ခရမ်းရောင်ကြယ်ဧကရာဇ် ပြန်ဝင်စားခြင်း၊ အမှောင်ဂိုဏ်း
Vol. 29 Ch. 331
ဟန်ကျွယ်ရဲ့ သိစိတ်ဟာ အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ဝိညာဉ်စွမ်းအားနဲ့ ရစ်ပတ်ထိန်းချုပ်ပြီး အဝေးကိုပျံသန်းပါတယ်။ တိတ်ဆိတ်ကျွန်းဟာ နွေဦးပင်လယ်ထဲမှာ လျှပ်စီးလိုမျိုး အလွန်လျင်မြန်စွာ ရွေ့လျားတဲ့အတွက် မျက်တောင်တစ်ခတ်အတွင်း မိုင်ပေါင်းများစွာ ရောက်ရှိသွားပါတယ်။
ဒီလိုနဲ့ တစ်နာရီကျော်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းက ငရဲပြည်ရဲ့အစွန်းကို ရောက်သွားပြီလို့ ခံစားရတာကြောင့် တိတ်ဆိတ်ကျွန်းကို ရပ်လိုက်ပါတယ်။ ငရဲပြည်က အလွန်ကြီးမားကျယ်ပြန်တဲ့အတွက် နွေဦးပင်လယ်က အဆုံးမရှိတဲ့သမုဒ္ဒရာလိုပါပဲ။
ဟန်ကျွယ်ဟာ စန့်ရှီရဲ့ ရန်သူတွေ လိုက်လာမှာကို စိုးရိမ်တဲ့အတွက် သတိကြီးကြီးထားပြီး စောင့်ဆိုင်းပါတယ်။ ဒီလိုနဲ့ လေးငါးခြောက်ရက် အကြာမှာတော့ ဟန်ကျွယ်ဟာ တိုက်ပွဲအရှိန်ကို ထပ်မံပြီးတော့ ခံစားလိုက်ရပါတယ်။ ဒီတိုက်ပွဲအရှိန်က တိတ်ဆိတ်ကျွန်းနဲ့ မိုင်ဆယ်သန်းလောက် ဝေးကွာပါတယ်။
အင်မော်တယ်ဧကရာဇ်တွေ တိုက်ခိုက်ကြတဲ့ ဒီတိုက်ပွဲဟာ တစ်ရက်ပဲ ကြာမြင့်ပြီး ပြန်ငြိမ်သက်သွားပါတယ်။ ဒီကြားထဲ တိတ်ဆိတ်ကျွန်းဟာ အတိုက်ခိုက်မခံရပါဘူး။
ဒီနှစ်တွေမှာ ငရဲပြည်က ပိုပိုပြီး ဖရိုဖရဲ ဖြစ်လာပါတယ်။ ငရဲပြည်တောင် ဒီလိုဖြစ်နေရင် အင်မော်တယ်ကမ္ဘာက ဘယ်လောက်ထိ ဖရိုဖရဲဖြစ်နေမလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ ဆယ်နှစ်ပြည့်တဲ့အထိ စောင့်ဆိုင်းပေမဲ့ စန့်ရှီရဲ့ ရန်သူတွေကို လိုက်မလာတဲ့အတွက် စန့်ရှီရဲ့ဝိညာဉ်ကို လွှတ်ပေးပြီး သူ့ခန္ဓာကိုယ်ထဲ ပြန်ဝင်ခိုင်းလိုက်ပါတယ်။ စန့်ရှီဟာ ထူလင်းအာကို တွေ့လိုက်ရတဲ့အခါမှာ နိုင်ငံခြားမှာ မိတ်ဆွေရင်းတစ်ယောက်ကို တွေ့လိုက်ရသလိုမျိုး ဝမ်းသာလုံးဆို့ပြီး မျက်ရည်ဝဲသွားပါတယ်။
ဒါပေမဲ့ ထူလင်းအာကတော့ စန့်ရှီကို မကြိုက်တာကြောင့် မျက်နှာတစ်ဖက် လှည့်သွားပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “အခုအချိန်ကစပြီး မင်း တိတ်ဆိတ်ကျွန်းပေါ်မှာ ကျင့်ကြံအားထုတ်ရမယ်၊ ထွက်သွားဖို့ မစဉ်းစားနဲ့၊ မင်း အပြင်ကို ခြေတစ်ဖဝါး ထွက်တာနဲ့ ငါက အဝေးကို ထွက်သွားမှာ၊ အဲဒီအချိန်ကျရင် မင်းဘာသာ ဘာပဲဖြစ်ဖြစ် ငါ ဂရုစိုက်မှာ မဟုတ်ဘူး”
စန့်ရှီက ခေါင်းညိတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ စန့်ရှီကို အသွင်တူလက်ရည်စမ်းပွဲထဲ ဆွဲထည့်ပြီး တစ်ချက်တည်းနဲ့ အသေသတ်လိုက်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် စန့်ရှီဟာ မျက်လုံးပြူးသွားပါတယ်။ စန့်ရှီဟာ မုန့်ပေါ်ရဲ့စကားအရ ဟန်ကျွယ်က ထူးခြားဆန်းကြယ်တဲ့ နည်းလမ်းရှိရုံကလွဲပြီး စွမ်းအားမကြီးဘူးလို့ သိထားခဲ့တာပါ။ အခုလိုမျိုး အင်မော်တယ်ဧကရာဇ် နဝမအဆင့်ကို တစ်ချက်တည်းနဲ့ သတ်နိုင်လိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ပါဘူး။
စန့်ရှီဟာ ဟန်ကျွယ်ကို ပိုပိုလေးစားသွားပြီး အသွင်တူလက်ရည်စမ်းပွဲကိုလည်း စိတ်ဝင်စားသွားပါတယ်။ မှော်ဆရာတွေက တိုက်ပွဲအတွက် မွေးဖွားလာတာ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ စန့်ရှီရဲ့မာနကို နှိပ်ကွပ်ချင်တဲ့အတွက် ပြိုင်ဘက်အချို့ ဖွင့်ပေးလိုက်ပါတယ်။ ဒီပြိုင်ဘက်တွေက မဟာအန္တိမခန်းမမှာ တာအိုနားထောင်တဲ့ အင်မော်တယ်ဧကရာဇ်တွေပါ။ ဒါပေမဲ့ စန့်ရှီဟာ သွေးစိမ်းသရဲနတ်နဲ့ပဲ အများဆုံး တိုက်ခိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စန့်ရှီဟာ သွေးစိမ်းသရဲနတ်ဆီမှာ ရှုံးနိမ့်ခဲ့ရတာကို မကျေနပ်လို့ပါပဲ။
စန့်ရှီ ရောက်လာတာကြောင့် တိတ်ဆိတ်ဂိုဏ်းဟာ ပိုပြီးတော့ အားကောင်းလာပါတယ်။ ငရဲနက်နတ်ဆိုးသခင်နဲ့ သွမ့်ဟုန်ချန်လည်း ဖိအားများလာပြီး လေးလေးနက်နက် ကျင့်ကြံလာကြပါတယ်။
ငရဲပြည်မှာ ရာသီတွေမရှိပေမဲ့ အချိန်ကတော့ ပုံမှန်ကုန်ဆုံးနေပါတယ်။ ငရဲပြည်ရဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ပြန်လည်မွေးဖွားခြင်းအမိန့်ဟာ ပြိုလဲသွားပြီး မေ့လျော့ခြင်းတံတားဟာ ပြန်လည်မွေးဖွားဖို့ အသုံးမပြုနိင်တော့ပါဘူး။ ဒါကြောင့် ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း လောကနှစ်ခုစလုံးမှာ လေလွင့်တဲ့သရဲတွေ တစ်နေ့တစ်ခြား ပိုပိုများပြားလာပါတယ်။
ဟန်ကျွယ်ဟာ လောကမှာရှိတဲ့ အကုသိုလ်ကံက တစ်နေ့တစ်ခြား တိုးတက်လာတာကို သိသိသာသာကြီး ခံစားမိပါတယ်။ ဒီအကုသိုလ်ကံက အသတ်ခံရသူတွေရဲ့ မကျေနပ်ချက်ကနေ ပေါက်ဖွားလာတဲ့ ကံတရားတစ်မျိုးပါ။ မကောင်းတာလုပ်တဲ့သူတွေ အပြစ်ပေးခံရတာကလည်း အကုသိုလ်ကံကြောင့်ပါပဲ။
အကုသိုလ်ကံတွေ ဝန်းရံတာခံရတာက သရဲတွေ ကျိန်စာတိုက်တာကို ခံရသလိုပါပဲ။
ဒီလိုနဲ့ တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးရင်း နှစ် ၃၀ ကြာသွားပါတယ်။ ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို အပြင်ထွက်ခိုင်းပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ရန်သူတွေကို ကျိန်စာတိုက်ရင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ တာအိုအရှင်သခင်သည် ရှန်နန်းတော် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် သင့်ရန်သူ ကောင်းကင်တာအိုဗုဒ္ဓ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် နတ်ဆိုးအင်မော်တယ်ဧကရာဇ် တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ် ပျက်စီးသွားသော်လည်း ကံကောင်းထောက်မစွာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ကယ်တင်ခြင်းကို ခံလိုက်ရသည်။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် ရှေးဟောင်းတားမြစ်နယ်မြေသို့ မတော်တဆ ဝင်ရောက်မိပြီး သတ်ဖြတ်ခြင်းနတ်ဘုရား၏ အမွေအနှစ်ကို ဆက်ခံရရှိကာ ကံတရား အထောက်အပံ့ ပြောင်းလဲသွား၏။]
[သင့်မြေးတပည့် ဖန်းလျန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၂၀၉၈၂
[သင့်မြေးတပည့် ဖန်းလျန်သည် မဟာအိပ်မက်စိမ့်သို့ ပြုတ်ကျပြီး သူ့ဝိညာဉ်သည် လောကဦးကမ္ဘာသို့ ခရီးနှင်သွား၏။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် ရှန်နန်းတော် ကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၅၉၀၀၃
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် ကောင်းကင်မိုးကြိုးအား ဖမ်းဆုပ်မိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘လီတောက်ခုံးက ဘယ်လိုဖြစ်ပြီး ကောင်းကင်တာအိုဗုဒ္ဓ တိုက်ခိုက်တာကို ခံရတာလဲ၊ ကောင်းကင်ရုံးတော်နဲ့ ဗုဒ္ဓဂိုဏ်းက မဟာမိတ်တွေ မဟုတ်ဘူးလား’
‘လီတောက်ခုံးကလည်း တော်တော်စွမ်းတာပဲ၊ နတ်ဆိုးဧကရာဇ်နဲ့ ကောင်းကင်တာအိုဗုဒ္ဓ တိုက်ခိုက်တာကို ခံရတာတောင် ပြင်းပြင်းထန်ထန် ဒဏ်ရာမရဘူး’
‘ကောင်းကင်ဘဝဂ်အဆင့်ကိုသာ ရောက်သွားရင် ဘယ်လောက်များစွမ်းမလဲ မသိဘူး၊ အင်မော်တယ်ကမ္ဘာရဲ့ အစွမ်းထက်ဆုံး ဓားတာအိုကျင့်ကြံသူလို့ မပြောရဘူး’
ဟန်ကျွယ်ဟာ ဖန်းလျန်ရဲ့ဝိညာဉ်က လောကဦးကမ္ဘာဆီ စေလွှတ်ခံရတာကို သတိထားမိသွားပါတယ် ‘ဖန်းလျန်က လောကဦးကမ္ဘာကို လူကိုယ်တိုင် ရောက်သွားတာလား၊ ဒါမှမဟုတ် ဝိညာဉ်ရောက်သွားတာလား၊ ဒါမှမဟုတ် သိစိတ်ပဲ ရောက်သွားတာားလား၊ ဒါမှမဟုတ် အိပ်မက်မက်နေတာလား’
ဟန်ကျွယ်ဟာ အဖြေရှာမရတဲ့အတွက် လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်တဲ့အခါမှာ ဖန်းလျန်ရဲ့ အချက်အလက်က မပြောင်းလဲသေးတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ဖန်းလျန် ဘာမှမဖြစ်ဖို့ ဆုတောင်းပေးရုံကလွဲပြီး ဘာမှမတက်နိုင်ပါဘူး။
တစ်လကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ခံစားမိတာကြောင့် ကောင်းကင်တာအိုတိုကင်ကို ထုတ်ကြည့်လိုက်တဲ့အခါ ကောင်းကင်တာအိုတိုကင်က ပူပြင်းပြီး တုန်ခါနေတာကို တွေ့လိုက်ရပါတယ်။
‘ငါ့ကံတရား အထောက်အပံ့က ထပ်တိုးသွားတာလား’
ဟန်ကျွယ် မြင်ကွင်းထဲမှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[ကံတရား အထောက်အပံ့ရှိသူအား ရှာဖွေ့တွေ့ရှိထားသည်။ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးနေသည်။]
‘ကံတရား အထောက်အပံ့ရှိတဲ့သူလား’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။
[လွီဟွာရွှီ: မဟာညီညွတ်မှု မြေအင်မော်တယ် ကနဦးအဆင့်။ ခရမ်းရောင်ကြယ်ဧကရာဇ်။ ကောင်းကင်ဘဝဂ်ကျင့်ကြံသူ လူဝင်စား။ လွီဟွာရွှီသည် ကောင်းကင်ရုံးတော်၏ အစွန်းရောက် ဧကရာဇ်လေးပါးထဲတွင် တစ်ပါး အပါအဝင်ဖြစ်ပြီး အကောင်းစား ရတနာ ကောင်းကင်တာအို ခရမ်းရောင်ဧကရာဇ်လှံနှင့် ပြန်ဝင်စားခဲ့သည်။ ခရမ်းရောင်ဧကရာဇ်လှံနှင့် လွီဟွာရွှီ၏ ဝိညာဉ်သည် ခွဲခြားမရချေ။ လွီဟွာရွှီသည် ထူးချွန်ထက်မြက်သော အရည်အချင်း ရှိသဖြင့် မဟာညီညွတ်မှု မြေအင်မော်တယ်အဆင့်သို့ အသက် ၃၀၀ မပြည့်ခင် ရောက်ရှိခဲ့ပြီး ခရမ်းရောင်ကြယ်ဧကရာဇ် တာအိုသီးအား နိုးထခဲ့သည်။]
‘ကောင်းကင်ဘဝဂ် ကျင့်ကြံသူ ပြန်မွေးဖွားတာလား... တော်တော်လေး အထင်ကြီးဖို့ ကောင်းတာပဲ’
‘နေပါအုန်း... ကောင်းကင်ရုံးတော်ရဲ့ အစွန်းရောက်ဧကရာဇ်လေးပါးဆိုပါလား၊ ဒါ ကောင်းကင်ဧကရာဇ်ရဲ့ အစီအမံများလား’
ကောင်းကင်တာအိုတိုကင် ငြိမ်သက်သွားတဲ့အခါ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ကောက်ယူလိုက်ပြီး ကောင်းကင်ဧကရာဇ်နဲ့ ဆက်သွယ်လိုက်ပါတယ်။
“အစွန်းရောက်ဧကရာဇ်လေးပါး... သူတို့အကြောင်းကို ဘာလို့မေးတာလဲ” ကောင်းကင်ဧကရာဇ်က ဟန်ကျွယ်ကို မေးခွန်းပြန်ထုတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဖုံးကွယ်ခြင်းမရှိဘဲ ခရမ်းရောင်ကြယ်ဧကရာဇ်က ထုန်ကျန့်ကမ္ဘာမှာ ပြန်ဝင်စားတဲ့ အကြောင်းကို ပြောပြလိုက်ပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ တိတ်ဆိတ်သွားပါတယ်။
အတော်ကြာမှ...။
ကောင်းကင်ဧကရာဇ်က ပျော့ပျောင်းတဲ့လေသံနဲ့ ဆိုပါတယ် “အစွန်းရောက်ဧကရာဇ်လေးပါးက ကောင်းကင်ရုံးတော်မှာ ငါနဲ့အဆင့်တူတူပဲ၊ ငါက ကောင်းကင်ရုံးတော်က အုပ်ချုပ်ရတာပဲကွာတာ၊ သူတို့ထဲမှာ ခရမ်းရောင်ကြယ်ဧကရာဇ်က ရည်မှန်းချက် အကြီးဆုံးပဲ၊ သူက ငါ့ကို သိပ်ကြည်တာ မဟုတ်ဘူး၊ ငါ့ကို တစ်ခါပဲ ထောက်ပံ့ပေးပြီး နောက်ပိုင်း မတွေ့ရတော့ဘူး၊ အခုလိုမျိုး သေဆုံးပြီး မင်းရဲ့သေမျိုးကမ္ဘာမှာ ပြန်ဝင်စားလိမ့်မယ်လို့ ထင်မထားဘူး၊ ထုန်ကျန့်ကမ္ဘာရဲ့ ကံတရားအထောက်အပံ့ကြောင့် အဲဒီကို ရောက်လာတာ ဖြစ်လိမ့်မယ်”
လက်ရှိအချိန်မှာ ထုန်ကျန့်ကမ္ဘာရဲ့ အဆင့်က ကောင်းကင်တာအိုကျောက်ပြားမှာ တော်တော်လေး မြင့်မားနေပါပြီ။ ကောင်းကင်တာအိုအောက်က ထိပ်ဆုံး သေမျိုးကမ္ဘာ ၁၀၀ ထဲမှာ ထုန်ကျန့်ကမ္ဘာက နံပါတ်ကိုး ချိတ်ပါတယ်။ ဒါမှမဟုတ် ခရမ်းရောင်ကြယ်ဧကရာဇ်က ထုန်ကျန့်ကမ္ဘာ ပြန်ဝင်စားတာက တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
“ဒါဆို ကျွန်တော် သူ့ကို ဘယ်လိုဆက်ဆံရမလဲ”
“ပုံမှန်ပဲဆက်ဆံချည်၊ မင်း သူ့ကို ဖိနှိပ်လို့မရဘူး၊ မဟုတ်ရင် သူ့ဝိညာဉ်ထဲမှာရှိနေတဲ့ ကောင်းကင်ဘဝဂ်တာအိုသီးကို သွားဆွသလို ဖြစ်သွားလိမ့်မယ်၊ ကောင်းကင်ဘဝဂ်ကျင့်ကြံသူက ကပ်ဘေးထဲမှာ မဟုတ်ရင် ပညာရှိသတ်တာခံရမှာပဲ သေလိမ့်မယ်၊ မင်း အခုနေ သူ့ကို သွားရန်စရင် မင်းကျိန်းသေပေါက် သေလိမ့်မယ်”
“ဟုတ်ကဲ့ပါ... ကျွန်တော် သိပါပြီ”
ဟန်ကျွယ်ဟာ လွီဟွာရွှီက ဒီလောက်ထိ ကြမ်းလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
‘ဒါက ကောင်းကင်ဘဝဂ်အဆင့်လား... ငါလည်း ရောက်ရမယ်’
ဟန်ကျွယ်ဟာ စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “ဒီနှစ်ထဲ ကောင်းကင်ရုံးတော်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ၊ ဗုဒ္ဓဂိုဏ်းက သစ္စာမဖောက်ဘူးမလား”
“ပြဿနာကတော့ အမြဲတမ်းဖြစ်တယ်၊ ဒါပေမဲ့ အန္တရာယ်ကြီးကြီးမားမားတော့ မရှိဘူး၊ အခုဗုဒ္ဓဂိုဏ်းကို ရှန်ဝေဗုဒ္ဓက အုပ်ချုပ်ပြီး ကောင်းကင်ရုံးတော်နဲ့ လက်တွဲလုပ်ဆောင်နေတယ်၊ ကောင်းကင်တာအိုဗုဒ္ဓကတော့ မိစ္ဆာဖြစ်ပြီး ဗုဒ္ဓဂိုဏ်းရဲ့ ဖိနှိပ်မှုကနေ ဖောက်ထွက်သွားတယ်၊ အခုဆိုရင် ကောင်းကင်ရုံးတော်၊ နတ်ဆိုးရုံးတော်၊ ရှန်နန်းတော်နဲ့ ဗုဒ္ဓဂိုဏ်းတောင် ကောင်းကင်တာအိုဗုဒ္ဓ တိုက်ခိုက်တာ ခံရတယ်၊ ဟင်း... တစ်ချိန်တည်းက ဂုဏ်ကျက်သရေရှိလှတဲ့ ဗုဒ္ဓတစ်ပါးက အခုလိုမျိုး အခြေအနေ ရောက်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ၊ နှမြောဖို့ကောင်းလိုက်တာ၊ ဟိုခွေးမသား အမှောင်သခင်ကြီးက ကောင်းကင်တာအိုအောက်မှာ လုံးဝမရှိသင့်တဲ့ တည်ရှိမှုပဲ”
ဟန်ကျွယ်ဟာ သွေးအန်လုနီး ဖြစ်သွားပါတယ် ‘အရှင်မင်းကြီး... ကျွန်တော်က အရှင်မင်းကြီး အကျိုးအတွက် လုပ်ပေးနေတာလေ၊ လောကမှာရှိတဲ့ တခြားသူတွေ ဘယ်လိုပဲပြောပြော အရှင်မင်းကြီးကတော့ ဒီလိုမပြောသင့်ပါဘူး’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပေမဲ့ ထုတ်မပြောရဲပါဘူး။ ဒါကြောင့် ကောင်းကင်ဧကရာဇ်ကို အဖော်ပြုပြီး အမှောင်သခင်ကြီးကို ဆဲဆိုကြိမ်းမောင်းလိုက်ပါတယ်။
ကောင်းကင်ဧကရာဇ်က ဆက်ပြောပါတယ် “အမှောင်သခင်ကြီးအကြောင်း ပြောရရင်... သူက ပိုပိုပြီးတော့ ယုံကြည်သူတွေ ရလာတယ်၊ အခုဆိုရင် အင်မော်တယ်ကမ္ဘာမှာ အဲဒီယုံကြည်သူတွေ စုစည်းပြီး အမှောင်ဂိုဏ်းဆိုတဲ့နာမည်နဲ့ ဂိုဏ်းတစ်ဂိုဏ်း ထောင်လိုက်ကြတယ်၊ သူတို့က ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ပြီး အမှောင်သခင်ကြီးရဲ့ မျက်နှာသာပေးမှုရအောင် ကြိုးစားနေကြတယ်၊ သူတို့ထဲမှာ အင်အားအကြီးဆုံးက အသူရာမျိုးနွယ်စုပဲ၊ အသူရာမျိုးနွယ်စုက ကောင်းကင်တာအိုရဲ့ ပထမဆုံး အနန္တကပ်ဘေးအပြီးမှာ မွေးဖွားလာတာ၊ သူတို့မှာ ကောင်းကင်ဘဝဂ်ကျင့်ကြံသူတောင် ရှိတယ်၊ သူတို့က သိပ်ပြီးအင်အားမကြီးပေမဲ့ ကပ်ဘေးတိုင်းမှာ ရှင်သန်နိုင်ခဲ့ကြတာချည်းပဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။