← Chapters

သူက အတွေ့အကြုံ ကြွယ်၀တဲ့ မကောင်းတဲ့ကောင်ကြီးပဲ...

Vol. 52 Ch. 776

သူက အတွေ့အကြုံ ကြွယ်၀တဲ့ မကောင်းတဲ့ကောင်ကြီးပဲ...

Vol. 52 Ch. 776

လင်းရီ နားကလော်လိုက်ရင်း ၎င်းတို့၏ သဘောထား အမြင်များကို ဂရုစိုက်မနေချေ။

သို့သော်လည်း ၎င်းတို့နှစ်ယောက်လုံး တံခါးဝနားသို့ ဆွဲခေါ်သွားခံရချိန်တွင် ဝမ်ရာ့ရှင်းမှ ကျယ်လောင်သည့် လေသံဖြင့် “ ခဏစောင့်ဦး… ပေးမယ်… ငါတို့ပေးမယ်… ဒါပေမယ့် မင်း ငါတို့ကို ဆွေးနွေးဖို့ အခွင့်အရေးတော့ ပေးရမယ်နော်…”

“ ရတာပေါ့… စကတည်းကနေ ဒီလိုမျိုး လုပ်လိုက်ရင် ပြီးနေတာကိုပဲ… ဘာလို့ မိမိုက်သလိုကြီး ဝင်လာကြတာ…”

လုံခြုံရေး အစောင့်များမှ သူတို့နှစ်ယောက်ကို လွှတ်ပေးလိုက်ပြီး တစ်ချိန်တည်းတွင် ဟော်ယွမ်ယွမ်လည်း စာရွက်စာတမ်း တစ်ခုကို ကမ်းပေး၍ “ ဒါ ကျွန်မရဲ့ ဘဏ်အကောင့်နံပါတ်ပဲ.. ရှင်တို့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေး ဌာနကို ခုချက်ချင်း ဖုန်းဆက်ပြီး ပိုက်ဆံလွှဲပေးဖို့ ပြောလိုက်…”

ဝမ်ရာ့ရှင်းတို့ နှစ်ယောက်လုံး နှလုံးသွေးတို့ ယိုစီးကျနေပြီး ငိုမဲ့မဲ့ ဖြစ်နေကြတော့၏။ သူတို့ မှားယွင်းတာ ဘာတစ်ခုမျှ မလုပ်ထားသော်လည်း ယွမ်းငါးသိန်းက အိတ်ထောင်ထဲကနေ ထွက်သွားခဲ့ချေပြီ။

ဒါ ဘယ်လိုတောင် ကျိုးကြောင်း မညီညွှတ်မှုကြီးလဲ….

နှစ်ယောက်လုံး ဒေါသတကြီး ဖြစ်သွားခဲ့ကြ၏။ သူတို့ ကုမ္ပဏီ ဘဏ္ဍာရေး ဌာနများသို့ အသီးသီး ဆက်သွယ်လိုက်ကြပြီး ဟော်ယွမ်ယွမ်၏ ဘဏ်အကောင့်ထဲသို့ ပိုက်ဆံ လွှဲပေးရန် ညွှန်ကြားလိုက်သည်။

“ အင်း…. ပိုက်ဆံက အရမ်းကောင်းတဲ့ ဆေးတစ်ခွက်ပဲ… ခု ပိုက်ဆံ ဝင်လာတော့ ခေါင်းလည်း မမူးတော့ဘူး… ခါးလည်း မနာတော့ဘူး… မာရသွန်တောင် အသက်တစ်ရှိုက်နဲ့ ပြေးလို့ရနေပြီ…”

“ ကဲ … ပိုက်ဆံလည်း လွှဲပြီးသွားပြီဆိုတော့ ကျေးဇူးပြုပြီး ထိုင်ကြပါဦး… ပြောစရာရှိရင် ထိုင်ပြီး အေးဆေး စကားပြောကြတာပေါ့….” လင်းရီ ခြေတင်ချိတ်ရင်း အပြုံးလေးဖြင့် ပြောလိုက်၏။

နှစ်ယောက်လုံး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းမောကြီး ချလိုက်ကြသည်။ သူတို့ကိုယ်တိုင်က မုန်တိုင်းများစွာကို ကြံ့ကြံ့ခိုင် ရင်ဆိုင် ကျော်ဖြတ်ဖူးကြသူများ ဖြစ်လင့်ကစား ယခုလိုမျိုး မည်သို့ကြံဖန်ရမှန်းမသိ၊ တစ်ပါးသူကြိုးဆွဲရာ လိုက်ကနေရသည့် ဆက်ကပ်က ရုပ်သေးရုပ်လို ခံစားချက်မျိုး ခံစားနေရသည်ကတော့ ပထမဆုံး အကြိမ်ပင်။

နှစ်ယောက်လုံး ဆိုဖာပေါ် ထိုင်လိုက်ကြပြီး ဝမ်ရာ့ရှင်းမှ “ ဥက္ကဌလင်း…. ခင်များက စက်မှုဇုန်ထဲက လမ်းတွေအကုန်လုံးကို တူးဆွပစ်တယ်…. ခု ကျုပ်တို့ကားတွေ ဝင်မရသလို အထဲက ပစ္စည်းတွေလည်း အပြင်ထွက်မရတော့ဘူး… ကျုပ်တို့ ဒီကိစ္စကို ကောင်းကောင်းလေး ဆွေးနွေးသင့်တယ် ထင်တာပဲ…”

“ အဲ့ဒီတော့….... ခင်များက ဘယ်လို ဖြစ်စေချင်တာ….”

“ ဥက္ကဌလင်း လမ်းတွေ တူးဆွနေတာကို ခုချက်ချင်း ရပ်တန်းကရပ်ဖို့ မျှော်လင့်တယ်… မဟုတ်ရင်တောင် အနည်းဆုံးတော့ တစ်လမ်းလောက်လေးပဲဖြစ်ဖြစ် ချန်ပေး… အကုန်လုံးက စီးပွားရေး သမားတွေချည်းပဲလေ.. တစ်ယောက်နဲ့ တစ်ယောက် အချင်းများရတယ်ဆိုတာ မကောင်းပါဘူး…”

“ ခင်များတို့က ကျုပ်ကို ဒီစကားမျိုး ပြောဝံ့ကြသေးတယ်ပေါ့….” လင်းရီ မျက်ခုံးပင့်လိုက်ပြီး မေးခွန်းထုတ်သည့် လေသံဖြင့် “ ကျုပ် တမြန်မနေ့တုန်းက ခင်များတို့ကို ဆွေးနွေးဖို့ ဖိတ်ခေါ်တော့ ခင်များတို့ အကုန်လုံးက နောက်သုံးလေးလလောက်အထိ အချိန်မရဘူး ပြောကြတယ်…. အဲ့ဒါဆို ဘာလို့ ဒီကနေ့ ထွက်လာခဲ့ကြတာ…. ခုကျတော့ တစ်ယောက်ကို တစ်ယောက် အရှက်တကွဲအကျိုးနည်း ဖြစ်အောင် လုပ်တာက မကောင်းဘူးလို့ တရားလာဟောနေတယ်….ဘာလဲ… ကျုပ်ကို စကားပြောရလွယ်တဲ့ လူစားမျိုးများ ထင်နေတာလား…”

ဟော်ယွမ်ယွမ် မနေနိုင်ပဲ ကြိတ်ရယ်မောလိုက်၏။

ဘော့စ်ရဲ့ စကားလုံးတွေက အရမ်းမိုက်တာပဲ… ငါလည်း နောင်တစ်ချိန် ပြန်သုံးလို့ရအောင် သေချာလေး မှတ်ထားမှ…

ဝမ်ရာ့ရှင်းနှင့် စွန်းရုံမင်တို့၏ အမူအရာမှာ အနည်းငယ် ကိုးရို့ကားယား ဖြစ်သွားကြသည်။ သူတို့ဘက်က အမှန်တကယ်လည်း မှားယွင်းသွားခဲ့ကြလေသည်။

“ ကျုပ်တို့ဘက်က တကယ်ကြီး အရေးကြီး ကိစ္စ ရှိနေတာ… တကယ်လို့ ခုလို ကိစ္စမျိုး ဖြစ်မလာဘူးဆိုရင် ကျုပ်တို့ အရေးတကြီး ပြန်လာမှာတောင် မဟုတ်ဘူး…”ဝမ်ရာ့ရှင်း ပြောလိုက်ပြီး “ ဥက္ကဌလင်း.. ကျုပ်တို့ အဓိက အချက်ကို မကျော်ဘဲနဲ့ ဖြေရှင်းတဲ့ နည်းလမ်း တစ်ခုခုကို စဉ်းစားသင့်တယ်လို့ ထင်တယ်…”

“ ကျုပ်ကတော့ ခင်များပြောတဲ့ အကြံကို လက်မခံနိုင်ဘူး…” လင်းရီ ပခုံးတွန့်လိုက်ပြီး “ ဒီရဲ့ ပရောဂျက်က အရမ်း အရေးကြီးတယ်.. ကျုပ်ဘက်က မြန်မြန်ပြီးအောင် လုပ်ရမှာ…. လမ်းတွေအားလုံးကို တစ်ချိန်တည်းမှာ ပြုပြင်ပြီး ဖြစ်ရမှာ…. တစ်လမ်းလေးကိုမှ ချန်ထားရစ်ခဲ့လို့ မဖြစ်ဘူး…”

“ ကျုပ်တို့ကို အရူးများ မှတ်နေတာလား….”ဝမ်ရာ့ရှင်း မေးခွန်းထုတ်လိုက်ပြီး “ ကျုပ်တို့ ဒီပရောဂျက်ကို သိပြီးသွားပြီ… လေလံဈေးက ယွမ် ၂၄၈,၀၀၀ ပဲ…. ဒီရဲ့ ပမာဏနဲ့ ခင်များခု လုပ်နေတဲ့ လမ်းဧရိယာက လားလားမှကို မဆိုင်တာ…. ခင်များက ဒါကို အသုံးချပြီးတော့ ကိုယ်ရေး ကိုယ်တာ ရန်ငြိုးနဲ့ လက်စားချေနေတာပဲ….”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ အမှန်ပဲ.. ကျုပ်က ကိုယ်ရေးကိုယ်တာ ရန်ငြိုးကြောင့် အဲ့လိုလုပ် နေတာဟုတ်တယ်… ပြီးရင် ခင်များတို့ မိသားစုကို သေအောင် ကစားပစ်ဦးမှာ…ခု ကျုပ်အဖြေကို ကျေနပ်ပြီလား….”

နှစ်ယောက်လုံး ကြက်သေသေသွားရပြန်သည်။ သူတို့ထဲက မည်သူကမျှ လင်းရီ အမှန်အတိုင်း ဝန်ခံလိမ့်မည်လို့ မျှော်လင့်မထားကြချေ။

ယင်းက ပဋိပက္ခကို ပေါ်တင်ကြေညာခြင်းဖြစ်ပြီး ကွယ်ဝှက်နေစရာ အကြောင်း မရှိတော့ပေ။

“ ဒါဆို ဥက္ကဌလင်းက ဘာလိုချင်တာလဲ… “ စွန်းရုံမင်မှ ပြောလိုက်သည်။

“ တကယ်ကြီး မသိလို့ လာမေးနေတာလား…. ဒီလိုအခြေအနေထိ ရောက်နေတာတောင်မှ မသိချင်ယောင်‌ဆောင်နေသေးတယ်ပေါ့..”

ဝမ်ရာ့ရှင်း မျက်မှောင်ကြုတ်လိုက်ပြီး “ ဥက္ကဌလင်း…. ခင်များ ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို ကျုပ်တို့ တကယ်ကြီး နားမလည်တာ…”

“ နားမလည်လည်း ကိစ္စမရှိပါဘူး…. ခင်များတို့ကို ကိုယ်တိုင် နားလည်အောင် လုပ်ခိုင်းမယ်…”

ပြောပြီးနောက် လင်းရီ သူ့နာရီကို ကြည့်လိုက်ပြီး “ ကျုပ်အချိန်တွေက အရမ်း တန်ဖိုးရှိတယ်… မိနစ်တိုင်းက ငွေပဲ … ခုက စပြီးတော့ တစ်မိနစ်ကို ယွမ် နှစ်သောင်း… ဘယ်လို ဆွေးနွေးမလဲ ဆိုတာကတော့ ခင်များတို့ ကိုယ်ဘာသာကိုယ် ဆုံးဖြတ်…”

ဟော်ယွမ်ယွမ် လင်းရီကို လျှို့ဝှက်စွာ လက်မထောင်ပြလိုက်၏။

ဘော့စ်ရဲ့ အပြုအမူတွေက လုံးဝကို အထင်ကြီးလောက်စရာပဲ… အတွေ့အကြုံ ရင့်ကျက်နေတဲ့ မကောင်းတဲ့ကောင်ကြီးမှန်း အရမ်းသိသာတယ်…..

လင်းရီ ခြေတင်ချိတ်ရင်း ဝမ်ရာ့ရှင်းနှင့် စွန်းရုံမင်တို့ စကားစပြောမည်ကို စောင့်ဆိုင်းနေသည်။

“ လင်းရီ… မင်းဒါကတော့ အရမ်း လွန်သွားပြီ….”

ဝမ်ရာ့ရှင်း သူ၏ မင်းသား မျက်နှာဖုံးကို ရုတ်သိမ်းလိုက်ပြီး လင်းရီကို လက်ညိုးငေါက်ငေါက်ထိုးလျက် “ ငါတို့က မင်းကို ကြောက်တယ်လို့များ ထင်နေတာလား…. ငါတို့ ကုမ္ပဏီက လင်းယွမ် အုပ်စုလောက် မကြီးဘူးဆိုရင်တောင် ဒီလို လွယ်လွယ်နဲ့ အနိုင်လာကျင့်လို့တော့ မရဘူး…”

“ ကြည့်ရတာ ခင်များတို့က စကားအကောင်း မပြောချင်ကြတော့ဘူးနဲ့ တူတယ်…”

“ ဒါပေါ့… ငါတို့ဘက်က စကားအကောင်းပြောချင်တာပေါ့…. ဒါပေမယ့် မင်းဘက်က ရန်လိုနေတာလေ…မင်း ဒါကြီးကတော့ လွန်လွန်းသွားပြီ…”

လင်းရီ ထူးမခြားနားစွာ ပခုံးတွန့်လိုက်ပြီး အပြုံးလေးဖြင့် “ ခင်များတို့က စကားအကောင်းမပြောချင်တော့ဘူး ဆိုတော့လည်း ဒီမှာပဲ ရပ်လိုက်ကြတာပေါ့…. မဟုတ်လည်း ဒီတိုင်း ဆက်သွားနေရင် အချိန်ပုပ်တာပဲ အဖတ်တင်မယ်…”

ဝမ်ရာ့ရှင်း ဒေါသတကြီး မတ်တပ်ထရပ်လိုက်ပြီး လင်းရီကို မီးဝင်းဝင်းတောက်နေသည့် အကြည့်တို့ဖြင့် ကြည့်လျက် “ မင်း … စောင့်ကြည့်နေလိုက်… ငါဆိုတဲ့ ကောင်ကလည်း ဒီနေ့ ဒီလိုနေရာမျိုးကို အလကားနေ အလကား ရောက်လာတာ မဟုတ်ဘူး…”

“ ကျုပ်လည်း ခင်များတို့လို ဝ မရှိပဲ ဝိ လုပ်ချင်တဲ့ လူစားမျိုးတွေကို အရမ်းနှစ်သက်တာ… ဒီတော့လည်း ဘယ်သူက နောက်ဆုံးမှာ ရယ်မောနိုင်မလဲ စောင့်ကြည့်ကြတာပေါ့…”

“ ဒါဆိုလည်း စောင့်နေ…. မင်း နောင်တမရဖို့ပဲ မျှော်လင့်တယ်…”

သို့နှင့် နှစ်ယောက်မှာ ရုံးခန်းထဲမှ ထွက်သွားခဲ့ကြလေသည်။

နှစ်ယောက်သား ထွက်ခွာသွားသည်ကို မြင်တော့ ဟော်ယွမ်ယွမ်မှ ရှေ့ရောက်လာပြီး “ ဘော့စ်… ကျွန်မတို့ ခု ဘယ်လိုဆက်လုပ်ကြမှာ… ကြည့်ရတာတော့ ဆွေးနွေးဖို့ ဆိုတာ မဖြစ်နိုင်လောက်တော့ဘူးထင်တယ်…”

“ မလောနဲ့… သူတို့ ပြန်ရောက်လာလိမ့်မယ်…”

“ အွန်း… အဲ့လိုဆို စိတ်ချလိုက်တော့မယ်နော….”

ဟော်ယွမ်ယွမ် သူမ၏ စာရွက်စာတမ်းများကို ပြန်ယူပြီး ထွက်ခွာရန် ဟန်ပြင်လိုက်၏။

“ ခဏလေးနေဦး….”

“ အမ်…. ဘာလဲဖြစ်လို့… “

“ ပိုက်ဆံတွေ အကုန်လုံးကို မင်းတစ်ယောက်တည်း သိမ်းထားတော့မလို့လား…. ဒီပွဲမှာ ငါက အဓိက ဇာတ်မင်းသားနော်… မင်း ငါ့ကို အနည်းဆုံး ခုနစ်သိန်းလောက်တော့ ပေးသင့်တယ်….”

“ ခုနစ်သိန်း…. ရှင် လူမှ ဟုတ်သေးရဲ့လား…. ဒီလိုမျိုး ရဖို့ကို ကျွန်မ တစ်ဘဝလုံး ရင်းထားရတာနော်… အဲ့တာတောင်မှ ကျွန်မနား ဝေစုလာတောင်းနေတယ်ပေါ့…”

“ အပိုစကားတွေ လာမပြောနဲ့… ဒီရဲ့ အကျိုးအမြတ်မှာ နှစ်ယောက်လုံးက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပဲ… မင်းတစ်ယောက်တည်း လက်ဝါးကြီး အုပ်မယ်ဆိုတာကတော့ လွန်လွန်းသွားပြီ….”

“ သူဌေးအစုတ်ပလုတ် … ရှင်က ကျွန်မပိုက်ဆံတွေကို လာညစ်ချင်နေတယ်ပေါ့လေ… ဟွန့်… စောင့်နေ … အနှေးနဲ့ အမြန် ပြန်ယူပြမယ်…”

ပြောပြီးနောက် ဟော်ယွမ်ယွမ် သူမ၏ စာရွက်စာတမ်းဖိုင်များကို စားပွဲပေါ် တင်ထားလိုက်ပြီး ဝတ်စုံ ကြယ်သီးကို ဖြုတ်လိုက်၏။

အရွယ်အစားကား မကြီးမားချေ။ သို့သော်လည်း ဆိုဒ်သေးသည့် အင်္ကျီကို ဝတ်ထားသောကြောင့် စူထွက်နေသည်ကိုတော့ အထင်းသား မြင်နိုင်လေသည်။

လင်းရီ အနည်းငယ် ရှုပ်ထွေးသွားခဲ့၏။

ဒီယွမ်ယွမ်က ကြယ်သီးတွေ ဖြုတ်ပြီး ဘာထဖြစ်ချင်နေတာ..

သူမ ဝတ်စုံကို ကြယ်သီးဖြတ်ပြီးနောက် အောက်ခံ အင်္ကျီ ကြယ်သီးနှစ်လုံးကိုပါ ထပ်ဖြုတ်၍ ဖြူဖွေးထင်းနေသည့် အသားစိုင်နှင့် အရှိုက်ကို ဖော်ထုတ်လိုက်သည်။

ပြီးနောက် ကင်မရာဖွင့်၍ လင်းရီနှင့် ဆယ်ဖီရိုက်လိုက်လေသည်။

ထို့နောက် အသံမက်ဆေ့ချ်ပို့သည့် ခလုတ်ကို ဖွင့်၍ “ အစ်မကျီ… ကြည့်ပါဦး… ဘော့စ်က ကျွန်မကို ဗလက္ကာရ ပြုကျင့်နေတယ်… အဟင့် အဟင့်…. “

“ ဟော်-ယွမ်-ယွမ် … မင်း အဘွားပဲ.. “ လင်းရီ ဆူဆဲလိုက်ပြီး “ လစ်စမ်း… ငါ့မျက်စိရှေ့ကနေ ခုချက်ချင်း လစ်လိုက်စမ်း… မင်း ဈာပနာ မရောက်မချင်း ငါ့မျက်စိရှေ့ ပေါ်ကို မလာနဲ့….”

“ ကျေးဇူးနော် သူဌေး… ကျွန်မ မီးသဂြိုဟ် ခံရတော့မယ်ဆို သူဌေးကို အရင် အသိပေးမယ်… ကျွန်မရဲ့ ပြာအိုးတွေကို ကိုင်ပေးရမယ်လေ…”

" ချူး ချူး (လစ် လစ် )..... "

ဟော်ယွမ်ယွမ် ထွက်သွားခဲ့ပြီးနောက် လင်းရီ သူ့ခြေထောက်ကို စားပွဲခုံပေါ် တင်ထားလိုက်၏။

မိနစ်အနည်းငယ်ကြာအောင် စဉ်းစားအကြံထုတ်ပြီးနောက် သူ့ဖုန်းကို ထုတ်၍ ရန်စီထံ ဖုန်းဆက်လိုက်သည်။

“ ကိစ္စရှိလို့လား….”

“ မင်းဘေးက သီချင်းသံကြီးက ဘာကြီးလဲ… ခု အလုပ်မှာ မဟုတ်ဘူးလား….”

“ အွန်း… အလုပ်ကနေ သုံးလေးရက်လောက်ခွင့်ယူပြီး အနားယူနေတာလေ…. “

“ ခရီးလွန်နေတာလား…”

“ ဟင့်အင်း… ခရီးထွက်ရတာက ပျင်းဖို့ကောင်းတယ်…. ငါ နားတဲ့ နည်းလမ်းက အိမ်မှ ယောဂကျင့်တာပဲ…”

နှစ်ယောက်လုံးမှာ အရောင်အသွေးစုံလင်သည့် တစ်ညတာကို ဖြတ်သန်းခဲ့ကြသော်လည်း အချင်းချင်း နားလည်မှုရှိစွာဖြင့် ထိုညက အဖြစ်အပျက်များကို အစ ပြန်မဖော်ကြချေ။

နှစ်ဦးလုံးက ၎င်းတို့လိုချင်သည်ကို ရရှိခဲ့ပြီး ရှုထောင့်တစ်ခုမှ မြင်ကြည့်မည်ဆိုပါက အကျိုးအမြတ် ဖလှယ်သည်နှင့်ပင် ဆင်တူလေသည်။

ယင်းကလည်း ရန်စီမှ ယွမ် တစ်ထောင် ချန်ထားရစ်ခဲ့သောကြောင့် ဖြစ်၏။

“ အဲ့တာဆို အတော်ပဲ… ငါမင်းကို တစ်ခု အကူအညီတောင်းချင်လို့… “

“ ပြောလေ ဘာကိစ္စလဲ….”

“ ကိစ္စကဒီလို… မင်းငါ့ကို ကူညီပြီးတော့………….”

All Chapters