← Chapters

အကုသိုလ်ကံအား စုပ်ယူခြင်း၊ ငရဲနက်နတ်ဆိုးသခင်၏ ကြောက်ရွံ့မှု

Vol. 23 Ch. 275

အကုသိုလ်ကံအား စုပ်ယူခြင်း၊ ငရဲနက်နတ်ဆိုးသခင်၏ ကြောက်ရွံ့မှု

Vol. 23 Ch. 275

‘ငါ့ရဲ့ လောကဦး ကြယ်တရာခန္ဓာကိုယ်က အကုသိုလ်ကံကို စုပ်ယူပြီး ငါ့ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲနိုင်တာလား’

ဟန်ကျွယ်ဟာ ကျေနပ်အံအားသင့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောကဦးချီက ဟန်ကျွယ်ဝိညာဉ်စွမ်းအားရဲ့ အရန်စွမ်းအားမို့လို့ပါပဲ။ ဒါကြောင့် လောကဦးချီ အားကောင်းလေလေ ဟန်ကျွယ်အစွမ်းကလည်း ပိုထက်လေလေပါပဲ။

‘ဒါက ရုပ်ဖျက်လာတဲ့ ကံကောင်းမှုပဲ’

ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ကို သေချာစစ်ဆေး ကြည့်ရှုတဲ့အခါမှာ အနန္တကပ်ဘေးလေးခုကနေ စုစည်းလာခဲ့တဲ့ အကုသိုလ်ကံတွေက တော်တော်လေး ကြောက်ဖို့ကောင်းတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်သာ ဒီကမ္ဘာဖျက်ကြာနက်ထဲ ပြုတ်ကျသွားမယ်ဆိုရင် ချက်ချင်းကို ဝါးမြိုခံရပြီး အမှုန်တောင်ကျန်မှာ မဟုတ်ပါဘူး။

‘ငါ ဒီအကုသိုလ်ကံတွေ အကုန်လုံးကို ဝါးမြိုလိုက်ရင် ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်သွားမလား... ဒါမှမဟုတ် ဒီထက်မြင့်တဲ့အဆင့်ကိုလား’ ဟန်ကျွယ်ဟာ နှလုံးခုန်မြန်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဘယ်လောက်ပဲ စိတ်လှုပ်ရှားပါစေ ကမ္ဘာဖျက်ကြာနက်ကို မျက်ခြေမပြတ် ဆက်ကြည့်နေပါတယ်။

ဒီလိုနဲ့ သုံးလေးလကြာသွားပြီး ကမ္ဘာဖျက်ကြာနက်ရဲ့ အကုသိုလ်ကံက သူ့လောကဦး ကြယ်တာရာခန္ဓာကိုယ်ကို မဝါးမြိုနိုင်မှန်း ဟန်ကျွယ် သေချာသွားပါတယ်။ ဒီတော့မှာ ဟန်ကျွယ်လည်း ရင်ထဲက အလုံးကြီး ကျသွားပါတော့တယ်။

‘ကြည့်ရတာ ငါ့ရဲ့လောကဦး ကြယ်တာရာခန္ဓာကိုယ်က နက်ရှိုင်းတဲ့ လျှို့ဝှက်ချက်တွေ ရှိနေသေးတဲ့ပုံပဲ၊ ဒီအတိုင်း ရိုးရိုးသာမန် ပဋိပက္ခရုပ်ခန္ဓာ မဟုတ်လောက်ဘူး’

ဟန်ကျွယ်ဟာ တာအိုအရှင်သခင်က ကမ္ဘာဖျက်ကြာနက်ရဲ့ အကုသိုလ်ကံကို စုပ်ယူနိုင်လိမ့်မယ်လို့ မထင်ပါဘူး။ ဒီလိုသာဆိုရင် ကမ္ဘာဖျက်ကြာနက်ကို ဒီလောက်အကြာကြီး ဖိနှိပ်ထားမှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ သိစိတ်ကို ရုတ်သိမ်းဖို့ ပြင်လိုက်စဉ်မှာပဲ ငရဲနက်နတ်ဆိုးသခင်ရဲ့အသံကို ရုတ်တရက် ကြားလိုက်ရပါတယ်။

“ဆရာ... ကျွန်တော် တကယ်ပဲ တောင်းပန်ပါတယ်၊ ကျွန်တော် တိတ်ဆိတ်ဂိုဏ်းမှာ အမှုထမ်းပါ့မယ်၊ ကျွန်တော့်ကို ဒီနေရာကနေ လွှတ်ပေးပါတော့”

“ဆရာ ဒီမှာရှိနေတာ ကျွန်တော် သိပါတယ်၊ ကျွန်တော် ဒီနေရာမှာထပ်ပြီး မနေနိုင်တော့ဘူး”

ငရဲနက်နတ်ဆိုးသခင်ရဲ့သံဟာ ကြောက်လန့်ပြီး ငိုသံပါနေပါတယ်။

ဟန်ကျွယ်ဟာ ငရဲနက်နတ်ဆိုးသခင်ရဲ့ အသံကြောင့် မှင်သက်သွားပါတယ် ‘ငါက မင်းကို မနှိပ်စက်ဘဲနဲ့ မင်းက ဘာဖြစ်လို့ ဒီလောက်တောင် ကြောက်လန့်နေရတာလဲ’

ဟန်ကျွယ် မသိတာတစ်ခုက ငရဲနက်နတ်ဆိုးသခင်ဟာ တကယ်ကို နှိပ်စက်ခံခဲ့ရတာပါ။ ကမ္ဘာဖျက်ကြာနက်နဲ့ အာကာသတစ်ခုတည်းမှာ နေထိုင်ရတဲ့ ငရဲနက်နတ်ဆိုးသခင်ဟာ အမှောင်ထုထဲမှာ ပုန်းအောင်းနေတဲ့ ကြောက်ခမန်းလိလိ စွမ်းအားကို အထင်ရှားကြီး ခံစားနိုင်ပါတယ်။ ငရဲနက်နတ်ဆိုးသခင်ဟာ ဝိညာဉ်အခြေအနေ ရောက်နေတာကြောင့် ဒီကြောက်မက်ဖွယ်စွမ်းအားကနေ သူ့ကိုယ်သူ မကာကွယ်နိုင်ပါဘူး။ ဒါကြောင့် အချိန်တိုင်းကို တုန်လှုပ်ချောက်ချားစွာ ဖြတ်သန်းနေရပါတယ်။

ဟန်ကျွယ်ဟာ ငရဲနက်နတ်ဆိုးသခင်ကို ဘာမှန်ပြန်မပြောသေးဘဲ လမ်းခြောက်သွယ် အမှတ်အသားကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ငရဲနက်နတ်ဆိုးသခင်ရဲ့ ဝိညာဉ်မှာ နက်ရှိုင်းစွာ အမြစ်တွယ်သွားပြီဆိုတာကို တွေ့လိုက်ရပါတယ်။ ဆိုလိုချင်တာကတော့ ဟန်ကျွယ်ဟာ ငရဲနက်နတ်ဆိုးသခင်ရဲ့ အသက်ကို လုံးဝထိန်းချုပ်နိုင်သွားပါပြီ။

“နောက်ကျရင် ဝီရိယတောင်မှာပဲနေပြီး ငရဲကြက်နက်ကို ပညာသင်ပေးချည်”

ဟန်ကျွယ်စကားကြောင့် ငရဲနက်နတ်ဆိုးသခင်ဟာ ဝမ်းသာအားရဖြစ်သွားပြီး ငရဲကြက်နက်ကို အင်တိုက်အားတိုက် ပညာသင်ပေးမယ်လို့ ချက်ချင်း ကတိပေးပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူ။

ဟန်ကျွယ် လက်ဆန့်ထုတ်လိုက်တဲ့အခါမှာ လက်ဖဝါးကနေ အနက်ရောင်မြူခိုးတစ်ခု ထွက်ပေါ်လာပါတယ်။ ဒီအဖြစ်ကြောင့် ဝူတောက်ကျန့်ဟာ မျက်လုံးပြူးသွားပါတယ် ‘ဘာလဲဟ’

“အပြင်ကိုသွား... ငရဲကြက်နက်က အပြင်မှာ” ဟန်ကျွယ်က ခံစားချက်ကင်းမဲ့တဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ်။

“ကျွန်တော့်အသက်ကို ချမ်းသားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ” ငရဲနက်နတ်ဆိုးသခင်ဟာ ကျေးဇူးတင်စကားပြောပြီး ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက်ကို ပျံထွက်သွားပါတယ်။

ဝူတောက်ကျန့်က အနက်ရောင်မြူခိုးအကြောင်း စပ်စုပါတော့တယ်။ ဟန်ကျွယ်လည်း မဖုံးကွယ်ဘဲ အကုန်ပြောပြလိုက်ပါတယ်။

ဝူတောက်ကျန့်ဟာ ငရဲကြက်နက်ရဲ့ ဇစ်မြစ်ကို ကြးလိုက်ရတဲ့အခါမှာ အံအားသင့်သွားပါတယ် ‘ဒီကြက်က လေလုံးထွားနေတာ မဟုတ်ဘူးပဲ၊ တကယ်ကို ဖီးနစ်ကို’

ဟန်ကျွယ်က အလေးအနက် ပြောလိုက်ပါတယ် “နင် သူ့ကို လုံးဝယုံကြည်လို့မရဘူး၊ နားလည်လား”

ဝူတောက်ကျန့်ဟာ ခေါင်းညိလိုက်ပါတယ်။ ဟန်ကျွယ် သတိမပေးလည်း ဝူတောက်ကျန့်က ငရဲနက်နတ်ဆိုးကို ယုံကြည်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငရဲနက်နတ်ဆိုးသခင်ရဲ့ ဝိညာဉ်ကနေ ထွက်ပေါ်နေတဲ့ ဖိအားက အလွန်အားကောင်းလို့ပါပဲ။

ဖူစန်းသစ်ပင်အောက်က ငရဲကြက်နက်ဟာ ငရဲနက်နတ်ဆိုးသခင်ကို တွေ့လိုက်ရတဲ့အတွက် အရမ်း စိတ်လှုပ်ရှားသွားပါတယ်။ အဲဒီနောက် ငရဲကြက်နက်က နားမလည်နိုင်စွာ မေးလိုက်ပါတယ် “ခင်ဗျားက သခင်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ဘာလို့ ထွက်လာတာလဲ”

တခြားသူတွေကလည်း ငရဲနက်နတ်ဆိုးသခင်ကို စိတ်ဝင်တစား ကြည့်လိုက်ပါတယ်။ ရွှေကျီးနှစ်ကောင်ကတော့ ကြီးမားတဲ့ရန်သူတော်ကြီးကို ရင်ဆိုင်ရသလိုမျိုး ခံစားလိုက်ရပါတယ်။ မြွေနဂါးဘုရင်လည်း ငရဲနက်နတ်ဆိုးသခင်ကိုကြည့်ပြီး ကြောက်ရွံ့ချောက်ချားသွားပါတယ်။

ငရဲနက်နတ်ဆိုးသခင်ဟာ နတ်ဆိုးမျိုးနွယ်စုရဲ့ အင်မော်တယ်ဧကရာဇ်ဖြစ်တာကြောင့် ရုပ်ခန္ဓာ မရှိပေမဲ့လည်း သူ့နတ်ဆိုးစွမ်းအားအရှိန်က နတ်ဆိုးတွေအဖို့ အလွန်ကြောက်ဖို့ ကောင်းနေတုန်းပါပဲ။

“အဟွတ်..အဟွတ်... နောက်ကျရင် ငါ မင်းနဲ့အတူ တာအိုအကြောင်း ဆွေးနွေးမယ်၊ အခုအချိန်ကစပြီး ငါ တိတ်ဆိတ်ဂိုဏ်းထဲ ဝင်လိုက်ပြီ၊ ငါက ငရဲနက်နတ်ဆိုးသခင်ပဲ၊ အရင်တုန်းကတော့ အထက်ဘုံမှာရှိတဲ့ နတ်ဆိုးရုံးတော်ရဲ့ နတ်ဆိုးသခင်၊ ငရဲနက်ဖီးနစ်မျိုးနွယ်စုရဲ့ ခေါင်းဆောင်ဆိုလည်း ဟုတ်တယ်၊ ငရဲကြက်နက်က ငါ့ညီလေး ပြန်ဝင်စားတာ” ငရဲနက်နတ်ဆိုးသခင်ဟာ ငရဲကြက်နက်ရဲ့စကားကို ပြန်မဖြေဘဲ သူ့ကိုယ်သူ မိတ်ဆက်လိုက်ပါတယ်။

နှစ်အကြာကြီး ကြောက်လန့်တကြား နေခဲ့ရပြီးတဲ့နောက် ငရဲနက်နတ်ဆိုးသခင်ဟာ သူ့ဂုဏ်သတင်းကို ဂရုမစိုက်တော့ပါဘူး။ ဟန်ကျွယ် စိတ်မဆိုးဘူဆိုရင် အရာအားလုံး အဆင်ပြေပါတယ်။

တိတ်ဆိတ်ဂိုဏ်းဝင်တွေဟာ ငရဲနက်နတ်ဆိုးသခင်ကို စိတ်ဝင်စားသွားကြပြီး ချက်ချင်းပဲ ဝန်းရံလိုက်ပါတယ်။ တစ်ဂိုဏ်းတည်းဖြစ်တာကြောင့် သူတို့တွေဟာ ငရဲနက်နတ်ဆိုးသခင်ကို မကြောက်ကြပါဘူး။ ဒီလိုနဲ့ တိတ်ဆိတ်ဂိုဏ်းမှာ အင်မော်တယ်ဧကရာဇ်တစ်ပါး တိုးလာပါတော့တယ်။

အင်မော်တယ်ကမ္ဘာ။

နတ်ဆိုးဧကရာဇ်ဟာ ဖျာပေါ်မှာထိုင်နေပြီး သူ့ခြေထောက်ပေါ်မှာတော့ ထူးဆန်းတဲ့ဓားတစ်ချောင်း ရှိနေပါတယ်။ နတ်ဆိုးဧကရာဇ်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်ပါတယ် “ဒီလူက ဘယ်ကနေ လာတာလဲ၊ ငရဲနက်နတ်ဆိုးသခင်ကိုတောင် အညံခံလာအောင် လုပ်နိုင်တယ်”

နတ်ဆိုးဧကရာဇ်ဟာ နတ်ဆိုးရုံးတော်ရဲ့ ကံတရား အထောက်အပံ့က နတ်ဆိုးသခင်တစ်ယောက် ပျောက်နေမှန်း အာရုံခံမိလိုက်ပါတယ်။ ဒီပျောက်နေတဲ့ နတ်ဆိုးသခင်ကတော့ ငရဲနက်နတ်ဆိုးသခင်ပါ။ နတ်ဆိုးဧကရာဇ်ဟာ ငရဲနက်နတ်ဆိုးသခင်ကို တွက်ချက်ကြည့်လိုက်တဲ့အခါမှာ မသေသေးမှန်း သိလိုက်ရတာကြောင့် ရန်သူထံ ခိုလှုံသွားပြီဆိုတာကို သိလိုက်ပါတယ်။

ကပ်ဘေးမတိုင်ခင် သစ္စာဖောက်သွားတာက နတ်ဆိုးဧကရာဇ်ကို အကြီးအကျယ် ဒေါသထွက်စေပါတယ်။ ဒါပေမဲ့ နတ်ဆိုးဧကရာဇ်ဟာ သေမျိုးကမ္ဘာဆီ ဆင်းသက်ဖို့ မအားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ အင်အားစုသုံးစုက နတ်ဆိုးရုံးတော်ကို ဝန်းရံထားတဲ့အတွက် နတ်ဆိုးဧကရာဇ်ဟာ အရမ်းအလုပ်များနေလို့ပါပဲ။

နတ်ဆိုးဧကရာဇ်ဟာ လက်ဝှေ့ယမ်းလိုက်ပါတယ်။ မကြာခင်မှာပဲ နတ်ဆိုးရောင်ဝါလုံးတစ်လုံးဟာ ခန်းမထဲ တဟုန်ထိုးပျံသန်းလာပြီး လူသားအသွင် ပြောင်းလဲသွားပါတယ်။ ဒီနတ်ဆိုးဟာ ဝက်ဝံလို ထွားကြိုင်းပြီး မျက်နှာကတော့ မီးလောင်ထားသလို ရုပ်ဆိုးလှပါတယ်။ ဒီအပြင့် နတ်ဆိုးတိုင်းမှာ ရှိကြတဲ့ ရက်စက်ယုတ်မာတဲ့အသွင်လည်း ရှိပါတယ်။

“နေလောင်နတ်ဆိုးသခင်... မင်း နတ်ရွှေကျီးမျိုးနွယ်စုဆီ သွားပြီး သူတို့ရဲ့ တောင်းဆိုချက်သုံးချက်ကို ငါက သဘောတူတယ်လို့ ပြောလိုက်၊ ပြီးရင် သူတို့ကို ကောင်းကင်ရုံးတော်အောက်မှာရှိတဲ့ ကမ္ဘာအကုန်လုံးကို မီးလောင်တိုက်သွင်းခိုင်းလိုက်” နတ်ဆိုးဧကရာဇ်ရဲ့အသံဟာ တိုးညင်းလှပေမဲ့ သတ်ဖြတ်ငွေ့တွေ ပြည့်နှက်နေပါတယ်။

နေလောင်နတ်ဆိုးသခင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “အရှင်မင်းကြီး... နတ်ရွှေကျီးမျိုးနွယ်စုက ရည်မှန်းချက်ကြီးတယ်၊ တကယ်လို့...”

“သွားပါ၊ ပျက်စီးခြင်းမရှိရင် ဖန်တီးမှုဆိုတာလည်း မရှိနိုင်ဘူး၊ အနန္တကပ်ဘေးကို စရုံပဲ ရှိ‌သေးတာ၊ နောက်ဆုံးမှာ အနိုင်ရမဲ့သူက ငါတို့ပါလို့ ဘယ်သူမှကျိန်းသေ မပြောနိုင်ဘူး” နတ်ဆိုးဧကရာဇ်က အင်္ကျီစကို ဝှေ့ယမ်းပြီး တစ်ချက်လွှတ် ပြောလိုက်ပါတယ်။ နေလောင်နတ်ဆိုးသခင်လည်း ဘာမှမပြောသာတော့ဘဲ လက်သီးဆုပ် အရိုအသေပေးပြီး ခန်းမထဲက ထွက်ခွာသွားပါတယ်။

နတ်ဆိုးဧကရာဇ်ဟာ သူ့လက်ထဲကဓားကိုကြည့်ပြီး ရေရွတ်လိုက်ပါတယ် “ဒီကပ်ဘေးမှာ နတ်ဆိုးတွေ ထိပ်ဆုံးကို ပြန်ရောက်အောင် ငါ ကျိန်းသေပေါက် လုပ်ရမယ်” အဲဒီနောက် နတ်ဆိုးဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘သေစမ်း... ဒီအမှောင်ထဲက ခွေးစုတ်က ထပ်ပြီး ကျိန်စာတိုက်ပြန်ပြီ’

ဒီလိုနဲ့ ၂၅ နှစ် ကုန်ဆုံးသွားပြီး ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း အတော်လေး တိုးတက်လာပါတယ်။ ဟန်ကျွယ်ရဲ့ ပုံမှန်ကျင့်ကြံအားထုတ်မှုအပြင် လောကဦးကမ္ဘာကလည်း ကမ္ဘာဖျက်ကြာနက်ရဲ့ အကုသိုလ်ကံကို ဝါးမြိုစားသောက်တာကြောင့် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအလျင်ကို နှစ်ဆဖြစ်သွားစေခဲ့ပါတယ်။

ဟန်ကျွယ်ဟာ သူ့ကိုယ်သူ တစ်နေ့တစ်ခြား အင်အားကြီးမားလာတာကို ရှင်းရှင်းလင်းလင်းကြီး ခံစားနိုင်ပါတယ်။ အခုဆိုရင် အင်မော်တယ်ဧကရာဇ် တတိယအဆင့်က ဟန်ကျွယ်နဲ့ မဝေးတော့ပါဘူး။ ကျင့်ကြံတာအပြင် ဟန်ကျွယ်က သူ့ရန်သူတွေကို ကျန်စာတိုက်ဖို့လည်း မမေ့ပါဘူး။

အခုလက်ရှိ ကြမ္မာဆိုးစာအုပ်ဟာ ဧကရာဇ်တာအို အကောင်းစားရတနာ ဖြစ်နေပြီမို့ အင်မော်တယ်ဧကရာဇ်တွေကို ကျိန်စာတိုက်ရာမှာ အရင်လိုအားစိုက်စရာ မလိုတော့ပါဘူး။ မကြာသေးခင်ကပဲ ရွှေဂဠုန်နတ်ဆိုးသခင်ဟာ ကျိန်စာအစွမ်းနဲ့ ဖြစ်ပေါ်လာတဲ့ အတွင်းနတ်ဆိုးကြောင့် အတော်လေး ထိခိုက်သွားပြီး ယမင်းမင်းဆီရောက်ဖို့ နှစ်တစ်ရာလောက်ပဲ လိုပါတော့တယ်။

ငရဲနက်နတ်ဆိုးသခင်ကလည်း သူ့ခန္ဓာကိုယ်ကို ပြန်ဖန်တီးလိုက်ပါတယ်။ ငရဲနက်နတ်ဆိုးသခင်ဟာ ဝီရိယတောင်ရဲ့ အင်မော်တယ်ချီက နတ်ဆိုးရုံးတော် သူ့ကျင့်ကြံခြင်းလိုဏ်ဂူမှာရှိတဲ့ အင်မော်တယ်ချီနဲ့ သိပ်မကွာတာကို အံဩဖွယ်ရာ တွေ့ရှိလိုက်ရတဲ့အတွက် စိတ်အေးလက်အေး ကျင့်ကြံအားထုတ်ပါတယ်။

နှစ်တွေလည်း ကြာပြီဖြစ်တဲ့အတွက် ငရဲနက်နတ်ဆိုးသခင်ဟာ တိတ်ဆိတ်ဂိုဏ်းသားတွေအပေါ်မှာ အကောင်းမြင်စိတ် ဝင်လာပါတယ်။ ဒါ့အပြင် ဒီလူနည်းနည်းလေးက လုံးဝမရိုးရှင်းတာကိုလည်း ရှာတွေ့သွားပါတယ်။

‘လုံဟောင်က ကောင်းကင်ဧကရာဇ်ရဲ့ သားတော်’

‘ရွှင်ချန်အန်းက ဗုဒ္ဓဂိုဏ်းရဲ့ ရှေးဟောင်း စိတ်ဝိညာဉ်ဂျင်ဆင်း၊ ဒီဂျင်ဆင်းက အင်မော်တယ်ကမ္ဘာရဲ့ နာမည်ကျော်ရတနာပဲ’

‘ကျိုးမင်ယွဲ့က ကောင်းကင်ရုံးတော်ကို ပြဿနာရှာခဲ့တဲ့ နတ်ဆိုးသူတော်စင်’

‘ထူလင်းအာက မဟာမှော်မျိုးနွယ်စုရဲ့ သွေးစည်းရှိတယ်’

‘ပဋိပက္ခကောင်းကင်ခွေးက ကံတရား အထောက်အပံ့ကို အလိုလို ထုတ်လွှတ်တယ်’

ချူရှီရန်ရဲ့ ဘဝဟောင်းကိုတော့ တွက်ချက်လို့မရတဲ့အတွက် ချူရှီရန်က ဘဝဟောင်းမှာ သူ့ထက်စွမ်းအားပိုကြီးတာကို ငရဲနက်ဆိုးသခင် သိလိုက်ပါတယ်။

‘ဟိုရွှေကျီးနှစ်ကောင်ကလည်း သိဟုန်ယဲ့နဲ့ ရေစက်ရှိတယ်... ငါ တိတ်ဆိတ်ဂိုဏ်းထဲဝင်လိုက်တာ မကောင်းတဲ့ကိစ္စ မဟုတ်ဘူးပဲ’

ဒီလိုနဲ့ တစ်နေ့မှာတော့ ဝတ်ရုံဖြူဗုဒ္ဓ ရောက်လာပါတယ်။ ဟန်ကျွယ်လည်း တောင်ကာအစီအရင်ကိုဖွင့်ပြီး ဝတ်ရုံဖြူ‌ဗုဒ္ဓကို အထဲဝင်ခွင့်ပြုလိုက်ပါတယ်။

ဖူစန်းသစ်ပင်အောက်ကို ဆင်းသက်လိုက်တဲ့ ဝတ်ရုံဖြူဗုဒ္ဓဟာ ငရဲနက်နတ်ဆိုးသခင်ကို တွေ့လိုက်ရတာကြောင့် ဒူးတုန်သွားပါတယ် ‘ငရဲနက်နတ်ဆိုးသခင်က ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ’

“ဝင်လာခဲ့ချည်”

ဟန်ကျွယ်အသံကြောင့် ဝတ်ရုံဖြူဗုဒ္ဓဟာ တုန်လှုပ်မှုကို မြိုသိပ်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဂရုတစိုက် ဝင်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ရှေ့မှာ ဒူးထောက်ပြီး ပြောလိုက်ပါတယ် “ဆရာ... ကျွန်တော် ဧကရာဇ်အဆင့်ကို တက်လှမ်းတော့မယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters