← Chapters

ဇီ၀ ဆင့်ကဲ တိုးတက်ခြင်း

Vol. 52 Ch. 768

ဇီ၀ ဆင့်ကဲ တိုးတက်ခြင်း

Vol. 52 Ch. 768

ဂူချန်းချွမ် အမှောက်သိပ်ခံလိုက်ရတော့ နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။

လူတိုင်း အံ့အားသင့်သွားခဲ့ကြပြီး မည်သူမဆို ဂူချန်းချွမ် ရှုံးနိမ့်သွားပြီဖြစ်ကြောင်း တပ်အပ်ပြောနိုင်လေသည်။

သူ့အတွက် ကြိုးစားရုန်းကန်ပြီး ပြန်ထရန် မည်သို့မျှ မဖြစ်နိုင်တော့ချေ။

လင်းရီ ဂူချန်းချွမ်ထံသို့ ခြေတစ်လှမ်းချင်း လှမ်းလာခဲ့လိုက်ပြီး စီးပိုးသည့် လေသံဖြင့် “ မင်း စွမ်းသာ ဒါအကုန်ပဲလား… ဒါနဲ့များ ငါ့ဆီလာပြီး စိန်ခေါ်ရဲသေးတယ်ပေါ့လေ….”

ဂူချန်းချွမ် အံတင်းတင်းကြိတ်လိုက်၏။ ဒေါသကြောင့်လော၊ နာကျင်မှုကြောင့်လော သူမပြောတတ်တော့ပေ။

လင်းရီ နောက်တစ်ကြိမ် တိုက်ခိုက်တော့မည့် အချိန်တွင် ကြံ့ကြီးမှ အပြေးအလွှားရောက်လာခဲ့ပြီး “ ဒီပြိုင်ပွဲရဲ့ ရလဒ်က ဆုံးဖြတ်ပြီး သွားပြီ… ငါ အခု……….”

“ တိတ်စမ်း…. ”

လင်းရီ အေးစက်စွာ အော်ဟစ်လိုက်ပြီး ကြံ့ကြီးကို ဘာမျှ ပြန်မလှန်ဝံ့သည်အထိ ကြောက်လန့်သွားစေခဲ့၏။

လင်းရီ အချိန်ဖြုန်းမနေတော့ပဲ ဂူချန်းချွမ်ကို အမှိုက်ခွံ ကန်ထုတ်လိုက်သကဲ့သို့ ကြိုးဝိုင်း အပြင်ဘက်သို့ ရောက်သည်အထိ ကန်ထုတ်ပစ်လိုက်လေသည်။

မည်သူကမျှ ရလဒ်ကို ကြေညာရန် မလိုအပ်တော့ချေ။

“ ဘော့စ်ဂူ…..”

ကျောက်မိုနှင့် ကျန်သူများ အပြေးအလွှားရောက်လာကြပြီး ဂူချန်းချွမ်ကို ထရန် ကူညီပေးလိုက်ကြ၏။

“ အဆင်ပြေလား…. မင်း တောင့်ခံနိုင်သေးလား…”

“ ပြေပါတယ်…” ဂူချန်းချွမ် ခက်ခက်ခဲခဲဖြင့် ပြောလိုက်၏။ သူ၏ မျက်နှာထက်တွင်တော့ မလိုလားမှုများဖြင့် ပြည့်နှက်နေလေသည်။

“ ခုပြီးသွားပြီ… ငါ မင်းတို့ စီးဖို့ လှေတစ်စင်း စီစဉ်ခိုင်းထားလိုက်မယ်… ခုထွက်သွားလိုက်တော့… မင်းတို့ကို လိုက်မပို့တော့ဘူး…”

လူတိုင်း၏ အကြည့်အောက်တွင် ကျောက်မိုနှင့် ကျန်သူများ အရှက်ရစွာဖြင့် ခေါင်းငုံ့လျက် ပွဲကျင်းပသည့် နေရာမှ ထွက်ခွာသွားခဲ့ကြလေသည်။

သို့သော်လည်း မည်သူကမျှ ကျောက်မိုနှင့် ကျန်သူများကို လှောင်ပြောင်ထေ့ငေါ့ရန် အာရုံရှိမနေကြချေ။

အဘယ်ကြောင့်ဆိုသော် ဂူချန်းချွမ်နှင့် အတူ သူတို့၏ လောင်းကြေးများမှာလည်း ပင်လယ်ထဲ မျှောပါသွားသောကြောင့်ပင်။

လင်းရီ ကြိုးဝိုင်းအောက်သို့ ခုန်ချလိုက်ပြီး အောက်ရှိ ဘောက်စင်ကစားသမား ရှစ်ဦးမှ သူ့ကို ထူးဆန်းသည့် အမူအရာဖြင့် ကြည့်နေကြကြောင်း မြင်တွေ့လိုက်ရလေသည်။

“ မင်းတို့ကောင်တွေက မကျေနပ်လို့လား…. အကုန်ပေါင်းပြီး တိုက်ခိုက်ချင်လည်း တိုက်ခိုက်လို့ ရတယ်နော်….”

“ မဟုတ်တာ မဟုတ်တာ… ကျွန်တော်တို့က ကျေနပ်ပြီးသားပါဗျ….”

ရှစ်ယောက်လုံး ကမန်းကတမ်း လက်ကာပြီး ပြောလိုက်ကြ၏။ ကျော်ကြားသည့် ဂူချန်းချွမ်ပင် တစ်ချက်မျှ ပြန်မလုပ်နိုင်ပဲ အမှောက်သိပ်ခံလိုက်ရကာ သူတို့ဆိုပါက သေသည်အထိ ရိုက်နှက်ခံလိုက်ရမည် မဟုတ်ပါလော။

[ မစ်ရှင် ပြီးမြောက်သွားပါပြီ ]

[ ဆုလဒ် : အတွေ့အကြုံမှတ် နှစ်သိန်း ]

[ အလုပ်အကိုင် ပြီးမြောက်နှုန်း : ၇၀ % ]

[ ဆုလဒ် : အစွန်းရောက် ခန္ဓာကြံ့ခိုင်မှု ]

သူ့စိတ်ထဲရှိ စနစ်၏ အသိပေးသံကိုကြားတော့ လင်းရီ တဒင်္ဂမျှ ကြက်သေသေသွားခဲ့ပြီးမှ သူ၏ မစ်ရှင်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်လိုက်ကြောင်း သတိပြုမိသွားလေသည်။

ကြည့်ရသလောက်တော့ သူ၏ စိန်ခေါ်ပွဲက ထင်မှတ်ထားသည်ထက် လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားပုံပင်။

“ စနစ်… အစွန်းရောက် ခန္ဓာကြံ့ခိုင်မှုက ဘယ်လောက်ထိ သန်မာသွားစေမှာလဲ…”

[ အစွန်းရောက် ခန္ဓာကြံ့ခိုင်မှုက စနစ်ရှင်ရဲ့ နှလုံး သွေးကြော ခုခုံနိုင်စွမ်း၊ အမြန်နှုန်း ၊ လိုက်လျောညီထွေ ရှိနိုင်စွမ်း ၊ သွက်လက်ချက်ချာမှု၊ ခွန်အား ၊ ညီမျှမှုနဲ့ အခြားသော သတ်မှတ်ချက်ဘောင်များကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြင့်စေပြီးတော့ သာမန်လူသားတို့ စွမ်းဆောင်နိုင်တဲ့ အထွတ်အထိပ်ကို‌ ရောက်ရှိစေမှာပဲ ဖြစ်ပါတယ် ]

လင်းရီ မသိမသာ မျက်မှောင်ကြုတ်လိုက်၏။ ပထမအဆင့် တိုက်ပွဲစွမ်းရည်ကို ကျွမ်းကျင်ပြီးနောက် ၎င်းက သာမန်လူများနှင့် ခြားနားနေမည်ကို နားလည်ပေသည်။

သူ့ကို ကျန်းမာကြံ့ခိုင်စေသည့် ဆုလဒ်ဖြစ်သောကြောင့် သူ နှစ်ခြိုက်မိနေဆဲပင်။ သို့သော်လည်း လင်းရီကို စိတ်ပျက်သွားစေသည်က စနစ်မှ နောက်ထပ် မစ်ရှင်တစ်ခုကို ချမှတ်ပေးမလာခဲ့ခြင်းပင်။

ကြည့်ရသလောက်တော့ သူ လျှပ်တစ်ပြက်ပေါ်လာမည်ကို စောင့်ဆိုင်းရန်သာ ရှိပြီး ဆက်တိုက် စထွင်းရပေတော့မည်။

“ အစ်ကိုရီ… ရှင်က အရမ်း အံ့ဩဖို့ ကောင်းတာပဲ….”

လင်းရီ ပြန်လာသည်ကို မြင်တော့ ကျန်းရှောင်ယွီ ဂုဏ်ယူနေသည့် လေသံဖြင့် သူ့ထံ ရောက်လာခဲ့၏။

“ အစ်ကိုကြီးက အတော်ဆုံးပဲ… တိုက်ပွဲက ဒီလောက် မြန်မြန်ကြီး အဆုံးသတ်သွားလိမ့်မယ်လို့ ထင်တောင် ထင်မထားဘူး… ကျွန်တော့်အထင် ဂူချန်းချွမ်ကတော့ နောက်ကျရင် အစ်ကိုကြီးရှေ့ ပေါ်လာရဲမှာ မဟုတ်တော့ဘူး… ဘာလို့ဆို အစ်ကိုကြီးက အဲ့ကောင်ရဲ့ စိတ်တစ္ဆေ ဖြစ်သွားပြီမို့လေ…” ကောင်းကျုံးယွမ်မှ ပြောလိုက်၏။

“ ကောင်းပြီ… ခု လောလောဆယ် အဲ့အကြောင်း မပြောသေးနဲ့ဦး… တစ်နေရာရှာပြီး စားသောက်ကြစို့.. ငါဗိုက်ဆာနေပြီ.. “

“ အိုကေ… သွားကြစို့…”

လင်းရီနှင့် ကျန်သူများမှာ လက်ကျန်ပွဲစဉ်များကို ဆက်လက်ကြည့်ရှုရန် စိတ်မပါတော့ပဲ နေရာတစ်ခု၌ စားသောက်လိုက်ကြ၏။

ထိုစဉ် သင်္ဘော၏ အပေါ်ထပ် ဇိမ်ခံအခန်းထဲတွင် အာယာနဲ မစ်ဆူမှာ ရေချိုးပြီး သူမ၏ ကိုယ်ကို တံဘက်ရှည်ဖြင့် ပတ်လျက် ရေချိုးခန်းထဲမှ ထွက်လာခဲ့လေသည်။

ထို့နောက် မှန်တင်ခုံရှေ့ ထိုင်ကာ ပုလင်းထဲမှ Lotion အနည်းငယ်ကို ညစ်ယူလိုက်ပြီး သူမအသားအရေပေါ်တွင် စိမ့်ဝင်သည်အထိ လိမ်းနယ်လိုက်၏။

သူမ၏ သက်တောင့်သက်သာ မဖြစ်သေးသည့် ခြေသလုံးသားများ အတွက်လည်း အထူး ကုသမှုများ ပြုလုပ်ထားသေးသည်။

ဒေါက် ဒေါက်…

အာယာနဲမှ သူမ၏ စကင်ကဲသည့် လုပ်ငန်းစဉ်ကို ပြုလုပ်နေတုန်း တံခါးခေါက်သံ တစ်သံကို ကြားလိုက်ရ၏။

“ ဝင်ခဲ့… “

ချလပ် မြည်သံနှင့် ဂိုအီချီမစ်ဆူမှ အထဲသို့ တွန်းဖွင့် ရောက်လာခဲ့သည်။

“ ညဉ့်နက်နေပြီကို နင်က အနားမယူသေးဘူးလား….”

အာယာနဲ မစ်ဆူမှ အပြုံးလေးဖြင့် ပြောလိုက်၏။

“ ကျွန်တော်ခုလေးတင် သင်္ဘောပေါ်က ဘောက်စင်ပွဲကြည့်ပြီး ပြန်လာခဲ့တာ….”

“ ဟုတ်လား… ငါကြားတာ နာမည်ကြီး ကစားသမားတွေ ပါမယ်ဆိုပဲ… တော်တော်လေး ပွဲမြိုင်ရောပေါ့…. “ အာယာနဲမစ်ဆူမှ သူမ အလုပ် သူမဆက်လုပ်ရင်း သာမန်လေသံဖြင့် ပြောလိုက်၏။

“ အတော်လေးကို လက်ဖျားခါလောက်ပါတယ်… ဒါပေမယ့် အဲ့ဒီ ဘောက်စင် ကစားသမားတွေနဲ့တော့ မဆိုင်ဘူး…”

“ နင့်စကားက ဘယ်လိုကြီးလဲ… တစ်ခုခု ဖြစ်သွားခဲ့လို့လား….”

“ လင်းရီနဲ့ ဂူချန်းချွမ်တို့ အဓိကပွဲ မတိုင်ခင် တိုက်ခိုက်ခဲ့ကြတယ်….”

“ သာမန်ပါပဲ… ငါ ရန်ကျင်းမှာ ကျောင်းတက်ခဲ့တုန်းက ရန်ကျင်းနဲ့ ကျိုးဟိုင်က ဆက်ခံသူတွေ အချင်းချင်း မတည့်ကြဘူးလို့ ကြားတယ်… ဒီတော့ နှစ်ဖက်ကြား အထိကရုဏ်းဖြစ်တာက ရှောင်လွဲလို့ ရမှာမှ မဟုတ်တာ….” အာယာနဲ မစ်ဆူမှ ပြောလိုက်ပြီး “ ဒါနဲ့ လင်းရီကော ဘယ်လိုနေလဲ… သူဆိုးဆိုးရွားရွားကြီး ထိခိုက်သွားသေးလား…”

“ အစ်မက လင်းရီ ရှုံးမယ်လို့ ထင်နေတယ်ပေါ့….”

“ ငါ ဂူချန်းချွမ်အကြောင်း စုံစမ်းဖူးတယ်… သူက တကယ့်ကို သန်မာတာ…. တကယ်လို့ သူသာ စစ်တပ်ထဲ ဝင်မယ်ဆိုလို့ကတော့ အထူးတပ်ဖွဲ့ ခေါင်းဆောင် ဖြစ်နိုင်လောက်တဲ့အထိ အရည်အချင်းရှိတယ်…. သူ့ကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်လု နီးပါးပဲ…”

ဂိုအီချီ မစ်ဆူမှ ပခုံးတွန့်လိုက်ပြီး “ ဒါပေမယ့် နိုင်သွားခဲ့တာက လင်းရီလေ…”

အာယာနဲ မစ်ဆူ စကင်ကဲရင်း တန်းလန်း ရပ်တန့်သွားခဲ့ပြီး “ နင်ပြောတာ........ သူနိုင်သွားတယ်…”

“ အမှန်ပဲ… ပြီးတော့ လွယ်လွယ်ကူကူနဲ့ အနိုင်ယူသွားခဲ့တာ… ဂူချန်းချွမ်က မျောက်တစ်ကောင်လို ကစားခံလိုက်ရပြီး လင်းရီရဲ့ အင်္ကျီစလေးတောင် မထိလိုက်ရဘူး…."

“ ဆိုတော့ အဲ့လိုပေါ့…”

အာယာနဲ မစ်ဆူ အနည်းငယ် ယုံကြည်နိုင်ရန် ခက်ခဲသွားခဲ့၏။

ဂူချန်းချွမ်၏ ခွန်အားက အသန်မာဆုံး မဟုတ်သော်ငြား ထိပ်တန်းများထဲမှ ထိပ်တန်းတစ်ဦးဟု သတ်မှတ်၍ ရလေသည်။ ထိုသို့သော လူမျိုးကို လွယ်လင့်တကူ အနိုင်ရသွားခဲ့သည်ဆိုတော့ လင်းရီက မည်မျှသန်မာဖို့ရာ လိုအပ်ပါသနည်း။

“ ငါနင့်ကို အရင်က လင်းရီအကြောင်း စုံစမ်းဖို့ ပြောထားတယ်နော်… တစ်ခုမှ မမှားတာ သေချာရဲ့လား….”

ဂိုအီချီ မစ်ဆူ ခေါင်းညိမ့်လိုက်ပြီး “ သေချာတယ်.. သူက မိဘမဲ့ ဂေဟာမှာ ကြီးပြင်းလာခဲ့တာ…. တက္ကသိုလ်ပြီးတော့ ကျိုးဟိုင်က အိမ်ခြံမြေ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှာ အလုပ် ဝင်လုပ်တယ်… နောက် နှစ်ဝက်ကြာပြီးတော့ ကျိုးဟိုင်မှာ ကောက်ကာငင်ကာကြီး ကျော်ကြားလာခဲ့တာပဲ….”

ရှည်လျားသည့် တိတ်ဆိတ်မှုကြီး ပြီးဆုံးပြီးနောက် အာယာနဲ မစ်ဆူမှ “ သူ နှစ်ဝက်တည်းနဲ့ ဘယ်လိုလုပ်ပြီး အဲ့လို ရလဒ်မျိုး ရလာခဲ့တာ….”

“ အစ်မ ခုချိန်က ကျွန်တော်တို့ အဲ့ဒီအကြောင်းတွေ ဂရုစိုက်နေရမယ့် အချိန် မဟုတ်ဘူးလို့ ထင်တယ်… လင်းရီနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ အချက်အလက်တွေက အများကြီးပဲ… “

“ ဒီတော့ နင်က ဘယ်လိုစဉ်းစားထားလဲ….”

“ ကျွန်တော်ကတော့ သူခုလိုမျိုး ရလဒ်ထွက်လာတာ ပြင်ပ အထောက်အပံ့ တစ်ခုခု ကြောင့်လို့ပဲ ထင်တယ်…. “

“ နင် ဆိုလိုတာ အထူးဆေးဝါးတွေလား….”

“ ဟုတ်တယ်…. အဲ့တာတွေက လွဲရင် ကျွန်တော်လည်း တခြား ဘယ်လို ဖြစ်နိုင်ချေမျိုးမှ စဉ်းစားလို့မရဘူး….”

ဂိုအီချီ မစ်ဆူမှ ပခုံးတွန့်ရင်း ဆက်လက်၍ “ ဒါကြောင့်မို့ ကျွန်တော် စဉ်းစားမိတဲ့တစ်ခုတည်းသော ဖြေရှင်းချက်က သူ အထူးဆေးဝါး အကူအညီနဲ့ ဇီဝ ဆင့်ကဲတိုးတက်သွားတာပဲ…”

အာယာနဲ မစ်ဆူ မည်သည်ကိုမျှ မဆိုချေ။ သူမ အခြား ဖြစ်နိုင်ချေများကို တိတ်ဆိတ်စွာ စဉ်းစားနေပြီး အဆုံးတွင်တော့ မူလ အထူးဆေးဝါးကြောင့်ဟူသည့် ဖြစ်နိုင်ခြေကိုသာ ပြန်လည်ရောက်ရှိသွားလေသည်။

ယင်းကလည်း အခြားသော ဖြစ်နိုင်ချေများက ဂိုအီချီ သုံးသပ်သကဲ့သို့ ကျိုးကြောင်း မသင့်တင့်သောကြောင့်ပင်။

“ ကောင်းပြီ… ငါ နားလည်ပြီ… နင်အခု သွားလို့ရပြီ….”

ဂိုအီချီ မျက်မှောင်ကြုတ်လိုက်ပြီး “ အစ်မ … နင် တခြား စဉ်းစားထားတာတွေ မရှိဘူးလား… ကျွန်တော်တော့ ခု နည်းဗျူဟာတွေ ချမှတ်ဖို့ အချိန်သင့်ပြီလို့ ထင်တယ်….”

“ နင်ပြောသွားတာက ဒီတိုင်း အခြေအမြစ်မရှိတဲ့ မှန်းဆချက် သပ်သပ်ပဲ….” အာယာနဲ မစ်ဆူမှ ပြောလိုက်ပြီး “ ပြီးတော့ နင် ဒီကိစ္စမှာ ဝင်စွက်ဖက်စရာ မလိုဘူးလို့ ပြောထားပြီးသား… ငါ နောက်တစ်ကြိမ် ထပ်မပြောချင်ဘူး… နားလည်လား…”

All Chapters