← Chapters

ရှင်းဟုန်ရွှမ် ပြန်ဝင်စားခြင်း

Vol. 25 Ch. 291

ရှင်းဟုန်ရွှမ် ပြန်ဝင်စားခြင်း

Vol. 25 Ch. 291

‘ကောင်းကင်တာအိုဗုဒ္ဓ’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင်က ငါ့ကို ဘာလို့ ရုတ်တရက်ကြီး မုန်းသွားရတာလဲ’

ဟန်ကျွယ်ဟာ လှုမှုဆက်ဆံရေးကနေ ကောင်းကင်တာအိုဗုဒ္ဓရဲ့ အချက်အလက်ကို ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။

[ကောင်းကင်တာအိုဗုဒ္ဓ: ကျင့်ကြံမှုမသိ။ ကောင်းကင်တာအို၏ ရှန်တျန်သက်ရှိ ဖြစ်သကဲ့သို့ အနန္တဧကရာဇ်လည်း ဖြစ်သည်။ မိစ္ဆာဘိုးဘေး၏ အလောင်းကောင်မှ အသွင်ပြောင်းလဲလာပြီး ကောင်းကင်တာအို၏ အထောက်အပံ့ကို ရရှိထားသည်။ လျူပေ့က တိုက်တိုင်းအောင်ဗုဒ္ဓ၏ ခန္ဓာကိုယ်အား အပိုင်သိမ်းလိုက်သောကြောင့် ကောင်းကင်တာအိုဗုဒ္ဓသည် သင့်အား မုန်းတီးသွား၏။ လက်ရှိ မုန်းတီးမှု: ကြယ်လေးပွင့်။]

ဟန်ကျွယ်ဟာ မျက်မှောင်ပိုကြုတ်သွားပါတယ် ‘ငါ့လုပ်တာကို ကောင်းကင်တာအို‌ဗုဒ္ဓက ဘယ်လိုလုပ်ပြီး သိသွားတာလဲ၊ ငါ ဘာဆက်လုပ်သင့်လဲ၊ ဒီကောင်ကို ကျိန်စာတိုက်ရမဲ့ စာရင်းထဲ ထည့်လိုက်ရင်ကောင်းမလား’

ဟန်ကျွယ်ဟာ အတန်ကြာ တွေးတောလိုက်ပြီးနောက် ကောင်းကင်တာအိုဗုဒ္ဓ သံသယမဝင်စေရေးအတွက် နှစ်အတန်ကြာမှ ကျိန်စာတိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ် ဒီလိုဆုံးဖြတ်ရတာက ငရဲပြည်မှာလည်း ဗုဒ္ဓဂိုဏ်းရဲ့ အင်အားစုတွေ ရှိနေတဲ့အတွက် သတိတစ်ချက်လွတ်သွားရင် အရာအားလုံး သဲထဲရေသွန် ဖြစ်ကုန်မှာစိုးလို့ပါ။

အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။

၅၇ နှစ် ကြာပြီးတဲ့အခါမှာတော့ လျူပေ့ဟာ တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ခန္ဓာကိုယ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်သွားပါတယ်။ ဒါပေမဲ့ ဒီခန္ဓာကိုယ်ရဲ့ စွမ်းအားအပြည့်ကိုတော့ ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ လျူပေ့ကို ဓားတာအိုမြစ်ဆီ ပြန်လွှတ်ပြီး ဓားတာအိုမြစ်ကို စောင့်ကြပ်ရင်း တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ခန္ဓာကိုယ်စွမ်းအားကို အသားကျလာအောင် လေ့ကျင့်ခိုင်းပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်တာအိုဗုဒ္ဓက ဓားတာအိုမြစ်ကို တိုက်ခိုက်မှာ မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ အင်မော်တယ်ကမ္ဘာတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်နေတဲ့အတွက် ဗုဒ္ဓဂိုဏ်းဟာ ဒီကိစ္စကို ဂရုစိုက်ဖို့ အချိန်မရှိလို့ပါပဲ။ တကယ်လို တိုက်တိုင်းအောင်ဗုဒ္ဓ လာရင်တောင် လျူပေ့က ထွက်ပြေးနိုင်ပါသေးတယ်။ ထွက်ပြေးလို့ မလွှတ်ရင်လည်း ဟန်ကျွယ်က သူ့အတွက် လက်စားချေပေးနိုင်ပါသေးတယ်။

ဟန်ကျွယ်ရဲ့ အကြံက လျူပေ့အတွက်တော့ နည်းနည်း ရက်စက်ရာကျတယ်ဆိုပေမဲ့ ဒီထက်ကောင်းတဲ့ တခြားနည်းလမ်း မရှိပါဘူး။

လျူပေ့ထွက်သွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကောင်းကင်တာအိုဗုဒ္ဓကို ကျိန်စာ စတိုက်ပါတော့တယ်။ အနန္တကမ္ဘာမှာ ကျိန်စာတိုက်နိုင်တဲ့ ဝိညာဉ်ရတနာတွေကို မရှားပါဘူး။ ဒါပေမဲ့ ကြမ္မာဆိုးစာအုပ်ရဲ့ အဓိကအားသာချက်ကို ကျိန်စာတိုက်တဲ့လူကို ဖုံးကွယ်ပေးထားနိုင်တာပါ။

ကောင်းကင်တာအိုဗုဒ္ဓသာ ဟန်ကျွယ်ရဲ့ကျိန်စာနဲ့ အလုပ်ရှုပ်နေမယ်ဆိုရင် တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ခန္ဓာကိုယ်ကို ပြန်ယူဖို့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ မနေနိုင်ဘဲ သက်ပြင်းချလိုက်ပါတယ် “ဟင်း... ငါ့ကြမ္မာဆိုးစာအုပ်က တကယ့်ရတနာကောင်းပဲ”

“ငါသာ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးတွေကို တခြားရတနာတွေမှာ အသုံးပြုခဲ့ရင် အခုလိုမျိုး စိုးရိမ်မှုကင်းကင်း နေနိုင်မှာ မဟုတ်ဘူး”

ဟန်ကျွယ်ဟာ သူ့လုပ်ရပ်အတွက် ဂုဏ်ယူသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ထုံးစံအတိုင်း ကျိန်စာတိုက်ရင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ကျယ်ကျောင်းတော်၏ စစ်မှန်သော သင်ကြားမှုကို ရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် သင့်မိတ်ဆွေ လီတောက်ခုံး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်မိတ်ဆွေ လီတောက်ခုံးသည် သင့်ရန်သူ လီရွှမ်အောက် တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။]

[သင့်မြေးတပည့် ဖန်းလျန်သည် အမှောင်တားမြစ်နယ်မြေသို့ မတော်တဆ ဝင်ရောက်မိသွားသည်။]

[သင့်မိတ်ဆွေ သိဟုန်ယဲ့သည် အချိန်မြစ်ထဲမှာ နှင်ထုတ်ခံခဲ့ရ၏။]

[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၄၀၂၁

[သင့်မိတ်ဆွေ ကျိုးဖန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၉၇၄၃

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။

‘ဟွမ်ဇွမ်တျန်က ကျယ်ကျောင်းတော်ရဲ့ စစ်မှန်သော သင်ကြားမှုကို ရတယ်ဆိုတော့ ရာထူးတိုးသွားပုံပဲ’

‘ဝိုး... လီတောက်ခုံးနဲ့ လီရွှမ်အောက်က အချင်းချင်း ပြန်တိုက်နေကြပါလား’

‘ဟိုဖန်းလျန် ကောင်စုတ်လေးက ဘာတွေလျှောက်လုပ်လို့ အမှောင်တားမြစ်နယ်မြေထဲ ရောက်သွားတာလဲ’

‘ငါ့တာအိုလက်တွဲဖော်လေးကလည်း အေးအေးဆေးဆေး မကျင့်ကြံဘဲ အပြင်လျှောက်ထွက်နေတယ်၊ သူတော့ လွယ်မှာ မဟုတ်ဘူး’

ဟန်ကျွယ်ဟာ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့တာအိုလက်တွဲဖော် မိတ်ဆွေနဲ့ တပည့်တွေက ကပ်ဘေးထဲ ရောက်သွားလို့ပါပဲ ‘ဒါက ကောင်းကင်တာအိုက ငါ့ကို အနန္တကပ်ဘေးထဲဝင်အောင် ဖြားယောင်းနေတာပဲ...’

‘မဖြစ်ဘူး... ငါ့ မြန်မြန်စွမ်းအားကြီးလာအောင် ဝီရိယစိုက်ပြီး ကျင့်ကြံရမယ်’ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ ကျောက်တောင်လို ခိုင်မာသွားပြီး ဆက်လက်ကျင့်ကြံပါတယ်။

အင်မော်တယ်ကမ္ဘာ၊ အင်မော်တယ်ကျွန်းတစ်ကျွန်း။

ကျယ်ကျောင်းတော်ရဲ့ တပည့်ဒါဇင်ကျော်ဟာ တောင်ထိပ်ပေါ်မှာရပ်ပြီး အဆုံးမရှိတဲ့ ပင်လယ်ပြင်ကို ကြည့်နေပါတယ်။ မကြာခင်မှာပဲ ကြိုးကြာဖြူတစ်ကောင် ပျံသန်းလာပြီး ကြိုးကြာဖြူပေါ်မှာတော့ ဟွမ်ဇွမ်တျန် ရှိနေပါတယ်။

“ကြိုးကြာဖြူကို ဂါရဝ ပြုပါတယ်”

ကြိုးကြာဖြူ ပျံသန်းလာတာကို တွေ့လိုက်ရတဲ့ တပည့်တွေဟာ ချက်ချင်းပဲ ဒူးထောက်ပြီး သံပြိုင်အော်ဟစ်လိုက်ပါတယ်။ သူတို့ရဲ့ သံပြိုင်အော်ဟစ်သံဟာ အင်မော်တယ်ကျွန်းတစ်ကျွန်းလုံးကို ပဲ့တင်ထပ်သွားပါတယ်။

ကြိုးကြာဖြူဟာ ချောက်ကမ်းပါးစွန်းမှာ နားလိုက်ပြီး ဟွမ်ဇွမ်တျန်လည်း ကြိုးကြာဖြူပေါ်က ဆင်းလိုက်ပါတယ်။

“အခုအချိန်ကစပြီး ဟွမ်ဇွမ်တျန်က ဟောဒီ ရွှေငါးကြင်းကျွန်းရဲ့ ကျွန်းသခင်ပဲ၊ တပည့်တွေအကုန်လုံး သူ့စကားကို နားထောင်ရမယ်၊ နားမ‌ထောင်ဘူးဆိုရင် ကျယ်ကျောင်းတော်ကနေ နှင်ထုတ်ခံရမယ်” ကြိုးကြာဖြူဟာ တစ်ချက်လွှတ်အမိန့် ထုတ်လိုက်ပါတယ်။

ကြိုးကြာဖြူရဲ့ အမိန့်ကြောင့် တပည့်တွေ အကုန်လုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟွမ်ဇွမ်တျန်က သူ့တို့နောက်မှ ကျယ်ကျောင်းတော်ထဲ ဝင်လာတဲ့အပြင် အရည်အချင်းကလည်း အောက်ဆုံးဖြစ်နေတဲ့အတွက် အခုလိုမျိုး သူတို့ကို ကျော်တက်ပြီး ကျွန်းသခင် ဖြစ်သွားတာကို ဘယ်လိုမှ မယုံကြည်နိုင်ကြပါဘူး။

‘ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ ကြိုးကြာဖြူက နောက်နေတာပဲ ဖြစ်မယ်’

“ကြိုးကြာဖြူ... သူက မဟာညီညွတ်မှု ကောင်းကင်အင်မော်တယ်အဆင့်ပဲ ရှိသေးတာ” တပည့်တစ်ယောက်က မနေနိုင်ဘဲ ထပြောပါတယ်။

ကြိုးကြာဖြူက နှာခေါင်းရှုံ့လိုက်ပါတယ် “ငါ သူ့ကို ကိုယ်တိုင် သင်ကြားပေးမယ်၊ ဒါက ဒုဂိုဏ်းချုပ်ရဲ့ ဆန္ဒပဲ၊ မင်းတို့တွေ အကုန်လုံး ဂိုဏ်းချုပ်ရဲ့ လမ်းစဉ်အတိုင်း လျှောက်လှမ်းပြီး အနန္တကပ်ဘေးကို ရှောင်လွှဲကြဖို့ ငါမျှော်လင့်တယ်၊ ဒီကိစ္စ ဒီမှာတင်ပြီးပြီ၊ ထပ်မပြောကြတော့နဲ့၊ ဟွမ်ဇွမ်တျန်ကို မလေးစားတဲ့သူ ဘယ်သူမဆို သေရလိမ့်မယ်”

သေရလိမ့်မယ်ဆိုတဲ့ စကားကို ကြားလိုက်ရတဲ့ ကျယ်ကျောင်းတော်ရဲ့ တပည့်တွေဟာ ကျောရိုးတစ်ခုလုံး အေးစိမ့်သွားကြပြီး ဒီကိစ္စကို ဘယ်သူမှ စောဒက မတက်ရဲကြတော့ပါဘူး။

ဟွမ်ဇွမ်တျန်ဟာ ကျယ်ကျောင်းတော် တပည့်တွေရဲ့ အမူအယာကိုကြည့်ပြီး စိတ်သက်သာရာ ရသွားကြပါတယ် ‘ဒီလိုဆို ငါအေးအေးဆေးဆေး ကျင့်ကြံလို့ရပြီ၊ ငါ့ဆရာကို စိတ်ပျက်စေလို့ မဖြစ်ဘူး’ ဟန်ကျွယ်ကို တွေးမိသွားတဲ့ ဟွမ်ဇွမ်တျန်ဟာ စိတ်ဓာတ်တွေ တက်ကြွလာပါတယ်။

လေးနှစ်ကြာတဲ့အခါ ရှင်းဟုန်ရွှမ် လာလည်တဲ့အတွက် ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို လိုဏ်ဂူအပြင်ဘက် ထုတ်လိုက်ပါတယ်။

“မင်း သေချာ တွေးပြီးပြီလား” ဟန်ကျွယ်ဟာ မျက်မှောင်တစ်ချက် ကြုတ်သွားပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ခေါင်းညိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်ပါတယ် “ကျွန်မ ပြန်မွေးဖွားရင် ယောက်ျားက ကျွန်မကို စွန့်ပစ်မှလား”

ရှင်းဟုန်ရွှမ်ဟာ နှစ်တစ်ရာကျော် ကြိုးစားရုန်းကန်ပြီးတဲ့နောက်မှာတော့ အရည်အချင်း ကောင်းကောင်း ရရှိဖို့အတွက် ပြန်လည်မွေးဖွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ တိတ်ဆိတ်ဂိုဏ်းတပည့်တွေရဲ့ ကျင့်ကြံမှုအလျင်ကို ကြည့်ပြီး စိတ်မအေးတာ ကြာပါပြီ။ ဒီအတိုင်းသာ ဆက်သွားလို့ကတော့ တစ်နေ့ ပြတ်ကျန်ခဲ့မှာ ဗေဒင်မေးစရာ မလိုပါဘူး။

“ငါ မင်းရဲ့ဝိညာဉ်ကို မှတ်ထားတယ်၊ ဘယ်နှဘဝ ပြန်မွေးဖွားပါစေ ငါ မင်းကို လိုက်ရှာနိုင်တယ်”

ရှင်းဟုန်ရွှမ်က မေးလိုက်ပါတယ် “ပြန်လည်မွေးဖွားရင် ကျွန်မက ရှင်းဟုန်ရွှမ် ဖြစ်နေအုန်းမှာလဲ”

“ငါ မင်းကို မှတ်ဉာဏ်တွေနဲ့ ပြန်မွေးဖွားခိုင်းမယ်”

“ဒါဆို ကျွန်မ စိတ်ချပါပြီ”

ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပြီး ရှင်းဟုန်ရွှမ်ကို ကြည့်လိုက်ပါတယ်။

အတိတ်ကို ပြန်တွေးကြည့်မယ်ဆိုရင် အရာအားလုံးက အိပ်မက်တစ်ခုလိုပါပဲ။ ဟန်ကျွယ်နဲ့ ရှင်းဟုန်ရွှမ် စတွေ့တုန်းက ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလမ်းစဉ်ပေါ် ရောက်ခါစပဲ ရှိပါသေးတယ်။ နှစ်သုံးထောင်ကျော်တဲ့အခါမှာတော့ သူတို့နှစ်ယောက်လုံးဟာ အရင်းနှီးဆုံး တာအိုလက်တွဲဖော်တွေ ဖြစ်နေကြပါပြီ။ ဒီလိုဖြစ်လာလိမ့်မယ်လို့ ဟန်ကျွယ် ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါဘူး။

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရင်ခွင်ထဲ တိုးဝင်ပြီး ချိုသာစွာ ပြုံးလိုက်ပါတယ် “ကျွန်မ ပြန်မမွေးဖွားခင် ပျော်ကြရအောင်”

“မင်း ဘာလုပ်မလို့လဲ”

“မရုန်းနဲ့၊ လဲလိုက်၊ ကျန်တာ ကျွန်မ တာဝန်ထား”

“အလျင်မလိုပါနဲ့၊ အချိန်အများကြီး ရှိပါ‌သေးတယ်”

“အင်း... ဟင်း...”

လေးငါးခြောက်လ အကြာမှာတော့ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ ဝိညာဉ်ကို မေ့လျော့ခြင်းတံတားဆီ ယူဆောင်သွားပါတယ်။ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ ဝိညာဉ်ကို တိုက်ရိုက်ဆွဲနှုတ်လိုက်တာ ဖြစ်တဲ့အတွက် ရှင်းဟုန်ရွှမ်ဟာ ဘာနာကျင်မှုမှ မခံစားလိုက်ရပါဘူး။

မေ့လျော့ခြင်းမြစ်မှာ သရဲတွေအများကြီး စီတန်းနေပါတယ်။ ဒါပေမဲ့ ဒီသရဲတွေ အကုန်လုံးက ကြောင်တောင်တောင်ချည်းပါပဲ။

ဟန်ကျွယ်ဟာ မုန့်ပေါ်ကို အသံလွှင့်ပြီး မေ့လျော့ခြင်းတံတားနဲ့ ခပ်လှမ်းလှမ်းမှာ တွေ့ကြပါတယ်။ ဟန်ကျွယ်ဟာ လာရင်းရည်ရွယ်ကို တန်းပြောပါတယ်။

ဟန်ကျွယ်စကားကို ကြားပြီးနောက် မုန့်ပေါ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဒါက ပြန်လည်မွေးဖွားခြင်း နိယာမနဲ့ ဆန်ကျင့်နေတယ်”

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် “ထူလင်းအာ...” ဟန်ကျွယ် ပါးစပ်က လွှတ်ခနဲ ထွက်သွားပါတယ်။

မုန့်ပေါ်က ချက်ချင်းပဲ ဖြတ်ပြောလိုက်ပါတယ် “ရတယ်၊ ပြဿနာမရှိဘူး”

ဟန်ကျွယ်ဟာ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပါတယ် “သူ့ကို စွတ်ပြုတ်မတိုက်နဲ့၊ မိသားစုကောင်းမှာ ပြန်မွေးဖွားပါစေ၊ သူနဲ့ ထူလင်းအာ နှစ်ယောက်စလုံးက တိတ်ဆိတ်ဂိုဏ်းကချည်းပဲ၊ သူ့အရည်အချင်း ကောင်းလေလေ ထူလင်းအာကို ပိုပြီးတော့ ကာကွယ်နိုင်လေလေပဲ”

မုန့်ပေါ်ဟာ ဆွံအသွားပြီး ဟန်ကျွယ် တောင်းဆိုချက်ကို မတက်သာဘဲ သဘောတူလိုက်ရပါတယ်။

“ငါ သူ့ကို အရင်ဆုံး ပြန်မွေးဖွားခိုင်းမယ်၊ ခဏစောင့်” မုန့်ပေါ်ဟာ သက်ပြင်းချလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ ဝိညာဉ်ကို ချက်ချင်းပဲ ထုတ်လိုက်ပါတယ်။ မုန့်ပေါ်ဟာ ရှင်းဟုန်ရွှမ်ဝိညာဉ်ကို မေ့လျော့ခြင်းတံတားဆီ ခေါ်သွားပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို သမင်လည်ပြန် ကြည့်လိုက်ပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို ၁၀၀ ရာခိုင်နှုန်း ယုံကြည်ပေမဲ့ တစ်ခါမှ ပြန်မမွေးဖွားဖူးတဲ့အတွက် ရင်ထိတ်နေပါတယ်။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ် ထွက်သွားတာကို တိတ်ဆိတ်စွာ စောင့်ကြည့်နေပါတယ် ‘ဒါက ကျင့်ကြံမှုရဲ့ အကျိုးကျေးဇူးပဲ၊ သေခြင်းရှင်ခြင်း စက်ဝန်းမှာ အရင်လို အားငယ်စရာ မလိုတော့ဘူး’

တစ်နာရီကြာတဲ့အခါမှာတော့ မုန့်ပေါ် ပြန်ရောက်လာပြီး ပထမဆုံး စပြောလိုက်ပါတယ် “ငါ သူ့ကို အင်မော်တယ်ကမ္ဘာရဲ့ အဂ္ဂပြည်တစ်ပြည်ထဲကို ပြန်မွေးဖွားခိုင်းလိုက်တယ်၊ သူ့အရည်အချင်းက ထိပ်တန်းပဲဆိုတော့ အင်မော်တယ်ဧကရာဇ်ဖြစ်လာဖို့ အခွင့်အရေးရှိတယ်”

ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ် “ဒီလောက် အရည်အချင်း ရှိနေရင် အဂ္ဂပြည်က ပြန်ဝင်စားတဲ့သူမှန်း သိသွားရင် ဘယ်လိုလုပ်မလဲ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters