← Chapters

ရွမ်လိန့်ကျောင်းတော်၏ ပါရမီရှင်နှစ်ပါး၊ စုချီနှင့် ဓားနတ်ဧကရာဇ်

Vol. 22 Ch. 264

ရွမ်လိန့်ကျောင်းတော်၏ ပါရမီရှင်နှစ်ပါး၊ စုချီနှင့် ဓားနတ်ဧကရာဇ်

Vol. 22 Ch. 264

ဟန်ကျွယ် ရင်ထိတ်လာတုန်းမှာပဲ ကောင်းကင်ဧကရာဇ်က ရုတ်တရက် ပြုံးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဒီအပြုံးကိုကြည့်ပြီး စိတ်ထဲမှာ တွေးမိလိုက်ပါတယ် ‘ဉာဏ်နီဉာဏ်နက်များတဲ့ အပြုံးပဲ၊ ကောင်းကင်ဧကရာဇ်က ငါ့ကို အလုပ်လုပ်ခိုင်းတော့မှာလား’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။

ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို ပြင်းပြတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “မင်း ကောင်းကင်ရုံး‌တော်ကို သစ္စာရှိသေးလား”

“ကောင်းကင်ရုံးတော်က ကျွန်တော့်အိမ်လေ၊ ကျွန်တော်သာ အနန္တကမ္ဘာမှာ ပြိုင်ဘက်ကင်းဖြစ်ရင် ကောင်းကင်ရုံးတော် ထိပ်ဆုံးရောက်အောင် ကျိန်းသေပေါက် ကူညီမှာပါ”

“ဟင်း... အခုတော့ မဟုတ်ဘူးမလား”

“အဟွတ်..အဟွတ်... အခု ကျွန်တော်က အရမ်းအားနည်းနေတယ်လေ၊ တစ်ခြားအင်မော်တယ်တွေထက် ဘာမှထူးထူးခြားခြား စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး၊ အနာဂတ်မှာ ကျွန်တော်က ကောင်းကင်ရုံးတော်ရဲ့ ထောက်တိုင်ကြီး ဖြစ်ချင်တာ”

“ဟွန်း... အခုအချိန်ကစပြီး ထုန်ကျန့်ကမ္ဘာကို အင်မော်တယ်ကမ္ဘာတွေ ရောက်လာရင် ငါ ဝင်မပါတော့ဘူး၊ ဒါပေမဲ့ ဧကရာဇ်အဆင့်ထက် ကျော်လာရင်တော့ မင်း မသေအောင် ကာကွယ်ပေးမယ်”

ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို ထိုးဖောက်မြင်သည့်အလား နှာခေါင်းရှုံ့ပြီး ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ချက်ချင်း ခေါင်းညိတ်ပြီး သဘောတူလိုက်ပါတယ်။ သဘောမတူလို့လည်း ရမှမရတာ။

ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို သေချာကြည့်ပြီး ပြောလိုက်ပါတယ် “မင်းက ကောင်းကင်ဘဝဂ်ကျင့်ကြံသူတောင် ဖြစ်လာနိုင်တယ်”

‘ကောင်းကင်ဘဝဂ်ကျင့်ကြံသူလား’ ဟန်ကျွယ်ဟာ နှလုံးခုန် မြန်သွားပါတယ် ‘ကောင်းကင်ဧကရာဇ်က ငါ ရည်မှန်းချက်ကို သိသွားတာလား’

ဟန်ကျွယ်ဟာ စပ်စုလိုက်ပါတယ် “အင်မော်တယ်ကမ္ဘာမှာ ကောင်းကင်ဘဝဂ်ကျင့်ကြံသူတွေ အများကြီး ရှိလား”

“အရင်တစ်ခေါက် အနန္တကပ်ဘေးပြီးကတည်းက ကောင်းကင်ဘဝဂ်ကျင့်ကြံသူ အသစ် မပေါ်လာသေးဘူး၊ နောက်ကပ်ဘေးကျရင်တော့ ပေါ်လာကောင်း ပေါ်လာနိုင်တယ်၊ ရွမ်လိန့်ကျောင်းတော်ရဲ့ ပါရမီရှင်နှစ်ပါးကတော့ ကောင်းကင်ဘဝဂ်အဆင့်နဲ့ နီးကပ်နေပြီ၊ နောက်တစ်ခါ ကပ်ဘေးပြီးလို့ မင်း ကောင်းကင်ဘဝဂ်ကျင့်ကြံသူ ဖြစ်လာမယ်ဆိုရင် ငါ အတတ်နိုင်ဆုံး မင်းကို ကာကွယ်ပေးမယ်”

ကောင်းကင်ရုံးတော်ဟာ အနန္တကပ်ဘေးကို ကြောက်တယ်ဆိုပေမဲ့ ခြေမကိုင်မိ လက်မကိုင်မိ မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကပ်ဘေးလေးငါးခြောက်ခုကို ဖြတ်ကျော်ပြီးပြီ မို့လို့ပါပဲ။

‘ရွမ်လိန့်ကျောင်းတော်’ ဟန်ကျွယ်ဟာ ထပ်ပြီး စပ်စုလိုက်ပါတယ် “ရွမ်လိန့်ကျောင်းတော်က တာအိုဂိုဏ်းရဲ့ ကျောင်းတော်သုံးကျောင်းမှာ အင်အားအကြီးဆုံးလား”

ကောင်းကင်ဧကရာဇ်ဟာ ခေါင်းခါလိုက်ပါတယ် “အင်အားချင်းယှဉ်ရင် သူတို့က အားအနည်းဆုံးပဲ၊ နတ်ဘုရားရွေးချယ်တဲ့ကပ်ဘေး ပြီးကတည်းက ရွမ်လိန့်ကျောင်းတော်ရဲ့ မျိုးဆက်တိုင်းမှာ တပည့်နှစ်ယောက်ပဲ ပြုစုပြိုးထောင်တယ်၊ တပည့်တစ်ယောက်သေတာနဲ့ ကျန်တဲ့တစ်ယောက်လည်း သေရတာပဲ၊ ဒါပေမဲ့ ပထမမျိုးဆက်သေသွားရင် နောက်ထပ်မျိုးဆက်ကို ဆက်ပြိုးထောင်တယ်၊ ဒါကြောင့် အရည်အချင်းကိုကြည့်ပြီး ပြောရမယ်ဆိုရင် ရွမ်လိန့်ကျောင်းတော်က အလားအလာ အရှိဆုံးပဲ”

‘အား... သေအတူ ရှင်မကွာလား... မျိုးဆက်တစ်ခုမှာ တပည့်နှစ်ယောက်ပဲရှိတယ်၊ ဒါက ဘယ်လိုမျိုး ယုတ္တိမရှိတဲ့ စည်းကမ်းကြီးလဲ’

‘ဒီလမ်းက မကျဉ်းလွန်းဘူးလား၊ မတော်တဆ မျိုးဆက်ပြတ်သွားမှာကို သူတို့တွေ လုံးဝ မကြောက်ဖူးလား’

“ဒါနဲ့ အရှင်မင်းကြီး... ပန်ရှင်းကို သိလား” ဟန်ကျွယ်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။

ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်မေးခွန်းကြောင့် မျက်မှောင်ကြုတ်သွားပါတယ် “ဒီနာမည်ကို မင်းဘယ်ကနေ ကြားလာာတလဲ”

ဟန်ကျွယ်ဟာ မဖုံးကွယ်ဘဲ ပန်ရှင်းနဲ့ တွေ့ခဲ့တဲ့အကြာင်းတွေကို မခြွင်းမချန် ပြောပြလိုက်ပါတယ်။

ကောင်းကင်ဧကရာဇ်ရဲ့ မျက်နှာဟာ လေးနက်တည်ကြည်သွားပါတယ် “ဒီလူနဲ့ သိပ်ပြီး မရင်းနှီးစေနဲ့၊ မင်း သူ့ကို ရန်စမိရင် ငါလည်း မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး၊ နောက်ပြီး သူ့ကို အတော်ကြောက်ဖို့ကောင်းတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်က ပစ်မှတ်ထားနေတာဆိုတော့ သူ့ကိုသူတောင် မကာကွယ်နိုင်ရှာဘူး၊ မင်း သူနဲ့ ရင်းနှီးလွန်းရင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး”

ဟန်ကျွယ်ဟာ တအံတဩ မေးလိုက်ပါတယ် “ဒီလောကမှာ အရှင်မင်းကြီးရယ် နတ်ဆိုးဧကရာဇ်ရယ် ကောင်းကင်တာအိုဗုဒ္ဓရယ် ရှန်နန်းတော်သခင်ရယ်ထက် စွမ်းအားကြီးတဲ့လူ ရှိနေသေးလို့လား”

“မင်း နတ်မင်းအဆင့်ကို ရောက်ရင် နားလည်လာပါလိမ့်မယ်”

“အရှင်မင်းကြီးက နတ်မင်းအဆင့်မှာလား”

“နတ်မင်းအဆင့်လား... ဟီးဟီး”

ကောင်းကင်ဧကရာဇ်ဟာ ခေါင်းခါလိုက်ပြီး တစ်ချက်ရယ်မောရင်း ပျောက်ကွယ်သွားပါတယ်။

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီရယ်သံ... ကောင်းကင်ဧကရာဇ်က ကောင်းကင်ဘဝဂ်ကျင့်ကြံသူလား’

ဟန်ကျွယ်ဟာ စိတ်ထဲမှာ ထိတ်လန့်သွားပါတယ် ‘ငါ ကောင်းကင်ဧကရာဇ်ကို လုံးဝ ရန်စလို့ မဖြစ်ဘူးပဲ’ အဲဒီနောက် ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပြီး ဆက်လက်ကျင့်ကြံအားထုတ်ပါတယ်။

ဟန်ကျွယ်ဟာ မဟာအဂ္ဂတာအိုကျင့်စဉ်ကို နားလည်ဖို့အတွက် အချိန်သုံးနှစ်နီးပါး ယူရပါတယ်။ ပြီးတော့မှပဲ ဆက်လက်ကျင့်ကြံ အားထုတ်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် ဒုတိယအဆင့်ကို အမြန်ဆုံး တက်ရောက်ချင်နေပါပြီ။

.....

မှောင်မိုက်တဲ့ နန်းတော်တစ်ခုထဲမှာ စုချီ တရားထိုင်နေပါတယ်။

စုချီဟာ တဟွမ်အဂ္ဂပြည်လက်ကနေ လွတ်လာပြီးကတည်းက ရှန်နန်းတော်ထဲမှာပဲ ဂူအောင်းကျင့်ကြံနေပြီး တစ်ခြားသူတွေနဲ့ လုံးဝ မတွေ့ဆုံပါဘူး။

ရုပ်သွင်တစ်ခုဟာ စုချီရှေ့မှာ ရုတ်တရက် ပေါ်လာပါတယ်။ ဒီရုပ်သွင်ကတော့ ဓားနတ်ဧကရာဇ်ပဲ ဖြစ်ပါတယ်။ ဓားနတ်ဧကရာဇ်ဟာ မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “စုချီ မင်းမှာ တာဝန်တစ်ခုရှိတယ်”

ဓားနတ်ဧကရာဇ်ဟာ စုချီကိုကြည့်ပြီး ခေါင်းကိုက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စုချီရဲ့ ကျင့်ကြံမှု တိုးတက်လာတာနဲ့ ကြမ္မာဆိုးကလည်း လိုက်ပြီးတော့ တိုးတက်လာလို့ပါ။ အခုဆိုရင် မဟာညီညွတ်မှု ရွှေအင်မော်တယ်တောင် စုချီရဲ့ ကြမ္မာဆိုးဒဏ်ကို တောင့်မခံနိုင်တော့ပါဘူး။

‘ဒီကောင်သာ မဟာညီညွတ်မှု ရွှေအင်မော်တယ် ဖြစ်လာရင် အင်မော်တယ်ဧကရာဇ်တွေတောင် သူ့ကြမ္မာဆိုးဒဏ် ခံရမလား မသိဘူး’ ဒီအတွေးကြောင့် ဓားနတ်ဧကရာဇ်ဟာ ကျောချမ်းသွားပါတယ်။

‘ဒီကျယ်ကျောင်းတော်က တကယ်မုန်းဖို့ကောင်းတာပဲ၊ ပြဿနာကောင်ကိုမှ ပြိုးထောင်ခဲ့ရတယ်လို့’

စုချီဟာ မျက်လုံးဖွင့်ပြီး မေးလိုက်ပါတယ် “ဘာတာဝန်လဲ”

“နတ်ဆိုးသူတော်စင်ကို သတ်ရမှာ၊ မင်း သတ်ရဲလား” ဓားနတ်ဧကရာဇ်ဟာ စုချီရဲ့ မခံချင်စိတ်ကို နိုးဆွချင်တာကြောင့် အထင်သေးတဲ့ လေသံနဲ့ ငုံ့ကြည့်ပြီး ပြောလိုက်ပါတယ်။

“ကျွန်တော် မသတ်ရဲဘူး”

စုချီအဖြေကြောင့် ဓားနတ်ဧကရာဇ်ဟာ ပါးစပ်ပိတ်သွားပါတယ်။

စုချီက စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘မင်းက ငါ့ကို အရူးထင်နေတာလား၊ နတ်ဆိုးသူတော်စင်ကို သွားသတ်ရအောင် ဆရာသခင်က ငါ့ကို လျှို့ဝှက်ကာကွယ်ပေးနေတာ မဟုတ်ဘူး၊ ငါ သေသွားရင် ဘယ်လိုလုပ်မလဲ’

‘ဘာပဲဖြစ်ဖြစ် ဆရာသခင်က ငါ့ကို ရှန်နန်းတော်မှာပဲ နေခိုင်းတာဆိုတော့ တစ်ခြားဘယ်မှမသွားတာ အကောင်းဆုံးပဲ’

စုချီဟာ တဟွမ်အဂ္ဂပြည်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီးကတည်းက သူ့ဆရာသခင်ရဲ့ ကြိုးစားအားထုတ်မှုတွေကို နားလည်သွားပါတယ်။

“မင်း နတ်ဆိုးသူတော်စင်ကို မသတ်နိုင်ရင်လည်း နတ်ဆိုးဘုရင်ကို သွားသတ်ချည်” ဓားနတ်ဧကရာဇ်ဟာ ဒေါသကို အတက်နိုင်ဆုံး ထိန်းချုပ်ပြီး ပြောလိုက်ပါတယ်။

စုချီက ခေါင်းခါလိုက်ပါတယ် “မသတ်ချင်ဘူး... အဲဒါက အရမ်းအန္တရာယ်များတယ်၊ ကျွန်တော် အေးအေးဆေးဆေးပဲ ကျင့်ကြံအားထုတ်ချင်တယ်၊ ရှန်နန်းတော်က တပည့်သစ်တွေကို ဘာတာဝန်မှ မခိုင်းဘူး ဟုတ်တယ်မလား”

ရှန်နန်းတော်မှာ ပါရမီရှင်တွေ အများကြီး ရှိနေတာကလည်း ဒီအကြောင်းကြောင့်ပါပဲ။ ရှန်းနန်းတော်ဟာ ကိစ္စကြီးကြီးမားမား မရှိရင် တပည့်သစ်တွေကို ဝာာဝန်ပေးအပ်လေ့မရှိပါဘူး။ တပည့်သစ်တွေဟာ တာဝန်ထမ်းဆောင်ချင်တယ်ဆိုရင်တော့ သူတို့ရဲ့တပည့်သစ်အဆင့်ကနေ လွတ်အောင် အရင်ဆုံး လုပ်ရပါတယ်။

စုချီဟာ ဓားနတ်ဧကရာဇ်ကြောင့် အပြင်တစ်ခါ ထွက်ခဲ့ရပြီးပြီမို့ ဒီတစ်ခါ ငြင်းပယ်တာက ကျိုးကြောင်းဆီလျော်တယ်လို့ ခံယူထားပါတယ်။

ဓားနတ်ဧကရာဇ်ဟာ စုချီစကားကြောင့် မျက်မှောင်ကြုတ်သွားပြီး ဘာမှထပ်မပြောတော့ဘဲ လှည့်ထွက်သွားပါတယ်။

စုချီဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ဆက်လက်ကျင့်ကြံပါတယ်။

‘ငါက မဟာညီညွတ်မှု အင်မော်တယ်စစ် ဖြစ်ခါနီးပြီ၊ ဆရာသခင်သာ ဒီအကြောင်းကိုသိရင် ကျိန်းသေပေါက် ပျော်သွားမှာပဲ၊ အခုဆိုရင် ငါ့ကျင့်ကြံမှုက ဆရာသခင်လက်အောက်မှာ နံပါတစ် ဖြစ်နေလောက်ပြီ’ စုချီဟာ သူ့အတွေးနဲ့သူ ပျော်ရွှင်သွားပြီး ရုတ်တရက်ဆိုသလို ဝီရိယတောင်ကို သတိရသွားပါတယ်။

စုချီဟာ ရွှေအင်မော်တယ် ဖြစ်လာမှ ဝီရိယတောင်ကိုပြန်ပြီး သူ့ဆရာသခင်ကို ပါးစပ်အဟောင်းသား ဖြစ်သွားအောင် လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

‘အနာဂတ်မှာ ငါက ဝီရိယတောင်ရဲ့ ထောက်တိုင်ကြီး ဖြစ်လာရမယ်’

ဒီလိုနဲ့ နောက်ထပ်ဆယ်နှစ် ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး နတ်ဆိုးဧကရာဇ်ကို ကျိန်စာတိုက်ပါတယ်။ အခုအချိန်မှာ ဟန်ကျွယ် ကျိန်စာတိုက်ရမဲ့လူက နတ်ဆိုးဧကရာဇ်တစ်ပါးပဲ ရှိပါတော့တယ်။ ဒါပေမဲ့ ဟန်ကျွယ်ကျင့်ကြံမှုအဆင့်နဲ့ နတ်ဆိုးဧကရာဇ်ကို သေအောင် ကျိန်စာတိုက်ဖို့က မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အနည်းဆုံး စိတ်အနှောင့်အယှက်တော့ ကောင်းကောင်းကြီး ပေးနိုင်ပါတယ်။

ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် နတ်ဆိုးမျိုးနွယ်စုမှ အင်မော်တယ်ဧကရာဇ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၅

[သင့်မိတ်ဆွေ နတ်အရှင်ဝူသယ်သည် နတ်ဆိုးသူတော်စင်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်တပည့်စုချီသည် ကြမ္မာဆိုးကို ဖြန့်ကျက်ခဲ့သော်လည်း ရှန်နန်းတော်အား သက်ရောက်မှုမရှိချေ။ ထို့ကြောင့် စုချီ၏ နတ်အစွမ်းသည် စတင်တိုးတက်လာ၏။]

[သင့်မြေးတပည့် မုရုံချီသည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၂၃၉၈၇၄

[သင့်မိတ်ဆွေ ထိုက်စုတျန်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးနှင့် တာအိုအကြောင်း ဆွေးနွေးပြီး ကံတရား မဟာတာအိုအား သိမြင်နားလည်သွား၏။]

[သင့်မိတ်ဆွေ သိဟုန်ယဲ့သည် အင်မော်တယ်ကမ္ဘာမှ ထွက်ခွာပြီး အချိန်မြစ်ထဲသို့ ဝင်ရောက်သွား၏။]

[သင့်မိတ်ဆွေ ကျန်းယဲ့သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ရုပ်ခန္ဓာ ပျက်စီးသွားသော်လည်း ကံကောင်းထောက်မစွာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ ကယ်တင်ခြင်းကို ခံလိုက်ရသည်။]

[သင့်မိတ်ဆွေ ကျန်းကူရှင်းသည် ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်ပြီး ဓားတာအိုနှလုံးသား ကြီးထွားလာ၏။]

‘ကောင်းကင်ရုံးတော်နဲ့ နတ်ဆိုးရုံးတော်က တကယ်ကြီး စစ်ဖြစ်ကြတာပဲ’

ဟန်ကျွယ်ဟာ သူ့အစ်ကိုတော် ကျန်းကူရှင်း ခန္ဓာပြန်ရတာ သတိထားမိလိုက်တဲ့အတွက် လူမှုဆက်ဆံရေးထဲဝင်ပြီး စစ်ဆေးလိုက်တဲ့အခါ ပဥ္စမအဆင့် အင်မော်တယ်ဧကရာဇ် ဖြစ်နေမှန်း တွေ့လိုက်ရပါတယ်။

ဟန်ကျွယ်ဟာ သူ့အစ်ကိုတော်က မရိုးရှင်းဘူးလို့ ခံစားခဲ့ရပေမဲ့ အခုလောက်ကြီး စွမ်းအားကြီးလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

‘ငါ့အစ်ကိုတော်က အင်အားကြီးလာတော့မှာပဲ၊ ဒါ ငါကြောင့်များလား’

ဟန်ကျွယ်ဟာ ယွီတျန်ပေါင်ကို သေတဲ့အထိ ကျိန်စာမတိုက်ပါဘူး။ ဒါပေမဲ့ အကြိမ်များစွာ ကျိန်စာတိုက်ခဲ့တာကြောင့် ယွီတျန်ပေါင်တစ်ယောက် စိတ်အခြေအနေ ပျက်ယွင်းနေမှာတော့ သေချာပါတယ်။ ယွီတျန်ပေါင်က သူ့ကို တစ်စက်မှ မမုန်းတဲ့အတွက် ဟန်ကျွယ်ဟာ ယွီတျန်ပေါင်ကို သေအောင်ကျိန်စာ မတိုက်ချင်ပါဘူး။ ဘာပဲဖြစ်ဖြစ် စည်းလေးထားတာ ပိုကောင်းတယ် မဟုတ်ပါလော။

ဒါ့အပြင် ဟန်ကျွယ်ဟာ ယွီတျန်ပေါင်ကို ကျန်းကူရှင်း ကိုယ်တိုင်သတ်ဖို့ ချန်ထားပေးတာလည်း ပါပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ စာအိတ်တွေကို ဆက်စစ်ဆေးတဲ့အခါ ကောင်းကင်ရုံးတော်က ကောင်းကင်စစ်သူကြီး အကုန်လုံးနီးပါး တိုက်ခိုက်ခံရတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်နဲ့ နတ်ဆိုးရုံးတော်ရဲ့ စစ်ပွဲကြောင့် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပြီး အင်မော်တယ်ဧကရာဇ် ဒုတိယအဆင့်ကို တက်လှမ်းဖို့ အမြန်ကြိုးစား ကျင့်ကြံပါတယ်။

ဒီအချိန်မှာပဲ ဝူတောက်ကျန့်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲဝင်လာပြီး ဟန်ကျွယ်ရှေ့မှာရပ်ကာ လေးလေးစားစား ပြောလိုက်ပါတယ် “သခင်... ပဋိပက္ခကောင်းကင်ခွေး ပြန်လာပြီ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters