← Chapters

တကယ်လို့ ငါလိမ့်ခဲ့ရင် ငါက၀က်…

Vol. 52 Ch. 769

တကယ်လို့ ငါလိမ့်ခဲ့ရင် ငါက၀က်…

Vol. 52 Ch. 769

“ ကောင်းပါပြီ… နားလည်ပါပြီ…”

ဂိုအီချီမစ်ဆူ ဘာမှ ဆက်မပြောပဲ အာယာနဲကို ဦးညွှတ်၍ တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့လေသည်။

အာယာနဲ အမူအရာ ကင်းမဲ့စွာဖြင့် မတ်တပ်ရပ်လိုက်ပြီး ဝိုင်နီကို ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်၏။

ယခုလေးတင် ဂိုအီချီ တင်ပြသွားသည်က သူမကို အကြီးအကျယ် တပ်လှန့်သွားစေသည်။

လင်းရီ၏ ပြောင်းလဲမှုက အင်မတန်ထူးဆန်းလှ၏။ သူက ဆေးဝါးနယ်ပယ်ရှိ ကျွမ်းကျင်သူ တစ်ယောက်လည်း ဖြစ်နေသောကြောင့် အဆိုပါ အချက်နှစ်ချက်မှာ အတော်လေး အကြောင်းအရင်းတိုက်ဆိုင်သွားလေသည်။

သို့သော်လည်း သူမတစ်ခု စဉ်းစား၍ မရသည်က

တကယ်လို့ လင်းရီက အဲ့ဒီ အထူးဆေးဝါးတွေကို သုံးစွဲခဲ့တယ်ဆိုရင် အဲ့ဆေးဝါးတွေကို သူ ဘယ်လိုလုပ်ပြီး ရလာခဲ့တာလဲ…

သူ့မှာ ဖန်တီးနိုင်တဲ့ အခြေအနေလည်း ရှိမယ့်ပုံ မပေါ်ပါဘူး….

သူမခေါင်းကို ကူကယ်ရာမဲ့စွာဖြင့် ခါရမ်းရင်း အာယာနဲ မစ်ဆူ သူမ နားထင်ကို ပွတ်သပ်လိုက်မိ၏။

နက်နက်ရှိုင်းရှိုင်း မတူးဆွမိပြန်တော့လည်း အဆင်ပြေတယ်…. ဒါပေမယ့် အပေါ်ယံလေးပဲ ဆိုပြန်တော့လည်း အတောမသတ်နိုင်တဲ့ ဆန်းကြယ်မှုတွေက သူ့ကိုယ်ပေါ်မှာ အပြည့်နဲ့…

ဒီတော့လည်း သူမဘက်က ပိုပြီး ကြိုးစားရုံ တတ်နိုင်တော့တာပေါ့…

နောက်တစ်နေ့ နံနက် လင်းရီ နှစ်ခြိုက်စွာ အိပ်မောကျနေစဉ် သူ့ခေါင်းအုံး ဘေးရှိ ဖုန်းသံကြောင့် နိုးလာလေသည်။

သူ မူလက ကျီချင်းရန် ခေါ်လာသည်ဟု ထင်မှတ်ထားသော်လည်း မျှော်လင့်မထားစွာဖြင့် ချီရှန်းကျောက် ဖြစ်နေခဲ့၏။

“ ဘော့စ်.. အခု အလုပ်ရှုပ်နေလား….”

ချီရှန်းကျောက် ဟော်ယွမ်ယွမ်ထံမှ လင်းရီ အမေရိကားသို့ အလုပ်ခရီးရောက်နေကြောင်း သိလိုက်ရသောကြောင့် ယခုလို အချိန်တွင် ဖုန်းဆက်လိုက်ရခြင်းပင်။

“ မရှုပ်ဘူး.. ရတယ်ပြော…” လင်းရီ တည်ငြိမ်ဟန် ဆောင်လိုက်သည်။

“ ကျွန်တော်တို့ ဝယ်လိုက်တဲ့ စက်ရုံမှာ တစ်ခုခု ဖြစ်နေပြီ…”

“ ဝယ်ပြီးသွားပြီ မဟုတ်လား…. ဘာထပ်ဖြစ်နိုင်ဦးမှာ….”

“ ဘော့စ် ခရီးထွက်သွားတဲ့ နေ့မှာပဲ အလုပ်သမားတွေ အများကြီး နှုတ်ထွက်စာတင်ကြတယ်… အစကတော့ စက်ရုံ အရောင်းခံလိုက်ရလို့ ဒီလိုလုပ်တယ် ထင်ထားတာ.. ဒါကြောင့်မို့ ကျွန်တော်နဲ့ ဟော်ယွမ်ယွမ် ရှေ့ထွက်ပြီးတော့ အလုပ်သမားတွေကို ချွေးသိပ်ပေးဖို့ ကြိုးစားပေမယ့် အရာမထင်ဘူး.. နှုတ်ထွက်တဲ့ နှုန်းက တဖြည်းဖြည်း မြင့်တက်လာပြီးတော့ ခုဆို ၈၀ ရာခိုင်နှုန်းတောင် ကျော်လာခဲ့ပြီ… အခု စက်ရုံမှာ အသက်ကြီးပိုင်း ဝန်ထမ်း တစ်ချို့ရယ်… ခေါင်းဆောင်ပိုင်းတွေရယ်နဲ့ စက်ပစ္စည်းတွေပဲ ကျန်တော့တယ်… “

လင်းရီ အိပ်ရာမှ ချက်ချင်း ထထိုင်လိုက်ပြီး “ နောက်တော့ကော… မင်းတို့ ဘယ်လို ခြေလှမ်းတွေ ဆက်လှမ်းသေးလဲ…”

“ ကျွန်တော်တို့ဘက်က ကိစ္စတွေ အဆင်ပြေအောင်ဆိုပြီး ယွမ်ယွမ်နဲ့ ကျွန်တော် တိုင်ပင်ပြီးတော့ အလုပ်သမားတွေရဲ့ နဂို လစာကို နောက်ထပ် ယွမ် ၃၀၀ တိုးပေးတာတောင်မှ ရလဒ်က သိပ်မကောင်းဘူး…”

“ အရေးကြီးကိစ္စလည်း မဟုတ်ပါဘူး… ဒီတိုင်း လူသစ်တွေ ထပ်ခေါ်လိုက်ပေါ့… ငါတို့ဘက်က ဒီချိန်မှာ အချိန်ဖြုန်းနေလို့ မရဘူးဆိုတာ နားလည်တယ်မလား…”

“ ဒါပေမယ့် အဲ့လောက် မရိုးရှင်းဘူးဘော့စ်…. သေချာစုံစမ်းကြည့်ပြီးတော့ စက်မှုဇုန်ထဲက တစ်ခြား စက်ရုံတွေကလည်း ကျွန်တော်တို့ဆီက ထွက်သွားတဲ့ အလုပ်သမားတွေကို လက်ခံနေတာ သိလိုက်ရတယ်… ကျွန်တော်တို့ဘက်က လစာတိုးပေးပြန်တော့ သူတို့ဘက်ကလည်း လစာပြန်တိုးပေးတယ်…. အဲ့ကောင်တွေ ကျွန်တော်တို့ကို တမင် လာပြီး ကန့်လန့်တိုက်နေတာ…” ချီရှန်းကျောက် ပြောလိုက်ပြီး “ ကြည့်ရတာတော့ အဲ့လူတွေ အခြေအနေကို အခွင့်ကောင်းယူပြီး လူလာခိုးနေတာပဲ ဖြစ်‌ရမယ်…”

လင်းရီ စက္ကန့်အနည်းငယ်ကြာအေင် တိတ်ဆိတ်သွားပြီးနာက် “ ငါ့ကို ရုံးခန်းမှာ စောင့်နေ… ငါ ခုပြန်လာနေပြီ… ဒါပေမယ့် ငါတို့ နှစ်ယောက် ခုလို ဖုန်းပြောတာကို ဘယ်သူ့ကိုမှ မသိစေနဲ့…”

“ နားလည်ပါပြီ ဘော့စ်…”

လင်းရီ ဘာဆိုလိုချင်နေလဲဆိုတာကို ချီရှန်းကျောက် နားမလည်ချေ။ သို့သော်လည်း စကားတို့နောက်တွင် နက်ရှိုင်းသည့် အကြောင်းတရားတို့က သေချာပေါက် ရှိနေရပေမည်။ ထို့ကြောင့် သူ့ဘော့စ်စကားကို နားထောင်လိုက်သည်က ပိုကောင်း၏။

ချီရှန်းကျောက် ဖုန်းကို ချပြီးနောက် လင်းရီ မာဟုန်ထောင်ထံ ဖုန်းဆက်လိုက်ပြီး သူ့ကို လာကြိုပေးဖို့ရာ ဟယ်လီကော်ပတာ အသင့်ပြင်ထားပေးရန် တောင်းဆိုလိုက်၏။

မာဟုန်ထောင်လည်း နှစ်ခါစဉ်းစားမနေပဲ တန်းသဘောတူလိုက်လေသည်။

သက်ဆိုင်ရာ ကိုဩဒီနိတ်အမှတ်များ ပို့ပေးပြီးနောက် လင်းရီ အိပ်ရာမှထ မျက်နှာသစ်ပြီး ကျိုးဟိုင်သို့ ပြန်ရန် စတင် ပြင်ဆင်တော့၏။

ဆေးကြောသန့်စင်ပြီးနောက် လင်းရီ ချင်းဟန်တံခါးကို သွားခေါက်လေသည်။

“ ဘာတုန်း.... မနက် စောစောစီးစီးကို မအိပ်ပဲနဲ့ ဘာလာလုပ်တာ….” ချင်းဟန်မှ မျက်လုံး ပွတ်ရင်း ပြောလိုက်၏။

သူ့ဘေးတွင်တော့ အမျိုးသမီး နှစ်ယောက်မှာ လဲလျောင်းနေပြီး တစ်ယောက်မှာ သူမ၏ သီးသန့်နေရာများကို လှစ်ဟာပြနေသော်ငြား ဂရုစိုက်မည့်ပုံ မပေါ်ချေ။

“ မင်းရဲ့ လေယာဉ် ငါ့ကို ခဏပေးဦး… ငါခု ကျိုးဟိုင်ကို ပြန်ဖို့ လိုနေပြီ…..”

၎င်းကိုကြားတော့ ချင်းဟန် အိပ်ချင်ပြေသွားခဲ့ပြီး “ ဘာလဲဖြစ်တာ… ဘာလို့ ဒီလောက်အစောကြီး ပြန်တော့မှာ…”

“ ကုမ္ပဏီမှာ ကိစ္စလေး ပေါ်လာလို့… ငါ ဒီမှာ ဆက် အလေလိုက်နေလို့ မဖြစ်တော့ဘူး.. အရင် ပြန်နှင့်တော့မယ်…”

“ မင်းက ပြန်မယ်ဆိုမှတော့ ငါတို့က ဒီမှာ နေပြီးဘာဆက်လုပ်ရမှာ..” ချင်းဟန် အညောင်းဆန့်လိုက်ရင်း “ ငါ ကောင်းကြီးနဲ့ ကျန်တဲ့ကောင်တွေကို ခေါ်လိုက်မယ်…. အတူပြန်ကြတာပေါ့…”

“ အဲ့လိုလည်း အဆင်ပြေတယ်….”

ပြီးနောက် အုပ်စုမှာ ရိုးရှင်းသည့် မနက်စာကို စားသောက်လိုက်ကြ၏။ မကြာမီ မာဟုန်ထောင် စီစဉ်ထားသည့် ဟယ်လီကော်ပတာ ရောက်ရှိလာပြီး ရာဝမ်း လေဆိပ်သို့ ဦးတည်လိုက်လေသည်။

ထိုအတောအတွင်း ကျန်းရှောင်ယွီမှ ခေတ္တယာယီ စထွင်းလုပ်လိုက်သော်လည်း မည်သည့် မစ်ရှင်ကမျှ ပေါ်မလာခဲ့ချေ။

သုံးနာရီ ကြာပြီးနောက် လေယာဉ်မှာ ကျိုးဟိုင်လေဆိပ်သို့ ဆင်းသက်လာလေသည်။

လင်းရီ ချင်းဟန်တို့အား ကြည့်လိုက်ပြီး “ ငါ လုပ်စရာ ရှိသေးတယ်… ဒီတော့ မင်းတို့နဲ့ မလိုက်တာ့ဘူး… အရင်သွားနှင့်တော့မယ်…”

“ အရေးကြီး ကိစ္စလား… ငါတို့ အကူအညီလိုသေးလား…” ချင်းဟန် မေးလိုက်၏။

“ အသေးမွှားလေးပါကွာ… ငါ တစ်ယောက်တည်း ကိုင်တွယ်လို့ရပါတယ်…”

“ ကောင်းပြီ.. တစ်ခုခု လိုအပ်ရင် ဖုန်းလှမ်းဆက်လိုက်….”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး ကားပါကင်ထံသို့ ဦးတည်လိုက်၏။ ထို့နောက် သူ၏ La Voiture Noire ဖြင့် ချောင်ရန် အုပ်စုသို့ ဦးတည်လိုက်လေသည်။

သို့သော်လည်း ထိုသို့ မသွားမီ လင်းရီ ပန်းရောင်းဆိုင်၌ တစ်ထောက်ရပ်၍ နှင်းဆီပန်းတစ်စည်း ဝင်ဝယ်လိုက်သေး၏။

သူ ကျီချင်းရန်၏ ရုံးခန်းကို ရောက်တော့ မွန်းတည့် ၁၂ နာရီ ရှိနေချေပြီ။

သူမက ရုံးခန်းထဲတွင် မီးခိုးရောင် အမျိုးသမီး ဝတ်စုံဖြင့် ထိုင်နေပြီး ဆံပင်ကို နောက်တွင် စည်းနှောင်ထားကာ ခြေတင်ချိတ်လျက် စားပွဲပေါ်ရှိ စာရွက်စာတမ်းများ အပေါ် အာရုံစူးစိုက်နေသည်။

သူမ၏ ကျန်သည့် လက်တစ်ဖက်ကလည်း အငြိမ်မနေပဲ ဘီစကစ် အသေးစားလေးကို ကိုင်၍ စားသောက်နေသည်။ ပျော့ပျောင်းသည့် ဘီစကစ်က ကိုက်ရင်း ကျိုးကြေပြီး စားပွဲပေါ် ပြုတ်ကျသွားတတ်သော်လည်း သူမ အမှုမထား၊ ပြန်၍ ကောက်စားတတ်၏။

ထိုမြင်ကွင်းကိုမြင်တော့ လင်းရီ ပြုံးလိုက်ပြီး ကျီချင်းရန်ထံ ဖုန်းဆက်ရန် ဆုံးဖြတ်လိုက်သည်။

“ ဘာလို့ ငါ့ကို ဖုန်းခေါ်လာတာ…”

“ ဘာလို့လဲ… ငါက ဖုန်းခေါ်လို့ မရဘူးလား…”

“ ဘယ်ရမှာ.... ခု အမေရိကားမှာ ညဆယ့်နှစ်နာရီ ရှိရောပေါ့… နင်က အိပ်ရာမဝင်သေးဘူးလား…”

“ ငါခုလေးတင် အထက်ကြီးပိုင်းတွေနဲ့ အလုပ် ကိစ္စပြီးလို့…. မင်းကို သတိရတာနဲ့ ဖုန်းခေါ်လိုက်တာလေ… ဘယ်လိုလဲ… နေ့လည်စာကော စားပြီးသွားပြီလား…”

“ စားနေတယ်… ရှေ့ရက်တွေတုန်းကလည်း ထမင်းတစ်နပ်မှ မလွတ်ပါဘူးနော်…”

“ သေချာတယ်ပေါ့… အရမ်း စကားနားထောင်တာပဲ…”

“ ဒါပေါ့… " ကျီချင်းရန် ဘ၀င်ခိုက်သွားသည့် လေသံဖြင့် ပြောလိုက်ပြီး " ငါ အခု ကန်သင်းမှာ ဝက်သားနှပ်ရယ်၊ ဘူးသီနဲ့ ပုစွန်လုံး ဟင်းချိုရယ်.. ပဲပင်ပေါက်ကြော်ရယ် စားနေတာ…”

“ ငါ နင်နဲ့ အတူနေပြီးတည်းက အဲ့ဒီ ဘီစကွတ်တွေကို တာ့တာပြပြီးသားပါနော်…”

“ အိုး... ချင်းရန်က အဲ့လောက်ထိ လိမ္မာနေတာ ငါဖြင့် ယုံတောင် မယုံနိုင်တော့ဘူး…”

“ အမှန်တရားတွေလေ… တကယ်လို့ ငါနင့်ကို လိမ်ခဲ့ရင် ငါက ဝက်…. တီ တီ တီ…. “

သူမ စကားဆုံးအောင် မပြောလိုက်ရသေးမီ ဖုန်းကျသွားသည့် အသံကို ကြားလိုက်ရ၏။

ကျီချင်းရန် တီးတိုးလေသံဖြင့် ရေရွတ်ရင်း “ ဘယ်လို ကောင်စုတ်ပါလိမ့်.. သူများ ဖုန်းပြောလို့ မပြီးသေးပါဘူးဆို ဖုန်းချသွားတယ်….”

ချလပ်…

သူမကိုယ်သူမ ရေရွတ်နေတုန်း ရုံးခန်းတံခါးမှာ ပွင့်ဟလာလေသည်။

အံ့အားသင့်ဖို့ ကောင်းစွာဖြင့် ခန့်ညားသည့် ပုံရိပ်တစ်ခုမှာ နှင်းဆီပန်းစည်းဖြင့် သူမထံ ရောက်လာခဲ့၏။

ထိုပုံရိပ်ကတော့ လင်းရီပင်။

ကျီချင်းရန်၏ အမူအရာမှာ အံ့အားသင့်နေမှုမှ တစ်ဆင့် ပျှော်ရွှင်သည့် အသွင်သို့ ကူးပြောင်းသွားတော့သည်။

သူမ အပြေးလေး လာပြီး လင်းရီကို တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်၏။

“ ဘာလို့ ငါ့ကို အကြောင်းမကြားပဲနဲ့ ရုတ်တရက်ကြီး ပြန်လာခဲ့တာ…”

“ စပရိုက်ဖြစ်သွားအောင်လို့ပေါ့… မဟုတ်ရင် ငါတို့ရဲ့ ဝက်ပေါက်လေးက ဘီစကစ်တွေ ခိုးစားနေတာကို ဘယ်လိုလုပ်ပြီး ဖမ်းမိတော့မှာ….”

လင်းရီ၏ စကားလုံးများကို ကြားတော့ ကျီချင်းရန် မျက်နှာနီရဲသွားခဲ့သည်။

“ နင်ငါ့ကို လှည့်စားဖို့ ကြံစည်နေတာမလား….”

“ ဘယ်သူကကော မင်းကို နေ့လည်စာ အလွတ်ခံပြီး ရုံးခန်းထဲမှာ ဘီစကစ် စားခိုင်းလို့….”

ရွှင်မြူးစွာဖြင့် ကျီချင်းရန် လင်းရီလက်ထဲမှ ပန်းစည်းကို ယူလိုက်သည်။

“ ကန်သင်းက စားဖိုမှူးတွေ လက်ရာက နင့်လောက် ကောင်းမှ မကောင်းတာကို… ပြီးတော့ စားချင်စိတ်လည်း သိပ်မရှိလို့… ဒါကြောင့်မို့ ဘီစကစ်လေးပဲ စားလိုက်တာ ဟီးဟီး…. “

ပြောပြီးနောက် ကျီချင်းရန် လင်းရီ ပါးကို တစ်ချက် နမ်းလိုက်၏။

“ နင်ဒီတစ်ခေါက်တော့ မဆိုးဘူးပဲ… ပြန်လာတာ ငါ့အတွက် ပန်းဝယ်လာပေးဖို့ သိတတ်နေပြီပေါ့….”

All Chapters