ရှန်နန်းတော် စစ်ပွဲအတွင်းဝင်ခြင်း
Vol. 23 Ch. 274
ကောင်းကင်ဧကရာဇ်ဟာ အလုပ်များနေတာကြောင့် ဟန်ကျွယ်ကို သတိပေးပြီးတာနဲ့ နတ်အာရုံကို ဖြတ်တောက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ဆီက ကမ္ဘာဖျက်ကြာနက် အကြောင်းကို ကြားပြီးတဲ့အခါမှာ နေမထိထိုင်မသာ ဖြစ်လာပါတယ်။
ကမ္ဘာဖျက်ကြာနက်က အနန္တကပ်ဘေးကို အချိန်မရွေး စတင်နိုင်တယ်အတွက် ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ ပြောစရာလိုမယ် မထင်ပါဘူး။ ကောင်းကင်ဧကရာဇ်တောင် ဒီရတနာကို ကြောက်တယ်ဆိုတော့ ဟန်ကျွယ်လည်း ဒီလိုရတနာမျိုးကို လုံးဝမလိုချင်ပါဘူး။ ဒါပေမဲ့ ကံဆိုးစွာပဲ ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ကို သူ့ခန္ဓာကိုယ်ထဲကနေ ဖယ်ရှားလို့မရပါဘူး။
ဟန်ကျွယ်ဟာ တာအိုဆရာယွီချိနဲ့ တွေ့ခဲ့တာကို ပြန်တွေးလိုက်ပါတယ် ‘ဒီလူက သူ့ကိုယ်သူ အရမ်းနှိမ့်ချပြီး ငါ့ကို ဆက်ဆံခဲ့တာ၊ ငါသာ သူ့နေရာမှာဆိုရင် တစ်ဖက်လူကို ဒီလိုအလွယ်လေး ယုံကြည်မှာလား၊ ဒီလောက်တန်ဖိုးကြီးကြီး ပေးထားရတဲ့အရာကို တစ်ခြားသူဆီ အလွယ်တကူ ပေးပစ်မှာလား’
ဟန်ကျွယ်နဲ့ တာအိုဆရာယွီချိဟာ စကားများများ မပြောဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ တာအိုဆရာယွီချိက သူ့ခန္ဓာကိုယ်နဲ့ လဲလှယ်ခဲ့ရတဲ့ ရတနာကို ဒီလိုအလွယ်လေး ပေးတာက တကယ်ကို ထူးဆန်းတာပါ။
‘ဒါ ထောင်ချောက်လား’
ဟန်ကျွယ်ဟာ ထိုက်စုတျန် အကွက်ချပြီးပေးခဲ့တဲ့ ကောင်းကင်ဖာကျောက်တုံးကို ပြန်တွေးမိပြီး စိတ်ပိုလေးသွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ တာအိုသခင်ယွီချိရဲ့ အချက်အလက်ကို စစ်ဆေးလိုက်ပါတယ်။
[တာအိုဆရာယွီချိ: အင်မော်တယ်ဧကရာဇ် ဒုတိယအဆင့်။ ငရဲပြည်မှ သရဲဖြစ်ပြီး ရှေးအရင်က အင်မော်တယ်ကမ္ဘာ၌ ထူးချွန်ထက်မြက်သော ကျင့်ကြံသူ တစ်ဦးဖြစ်ခဲ့သည်။ မိသားစုတစ်စုလုံး အသတ်ခံရပြီး ကိုယ်တိုင်လည်း နွေဦးမြစ်၌ ဖိနှိပ်ခံရသည့်အပြင် ရှန်နန်းတော်ရှိ စွမ်အားကြီးပုဂ္ဂိုလ်များ၏ ကျိန်စာတိုက်မှုကိုပါ ခံရသောကြောင့် တာအိုဆရာယွီချိသည် လျှို့ဝှက်ဆန်းကြယ်သော လွမ်ဟွေအင်မော်တယ်ဧကရာဇ်ထံတွင် အညံခံခဲ့သည်။ သင့်တွင် လွမ်ဟွေအင်မော်တယ်ဧကရာဇ်၏ ရောင်ဝါရှိပြီး သူ့အား နေ့ညမပြတ် နှိပ်စက်နေသော ကမ္ဘာဖျက်ကြာနက်အား လက်ခံယူခဲ့သောကြောင့် သင့်အပေါ်တွင် အကောင်းမြင်စိတ် ဝင်လာခြင်းတည်း။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်။]
‘နေ့ညမပြတ် နှိပ်စက်တာ...’
‘သေစမ်း... ဒီလူလိမ်အိုကြီးက ငါ့ကို ကတိအကြောင်း မပြောတာ မထူးဆန်းတော့ပါဘူး’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ဒီမြေခွေးအိုကြီးတွေက တစ်ကောင်မှ မရိုးသားဘူး’
ဟန်ကျွယ် ကံကောင်းသွားတာတစ်ခုက သူ့ရဲ့ လောကဦး ကြယ်တာရာခန္ဓာကိုယ်ဟာ ကမ္ဘာဖျက်ကြာနက်ကို သန့်စင်နိုင်တဲ့အထိ အားကောင်းနေလို့ပါပဲ။ မဟုတ်လို့ကတော့ တွေးဝံ့စရာတောင် မရှိပါဘူး။
ဟန်ကျွယ်ဟာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး သူ့ခံစားချက်တွေကို ရှင်းလင်းလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာဖျက်ကြာနက်က သူ့ခန္ဓာကိုယ်ထဲ ရောက်နေပါပြီ။ ဖယ်ရှားလို့လည်း မရပါဘူး။
‘အနန္တကမ္ဘာအတွက် ငါ ဒီကမ္ဘာဖျက်ကြာနက်ကို သန့်စင်ပစ်ရမယ်’
ဟန်ကျွယ်ဟာ သူ့ကိုယ်သူ လောကကြီးကို ကယ်တင်တဲ့ သူရဲကောင်းလို့ မှတ်ယူလိုက်ပြီး စိတ်လက်ပေါ့ပါးသွားပါတယ်။ အဲဒီနောက် ထုံးစံအတိုင်း ဆက်လက်ကျင့်ကြံပါတယ်။
ကမ္ဘာဖျက်ကြာနက် ရှိနေတဲ့အတွက် အနန္တကပ်ဘေးထဲ ဝင်မပါဖို့ ဟန်ကျွယ်ဟာ အခိုင်အမာ ဆုံးဖြတ်လိုက်ပါတယ်။
‘ဘာတွေပဲဖြစ်ဖြစ် ငါရဲ့ မူလရည်မှန်းချက် ပန်းတိုင်ကို မေ့လို့မဖြစ်ဘူး၊ ငါရဲ့ တစ်ခုတည်းသော ပန်းတိုင်က ထာရဝအသက်ပဲ’
ဒီလိုနဲ့ မျက်တောင်တစ်ခတ်အတွင်း ဆယ်နှစ် ကုန်ဆုံးသွားပြီး ဟန်ကျွယ်ရဲ့ အသက်သုံးထောင်ပြည့် မွေးနေ့ကို ရောက်လာပါတယ်။
[သင့်အသက် ၃,၀၀၀ ပြည့်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ချက်ချင်းဘုံပျံတက်၍ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ဆန်းကြယ်စွမ်အား တစ်ပါးကို ရရှိမည်။]
[၂။ ဘုံပျံမတက်ဘဲ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် အကောင်းစား ရတနာအား ရရှိမည်။]
ဟန်ကျွယ်ဟာ ဘာမှတောင် မစဉ်းစားဘဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
‘ဘာလိုလိုနဲ့ ငါတောင် အသက်သုံးထောင် ပြည့်ပါပြီလား... ဟင်း... အချိန်တွေက အကုန်မြန်လိုက်တာ’
[ကောင်းကင်တာရာ မဟာတာအိုဝတ်ရုံအား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ကောင်းကင်တာရာ မဟာတာအိုဝတ်ရုံ: နတ်မင်းအဆင့် ခံစစ် စိတ်ဝိညာဉ်ရတနာ။ ကောင်းကင်နိယာမမှ သန့်စင်ထားသော တာအိုဝတ်ရုံဖြစ်ပြီး အလွန်ခိုင်ခံ့သော ခံစစ်စွမ်းအားရှိကာ နတ်မင်းအဆင့်အောက် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်သည်။ သို့သော် အင်မော်တယ်ဧကရာဇ်များ၏ တိုက်ချက်ကို တစ်နာရီထက် ပိုမခံနိုင်ချေ။]
‘နတ်မင်းအဆင့် ခံစစ် စိတ်ဝိညာဉ်ရတနာလား’ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ တောက်ပသွားပြီး အသက်ရှူသံ မြန်လာပါတယ် ‘ဒီရတနာနဲ့ဆိုရင် အင်မော်တယ်ဧကရာဇ်တွေကို ငါ ကြောက်စရာ မလိုတော့ဘူး... ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်လဲ’
ဟန်ကျွယ်ဟာ ကောင်းကင်တာရာ မဟာတာအိုဝတ်ရုံကို ချက်ချင်းပဲ ထုတ်ယူလိုက်ပါတယ်။ ကောင်းကင်တာရာ မဟာတာအိုဝတ်ရုံဟာ အဖြူရောင်ဖြစ်ပြီး အင်္ကျီလက်စမှတော့ သလင်းကျောက်တွေနဲ့ အလှဆင်ထားတာကြောင့် ရှုမငြီးအောင် လှပနေပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်တာရာ မဟာတာအိုကို သန့်စင်ပြီးလို့ ကိုယ်ပိုင်ပစ္စည်း ပြုပြီးတဲ့အခါမှာ ချက်ချင်းပဲ ဝတ်ဆင်လိုက်ပါတယ်။
ဝူတောက်ကျန့်ဟာ ချီးကျူးလိုက်ပါတယ် “သခင်က အရမ်းကြည့်လို့ကောင်းတာပဲ” ဝူတောက်ကျန့်ရဲ့ မျက်လုံးတွေကတော့ ဟန်ကျွယ် ချွတ်လိုက်တဲ့ ဧကရာဇ်ဝတ်ရုံကနေ တစ်လက်မတောင် မခွာပါဘူး။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့် ဘာတွေးနေလဲဆိုတာကို သိပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ဧကရာဇ်ဝတ်ရုံပေးဖို့ စိတ်ကူးမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဝူတောက်ကျန့်က အပြင်ထွက်ပြီး လေ့ကျင့်တာ မဟုတ်တဲ့အတွက် ဒီလိုရတနာမျိုး မလိုအပ်လို့ပါပဲ။
ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်နေတာကြောင့် မတ်တတ်ရပ်ပြီး ပြောလိုက်ပါတယ် “သွားမယ်၊ ငါ တာအို ထပ်ဟောကြားမယ်”
တာအိုဟောကြားမယ်ဆိုတဲ့အတွက် ဝူတောက်ကျန့်ရဲ့ မျက်လုံးတွေဟာ လမင်းကြီးလို ဝင်းလဲ့တောက်ပသွားပါတယ်။
ရှန်နန်းတော်။
စုချီ ကျင့်ကြံအားထုတ်နေတုန်းမှာပဲ ခန်းမအပြင်ဘက်ကနေ အသံတစ်သံကို ကြားလိုက်ရပါတယ်။
“ရှန်နန်းတော် တပည့်တွေအကုန်လုံး သိုင်းခန်းမကို ချက်ချင်းလာခဲ့ကြ”
ဒီအသံက ဓားနတ်ဧကရာဇ်ရဲ့အသံပါ။ ဒီတစ်ကြိမ်မှာတော့ ဓားနတ်ဧကရာဇ်ဟာ စုချီတစ်ယောက်တည်း မဟုတ်တော့ဘဲ ရှန်နန်းတော်က တပည့်အကုန်လုံးကို ခေါ်ယူလိုက်တာပါ။
စုချီဟာ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲမှာ မသက်မသာ ဖြစ်သွားပါတယ် ‘တစ်ခုခု ဖြစ်လို့လား’ စုချီဟာ ချက်ချင်းပဲ မတ်တတ်ရပ်လိုက်ပြီး သိုင်းခန်မကို ဦးတည်လိုက်ပါတယ်။
အခန်းထဲကနေ ထွက်လာတဲ့ စုချီဟာ အရပ်မျက်နှာတစ်ခုတည်းကို ဦးတည်ပျံသန်းနေတဲ့ ရှန်နန်းတော်ရဲ့ တပည့်ပေါင်းများစွာကို တွေ့လိုက်ရပါတယ်။ ရှန်နန်းတော်ရဲ့ တပည့်တွေဟာ မြားမိုးလိုပဲ မရေတွက်နိုင်ပါဘူး။
စုချီဟာ မိန်းကလေးတပည့်တစ်ဦးကို တားပြီး မေးလိုက်ပါတယ် “ဘာဖြစ်တာလဲ”
မိန်းကလေးတပည့်ဟာ ကြောက်ရွံ့နေတဲ့ မျက်နှာနဲ့ ပြန်ဖြေပါတယ် “ရှန်နန်းတော်က ကောင်းကင်ရုံးတော် ဗုဒ္ဓဂိုဏ်းတို့နဲ့ ပူးပေါင်းပြီး နတ်ဆိုးရုံးတော်ကို ဝိုင်းတိုက်တော့မှာ၊ အင်မော်တယ်ကမ္ဘာက မျိုးနွယ်စုတွေ အဂ္ဂပြည်တွေ မိသားစုတွေတောင် ဘက်ရွေးနေကြပြီ၊ လောကကြီးရဲ့ကပ်ဘေးက တကယ်ရောက်လာပြီ”
ဒီစကားကို ကြားလိုက်ရတဲ့ စုချီဟာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားပါတယ်။ စုချီဟာ အနန္တကပ်ဘေးအကြောင်းကို တော်တော်လေး ကြားသိခဲ့ရတာမို့ ဘယ်လိုမှ အေးအေးဆေးဆေး မနေနိုင်တော့ပါဘူး။
‘ကြည့်ရတာ ငါပြန်သွားဖို့ အချိန်တန်ပြီပဲ’ စုချီဟာ ဒီကပ်ဘေးထဲကို လုံးဝမဝင်ချင်ပါဘူး။
တစ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တာအိုဟောကြားတာ ပြီးသွားတဲ့အတွက် ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပါတယ်။ ပြီးတာနဲ့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး စာအိတ်တွေ ဖတ်ကြည့်ရင်း နတ်ဆိုးဧကရာဇ်နဲ့ ရွှေဂဠုန်နတ်ဆိုးကို ကျိန်စာတိုက်လိုက်ပါတယ်။
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် အင်မော်တယ်နတ်ဘုရားများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၂၄၉၈၂၁
[သင့်မိတ်ဆွေ လုံရှန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၉၈၀၀၅
[သင့်မြေးတပည့် မုရုံချီသည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၇၂၀၉၈
[သင့်မိတ်ဆွေ ဓားနတ်ဧကရာဇ်သည် နတ်ဆိုးမျိုးနွယ်စုမှ အင်မော်တယ်ဧကရာဇ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၂၃
[သင့်မိတ်ဆွေ တိထိုက်ပိုင်သည် နတ်ဆိုးသူတော်စင်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ နတ်အရှင်ဝူသယ်သည် နတ်ဆိုးမျိုးနွယ်စုမှ အင်မော်တယ်ဧကရာဇ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ရုပ်ခန္ဓာ ပျက်စီးသွား၏။]
[သင့်မိတ်ဆွေ ကျန်းယီသည် သင့်မိတ်ဆွေ ရှန်စစ်သူကြီး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်တပည့်စုချီသည် ရှန်နန်းတော်မှ တပည့်တစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၂၇
[သင့်မိတ်ဆွေ ကျိုးဖန်သည် ကျင့်ကြံသူတစ်ဦး တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
‘ဒါက အနန္တကပ်ဘေး စတင်ပြီဆိုတာကို ပြနေတာလား’ ဟန်ကျွယ်ဟာ ထိတ်လန့်သွားပြီး အနန္တကပ်ဘေးက သေမျိုးကမ္ဘာကို မသက်ရောက်ဖို့ ဆုတောင်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ အသက်သုံးထောင်ပဲ ရှိသေးတာမို့ မသေချင်သေးပါဘူး။
လဝက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နတ်ဆိုးဧကရာဇ် ရွှေဂဠုန်နတ်ဆိုးနဲ့ လီရွှမ်အောက်ကို ကျိန်စာတိုက်လို့ ပြီးသွားတာကြောင့် ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။
အင်မော်တယ်ဧကရာဇ်တွေက အဆင့်တက်ဖို့ အတော်ဖို့ ခက်တာပါ။ ဒါကြောင့်လည်း ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် တတိယအဆင့်နဲ့ အဝေးကြီး လိုပါသေးတယ်။ ဒီကိစ္စကြောင့်လည်း ဟန်ကျွယ်က စိုးရိမ်သောက ရောက်နေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနန္တကပ်ဘေးထဲမှာ အင်မော်တယ်ဧကရာဇ်အဆင့်က အတော်လေး အားနည်းနေလို့ပါပဲ။
ဒီလိုနဲ့ နှစ် ၂၀ ကုန်ဆုံးသွားပါတယ်။
ရှန်နန်းတော်က စစ်ပွဲထဲဝင်လာတာကြောင့် အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို ဝရုန်းသုန်းကားဖြစ်ပြီး နေရာတိုင်းမှာ စစ်ပွဲချည်းပါပဲ။ နေရာတိုင်းမှာ စစ်ပွဲဖြစ်လာတာကြောင့် အထက်ဘုံရဲ့ သက်ရှိတွေဟာ သေမျိုးကမ္ဘာတွေဆီ ဆင်းသက်ပြီး ပုန်းအောင်းကြပါတယ်။ တစ်ချို့ဆိုရင် ထုန်ကျန့်ကမ္ဘာကိုတောင် အပိုင်စီးချင်ကြပါတယ်။ ဒါပေမဲ့ ဒီကျူးကျော်သူတွေကို ဝတ်ရုံဖြူဗုဒ္ဓက ဒိုင်ခံရှင်းပစ်တာမို့ ဟန်ကျွယ် ဘာမှလုပ်စရာ မလိုပါဘူး။
အင်မော်တယ်ဧကရာဇ် မဟုတ်ဘူးဆိုရင် ဝတ်ရုံဖြူဗုဒ္ဓက ဟန်ကျွယ်ရဲ့ အကူအညီကို မလိုအပ်ပါတယ်။
ဒီအချိန်မှာတော့ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ ကျင့်ကြံမှုကို လမ်းညွှန်ပေးနေပါတယ်။ ရှင်းဟုန်ရွှမ်ရဲ့ ကျင့်ကြံမှုက အတိဒုက္ခဖြတ်ကျော်အဆင့်ကို ရောက်နေပြီမို့ ဘုံပျံတက်သင့်လားဆိုပြီး ဟန်ကျွယ်ကို လာမေးတာပါ။ ဟန်ကျွယ်ဆီက အနန္တကပ်ဘေးအကြောင်းကို ကြားရပြီးတဲ့အခါမှာ ရှင်းဟုန်ရွှမ်ဟာ ဘုံပျံတက်ဖို့ စဉ်းတောင် မစဉ်းစားတော့ပါဘူး။
ဟန်ကျွယ် ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို ခံစားမိလိုက်တာကြောင့် မျက်နှာပြောင်းသွားပြီး အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ် “အရင်ပြန်သွားနှင့်အုန်း၊ ငါ လုပ်စရာရှိသေးတယ်”
ရှင်းဟုန်ရွှမ်လည်း အံအားသင့်သွားပြီး ဟန်ကျွယ်အမူအရာက မူမမှန်တာကြောင့် ချက်ချင်း ခေါင်းညိတ်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်ခွာသွားပါတယ်။
ရှင်းဟုန်ရွှမ် ထွက်သွားတာနဲ့ ဟန်ကျွယ်ဟာ ချက်ချင်း မျက်စိတ်မှိတ်ပြီး လောကဦးကမ္ဘာကို အာရုံခံလိုက်ပါတယ်။ ကြယ်တစ်စင်းမှာ တွယ်ကပ်နေတဲ့ ကမ္ဘာဖျက်ကြာနက်ဟာ နှလုံးသားလိုမျိုး အဆက်မပြတ် ခုန်လာပြီး အကုသိုလ်ကံတွေကို ဆက်တိုက် ထုတ်လွှတ်နေပါတယ်။
ဒီအကုသိုလ်ကံတွေက လောကဦးချီနဲ့ ပေါင်းစပ်သွားတာကြောင့် ဟန်ကျွယ်ဟာ စိတ်လေးသွားပါတယ်။ ဟန်ကျွယ်ရဲ့သိစိတ်ဟာ ကမ္ဘာဖျက်ကြာနက်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး ရင်တထိတ်ထိတ် ဖြစ်နေပါတယ်။
‘တစ်ခုခုဖြစ်တော့မှာလား’
‘နေပါအုန်း... အကုသိုလ်ကံနဲ့ ပေါင်းစပ်သွားတဲ့ ငါ့လောကဦးချီက ပိုအားကောင်းလာသလိုပဲ၊ ငါ့လောကဦးချီက အကုသိုက်ကံကို မကြောက်ပါလား’
မြန်မာပြည် ငြိမ်းချမ်းပါစေ။