုက်ရန်အတွက် ခုန်ဝင်လာခဲ့သည်။ ဧကရာဇ်ချင်ကလည်း ယဲ့ချန်ထွက်ပြေးနိုင်မည့် လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်သည်။ ရက်ပေါင်းများစွာ နှိပ်စက်ခံရပြီးလျှင် စိတ်တည်ငြိမ်သူများပင် ဒေါသမီးတောက်လောင်နေမည် ဖြစ်သောကြောင့် စစ်ဧကရာဇ်နှစ်ပါးအတွက် ဆိုဖွယ်ရာမရှိချေ။ သူတို့၏စိတ်ထဲတွင် ယဲ့ချန်ကို ဖမ်းဆီးသတ်ဖြတ်ရန် အတွေးတစ်ခုသာရှိနေပြီး ပတ်ဝန်းကျင်ရှိ သစ်တောစောင့်မျိုးနွယ်ဝင်များကို အရေးစိုက်ရန်မလိုဟု သတ်မှတ်ထားကြသည်။ သူတို့၏အမြင်တွင် အသားအရေက သစ်ခေါက်ကဲ့သို့ရှုံ့တွ့နေသော အစိမ်းရောင်လူပုများသာဖြစ်ပြီး ကျင့်ကြံသူတစ်ယောက်၏အရှိန်အဝါမျိုးကို ခံစားရခြင်း မရှိပေ။ သစ်တောစောင့်မျိုးနွယ်၏ ကျင့်စဥ်က အလွန်ထူးခြားပြီး စစ်ဧကရာဇ်များပင် သူတို့၏ကျင့်ကြံခြင်းကို အာရုံမခံနိုင်ရသည့် အကြောင်းအရင်းဖြစ်သည်။

ဧကရာဇ်ချင်နှင့် ဧကရာဇ်ယုက ရောက်ရောက်ချင်း ဆောက်နှင့်ထွင်းဆိုသကဲ့သို့ ယဲ့ချန်ကိုတိုက်ခိုက်ရန် ကြိုးစားလာသောအခါ မုလောင်နှင့် အခြားလူပုများ၏ မျက်နှာများ မည်းနက်သွားကြသည်။ ထိုနှစ်ယောက်က သူတောင်းစားများကဲ့သို့ စုတ်ပြတ်နေသဖြင့် ဆူးပင်များ၏တိုက်ခိုက်ခြင်း ခံထားရပုံပေါ်သည်။ ဤခရမ်းရောင်သစ်တောမှာ ရှင်းဟွမ်၏ဖန်တီးမှု ဖြစ်သောကြောင့် တိုက်ခိုက်ခံထားရသည်ဟူသော အချက်က သူတို့ကို ရှင်းဟွမ်မှ မကြိုဆိုကြောင်း သိသာနေသည်။ ထို့အပြင် ယဲ့ချန်က သစ်တောစောင့်မျိုးနွယ်၏ မိတ်ဆွေတစ်ယောက် ဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာရခွင့် မပြုနိုင်ပေ။

မုလောင်က သူ၏လမ်းလျှောက်တုတ်ကို မြှောက်၍ မြေပြင်သို့ ဆောင့်ချလိုက်သောအခါ ပတ်ဝန်းကျင်မြေပြင်က ဘုန်းခနဲကွဲထွက်သွားကာ အစွမ်းထက်အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။ ဧကရာဇ်ယုက လေထဲမှာပင် နံရံတစ်ခုနှင့် ဝင်ဆောင့်မိသကဲ့သို့ လွင့်ထွက်သွားကာ မြေပြင်သို့ ခြေကားယားလက်ကားယားပြုတ်ကျ၍ သွေးများ အန်ချလိုက်ရသည်။ ဧကရာဇ်ချင်မှာလည်း နေရာမှ လွင့်ထွက်သွားပြီး ဧရာမသစ်ပင်ကြီးတစ်ပင်၏ ပင်စည်နှင့် ဆောင့်မိသွားလေသည်။

All Chapters