← Chapters

အတော်ဆုံး ဇာတ်လိုက်မင်းသားနှင့် အကောင်းဆုံး ဇာတ်ပို့မင်းသမီး

Vol. 52 Ch. 775

အတော်ဆုံး ဇာတ်လိုက်မင်းသားနှင့် အကောင်းဆုံး ဇာတ်ပို့မင်းသမီး

Vol. 52 Ch. 775

" ဥက္ကဌလင်း မနေ့က ကျုပ်နဲ့ ဆွေးနွေးချင်တယ်ဆိုတဲ့ ကိစ္စက ဒါလား...."

“ မဟုတ်တော့ ခင်များက ဘာဆွေးနွေးမယ်လို့ ထင်နေတာလဲ….” လင်းရီ ရယ်သွမ်းလိုက်ပြီး “ ဘော့စ်စွန်း… ခင်များ ဇနီးက သွေးနုသားနုနဲ့ဆိုတော့ သေချာလေး ဂရုစိုက်လိုက်ဦး… ကျုပ် ခင်များအချိန်တွေ မဖြုန်းတီးတော့ဘူး… အချိန်ရမှပဲ စကားထပ်ပြောကြတာပေါ့…”

သို့နှင့် လင်းရီ ဈေးဆစ်ရန်ပင် အခွင့်အရေး မပေးပဲ ဖုန်းချလိုက်ပြီး လင်းယွမ်အုပ်စုသို့ ဦးတည်လိုက်လေသည်။

သူ ရုံးခန်းကို ရောက်တော့ ဟော်ယွမ်ယွမ်မှ ရောက်လာခဲ့ပြီး “ ဘော့စ်…. ကျွန်မကြားတာ ရှင် သူများလမ်းတွေကို လိုက်ဖျက်ဆီးနေတယ်ဆို….”

“ မင့်အဘကို လိုက်ဖျက်ဆီး… လမ်းက ခု ပြန်ပြုပြင်တော့မှာ…. ငါ လေလံအောင်ပြီးတော့ အဲ့ ပရောဂျက်ကို ရလာခဲ့တာကွ…. ဖြစ်ကတတ်ဆန်း လုပ်နေတာ မဟုတ်ဘူး….”

ဟော်ယွမ်ယွမ် ပြုံးလိုက်ပြီး “ ဟီးဟီး... ကျွန်မတော့ သိပ်မကြာခင် သူတို့တွေ ရှင့်ဆီ ရောက်လာကြလိမ့်မယ်လို့ အာရုံရနေတယ်…. မဟုတ်လည်း တရားခွင်ကိုပေါ့…”

“ ဘယ်နေရာပဲ ရောက်ရောက် ကိစ္စမရှိဘူး… ငါတို့ဘက်က အသာစီး ရပြီးသားပဲ..” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ သူတို့ လာတယ်ဆိုရင်တော့ ကိုင်တွယ်ရ ပိုလွယ်သွားတာပေါ့… တကယ်လို့ ငါ့ကို တရားရုံးခေါ်ပြီး တရားစွဲမယ်ဆိုရင် ပိုတောင်ကောင်းသေး… အဲ့လိုဆို သူတို့ရဲ့ အလုပ်ကို တစ်လလောက်အထိ ဆိုင်းငံ့ထားလို့ရတယ်… တကယ်လို့ သူတို့ရဲ့ ကုန်ပစ္စည်းတွေသာ တစ်လလောက် ဆိုင်းငံ့ထားခံရမယ်ဆိုရင် ဘာဖြစ်သွားလိမ့်မယ်လို့ ထင်လဲ…”

“ သူတို့ သွေးရူးသွေးတမ်း ဖြစ်သွားလောက်မယ် ထင်တယ်…”

“ အဲ့လိုဆို ပိုတောင် ကြိုက်သေး….”

