လင်းရီရဲ့ ရှေ့မှာ ကိုယ်ရည်လာသွေးပြနေတာလား….
Vol. 52 Ch. 772
“ဟမ်… ဘယ်လိုမျိုး စစ်အင်္ဂါရပ်လဲ…”
“ ဒီရဲ့ စက်ရုံနှစ်ခုက သူတို့ လေးယောက်ကို ပိုပြီး မြင့်မားတဲ့ လစာအခွင့်အရေးတွေနဲ့ အရင်ဆုံး ကမ်းလှမ်းတယ်… ပြီးရင် သူတို့ကို စက်ရုံထဲ သာမန်အလုပ်သမားတွေ ဝင်လာဖို့ မဲဆွယ်ခိုင်းတယ်… အဲ့လိုနဲ့ သူတို့ လိုချင်တာကို ရနိုင်လိမ့်မယ်…” (စက်ရုံ အလုပ်သမား မရှိအောင် လုပ်တာပါ )
“ သူတို့ကို အဲ့လိုမျိုး လုပ်စေလောက်တဲ့အထိ ကမ်းလှမ်းမှုမျိုးက ဘာဖြစ်လောက်မလဲ….”
“ အရမ်းကြီး မြင့်မားနေတာမျိုးလည်း မဟုတ်လောက်ပါဘူး…. မင်းထင်တာထက်တောင် နိမ့်ရင် နိမ့်နေဦးမယ်… ငါမင်းကို ဥပမာတစ်ခု ပြောပြမယ်ကွာ….” လင်းရီ ပြောလိုက်ပြီး “တကယ်လို့ သူတို့လေးယောက်က မြင့်မားတဲ့ လုပ်ခလစာနဲ့ အကျိုးခံစားခွင့်တွေကို ဗန်းပြပြီး သာမန် အလုပ်သမား အယောက်တစ်ရာကို စက်ရုံဘက် ခေါ်လာနိုင်မယ်ဆိုရင် သူတို့လေးယောက်ကလည်း အဲ့ဒီ လစာကနေ ကော်မရှင်ခ သပ်သပ်ရမယ်…”
“ စဉ်းစားကြည့်လိုက်…. တကယ်လို့ စက်ရုံက သူတို့ရဲ့ လစာကို ယွမ်တစ်ရာ တိုးထားပေးတယ်ဆိုရင် သူတို့က တစ်ယောက်ကို ၁၀ ယွမ် ကော်မရှင် ယူတယ်ထားဦးတော့… အယောက်တစ်ရာဆိုရင် တစ်လကို ယွမ် တစ်ထောင် မနေဘူးလား…. သာမန်လူတစ်ယောက်အတွက်ကျတော့ အဲ့ဒီ ငွေပမာဏက လုံးဝ မနည်းပါးဘူး… တကယ်လို့ မင်းက သူတို့လစာကို တိုးမြင့်ပေးနိုင်တယ် ဆိုရင်တောင် အဲ့လောက် များမှာတော့ မဟုတ်ဘူးလေ… ဟုတ်တယ်မလား….”
“ ဒီရဲ့ ဖြစ်နိုင်ချေကို အခြေခံပြီး စဉ်းစားလိုက်မယ်ဆိုရင် သူတို့ ခုနလေးတင် လုပ်ပြသွားတဲ့ အပြုအမူက တော်တော်လေး ကျိုးကြောင်းသင့်တယ်ဆိုရမယ်… ငါတို့ဆီကနေ ကောင်းမွန်တဲ့ အကျိုးခံစားခွင့်တွေရမယ်ဆိုတော့ သာမန်အလုပ်သမားတွေက ကြိုးစားကြည့်ဖို့ ဆန္ဒရှိကြတယ်လေ… ဒါပေမယ့် အဲ့ဒီလေးယောက်ကတော့ သူတို့ ပြန်လာမယ်ဆိုရင် ခု ရနေတဲ့ ကြားပေါက်လေး ပျောက်သွားမယ်ဆိုတာကို သိလို့ ပြတ်ပြတ်သားသား ငြင်းဆန်လိုက်တာ….”
“ အာ… နားလည်ပြီ… တကယ်လို့ ဘော့စ်ပြောတာသာ မှန်မယ်ဆိုရင် သူတို့ အဲ့လူတွေအကုန်လုံးကို ခေါ်ထားဖို့ ကြီးကြီးမားမား ပေးထားရမှာပေါ့နော်….” ဟော်ယွမ်ယွမ် ခေါင်းညိမ့်ရင်းပြောလိုက်ပြီး “ ဒါပေမယ့် တစ်ခုရှိတာက သူတို့ အလုပ်သမားတွေကို အဲ့လောက် လစာတိုးထားပေးတော့ စက်ရုံအပေါ်မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်မယ် မဟုတ်ဘူးလား….”
လင်းရီ ပြုံးလိုက်ပြီး “ ကြည့်ရတာ ငါက မင်းအပေါ် အရမ်းသဘောကောင်းသွားတော့ စက်မှုလုပ်ငန်းရှင်တွေက ဘယ်လိုပုံစံရှိလဲဆိုတာကို မေ့နေပြီနဲ့တူတယ်… “
“ ဘာပြောချင်တာ…”
“ ဒီလို စက်ရုံမျိုးတွေက စည်းမျဉ်းစည်းကမ်း အရမ်းတင်းကြပ်တာ… တကယ်လို့ မင်းဘက်က အကြောင်းပြချက် ကောင်းကောင်းရှိမယ်ဆိုရင် ကြိုက်သလို ဒဏ်ခတ်ပြီး လစာဖြတ်လိုက်လို့ရတယ်.. “ လင်းရီ ပြောလိုက်ပြီး “ နောက်ဥပမာ တစ်ခု ပေးရမယ်ဆို… ဒီလိုမျိုး အလုပ်ရုံတွေမှာ အမြဲတမ်း နေ့လည်စာ အစားအသောက် ထောက်ပံ့ပေးတယ်.. တကယ်လို့ သူတို့ဘက်က အဲ့ဒီ အစားအသောက်ဖိုး နည်းနည်းလေးလောက် လေးပဲ ကာမိလိုက်မယ်ဆိုရင် ပိုက်ဆံတွေ အများကြီး စုမိသွားမှာပဲ မဟုတ်ဘူးလား…. ဒါကြောင့်မို့ ပိုက်ဆံ ပိုသုံးလိုက်ရတာက သူတို့ အတွက် ပြဿနာ မဟုတ်ဘူး….”
ဟော်ယွမ်ယွမ် ခေတ္တမျှ စဉ်းစားလိုက်ပြီး “ သူတို့ လက်ရှိစဉ်းစားပုံအရဆိုရင် ကျွန်မတို့ဘက်က အလုပ်သမားတွေလည်း မရှိတော့ရင် ရေရှည်ရပ်တည်နိုင်မှာ မဟုတ်တော့ဘူး… ဒါကြောင့်မို့ ထုံးဟွာ အီလက်ထရောနစ်က လုံးဝ ပြိုလဲသွားတဲ့ အချိန်ကျရင် သူတို့ဘက်က သာမန်အလုပ်သမားတွေကို ခေါင်းပုံဖြတ်ဖို့ အလုပ်ထုတ်တာပဲ ဖြစ်ဖြစ်… လစာလျှော့်ချတာပဲ ဖြစ်ဖြစ် လုပ်လိမ့်မယ်… ဟုတ်တယ်မလား ဘော့စ်….”
“ အင်း… အဲ့လိုပဲ…”
“ ဒါဆို ကျွန်မတို့ ဘာဆက်လုပ်ကြမှာ… အဲ့ဒီ စက်ရုံနှစ်ခုက တစ်ယောက်ယောက် ပံ့ပိုးပေးထားတော့ ကျွန်မတို့ကို သေတဲ့အထိ(ဒေဝါလီခံ) တိုက်ခိုက်ချင်နေတယ်ဆိုတာ သေချာတယ်….. သူတို့ကို ပြန်တိုက်ခိုက်ဖို့ ပိုက်ဆံ သုံးလိုက်ကြမလား…”
“ အဲ့လိုလုပ်လိုက်မယ်ဆို သူတို့ ဖြစ်စေချင်တဲ့အတိုင်း ဖြစ်သွားတော့မှာပေါ့… သူတို့က ငါတို့ကို ဖျက်ဆီးဖို့ ကြံနေတာမဟုတ်ဘူး… ငါတို့ကို တမင် အချိန်ဆွဲနေတာ..”
“ ဒါဆို ဘယ်လိုလုပ်ကြမှာ…. သူတို့ကို ပိုက်ဆံနည်းနည်းလောက် ပိုပေးပြီး ပြန်ခေါ်ကြမလား…. “
“ ငါက အဲ့လို နိမ့်ကျတဲ့ အလုပ်မျိုး လုပ်လိမ့်မယ်လို့ ထင်နေတာလား… ပြီးတော့ အဲ့ဒါကလည်း အကြံကောင်းမဟုတ်သေးဘူး… ထင်သလောက် အကျိုးရှိမှာ မဟုတ်ဘူး…”
“ အဲ့တာဆို ဘယ်လိုလုပ်ကြမှာလဲလို့… တကယ်လို့ ဒီကိစ္စ မြန်မြန် မဖြေရှင်းနိုင်ဘူးဆိုရင် မိုဘိုင်းဖုန်း စစ်စတမ် ပရောဂျက်က ကြန့်ကြာနေတော့မှာနော်…”
“ မင်းမှာ အဲ့ဒီ စက်ရုံနှစ်ခုက တာဝန်ရှိသူတွေရဲ့ နံပါတ်ရှိတယ်မလား…”
“ အွန်း.. ရှိတယ်…”
“ သွားစို့… ကားထဲဝင် … ငါ ဖုန်းတစ်ချက် ဆက်ကြည့်လိုက်မယ်….”
ကားထဲတွင်တော့ ဟော်ယွမ်ယွမ် လင်းရီကို စက်ရုံနှစ်ခု၏ တာဝန်ရှိသူ ဖုန်းနံပါတ်များကို ပေးလိုက်ပြီး လင်းရီလည်း ဖုန်းခေါ်ဆိုလိုက်လေသည်။
“ ဟယ်လို… ဒါက ရှင်းရာ့ နည်းပညာက ဘော့စ်ဝမ်လား မသိဘူး.. ကျုပ်က ထုံးဟွာအီလက်ထရောနစ်ရဲ့ တာဝန်ရှိသူပါ… ပြောစရာလေးရှိလို့ ဘော့စ်ဝမ် အချိန်ရလား မသိဘူး…”
“ အိုး.. ဆိုတော့ ဥက္ကဌလင်းကိုး…. ဥက္ကဌလင်းအကြောင်းတွေ အများကြီး ကြားဖူးပါတယ်….”
“ ဘော့စ်ဝမ်က ကြင်နာလွန်းနေပါပြီ…. ကျုပ်က ခု ထုံးဟွာ အီလက်ထရောနစ်ကို ဝယ်လိုက်တော့ နှစ်ခုက စက်ရုံနားနီးချင်းတွေ ဖြစ်သွားပြီလေ… ဒါကြောင့်မို့ တစ်ခွက်တစ်ဖလားလောက် အတူသောက်ကြမလားလို့ပါ… ဘော့စ်ဝမ် အားရဲ့လားမသိဘူး…”
“ အားယား တိုက်ဆိုင်ချင်သားကောင်းတော့ ကျုပ်ကလည်း ခု အလုပ်ကိစ္စနဲ့ နိုင်ငံခြားကို ရောက်နေတာ….. ကျုပ် ဘယ်ချိန်ပြန်လာနိုင်မလဲ ဘယ်သူကသိမှာ… ဒီလိုလုပ်… ကျုပ် ပြန်ရောက်ရင် ဘော့စ်လင်းကို ဖုန်းဆက်လိုက်မယ်လေ….”
“ ဆိုတော့ နောက် တော်တော်ကြာတဲ့အထိ တွေ့ဖို့ အချိန်မရှိသေးဘူးဆိုတဲ့ သဘောပေါ့….”
“ ကျုပ် တကယ်ကို အချိန်မရှိလို့ပါ ဘော့စ်လင်း… စိတ်မရှိပါနဲ့…”
“ ဒါဆို နောက်လဆိုရင်ကော... အဆင်ပြေလောက်လား…ကျုပ် နောက်လတစ်လလုံး အားတယ်….”
“ အိုက်ယား…. အဲ့လလည်း ဖြစ်မယ်မထင်ပါဘူးဗျာ… ကျုပ်က အနည်းဆုံး သုံးလေးလလောက်တော့ ပြန်လာဖြစ်သေးမှာ မဟုတ်ဘူး.. ဒါပေမယ့် မပူနဲ့… ကျုပ် ပြန်ရောက်တဲ့အချိန်ကျရင် ဘော့စ်လင်းကို သေချာပေါက် ဝိုင်းကောင်းကောင်းနဲ့ ဧည့်ခံပေးမယ်….. ရှယ်သောက်ကြတာပေါ့…”
“ ကောင်းပြီလေ…. ဒါဆိုလည်း ကျုပ် ဘော့စ်ဝမ်ရဲ့ ဖုန်းကို စောင့်နေပါ့မယ်….”
“ အိုကေ အိုကေ… ဒါဆို ကျုပ်ခု ကိစ္စလေး ရှိလို့ ဖုန်းအရင် ချလိုက်တော့မယ်နော….”
“ ကောင်းပြီလေ…”
“ ဟီးဟီး… ဘော့စ်အငြင်းခံလိုက်ရပြီမလား…” ဟော်ယွမ်ယွမ်မှ လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်၏။
“ အေးဆေးပေါ့… နောက်တစ်ယောက် ကျန်ပါသေးတယ်….”
သို့နှင့် လင်းရီ အခြားတစ်ယောက် ဖုန်းနံပါတ်ကို နှိပ်လိုက်လေသည်။
“ ဟယ်လို … ဒါက ဟွေးခေါ့အီလက်ထရောနစ်က ဘော့စ်စွန်းလားမသိဘူး… ကျုပ်က ထုံးဟွာ အီလက်ထရောနစ်ရဲ့ တာဝန်ရှိသူ လင်းရီပါ… ဒီည ဘော့စ်ဝမ်ကို ထမင်းစားဖိတ်ချင်လို့ အဲ့တာ အားလပ်ရဲ့လားမသိဘူး…”
“ ရို……. ဥက္ကဌလင်းပါလား…. ဥက္ကဌလင်းနဲ့ ထမင်းအတူစားရမှာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ…”
“ ဆိုတော့ ရတယ်ပေါ့….”
“ ကျွန်တော့်ကို ထမင်းစားဖိတ်လို့ ကျေးဇူးတင်ပါတယ်… ဝမ်းလည်း ဝမ်းသာပါတယ်… ဒါပေမယ့် ကျွန်တော့်ဇနီးက ဒုတိယ ကလေးကို မီးဖွားထားတော့ သူနဲ့ ခု မွေးရပ်မြေမှာ အဖော်ပြုပေးရင်း အားမွေးနေတာ…. ဘယ်ချိန်မှ ကျိုးဟိုင် ပြန်လာနိုင်မလဲ မသိဘူး…. ဒီတော့ စားဖို့ ကိစ္စ ရွေ့ဆိုင်းထားရတော့မှာပဲ…. တကယ့်ကို အားနာမိပါတယ်ဗျာ….”
“ ဒါဆို ဘယ်အချိန်လောက်ရမလဲ… နောက်လဆိုလည်း အဆင်ပြေတယ်…”
“ ပြောဖို့ ခက်တယ်… ကျွန်တော့်ဇနီးရဲ့ ကျန်းမာရေး အခြေအနေက သိပ်မကောင်းဘူးဆိုတော့ နောက် သုံးလေးလလောက်အထိ ပြန်လာဖို့ အဆင်ပြေသေးမှာမဟုတ်ဘူး… သူ့မိဘတွေကလည်း သွေးနုသားနုဆိုတော့ ပြန်လွှတ်ဖို့ စိတ်မချသေးဘူးလေ…. ဥက္ကဌလင်း… တစ်မျိုးမထင်ပါနဲ့ဗျာ…. ကျုပ် ပြန်ရောက်တာနဲ့ ဥက္ကဌလင်းဆီ ချက်ချင်း လာလည်မှာပါ….”
“ ကောင်းပြီလေ…. ဒါဆိုလည်း ကျုပ်တို့ ပြန်လာမှ စကားပြောကြတာပေါ့….”
လင်းရီ ဖုန်းချလိုက်၏။ ဟော်ယွမ်ယွမ်မှ အပြုံးလေးဖြင့် “ သူတို့ နှစ်ယောက်ရဲ့ ဟန်ဆောင်ပန်ဆောင် အရည်အချင်းကလည်း အရမ်းနဲ့ သိသာလွန်းတယ်… ဘော့စ်နဲ့များ တစ်ခြားစီ…”
“ ဒါကြောင့်မို့ အဲ့လိုလူစားမျိုးတွေက ကောင်းသော နိဂုံးတွေ မရှိကြတာလေ…”
“ ခု ဘာဆက်လုပ်ကြမှာ… ဘာပဲ ဖြစ်ဖြစ် ဒီကိစ္စကတော့ သိပ် အချိန်အကြာကြီး ဆွဲထားလို့ မရဘူးနော်…”
“ အသေးမွှားလေးပါ… ခုတော့ အရင်ဆုံးပြန်ကြစို့….”
“ ဒါဆို ကျွန်မ စိတ်ရှုပ်ခံမနေတော့ဘူး…. ဖြေရှင်းဖို့ နည်းလမ်းရရင် ကျွန်မတို့ကို ပြောလိုက်.. ကျွန်မနဲ့ အစ်ကိုချီ ကျန်တာကို ကိုင်တွယ်လိုက်မယ်…”
“ အင်း….”
“ ခု ဘယ်လဲ သွားမှာ.. လင်းယွမ်အုပ်စုလား…”
လင်းရီ သူ့နာရီကို တစ်ချက်ကြည့်လိုက်တော့ လေးနာရီထိုးတော့မည် ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ထို့ကြောင့် အဆိုပါ အကြံဉာဏ်အား လက်လျော့လိုက်လေသည်။
“ ချောင်ရန် အုပ်စုကို မောင်း…. ငါ မင်းအစ်မကျီကို သွားကြိုပေးရဦးမှာ..”
ဟော်ယွမ်ယွမ် လင်းရီကို ချောင်ရန် အုပ်စုသို့ ပို့လိုက်ပြီး သူမကတော့ လင်းယွမ်အုပ်စုထံ ပြန်မောင်းသွားလိုက်သည်။
“ ဒီည ဟော့ပေါ့ စားကြမလား…”
ခရီးသည် ထိုင်ခုံတွင် ထိုင်ရင်း ကျီချင်းရန်မှ “ နင် ပြန်လာတာကို ကြိုဆိုတဲ့ အနေနဲ့ပေါ့….”
“ ရတာပေါ့… ချင်းရန် စားချင်သာမှန်သမျှပြောလိုက်…”
“ အိုကေ…”
ချောင်ရန်အုပ်စုမှ ထွက်လာခဲ့ပြီးနောက် နှစ်ယောက်မှာ စူပါးမားကတ်သို့ သွား၍ ဟော့ပေါ့အတွက် ဟင်းအမယ်များကို လိုက်ဝယ်ကြသည်။ ထို့နောက် အိမ်သို့ ပြန်လာလေသည်။
အိမ်သို့ ပြန်ရောက်လာခဲ့ပြီးနောက် မကြာမီ အငွေ့တထောင်းထောင်းနှင့် မာလာဟော့ပေါ့မှာ သုံးဆောင်ရန် အဆင်သင့် ဖြစ်သွားခဲ့တော့၏။
နှစ်ယောက်လည်း အရသာရှိသည့် ဟော့ပေါ့ကို မြိန်ရေယှက်ရေ ပျော်ရွှင်စွာဖြင့် စားသောက်ကြလေသည်။
“ အိုး ဟုတ်သား… ငါ တစ်ခု ပြောစရာလေး ရှိတယ်…” လင်းရီ စားရင်း ပြောလိုက်၏။
“ ဘာကြီးလဲ...”
“ ငါ့ကို အင်ဂျင်နီယာ တစ်ဖွဲ့လောက် လွှတ်ပေးဦး… ငါ လမ်းပြန်ပြင်ချင်လို့….”