← Chapters

တိတ်ဆိတ်ကျွန်း၊ အရူးအမူး နတ်ဆိုးရုံးတော်

Vol. 22 Ch. 270

တိတ်ဆိတ်ကျွန်း၊ အရူးအမူး နတ်ဆိုးရုံးတော်

Vol. 22 Ch. 270

‘လွမ်ဟွေအင်မော်တယ်ဧကရာဇ်... ဒီလူ လူမှားနေပြီနဲ့ တူတယ်’ ဟန်ကျွယ်ဟာ မိုးကာဝတ်ရုံနဲ့လူကို ကြည့်ပြီး အတွေးနက်သွားပါတယ်။

“နှစ်တစ်သန်းတောင် ကြာခဲ့ပြီ၊ နောက်ဆုံးတော့ မင်းရောက်လာခဲ့ပြီပဲ၊ ငါလိုချင်တာ ဘယ်မှာလဲ” မိုးကာဝတ်ရုံနဲ့လူဟာ ဟန်ကျွယ်ကို လှည့်မကြည့်ဘဲ မေးလိုက်ပါတယ်။

ဟန်ကျွယ်ကလည်း တည်ငြိမ်တဲ့လေသံနဲ့ ပြန်မေးလိုက်ပါတယ် “ငါလိုချင်တာကရော...”

မိုးကာဝတ်ရုံနဲ့လူဟာ ငါးမျှားတံကိုဆွဲမလိုက်ပြီး အင်္ကျီလက်စထဲမှာ သိမ်းဆည်းကာ ဟန်ကျွယ်ကို လှည့်ကြည့်လိုက်ပါတယ် “မင်းလိုချင်တာကို ငါရထားပြီးပြီ၊ ငါလိုချင်တာဟာရော ဘယ်လိုလဲ...”

‘သတိကြီးသားပဲ’

“ဒီဟာက ရှုပ်ထွေးတယ်၊ အနန္တကပ်ဘေးကလည်း လာနေပြီဆိုတော့ မင်း ဘာလုပ်ချင်လဲဆိုတာ ငါသိဖို့ လိုတယ်”

မိုးကာဝတ်ရုံနဲ့လူဟာ တိတ်ဆိတ်သွားပြီး ဟန်ကျွယ်ကို မော့ကြည့်လိုက်ပါတယ်။ မိုးကာဦးထုပ်အုပ်က သရဲနဲ့တူတဲ့ သူ့မျက်လုံးတွေဟာ အလွန်ထူးဆန်းပြီး အရမ်းကြောက်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ကတော့ ဟန်မပျက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ဟာ တစ်ဖက်လူရဲ့ ကျင့်ကြံမှုကို မမြင်နိုင်ပေမဲ့ တစ်ဖက်လူဆီကနေ ဘာအန္တရာယ်အငွေ့အသက်ကိုမှ မခံစားရလို့ပါပဲ။

မိုးကာဝတ်ရုံနဲ့လူက ပြောလိုက်ပါတယ် “ကလဲ့စားချေဖို့လို့ ငါ ပြောပြီးပြီပဲ”

‘ဘယ်သူ့ကို ကလဲ့စားချေမှာလဲ’ ဟန်ကျွယ်ဟာ သိချင်သွားပေမဲ့ ထုတ်မမေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လွမ်ဟွေအင်မော်တယ်ဧကရာဇ်နဲ့ မိုးကာဝတ်ရုံနဲ့လူက ဒီအကြောင်းကို ပြောထားပြီးပြီဆိုရင် အလိမ်ပေါ်သွားမှာကို စိုးရိမ်လို့ပါပဲ။

“လွမ်ဟွေအင်မော်တယ်ဧကရာဇ်... မင်းက ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းချင်တာလား၊ မင်းရဲ့ အစီအစဉ်ကြီးကို လက်လျှော့လိုက်ပြီလား”

ဟန်ကျွယ်ဟာ မိုးကာဝတ်ရုံနဲ့လူရဲ့ စကားထဲက အစီအစဉ်ကြီးဆိုတဲ့ စကားလုံးကို ကြားလိုက်ရတဲ့အခါမှာ ဒီကိစ္စထဲ ထပ်ပြီး ဝင်မပါသင့်တော့မှန်း သိလိုက်ပါတယ်။ ဟန်ကျွယ်ဟာ အခြေအနေကို အခွင့်ကောင်းယူချင်ပေမဲ့ တစ်ခုခုမှားနေပြီဆိုတာကို သတိထားမိလိုက်ပါတယ်။

