← Chapters

ရေလိပ်ပြာမျိုးနွယ်

Vol. 48 Ch. 668

ရေလိပ်ပြာမျိုးနွယ်

Vol. 48 Ch. 668

"အမေက ပြောတယ်။ ဒီဥလေးက ရေလိပ်ပြာမျိုးနွယ်ကဖြစ်ပြီး သားပေါက်ဖို့ အချိန် သိပ်မလိုတော့ဘူး။ တကယ်လို့ ရေလိပ်ပြာမျိုးနွယ်ဝင်တွေသာ ဒီအကြောင်းကို သိသွားရင် အစွမ်းကုန်သုံးပြီး လာလုယူလိမ့်မယ်။ ဒါကို ကျိယွမ်ကြယ်ပေါ်က ဘယ်နေရာမှာ ဖွက်ထားရမလဲဆိုတာ မသိဘူး။ ဒါပေမယ့် ရေလိပ်ပြာမျိုးနွယ်သာ သိသွားရင် သေချာပေါက် ကပ်ဘေးတစ်ခု ရောက်လာလိမ့်မယ်။ သူတို့က ကောင်းကင်နတ်ဆိုးအောက် မနိမ့်တဲ့ အဆင့်နှစ်မျိုးနွယ်တွေ ဖြစ်တယ်"

ရှောင်ချီက ယဲ့ချန်၏ပခုံးပေါ်သို့ ခုန်တက်လာကာ ရှင်းဟွမ်၏သတိပေးစကားကို ဘာသာပြန်ပေးလိုက်သည်။ ဤအရာက ကပ်ဘေးတစ်ခုကို ဆွဲဆောင်နိုင်သောကြောင့် နက်ရှိုင်းစွာ ဖုံးကွယ်ထားခြင်းက မထူးဆန်းကြောင်း ယဲ့ချန် နားလည်လိုက်သည်။ ၎င်းကို ကျိယွမ်ကြယ်တွင် ချန်ထားရစ်ခဲ့သူက အမဲလိုက်ခံရရ၍ ထွက်ပြေးခဲ့ရသောကြောင့် ဖြစ်နိုင်သည်။

"ဒီဥက ရေလိပ်ပြာမျိုးနွယ်ဝင် တစ်ယောက်လား"

ရောင်ယွမ်က ဥအတွင်း မရပ်မနားကူးခတ်နေသော သားလောင်းလေးကို အနားတိုးကပ်၍ စပ်စုလိုက်သည်။ ၎င်းက အတွင်းမှ တိုးထွက်လိုဟန်ဖြင့် ဥခွံကို ဆက်တိုက်ဝင်ဆောင့်နေခဲ့သည်။

"ဒါဆိုရင် ဘာဆက်လုပ်ရမလဲ"

ယဲ့ချန်က အကူအညီရလိုရငြား မြင်းပျံကို လှမ်းကြည့်လိုက်သည်။

"အမေကလည်း မသိဘူးတဲ့။ ရေလိပ်ပြာမျိုးနွယ်က အဆင့်နှစ်မျိုးနွယ်တွေထဲမှာ အစွမ်းထက်တယ်။ သူတို့ရဲ့ရုပ်ခန္ဓာက သန်မာလွန်းလို့ ဝါးမျိုချင်တဲ့ ကျင့်ကြံသူတွေ အများကြီးရှိတယ်။ ဒါကြောင့် ဥတွေကို အရူးအမူး လိုက်ရှာတတ်ကြတယ်။ မွေးကာစရေလိပ်ပြာတစ်ကောင်ရဲ့ ရုပ်ခန္ဓာက သိမ်းပိုက်ဖို့ လွယ်ကူတယ်"

ရှောင်ချီက ရှင်းဟွမ်နှင့် ဆက်သွယ်၍ ပြန်ဖြေပေးလိုက်သည်။

"ဒါဆိုရင် သူက အရွယ်ရောက်လာဖို့ အချိန် ဘယ်လောက်လိုလဲ"

"နှစ်၂၀ကြာမှသာ သူက အရွယ်ရောက်လာပြီး အခြားမျိုးနွယ်ဝင်တွေ မသိမ်းပိုက်နိုင်တော့မှာ ဖြစ်တယ်"

ရှောင်ချီ၏စကားကြောင့် ယဲ့ချန်က ခါးသက်သက်ပြုံးလိုက်မိသည်။ သူက ရတနာတစ်ခုကောက်ရပြီဟု ထင်ထားသော်လည်း ဗြဟ္မာ့ခေါင်းကြီး ဖြစ်နေခဲ့သည်။ သူက မွေးကာစရေလိပ်ပြာလေးတစ်ကောင်ကို တစ်ကိုယ်ကောင်းဆန်စွာဖြင့် သတ်ဖြတ်ပြီး ရုပ်ခန္ဓာကိုအပိုင်စီးရန် မလုပ်နိုင်ပေ။ သူက စွမ်းအားအတွက် လူသားရုပ်ခန္ဓာကို မစွန့်လွှတ်နိုင်သည့်အပြင် လူသားတစ်ယောက်ဖြစ်ရခြင်းကိုသာ ခုံမင်သည်။ ရေလိပ်ပြာကိုသတ်မိလျှင် မျိုးနွယ်တူများက ရေဆုံးမြေဆုံးလိုက်လံ လက်စားချေမည်ဖြစ်ကာ လွှင့်ပစ်ရန်အတွက်လည်း သူက စကြဝဠာအတွင်း မသွားလာနိုင်ပေ။ သို့သော် ရေလိပ်ပြာအကောင်ပေါက်လေးကို နှစ်၂၀ကြာသည်အထိ လူမြင်ကွင်းမှ ဖုံးကွယ်ပေးထားရန်ကလည်း ခက်ခဲလွန်းသဖြင့် အဖြေရှာရင်း ခေါင်းများပင် နောက်ကျိလာသည်။။

"ငါ ဘာလုပ်ရမလဲ"

သူက ဥကို အချိန်ကြာမြင့်စွာ စိုက်ကြည့်၍ ဆုံးဖြတ်ချက်မချနိုင်ဘဲ ဖြစ်နေခဲ့သည်။

"အမေက ဒီရတနာကို အစ်ကိုကြီး ရှာတွေ့ထားတာဖြစ်လို့ တာဝန်ယူသင့်တယ်တဲ့။ ဒါပေမယ့် အပြင်လူတွေ မသိအောင်တော့ ဂရုစိုက်ပါ"

"ဒါလေးက ချစ်စရာလေးပါဟယ်"

ရောင်ယွမ်က ယဲ့ချန်၏လက်ဖဝါးအတွင်းရှိ ဥအတွင်းမှ သားလောင်းလေးကို စပ်စုနေသည်။

"ဒါဆိုရင် နင် မွေးထားမလား။ ငါ ပေးမယ်လေ"

ယဲ့ချန်က မျှော်လင့်တကြီး ကမ်းလှမ်းလိုက်သည်။

"ဒါကို နင် ရှာတွေ့ထားတာဖြစ်လို့ နင်နဲ့ ကံပါတယ်လို့ ပြောရမယ်။ ငါ မလိုချင်ဘူး"

သူမက ချက်ချင်းခေါင်းယမ်းလိုက်သည်။

"ဒါပေမယ့် ငါက သူ့ကို ဘယ်လိုမွေးရမှာလဲ"

ယဲ့ချန်က စကားပြောနေရင်း သူမ၏အင်္ကျီကွဲ​ကြောင်းမှ ထွက်ပေါ်နေသော လုံးဝိုင်းဝိုင်းအရာများထံ အကြည့်ရောက်သွားခဲ့သည်။

"ဟဲ့ နင် ဘာကြည့်နေတာလဲ"

ရောင်ယွမ်က သူ၏အကြည့်ကြောင့် မလုံမလဲဖြစ်သွားကာ ခါးကိုင်း၍ ငုံ့ကြည့်နေရာမှ မတ်မတ်ရပ်လိုက်သည်။

"ဒါလေးက အကောင်ပေါက်လာရင် နို့ဖြစ်ဖြစ် တိုက်ရမယ်မလား။ ငါ့မှာ မရှိဘူးလေ"

ယဲ့ချန်က ခပ်တည်တည်ဖြင့် ပခုံးတွန့်ပြလိုက်ရင်း သားကောင်းမိခင်ဖြစ်နိုင်သော ရောင်ယွမ်၏ ယုန်ကြီးများကို ဆက်ကြည့်နေခဲ့သည်။

"တဏှာရူးကောင်"

ရေကန်မှ အဖြစ်အပျက်ကို ပြန်လည်အမှတ်ရလိုက်သဖြင့် ရောင်ယွမ်က ရှက်ဒေါသဖြစ်သွားကာ ကျိန်ဆဲလိုက်သည်။

"ရေလိပ်ပြာတွေက ချီကိုသာ စားသောက်တယ်တဲ့"

ထိုအခက်အခဲကို ရှောင်ချီက ရှင်းဟွမ်၏စကားကြောင့် ဖြေရှင်းပေးလိုက်နိုင်သည်။

"သြော် ဒီလိုလား"

ယဲ့ချန်၏ရင်ထဲတွင် ခါးသက်သက် ဖြစ်သွားခဲ့ရသည်။ သူက ရေလိပ်ပြာကို ထိန်းသိမ်းစောင့်ရှောက်ရုံသာမက ကောင်းကင်ချီများပင် ထောက်ပံ့ပေးရဦးဖြစ်သောကြောင့် အဘက်ဘက်က ရှုံးနေခဲ့သည်။

"ဒါပေမယ့် အမေက ပြောလိုက်သေးတယ်။ သူက ကောင်းကင်ချီကို စားသောက်ပေမယ့် အရမ်းအစွမ်းထက်ပြီး မွေးကာစမှာတင် စစ်ဧကရာဇ်အဆင့်ခွန်အားကို ပိုင်ဆိုင်တယ်။ ထူးချွန်တဲ့ ပါရမီရှင်သာဖြစ်နေရင် အသက်၂နှစ်မတိုင်ခင် နတ်အစေခံအဆင့်ဖြစ်လာပြီး ငါးနှစ်မှာတင် ကြယ်သခင်အဆင့် ရောက်သွားလိမ့်မယ်။ သာမန်ရေလိပ်ပြာတစ်ကောင်ဆိုရင်တောင် အသက်ငါးနှစ်မတိုင်ခင် နတ်အစေခံအဆင့်ကို ရောက်ကြတယ်"

ရှောင်ချီ၏စကားကြောင့် ယဲ့ချန်က အလွန်အမင်း အံ့သြသွားခဲ့ရသည်။ လူသားမျိုးနွယ်၏ အထူးချွန်ဆုံး ပါရမီရှင်များပင် စစ်ဧကရာဇ်အဆင့်သို့ရောက်ရန် နှစ်၂၀လိုအပ်ပြီး နတ်အစေခံအဆင့်ရောက်ရန် နှစ်ပေါင်းရာချီ ကျင့်ကြံရမည်ဖြစ်သည်။ သို့သော် ရေလိပ်ပြာမျိုးနွယ်က မွေးမွေးချင်း စစ်ဧကရာဇ်အဆင့်ဖြစ်ပြီး ပါရမီထူးချွန်လျှင် အသက်၂နှစ်အရွယ်၌ နတ်အစေခံ ဖြစ်လာနိုင်သောကြောင့် ကွာခြားချက် ကြီးမားလွန်းသည်။ သူက လက်ဝါးအတွင်းမှ ဥကို စိုက်ကြည့်နေခဲ့ပြီး အနာဂတ်တွင် ကောင်းချီးလား ကျိန်စာလားဆိုသည်မှာ သူ၏ထိန်းချုပ်မှုအပေါ် မူတည်နေသည်။

ကျိယွမ်ကြယ်၏လုံခြုံရေးက အလျင်လိုနေသဖြင့် မြင်းပျံက ယဲ့ချန်နှင့် ရောင်ယွမ်ကို နှစ်ရက်အတွင်း ထွက်ခွာရန် တောင်းဆိုထားသည်။ သူတို့က ကောင်းကင်နတ်ဆိုး၏ပိုင်နက်ရှိ လမ်းကြောင်းကို ပြန်လည်ရှာဖွေရမည်ဖြစ်ကာ ကောင်းကင်မူလကြယ်သို့ ဘေးကင်းကင်းနှင့်ရောက်သွားလျှင် ရှင်းဟွမ်နှင့် ဆက်သွယ်ကာ နတ်အစေခံများအား အကူအညီတောင်းပေးရမည်ဖြစ်သည်။ အနာဂတ်တွင် ကြယ်နှစ်လုံးကြား၌ အပြန်အလှန်သွားလာနိုင်ပြီဆိုလျှင် ရှင်းဟွမ်နှစ်ယောက်ကြား၌လည်း ဆက်သွယ်မှု ရှိလာပေလိမ့်မည်။ မြင်းပျံက တိမ်ပုလဲနှင့် တိမ်နီမြွေကို ယဲ့ချန်နှင့်အတူ ထည့်ပေးလိုက်မည်ဖြစ်ကာ ကျိယွမ်ကြယ်ကိုကူညီလိုသော နတ်အစေခံတိုင်းကို ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးတစ်လုံးစီ ပေးအပ်ရန် ကတိပြုလိုက်သည်။ ၎င်းက အဖိုးတန်လွန်းသဖြင့် နတ်အစေခံများအတွက်ပင် ဆွဲဆောင်အားပြင်းလှသည်။

ယဲ့ချန်သည် မြင့်မြတ်ရေကန်နံဘေးရှိ မြက်ခင်းပြင်တွင် ထိုင်ချလိုက်သည်။ သူ၏လက်ဝါးအတွင်း ရေလိပ်ပြာဥက တည်ငြိမ်စွာရှိနေပြီး သားလောင်း​က ဆက်တိုက်ကူးခတ်နေသည်။ သူက ၎င်းထံမှ တာအိုနတ်အဆင့်တစ်ယောက်၏ ခွန်အားကို အာရုံခံမိသော်လည်း ဥခွံက မာကျောလွန်းသဖြင့် ခွဲပစ်ရန် မလွယ်ချေ။ သူက ခဏတာစဥ်းစား၍ အကြံတစ်ချက်ရလိုက်ပြီး ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို လည်ပတ်ကာ ဥအတွင်းသို့ ကောင်းကင်ချီများ ပို့ဆောင်ပေးလိုက်သည်။ ခဏအကြာတွင် သားလောင်းက ချီများကို အာရုံခံမိသွားသောကြောင့် ပျော်ရွှင်စွာခုန်ပေါက်၍ ဝဲတစ်ခုပမာ စုပ်ယူလိုက်သည်။

"ဒီကောင်က ချီကို ဘယ်လိုစုပ်ယူရမလဲဆိုတာ သိနေတယ်ပေါ့။ မင်းက လိုချင်တယ်ဆိုရင်လ​ည်း ကြိုက်သလောက်ယူလိုက်"

ယဲ့ချန်က စိတ်ထဲမှ ရေရွတ်၍ ကောင်းကင်ချီများကို အဆက်မပြတ် ထုတ်လုပ်ပေးနေသော မြင်ကွင်းကို ရောင်ယွမ်သည် စပ်စုနေခဲ့သည်။ ရေလိပ်ပြာဥထံ အဆက်မပြတ်ရောက်ရှိသွားသော ကောင်းကင်ချီများက သန့်စင်သည့်အပြင် အဆုံးမရှိဟု ထင်မှတ်ရသည်။ သူက မကုန်ခမ်းနိုင်သော ကောင်းကင်ချီသိုက်ကြီးနှင့်ဆင်တူသည့် ဓားပျံကို အသက်သွင်းကာ တစ်ရက်တိတိ ချီများ ထောက်ပံ့ပေးနေခဲ့ပြီး သားလောင်းကလည်း ပေးပို့သမျှချီများကို စုပ်ယူနေသည်။ သူက အတွေးပေါက်သွားသဖြင့် စမ်းသပ်ရန် ဆုံးဖြတ်ကာ ဒန်တန်အတွင်းရှိ ကြယ်များပေါ်မှ ဝိညာဥ်များကိုပါ ပေးပို့လိုက်သည်။ ဥအတွင်းရှိ သားလောင်းက ဝိညာဥ်တစ်ခုကို အလွန်လျင်မြန်စွာဖြင့် စုပ်ယူလိုက်ပြီးနောက် အသက်အားက သိသိသာသာ တိုးတက်လာသည်။ ထို့အပြင် ၎င်းနှင့် ယဲ့ချန်ကြားတွင် ထူးဆန်းသော ဆက်သွယ်မှုတစ်ခု စတင်ဖြစ်ပေါ်လာသည်။

"အလုပ်ဖြစ်တယ်"

ယဲ့ချန်၏မျက်လုံးများ တောက်ပလာကာ ဝိညာဥ်များကို ဆက်လက်ပို့လွှတ်ပေးလိုက်သကဲ့သို့ သား​လောင်းကလည်း တစ်ခုပြီးတစ်ခုဝါးမျိုနေကာ ကျေနပ်နေပုံပေါ်သည်။ နောက်ဆုံးတွင် ၎င်း၏အသက်အားက အတိုင်းအတာတစ်ခုအထိ တိုးတက်လာပြီး ယဲ့ချန်နှင့် ဆက်သွယ်မှုကလည်း ပိုမိုခိုင်မာလာခဲ့သည်။ နာရီအနည်းငယ်အကြာတွင် ဥအတွင်းရှိ သားလောင်းက စစ်ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားပြီး တိုးတက်နှုန်းက ဖြည်းဖြည်းချင်း လျော့နည်းလာကြောင်း သူက ခံစားလိုက်ရ၏။

"အကောင်ပေါက်လာတော့မှာလား"

ယဲ့ချန်က သိလိုစိတ်ဖြင့် ရေလိပ်ပြာဥကို မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေစဥ် ချိုးချိုးချွတ်ချွတ်အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာ၍ ဥခွံက ကွဲထွက်သွားကာ ဖယောင်းတိုင်မီးတောက်နှင့်ဆင်တူသော အပြာရောင်သတ္တဝါလေးတစ်ကောင် တွားသွား၍ တိုးထွက်လာခဲ့သည်။ ၎င်းက အပြင်သို့ ရောက်ရှိလာသောအခါ ခန္ဓာကိုယ်က သူ၏ လက်ချောင်းတစ်ချောင်းအရွယ်အစားအထိ ကြီးမားလာသည်။ ခန္ဓာကိုယ်တစ်ခုလုံးက အပြာရောင်ဖြစ်သော်လည်း ဖောက်ထွင်းမြင်နိုင်လောက်အောင် ကြည်လင်နေသည်။ ဦးခေါင်းက လုံးဝန်းပြီး အမြှီးက ရှည်လျားသည်။ ဦးခေါင်းရှိ မျက်လုံးဝိုင်း​လေးများက ကမ္ဘာအသစ်ကို စူးစမ်းနေပြီး မျက်လုံးများအောက်တွင် ပါးစပ်တစ်ခု ပါဝင်သော်လည်း နှာခေါင်းနှင့် နားများ မရှိချေ။

ရေလိပ်ပြာလေးက ပတ်ဝန်းကျင်ကို စူးစမ်းနေရင်း တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ဥခွံကို စတင်စားသောက်လိုက်၏။ ယဲ့ချန်က ဥခွံ၏မာကျောမှုကို စမ်းသပ်ခဲ့ပြီး ရွှေပြာအောက် မနိမ့်သော်လည်း မွေးကာစရေလိပ်ပြာလေးက အမှန်တကယ် စားနိုင်စွမ်းရှိနေသည်။ ၎င်းက ဥခွံတစ်ခုလုံးကို စားသောက်ပြီးနောက် ခန္ဓာကိုယ်က နောက်တစ်ဖန် ကြီးမားလာခဲ့လေသည်။

All Chapters