← Chapters

တိကျောက်ဝမ်နည်းတော်၊ မဟာမှော်ဆရာ နိုးထခြင်း

Vol. 24 Ch. 284

တိကျောက်ဝမ်နည်းတော်၊ မဟာမှော်ဆရာ နိုးထခြင်း

Vol. 24 Ch. 284

ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ် ဘာဖြစ်နေလဲ သိချင်တဲ့အတွက် စာအိတ်တွေကို စဖတ်လိုက်ပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်အကြောင်းကို တွေ့လိုက်ရပါတယ်။

[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် လျှို့ဝှက်ဆန်းကြယ် တားမြစ်အစီအရင်၌ ပိတ်မိနေ၏။]

‘‌ကောင်းကင်ဧကရာဇ်က ပိတ်မိနေတာလား’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ရိုးရိုးသားသား ပြောရရင် ကောင်းကင်ဧကရာဇ်က ဟန်ကျွယ်အပေါ် တော်တော်လေး ကောင်းပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ကိုယ်ကျိုးအတွက်ရော အများအကျိုးအတွက်ရော ကောင်းကင်ဧကရာဇ်ကို ဘာမှမဖြစ်စေချင်ပါဘူး။

ဟန်ကျွယ်ရဲ့ လက်ရှိစွမ်းအားနဲ့ ကောင်းကင်ဧကရာဇ်ကို ကယ်တင်ဖို့ဆိုတာ မဖြစ်နိုင်တာကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ် ဘေးကင်းဖို့ ဆုတောင်းရုံကလွဲပြီး ဘာမှမလုပ်နိုင်ပါဘူး။ ကောင်းကင်ဧကရာဇ်ကိုတောင် ဖိနှိပ်နိုင်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်က ကျိန်းသေပေါက် ဧကရာဇ်အဆင့်ထက် သာလွန်တဲ့ ကျင့်ကြံသူတစ်ဦး ဖြစ်မှာပါ။

ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပြီး ဆက်လက်ကျင့်ကြံအားထုတ်ပါတယ်။

မှောင်မိုက်တဲ့ တောင်ကြားတစ်ခုမှာ ဂျိရှင်းရှန်ဟာ တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။ သူ့ခန္ဓာကိုယ်ပတ်လည်မှာတော့ ထူးဆန်းတဲ့အနီရောင်ရောင်ဝါတစ်ခု ရှိနေပြီး ခေါင်းပေါ်မှာလည်း ရုပ်သွင်တစ်ခု တည်ရှိနေပါတယ်။ ဒီရုပ်သွင်ရဲ့ အပေါ်ပိုင်းဟာ သရဲပုံစပါ။ သရဲဟာ ဂျိရှင်းရှန်ကို ငုံ့ကြည့်ပြီး အားရစွာပြုံးလိုက်ပါတယ် “မင်း ငရဲပြည်ကနေ ထွက်သွားနိုင်ပြီ၊ အင်မော်တယ်ကမ္ဘာမှာတောင် မင်းက နယ်ပယ်တစ်ခုကို စိုးမိုးနိုင်နေပြီ”

ဂျိရှင်းရှန်ဟာ မျက်လုံးမဖွင့်ဘဲ ပြောလိုက်ပါတယ် “မရသေးဘူး၊ အနန္တကပ်ဘေး ကျရောက်နေပြီလို့ ခင်ဗျားပဲ ပြောခဲ့တာမလား၊ အခုနေထွက်သွားရင် ကျိန်းသေပေါက် အန္တရာယ်များလိမ့်မယ်” အကြောင်းအရင်း တချို့ကြောင့် ဂျိရှင်းရှန်ဟာ မာနထောင်မယ်လို့ ကြံလိုက်တိုင်း ဟန်ကျွယ်ကို တွေးမိတာကြောင့် ထောင်လွှားတဲ့အဆင့်ဆီ မရောက်ပါဘူး။

‘သူက ငါ့ထက် စွမ်းအားပိုကြီးတယ်၊ ငါ သူ့ကို မကျော်နိုင်ဘဲနဲ့ ဘယ်လိုလုပ်ပြီး ပထမနေရာကို ရနိုင်မှာလဲ၊ ငါရဲ့ပြိုင်ဘက်ကင်းလမ်းစဉ်မှာ သူ့က ငါ့အတွက် အကြီးမားဆုံး အခက်အခဲပဲ’

“အန္တရာယ်ရှိတာ‌တော့ ဟုတ်တယ်၊ ဒါပေမဲ့ ဒီအန္တရာယ်က အခွင့်အရေးဆိုလည်း ဟုတ်တယ်၊ စွမ်းအားကြီးပုဂ္ဂိုလ် အများစုက အနန္တကပ်ဘေးမှာ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ပြီး ပေါ်ထွက်ခဲ့ကြတာချည်းပဲ”

“အနန္တကပ်ဘေးကို ပုန်းနေရုံနဲ့ လွတ်မယ်ထင်နေတာလား၊ အနန္တကပ်ဘေး နောက်ဆုံးအဆင့်ကို ရောက်ရင် မင်း ပုန်းနေလို့ မရတော့ဘူး၊ အဲဒီအချိန်မှာ ကြီးမားတဲ့ ကံတရား အထောက်အပံ့သာ မရှိဘူးဆိုရင် လောကတစ်ခုလုံး ပြည့်နှက်နေတဲ့ အကုသိုလ်ကံစွမ်းအားကို မင်း ဘယ်လို ခုခံမှာလဲ”

“အဲဒီအချိန်ကျရင် ဒီအကုသိုလ်ကံနဲ့တင် မင်းကို ချီဖောက်ပြန်ပြီး ရူးသွပ်သွားအောင် လုပ်နိုင်တယ်”

သရဲရဲ့ အလေးအနက် စကားကြောင့် ဂျိရှင်းရှန်ဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။

သရဲက ဆက်ပြောပါတယ် “ငရဲပြည်မှာ နတ်လက်နက်တစ်ပါး ရှိတယ်၊ သွားလုကြမလား”

“အဲဒီလက်နက်က စွမ်းအားကြီးလား”

“မိုးမြေကို တုန်လှုပ်စေပြီး သရဲတွေ နတ်ဘုရားတွေကို သတ်နိုင်တယ်”

ဂျိရှင်းရှန်က ချက်ချင်းပဲ မေးလိုက်ပါတယ် “ဘယ်နားမှာလဲ”

“တိကျောက်ဝမ်နန်းတော်မှာ”

“အန္တရာယ်များလား”

“ဘာလဲ... မင်းက ကြောက်နေတာလား”

“ဟမ်... ဘာလို့ ကြောက်ရမှာလဲ” ဂျိရှင်းရှန်ဟာ မတ်တတ်ရပ်လိုက်ပါတယ် “ရှေ့က လမ်းပြ”

“ဟီးဟီး... ကောင်းပြီလေ”

ငါးနှစ်ကြာပြီးနောက်။

ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ စွမ်းအားကြီးရောင်ဝါတစ်ခုကြောင့် ရုတ်တရက် မျက်လုံးပွင့်လာပါတယ်။

ထူလင်းအာ။

ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်အောက်မှာ လျှပ်တပြက် ပေါ်လာပြီး ထူလင်းအာကို သေချာကြည့်လိုက်ပါတယ်။ ဒီအချိန်မှာ ထူလင်းအာရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဥနီကြီးတစ်လုံးက လွှမ်းအုပ်ထားပါတယ်။ ဟန်ကျွယ်ဟာ ဥနီကြီးကို နတ်အာရုံနဲ့ စစ်ဆေးလိုက်ပေမဲ့ အလွန်အားကောင်းတဲ့ အရံအတားကြောင့် ရှေ့ဆက်တိုးလို့ မရပါဘူး။

ဟန်တစ်က ပြောလိုက်ပါတယ် “သူက မဟာညီညွတ်မှု ကောင်းကင်အင်မော်တယ်အဆင့်ကို ထိုးဖောက်ပြီး ဒီလို ဖြစ်သွားတာပါ”

တခြားသူတွေကလည်း ဝင်ပြောပါတယ်။

“လင်းအာကလည်း ဘဝဟောင်းမှာ အင်အားကြီးတဲ့နောက်ခံ ရှိတာလား”

“တော်တော်ကြောက်ဖို့ကောင်းတဲ့ ရောင်ဝါပဲ၊ သူက ဘယ်သူလဲ”

“သူ့မှာ နတ်ဆိုးသားရဲ သွေးစည်း ရှိနေတာလား”

“မဟုတ်ဘူး... သူ့သွေးစည်းက နတ်ဆိုးသားရဲထက် ပိုကြောက်ဖို့ကောင်းတယ်၊ သူက ရှေးဟောင်းမျိုးနွယ်စုက ဖြစ်မယ်”

“ရှေးဟောင်းမျိုးနွယ်စုက ဘာကိုပြောတာလဲ”

“လောကကြီး စတင်ဖြစ်ပေါ်လာတုန်းက ပထမဆုံးပေါ်ပေါက်လာတဲ့ မျိုးနွယ်စုတွေကို ပြောတာ”

ဟန်ကျွယ်ဟာ သူ့တပည့်တွေရဲ့ စကားတွေကို ဂရုမစိုက်ဘဲ ထူလင်းအာကိုသာ စိုက်ကြည့်နေပါတယ်။ ငရဲနက်နတ်ဆိုးဟာ ဟန်ကျွယ်ဘေးနားကို လျှောက်လာပြီး ခပ်တိုးတိုး ပြောလိုက်ပါတယ် “ဂိုဏ်းချုပ်က သူ့နောက်ခံကို သိတယ်မလား၊ သူ့ရေစက်က တော်တော်ကြီးတယ်”

ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ရတယ်၊ ဘာမှမဖြစ်ဘူး၊ ငါ သူ့ကို တိတ်ဆိတ်ကျွန်းကနေ ဘယ်နည်းနဲ့မှ ထွက်ခွာခွင့်ပေးမှာ မဟုတ်ဘူး”

ငရဲနက်နတ်ဆိုးက ထပ်ပြောလိုက်ပါတယ် “သူသာ ဒီအနန္တကပ်ဘေးကို ကျော်ဖြတ်နိုင်မယ်ဆိုရင် အင်မော်တယ်ကမ္ဘာမှာ စွမ်းအားကြီးပုဂ္ဂိုလ် ဖြစ်လာပြီး နယ်ပယ်တစ်ရပ်ကို အသာလေး စိုးမိုးနိုင်မှာ”

တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေဟာ နှလုံးလှုပ်သွားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငရဲနက်နတ်ဆိုးက တခြားလူတစ်ယောက်အပေါ်မှာ ဒီလောက်ခပ်မြင့်မြင့်တွေးတာ ပထမဆုံးမို့လို့ပါပဲ။

“ဖြစ်နိုင်ပါတယ်” ဟန်ကျွယ်က ဝတ်ကျေတမ်းကျေ ဖြေလိုက်ပါတယ်။

မကြာခင်မှာပဲ ဥနီကြီးဟာ ဝီရိယတောင်ရဲ့ အင်မော်တယ်ချီကို စုပ်ယူလာပါတယ်။ ဒီစုပ်ယူမှုက တဖြည်းဖြည်း မြန်ဆန်လာပြီး မျက်စိနဲ့မြင်နိုင်လောက်တဲ့ ဝဲကတေ့ကြီးတစ်ခု ဖြစ်တည်လာပါတယ်။

ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ထူလင်းအာကို ကျင့်ကြံခြင်းလိုဏ်ဂူထဲ ခေါ်သွားပါတယ်။ တခြားတပည့်တွေကတော့ ကိုယ့်နေရာကိုယ်ပြန်ပြီး ဆက်ကျင့်ကြံကြပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာတော့ ဟန်ကျွယ်ဟာ တရားထိုင်ပြီး သူ့ဝိညာဉ်စွမ်းအားကို ထူလင်းအာဆီ လောင်းထည့်ပေးလိုက်ပါတယ်။

ဝူတောက်ကျန်ဟာ ထူလင်းအာကို စိတ်ဝင်စားသွားပြီး ထူလင်းအာရဲ့ ဘဝဟောင်းကို ဟန်ကျွယ်ဆီမှာ မေးမြန်းပါတော့တယ်။ ဟန်ကျွယ်လည်း ဘာမှမဖုံးကွယ်ဘဲ အမှန်အတိုင်း ပြောပြလိုက်ပါတယ်။ ဝူတောက်ကျန့်ဟာ ထူလင်းအာရဲ့ ဘဝဟောင်းက သရုပ်မှန်ကြောင့် ကြက်သေသေသွားပါတယ်။

‘သူက မဟာမှော်ဆရာ ပြန်ဝင်စားတာ၊ ပြန်လည်မွေးဖွားခြင်းကို ထိန်းချုပ်တဲ့ မုန့်ပေါ်နဲ့ ဆက်နွှယ်နေတယ်၊ ဒီအထဲမှာ ငါ့နောက်ခံက အဆိုးဆုံးပါလား’ ဝူတော်ကျန့်ဟာ မခံချိမခံသာ ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ရဲ့ အတွေးတွေကို ထိုးဖောက်မြင်ပေမဲ့ ဘာမှမပြောပါဘူး။ အမှန်တရားကို လက်သင့်ခံတာက ရှေ့ဆက်ဖို့ လမ်းပွင့်တာပဲ မဟုတ်ပါလား။

ဒီလိုနဲ့ လေးငါးဆယ်ရက် အကြာမှာတော့ ထူလင်းအာ နိုးလာပါတယ်။ ဥနီကြီးကလည်း အခိုးအငွေ့ ပြောင်းကာ လွှင့်ပါးပျောက်ကွယ်သွားပါတယ်။ ဒီအချိန် ထူလင်းအာဟာ အရင်ကလို မလှပတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထူလင်းအာ တစ်ကိုယ်လုံးမှာ ကြေးခွံနက်တွေ ဖုံးအုပ်ထားပြီး ခြေလက်တွေကလည်း စူးရှတဲ့လက်သည်းတွေ ဖြစ်လာလို့ပါ။ ထူလင်းအာရဲ့ ခန္ဓာကိုယ်က သန်မာသလောက် မျက်နှာကလည်း ရုပ်ဆိုးအကျည်းတန်ပြီး ရက်စက်ပါတယ်။ ခေါင်းမှာလည်း သစ်ကိုင်းခက်လိုမျိုး ဦးချိုတွေ ထွက်ပေါ်လာပါတယ်။

ဝူတောက်ကျန့်ဟာ ထူလင်းအာကို ကြည့်ပြီး ထိတ်လန့်သွားကာ ထူလင်အားတစ်ယောက် ခန္ဓာသိမ်းခံရပြီလို့ တွေးလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ကတော့ ဒါဟာ မဟာမှော်ဆရာရဲ့ ခန္ဓာစစ်မှန်း သိလိုက်ပါတယ်။

ထူလင်းအာရဲ့ ရောင်ဝါဟာလည်း လုံးဝပြောင်းလဲသွားပြီး သေမျိုးတစ်ယောက်ရဲ့ ရောင်ဝါ မဟုတ်တော့ဘဲ ရှေးကျပြီး ကြမ်းတမ်းခက်ထန်တဲ့ ရောင်ဝါ ဖြစ်လာပါတယ်။

မဟာမှော်ဆရာ။

ထူလင်းအာရဲ့ ခန္ဓာကိုယ်နဲ့ သွေးစည်းက ထူလင်းအာကို စွမ်းအားကြီးမားလှတဲ့ မဟာမှော်ဆရာအဖြစ် ပြောင်းလဲပေးလိုက်ပါပြီ။ ဒီထက်ပိုပြီး အရေးကြီးတာက ထူလင်းအာရဲ့ ကျင့်ကြံမှုဟာ မဟာညီညွတ်မှု ကောင်းကင်အင်မော်တယ် ထိပ်ဆုံးအဆင့်ကို ခုန်တက်သွားတာပါ။ အခုဆိုရင် ထူလင်းအာက အင်မော်တယ်စစ် ဖြစ်လာဖို့ ခြေတစ်လှမ်းပဲ လိုပါတော့တယ်။

ထူလင်းအာဟာ သူ့ခန္ဓာကိုယ် သေချာစစ်ဆေးပြီးနောက် အရင်လှပတဲ့မိန်းမပျိုအသွင်ကို ပြန်ပြောင်းလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ရှေ့မှာ ဒူးထောက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ် “ဆရာသခင်ရဲ့ ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်”

ထူလင်းအာဟာ သွေးစည်း နိုးထတုန်းက အလွန်ကြီမားကျယ်ပြန့်တဲ့ ဝိညာဉ်စွမ်းအားကို ခံစားလိုက်ရပါတယ်။ ဒါ့အပြင် မျက်လုံးဖွင့်လိုက်တုန်လည်း ကျင့်ကြံခြင်းလိုဏ်ဂူထဲ ရောက်နေတာ တွေ့လိုက်ရတာကြောင့် ဘာဖြစ်ခဲ့လဲဆိုတာ နားလည်သွားပါတယ်။

“မင်းရဲ့ ဘဝဟောင်းကို သတိရပြီလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။

ထူလင်းအာဟာ ခေါင်းညိတ်ပြီး ပြန်ဖြေပါတယ် “ဟုတ်ကဲ့၊ ကျွန်မ မှတ်ဉာဏ်အချို့ ပြန်ရထားတယ်၊ မှော်မျိုးနွယ်စုက ကျွန်မကယ်တင်တာကို စောင့်နေကြတယ်”

“အခုတော့ အပြင်မထွက်နိုင်အုန်း၊ အပြင်ဘက်မှာက အရမ်းအန္တရာယ်များတယ်”

“ကျွန်မ နားလည်ပါတယ်၊ ကျွန်မလည်း အဲဒီလိုပဲ တွေးထားတယ်၊ ဘာပဲဖြစ်ဖြစ် ဒီဘဝမှာ မှော်မျိုးနွယ်စုနဲ့ ကျွန်မက သိပ်ရင်းနှီးတာမှ မဟုတ်ာ” ထူလင်းအာက သာမန်ကာလျှံကာ ပြောလိုက်ပေမဲ့ ဟန်ကျွယ်ကတော့ အလေးအနက် မှတ်ယူလိုက်ပါတယ်။

ဟန်ကျွယ်ဟာ မုန့်ပေါ်အတွက် ကရုဏာသက်မိသွားပါတယ်။ ထူလင်းအာရဲ့ သဘောထားက မှော်မျိုးနွယ်စုအတွက် မကောင်းဘူးဆိုပေမဲ့ ဟန်ကျွယ်ကတော့ အတော်ကျေနပ်သွားပါတယ်။ ဟန်ကျွယ်ဟာ ထူလင်းအာနဲ့ စကားခဏပြောပြီးမှ ထူလင်းအာကို အပြင်ပြန်လွှတ်လိုက်ပါတယ်။

ဝူတောက်ကျန့်ဟာ ဘာမှမပြောဘဲ ချက်ချင်းကို ကျင့်ကြံအားထုတ်ပါတော့တယ်။ ကြည့်ရတာ ထူလင်းအာရဲ့ အဆင့်တက်မှုက ဝူတောက်ကျန့်ကို တွန်းအားပေးလိုက်ပုံပါပဲ။ ထူလင်းအာဟာ မဟာမှော်ဆရာအသွင် ပြောင်းလဲပြီးကတည်းက တိုက်ရည်ခိုက်ရည်ဟာ ထိုးတက်သွားပါတယ်။ မဟာညီညွတ်မှု အင်မော်တယ်စစ်အဆင့်ရှိတဲ့ ငရဲကြက်နက်တောင် သူ့ပြိုင်ဘက် မဟုတ်တော့ပါဘူး။

တခြားတိတ်ဆိတ်ဂိုဏ်းသားတွေကလည်း ကြိုးကုတ်ကြိုးခဲ ကျင့်ကြံအားထုတ်ပါတော့တယ်။ ဒီအထဲမှာ မုရုံချီလည်း ပါပါတယ်။ မုရုံချီဟာ ဘဝဟောင်းက မှတ်ဉာဏ်တွေ ပြန်ရထားပြီးပြီမို့ တစ်ဆင့်ချင်း ကျင့်ကြံရင်း ဘဝဟောင်းက ထိပ်ဆုံးအဆင့်ကို ပြန်ရောက်အောင် လုပ်မယ်လို့ တွေးထားတာပါ။ ဒါပေမဲ့ အခုတော့ ဘဝဟောင်းက ထိပ်ဆုံးအဆင့်ဟာ လုံလောက်ပုံ မပေါ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိတ်ဆိတ်ဂိုဏ်းရဲ့ တခြားတပည့်တွေက အရည်အချင်းရှိလွန်းလို့ပါပဲ။

ဒီလိုနဲ့ ဆယ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပြီး ဆက်လက်ကျင့်ကြံဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ ရုတ်တရက်ဆိုသလို အားကောင်းတဲ့ နတ်အာရုံက တိတ်ဆိတ်ကျွန်းကို ဖြတ်သန်းသွားတာ ခံစားမိလိုက်ပါတယ်။

ဟန်ကျွယ်ဟာ နှလုံးခုန် မြန်သွားပါတယ် ‘ဒီနတ်အာရုံက.... မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ရဲ့ နတ်အာရုံပဲ၊ ဒီကောင်က ငါ ငရဲပြည်ဆင်းတာကိုတောင် သိသွားပြီလား...’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters