← Chapters

ကောင်းကင်ဧကရာဇ်၏ ဖဲချပ်တစ်ချပ်၊ နွေဦးမြစ်တွင် ငါးမျှားသူ

Vol. 22 Ch. 269

ကောင်းကင်ဧကရာဇ်၏ ဖဲချပ်တစ်ချပ်၊ နွေဦးမြစ်တွင် ငါးမျှားသူ

Vol. 22 Ch. 269

ငါးနှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးပွင့်လာပြီး ထုန်ကျန့်ကမ္ဘားနားက ထိပ်သီးကျင့်ကြံသူတွေကို စစ်ဆေးလိုက်ပါတယ်။

ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ရှေ့မှာ အသိပေးချက် ပေါ်လာပါတယ်။

[ငရဲနက်နတ်ဆိုးသခင်: အင်မော်တယ်ဧကရာဇ် ပဥ္စမအဆင့်၊ နတ်ဆိုးရုံးတော်၏ နတ်ဆိုးသခင်ဖြစ်သည်။]

‘အား... ပဥ္စမအဆင့် အင်မော်တယ်ဧကရာဇ်လား’

ဟန်ကျွယ်ဟာ မျက်လုံးပြူးသွားပြီး တုန်လှုပ်‌ ချောက်ချားသွားပါတယ် ‘ဒီကောင်က တော်တော်စွမ်းအားကြီးတာပဲ’ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို အလိုလို ထုတ်ယူမိလျက်သား ဖြစ်သွားပါတယ်။

‘နေအုန်း... ဒီကောင်က ယွီဂျင်ဂိုဏ်းတော်ကြီးထဲမှာပဲ’ ဟန်ကျွယ်ဟာ တစ်ဖက်လူကို နှောင့်ယှက်မိမှာစိုးတဲ့အတွက် အလျင်စလို မလုပ်ရဲပါဘူး ‘ငရဲနက်နတ်ဆိုးသခင်နဲ့ ငရဲနက်... နာမည်ချင်းက ဆင်တူနေတယ်... ဒီကောင်က ငရဲကြက်နက်နဲ့ ဆက်နွှယ်နေတာလား’

ဟန်ကျွယ်ဟာ အတွေးတွေကို ရှင်းထုတ်လိုက်ပြီး အသွင်တူလက်ရည်စမ်းပွဲထဲဝင်ကာ ငရဲနက်နတ်ဆိုးသခင်နဲ့ တိုက်ခိုက်ပါတယ်။ အချိန်အတန်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးပွင့်လာပြီး မျက်နှာတစ်ခုလုံး တည်ကြည်လေးနက်သွားပါတယ်။

ဟန်ကျွယ်ဟာ ငရဲနက်နတ်ဆိုးသခင်ကို မသတ်နိုင်ခဲ့ပါဘူး။ အင်မော်တယ်ဧကရာဇ် ပဥ္စမအဆင့်က တော်တော်လေးကို စွမ်းအားကြီးတာပါ။ ဟန်ကျွယ်ဟာ အစွမ်းကုန်ထုတ်သုံးပြီး တိုက်ခိုက်တာတောင် ငရဲနက်နတ်ဆိုးသခင်နဲ့ ယှဉ်တိုက်နိုင်ရုံလေးပဲ ရှိပါတယ်။

ဟန်ကျွယ်ဟာ ငရဲနက်နတ်ဆိုးသခင်က အလစ်တိုက်ခိုက်မှာကို စိုးရိမ်တဲ့အတွက် အသွင်တူလက်ရည်စမ်းပွဲထဲမှာ အကြာကြီးမနေဘဲ ပြန်ထွက်လာတာ ဖြစ်ပါတယ်။ အင်မော်တယ်ဧကရာဇ်တွေရဲ့ စွမ်းအားက သူမသာ ကိုယ်မသာရှိမယ်ဆိုရင် သူတို့တိုက်ပွဲက နှစ်ရာချီကြာတောင် ပြီးမှာမဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ငရဲနက်နတ်ဆိုးသခင်ကို တစ်ချက်တည်း မသတ်နိုင်တာကြောင့် စိုးရိမ်စိတ်တွေ ဝင်လာပါတယ် ‘ငါ ဘာလုပ်သင့်လဲ၊ ထွက်ပြေးရမလား၊ ထွက်ပြေးရင် ဘယ်ကိုပြေးရမလဲ...’

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူကာ တိထိုက်ပိုင်နဲ့ ဆက်သွယ်လိုက်ပါတယ်။ ဒါပေမဲ့ အချိန်အတန်ကြာတဲ့အထိ တိထိုက်ပိုင်နဲ့ မဆက်သွယ်မိပါဘူး။

ဟန်ကျွယ်လည်း ရွေးချယ်စရာမရှိဘဲ ဝူတောက်ကျန့်ကို အပြင်ဘက်မောင်းထုတ်ပြီး ကောင်းကင်ဧကရာဇ်နာမည်ကို တလိုက်ပါတယ်။ ဒီလိုနဲ့ အတန်ကြာတဲ့အခါမှာတော့ ကောင်းကင်ဧကရာဇ်ရဲ့အသံ ထွက်ပေါ်လာပါတယ်။

“ဘာကိစ္စလဲ”

ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို ငရဲနက်နတ်ဆိုးသခင်အကြောင်း ပြောပြလိုက်ပါတယ်။

“ငရဲနက်နတ်ဆိုးသခင်က တကယ်ရောက်လာတာပဲ၊ မင်းစိုးရိမ်စရာ မလိုဘူး၊ မင်း ကြက်တစ်ကောင် မွေးထားတယ်မလား”

ကောင်းကင်ဧကရာဇ်ရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ မှင်သက်အံဩသွားပါတယ် ‘ကောင်းကင်ဧကရာဇ်က ဘယ်လိုလုပ်ပြီး သိနေတာလား၊ ဖြစ်နိုင်တာဆိုလို့...’

ကောင်းကင်ဧကရာဇ်က ဆက်ပြောပါတယ် “ဟုတ်တယ်၊ ငါ ငရဲနက်နတ်ဆိုးသခင်ကို ထိန်းချုပ်ဖို့အတွက် အဲဒီကြက်ကို စီစဉ်ထားတာ၊ မင်း သူတို့နှစ်ယောက်ကို တွေ့ဆုံဖို့ အခွင့်အရေးပေးလိုက်”

ဟန်ကျွယ်ဟာ အလွန်တရာ အံအားသင့်သွားပြီး သိချင်စိတ်ကို မမြိုသိပ်နိုင်ဘဲ မေးလိုက်ပါတယ် “အရှင်မင်းကြီးက ဒီလိုမျိုးထောင်ချောက်တွေ ဘယ်လောက်တောင် ဆင်ထားတာလဲ”

“ဒါက ထောင်ချောက်မဟုတ်ဘူး၊ ငရဲနက်ဖီးနစ်မျိုးနွယ်စုကို မျက်နှာသာ နည်းနည်းပေးတာ၊ ငါလည်း ဒီဖဲချပ်က အသုံးဝင်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး၊ အခုလို အခြေအနေ ရောက်လာတာက ကံတရားကြောင့်ပဲ”

ကောင်းကင်ဧကရာဇ်ရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ အတန်ကြာ တိတ်ဆိတ်သွားပြီးမှ မနေနိုင်ဘဲ မေးလိုက်ပါတယ် “ကျွန်တော်နားမှာ ဒီလိုမျိုးဟာတွေ နောက်ထပ်ရှိသေးလား”

“ရှိသေးတယ်”

ကောင်းကင်ဧကရာဇ်ရဲ့ အဖြေကြောင့် ဟန်ကျွယ်ဟာ နှလုံးခုန် မြန်သွားပါတယ်။

“အဲဒါ ဟောင်အာပဲ၊ တကယ်တော့ မင်းအများကြီး တွေးစရာမလိုဘူး၊ သူတို့ကို မင်းပဲ အရင်ဆုံး လက်ခံခဲ့တာလေ၊ မင်းလက်ခံလာအောင် ငါလုပ်ခဲ့တာ မဟုတ်ဘူး၊ မင်းက သူတို့ရဲ့ ဇစ်မြစ်ကို ထိုးဖောက်မြင်နိုင်တဲ့ပုံပဲ၊ မင်း ဘယ်လိုမြင်နိုင်လဲဆိုတာ ငါလည်း အရမ်းစိတ်ဝင်စားတယ်” ကောင်းကင်ဧကရာဇ်ဟာ အပြုံးနဲ့ စလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကသိကအောက် ဖြစ်သွားပါတယ်။

“တော်ပြီ... ငါ့မှာ နတ်ဆိုးဧကရာဇ်နဲ့ ဖြေရှင်းစရာ ရှိသေးတယ်”

အဲဒီနောက် ကောင်းကင်ဧကရာဇ်ရဲ့အသံဟာ လုံးဝတိတ်ဆိတ်သွားပါတယ်။

ဟန်ကျွယ်လည်း အမြန်ဦးညွှတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လိုက်ပြီး ငရဲကြက်နက်ကို ယွီဂျင်ဂိုဏ်းတော်ကြီး သွားလည်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။

ငရဲကြက်နက်ဟာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေပြီး ဟန်ကျွယ်ကို သူ့ကိုလျှော့တွက်တယ်လို့တောင် တွေးမိလိုက်ပါတယ်။ ဒါပေမဲ့ ဝီရိယတောင်ကို ထွက်ခွာပြီးတဲ့နောက် ငရဲကြက်နက်ရဲ့ ခန္ဓာကိုယ်ဟာ တုန်ယင်လာပါတယ်။

‘ဒီကောင်က တကယ်ကို လူကြောက်နေတာပဲ’

ဟန်ကျွယ်ဟာ ငရဲကြက်နက်ကို ဆက်ပြီးတော့ ဂရုမစိုက်ဘဲ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ဝင်သွားပါတယ်။

ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ တပည့်တွေဟာ ငရဲကြက်နက်ကို အထူးအဆန်းသဖွယ် ဝိုင်းကြည့်ကြပါတယ်။ ဒီလောက် ကြီးမားတဲ့ကြက်ကို သူတို့တွေ တစ်ခါမှ မမြင်ဖူးတော့ ဒီလိုဝိုင်းကြည့်ကြတာလည်း ဆန်းတော့ မဆန်းပါဘူး။

ငရဲကြက်နက်ဟာ ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ အတွင်းစည်းမြို့က လမ်းမပေါ်မှာ ဝင့်ကြွားစွာ လမ်းလျှောက်နေပေမဲ့ စိတ်ထဲမှာတော့ တော်‌တော်လေး ရင်ထိတ်နေတာပါ။

‘သခင်က ငါ့ကို စောင့်ကြည့်နေလောက်တယ်၊ ငါ ကြောက်တဲ့ပုံစံ လုံးဝပြလို့ မဖြစ်ဘူး... ဟိုခွေးစုတ်တောင် လုပ်နိုင်သေးတာပဲ၊ ငါက ဘာလို့ မလုပ်နိုင်ရမှာလဲ’ ငရဲကြက်နက်ဟာ သူ့ကိုယ်သူ အားပေးလိုက်ပါတယ်။

ဒီအချိန်မှာပဲ ငရဲကြက်နက်ဟာ တပည့်တစ်ယောက်နဲ့ ဝင်တိုက်မိပါတယ်။

“မင်းမှာ မျက်လုံးမပါဘူးလား၊ လမ်းကို ဘယ်လို လျှောက်နေတာလဲ၊ ငါ့တောင်ပံနဲ့ မင်းကို ရိုက်သတ်လို့ရတယ် နားလည်လား”

ငရဲကြက်နက်ဟာ သူ့နဲ့ဝင်တိုက်တဲ့တပည့်ကို စိန်းစိန်းဝါးဝါးကြည့်ပြီး ဒေါသတကြီး ကြိမ်းမောင်းလိုက်ပေမဲ့ နှလုံးခုန်သံက တော်တော်ကို မြန်လာပါတယ်။

ငရဲကြက်နက်နဲ့ ဝင်တိုက်တဲ့တပည့်ဟာ ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ရှည်လျားတဲ့ ဆံပင် ချောမောတဲ့မျက်နှာနဲ့ ရက်စက်တဲ့အသွင် ရှိပါတယ်။ တစ်ချက်ကြည့်ရုံနဲ့ လူကောင်း မဟုတ်မှန်း သိသာလှပါတယ်။

“ဘာကြည့်နေတာလဲ”

ငရဲကြက်နက် မြေလျှောက်အင်မော်တယ်မို့ သာမန်သေမျိုးတပည့်တစ်ယောက်ကို လုံးဝ မကြောက်ပါဘူး။

မိစ္ဆာပုံစံရှိတဲ့ တပည့်က ငရဲကြက်နက်ကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “မင်း အရင်ဘဝကို မှတ်မိသေးလား”

“မှတ်မိတာပေါ့၊ ငါက ဖီးနစ်ပဲ”

ငရဲကြက်နက်ရဲ့အဖြေကြောင့် မိစ္ဆာပုံစံရှိတဲ့ တပည့်ဟာ မျက်မှောင်ကြုတ်သွားပြီး ငရဲကြက်နက်ကို စိုက်ကြည့်လိုက်ပါတယ်။ ဒီအကြည့်ကြောင့် ငရဲကြက်နက်ြဟာ စိတ်ထဲ မသက်မသာ ဖြစ်သွားပါတယ်။

“ဘာကြည့်နေတာလဲ... ဖယ်စမ်း... လမ်းမပိတ်နဲ့...”

ငရဲကြက်နက်ဟာ ပြောပြောဆိုဆို မိစ္ဆာပုံစံရှိတဲ့ တပည့်ကိ ရှောင်ကွင်းပြီး ရှေ့ဆက်လျှောက်သွားပါတယ်။ မိစ္ဆာပုံစံရှိတဲ့ တပည့်ကတော့ ငရဲကြက်နက်ရဲ့ နောက်ကျောကို အေးစက်စွာ စိုက်ကြည့်လိုက်ပါတယ်။

ဒီလိုနဲ့ အချိန်တွေ ကုန်ဆုံးသွားလိုက်တာ ၁၀ နှစ်တာက မျက်စိတ်တမှိတ်ပါပဲ။

ငရဲနက်နတ်ဆိုးသခင်ဟာ ဝီရိယတောင်ကို မတိုက်ခိုက်သလို ဟန်ကျွယ်ကိုလည်း လာမရှာပါဘူး။ ဒါပေမဲ့ ငရဲကြက်နက်ကတော့ ယွီဂျင်ဂိုဏ်းတော်ကြီးဆီ သွားလည်ရတာကို အတော်ကြိုက်လာပါတယ်။ ငရဲကြက်နက် ဒီလိုဖြစ်လာတာက ငရဲနက်နတ်ဆိုးသခင်ကြောင့်မှန်း ဟန်ကျွယ် ခန့်မှန်းမိပါတယ်။

ဒါပေမဲ့ ဟန်ကျွယ်ဟာ သတိမလျှော့ဘဲ ငရဲနက်နတ်ဆိုးသခင်ကို အမြဲတမ်း စောင့်ကြည့်ပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရွှေဂဠုန်နတ်ဆိုးသခင်ကို ကျိန်စာတိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ စာအိတ်တွေဖွင့်ပြီး စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် သင့်ရန်သူ နတ်ဆိုးဧကရာဇ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် နတ်ဆိုးမျိုးနွယ်စုမှ အင်မော်တယ်ဧကရာဇ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၂၇

[သင့်မြေးတပည့် မုရုံချီသည် နတ်ဆိုးသူတော်စင်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသော်လည်း ကံကောင်းထောက်မစွာပင် ကောင်းကင်ရုံးတော်မှ အင်မော်တယ်ဧကရာဇ်တစ်ပါး၏ ကယ်တင်ခြင်းကို ခံလိုက်ရသည်။]

[သင့်မြေးတပည့်ဖန်းလျန်သည် သေမျိုးကမ္ဘာမှ ထွက်ခွာသွား၏။]

[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် သင့်ရန်သူ လီရွှမ်အောက်နှင့် မတော်တဆ တွေ့ဆုံမိပြီး လီရွှမ်အောက်၏ ညွှန်ပြမှုကြောင့် ဓားတာအို များစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် ယင်ယန်ဆန်းကြယ်စွမ်းအားကို သိမြင်နားလည်ပြီး ကံတရား အ‌ထောက်အပံ့ များစွာ တိုးတက်သွား၏။]

[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် ရှေးဟောင်းနဂါးနန်းတော်သို့ မတော်တဆ ဝင်ရောက်မိသွား၏။]

[သင့်မိတ်ဆွေ ပန်ရှင်းသည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

‘တိုက်ပွဲက ပြင်းလှချည်လား... ကောင်းကင်ဧကရာဇ်တောင် ဝင်တိုက်တယ်ဆိုတော့ နတ်ဆိုးဧကရာဇ်လေးတော့ သွားပါပြီ... ကျွတ်..ကျွတ်...”

ကောင်းကင်ရုံးတော်နဲ့ ဗုဒ္ဓဂိုဏ်းရဲ့ တိုက်ခိုက်မှုကို ခုခံဖို့ဆိုတာက နတ်ဆိုးရုံးတော်အတွက် အ‌တော်လေးခက်ခဲတဲ့ကိစ္စပါ။ အခုအချိန်မှာသာ ရှန်နန်းတော်က နတ်ဆိုးရုံးတော်ကို ထပ်တိုက်လိုက်မယ်ဆိုရင် နတ်ဆိုးရုံးတော်က ဇာတ်သိမ်းခန်း ရောက်သွားမှာပါ။

ဟန်ကျွယ်ဟာ ပန်ရှင်းတစ်ယောက် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ရဲ့ တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရသွားတာကိုလည်း သတိထားမိသွားပါတယ် ‘ဒီလူက လျှို့ဝှက်ဆန်းကြယ်တဲ့ အနန္တကပ်ဘေးသခင်လား’

ဟန်ကျွယ်ဟာ လျူပေ့နဲ့ ဆက်သွယ်ကြည့်တဲ့အခါမှာတော့ ပန်ရှင်း ထွက်သွားပြီဖြစ်ကြောင်း သိလိုက်ရပါတယ်။ ပန်ရှင်း ထွက်သွားတာက ဟန်ကျွယ်အတွက်တော့ သတင်းကောင်းတစ်ခုပါ။ ပန်ရှင်းက သူ့ကို ဆန်းကြယ်စွမ်းအား သင်ပေးခဲ့တယ်ဆိုပေမဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ မတက်ချင်တဲ့အတွက် ဟန်ကျွယ်ဟာ ပန်ရှင်းနဲ့ သိပ်မဆက်ဆံချင်ပါဘူး။

စာအိတ်တွေလည်း ဖတ်လို့ကုန်သွားပြီး ကျိန်စာလည်း တိုက်လို့ပြီးသွားတဲ့အခါမှာ ဟန်ကျွယ်ဟာ စတွေးတောပါတော့တယ်။

‘အနန္တကပ်ဘေးက စတင်လာပြီ၊ ငါ ဒီအတိုင်းနေလို့ မဖြစ်သေးဘူး၊ ပုန်းဖို့နေရာ ရှာရမယ်၊ စဉ်းစားစမ်း... စဉ်းစားစမ်း... ငါ ပုန်းဖို့ နေရာတစ်ခုတော့ ရှိမှာပါ’

‘ဟုတ်ပြီ... ဓားတာအိုမြစ်က ထင်သလောက် မလုံခြုံဘူးဆိုတော့ ငရဲပြည်သွားပုန်းရင်ရော၊ ငရဲပြည်မှာ မိစ္ဆာမျိုးနွယ်စုနဲ့ မှော်မျိုးနွယ်စုတွေတောင် ပုန်းအောင်းနေကြတာပဲ’

ဟန်ကျွယ်ဟာ သူ့အကြံကို အကောင်အထည်ဖော်ဖို့အတွက် နယ်မြေစူးစမ်းရေး အရင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီလိုနဲ့ ဆယ်ရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ပဓာနဝိညာဉ်ဟာ ငရဲပြည်ကို တိုက်ရိုက် ခုန်ဆင်းသွားပါတယ်။ ဟန်ကျွယ်ဟာ သူ့ရောင်ဝါကို သိမ်းဆည်းပြီး မုန့်ပေါ်ကို လိုက်မရှာဘဲ ငရဲပြည်ကို လျှောက်ကြည့်ပါတယ်။

ငရဲပြည်ဟာ ထာရဝညလို အမှောင်ထုက အဆုံးမရှိပါဘူး။ သက်ရှိလည်း တစ်ယောက်မှ မရှိပါဘူး။ သရဲတွေနဲ့‌တော့ တစ်ခါတစ်ခါ တိုးမိပါတယ်။

ဟန်ကျွယ်ဟာ ရှေ့ဆက်သွားပြီး ပတ်ဝန်းကျင်ကို နတ်အာရုံနဲ့ စစ်ဆေးလိုက်ပါတယ်။ လမ်းတစ်လျှောက် ကင်းလှည့်နေတဲ့ သရဲစစ်သားတွေကိုလည်း ဟန်ကျွယ် တွေ့ရပါတယ်။ သရဲစစ်သားတွေဟာ ဟန်ကျွယ်ရဲ့ နတ်အာရုံထဲမှာ ထင်ထင်ရှားရှားကြီးကို ပေါ်လာတာပါ။ သူတို့တွေဟာ အတိဒုက္ခဖြတ်ကျော်အဆင့်နဲ့ ကောင်းကင်ဘုံဝင်အဆင့်သာ ရှိတာကြောင့် ဟန်ကျွယ်ရဲ့ နတ်အာရုံကနေ ဘယ်လိုမှ ပြေးမလွတ်ပါဘူး။

ဒီလိုနဲ့ လေးငါးခြောက်နာရီ အကြာမှာတော့ ဟန်ကျွယ် နွေဦးမြစ်ဘေးကို ရောက်လာပါတယ်။ နွေဦးမြစ်ဟာ အလွန်ကြီးပြီး အဆုံးမရှိတဲ့ ပင်လယ်လိုပါပဲ။ ဟန်ကျွယ်ဟာ ရပ်တန့်လိုက်ပြီး ရှေ့နားက ပုဂ္ဂိုလ်တစ်ယောက်ကို လှမ်းကြည့်လိုက်ပါတယ်။ ဒီပုဂ္ဂိုလ်ဟာ မိုးကာဝတ်ရုံကို ဝတ်ဆင်ထားပြီး ငါးမျှားနေပုံပါပဲ။

‘နွေဦးမြစ်မှာ ငါးမျှားနေတာလား’ ဟန်ကျွယ်ဟာ ထူးဆန်းသွားပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာက တစ်ဖက်လူရဲ့ ကျင့်ကြံမှုကို မမြင်နိုင်တာပါပဲ ‘ဒီပုဂ္ဂိုလ်က စွမ်းအားကြီးပုဂ္ဂိုလ်များလား’ ဟန်ကျွယ်ဟာ ဒီပုဂ္ဂိုလ်ကို ရှောင်ကွင်းသွားဖို့ ပြင်လိုက်ပါတယ်။

“လွမ်ဟွေအင်မော်တယ်ဧကရာဇ်... နောက်ဆုံးတော့ မင်းရောက်လာပြီပဲ” မိုးကာဝတ်ရုံနဲ့လူ ရုတ်တရက် ပြောလိုက်တဲ့ စကားကြောင့် ဟန်ကျွယ်ရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters