← Chapters

ညစ်ပတ်တဲ့ လှည့်ကွက်

Vol. 52 Ch. 777

ညစ်ပတ်တဲ့ လှည့်ကွက်

Vol. 52 Ch. 777

လင်းယွမ်အုပ်စုမှ ထွက်လာခဲ့ပြီးနောက် ဝမ်ရာ့ရှင်းနှင့် စွန်းရုံမင်တို့ ကားပါကင်ထံ ဒေါသ ထောင်းနမောင်းထစွာဖြင့် ရောက်ရှိလာခဲ့ကြသည်။

“ ငိုးပဲ… အဲ့ သောက်ကလေးက သူ့အတွက် ဘာကကောင်းမှန်း နားမလည်ဘူးပဲ… ငါတို့ကို ပေါ့သေးသေးတွက်နေတယ်ပေါ့လေ..” စွန်းရုံမင် ဒေါသတကြီးနှင့် ပြောဆိုလိုက်၏။

“ မင်း ဘာမှစိတ်မပူနဲ့… ငါ တစ်ခုခု ကြံဖန်လိုက်ဦးမယ်…” ဝမ်ရာ့ရှင်းမှ မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။

“ ငါက ဘယ်လိုလုပ်ပြီး စိတ်မပူဘဲ နေနိုင်မှာ… နှစ်ရက်တိုင်း ငါတို့ စက်ရုံကနေပြီးတော့ ကုန်ပစ္စည်းတွေ တင်ပို့ရတယ်… တကယ်လို့ မနက်ဖြန်ရောက်လို့မှ ကုန်ပစ္စည်းတွေ မပို့ပေးနိုင်ဘူးဆိုရင် အောက်က လူတွေရဲ့ ဒေါသကို ငါလည်း မခံနိုင်ဘူး….”

“ ငါ ဥက္ကဌကျန်းကို ဖုန်းဆက်ပြီးတော့ သူ ဘယ်လိုကိုင်တွယ်မလဲ ကြည့်ကြတာပေါ့…”

“ လုပ်… ဘာပဲ ဆိုဆို ဒီကိစ္စကလည်း သူ့ကြောင့် ဖြစ်ရတာပဲ… ငါတို့ကို အပြစ်တင်လာလို့တော့ ဘယ်ရမှာ….”

ဝမ်ရာ့ရှင်း ခေါင်းညိမ့်ပြီး ဖုန်းခေါ်ဆိုလိုက်၏။

“ ဥက္ကဌကျန်း… ခင်များအခု ဘယ်မှာလဲ … ဒီမှာ တစ်ခုခု ဖြစ်နေပြီ…”

“ ငါခု အရေးကြီး ဖောက်သည်နဲ့ သွားတွေ့မလို့… မင်းမှာ အချိန်ဆယ်မိနစ်ရတယ်.... ပြောစရာရှိတယ်ဆို အမြန်ပြော….”

ဝမ်ရာ့ရှင်း ငါးမိနစ်အတွင်း ဖြစ်ပျက်သမျှ အကြောင်းစုံကို ရှင်းပြလိုက်လေသည်။

ဖုန်းတစ်ဖက်ရှိ လူမှာ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီးနောက် “ လင်းရီဆိုတဲ့အကောင်က မောက်မာလွန်း မနေဘူးလား…”

“ အဲ့ကောင်က တော်တော်လေးကို မောက်မာတယ်… ဘာပဲဆိုဆို သူက Cisco ကို နေ့ချင်းညချင်း ဒေဝါလီခံသွားအောင် လုပ်လိုက်တဲ့သူပဲလေ…”

“ မင်းတို့ ပြောပုံအရဆိုရင် အဲ့ကောင်က တော်တော်လေးကို ဆိုးသွမ်းရမ်းကားတဲ့ကောင်ပဲ….”

“ အဲ့ကောင်က ရမ်းကားရုံတင် မကသေးဘူး… ဘာ ကျင့်ဝတ်သိက္ခာကိုမှလည်း စောက်ဂရုမစိုက်တာ… ကျုပ်တို့ သူ့ရုံးခန်ထဲ ဝင်ခါရှိသေး ဘာမှတောင် မဆွေးနွေးရသေးဘူး ယွမ်တစ်သန်း လိမ်ရိုက်ခံလိုက်ရတယ်… ကျုပ်အစကတော့ အဲ့ပိုက်ဆံကို တောင်းပန်ကြေးအနေနဲ့ သုံးပြီး အေးအေးဆေးဆေး ဖြေရှင်းမလို့ပဲ... ဒါပေမယ့် အဲ့ကောင်က လက်မခံဘူး….”

“ ဒင်းက ညစ်ညစ်ပတ်ပတ် ကစားချင်နေမှတော့ မင်းတို့ကောင်တွေကလည်း ဘာတွေ တုန့်ဆိုင်းနေတာ…”

“ ဥက္ကဌကျန်းက ဘာကိုဆိုလိုချင်တာ…”

“ အဲ့ကောင်က လမ်းတွေကို တူးဆွဖို့ လုပ်နေတာမလား… မင်းတို့လည်း လူခေါ်ပြီး သူဆွထားတဲ့ လမ်းတွေကို ပြန်ပြန့်လိုက်ပေါ့…. မင်းတို့ကို ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးဖို့ လိုသေးတာလား…”

၎င်းကိုကြားတော့ နှစ်ယောက်လုံး ဉာဏ်အလင်း ပွင့်သွားကြလေသည်။

“ နားလည်ပြီ… ကျေးဇူးပါ ဥက္ကဌကျန်း…”

“ ကောင်းပြီ… ငါခုသွားတော့မယ်… တကယ်လို့ အကြောင်းတစ်ခုခုထူးတယ်ဆိုရင် ငါ့ဆီ ဖုန်းဆက်လိုက်…. ခု ဖုန်းချလိုက်တော့မယ်…”

“ ကောင်းပါပြီ ကောင်းပါပြီ… “

ဖုန်းချပြီးနောက် နှစ်ယောက်လုံး စိတ်သက်သာရာရစွာဖြင့် ဟင်းခနဲ သက်ပြင်းချလိုက်သည်။

“ ဝမ်ကြီး … ငါတို့ကောင်တွေ စီးပွားရေးလုပ်လာတာ နှစ်ပေါင်းမနည်းတော့ဘူး… ဒီနှစ်တွေမှာ နာမည် သန့်ရှင်းအောင် လုပ်ရင်းနဲ့ ငါတို့ကောင်တွေ ဘာကောင်ဖြစ်ခဲ့တယ်ဆိုတာတောင် မေ့နေကြပြီ…” စွန်းရုံမင်မှ ပြောလိုက်၏။

“ အမှန်ပဲ…” ဝမ်ရာ့ရှင်း ရယ်မောလိုက်ပြီး “အဲ့ကောင်ဘက်က လွန်လာမှတော့ ငါတို့ အဆိုး မဆိုနဲ့ပေါ့ကွာ….”

“ သွားစို့… ငါ လူတွေခေါ်လိုက်မယ်… ငါးဆယ်ဆို လောက်လောက်လား….”

“ မင်းက ငါးဆယ်ခေါ်လိုက်… ငါက ငါးဆယ်ခေါ်လိုက်မယ်…အဲ့‌လောက် လူအများကြီးနဲ့ဆို အဲ့ကောင်တွေ ကြောက်လန့်ပြီး သေသွားလောက်တယ် ဟားဟား….” ဝမ်ရာ့ရှင်းမှ ပြောလိုက်ပြီး “ အဲ့ချိန်ကျရင် ငါတို့ကိုယ်တိုင်တောင် ပြန်ဖြန့်စရာ မလိုလောက်ဘူး… အဲ့ကောင်တွေ ကိုယ်တိုင်က ပြန်လုပ်ပေးလောက်တယ်….”

“ အဲ့တာလည်း ငါမြင်ချင်တာပဲလေ….”

…………………….

နည်းပညာမြင့် စက်မှုဇုန် ဧရိယာတွင်တော့ ဆောက်လုပ်ရေး အသင်းသားများမှာ ကွန်ကရစ်လမ်းကို နည်းစနစ် ကျကျဖြင့် တူးဆွနေကြလေသည်။

တစ်မီတာကျော်မျှသာ နက်သေးသော်လည်း ကားတစ်စီး ဖြတ်သွားဖြတ်လာ ပြုဖို့ရာတော့ မည်သို့မျှ မဖြစ်နိုင်ချေ။

“ အင်ဂျင်နီယာစွန်း… ကျွန်တော်တို့ ဘယ်လောက်ထိကြာအောင် တူးဆွနေရမှာ…” လူမည်းအမျိုးသား တစ်ဦးမှ ပြောလိုက်၏။

သူ၏ နာမည်ကတော့ ဝူကွမ်းဖ ဖြစ်ပြီး ချောင်ရန်အုပ်စု၏ အတိုင်ပင်ခံအင်ဂျင်နီယာတစ်ဦးပင်။ သူလည်း စွန်းပေါင်းကော်နှင့် အတူ ဤနေရာသို့ စေလွှတ်ခြင်း ခံခဲ့ရလေသည်။

“ ငါတော့ ဒီလောက်ဆို လုံလောက်ပြီထင်တာပဲ..” စွန်းပေါင်းကော် မှန်းဆရင်း “ ဘာပဲဖြစ်ဖြစ် ဥက္ကဌလင်း လိုချင်တာက ဒီနေရာ ကားသွားလို့ မရအောင် လုပ်ဖို့ပဲလေ… ငါတို့ရဲ့ ရည်မှန်းချက်က ပြည့်စုံပြီလို့တောင် ပြောလို့ရတယ်….”

“ ဒါဆို အလုပ်သမားတွေကို ခဏလောက် နားခိုင်းရအောင်… သူတို့လည်း တစ်မနက်ခင်းလည်း မနားရသေးဘူး….”

“ ကောင်းပြီလေ… နားကြတာပေါ့…” စွန်းပေါင်းကော် ပြောလိုက်ပြီး “ ဥက္ကဌလင်း သူ မပြန်ခင် ငါတို့ တစ်ယောက်ဆီကို ယွမ် ၂၀၀ ပေးသွားတယ်… မင်းအဲ့တာတွေနဲ့ စားစရာနဲ့ သောက်စရာတွေ သွားဝယ်လိုက်… အကုန်လုံးလည်း ဆာနေလောက်ပြီ…”

“ အင်း… ကျွန်တော်လည်း ဆာနေတာနဲ့ အတော်ပဲ..”

ဝူကွမ်းဖ စီးကရက် မီးညှိလိုက်ပြီး အစားအသောက်သွားဝယ်ရန် ဟန်ပြင်လိုက်၏။

သို့သော်လည်း သူ ကားထဲသို့ ဝင်တော့မည့် အချိန်တွင် ဘန်ထလေနှင့် ရိုးရိုက်စ် ကားနှစ်စင်းက သူ့ရှေ့ ထိုးရပ်လာသည်ကို မြင်တွေ့လိုက်ရလေသည်။

၎င်းကို မြင်တော့ ဝူကွမ်းဖ ထိတ်လန့်သွားခဲ့၏။

သူ အစက သူဌေး ဤနေရာသို့ ရောက်လာသည်ဟု ထင်ထားသော်လည်း သေချာစဉ်းစားကြည့်ပြီးနောက် ထိုသူ၏ အဆင့်အတန်းဖြင့် ဆိုပါက ယခုလို သာမန်ကားမော်ဒယ်လ်မျိုး စီးရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

ထို့ကြောင့် အပြင်လူများ ဖြစ်ပုံရ၏။

လမ်းဘေး အရိပ်တွင် နားနေသူများလည်း အဆိုပါကားနှစ်စီး ထိုးရပ်လာသည်ကို မြင်တွေ့ကြသည်။ သို့သော်လည်း မည်သူမည်ဝါဖြစ်ကြောင်းကိုတော့ သူတို့လည်း မသိကြသေးချေ။

ကားထိုးရပ်ပြီးနောက် ဝမ်ရာ့ရှင်းနှင့် စွန်းရုံမင်တို့ ကားထဲမှ ထွက်လာခဲ့ကြ၏။

စွန်းပေါင်းကော်နှင် ဝမ်ကွမ်းဖတို့ ထိုသူနှစ်ယောက်ကို စေ့စေ့စပ်စပ် ကြည့်လိုက်‌သော်လည်း ၎င်းတို့နှင့် မရင်းနှီးကြောင်း သတိပြုမိလိုက်သည်။

သို့သော်လည်း ၎င်းတို့၏ မျက်နှာ အမူအရာကို မှန်းဆကြည့်ရသလောက်တော့ ဤနေရာသို့ ကောင်းသော လာခြင်းဖြင်း ရောက်လာကြခြင်း မဟုတ်ကြောင်း သေချာလေသည်။

“ ဟေ့ကောင် … ရှေ့ကနေ ဖယ်စမ်း… ငါ့ရှေ့မှာ ကိုးရို့ကားယား လာမလုပ်စမ်းနဲ့…” ဝမ်ရာ့ရှင်း ဝူကွမ်းဖကို လက်ညိုးထိုး၍ အော်ပြောလိုက်၏။

တွေ့တွေ့ချင်း အော်ဆဲနေသည်ကို မြင်တော့ ဆောက်လုပ်ရေး အလုပ်သမားများအားလုံး မျက်မှောင်ကြုတ်သွားကြပြီး ဝူကွမ်းဖ အနားသို့ ဝိုင်းအုံလာကြသည်။

“ မြေနိုး… မင်းက ဘာကောင်တုန်း… ငါတို့က ဒီမှာ အလုပ်လုပ်နေတာ… ဒီမှာ မင်း စောက်လက်ညိုးကို လာမထိုးစမ်းနဲ့….” ဝူကွမ်းဖ ပြန်အော်ဆဲလိုက်၏။

ဝမ်ရာ့ရှင်း ပြုံးလိုက်ပြီး “ ငါမင်းကို အမိန့်ပေးလိုက်မယ်… မင်း ဒီညတွင်းချင်း ဒီလမ်းကို ပြန့်အောင် ပြန်ဖြန့်… မဟုတ်လို့ကတော့ ငါတို့ဘက်က ယဉ်ကျေးနေမှာ မဟုတ်ဘူး…”

ထိုစကားကို ကြားတော့ စွန်းပေါင်းကော်နှင့် ဝူကွမ်းဖတို့ ၎င်းတို့ မည်သူမည်ဝါဆိုတာ ဒက်ကနဲ သိသွားကြ၏။

“ ကျုပ်တို့ဘက်က ဆောက်လုပ်ရေး ခွင့်ပြုချက်ရပြီးသား… ခင်များ ဘာတွေ လာပြောနေတာ….”

“ ငါ ဘာတွေ ပြောနေတာလဲ ဟုတ်လား…” ဝမ်ရာ့ရှင်း နှာခေါင်းရှုံ့လိုက်ပြီး “ ဒီ ပရောဂျက်က ဘာတွေ ဖြစ်နေလဲဆိုတာ ရှင်းပြဖို့ မလိုလောက်တော့ဘူး… ဒီတော့ ငါ့ကို လာပြီး ဝေ့ဝိုက်မနေနဲ့.. ခုချက်ချင်း အပေါက်တွေကို ပြန်ဖာစမ်း….”

“ ငိုးပဲ…. ငါ့ကို ဘာလုပ်ပါ ညာလုပ်ပါဆိုပြီး အမိန့်ပေးရအောင် မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲကွ….”

စွန်းပေါင်းကော်ကတော့ တည်တည်ငြိမ်ငြိမ်ပင်။ အသက်ကြီးလာသည်နှင့်အမျှ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းကလည်း မြင့်မားလာသည်။

သို့သော်လည်း ဝူကွမ်းဖကတော့ ခြားနား၏။ သူက အသက်သုံးဆယ်ဝန်းကျင်မျှသာ ရှိသေးကာ ယခုလို ပုတ်ခတ်ပြောဆိုလာမှုကို ထစ်ကနဲရှိ သွေးဆူတတ်သည့် လူငယ်တစ်ယောက်အတွက် ထိန်းချုပ်ဖို့ရန် မည်သို့မျှ မဖြစ်နိုင်ချေ။

“ ကောင်းပြီလေ… မင်းတို့ကောင်တွေက ပြန်မဖာချင်ဘူးဆိုတော့လည်း နောက်မှ နောင်တမရကြနဲ့….”

သို့နှင့် ဝမ်ရာ့ရှင်း ဖုန်းကို ထုတ်လိုက်ပြီး “ လမ်းသုံးလမ်းလုံးကို လူတွေ လွှတ်လိုက်တော့….”

၎င်းကိုကြားတော့ ဝမ်ကွမ်းဖ တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိလိုက်သည်။

သူ ရုတ်ချည်း လှည့်ကြည့်လိုက်တော့ ရှင်းရာ့စက်ရုံထဲမှ လူဒါဇင်ကျော်ခန့် ပြေးထွက်လာသည်ကို မြင်တွေ့လိုက်ရလေသည်။ ထို့ပြင် သူတို့အားလုံး၏ မျက်နှာအမူအရာမှာ ကြမ်းတမ်း ခက်ထက်လာပြီး တိုက်ခိုက်ရန် ပြေးလာကြသည့်နှယ်ပင်။

ဆောက်လုပ်ရေးသမားများကလည်း ငကြောက် တစ်ယောက်မျှ မပါချေ။ အထူးသဖြင့်တော့ ဝမ်ကွမ်းဖလို လူငယ်လေးများကတော့ လက်တပြင်ပြင် ဖြစ်နေကြလေသည်။

“ ဘာလဲ …. မင်းတို့က အင်အားသုံးတော့မလို့လား…” စွန်းပေါင်းကော်မှ ပြောလိုက်၏။

“ အမှန်ပဲ… “ ဝမ်ရာ့ရှင်း ဘဝင်မြင့်သည့် လေသံဖြင့် ပြောလိုက်ပြီး “ ငါမင်းတို့ကို နောက်ဆုံး အခွင့်အရေး ပေးလိုက်မယ်… မြန်မြန် ချိုင့်နေတဲ့ လမ်းတွေကို ပြန်ဖြည့်…. မဟုတ်ရင် အကျိုးဆက်ကို လက်ခံဖို့ အသင့်ပြင်ထားလိုက်…”

“ ငါတို့က သဘောမတူဘူး ဆိုရင်ကော…”

ဘန်း…

ဝမ်ရာ့ရှင်း ဝူကွမ်းဖကို ဆောင့်ကန်လိုက်ပြီး တစ်ဖက်သူမှာ မြေပြင်နှင့် ဖင်ဆောင့်သွားခဲ့၏။

ဝူကွမ်းဖ ဘာမျှ ပြန်မလုပ်ချေ။ လက်ရှိ လူအင်အားအရ သူ့ဘက်မှ ပြန်တိုက်ခိုက်လျှင်လည်း လူသားသဲအိတ် အလုပ်ခံလိုက်ရုံသာ အဖတ်တင်ပေမည်။

ထို့ကြောင့် အသက်ကို ဉာဏ်စောင့်ဆိုသလို အနည်းငယ် သူရဲဘောကြောင်လိုက်သည်ကလည်း အဆင်ပြေသည်။

သူ ဤကိစ္စ ပြီးလျှင်တော့ ဘော့စ်လင်းထံ တင်ပြပြီး ညွှန်ကြားချက် တောင်းခံရမည် ဖြစ်၏။ ယင်းကမှ မှန်ကန်သင့်လျော်သည့် နည်းလမ်းပင်။

ဝူကွမ်းဖ ပြန်ထတော့မည့် အချိန်တွင် စွန်းပေါင်းကော် သူ့ထံ ရောက်လာခဲ့ပြီး “ ဝူလေး… မင်း အဆင်ပြေရဲ့လား… ထနိုင်သေးရဲ့လား…”

“ အာ….”

ဝူကွမ်းဖ အနည်းငယ် ကြောင်အမ်းသွားခဲ့၏။

‘ ကျုပ်က လူငယ်ပါဗျ… ဒီလို သာမန်ကန်ချက်လောက်လေးနဲ့ အရိုးတွေ ကျိုးအက်သွားလိမ့်မယ်လို့ ထင်နေတာလား.. ကျုပ်က အဲ့လောက်လည်း အားမနည်းပါဘူး….’

ဝူကွမ်းဖ တစ်ခုခုပြောတော့မည့် အချိန်တွင် စွန်းပေါင်းကော်မှ မျက်စိတစ်ဖက်မှိတ်ပြီး အချက်ပြလိုက်၏။

မည်သည်ကို အချက်ပြနေမှန်း ဝူကွမ်းဖ နားမလည်သော်လည်း တစ်ဖက်သူက သူ့ကို မထစေချင်သည့် ပုံပင်။

ဘာတွေ ဖြစ်နေတာတုန်းဟ………

All Chapters