ဟော်ယွမ်ယွမ် ကြက်သီးမွေးညင်းတို့ ထောင်ထသွားခဲ့တော့၏။

အကယ်၍ အဆိုပါ စက်ရုံဒါရိုက်တာများသာ သူမ ဘော့စ်ကို လာရောက် မတောင်းပန်ဘူးဆိုပါက သေသည်အထိ ဆော့ကစားခံရကိန်း ရှိလေသည်။

“ ဒါဆိုလည်း သူတို့ ဒီရောက်လာမှာကိုပဲ စောင့်ကြတာပေါ့….”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ မင်းတို့က ကျန်တာကို ဆက်ကိုင်တွယ်လိုက်.. ဒီတိုင်း အသေးအမွှားလေးရယ်… ဖြေရှင်းဖို့ ဘယ်လောက်မှ ကြာမှမဟုတ်ဘူး… စိုးရိမ်မနေနဲ့…”

“ ဒါပေါ့ရှင့်… ဒါဆို အလုပ်သွားလုပ်တော့မယ်နော်…. ဘော့စ် တစ်ခုခု လိုအပ်ရင် လှမ်းခေါ်လိုက်…”

“ အင်း… ငါ့ဖို့ စားစရာလေး တစ်ခုလောက် ဖြစ်ဖြစ် ယူလာခဲ့စမ်းပါ…. ငါအခု ဗိုက်ဆာနေပြီ….”

“ အိုကေ…”

ဟော်ယွမ်ယွမ် သူမ၏ စာရွက်စာတမ်းများကို ပွေ့ပိုက်ရင်း ထွက်ခွာသွားခဲ့သည်။ သူမ ရုံးခန်းတံခါးနားသို့ ရောက်ရောက်ချင်းပဲ တံခါးမှာ ရုတ်ချည်း တွန်းဖွင့်ခံလိုက်ရကာ သူမလည်း ဆောင့်တွန်းခံလိုက်ရလေသည်။

ဒေါက်မြင့်စီးထားသည့် ဟော်ယွမ်ယွမ်မှာတော့ ဟန်ချက် မထိန်းနိုင်တော့ပဲ ကြမ်းပြင်သို့ လဲကျသွားခဲ့တော့၏။ သူမနှင့်အတူ စာရွက်စာတမ်း ဖိုင်များလည်း နေရာအနှံ့ ပျံ့ကျဲသွားခဲ့လေသည်။

ဟော်ယွမ်ယွမ် အနည်းငယ် ပဟေဠိဖြစ်သွားခဲ့၏။

ဒါက ဘော့စ်လင်းရဲ့ ရုံးခန်းလေ…. လင်းယွမ် အုပ်စု တစ်ခုလုံးမှာ ဘယ်သူက တံခါးမခေါက်ပဲနဲ့ ဒီလို ဝုန်းဒိုင်းကြီး ဝင်လာရဲတာလဲ…

သူမ အဖြေရှာမရသေးခင် တံခါးအပြင်ဘက်မှ သက်လတ်ပိုင်းလူကြီး နှစ်ဦး အထဲသို့‌ ဒေါနှင့် မောနှင့် ရောက်လာခဲ့ကြ၏။

သူတို့ကြောင့် ကြမ်းပြင်ပေါ်သို့ လဲကျနေသည့် ဟော်ယွမ်ယွမ်ကို မြင်သော်ငြား တောင်းပန်ရန် ရည်ရွယ်ချက်မရှိ၊ ထိုအစား စားပွဲရှေ့ ထိုင်နေသည့် လင်းရီကိုသာ ဒေါသတကြီးဖြင့် ကြည့်၍ “ ဘော့စ်လင်း… ခင်များ ဒါ ဘာအချိုးချိုးတာ…. ဒီလိုလုပ်တာကြီးက မဟုတ်သေးဘူးလေ…”

“ ဒီ စိတ္တဇကောင်တွေ ဘယ်ဆေးရုံကနေ ရောက်လာတုန်းကွ…” လင်းရီ ဟော်ယွမ်ယွမ်ကို ကြည့်လိုက်ပြီး “ လုံခြုံရေး ခေါ်ပြီးတော့ ဒီနှစ်ကောင်ကို မောင်းထုတ်လိုက်တော့…”

“ ပြောစရာမလိုပါဘူး… ကျွန်မဘက်က ခေါ်တောင်ခေါ်ပြီး သွားပြီ…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ငါ့ကို တွန်းတိုက်သွားတာတောင်မှ ဂရုမစိုက်ဘူးပေါ့လေ… ငါ့ကို အနိုင်ကျင့်ဖို့ လွယ်တယ်များထင်နေတာလား…”

ဝမ်ရာ့ရှင်းနှင့် စွန်းရုံမင်တို့ ကြက်သေသေသွားခဲ့ကြ၏။

ဘာလို့ ဒီနှစ်ယောက် ဒီလိုတွေ ပြုမူနေကြတာ…

သူတို့ရဲ့ အပြုအမူတွေက စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်နဲ့ အမှုဆောင်တစ်ဦးမှ ဟုတ်စ….

ယခုလို လူစားမျိုးများနှင့် လာကြုံတွေ့ရခြင်းအတွက် ၎င်းတို့၏ မကောင်းကံကိုသာ အပြစ်ပုံချရန် တတ်နိုင်လေသည်။

လင်းရီ သို့မဟုတ် ဟော်ယွမ်ယွမ် တစ်ဦးတည်းကပင် ထိုနှစ်ယောက်အား ခေါင်းစားစေရန် လုံလောက်၏။

သို့သော်လည်း ယခုတော့ သကောင့်သားများက နှစ်ယောက်လုံးကို တစ်ပြိုင်တည်း သွားဆွလိုက်လေသည်။ အကယ်၍ ရုံးခန်းထဲမှ အသက်ရှင်လျက် ထွက်သွားနိုင်ဦးတော့ အသားတစ်ပေါင်ခန့်တော့ ချန်ထားရစ်ခဲ့ရပေမည်။

“ ဥက္ကဌလင်း… ကျုပ်အထင်တော့ ခင်များ ကျုပ်တို့ ဘယ်သူဆိုတာ သိပြီးလောက်ပြီး ထင်ပါတယ်…. ဒီတော့ လိုရင်းတိုရှင်းပဲ ပြောမယ်…. ကျုပ်တို့ ဒီကိစ္စကို စကားနဲ့ ကောင်းကောင်း ဖြေရှင်းနိုင်ဖို့ မျှော်လင့်တယ်….”

“ ငါနဲ့ သိချင်ယောင် လာဆောင်မနေနဲ့…. ငါမင်းတို့ နှစ်ယောက်ကို မသိဘူး…” လင်းရီ ခြေတင်ချိတ်၍ ပြောလိုက်ပြီး လက်ညိုးထိုးကာ “ လုံခြုံရေးတွေ ဘယ်ရောက်နေလဲ... ဒီသောက်ရူးနှစ်ကူးကောင်ကို ဆွဲထုတ်သွားစမ်းကွာ…”

“ မပူနဲ့… သူတို့ခဏနေဆို ရောက်လာတော့မှာ….”

မကြာမီ လင်းယွမ်အုပ်စု၏ လုံခြုံရေး အစောင့်များ တစ်ဒါဇင်ကျော် ရောက်ချလာပြီး ဝမ်ရာ့ရှင်းနှင့် စွန်းရုံမင်ကို ဝန်းရံထားကြလေသည်။

“ ဥက္ကဌလင်း… ကျွန်တော်တို့ ဒီနှစ်ယောက်ကို ဘယ်လို ကိုင်တွယ်လိုက်ရမလဲ…”

“သူတို့ကို ရဲစခန်း ပို့လိုက်…. ပြီးရင် အမျိုးသမီး တစ်ယောက်ကို စိတ်ရောကိုယ်ပါ အနိုင်ကျင့် ညှင်းပန်းနှိပ်စက်နေတယ်လို့ ပြောလိုက်…. တရားရုံးက ဆင့်ခေါ်စာ မရောက်သေးတဲ့အထိ သံတိုင်တွေနောက်မှာ နေပါလေ့စေ…..”

ဝမ်ရာ့ရှင်း “ ??? “

စွန်းရုံမင် “ ??? “

သူမက ငါတို့ တံခါးဖွင့်မယ့်လမ်းမှာ လာပြီး ပိတ်ရပ်နေတာလေ…. ပြီးတော့ ဘာမှ ကြီးကြီးမားမား ထိခိုက်သွားတာလည်း မဟုတ်ပဲနဲ့ ငါတို့ကို တရားစွဲပြီး ထောင်ထဲပို့ချင်နေတယ်……

အကယ်၍ လင်းရီနှင့် ရင်းနှီးသူများ ဆိုပါက သူ၏ အကျင့်က ထိုသို့ ရှိကြောင်း သတိပြုမိပေလိမ့်မည်။

အခြားသူများမှ သူ့ကို အရင်ဦးဆုံး တရားမစွဲလာခင် သူက ဦးအောင် တရားစွဲဆိုပေမည်။

“ အဓိပ္ပာယ် မရှိတာတွေ လာမပြောနဲ့… ကျုပ်တို့ ဘယ်မှာ အမျိုးသမီးကို နှိပ်စက်နေလို့… “ ဝမ်ရာ့ရှင်းမှ မေးခွန်းထုတ်လိုက်၏။

လင်းရီ ဟော်ယွမ်ယွမ်ကို တစ်ချက်ကြည့်လိုက်သည်။

“ အိုက်ယိုး……”

လင်းရီ ဘာမျှ မပြောရသေးခင် ဟော်ယွမ်ယွမ်မှာ ယိုင်နဲ့ပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီးဖြစ်၏။ နှစ်ယောက်စလုံးက လိမ္မာပါးနပ်သူများ ဖြစ်ကြလေရာ ပြောစရာ မလိုဘဲနှင့် မည်သို့ ပြုမူရမလဲဆိုတာကို နားလည်ပေသည်။

“ အိုက်ယိုး… ကျွန်မခေါင်းတွေ မူးလိုက်တာနော်… ဘော့စ်… ရှင်က ဘာလို့ နှစ်ယောက်ဖြစ်နေတာလဲဟင်… ကျွန်မ အမြင်တွေ ဘယ်လိုဖြစ်ကုန်ပြီလဲ မသိတော့ပါဘူး…”

လင်းယွမ်အုပ်စု၏ လုံခြုံ‌ရေး အစောင့်များမှ ကြက်သေသေသွားခဲ့ကြတော့၏။

အလှလေး.... မင်းက လင်းယွမ်အုပ်စုရဲ့ ဒုဥက္ကဌလေ… တကယ်ဆို သူဌေးပြီးရင် ဒုတိယ အာဏာအရှိဆုံးလူက ဘာလို့ ဒီလိုမျိုး လုပ်နိုင်ရတာတုန်း…

ခရက်...

များစွာသော လုံခြုံရေး အစောင့်တို့၏ အသည်းနှလုံးလေးများ ကွဲကြေသွားခဲ့တော့၏။ အဘယ်ကြောင့်ဆိုသော် ဟော်ယွမ်ယွမ်က သူတို့ ရင်ဘက်ထဲရှိ အလှနတ်သမီးလေးပင်။

ဝမ်ရာ့ရှင်းနှင့် စွန်းရုံမင်တို့လည်း အံ့အားသင့်သွားခဲ့ကြသည်။

မင်းက ကုမ္ပဏီကြီး တစ်ခုက အမှုဆောင် အဖွဲ့ဝင်လေ…ဘာလို့ ဟန်ဆောင်ပြီး ငွေညစ်တဲ့ အကွက်တွေ ထုတ်သုံးနေတာတုန်း….

“ ရပ်ကြည့်နေတာတွေ တော်လိုက်တော့…. ဒီလူတွေက ငါတို့ရဲ့ ဒုဥက္ကဌဟော်ကို ဒီလို အခြေအနေမျိုးဖြစ်အောင် လုပ်သွားတယ်…. မြန်မြန် ခေါ်သွားလိုက်ကြ….”

“ နားလည်ပါပြီ ဘော့စ်…”

လုံခြုံရေး အစောင့်ဆယ်ယောက်ကျော်မှာ ဝမ်ရန်ရှင်းနှင့် စွန်းရုံမင်ကို ဖမ်းချုပ်လိုက်ပြီး ရုံးခန်း အပြင်ဘက်သို့ ခေါ်သွားရန် ဟန်ပြင်လိုက်၏။

ဝမ်ရာ့ရှင်းနှင့် စွန်းရုံမင်တို့ ကြီးစွာ တုန်လှုပ်ခြောက်ခြားသွားခဲ့ကြသည်။

သူတို့က တရားမျှတမှုကို ရှာမယ်လို့ မောင်းတင်ပြီး ဒီရောက်လာကြတာလေ… ဒါပေမယ့် ခုကြတော့ ဘာမှ ပြန်မရလိုက်ပဲနဲ့ မောင်းထုတ်ခံရတော့မယ်တဲ့လား…..

ပြီးတော့ အမျိုးသမီးတစ်ယောက်ကို ညှင်းပန်း နှိပ်စက်တယ်လို့တောင် ခေါင်းစဉ်အတပ်ခံလိုက်ရသေးတယ်….

ဘာတွေ ဖြစ်နေတာတုန်းဟ….

“ ဥက္ကဌလင်း… ခင်များလူတွေကို လက်လွှတ်ဖို့ပြောလိုက်… ပြောစရာရှိရင် ကောင်းကောင်းပြောကြမယ်…. ဒီလိုမျိုး မလုပ်နဲ့….” ဝမ်ရာ့ရှင်းမှ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ တော်စမ်း…. ကျုပ်ရဲ့ ဝန်ထမ်းကို ဒီလိုလုပ်ပြီးတော့မှ ကျုပ်တို့နှစ်ယောက်ကြားမှာ စကားကောင်း ပြောစရာရှိမယ် ထင်လား….”

“ ကျုပ်တို့ သူမကို ဘာလုပ်လို့လဲ…. တစ်ခုခု ဖြစ်သွားလို့လား…. ခုလည်း အဆင်ပြေနေတာပဲ မဟုတ်ဘူးလား….”

လင်းရီ ဟော်ယွမ်ယွမ်ကို ကြည့်လိုက်ပြီး “ အဆင်ပြေလား….”

“ အား…. ခေါင်းအရမ်း နာတယ်ဘော့စ်….” ဟော်ယွမ်ယွမ် သူမခေါင်းကို ပွတ်သပ်ရင်း သနားကမားလေး လုပ်လျက် ပြောလိုက်၏။

ဝမ်ရာ့ရှင်း “ …….. “

စွန်းရုံမင် “…….”

“ ဘာစကားမှ ထပ်ပြောစရာ အကြောင်း မရှိဘူး… အခြေအနေကတော့ ခင်များတို့ မြင်တဲ့အတိုင်းပဲ… တကယ်လို့ ဒီကိစ္စကို အဆင်ပြေအောင် မဖြေရှင်းနိုင်လို့ကတော့ ထောင်နန်းစံဖို့သာ ပြင်ထားကြ….”

“ ဒါက…….. ဘော့စ်လင်း ... မလုပ်ပါနဲ့... ကျုပ်တို့ တခြားနည်းလမ်းတွေနဲ့လည်း ဖြေရှင်းလို့ ရတာပဲလေ.... ”

“ ယွမ်ယွမ်… မင်းပြောကြည့်… ဘယ်လိုလုပ်သင့်လဲ… ဘာပဲဆိုဆို မင်းက ထိခိုက်နစ်နာသူပဲလေ…”

“ နစ်နာကြေးပေး….” ပြောရင်းဖြင့် ဟော်ယွမ်ယွမ် လက်ငါးချောင်း ထောင်ပြလိုက်၏။

“ တစ်ယောက်ကို ယွမ်ငါးသိန်းလား… မင်းစိတ်ချထားလိုက်…. မင်းရဲ့ ဘော့စ်က မင်းဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးမယ်….” လင်းရီ သမာသမတ်ကျသည့် လေသံဖြင့် အခိုင်အမာ ပြောဆိုလိုက်၏။ ထိုအခိုက်အတန့်တွင်တော့ သူ၏ ကိုယ်အနီးတစ်ဝိုက်တွင် အားကိုးချင်စရာကောင်းသည့် ကိုယ်ရောင်ကိုယ်ဝါတို့ ဖြာထွက်နေလေသည်။

ဟော်ယွမ်ယွမ် “ ???? “

ဘော့စ်က အရမ်း အံ့ဩဖို့ ကောင်းတာပဲ… ငါက အိတ်အသစ် တစ်လုံးလောက် ထပ်ဝယ်ဖို့ ယွမ်ငါးသောင်းလောက်ပဲ တောင်းမလို့လုပ်နေတာ…

အဲ့တာကို တစ်ချက်တည်းနဲ့ ဆယ်ဆတိုးပစ်လိုက်တယ်….

ဟီးဟီး.... ဒီလိုကျပြန်တော့လည်း သူဌေးက ချစ်ဖို့ကောင်းသွားပြန်ရော...

“ မင်း … မင်း …မင်း.... လာနောက်နေတာလားကွ…. ငါတို့က ယွမ် ငါးသိန်းပေးရမယ်…”

“ မဟုတ်ဘူး…” လင်းရီ သူ့လက်ညိုးကို ရမ်းလိုက်ပြီး “ တစ်ယောက်ကို ယွမ်ငါးသိန်း… ဒါပေါ့ … မပေးချင်လည်း ရတယ်…. တရားခွင်မှာ ဆုံကြတာပေါ့….”

“ သူမက လုံးဝ အဆင်ပြေနေတာကြီးကို … မင်းထင်နေတာ မင်းစိတ်တိုင်းကျ လုပ်လို့ရတယ်များ ထင်နေတာလားကွ….”

“ ကျွန်မ အဆင်ပြေတယ်ဆိုတာ ရှင်ဘယ်လိုလုပ်ပြီး သိလဲ… ခုနလေးတင် တံခါးနဲ့ ဆောင့်မိသွားလို့ ခေါင်းခိုက်မိပြီး ဦးနှောက်ကြွက်သားတွေ ပျက်စီးကုန်ပြီလားမသိဘူး…”

“ ဖီး… တရားသူကြီးက မင်းရဲ့ ပြောစကားတွေကို ယုံမယ်လို့ ထင်နေတာလား….”

“ အဲ့တာက အရေးမကြီးဘူး… တကယ်လို့ သူမ ဦးခေါင်း မခိုက်မိဘူးဆိုရင် ခိုက်မိတဲ့ထိ ငါသူ့ကို ရိုက်မယ်… ပြီးရင် မင်းတို့အပေါ် အပြစ်ပုံချလိုက်မယ်… အဲ့လိုဆို အလုပ်မဖြစ်ဘူး ထင်သေးလား….”

“ ဖက်ခ်.…. မင်း ဒါတော့ ကလိမ်ကကျစ်ကျတာပဲကွ….”

All Chapters