← Chapters

ကမ္ဘာဖျက်ကြာနက်

Vol. 23 Ch. 273

ကမ္ဘာဖျက်ကြာနက်

Vol. 23 Ch. 273

‘သူက ငါ့ကို လွမ်ဟွေအင်မော်တယ်ဧကရာဇ်လို့ထင်ပြီး ရတနာပေးချင်နေတာပဲ၊ ငါ ငြင်းလိုက်ရင် သူ စိတ်ဆိုးသွားပြီး ငါ့ ရန်သူ ဖြစ်လာနိုင်တယ်၊ လက်ခံလိုက်ပြန်ရင်လည်း လွမ်ဟွေအင်မော်တယ်ဧကရာဇ်ကို အပြစ်ပြုမိလိမ့်မယ်’ ဟန်ကျွယ်ဟာ ‌မေးစေ့ကိုပွတ်ရင်း ခေါင်းစားသွားပါတယ်။

မိုးကာဝတ်ရုံနဲ့လူက ထွက်မသွားဘဲ ဆက်စောင့်နေတာကြောင့် ဟန်ကျွယ်လည်း ကိုယ်တိုင်သွားဖို့ ဆုံးဖြတ်လိုက်ပြီး ပဓာနဝိညာဉ်နဲ့ ငရဲပြည်ထဲ ခုန်ဆင်းလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ တိမ်ကျွမ်းထိုးကိုသုံးပြီး တိတ်ဆိတ်ကျွန်းထဲ ခုန်ဝင်လိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ ပဓာနဝိညာဉ်ကို တွေ့လိုက်ရတာကြောင့် မိုးကာဝတ်ရုံနဲ့လူဟာ ကျေနပ်အံအားသင့်သွားပြီး ချက်ချင်း ဦးညွှတ်လိုက်ပါတယ်။

ဟန်ကျွယ်က တန်းပြောလိုက်ပါတယ် “နည်းနည်း ထပ်စောင့်ပါအုန်း၊ အချိန်ရောက်လာရင် ငါ မင်းဆီ လာခဲ့မယ်”

မိုးကာဝတ်ရုံနဲ့လူဟာ သက်ပြင်းချလိုက်ပါတယ် “ခင်ဗျားပျောက်သွားတာ နှစ်ဒီလောက်ကြာပြီ၊ ကျုပ် ထပ်မစောင့်နိုင်တော့ဘူး၊ မဟုတ်ရင် ကျုပ် ခင်‌ဗျားနဲ့ ထပ်တွေ့နိုင်မှာ မဟုတ်တော့ဘူး”

ဟန်ကျွယ်ဟာ အမူအရာ လုံးဝပြောင်းလဲသွားတဲ့ မိုးကာဝတ်ရုံနဲ့လူကို ကြည့်ပြီး ပဟေဠိဖြစ်သွားပါတယ် ‘အရင်တုန်းက သူ အရမ်းယဉ်ကျေးတာပါ၊ ဘာဖြစ်လို့ အခုကျမှ လေသံပြောင်းသွားရတာလဲ၊ သူ့မှ အခက်အခဲတစ်ခုခု ရှိနေလို့လား’

ဟန်ကျွယ်လည်း သိချင်စိတ်ကို မမြိုသိပ်နိုင်တာကြောင့် မေးလိုက်ပါတယ် “ဘာလို့ ဒီပြောရတာလဲ”

မိုးကာဝတ်ရုံနဲ့လူဟာ မဖုံးကွယ်ဘဲ အမှန်အတိုင်း ဖြေပါတယ် “ကျုပ်ကို ယမမင်းက ဖမ်းပြီး အကုသိုလ်ကံတွေ ထိုးသွင်းထားခဲ့တယ်၊ အနန္တကပ်ဘေး လုံးဝအသက်ဝင်လာတာနဲ့ ကျုပ်က ချီဖောက်ပြန်ပြီး ကောင်းကင်တာအိုရဲ့ နယ်ရုပ်ဖြစ်သွားလိမ့်မယ်၊ သေဆုံးခါနီးမှာပဲ အသိစိတ် ပြန်ဝင်လာလိမ့်မယ်”

‘ကျွတ်..ကျွတ်... ဒီလူက တော်တော်လေး သနားဖို့ကောင်းတာပဲ.... နေပါအုန်း... ယမမင်းက အင်မော်တယ်ဧကရာဇ်ကိုတောင် ဖမ်းချုပ်နိုင်တယ်ဆိုတော့ တော်တော်စွမ်းအားကြီးတာပဲ၊ ဝူခုံးကားထဲက ယမမင်းနဲ့တော့ ကွာပါ့’

“ကျုပ် ခင်ဗျားလိုချင်တာကို ပေးမယ်၊ ကျုပ်သေသွားရင် ခင်ဗျား ပေးထားတဲ့ကတိကို အကောင်အထည်ဖော်ပေးဖို့ပဲ မျှော်လင့်ပါတယ်” မိုးကာဝတ်ရုံနဲ့လူရဲ့အသံဟာ တိုးသွားပါတယ်။ အဲဒီနောက် ညာလက်ကို ဆန့်ထုတ်လိုက်တဲ့အခါမှာ အနက်ရောင်ကြာပွင့်တစ်ပွင့် လက်ဖဝါးပေါ်မှာ ပေါ်လာပါတယ်။

ဒီကြာပန်းဟာ အလွန်တရာ ထူးဆန်းပြီး ပွင့်ချပ် ၃၆ ချပ်ရှိကာ လုံးဝမည်းနက်နေပါတယ်။ ဘယ်သူမဆို ဒီကြာနက်ကို တစ်ချက်ကြည့်ရုံနဲ့ ကံမကောင်းစေတဲ့ရတနာမှန်း သိနိုင်ပါတယ်။

ဟန်ကျွယ်ဟာ ကြာနက်ကို နတ်အာရုံနဲ့ စစ်ဆေးလိုက်တဲ့အခါမှာ ကြာနက်ထဲက ကြောက်မက်ဖွယ်အင်အားတစ်ခုက ဟန်ကျွယ်ရဲ့ နတ်အာရုံကို ဝါးမြိုလိုက်တာကြောင့် ဟန်ကျွယ်လည်း လန့်သွားပြီး နတ်အာရုံကို အမြန်ဖြတ်တောက်လိုက်ပါတယ်။

‘ဘာကြီးလဲဟ...’ ဟန်ကျွယ်ဟာ တော်တော်လေး လန့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ပဓာနဝိညာဉ်ကို ကြာနက်ကို ဝါးမြိုသွားသလိုမျိုး ခံစားလိုက်ရလို့ပါပဲ။

“ဒါကကမ္ဘာဖျက်ကြာနက်ပဲ၊ ဒီရတနာကိုရဖို့ ကျုပ် ခန္ဓာကိုယ်နဲ့ ပြန်လည်မွေးဖွားဖို့ အခွင့်အရေးကို စတေးခံပြီး မိစ္ဆာဘိုးဘေးနဲ့ အလဲအလှယ်လုပ်ခဲ့ရတာ” မိုးကာဝတ်ရုံနဲ့လူဟာ ခံစားချက်ရှုပ်ထွေးတဲ့လေသံနဲ့ ပြောလိုက်ပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “လဲလှယ်ထားတာလား၊ မိစ္ဆာဘိုးဘေးမှာ ဒီလောက်စွမ်းအားကြီးတဲ့ ရတနာရှိရင် အင်မော်တယ်ကမ္ဘာကို ဘယ်လို မအုပ်စိုးနိုင်တာလဲ” ဟန်ကျွယ် ဒီလိုမေးရတာက မိစ္ဆာမျိုးနွယ်စုရဲ့ ရည်မှန်းချက်ကို သိလို့ပါပဲ။

“ခင်ဗျား နောက်နေတာလား၊ အနန္တကပ်ဘေးမှာ သူ အကြီးအကျယ် ရှုံးနိမ့်ပြီး ကောင်းကင်တာအိုက သူ့ကို နှင်ထုတ်ထားတာလေ၊ ဘယ်လိုလုပ်ပြီး အင်မော်တယ်ဧကရာဇ်ကို ပြန်သွားနိုင်မှာလဲ၊ ဒါကြောင့်လည်း သူက သူမျှော်လင့်ချက်တွေကို မိစ္ဆာမျိုးနွယ်စုအပေါ်မှာ စုပုံထားတာ၊ အခု ကျုပ်က ကျုပ်ခန္ဓာကိုယ်ကို မိစ္ဆာတွေဆီ ပေးလိုက်တော့ အခုဆိုရင် မိစ္ဆာမျိုးနွယ်စုက အင်မော်တယ်ကမ္ဘာမှာ နေထိုင်နေတဲ့ အင်မော်တယ်ဧကရာဇ်တစ်ပါး ရသွားပြီ‌”

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီမိစ္ဆာတွေကို ရှုံးမဲမဲနေတာပဲ၊ နေရာတိုင်းမှာလည်း သူတို့‌ အကြံအစည်တွေချည်းပဲ၊ သေမျိုးကမ္ဘာမှာကျတော့ နတ်ဆိုးလမ်းစဉ်၊ အင်မော်တယ်ကမ္ဘာမှာကျတော့ ဗုဒ္ဓဂိုဏ်းရဲ့ မိစ္ဆာနှလုံးသား၊ အခုလည်း သူတို့က အင်မော်တယ်ဧကရာဇ်တွေကို လိုက်ရှာနေပြီ’

ဟန်ကျွယ်ဟာ တစ်နေ့ကျရင် မိစ္ဆာမျိုးနွယ်စုက ကမ္ဘာအကုန်လုံးကို ထပ်ပြီးတော့ စစ်ပွဲဆင်နွှဲအုန်းမယ်လို့ သံသယဝင်သွားပါတယ်။ ဘယ်လိုပဲကြည့်ကြည့် မိစ္ဆာဘိုးဘေးက အကြီးဆုံး အဆိုးဆုံး ဗီလိန်ကြီးပါ။ သူ့ထက်ဆိုးတဲ့ ဗီလိန်က ဒီလောကမှာ မရှိတော့ပါဘူး။

မိုးကာဝတ်ရုံနဲ့လူဟာ လက်မြှောက်ပြီး တွန်းထုတ်လိုတာကြောင့် ကမ္ဘာဖျက်ကြာနက်ဟာ ဟန်ကျွယ်ဆီ ပျံသန်းလာပါတယ်။ ဟန်ကျွယ်ဟာ ခုခံဖို့ကြိုးစားလိုက်ပေမဲ့ ကမ္ဘာဖျက်ကြာနက်က ရုတ်တရက် အရှိန်တိုးသွားပြီး ဟန်ကျွယ်ရဲ့ ပဓာနဝိညာဉ်ထဲ ဝင်ရောက်သွားပါတယ်။

ဟန်ကျွယ်ဟာ ထိတ်လန့်သွားပြီး ဖယ်ရှားဖို့ ကြိုးစားလိုက်ပေမဲ့ ကြာနက်ကို ရှာမရတော့ပါဘူး။

‘သေစမ်း’ ဟန်ကျွယ်ဟာ အလန့်တကြား ဖြစ်သွားပါတယ်။

မိုးကာဝတ်ရုံနဲ့လူဟာ ပြုံးပြီး ပြောလိုက်ပါတယ် “ခင်ဗျား လက်ခံလိုက်ပြီဆိုတော့ ကျုပ်ကိုပေးထားတဲ့ကတိကို ခင်ဗျား ဖြည့်ဆည်းပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်” စကားအဆုံးမှာပဲ မိုးကာဝတ်ရုံနဲ့လူဟာ ထွက်ခွာသွားပါတယ်။

[တာအိုဆရာယွီချိသည် သင့်အပေါ် အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်။]

ဟန်ကျွယ်ဟာ သူ့ရှေ့ကို အသိပေးချက်ကို ကြည့်ပြီး ဆွံအသွားပါတယ်။ အဲဒီနောက် တာအိုဆရာယွီချိရဲ့ ကျောပြင်ကို ချီတုံချတုံ ဖြစ်သွားတဲ့ မျက်နှာနဲ့ ကြည့်လိုက်ပါတယ် ‘မင်း ငါ့ကို ဘာကတိလဲဆိုတာ မပြောရသေးဘူးလေ’

ဟန်ကျွယ်ဟာ အလိမ်ပေါ်သွားမှာစိုးတဲ့အတွက် ကတိအကြောင်းကို မမေးတော့ပါဘူး။ အဲဒီနောက် ဟန်ကျွယ်ဟာ ငရဲပြည်ကနေ ခုန်ထွက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ပြန်ရောက်သွားပါတယ်။

ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်က သူ့ကို ဒုက္ခပေးမှာစိုးတဲ့အတွက် ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်ရောက်ချင်း သူ့ခန္ဓာကိုယ်ကို စစ်ဆေးလိုက်ပါတယ်။ ဒါပေမဲ့ အတန်ကြာအောင် ရှာပေမဲ့လည်း ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ကို မတွေ့ပါဘူး။ ဟန်ကျွယ်လည်း လက်မလျှော့ဘဲ ဆက်ရှာပါတယ်။

ဒီလိုနဲ့ လေးငါးနာရီ အကြာမှာတော့ ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ကို တွေ့သွားပါတယ်။ ကမ္ဘာဖျက်ကြာနက်က ဟန်ကျွယ်ရဲ့ လောကဦးကမ္ဘာထဲက ကြယ်တစ်စင်းထဲမှာ ပုန်းအောင်းနေတာပါ။ ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ကို သူ့ခန္ဓာကိုယ်ကနေ ဖယ်ရှားလို့မရပါဘူး။ ဒါ့အပြင် ကမ္ဘာဖျက်ကြာနက်က သူ့ကို ဒုက္ခမပေးတာကိုလည်း ဟန်ကျွယ် ရှာတွေ့သွားပါတယ်။

ဒီလိုဖြစ်ရတာက လောကဦးချီဟာ ကမ္ဘာဖျက်ကြာနက်ကို သန့်စင်နေလို့ပါပဲ။ ဒီလိုသန့်စင်မှုက တော်တော်လေး အားပျော့တယ်ဆိုပေမဲ့ ဒီလိုသာဆက်သွားမယ်ဆိုရင် အချိန်တစ်ခုမှာတော့ ကမ္ဘာဖျက်ကြာနက်က ဟန်ကျွယ်ပိုင်ဆိုင်တဲ့ ဝိညာဉ်ရတနာအဖြစ် ပြောင်းလဲသွားမှာပါ။

ဒီတော့မှပဲ ဟန်ကျွယ်ဟာ သက်ပြင်းချနိုင်ပါတော့တယ် ‘တော်သေးတယ်... ဘာအန္တရာယ်မှ မရှိတော့လို့’

ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီးနောက် ဝူတောက်ကျန့်ကို ပြောလိုက်ပါတယ် “ခဏ အပြင်ထွက်အုန်း” ကျင့်ကြံအားထုတ်နေတဲ့ ဝူတောက်ကျန့်လည်း ဟန်ကျွယ့်စကားကြောင့် ထိုင်ရာကနေထပြီး ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ကို ထွက်သွားပါတယ်။

ဝူတောက်ကျန့် ထွက်သွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို တလိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကောင်းကင်ဧကရာဇ်က ခပ်မြန်မြန်ပဲ တုံ့ပြန်ပါတယ် “ဘာကိစ္စရှိလို့လဲ”

“အရှင်မင်းကြီး... ကမ္ဘာဖျက်ကြာနက်ကို သိလား”

“မင်း အဲဒါက ဘယ်လိုလုပ်ပြီး သိတာလဲ”

ကောင်းကင်ဧကရာဇ်ရဲ့ အသံက လေးနက်လွန်းတာကြောင့် ကမ္ဘာဖျက်ကြာနက်က သာမန်မဟုတ်မှန်း ဟန်ကျွယ် သိလိုက်ပါတယ်။

“ကျွန်တော်ကို လွမ်ဟွေအင်မော်တယ်ဧကရာဇ်လို အထင်မှားတဲ့လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်၊ သူက ကမ္ဘာဖျက်ကြာနက်ကို ထုတ်ပြီး ကျွန်တော့်ကို ပေးမလို့လုပ်တာ၊ အဲဒီဟာရဲ့ရောင်ဝါက ကြောက်ဖို့ကောင်းလို့ ကျွန်တော် ချက်ချင်း ထွက်ပြေးလာခဲ့တာ”

“အို... လွမ်ဟွေအင်မော်တယ်ဧကရာဇ်က ကမ္ဘာဖျက်ကြာနက်ကို ရှာနေတာလား”

အင်မော်တယ်ကမ္ဘာမှာရှိတဲ့ ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဒီအချိန်မှာ ကောင်းကင်ဧကရာဇ်က ခမ်းနားထည်ဝါလှပပြီး နဂါးကိုးကောင်ဝန်းရံထားတဲ့ ရွှေပလ္လင်ပေါ်မှာထိုင်ကာ အင်မော်တယ်နဲ့ နတ်ဆိုးတွေရဲ့ တိုက်ပွဲကို ငုံ့ကြည့်နေတာပါ။ တိုက်ပွဲလို့ဆိုတာထက် နတ်ဆိုးတွေ မျိုးတုံးခံရတယ်ဆို ပိုမှန်ပါလိမ့်မယ်။

‘လွမ်ဟွေအင်မော်တယ်ဧကရာဇ်က ဘာလိုချင်တာလဲ၊ ကျိန်စာစာအုပ်ကိုင်ထားတဲ့ လျှိုဝှက်ဆန်းကြယ်ပုဂ္ဂိုလ်က သူများလား၊ သူ့နောက်ခံကို ငါမသိသလို သူ့ရည်ရွယ်ချက်ကိုလည်း မသိဘူး၊ သူက အနန္တကမ္ဘာမှာ အလျှို့ဝှက်ဆုံးနဲ့ အဆန်းကြယ်ဆုံးပဲ’

‘သူက ဟန်ကျွယ်ကို ပစ်မှတ်ထားနေတာပဲ’

ကောင်းကင်ဧကရာဇ်ဟာ ချက်ချင်းပဲ အသံလွှင့်ပြီး မေးလိုက်ပါတယ် “မင်း အဲဒီလူနဲ့ ဘယ်မှာတွေ့တာလဲ”

“ငရဲပြည်မှာ”

“နောက်ကျရင် ငရဲပြည်ကို မသွားနဲ့၊ ကောင်းကင်ရုံးတော်က ငရဲပြည်ကို မထိန်းချုပ်နိုင်ဘူး၊ ကောင်းကင်ရုံးတော်နဲ့ ငရဲပြည်က တစ်ယောက်ကိုတစ်ယောက် ကူညီရုံပဲ”

“ကျွန်တော် နားလည်ပါပြီ၊ ဒါနဲ့ အရှင်မင်းကြီး ကျွန်တော့်ကို ကမ္ဘာဖျက်ကြာနက် အကြောင်း ပြောပြပါလား”

ကောင်းကင်ဧကရာဇ်ဟာ ချီတုံချတုံ ဖြစ်သွားပြီးနောက် ကမ္ဘာဖျက်ကြာနက်အကြောင်း ပြောပြလိုက်ပါတယ်။

“ဒဏ္ဍာရီအရ မိုးကောင်းနဲ့ မြေကြီး စတင်ဖြစ်ပေါ်လာတုန်းက ကြာပန်းလေးပွင့်လည်း အတူတကွ မွေးဖွားလာခဲ့တယ်၊ ဒီကြာပန်းလေးပွင့်မှာ အလွန်အစွမ်းထက်တဲ့ နိယာမလေးမျိုး ပါဝင်နေတဲ့အတွက် သူတို့ထက်က တစ်ခုကိုရမယ်ဆိုရင်တောင် မဟာတာအိုကို သိမြင်နားလည်နိုင်တယ်”

“ဒီကြားပန်းလေးပွင့်ထဲက တစ်ပွင့်ကာ အနန္တကပ်ဘေးလေးခုကို ဖြတ်သန်းအပြီးမှာ ကမ္ဘာဖျက်ကြာနက် ဖြစ်သွားတာပါ၊ ဒီကမ္ဘာဖျက်ကြာနက်ထဲမှာ အရမ်းအရမ်း ကြောက်ဖို့ကောင်းတဲ့ အကုသိုလ်ကံတွေပါနေလို့ အနန္တကပ်ဘေးကို အချိန်မရွေး စတင်နိုင်တဲ့အစွမ်း ရှိတယ်”

ကောင်းကင်ဧကရာဇ်က ဆက်ပြီး သတိပေးလိုက်ပါတယ် “ဒီကမ္ဘာဖျက်ကြာနက်ကို ပြန်လည်မွေးဖွားခြင်း စက်ဝန်းအောက်က အမှောင်နယ်မြေမှာ မိစ္ဆာဘိုးဘေးနဲ့အတူ ဖိနှိပ်ထားတာ၊ မိစ္ဆာဘိုးဘေးက ဒီဟာကို လောကထဲ ပို့ဆောင်လိုက်တာ ကောင်းတဲ့ရည်ရွယ်ချက် လုံးဝရှိမှာ မဟုတ်ဘူး၊ ငါတောင် ဒီဟာကို အရမ်းကြောက်တာ၊ မင်း အဲဒီဟာကို လုံးဝမထိနဲ့၊ မဟုတ်ရင် ငါလည်း မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး”

ဟန်ကျွယ်ဟာ ကသိကအောက် ဖြစ်သွားပြီး မချိပြုံးပြုံးလိုက်ပါတယ် ‘ထိရုံတောင် မကဘူး၊ အထဲတောင် ရောက်နေပြီ’

“ကျွန်တော် နားလည်ပါတယ် အရှင်မင်းကြီး၊ ကျွန်တော် အဲဒီဟာကို လုံးဝမထိဘူး”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters