← Chapters

နတ်ဆိုးဧကရာဇ်၏ ကြော်ငြာချက်၊ စနစ် အဆင့်မြှင့်တင်ပြီးခြင်း

Vol. 31 Ch. 353

နတ်ဆိုးဧကရာဇ်၏ ကြော်ငြာချက်၊ စနစ် အဆင့်မြှင့်တင်ပြီးခြင်း

Vol. 31 Ch. 353

“ဗုဒ္ဓဂိုဏ်းက ကောင်းကင်တာအိုဗုဒ္ဓ ပျံလွန်တော်မူသွားတာ၊ ဒီဗုဒ္ဓက မိစ္ဆာဘိုးဘေး ရုပ်ဖျက်ထားတာဆိုတော့ သေဖို့ ထိုက်တန်တယ်” ကောင်းကင်ဧကရာဇ်က သာမန်ကိစ္စတစ်ခုကို ပြောနေသလိုမျိုး ပြောနေတာကြောင့် ဟန်ကျွယ်ဟာ ပိုပြီးတော့ စိတ်ဓာတ်ကျသွားပါတယ်။

ကောင်းကင်ဧကရာဇ်က စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “ဒါပေမဲ့ ဒီကိစ္စက အမှောင်သခင်ကြီးနဲ့ ဆက်စပ်နေတယ်၊ အမှောင်သခင်ကြီးက ကောင်းကင်ဘဝဂ်ကျင့်ကြံသူကို ရူးသွပ်အောင်လုပ်ပြီး သေအောင် တွန်းအားပေးနိုင်တယ်ဆိုတော့ လျှော့တွက်လို့မရဘူး၊ နတ်ဆိုးဧကရာဇ် ကြောက်လွန်းလို့ အမှောင်သခင်ကြီးသာ နတ်ဆိုးရုံးတော်ထဲ ဝင်မယ်ဆိုရင် သူနဲ့တန်းတူ ဆက်ဆံမယ်လို့တောင် ကြော်ငြာထားတယ်”

ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ် ‘ဒီနတ်ဆိုးဧကရာဇ်က ဘာလုပ်နေတာလဲ၊ မသတ်ခင် လှည့်စားတာလား၊ ဒါမှမဟုတ် နတ်ဆိုးရုံးတော်မှာ ထောင်ချောက် ဆင်ထားတာလား’ ဟန်ကျွယ်ဟာ နတ်ဆိုးဧကရာဇ်ကို သင်ခန်းစာပေးသင့်တယ်လို့ ခံစားလိုက်ရပါတယ်။

နတ်ဆိုးဧကရာဇ်ရဲ့ မုန်းတီးမှုသာ လျော့မကျသွားဘူးဆိုရင် ဟန်ကျွယ်က နတ်ဆိုးဧကရာဇ်ကို ဆက်ပြီးတော့ ကျိန်စာတိုက်နေအုန်းမှာပါ။

ဟန်ကျွယ်က မေးလိုက်ပါတယ် “ကောင်းကင်ရုံးတော်ရဲ့ အခြေအနေကို ဘယ်လိုလဲ၊ အမှောင်သခင်ကြီးက ကောင်းကင်ရုံးတော်ကို ပစ်မှတ်ထားသေးလား”

“အမှောင်သခင်ကြီးက ငါ့ကိုတော့ မကြာခဏ ကျိန်စာတိုက်တယ်၊ ဒါပေမဲ့ ခြုံပြောရရင် လောလောဆယ်တော့ ကောင်းကင်ရုံးတော်က အမှောင်သခင်ကြီးကြောင့် ဘာမှမဖြစ်သေးဘူး၊ ကောင်းကင်ရုံးတော်က မကြာခင်မှာ နတ်ဆိုးရုံးတော်ကို တိုက်ခိုက်ဖို့ စီစဉ်ထားတယ်၊ အနန္တကပ်ဘေး စတင်တာ ကြာပြီဆိုတော့ တကယ့်စစ်ပွဲစဖို့ အချိန်ရောက်ပြီ” ကောင်းကင်ဧကရာဇ်ဟာ ယုံကြည်ချက်ရှိစွာ ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်က ဘဝမြင့်လာတယ်လို့ ခံစားလိုက်ရတဲ့အတွက် ရှုံးနိမ့်ဖို့များတယ်လို့ တွက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီအကြောင်းကို ပါးစပ်ကနေ ထုတ်မပြောရဲပါဘူး။ အဲဒီနောက် ကောင်းကင်ဧကရာဇ်နဲ့ ဟန်ကျွယ်ဟာ စကားအများကြီး မပြောဘဲ နတ်အာရုံကို ဖြတ်တောက်လိုက်ကြပါတယ်။

ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။ မူလဆန်းကြယ်စွမ်းအား တစ်ပါးက မလုံလောက်သေးပါဘူး။ ဒီဟာက ကောင်းကင်ဘဝဂ်အဆင့်နဲ့ အလှမ်းဝေးနေပါသေးတယ်။ အခုအချိန်မှာ ဟန်ကျွယ်ရဲ့ ရည်ရွယ်ချက်က ကောင်းကင်ဘဝဂ်အဆင့်ကို အမြန်ဆုံး ရောက်ရှိဖို့ ဖြစ်သွားပါပြီ။

ကောင်းကင်တာအိုဗုဒ္ဓတောင် အလွယ်လေး သေဆုံးနိုင်တဲ့အတွက် ဟန်ကျွယ်လို နတ်မင်းအဆင့် ကျင့်ကြံသူက အနန္တကပ်ဘေးအတွင်းမှာ ပိုလို့တောင် သေဆုံးနိုင်ချေ များပါသေးတယ်။ ကျင့်ကြံမှုက အဆုံးမရှိဘူး မဟုတ်ပါလား။

ရှစ်နှစ်ကြာတဲ့အခါမှာတော့ စနစ်ဟာ အဆင့်မြှင့်တင်လို ပြီးသွားပါတယ်။

[တာအိုစက်ကွင်း အဆင့်မြှင့်တင်ပြီးပါပြီ။ အစီအရင်သည် ကောင်းကင်ဘဝဂ်အဆင့်သို့ ရောက်ရှိသွားပြီး တာအိုစက်ကွင်း အတွင်းရှိ အာကာသသည်လည်း ကျယ်ပြန့်သွားပါပြီ။]

[တာအိုစက်ကွင်း၏ အင်မော်တယ်ချီသည် ဆယ်ဆတိုးသွားပြီး ရှန်တျန်ချီသည် ငါးဆ တိုးသွား၏။]

[တာအိုစက်ကွင်းသည် တာအိုပညာရှိ၏ နတ်အာရုံအား ဟန့်တားနိုင်၏။]

[စနစ်သည် စောင့်ကြပ်ခြင်း လုပ်ဆောင်ချက်အား ပေါင်းထည့်လိုက်ပါပြီ။ ဤလုပ်ဆောင်ချက်သည် အသွင်တူလက်ရည်စမ်းပွဲထဲရှိ ကောင်းကင်ဘဝဂ်ကျင့်ကြံသူ တစ်ဦးအား ပွားယူ၍ အစောင့်အကြပ်အဖြစ် ထားနိုင်သည်။ ဤအစောင့်သည် သင့်စကားအား လုံးဝနာခံပြီး တာအိုစက်ကွင်းအတွင်းမှ တစ်နာရီကြာ ထွက်ခွာ၍မရပေ။ တစ်နာရီကြာ ထွက်ခွာခဲ့ပါက လုံးဝ ပျောက်ကွယ်သွားလိမ့်မည်။]

ဟန်ကျွယ်ဟာ အသိပေးချက် လေးချက်ကို ဖတ်ရှုပြီးတဲ့အခါမှာတော့ မှင်သက်သွားပါတယ်။ တစ်ချိန်တည်းမှာပဲ လုံခြုံတဲ့ခံစားချက်ကို ဟန်ကျွယ်ရဲ့ နှလုံးသားကို နွေးထွေးသွားစေပါတယ်။

ကောင်းကင်ဘဝဂ် အစီအရင် ဖြစ်တာကြောင့် ကောင်းကင်ဘဝဂ် အဆင့်အောက်မှာရှိတဲ့ ရန်သူတွေဟာ တိတ်ဆိတ်ကျွန်းထဲကို ဘယ်လိုနည်းနဲ့မှ ဝင်လာနိုင်မှာ မဟုတ်တော့ပါဘူး။ နောက်ပြီး တာအိုပညာရှိရဲ့ နတ်အာရုံကို ဟန့်တားနိုင်တဲ့အတွက် တာအိုပညာရှိတွေရဲ့ တွက်ချက်မှုကို ကြောက်စရာ မလိုတော့ပါဘူး။

ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ ဘယ်သူမှမသိအောင် လုံးဝပုန်းနိုင်ပါပြီ။

ဒီအထဲမှာ အစွမ်းဆုံးကတော့ စောင့်ကြပ်တဲ့ လုပ်ဆောင်ချက်ပါ။ ကောင်းကင်ဘဝဂ် ကျင့်ကြံသူကို ပွားယူပြီး အစောင့်ထားနိုင်တဲ့အတွက် ဟန်ကျွယ်ဟာ အလွန်တရာ လုံခြုံတယ်လို့ ခံစားလိုက်ရပါတယ်။

ဟန်ကျွယ်ဟာ မျက်စိမှိတ်ပြီး ကောင်းကင်ဘဝဂ် ကျင့်ကြံသူကို စရွေးချယ်ပါတယ်။ အတန်ကြာ စဉ်းစားပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ဇုထူကို ရွေးချယ်လိုက်ပါတယ်။ ဇုထူက အနန္တကပ်ဘေးမှာ နံပါတ်တစ် ကျင့်ကြံသူ မဟုတ်ပါလား။

ဒါပေမဲ့ ဟန်ကျွယ်ဟာ ဇုထူက ကောင်းကင်ဘဝဂ်အဆင့်ထက် မြင့်နေမှာကို စိုးရိမ်နေပါသေးတယ်။

[ရွေးချယ်မှု အောင်မြင်ပါသည်။ တာအိုစက်ကွင်း၏ ပထမအစောင့်အား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။ အစောင့်သေဆုံးသောအခါ ပြန်အသက်သွင်း၍ မရပေ။]

[အစောင့်အား ပွားယူရန် အချိန်ကြာမည်ဖြစ်၍ စိတ်ရှည်လက်ရှည် စောင့်ပေးပါ။]

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။

အစောင့်က တာအိုစက်ကွင်းထဲမှာပဲ နေလို့ရပြီး အပြင်ဘက်ကို တစ်နာရီကျော်ထွက်ရင် လုံးဝ ပျောက်ကွယ်သွားမှာ ဖြစ်တဲ့အတွက် စောင့်ကြပ်ဖို့ပဲ ရမှာပါ။ တိုက်ခိုက်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီဟာက ဟန်ကျွယ်အတွက် လုံလောက်ပါတယ်။

ဟန်ကျွယ်ဟာ ဘဝမြင့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တာအိုစက်ကွင်းထဲမှာ ဟန်ကျွယ်က ပြိုင်ဘက်ကင်းနေပြီမို့လို့ပါ။ အနည်းဆုံး ကောင်းကင်တာအို အောက်မှာပေါ့။

‘ဇုထူက အနန္တကပ်ဘေးမှာ အစွမ်းဆုံးပဲ၊ တာအိုပညာရှိအတုတောင် ကပ်ဘေးထဲမဝင်တာ တာအိုပညာရှိက ဘယ်လိုလုပ်ပြီး ကပ်ဘေးထဲ ဝင်မှာလဲ’

ဟန်ကျွယ်ဟာ သူ့ခေါင်းပေါ်မှာရှိတဲ့ တိမ်မည်းတွေ ပျောက်ကွယ်သွားတဲ့အတွက် စိတ်ရောကိုယ်ပါ သက်သောင့်သက်သာ ဖြစ်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ အစောင့်ပေါ်လာမှာကို စောင့်ဆိုင်းပါတယ်။

တစ်ချိန်တည်းမှာပဲ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေဟာ အင်မော်တယ်ချီ ထပ်တိုးလာတာကို သတိထားမိသွားကြပါတယ်။

ငရဲနက်နတ်ဆိုးသခင်က တအံတဩ ပြောလိုက်ပါတယ် “ဒီကျွန်းမှာ ဘာအစီအရင်တွေ လုပ်ထားလို့ အင်မော်တယ်ချီက မကြာခဏ တိုးလာရတာလဲ၊ တံခါးလည်း မရှိ သဘာဝရတနာလည်း ပိုမတိုးလာဘဲနဲ့”

ငရဲကြက်နက်က ဂုဏ်ယူစွာ ပြုံးလိုက်ပါတယ် “ဒါက လျှို့ဝှက် ဆန်းကြယ်စွမ်အားလေ၊ လျှို့ဝှက် ဆန်းကြယ်စွမ်းအားဆိုတာ ဘာလဲသိလား၊ သုံးစားမရတဲ့ဟာကို ရတနာအဖြစ် ပြောင်းလဲနိုင်တာကို ပြောတာ၊ ကျွန်တော်သခင် ဘယ်လောက်စွမ်းလဲ သိပြီလား”

ငရဲနက်နတ်ဆိုးသခင်ဟာ ငရဲကြက်နက်ရဲ့စကားကြောင့် မျက်လုံးပင့်တက်သွားပါတယ်။ ငရဲနက်နတ်ဆိုးသခင်ဟာ ဒါကိုကြည်ပြီး ငရဲကြက်နက်ရဲ့ နှလုံးသားထဲမှာ ဟန်ကျွယ်က အဆင့်အရမ်းမြင့်တယ်ကို ပြောနိုင်ပါတယ်။ တကယ်လို ငရဲနက်နတ်ဆိုးသခင်သာ ဟန်ကျွယ်နဲ့ လမ်းခွဲခဲ့မယ်ဆိုရင် ငရဲကြက်နက်က တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ဟန်ကျွယ်ကို ရွေးချယ်မှာ မြေကြီးလက်ခတ်မလွှဲပါပဲ။

တခြားသူတွေလည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြပါတယ်။

ချောက်ကမ်းပါးစွန်းမှာ ထိုင်နေတဲ့ ချူရှီရန်ဟာ ဘေးဘီဝန်းကျင်ကိုကြည့်ပြီး ရေရွတ်လိုက်ပါတယ် “ဖန်တီးခြင်း ရောင်ဝါ... ဒါက...”

ချူရှီရန်ဟာ တစ်စုံတစ်ခုကို တွေးမိသွားပြီး မျက်နှာအမူအရာ လုံးဝ ပြောင်းလဲသွားပါတယ်။ အဲဒီနောက် ချူရှီရန်ဟာ ဟန်ကျွယ်ရှိနေတဲ့ ကျင့်ကြံခြင်းလိုဏ်ဂူကို ကြည်ညိုလေးစားတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်။

နှစ် ၂၀ ကြာသွားပေမဲ့ အစောင့်က ပေါ်မလာသေးပါဘူး။ ဟန်ကျွယ်ဟာ စနစ်ကို အကြိမ်များစွာ မေးကြည့်တဲ့အခါ စနစ်က ဖန်တီးတုန်းလို့ ပြန်ဖြေပါတယ်။ ဒီအတွက် ဟန်ကျွယ်ဟာ နည်းနည်းတော့ စိတ်သက်သာရာ ရသွားပါတယ်။ ဟန်ကျွယ်ဟာ စနစ်က သူ့ကို လှည့်စားမှာ စိုးရိမ်နေတာပါ။

အစောင့် ဖန်တီးလို့ ပြီးမှာကို စောင့်ဆိုင်းရင်း ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံပါတယ်။ နတ်မင်းအဆင့်ကို ထိုးဖောက်ပြီးနောက် ဟန်ကျွယ်ရဲ့ လောကဦး ကြယ်တာရာခန္ဓာကိုယ်ရဲ့ အကုသိုလ်ကံစုပ်ယူနှုန်းဟာ အရင်ကထက် အဆတစ်ရာကျော် မြန်ဆန်လာပါတယ်။

ဒါကလည်း ထူးဆန်းတာတော့ မဟုတ်ပါဘူး။ နတ်မင်းအဆင့်ကို ရောက်လို့ သူ့ကျင့်ကြံမှုအလျင်ကလည်း တိုးမလာဘူးဆိုရင် ဟန်ကျွယ်အတွက် ကောင်းကင်ဘဝဂ်အဆင့်က အိပ်မက်ထဲမှာပဲ ရှိနေမှာပါ။ ဟန်ကျွယ်ကို ပျော်ရွှင်စေတာကတော့ လောကဦး ကြယ်တာရာခန္ဓာကိုယ်ရဲ့ အကုသိုလ်ကံ စုပ်ယူနှုန်းက တိုးနေတုန်းဆိုတဲ့ တွေ့ရှိမှုပါပဲ။

ကမ္ဘာဖျက်ကြာနက်မှာပဲ ဖြစ်ဖြစ် ကျို့ယိုငရဲမှာပဲဖြစ်ဖြစ် အကုသိုလ်ကံက မကုန်ဆုံးနိုင်အောင် ရှိနေပါတယ်။ ဒီဟာက ဟန်ကျွယ်အတွက် အကြီးမားဆုံး အခွင့်အရေးပါပဲ။ ဟန်ကျွယ်ဟာ အပြင်ထွက်ပြီး ကံတရား အထောက်အပံ့နဲ့ အခွင့်အရေးအတွက် မတိုက်ခိုက်ချင်ပါဘူး။

ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ရန်သူတွေကို ကျိန်စာတိုက်ပြီးသွားတဲ့အတွက် ဘာမှ လုပ်စရာမရှိပါဘူး။ ဒါကြောင့် အသွင်တူလက်ရည်စမ်းပွဲထဲဝင်ပြီး အပန်းဖြေပါတယ်။ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်နဲ့ ဘယ်လိုတိုက်ခိုက်ရမလဲ ဆိုတာကို လေ့လာပါတယ်။

ဟန်ကျွယ်ဟ ကမ္ဘာဖျက်ကြာနက်က ခုခံရုံသက်သက် မဟုတ်ဘဲ တခြားအသုံးဝင်တဲ့ နည်လမ်းတွေ ရှိနေမယ်ဆိုတာကို ယုံကြည်ထားပါတယ်။ အကြိမ်ကြိမ် ထပ်ခါထပ်ခါ တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိ သွားပါတယ်။

ဟန်ကျွယ်သာ ကမ္ဘာဖျက်ကြာနက်ထဲက အကုသိုလ်ကံကို လွှတ်ပေးလိုက်မယ်ဆိုရင် ဒီများပြားလှတဲ့ အကုသိုလ်ကံကတွေက ရန်သူဆီကို စုပြုံတိုးဝင်သွားပါတယ်။ လီတောက်ခုံး၊ ကောင်းကင်ဧကရာဇ်၊ ရှန်နန်းတော်သခင်နဲ့ တခြားစွမ်းအားကြီး ပုဂ္ဂိုလ်တွေဟာ များပြားလှတဲ့ အကုသိုလ်ကံရဲ့ ဝါးမြိုတာကို မခံရပေမဲ့ အရင်လို လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်တော့ပါဘူး။

လီရွှမ်အောက်လိုမျိုး ငတုံးကတော့ အကုသိုလ်ကံ ဝန်းရံမိတာနဲ့ တစ်လက်မတောင် မလှုပ်ရှားနိုင်တော့ပါဘူး။ ဟန်ကျွယ်က ထပ်ခါထပ်ခါ တိုက်ခိုက်တဲ့အခါမှာတော့ လီရွှမ်အောက် မခံနိုင်တော့ဘဲ ပျောက်ကွယ်သွားပါတယ်။

‘ဒီလိုဆိုမှတော့ ငါ ကမ္ဘာဖျက်ကြာနက်ထဲက အကုသိုလ်ကံတွေကို သိမ်းထားပြီး အနာဂတ်မှာ ဝှက်ဖဲအဖြစ် သုံးသင့်တယ်’

ဒီအတွေးကြောင့် ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ထဲက အကုသိုလ်ကံတွေကို မစုပ်ယူတော့ဘဲ တိတ်ဆိတ်ကျွန်း အပြင်ဘက်မှာရှိတဲ့ အကုသိုလ်ကံတွေကို စုပ်ယူလိုက်ပါတယ်။ ဟန်ကျွယ်ဟာ နတ်အာရုံကို အသုံးပြီး အကုသိုလ်ကံတွေကို စုပ်ယူကာ သူ့ခန္ဓာကိုယ်ထဲ ရွှေ့ပြောင်းပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ လောကဦး ကြယ်တာရာခန္ဓာကိုယ်က အကုသိုလ်ကံတွေကို ချေဖျက်ပါတယ်။

‘ဒါပေမဲ့ ဒီရတနာက အင်မော်တယ်ကမ္ဘာမှာ သုံးလို့မဖြစ်ဘူး၊ မဟုတ်ရင် ကောင်းကင်တာအိုဗုဒ္ဓလိုမျိုး အကုသိုလ်ကံများလွန်းလို့ ကောင်းကင်တာအိုရဲ့ ပြစ်ဒဏ်ပေးတာကို ခံရလိမ့်မယ်’

‘င့ါစနစ်က ပိုပိုစွမ်းလာတယ်ဆိုပေမဲ့ ကျို့ယိုငရဲမှာနေဖို့ပဲ သင့်တော်တယ်၊ အင်မော်တယ်ကမ္ဘာကို ရောက်သွားရင် ငါ့ကျင့်ကြံမှုအဆင့်နဲ့ပဲ ရန်သူတွေကို တိုက်ခိုက်နိုင်မှာ’

ဟန်ကျွယ် အတွေးက လုံးဝမှန်ကန်ပါတယ်။ ကြည့်ရတာ စနစ်ကလည်း ဟန်ကျွယ်ရဲ့ စိတ်ဆန္ဒအတိုင်း သိုသိုသိပ်သိပ် ကျင့်ကြံတာကို အားပေးလာပုံပါပဲ။ ဒါ့အပြင် ကမ္ဘာဖျက်ကြာနက်လိုမျိုး ကောင်းကင်တာအို အကောင်းစား ရတနာကို အင်မော်တယ်ကမ္ဘာမှာ အသုံးပြုလိုက်မယ်ဆိုရင် ကျိန်းသေပေါက် စွမ်းအားကြီးပုဂ္ဂိုလ်တွေ ပစ်မှတ်ထားတာကို ခံရမှာပါ။

ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ အပြင်ထွက်ဖို့ စိတ်ကူးမရှိပါဘူး။ ဟန်ကျွယ်ဟာ အေးအေးချမ်းချမ်း ကျင့်ကြံအားထုတ်ပြီး ကပ်ဘေးပြီးတာကို စောင့်ဆိုင်းမှာပါ။ ဟန်ကျွယ်ဟာ အနန္တကပ်ဘေး ပြီးဆုံးမဲ့အချိန်နဲ့ အနန္တကပ်ဘေးအတွင်း သူ ဘယ်အဆင့်ကို ရောက်နိုင်မလဲဆိုတာ မှန်းဆကြည့်လိုက်ပါတယ်။

ဒီအချိန်မှာပဲ...။

ဟန်ကျွယ်ဟာ တစ်စုံတစ်ယောက်က ဖိတ်‌ခေါ်ပညာရပ် အသုံးပြုနေတာကို ရုတ်တရက် ခံစားမိလိုက်ပါတယ်။ ဟန်ကျွယ်ဟာ မျက်နှာပျက်သွားပါတယ်။

‘ဘယ်သူက ငါ့ကို ဆင့်ခေါ်နေတာလဲ၊ ငါက အပြင်မထွက်ဖို့ ဆုံးဖြတ်ပြီးရုံရှိသေး၊ တစ်စုံတစ်ယောက်က ငါ့ကို ဆင့်ခေါ်နေပြီ’ ဟန်ကျွယ်ဟာ ကိုယ့်ပါးကိုယ်ပြန်ရိုက်သလို ခံစားလိုက်ရပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters