← Chapters

နတ်ဆိုးသခင် အညံခံခြင်း၊ လျှိုဝှက်ဆန်းကြယ်သော မိုးကာဝတ်ရုံနှင့်လူ

Vol. 23 Ch. 272

နတ်ဆိုးသခင် အညံခံခြင်း၊ လျှိုဝှက်ဆန်းကြယ်သော မိုးကာဝတ်ရုံနှင့်လူ

Vol. 23 Ch. 272

ငရဲနက်နတ်ဆိုးသခင်ဟာ နတ်သတ်ဓားအစီအရင်မှန်း သိသွားတာကြောင့် ချက်ချင်း ထွက်ပြေးပါတယ်။ ဒါပေမဲ့လည်း နောက်ကျသွားပါပြီ။ စွမ်းအားကြီးမားပြီး မမြင်နိုင်တဲ့ အရံအတားတစ်ခုက အာကာသတစ်ခုလုံးကို ချိပ်ပိတ်ထားတာကြောင့် ငရဲနက်နတ်ဆိုးသခင်ဟာ ထွက်မပြေးနိုင်တော့ပါဘူး။

ဒါကြောင့် ငရဲနက်နတ်ဆိုးသခင်ဟာ ‌ရွေးချယ်စရာမရှိတဲ နတ်သတ်ဓားအစီအရင်ဆီ အရှိန်အဟုန်နဲ့ ပြေးသွားပါတယ်။ ငရဲနက်နတ်ဆိုးသခင်ဟာ ဓားလက်ချောင်းထဲက အားအနည်းဆုံးဓားကို အာရုံခံမိတာကြောင့် အဲဒီအားနည်းတဲ့ဓားကို တိုက်ခိုက်လိုက်ပါတယ်။

ဒါပေမဲ့ ငရဲနက်နတ်ဆိုး နတ်သတ်ဓားဆီ မရောက်ခင်မှာပဲ အလွန်ပြင်းထန်တဲ့ လေပွေတစ်ခုကြောင့် ငရဲနက်နတ်ဆိုးသခင်ရဲ့ တစ်ကိုယ်လုံး အလွန်တရာ နာကျင်သွားပြီး ပဓာနဝိညာဉ်လည်း လှုပ်ခါသွားပါတယ်။ ဒီအဖြစ်ကြောင့် ငရဲနက်နတ်ဆိုးသခင်ဟာ ချက်ချင်း နောက်ပြန်ဆုတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ နှုတ်ခမ်းတစ်ချက်တွန့်လိုက်ပြီး လက်သင်္ကေတတွေ ထုတ်‌ဖော်လိုက်ပါတယ်။

“နတ်သတ်ဓားအစီအရင်၊ ဖိနှိပ်”

“ဝုန်း...”

နတ်သတ်ဓားအစီအရင်ကနေ ကြီးမားတဲ့ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး ငရဲနက်နတ်ဆိုးသခင်ကို ဖိနှိပ်ချလိုက်ပါတယ်။ ကြီးမားလှတဲ့အင်အားကြောင့် ငရဲနက်နတ်ဆိုးဟာ ငရဲပြည်က ငရဲသားလိုများ ငယ်သံပါအောင် အော်ဟစ်လိုက်ပါတယ်။

ယွီဂျင်ဂိုဏ်းတော်ကြီးထဲမှာ ကျင့်ကြံအားထုတ်နေတဲ့ ငရဲကြက်နက်ဟာ ရုတ်တရက် မျက်လုံးပွင့်လာပြီး ရေရွတ်လိုက်ပါတယ် “ထူးဆန်းလိုက်တာ... ငါ တစ်ခုခုကို ကြားမိလိုက်သလိုပဲ” အဲဒီနောက် ငရဲကြက်နက်ဟာ ခေါင်းခါပြီး မျက်လုံးပြန်မှိတ်ကာ ဆက်လက်ကျင့်ကြံပါတယ်။

စွမ်းအားကြီးမားလှတဲ့ နတ်သတ်ဓားအစီအရင်ကို ငရဲနက်နတ်ဆိုးသခင်ဟာ ဘယ်လိုမှ တောင်မခံနိုင်ဘဲ ရုပ်ခန္ဓာတစ်ခုလုံး ပျက်စီးသွားပါတယ်။

ဟန်ကျွယ်ဟာ ငရဲနက်နတ်ဆိုးရဲ့ ဝိညာဉ်ကို ဖျက်ဆီးဖို့ ပြင်လိုက်ပါတယ်။

“ခဏစောင့်ပါအုန်း... ကျွန်တော် အရှုံပေးပါတယ်၊ ကျွန်တော့်ကို မသတ်ပါနဲ့” ငရဲနက်နတ်ဆိုးသခင်ဟာ တုန်လှုပ်ချောက်ချားစွာ အော်ဟစ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ငရဲကြက်နက်ကို တွေးမိသွားတာကြောင့် စိတ်ပျော့သွားပါတယ်။ အဲဒါကြောင့် လမ်းခြောက်သွယ် စုပ်ယူခြင်းကို အသုံးပြုပြီး ငရဲနက်နတ်ဆိုးသခင်ရဲ့ ဝိညာဉ်ကို စုပ်ယူကာ လောကဦးကမ္ဘာမှာ အကျဉ်းချထားလိုက်ပါတယ်။

ဒီလောကဦးကမ္ဘာဟာ ဟန်ကျွယ်ဝိညာဉ်ရဲ့ နက်ရှိုင်းတဲ့နေရာတစ်ခုဖြစ်ပြီး မ‌ရေမတွက်နိုင်တဲ့ ကြယ်တွေနဲ့ ပြည့်နှက်နေပါတယ်။

ဒီလိုနဲ့ အင်မော်တယ်ဧကရာဇ်နှစ်ပါးရဲ့ တိုက်ပွဲဟာ အဆုံးသတ်သွားပါတယ်။

ဟန်ကျွယ်လည်း ပြဿနာကြီးတစ်ခုကို ဖြေရှင်းလိုက်နိုင်တာမို့ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘နောက်ဆုံးတော့ ငါ စိတ်ချလက်ချ ကျင့်ကြံလို့ရပြီ’

ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ဟန်ကျွယ် ပြန်ရောက်တဲ့အခါမှာတော့ ဝူတောက်ကျန့် စပ်စုတာကို ခံလိုက်ရပါတယ် “သခင် ခုနက ဘယ်သွားတာလဲ၊ ရန်သူ လာတိုက်တာလား”

ဝူတောက်ကျန့်ဟာ မြေလျှောက်အင်မော်တယ်အဆင့်ရှိပြီး မဟာညီညွတ်မှု မြေအင်မော်တယ်အဆင့်နဲ့ မဝေးတော့တာမို့ ဟင်းလင်းပြင်ကို အနည်းအကျဉ်း အာရုံခံနိုင်ပါတယ်။

“ဘာမှမဟုတ်ဘူး” ဟန်ကျွယ်ဟာ ငရဲနက်နတ်ဆိုးသခင်ကို အကြောင်းကို မပြောဖို့ ဆုံးဖြတ်ထားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။

လေးငါးခြောက်လ အကြာမှာတော့ ငရဲကြက်နက်ဟာ ငရဲနက်နတ်ဆိုးသခင် ပြန်လာတာကို မစောင့်တော့ဘဲ ဖူစန်းသစ်ပင်ဆီ ပြန်လာပြီး ကျင့်ကြံအားထုတ်ပါတယ်။

တိတ်ဆိတ်ဂိုဏ်းက လူတိုင်းဟာ ငရဲကြက်နက်ရဲ့ ကျင့်ကြံမှုတိုးတက်လာတာကို စိတ်ဝင်စားကြပါတယ်။ ဒါပေမဲ့ ငရဲကြက်နက်ဟာ စကားတစ်ခွန်းတောင် မဟဘဲ စိတ်ထဲမှာ ကြုံးဝါးလိုက်ပါတယ် ‘ဟမ်... ငါက အခွင့်အရေးကြီးတစ်ခု ရထားပြီ၊ မကြာခင် မင်းတို့အကုန်လုံးကို ကျော်တက်သွားတော့မှာ’

ဒါပေမဲ့ သူ့အခွင့်အရေးကြီး ပျောက်သွားပြီဆိုတာကိုတော့ ငရဲကြက်နက် မသိရှာပါဘူး။

ဒီလိုနဲ့ နှစ် ၂၀ ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ နတ်ဆိုးဧကရာဇ်နဲ့ ရွှေဂဠုန်နတ်ဆိုးကို ကျိန်စာတိုက်လို့ ပြီးသွားတာကြောင့် သူ့သိစိတ်က သူ့ဝိညာဉ်ထဲက လောကဦးကမ္ဘာဆီ စေလွှတ်လိုက်ပါတယ်။ ငရဲနက်နတ်ဆိုးသခင်ရဲ့ ဝိညာဉ်ဟာ သေခြင်းရှင်ခြင်း မဟာတာအိုရဲ့ ချုပ်နှောင်မှုကြောင့် တစ်စက်ကလေးတောင် မလှုပ်ရှားနိုင်ပါဘူး။

ဟန်ကျွယ်ရဲ့ နတ်အာရုံက သူ့ကို စိုက်ကြည့်နေမှန်း အာရုံခံမိတာကြောင့် ငရဲနက်နတ်ဆိုးသခင်ဟာ ကြောက်လန့်တကြား ထအော်ပါတယ် “ကျွန်တော့်ကို မသတ်ပါနဲ့၊ ကျွန်တော်မှားမှန်း သိပါပြီ”

“ငါ မင်းကို အခွင့်အရေးတစ်ခု ပေးခဲ့တယ်၊ ဒါပေမဲ့ မင်းက ငါရဲ့ထုန်ကျန့်ကမ္ဘာမှာပဲ ဆက်နေချင်ခဲ့တယ်၊ ငါ့နေရာမှာ မင်းသာဆိုရင် ကိုယ်နဲ့မရင်းနှီးတဲ့ အင်မော်တယ်ဧကရာဇ်ကို မင်းပိုင်နက်မှာ နေထိုင်ခွင့်ပြုမှာလား”

ငရဲနက်နတ်ဆိုးသခင်ဟာ မချိပြုံးပြုံးလိုက်ပါတယ် “ကျွန်တော်အမှားကို ကျွန်တော်သိပါပြီ၊ ကျွန်တော် တိတ်ဆိတ်ဂိုဏ်းထဲ ဝင်ပါ့မယ်”

ငရဲနက်နတ်ဆိုးသခင်ဟာ ချုပ်နှောင်ခံရတဲ့ အချိန်အတွင်းမှာ တော်တော်လေးကို ဒုက္ခခံခဲ့ရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ လောကဦးကမ္ဘာမှာရှိနေတဲ့ လောကဦးပဋိပက္ခစွမ်းအားက ငရဲနက်နတ်ဆိုးသခင်ရဲ့ ဝိညာဉ်ကို နည်းနည်းချင်းစီ ဆက်တိုက်တိုက်စားနေလို့ပါပဲ။

“ဟုတ်လို့လား၊ ဒါပေမဲ့ မင်းက ငါ့ကို မုန်းနေတုန်းပဲနော်”

ငရဲကြက်နက်ဟာ မျက်လုံးပြူးသွားပြီး အော်ပြောလိုက်ပါတယ် “မဟုတ်ပါဘူး... ဘယ်လိုလုပ်ပြီး မုန်းရမှာလဲ” ဒီလိုအော်ပြောလိုက်ပေမဲ့ ငရဲနက်နတ်ဆိုးသခင်ရဲ့ မုန်းတီးမှုဟာ လျော့ကျမသွားပါဘူး။

‘ဒီကောင်က တော်တာ်မိုက်တာပဲ၊ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာလောက်တောင် အသိဉာဏ်မရှိဘူး’

“ဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့၊ အခုလောလောဆယ်တော့ မင်းကို ငါ မသတ်သေးပါဘူး” အဲဒီနောက် ဟန်ကျွယ်ဟာ နတ်အာရုံကို ဖြတ်တောက်လိုက်ပါတယ်။

ငရဲနက်နတ်ဆိုးသခင်ဟာ ပဥ္စမအဆင့် အင်မော်တယ်ဧကရာဇ် ဖြစ်တာကြောင့် လျှော့တွက်လို့ မရပါဘူး။ ဟန်ကျွယ်ဟာ လမ်းခြောက်သွယ်အမှတ်အသားကို ဒီထက်ခိုင်မြဲအောင်လုပ်ပြီး ငရဲနက်နတ်ဆိုးသခင်ရဲ့ အသက်ကို လုံးဝထိန်းချုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူလိုက်ပါတယ်။ အဲဒီနောက် ထုန်ကျန့်ကမ္ဘာရဲ့ အဆင့်ကို စစ်ဆေးလိုက်တဲ့အခါမှာတော့ ၃၉ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။

သေမျိုးကမ္ဘာရဲ့ ကျင့်ကြံမှုအဆင့်မြင့်ဆုံးက မဟာညီညွတ်မှု မြေအင်မော်တယ် နောက်ဆုံးအဆင့်ကို ရောက်ရှိသွားပါပြီ။ ဒါပေမဲ့ တိုက်ရည်ခိုက်ရည်နဲ့ သုံးသပ်ကြည့်မယ်ဆိုရင် ထုန်ကျန့်ကမ္ဘာရဲ့ အဆင့် ၃၉ က လုံးဝကို မထိုက်တန်တာပါ။

ဒါပေမဲ့ ထုန်ကျန့်ကမ္ဘာမှာ သက်ရှိအများကြီးရှိတာကြောင့် မြေလျှောက်အင်မော်တယ်တွေ ကောင်းကင်ဘုံဝင် ကျင့်ကြံသူတွေ အတိဒုက္ခဖြတ်ကျော် ကျင့်ကြံသူတွေဟာ နေ့တိုင်းလိုလို ပေါ်ထွက်လာပါတယ်။ ဒါ့အပြင် ထုန်ကျန့်ကမ္ဘာဟာ အရင်ကလောက် တိုက်ပွဲတွေ မရှိတော့ဘဲ အသည်းအသန် ကျင့်ကြံကြပါတယ်။ ဒီလိုဖြစ်ရတာကလည်း ဝတ်ရုံဖြူဗုဒ္ဓရဲ့ နောက်ကနေ တွန်းပေးမှုကြောင့်ပါ။

စိတ်ဝိညာဉ်ချီ တိုးတက်လာတာနဲ့ ချန်ကျောင်းတောင်ရဲ့ တာအိုကျင့်စဉ်တွေ ပျံ့နှံ့သွားတာကြောင့် ကျင့်ကြံသူတွေဟာ ရင်းမြစ်တွေအတွက် တိုက်ခိုက်စရာ မလိုတော့ဘဲ ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံနိုင်တာပါ။ ဒါ့အပြင် ကျင့်ကြံရတာကလည်း အရင်ကထက် ပိုလွယ်ကူလာပါတယ်။

အခုလက်ရှိ ထုန်ကျန့်ကမ္ဘာဟာ ဟန်ကျွယ် စမွေးဖွားတုန်းကနဲ့စာရင် စိတ်ဝိညာဉ်ချီ အဆတစ်ရာကျော် တိုးတက်သွားတာပါ။ ဒီလိုအခြေအနေမျိုးမှာ အရူးတောင် ကျင့်ကြံအားထုတ်နိုင်ပါတယ်။ ဒါကြောင့် ကနဦးဝိညာဉ်ကျင့်ကြံသူဟာ ထိပ်သီးမဟုတ်တော့ဘဲ သာမန်ကျင့်ကြံသူတစ်ယောက် သူလိုငါလိုပဲ ဖြစ်လာပါတယ်။

ဟန်ကျွယ်ဟာ ဒီအကြောင်းတွေကို ကြည့်ပြီး ဘာမှမတက်နိုင်ပါဘူး။ ဒီလိုသာဆက်သွားမယ်ဆိုရင် တစ်ချိန်ချိန်တော့ ပြဿနာတက်မှာပါ။

ဟန်ကျွယ်ဟာ တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ခန္ဓာကိုယ်ကို ထုတ်ယူလိုက်ပြီး ဘာလုပ်သင့်လဲ စဉ်းစားလိုက်ပါတယ်။

ဝူတောက်ကျန့်ကတော့ တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ခန္ဓာကိုယ်ကိုကြည့်ပြိး မျက်လုံးပြူးသွားပါတယ်။ တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ ကြောက်မက်ဖွယ်ရောင်ဝါကြောင့် ဝူတောက်ကျန့်ဟာ ပါးစပ်တောင် မဟရဲပါဘူး။

‘ဒီလိုစွမ်းအားကြီးတဲ့ ခန္ဓာကိုယ်ကို ဒီအတိုင်းထားရတာ နှမြောစရာပဲ၊ သူများပေးပြန်ရင်လည်း သူတို့တွေ ဒီခန္ဓာကိုယ်ရဲ့ဒဏ်ကို ခံနိုင်မျာ မဟုတ်ဘူး’

‘ငါ ဒီခန္ဓာကိုယ်ကို ပြန်လည်မွေးဖွားခြင်းကိုယ်ပွားအဖြစ် သန့်စင်သင့်လား’

‘အင်း... ဒီအကြံမဆိုးဘူး’

ဒါပေမဲ့ ဟန်ကျွယ်ဟာ မတော်တဆဖြစ်မှာ စိုးရိမ်တဲ့အတွက် အင်မော်တယ်ဧကရာဇ် ပဥ္စမအဆင့်ကိုရောက်မှ သန့်စင်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အင်မော်တယ်ဧကရာဇ်တွေက နည်းမျိုးစုံရှိပါတယ်။ ဒါကြောင့် တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ဝိညာဉ်က ပျက်စီးသွားပြီဆိုပေမဲ့ အချိန်ကြာလာရင် ပြန်မွေးဖွားကောင်း မွေးဖွားနိုင်ပါတယ်။

ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီးနောက်မှာတော့ တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ခန္ဓာကိုယ်ကို လောကဦးကမ္ဘာထဲ ပစ်ထည့်ပြီး လောကဦးချီနဲ့ သေခြင်းရှင်ခြင်း မဟာတာအိုကို အသုံးပြုကာ ချိပ်ပိတ်လိုက်ပါတယ်။

ငရဲနက်နတ်ဆိုးသခင်ဟာ အဝေးက တိုက်တိုင်းအောင်ဗုဒ္ဓကိုကြည့်ပြီး မျက်လုံးပြူးကျယ်သွားပါတယ်။

“တိုက်တိုင်းအောင်ဗုဒ္ဓပါလား... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ငရဲနက်နတ်ဆိုးသခင်ဟာ ထိတ်လန့်သွားပါတယ်။ အင်မော်တယ်ကမ္ဘာမှာ တိုက်တိုင်းအောင်ဗုဒ္ဓရဲ့နာမည်က မိုးကြိုးသံလိုပါပဲ။

ငရဲနက်နတ်ဆိုးသခင်ဟာ တိုက်တိုင်းအောင်ဗုဒ္ဓကို တစ်ခါရှုံးနိမ့်ဖူးတာကြောင့် တိုက်တိုင်းအောင်ဗုဒ္ဓ သေသွားပြီဆိုတာကို ကြားလိုက်ရတဲ့အခါမှာ အတော်လေး ပျော်သွားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီလိုနေရာမျိုးမှာ တိုက်တိုင်းအောင်ဗုဒ္ဓကို ထပ်တွေ့ရလိမ့်မယ်လို့ ငရဲနက်နတ်ဆိုးသခင် မျှော်လင့်မထားခဲ့ပါဘူး။

‘နေပါအုန်း... ဒါက ရုပ်ခန္ဓာချည်း သက်သက်ပဲ၊ ဝိညာဉ်မရှိဘူး’

‘ဖြစ်နိုင်တာက...’

ငရဲနက်နတ်ဆိုးသခင်ဟာ တစ်စုံတစ်ခုကို တွေးမိသွားပြီး အိန္ဒြေဆည်မရအောင် တုန်ယင်သွားပါတယ်။

[ငရဲနက်နတ်ဆိုးသခင်သည် သင့်အား အကောင်းမြင်စိတ် ဝင်လာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်။]

ဟန်ကျွယ်ဟာ သူ့ရှေ့မှာ ရုတ်တရက် ပေါ်လာတဲ့ စာကြောင်းကြောင့် မအံဩဘဲ မနေနိုင်ပါဘူး။

‘ဘယ်လိုဖြစ်ပြီး မျက်နှာသာပေးမှုက ကြယ်ငါးပွင့် ဖြစ်သွားတာလဲ’

ဟန်ကျွယ်ဟာ သိချင်စိတ်ကို မြိုသိပ်မထားနိုင်တာကြောင့် ငရဲနက်နတ်ဆိုးရဲ့ အချက်အလက်ကို စစ်ဆေးလိုက်ပါတယ်။

[ငရဲနက်နတ်ဆိုးသခင်: အင်မော်တယ်ဧကရာဇ် ပဥ္စမအဆင့်၊ နတ်ဆိုးရုံးတော်ရှိ နတ်ဆိုးသခင်တစ်ပါး ဖြစ်ပြီး ရှေးဟောင်း ငရဲနက်ဖီးနစ်မျိုးနွယ်စုမှ ဆင်းသက်လာသူ ဖြစ်သည်။ တိုက်တိုင်းအောင်ဗုဒ္ဓအား သင်သတ်လိုက်ကြောင်း သိရှိသွား၍ ငရဲနက်နတ်ဆိုးသခင်သည် သင့်အား အလွန်တရာ လေးစားလာပြီး ကလန်ကဆန် မလုပ်ရဲတော့ချေ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်။]

ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ် ‘တိုက်တိုင်းအောင်ဗုဒ္ဓက သက်ရောက်မှုတော်တော် ရှိတာပဲ’

ဟန်ကျွယ်ဟာ ဒီရလဒ်ကြောင့် စိတ်မပြောင်းပါဘူး။ ငရဲနက်နတ်ဆိုးသခင်ဆီမှာ လမ်းခြောက်သွယ် အမှတ်အသား ခိုင်မြဲလာတဲ့အောင် ဆက်စောင့်ပါတယ်။

ငရဲပြည်၊ နွေဦးမြစ်အထက်။

မိုးကာဝတ်ရုံနဲ့လူဟာ လေပေါ်မှာရပ်ပြီး အောက်ကသေးငယ်လှတဲ့ ကုန်းမြေလေးကို ငုံ့ကြည့်လိုက်ပါတယ် “ဒီနေရာပဲ၊ သူ ဒီနေရာမှာ ရပ်သွားတာပဲ”

မိုးကာဝတ်ရုံနဲ့လူဟာ နတ်အာရုံကို ဖြန့်ကျက်လိုက်ပါတယ် ‘တိတ်ဆိတ်ကျွန်းလား...’ မိုးကာဝတ်ရုံနဲ့လူဟာ ဟန်ကျွယ်ရဲ့ ရောင်ဝါနဲ့ ဆင်တူတဲ့ ကောင်းကင်ရုပ်သေးရုပ်ရဲ ရောင်ဝါကို အာရုံခံမိသွားပါတယ်။

မိုးကာဝတ်ရုံနဲ့လူဟာ ချက်ချင်းလက်သီးဆုပ်ပြီး ပြောလိုက်ပါတယ် “လွမ်ဟွေအင်မော်တယ်ဧကရာဇ်... အရင်တစ်ခေါက်တုန်းက ကျုပ် လောသွားတယ်၊ ခင်ဗျားလိုချင်တာကို ကျုပ်ပေးပါ့မယ်၊ ကျေးဇူးပြုပြီး ကျုပ်ကို ပစ်မသွားပါနဲ့”

ဘာစကားမှ ပြန်မရတာကြောင့် မိုးကာဝတ်ရုံနဲ့လူဟာ ရင်တထိတ်ထိတ် ဖြစ်သွားပါတယ်။

“လွမ်ဟွေအင်မော်တယ်ဧကရာဇ်... ကျုပ်လိုချင်တာကို ခင်ဗျားမရသေးရင်လည်း ကျုပ်စောင့်နိုင်ပါတယ်” မိုးကာဝတ်ရုံနဲ့လူဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ်။ သူ့အမူအရာကို ကြည့်ခြင်းအားဖြင့် တော်တော်လေး ခံစားနေရတာ သိသာလှပါတယ်။

တိတ်ဆိတ်ကျွန်းပေါ်က ကောင်းကင်ရုပ်သေးရုပ်ဟာ မျက်လုံးဖွင့်ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ရုပ်သေးရုပ်ကနေတစ်ဆင့် မိုးကာဝတ်ရုံရဲ့ စကားသံကို ကြားလိုက်ပါတယ်။

‘ဒီလူက ငါ့နောက်ကို ဘာလို အသည်းအသန် လိုက်နေတာလဲ’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters