← Chapters

ငါညအားတယ်… ဒါပေမယ့် အအေးတွေတော့ သောက်လို့ မရဘူး

Vol. 52 Ch. 778

ငါညအားတယ်… ဒါပေမယ့် အအေးတွေတော့ သောက်လို့ မရဘူး

Vol. 52 Ch. 778

ဝူကွမ်းဖ ဘာမျှ ပြန်မပြောသည်ကို မြင်တာ့ စွန်းပေါင်းကော် ဝမ်ရာ့ရှင်းကို လက်ညိုးထိုးလိုက်ပြီး “ မင်း ဥပဒေကို လေးစားလိုက်နာရကောင်းမှန်း မသိဘူးလားကွ… နေ့ခင်း ကြောင်တောင်ကြီး လူတစ်ယောက်ကို ဘယ်လိုတောင် လက်လွတ်စပယ် ရိုက်နိုင်ရတာလဲ… ငါတို့ ရဲခေါ်လိုက်ရမလား…”

“ ဟက်… ငါလည်း မင်းတို့လိုကောင်တွေကို ရိုက်နှက်ပြီး လက်ညစ်ပတ် မခံချင်ပါဘူး… ဒါပေမယ့် ရွေးချယ်စရာ မှ မရှိတာ… မင်းတို့ကောင်တွေက လမ်းပိတ်ထားတော့ ငါလည်း စက်ရုံထဲ ဝင်လို့မရဘူး…. ငါ့ ဒေါသကို မင်းတို့ အပေါ် ပုံချရုံပဲရှိတယ် …..”

“ မင်း မုဒိန်းကောင်… ငါတို့က တရားဝင် ဆောက်လုပ်ရေးသမားတွေကွ…. မင်းမှာ ငါတို့ကို ရိုက်နှက်ဖို့ ဘယ်သူက ခွင့်ပြုထားလို့လဲ…”

ဖြောင်း…

ဝမ်ရာ့ရှင်း စွန်းပေါင်းကော်၏ မျက်နှာကို ဖြတ်ရိုက်လိုက်၏။

“ စောက်အဘိုးကြီး… မင်းက အဲ့ဒီ ခေါင်းဆောင်ဆိုတဲ့ကောင်မလား…. ငါကြားတာ ငါ့စက်ရုံ မန်နေဂျာ ဆွေးနွေးဖို့ လာတော့ မင်းသူတို့ကို မောင်းထုတ်ပစ်လိုက်တယ်… တော်တော်လေး အထင်ကြီးဖို့ကောင်းသား…. ငါ့ဘက်က ညှာတာလို့ ညှာတာပေးနေမှန်း မသိတဲ့ကောင်တွေ…”

ဝမ်ရာ့ရှင်း၏ ခွန်အားကား သန်မာလှပြီး စွန်းပေါင်းကော်ကို ချက်ချင်းလက်ငင်း မြေပြင်သို့ လဲကျသွားလေသည်။

ဤတစ်ကြိမ်တွင်တော့ ဝူကွမ်းဖ ပိုလို့တောင် ရှုပ်ထွေးသွားခဲ့တော့၏။

ခင်များက ဒီလောက်အသက်ကြီးနေပြီကို သူများ ရန်သွားစမှတော့ ရိုက်ပေးဖို့ တောင်းဆိုနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား….

“ အောက်ချ်…. နာလိုက်တာ…. ငါ့အရိုးတွေတော့ ကျိုးအက်ကုန်ပြီနဲ့ တူပါတယ်…”

ဝူကွမ်းဖ ခေါင်းကုတ်လိုက်၏။ အင်ဂျင်နီယာစွန်း၏ ဟန်အမူအရာကို ကြည့်ရသလောက်တော့ တစ်စုံတစ်ယောက်ကို ငွေညစ်ချင်နေသည့် ပုံပင်။

သို့သော်လည်း ယခုလို နေရာမျိုးတွင် တစ်စုံတစ်ယောက်အား ငွေညစ်ချင်လျှင်တောင် မည်သူက ဂရုစိုက်လိမ့်မည်နည်း။

ရဲများ ရောက်လာသည့် အချိန်ကျ နောက်ကျသွားပေလိမ့်မည်။

“ ရပ်လိုက်…”

ဝူကွမ်းဖမှ အူကြောင်ကျားဖြစ်နေစဉ် ညင်သာသည့် အော်ဟစ်သံ တစ်သံကို ကြားလိုက်ရ၏။

ထို့နောက် စကတ်ရှည်နှင့် အမျိုးသမီး တစ်ဦး အမျိုးသားနှစ်ယောက် နှင့်အတူ ပြေးလာလေသည်။

သူတို့ထဲက တစ်ယောက်မှာ ကင်မရာကြီး ထမ်းထားပြီး နောက်တစ်ယောက်ကတော့ မိုက်ကို ကိုင်ထား၏။

သွင်ပန်းသဏ္ဌာန်အရတော့ TV သတင်းဌာန တစ်ခုခုမှ ဖြစ်သည့်ပုံပင်။

အဆိုပါ မြင်ကွင်းကို မြင်တော့ စွန်းပေါင်းကော် ကျန်သည့် အလုပ်သမားများကို အော်ဟစ်၍ အမိန့်ပေးလိုက်၏။

“ မင်းတို့ကောင်တွေ လခွမ်းမို့ ကြည့်ကောင်းနေကြတာလား… မြန်မြန် လဲနေကြစမ်း….”

ဒါဇင်နှင့်ချီသည့် အလုပ်သမားများမှာ သတင်းထောက်နှင့် ကင်မရာမန်းကို မကြည့်မီ ခေတ္တမျှ ကြက်သေသေသွားကြပြီး ဘာဖြစ်နေလဲဆိုတာကို ရိပ်မိသွားကြလေသည်။ သို့နှင့် မြေပြင်ပေါ်၌ မတူညီသည့် ပုံစံတို့ဖြင့် လဲနေကြတော့၏။

ထို့နောက် ဆူညံစွာ အော်ဟစ်ကြတော့သည်။

“ အိုက်ယိုး… ငါ့ခေါင်း… ကွဲပြီလား မသိပါဘူး…”

“ မေမေရေ…. ရွာက စာဥရေ… နာလိုက်တာဗျာ….”

“ ငါယိုး…”

ဝမ်ရာ့ရှင်း ကျိန်ဆဲမိသွားပြီး “ မင်းတို့ကောင်တွေ .. ဒါ ငါ့ကို သပ်သပ် ဂွင်ဆင်နေတာမလား….”

ရန်စီ သူ့အဖွဲ့သားများနှင့် အပြေးလေးရောက်လာကာ ကင်မရာကို ဝမ်ရာ့ရှင်းနှင့် စွန်းရုံမင်တို့ဘက် လှည့်ခိုင်းလိုက်ပြီး “ လူကြီးမင်း… ရှင်တို့က လူတွေအများကြီးနဲ့ ပြောင်တင်းတင်း အကြမ်းဖက်နေကြတယ်ဆိုတော့ ဒီကိစ္စကို ဘယ်လို ဖြေရှင်းချက်မျိုး ပေးချင်ပါသလဲ….”

သူ့နှုတ်ခမ်းနားသို့ မိုက်ခရိုဖုန်း ရောက်နေသည်ကို မြင်တော့ ဝမ်ရာ့ရှင်းနှင့် စွန်းရုံမင်တို့ လိုက်မမှီနိုင်အောင် ဖြစ်သွားခဲ့ကြ၏။

သို့သော်လည်း အတန်ငယ်ကြာပြီးနောက်တွင် သူတို့ လှည့်ဖျားခံလိုက်ရပြီ ဖြစ်ကြောင်း သတိမူမိလိုက်လေသည်။

မြေပြင်တွင် လဲလျောင်းနေကြသည့် အလုပ်သမားများက ဒဏ်ရာ ရမရတော့မသိ။ သို့သော်လည်း သူကတော့ ဒေါသထွက်လွန်း၍ စိတ်လွတ်တော့မည့်နှယ် ခံစားနေရသည်။

ဒါ ငိုးမသား လင်းရီလက်ချက်ပဲ ဖြစ်ရမယ်…..

“ မ မဟုတ်တာ…. အလှလေး… မင်း နားလည်မှု လွဲနေပြီ… ငါတို့က ဒီတိုင်း အသေးအမွှား စကားများရုံလောက်လေးပဲ…. မင်း ပြောသလောက်ကြီးလည်း မဟုတ်ဘူး…” ဝမ်ရာ့ရှင်း ကမန်းကတမ်း ရှင်းပြလိုက်၏။

“ အသေးအမွှား စကားများရုံလောက်လေးလား…” ရန်စီ အေးစက်စွာဖြင့် “ လူကြီးမင်း… ရှင်တို့က ရွေ့ပြောင်းအလုပ်သမား ၃၀ ကျော်ကို မြေပြင်မှာ အမှောက်သိပ်ထားတာနော်… ဒါကို စကားများရုံလောက်လေးလို့ ခေါ်တာလား… သူတို့ အကုန်လုံး အသက်မရှင်တော့မှ ရှင်က ကိစ္စကြီးလို့ ပြောချင်တာလား…”

ရန်စီမှာ အင်မတန် ဉာဏ်များ၏။ သူမ ဝမ်ရာ့ရှင်းနှင့် စွန်းရုံမင်တို့ကို မေးခွန်းထုတ်သည့် အချိန်၌ ‘ ရွှေ့ပြောင်းအလုပ်သမား ‘ ဟူသည့် နေရာကို တမင် လေသံဖိ၍ ပြောလိုက်လေသည်။

သတင်းထောက် တစ်ယောက် အနေဖြင့် အဆိုပါ စကားလုံး ခြောက်လုံးက ဂယက်အနက် မည်မျှ ရှိကြောင်း နားလည်ပေသည်။

သာမန်လူကို ရိုက်နှက်သည်နှင့် ရွေ့ပြောင်းအလုပ်သမား တစ်ယောက်ကို ရိုက်နှက်လိုက်သည်က မတူကွဲပြားသည့် ကိစ္စများကို ဆောင်ကြဉ်းလာပေးလိမ့်မည်။

“ မဟုတ်ဘူး… မင်းထင်နေသလို မဟုတ်ဘူး… ဘာမှ မသိပဲနဲ့ ရမ်းသမ်းပြီး ကောက်ချက်မချနဲ့….” ဝမ်ရာ့ရှင်းမှ ပြောလိုက်၏။

“ ကျွန်မတို့က လက်တွေ့ မြင်နေရတဲ့ ဖြစ်ရပ်ကိုပဲ ပြောနေတာ…”

ပြောပြီးနောက် ရန်စီ ကင်မရာမန်းကို ဝူကွမ်းဖနှင့် စွန်းပေါင်းကော်တို့ဘက် လှည့်ခိုင်းလိုက်ပြီး “ နစ်နာသူတွေ အနေနဲ့ လူကြီးမင်းတို့ဘက်က ဘာများ ပြောချင်သေးလဲ….”

ရန်စီကို မြင်တော့ ဝူကွမ်းဖ လင်းရီအပေါ် လေးစားမှုတို့ ဖိတ်လျှံသွားခဲ့ရသည်။

မူလက သူ ဤအရေးအခင်းပြီးနောက် ဥက္ကဌလင်းထံ တင်ပြရန် စီစဉ်ထားသော်ငြား ယခုတော့ ထိုသို့ ပြုလုပ်ရန် မလိုအပ်တော့သည့်ပုံပင်။ ဥက္ကဌလင်းက ဉာဏ် အမြော်အမြင်ကြီးစွာဖြင့် အရာအားလုံးကို ကြိုတင်စီစဉ်ထားပြီးဖြစ်၏။

“ ကျုပ်တို့က ဒီတိုင်း တရားဝင် ဆောက်လုပ်ရေး လုပ်နေတာ.. ဒါပေမယ့် သူတို့က အဲ့တာကို အလိုမရှိပဲ ကျွန်တော်တို့ကို လူအများကြီးနဲ့ လာပြီး ရိုက်နှက်တယ်…” ဝူကွမ်းဖ ရိုးသားသည့် ရွာသားကြီး မျက်နှာဖြင့် ပြောလိုက်ပြီး “ အမှန်ဆို ကျွန်တော်ဆိုတာ တောက တက်လာတဲ့ ကျေးတောသားလေးပါ… ငယ်ငယ်တုန်းက အဘွားတစ်ယောက်တည်းအပေါ် မှီခိုလာပြီး ကြီးလာရင် ဒီလိုမျိုး မြို့ကြီးပြကြီးမှာ နာမည်တစ်လုံး ထွင်းထုနိုင်မယ် မျှော်လင့်မိပါရဲ့… ထင်မထားဘူး… သူတို့လို လူချမ်းသာတွေက ပိုက်ဆံရှိတိုင်းနဲ့ လူကို စိတ်ကြိုက်အနိုင်ကျင့်တယ်ဗျာ….”

ပြောရင်းဖြင့် ဝူကွမ်းဖ သူ့မျက်ဝန်းထဲရှိ မျက်ရည်စများကို သုတ်လိုက်ပြီး ဝမ်းနည်းသည့် လေသံဖြင့် “ ကျွန်တော့်ကလေးဆို ရှေ့တစ်လကမှ လူဖြစ်လာတာ.. ကျွန်တော့်မှာ ရှာကျွေးရမယ့် မိသားစုကလည်း ရှိသေးတယ်… ခု သူတို့လုပ်လို့ ကျွန်တော် ဒဏ်ရာရသွားပြီ.... သာမန်လို အလုပ်မလုပ်နိုင်တော့ အခါကျရင် ကျွန်တော့်ကို ဘယ်သူက ပြန်ပြီးတော့ လှည့်ကြည့်ပေးမှာလဲ… ကျွန်တော် အရမ်းနဲ့ စိတ်မကောင်းဖြစ်မိတယ်ဗျာ….”

ဝူကွမ်းဖ သူ့ကိုယ်သူ ကင်မရာရှေ့၌ ဇာတ်နာပြနေသည်ကို မြင်တော့ ဝမ်ရာ့ရှင်း ဓားနှင့် ပြေးထိုးချင်စိတ်တို့ တစ်ဖွားဖွား ဖြစ်ပေါ်နေတော့၏။

ခုနလေးတင် ငါ့ကို အကွက်ဆင်ပြီးသွားပြီ… ခုလည်း မဟုတ်မဟတ် ဇာတ်ကွက်တွေနဲ့ ထောင်နန်းစံရအောင် လုပ်ဦးမယ်…ငါယိုးမ

“ ဝမ်ကြီး… ငါတို့ အခု ဘာဆက်လုပ်ကြမှာ.. တကယ်လို့ ဒီကိစ္စ မဖြေရှင်းနိုင်ဘူးဆိုရင် ငါတို့တော့ အဆုံးသတ်ပြီ..”

“ သေစမ်းကွာ…. ဖြစ်ပြီးတော့မှ မထူးဇာတ်ခင်းကြတာပေါ့… သူတို့ရဲ့ ကင်မရာတွေကို ဖျက်ဆီးကြစို့…. ပြီးမှ ဒီကိစ္စ ဖြေရှင်းဖို့ တစ်ယောက်ယောက် စီစဉ်ခိုင်းလိုက်မယ်….”

“ အိုကေလေ.. မင်းပြောတဲ့အတိုင်းပဲပေါ့….”

စိတ်ဆုံးဖြတ်ပြီးနောက် စွန်းရုံမင် သူ့စက်ရုံသားများဘက်သို့ လှည့်၍ “ သူတို့ရဲ့ ကင်မရာကို ဖျက်ဆီးကြ..”

“ နင်တို့ ဘာလုပ်ကြမလို့လဲ…. ငါတို့ရဲ့ ကင်မရာကို ဖျက်ဆီးမယ် ဟုတ်လား….နင်တို့ကို ပြောလိုက်မယ်… သတင်းထောက် တစ်ယောက်ရဲ့ ကင်မရာကို ဖျက်ဆီးတာက လုံးဝ တရားမဝင်ဘူး…” ရန်စီ ကျယ်လောင်စွာဖြင့် အော်ပြောလိုက်၏။

“ တရားမဝင်ဘူးလား….”

ဝမ်ရာ့ရှင်း သရော်လိုက်ပြီး “ တရားမဝင်တော့ကော ဘာဖြစ်လဲ.. ငါတို့ အရင်တုန်းက တရားမဝင်တဲ့ ကိစ္စတွေမှ အများကြီး လုပ်ဖူးပြီးသွားပြီ… အဲ့တာတောင် ခုထိ ကောင်းကောင်းကြီး အသက်ရှင်နေတုန်းပဲလေ….”

“ တော်လောက်ပြီ… အဲ့မှာပဲ ရပ်မနေကြနဲ့… မြန်မြန် သူတို့ရဲ့ ကင်မရာကို လုကြ..” စွန်းရုံမင်မှ ပြောလိုက်ပြီး “ ပါမွှား သတင်းထောက်လေးကများ ငါ့ပိုင်နက်ထဲ ကျူးကျော်လာပြီးတော့ ငါ့ကို လက်ညိုးထိုးဝံ့နေတယ်ပေါ့လေ…. ကိုယ့်ကိုယ်ကို ဘာကောင်များ မှတ်နေလဲ မသိဘူး….”

ခရိတ်ခ်….

ခရိတ်ခ်….

ခရိတ်ခ်….

အလုပ်သမားများ စတင် လုယူတော့မည့် အချိန်တွင် ကားဘရိတ်သံများကို ကြားလိုက်ကြရ၏။

အချိန်အကြာကြီးကတည်းက ပုန်းလျှိုးကွယ်လျှိုး ရှိနေကြသည့် ရဲကားများက ယခုတော့ ဝမ်ရာ့ရှင်းနှင့် ကျန်သူများ ရှေ့ ထိုးရပ်လာလေသည်။

ကားတံခါး ပွင့်ဟလာပြီး အရပ်ဝတ်နှင့် ရဲသားများမှ သေနတ်ကိုယ်စီ ကိုင်လျက် ဝမ်ရာ့ရှင်းနှင့် ကျန်သူများကို ချိန်ထားလိုက်ကာ “ လက်တွေ လေပေါ် မြောက်ထားကြစမ်း… တစ်ယောက်မှ မလှုပ်နဲ့…”

ဝမ်ရာ့ရှင်းနှင့် စွန်းရုံမင်တို့ ကြက်သေသေသွားကြတော့၏။

ထိုအခါမှပဲ လင်းရီက သူတို့အတွက် သတင်းထောက်များသာ မက ရဲများကိုပါ ကြိုတင်စီစဉ်ထားကြောင်း သတိပြုမိလိုက်လေသည်။

ကြည့်ရသလောက်တော့ အနှီရဲအရာရှိကြီးများက ရုပ်ဖျက်၍ အချိန်အကြာကြီးကတည်းက သူတို့အား စောင့်ကြည့်နေကြပုံပင်။

သူတို့ စတင်လှုပ်ရှားသည်နှင့် ထိုသူတို့က ဖမ်းဆီးရန် အသင့်ဖြစ်နေကြ၏။

ထိုအကြောင်းကို တွေးမိတော့ နှစ်ယောက်လုံး မျက်နှာ ဖြူလျော်သွားခဲ့တော့၏။

“ မင်းတို့နှစ်ကောင်က တော်တော်လေး ဇရှိနေကြတယ်ပေါ့ … ရွေ့ပြောင်း အလုပ်သမားတွေကို ရိုက်နှက်တာက သိပ်ပြီး ပြဿနာ မရှိသေးဘူး… ဒါပေမယ့် မင်းတို့ကောင်တွေက သတင်းထောက်တွေရဲ့ ကင်မရာကိုမှ ဖျင်ယားပြီး ဖျက်ဆီးချင်နေကြတယ်…. မင်းတို့ကို ဘယ်ကောင်က အဲ့လိုလုပ်ဖို့ သတ္တိတွေ ပေးလိုက်တာ..”

“ အရာရှိကြီး.. ဒါက အထင်လွဲနေတာပါ…. ကျွန်တော်တို့ ရှင်းပြပါ့မယ်…”

“ စိတ်ချ… မင်း သေချာပေါက် ရှင်းပြရမှာ… ဒါပေမယ့် ဒီနေရာမှာတော့ မဟုတ်ဘူး.. စခန်းလိုက်ခဲ့..”

နှစ်ယောက်လုံး စိတ်အားလျော့စွာဖြင့် ခေါင်းငုံ့လိုက်ကြ၏။ မည်သူကမျှ ခုခံရန် ဆန္ဒမရှိကြတော့ချေ။

နောက်မိနစ်အနည်းငယ်အတွင်း ဝမ်ရာ့ရှင်း၊ စွန်းရုံမင်နှင့် သူတို့ ခေါ်လာခဲ့သည့် လူများကို ရဲကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြသည်။

ရန်စီလည်း သူမကားထံသို့ ပြန်၍ လင်းရီထံသို့ ဖုန်းဆက်လိုက်၏။

လင်းယွမ်အုပ်စု ရုံးခန်းတွင်တော့ လင်းရီ ကျီချင်းရန်ထံ တစ်စုံတစ်ခုကို သက်သေပြနေသည့် အလား အသည်းအသန် စာရိုက်ပို့နေလေသည်။

သူ သက်သေပြနေသည့် အကြောင်းအရာကတော့ သူ ဟော်ယွမ်ယွမ်ကို ဘယ်တုန်းကမှ ဗလက္ကာရ မပြုခဲ့သည့် အကြောင်းကိုပင်။

ဒူ ဒူ ဒူ….

လင်းရီ ဖုန်း တုန်ခါလာခဲ့၏။ သူ တစ်ချက်ကြည့်လိုက်တော့ ရန်စီထံမှ ဖြစ်နေကြောင်း သတိပြုမိလိုက်သည်။

“ ဘာကိစ္စလဲ…”

“ အကုန်ပြီးသွားပြီ… နင်ခန့်မှန်းထားတဲ့အတိုင်း အတိအကျပဲ… အဲ့ဒီနှစ်ယောက်လုံး အဖမ်းခံလိုက်ရပြီ….”

“ ဟမ်… တကယ်ကြီးလား…”

“ တကယ်ကြီးပေါ့ဟဲ့… မဟုတ်ရင် ငါက နင့်ကို ဘာလုပ်ဖို့ ဖုန်းဆက်လိုက်မှာ…”

“ လူတစ်ယောက်က ဒီလောက်ထိ သေချင်ဇော ပြင်းပြနေတာကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ…”

အမှန်တော့ လင်းရီ ထိုငနာ နှစ်ကောင်မှ စဉ်းစားမရသည့် အဆုံးတွင် ကြံမိကြံရာ ကြံပြီး အင်အားသုံးလာမည်ကို ကြိုတင် ရိပ်စားမိသောကြောင့် ယခုလို စီမံမှုများ ပြုလုပ်ထားခြင်းဖြစ်၏။

သို့သော်လည်း ထိုနှစ်ကောင်က ထိုမျှ မြန်ဆန်စွာဖြင့် လှုပ်ရှားလာလိမ့်မည်လို့တော့ မျှော်လင့်မထားချေ။

ဆိုရိုးများ အတိုင်း လူတစ်ယောက်က သေချင်နေပြီဆိုပါက ဘုံခုနစ်ဆင့်ပေါ် တင်ထားလင့်ကစား တားမြစ်၍ မရနိုင်ချေ။

“ နင့်ကိစ္စက ဒါပဲလား.. တကယ်လို့ တခြား လိုအပ်တာရှိရင် ငါကူညီပေးလို့ရတယ်နော်…”

“ မရှိတော့ဘူး..” လင်းရီ ပြုံးလိုက်ပြီး “ ဒီညအားလား…. ကျေးဇူးတင်တဲ့အနေနဲ့ ထမင်းလိုက်ကျွေးချင်လို့..”

“ အားတယ်… ဒါပေမယ့် ငါ ဒီနေ့တော့ အအေးတွေ သောက်လို့မရဘူး…”

( ဟိုဒင်းလာနေလို့ပါ ⊙⁠﹏⁠⊙)

All Chapters