‘ထားလိုက်ပါတော့... ငါက ပုန်းဖို့နေရာ လာရှာတာ၊ ပြဿနာမရှာတာပဲ ကောင်းပါတယ်လေ’

“နည်းနည်းထပ်စောင့်အုန်း၊ ငါ မကြာခင် မင်းကို လာရှာမယ်” စကားဆုံးမှာပဲ ဟန်ကျွယ်ဟာ လှည့်ထွက်လိုက်ပါတယ်။

“နေပါအုန်း... လွမ်ဟွေအင်မော်တယ်ဧကရာဇ်၊ ကျုပ်က ခင်ဗျားကို ခြိမ်းခြောက်နေတာ မဟုတ်ပါဘူး”

မိုးကာဝတ်ရုံနဲ့လူဟာ အလန့်တကြား ဖြစ်သွားပြီး ဟန်ကျွယ်နောက်ကို ပြေးလိုက်ပါတယ်။ ဟန်ကျွယ်လည်း အရှိန်တင်ပြီး ပြေးပါတယ်။ မိုးကာဝတ်ရုံနဲ့လူဟာ နတ်အရိပ်သိုင်း တတ်မြောက်ထားတဲ့ ဟန်ကျွယ်ကို ဘယ်လိုမှ လိုက်မမီတာကြောင့် ပြတ်ကျန်နေခဲ့ပါတယ်။

ဟန်ကျွယ်ဟာ ရှေ့ဆက်သွားရင်း စဉ်းစားလိုက်ပါတယ် ‘လွမ်ဟွေအင်မော်တယ်ဧကရာဇ်က ဘာစီစဉ်နေတာလဲ’ ဟန်ကျွယ်ဟာ လွမ်ဟွေအင်မော်တယ်ဧကရာဇ်နဲ့ တွေ့ခဲ့ဖူးတယ်ဆိုပေမဲ့ စကားနည်းနည်းလေးပဲ ပြောဖြစ်ခဲ့တာပါ။ လွမ်ဟွေအင်မော်တယ်ဧကရာဇ်ရဲ့ မျက်နှာကိုတောင် မြင်ခဲ့ရတာ မဟုတ်ပါဘူး။

‘စနစ်က ပေးထားတဲ့ အမွေအနှစ်မှာ ထောင်ချောက်တစ်ခု ရှိနေတာလား’

ဟန်ကျွယ် ဒီလိုတွေးလိုက်ရတာက လွမ်ဟွေအင်မော်တယ်ဧကရာဇ်မှာ စွမ်းအားကြီးမားတဲ့ နောက်ခံ ရှိနေလို့ပါပဲ။

ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီကိစ္စအတွက် မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်ကို ကျော်တက်ပြီး ဒီထက်စွမ်းအားပိုကြီးတဲ့ လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအိုကို ဖန်တီးထားလို့ပါပဲ။

ဟန်ကျွယ် လုပ်ရမှာက ပိုပိုပြိးတော့ စွမ်းအားကြီးလာဖို့ပါ။ ဒီလိုဆိုရင် လွမ်ဟွေအင်မော်တယ်ဧကရာဇ်မှာ ထောင်ချောက် ဘယ်လောက်ရှိရှိ ကြောက်စရာ မလိုတော့ပါဘူး။ အတန်ကြာ လျှောက်ကြည့်ပေမဲ့ ဟန်ကျွယ်ဟာ သင့်လျော်တဲ့နေရာ မတွေ့သေးပါဘူး။

ဒီလိုနဲ့ မျက်တောင်တစ်ခတ်အတွင်း ငါးနှစ်တာ ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ ငရဲပြည်မှာ လျှောက်သွားနေတုန်းပါပဲ။ ဟန်ကျွယ်ဟာ ငါးနှစ်လုံးလုံး ငရဲပြည်မှာ လျှောက်သွားနေတာ မဟုတ်ပါဘူး။ အချိန်တစ်ခုအထိ လျှောက်သွားပြီးရင် ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပြီး ရန်သူရှိမရှိ စစ်ဆေးပါတယ်။ ရန်သူမရှိဘူးဆိုမှ ငရဲပြည်ကို ပြန်ဆင်းတာပါ။

ဟန်ကျွယ် ငရဲပြည်မှာ လျှောက်သွားနေတုန်း မိစ္ဆာ၊ ဗုဒ္ဓလောင်းလျာ၊ နတ်ဆိုးသူတော်စင်၊ ငရဲပြည်ရဲ့ အင်အားစုတစ်ချို့နဲ့တောင် တိုးမိပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ငရဲပြည်က ဘယ်လောက်ထိ ရှုပ်ထွေးတယ်ဆိုတာ သိနိုင်ပါတယ်။ ဒါ့အပြင် ငရဲပြည်မှာရှိနေတဲ့ အင်အားစုတွေက ဟန်ကျွယ် ထင်ထားတာထက် အများကြီးပိုနေပါတယ်။

ဟန်ကျွယ်ဟာ တစ်ခြားသူတွေ ရှာတွေ့သွားမှာစိုးတဲ့အတွက် အကွာအဝေးတစ်ခု အမြဲတမ်း ထားပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ နွေဦးသမုဒ္ဒရာက အလွန်ချောင်ကျလွန်းတဲ့ နေရာတစ်ခုမှာ ကျွန်းတစ်ကျွန်းကို တွေ့ရှိသွားပါတယ်။ ကောင်းကင်ကနေ ကြည့်မယ်ဆိုရင် ဒီကျွန်းလေးက လက်သီးဆုပ်စာလောက်ပဲ ရှိပါတယ်။

ဟန်ကျွယ်ဟာ ဒီကျွန်းပေါ်ကို ဆင်းသက်ပြီး သေချာကြည့်လိုက်တဲ့အခါမှာ ဖုံးကွယ်ထားတဲ့ အာကာသတစ်ခုရှိနေပြီး အထဲမှာ တော်တော်လေး ကျယ်ပြန့်တာကို တွေ့လိုက်ရပါတယ်။ ဒီထက်ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက ဒီကျွန်းဟာ ရေကြီးမှာကို မစိုးရိမ်ရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကျွန်းက ပင်လယ်ကြမ်းပြင်နဲ့ မထိစပ်လို့ပါပဲ။

ကျွန်းအတွင်းပိုင်းဟာ ကီလိုမီတာရာချီ ကျယ်ဝန်းပြီး ပန်းပင်လည်းမရှိသလို သစ်ပင်လည်း မရှိပါဘူး။ ဒီကျွန်းပေါ်မှာ ဟန်ကျွယ်ရဲ့ မျက်စိကို ဆွဲဆောက်လိုက်တဲ့ အရာကတော့ ကျွန်းအလယ်မှာ တည်ရှိနေတဲ့ တောင်ကြားပါပဲ။ ဒီတောင်ကြားမှာ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ အရံအတားတစ်ခုရှိပါတယ်။

ဒီတောင်ကြားထဲကို ဝင်လိုက်တာနဲ့ လေ၊ မိုး၊ လျှပ်စီး၊ မိုးကြိုး၊ မီးဆိုတဲ့ ကပ်ဘေးငါးမျိုးကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီကပ်ဘေးတွေက ပြင်းထန်လွန်းတဲ့အတွက် ဆန်းကြယ်အင်မော်တယ် အဆင့်အောက်က ကျင့်ကြံသူတွေသာ အတင်းတိုးဝင်မယ်ဆိုရင် ရုပ်နာမ်နှစ်ပါးစလုံး ကျိန်းသေပေါက် ပျက်စီးသွားမှာပါ။

‘နေရာကောင်းပဲ... အပြင်ကနေ ရှာတွေ့ဖို့လည်း မလွယ်ဘူး၊ အထဲဝင်လာပြီဆိုရင်လည်း သဘာဝအရံအတားတွေ ရှိနေတော့ ခံစစ်နဲ့ ထောင်ချောက် အစီအရင်တွေ ချထားသလိုပဲ’

ဟန်ကျွယ်ဟာ ဒီကျွန်းကို ကျေနပ်အားရသွားပြီး သူ့ကျင့်ကြံမှုအဆင့်အောက်က သက်ရှိတွေ နတ်အာရုံနဲ့ အာရုံခံမရအောင် မန္တန်သုံးပြီး အစီအရင် ပြုလုပ်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကျောက်တိုင်ကြီးတစ်တိုင် စိုက်ထူလိုက်ပြီး တိတ်ဆိတ်ဂိုဏ်းလို့ ထွင်းလိုက်ပါတယ်။

ဒီလိုဆိုရင် တစ်ခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေက ဒီနေရာကို ရှာတွေ့ရင်တောင် ပိုင်ရှင်ရှိနေပြီလို့ နားလည်သွားမှာပါ။

ဟန်ကျွယ်ဟာ ပုန်းဖို့နေရာ ရှာတွေ့သွားပြီဖြစ်တဲ့အတွက် သက်ပြင်းချလိုက်ပါတယ်။ အဲဒီနောက် ကျွန်းပေါ်မှာ လမ်းခြောက်သွယ် အမှတ်အသားထားခဲ့ပြီး ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်တဲ့အခါမှာ‌တော့ ဟန်ကျွယ်ဟာ ကောင်းကင်ရုပ်သေးရုပ်တစ်ရုပ် ဖန်တီးပါတယ်။ ဒီကောင်းကင်ရုပ်သေးရုပ်က တိတ်ဆိတ်ကျွန်းကို စောင့်ကြပ်ဖို့ပဲ ဖြစ်ပါတယ်။ ပြန်လည်မွေးဖွားခြင်း ကိုယ်ပွားကို မဖန်တီးရတဲ့ အကြောင်းရင်းကတော့ လျူပေ့တစ်ယောက်တည်းနဲ့ လုံလောက်ပြီလို့ ခံစားရလို့ပါပဲ။

ဘာပဲဖြစ်ဖြစ် ပြန်လည်မွေးဖွားခြင်း ကိုယ်ပွားက ကိုယ်ပိုင်အတွေးရှိတဲ့အတွက် ဘယ်လောက်ပဲ သစ္စာရှိရှိ မတော်တဆ တစ်ခုခု ထဖြစ်နိုင်ပါတယ်။ ရန်သူကသာ ဒီကိုယ်ပွားရဲ့ဝိညာဉ်ကို ဖမ်းမိသွားပြီး မှတ်ဉာဏ်ဖတ်လိုက်မယ်ဆိုရင် ဟန်ကျွယ်ရဲ့ လျှို့ဝှက်ချက်တွေ အကုန်လုံးကို သိသွားမှာပါ။ ဒါကြောင့် ဟန်ကျွယ်အတွက် ပြန်လည်မွေးဖွားခြင်း ကိုယ်ပွားနည်းလေလေ ပိုကောင်းလေလေပါပဲ။

ဆယ်ရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်ရုပ်သေးရုပ်ကို ဖန်တီးလို့ ပြီးသွားပြီး ငရဲပြည်ဆီ ယူသွားပါတယ်။ အဲဒီနေ့မှာပဲ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်လာပြီး ဆက်ကျင့်ကြံပါတယ်။

ဖုန်းဆိုးမြေမှာ မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေနဲ့ ကောင်းကင်စစ်သားတွေ တိုက်ခိုက်နေကြပါတယ်။ လူနှစ်ယောက်ကတော့ ဒီစစ်ပွဲကို စောင့်ကြည့်နေပါတယ်။ သူတို့နှစ်ယောက်ကတော့ လီရွှမ်အောက်နဲ့ ဟွမ်ဂျိဟောင်တို့ပဲ ဖြစ်ပါတယ်။

ဟွမ်ဂျိဟောင်ဟာ ‌ကောင်းကင်က တိုက်ပွဲကိုကြည့်ပြီး တော်တော်လေး ရင်ထိတ်နေပါတယ် ‘ဆရာ... ကျွန်တော်တို့တွေ ဒီကို ဘာလာလုပ်တာလဲ’

ကောင်းကင်ရုံးတော်နဲ့ နတ်ဆိုးရုံးတော်ရဲ့ တိုက်ပွဲက အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို ပျံ့နှံ့သွားတာ ကြာပါပြီ။ ဟွမ်ဂျိဟောင်ဟာ ဒီအင်အားစုနှစ်စုထဲက ဘယ်အင်အားစုပဲဖြစ်ဖြစ် မော့ကြည့်ရတဲ့အင်အားစုတွေမို့ နည်းနည်းလေးတောင် မစွန့်စားချင်ပါဘူး။ ဟွမ်ဂျိဟောင်ဟာ တိုက်ခိုက်ရတာ ဝါသနာပါပေမဲ့ ငတုံးတစ်ယောက်တော့ မဟုတ်ပါဘူး။

လီရွှမ်အောက်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “မင်းငါရဲ့ ဓားတာအိုကို မသင်ချင်ဘူးလား”

“အဲဒါက စစ်မြေပြင်နဲ့ ဆက်နွှယ်နေလို့လား”

“ငါ့ဓားတာအိုက သတ်ဖြတ်ခြင်းတာအိုပဲ”

ဟွမ်ဂျိဟောင်ဟာ လီရွှမ်အောက်စကားကြောင့် မျက်လုံးပြူးသွားပါတယ် ‘ဆရာက ဒီတိုက်ပွဲထဲ ဝင်ပါမလို့လဲ’

ဟွမ်ဂျိဟောင်ဟာ ရင်တထိတ်ထိတ်နဲ့ မေးလိုက်ပါတယ် “ဒါဆို ဆရာက ဘယ်ဘက်ကနေ ဝင်တိုက်မှာလဲ”

လီရွှမ်အောက်ရဲ့ မျက်နှာက အေးစက်သွားပါတယ် “အင်မော်တယ်နဲ့ နတ်ဘုရားတွေကို သတ်မှာ”

ဟွမ်ဂျိဟောင်ဟာ လီရွှမ်အောက်ရဲ့စကားကြောင့် ပိုပြီးတော့ ကြောက်လန့်သွားပါတယ်။ ဟွမ်ဂျိဟောင်ရဲ့ နှလုံးသားထဲမှာ နတ်ဆိုးတွေကပဲ လူသားတွေရဲ့ ရန်သူလို သတ်မှတ်ထားတာပါ။ အင်မော်တယ်တွေကတော့ လူသားတွေကို ကာကွယ်တဲ့အင်အားစုမို့လို့ ဟွမ်ဂျိဟောင်ဟာ ကောင်းကင်ရုံးတော်အပေါ် မျက်နှာသာပေးပါတယ်။

“သွား... ရန်သူကို သွားသတ်ချည်၊ ကောင်းကင်စစ်သား ၁၀၀,၀၀၀ ကို သတ်နိုင်ရင် ငါ မင်းကို ဓားတာအို သင်ပေးမယ်” လီရွှမ်အောက်က လေသံအေးအေးလေးနဲ့ ပြောလိုက်ပါတယ်။

ဒါပေမဲ့ လီရွှမ်အောက်ရဲ့ လေသံအေးလေးဟာ ဟွမ်ဂျိဟောင်ရဲ့ နားထဲမှာတော့ ကမ္ဘာဖျက်မိုးကြိုးထက်တောင် ပြင်းထန်ပါသေးတယ်။ ဟွမ်ဂျိဟောင်ဟာ လီရွှမ်အောက်ဆီက အသိအမှတ်ပြုမှုကို ရရှိဖို့အတွက် အတော်လေး ကြိုးစားထားရတာပါ။ ဒါကြောင့် ဒီကိစ္စကို ငြင်းပယ်လိုက်မယ်ဆိုရင် ဟွမ်ဂျိဟောင် ကြိုးစားခဲ့သမျှက သဲထဲရေသွန် ဖြစ်ကုန်မှာပါ။

ဟွမ်ဂျိဟောင်ဟာ အံကြိတ်ပြီး ဓားဆွဲထုတ်လိုက်ပါတယ် ‘ငါက ငါ့အတွက်ပဲ ကျင့်ကြံအားထုတ်တာ၊ တစ်ခြားသူအတွက် မဟုတ်ဘူး၊ ဘယ်သူ့မှ ငါ့လမ်းကို မတားဆီးစေရဘူး’

.....

ဝီရိယတောင်။

ဟန်ကျွယ် ငရဲပြည်ကနေ ပြန်‌ရောက်တာ တစ်နှစ်မပြည့်သေးခင်မှာဘဲ တိထိုက်ပိုင်က အရင်ဆုံး စဆက်သွယ်လာပါတယ်။

“ကိစ္စတစ်ခုခု ရှိလို့လား” ဟန်ကျွယ်က မေးလိုက်ပါတယ်။

တိထိုက်ပိုင်က ပြန်ဖြေပါတယ် “နတ်ဆိုးရုံးတော်က အင်မော်တယ်ကမ္ဘာမှာရှိတဲ့ ရှေးဟောင်းမျိုးနွယ်စု အများကြီးကို စုစည်ထားပြီးပြီ၊ ဒီအထဲမှာ ဂဠုန်မျိုးနွယ်စု၊ ရွှေကျီးမျိုးနွယ်စု၊ ပြဒါးငှက်မျိုးနွယ်စုတွေလည်း ပါတယ်၊ သူတို့တွေက ကောင်းကင်ရုံးတော်နဲ့ ဗုဒ္ဓဂိုဏ်းကို အကြီးအကျယ် တိုက်ခိုက်ဖို့ ပြင်ဆင်နေကြပြီ၊ ဒါကြောင့် ကောင်းကင်ရုံးတော်က သေမျိုးကမ္ဘာတွေကို ဂရုစိုက်နိုင်မှာ မဟုတ်တော့ဘူး၊ အကောင်းဆုံးကတော့ ဘုံပျံတက်ဖို့ပဲ၊ ဒါမှ ကောင်းကင်ရုံးတော်က မင်းကို ဆက်ပြီးတော့ ကာကွယ်နိုင်လိမ့်မယ်”

[နတ်ဆိုးရုံးတော်သည် ကောင်းကင်ရုံးတော်အား အကြီးအကျယ် တိုက်ခိုက်မည်ဖြစ်၍ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ ချက်ချင်းဘုံပျံတက်၍ ကောင်းကင်ရုံးတော်ထဲ ဝင်ပါ။ ဆုလာဘ်အဖြစ် ကျပမ်း သဘာဝရတနာတစ်ပါးအား ရရှိမည်။]

[၂။ ဘုံပျံမတက်ဘဲ သိုသိုသိပ်သပ် ဆက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် အကောင်းစား ရတနာတစ်ပါးကို ရရှိမည်။]

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

‘ငါ ကောင်းကင်ရုံးတော်ကို သွားရင် ရန်သူဝန်းရံတာ ခံရမှာပေါ့၊ နိုင်ရင် ကိစ္စမရှိပေမဲ့ ရှုံးသွားရင် ပြေးပေါက်တောင်ရှိမှာ မဟုတ်တော့ဘူး’

‘ငါ သွားလို့ မဖြစ်ဘူး’

ဟန်ကျွယ်က လေးလေးနက်နက် ပြန်ပြောလိုက်ပါတယ် “ကျွန်တော် ထုန်ကျန့်ကမ္ဘာကနေ မထွက်ခွာနိုင်ဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်က ဒီသေမျိုးကမ္ဘာရဲ့ အစောင့်နတ်လေ၊ ကောင်းကင်ရုံးတော်က ကျွန်တော့်အတွက် စိုးရိမ်ဖို့ မလိုပါဘူး၊ ကျွန်တော့်ဘာသာ ဂရုစိုက်နိုင်ပါတယ်”

တိထိုက်ပိုင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... အစုတ်ပလုတ် နတ်ဆိုးရုံးတော်၊ သူတို့တွေက ဒီလောက်များတဲ့ ရှေးဟောင်းမျိုးနွယ်စုတွေနဲ့ လျှို့ဝှက်ပူးပေါင်းထားလိမ့်မယ်လို့ မထင်ထားဘူး၊ ကြည့်ရတာ သူတို့တွေက ဒီကိစ္စကို အကြာကြီးကတည်းက စီစဉ်ထားပုံပဲ၊ နတ်ဆိုးဧကရာဇ်ကလည်း ရူးသွားပြီ၊ ကောင်းကင်ရုံး‌တော်နဲ့ ဗုဒ္ဓဂိုဏ်းကို ဖျက်ဆီးဖို့အတွက် အနန္တကပ်ဘေးကိုတောင် စတင်စေတယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters