← Chapters

နွီဝါနန်းတော်၏ လျှို့ဝှက်အစီအစဉ်၊ အမှောင်ဂိုဏ်း

Vol. 32 Ch. 361

နွီဝါနန်းတော်၏ လျှို့ဝှက်အစီအစဉ်၊ အမှောင်ဂိုဏ်း

Vol. 32 Ch. 361

ဟန်ကျွယ် ဆက်တွက်ဖို့ ရွေးချယ်လိုက်တဲ့အခါမှာ ရုပ်ပုံနှစ်ခုနဲ့ သူတို့ရဲ့ အချက်အလက်တွေ ဟန်ကျွယ်ရှေ့မှာ ပေါ်လာပါတယ်။

[ထိုက်စုတျန်: ကျင့်ကြံမှုမသိ။ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်တွင် ကြီးပြင်းလာသော လျှို့ဝှက်တည်ရှိမှု ဖြစ်ပြီး နွီဝါနန်းတော်၌ တစ်ချိန်လုံး နေထိုင်ကာ တာအိုပညာရှိ၏ တာအိုဟောကြားမှုကို အမြဲနားထောင်ရသူ ဖြစ်သည်။ တာအိုပညာရှိ၏ အမိန့်အောက်၌ သေမျိုးကမ္ဘာသို့ ဆင်းသက်ပြီး ကပ်ဘေးအတွင်းသို့ ဝင်ရောက်ခဲ့သည်။ ဝူတောက်ကျန့်သည် တာအိုကို သိမြင်နားလည်ရန်အတွက် ထိုက်စုတျန် ဖန်တီးခဲ့သော ကိုယ်ပွားများမှ တစ်ခုဖြစ်သည်။]

[တန်လန်သခင်: မူလဆန်းကြယ်စွမ်းအား‌ ခြောက်ပါး။ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်၏ ပထမဆုံး အစေခံဖြစ်သည်။ တန်လန်သခင်သည် လွမ်ဟွေ အင်မော်တယ်ဧကရာဇ်၏ စကားကို နာခံခဲ့သော်လည်း ကျင့်ကြံမှု မြင့်မားလာသည်နှင့်အမျှ ရည်မှန်းချက် ကြီးမာလာ၏။]

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘လက်စသတ်တော့ ထိုက်စုတျန်ကိုး’

ထိုက်စုတျန်ရဲ့ ရုပ်ပုံက ဝူတောက်ကျန့်နဲ့ ကွာပြားခြားနားတဲ့အတွက် ဟန်ကျွယ်ဟာ ထိုက်စုတျန်ကို သံသယမဝင်ခဲ့တာပါ။ ဒါ့အပြင် ဝူတောက်ကျန့်ဟာ ထိုက်စုတျန်ရဲ့ ကိုယ်ပွားတစ်ခု ဖြစ်နေလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ပါဘူး။

‘နေပါအုန်း... ဒါဆိုရင် ထိုက်စုတျန် ဖန်းလျန်ဆီ ပစ်ချလိုက်တဲ့ ကောင်းကင်ဖာ ကျောက်တုံးကလည်း တမင်သက်သက် စီစဉ်ထားတာလား... ဒီပုံအတိုင်းဆို နွီဝါနန်းတော်က ငါ့ကို ကျိန်းသေပေါက် ပစ်မှတ်ထားနေတာပဲ’

ဟန်ကျွယ်ဟာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာသာ စနစ်မရှိရင် နွီဝါနန်းတော်ရဲ့ တည်ရှိမှုကို မသိဘဲ နွီဝါနန်း‌တော်ရဲ့ အသုံးချခံ နယ်ရုပ် ဖြစ်သွားမှာ မို့လို့ပါပဲ။

‘ဒီတာအိုပညာရှိတွေက လူလိမ်တွေပဲ၊ ပြောတော့ဖြင့် ကပ်ဘေးထဲ မဝင်ဘူးတော့၊ အခု နောက်ကွယ်ကနေ အနန္တကပ်ဘေးကို ထိန်းချုပ်နေပြီ၊ ကြည့်ရတာ ဇုထူကလည်း နွီဝါနန်းတော်ရဲ့ နယ်ရုပ်ပဲ ထင်တယ်’

တန်လန်သခင်ကိုတော့ ဟန်ကျွယ် တစ်ခါမှ မကြားဖူးပါဘူး။ ဒါပေမဲ့ တန်လန်သခင်ရဲ့ ရုပ်ပုံကတော့ တော်‌တော်လေး ရုပ်ဆိုးပါတယ်။

‘ဒီကောင်က ဘာဖြစ်လို့ ငါ့ဟန် ဆောင်ရတာလဲ၊ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ရဲ့ အမိန့်ကြောင့်လား...’

‘မဖြစ်နိုင်ဘူး၊ အနန္တကပ်ဘေးမှာ အကြီးမားဆုံး အကျိုးအမြတ်ရတဲ့သူက တန်လန်သခင်ပဲ၊ လွမ်ဟွေ အင်မော်တယ်ဧကရာဇ် မဟုတ်ဘူး၊ နောက်ပြီး တန်လန်သခင်က ရည်မှန်းချက် ကြီးမားတယ်ဆိုတော့ အနာဂတ်မှာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကိုတောင် ဒုက္ခပြန်ပေးနိုင်တယ်... တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ’

ဟန်ကျွယ်ဟာ ဒေါသကြောင့် ပြုံးမိလိုက်ပါတယ်။ အင်မော်တယ်ကမ္ဘာက နဂိုကတည်းကမှ ရှုပ်ယှက်ခတ်နေတာပါ။ အခု အလင်းထဲမှာရှိနေတဲ့ ဘော့စ်တွေအပြင် အမှောင်ထဲမှာပုန်းပြီး အခွင့်အရေးကို စောင့်ဆိုင်းနေကြတဲ့ လူတွေကိုပါ ထပ်ပေါင်းလိုက်ရင် ငြိမ်းချမ်းမှုဆိုတာ ဂျိုနဲ့လားလို့ မေးရတော့မှာပဲ။

ဟန်ကျွယ်ဟာ ထိုက်စုတျန်နဲ့ တန်လင်သခင်ကို ကျိန်စာတိုက်ရင် ကောင်းမလား စဉ်းစားလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့အတွေးကို ချက်ချင်း ပယ်ချလိုက်ပါတယ်။

‘ငါ သူတို့နှစ်ယောက်ကို သတ်လိုက်လို့ နောက်ထပ်နှစ်ယောက် ထပ်ပေါ်လာရင် ဘယ်လိုလုပ်မလဲ၊ မသိရတဲ့ရန်သူထက် သိရတဲ့ရန်သူက ရှင်းပစ်ဖို့ ပိုလွယ်တယ်၊ သူတို့နှစ်ယောက် အလင်းထဲရောက်လာမှ ရှင်းပစ်တာ အကောင်းဆုံးပဲ၊ ဟုတ်တယ်... အခုအချိန်မှာ သူတို့အစွမ်းလောက်နဲ့ ကောင်းကင်ရုံးတော်ကို ဒုက္ခပေးနိုင်မှာ မဟုတ်သေးဘူး’

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ကျင့်ကြံခြင်းလိုဏ်ဂူထဲ ခေါ်လိုက်ပြီး တာအိုဟောကြားသလိုလိုနဲ့ လမ်းခြောက်သွယ် အမှတ်အသားကို ပိုနက်ရှိုင်းအောင် လုပ်လိုက်ပါတယ်။ လမ်းခြောက်သွယ် အမှတ်အသားက သာမန်အခြေအနေမှာ ဝူတောက်ကျန့်ကို ဘာမှ မသက်ရောက်စေပါဘူး။ ဟန်ကျွယ်ဟာ ထိုက်စုတျန်ရဲ့ နည်းလမ်းတွေကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်ထားတာပါ။

သေဆုံးသွားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်က နည်းနည်းနောနော မဟုတ်တဲ့အတွက် ဟန်ကျွယ်ဟာ သတိလွတ် မခံနိုင်ပါဘူး။ ကောင်းကင်ဘဝဂ် ကျင့်ကြံသူတောင် သေဆုံးသေးတဲ့အတွက် ဟန်ကျွယ်လို နတ်မင်းအဆင့်က သေဆုံးနိုင်ချေ ပိုလို့တောင် များပါသေးတယ်။

.....

အလွန်တရာ ကျယ်ဝန်းတဲ့ မြေအောက်လိုဏ်ဂူတစ်ခုမှာ လူမျိုးစုံ စုဝေးနေကြပါတယ်။ ဒီအထဲမှာ လူသား၊ နတ်ဆိုးနဲ့ သရဲတွေ အစုံပါပါတယ်။

ဝတ်ရုံနက် ဝတ်ဆင်ထားတဲ့ ရွှမ်ချင်းကျွင်းဟာ လူစုထဲမှာ ရောနေပါတယ်။ ရွှမ်ချင်းကျွင်းဟာ ရှေ့ကို ကြည့်လိုက်တဲ့အခါ လေးငါးခြောက်မိုင်အကွာမှာ စင်မြင့်တစ်ခု ရှိနေတာကို တွေ့လိုက်ရပြီး စင်မြင့်ပေါ်မှာ စွမ်းအားကြီးပုဂ္ဂိုလ်အချို့ မတ်တတ်ရပ်နေကာ တစ်စုံတစ်ခု ဆွေးနွေးနေတာကို တွေ့လိုက်ရပါတယ်။

‘အမှောင်ဂိုဏ်းထဲမှာ အင်အားစုတွေ ဒီလောက်ရောနေလိမ့်မယ်လို့ ထင်မထားဘူး၊ အမှောင်သခင်ကြီးက ဘယ်ကနေ လာတာလဲ’ ရွှမ်ချင်းကျွင်းဟာ မလန့်ဘဲ မနေနိုင်ပါဘူး။

ရွှမ်ချင်းကျွင်းဟာ အမှောင်ဂိုဏ်းထဲကို မတော်တဆ ဝင်ခဲ့မိတာပါ။ ကျယ်ကျောင်းတော်ကတော့ အနာဂတ်မရှိဘူးလို့ ခံစားရတဲ့အတွက် ရွှမ်ချင်းကျွင်းဟာ ကျယ်ကျောင်းတော်ကနေ ထွက်ခွာလာခဲ့ပါတယ်။

ကျယ်ကျောင်းတော်ရဲ့ ဂိုဏ်းချုပ်က ဘာကိုမှ ဂရုမစိုက်တဲ့အပြင် အကြီးအကဲတွေနဲ့ ကျွန်းသခင်တွေကလည်း အချင်းချင်း ပေါ်တင်ရော နောက်ကွယ်မှာရော တိုက်ခိုက်နေကြပါတယ်။ ဒါကြောင့် ကျယ်ကျောင်းတော်ဟာ ဒဏ္ဍာရီလာ ထိပ်သီးအင်အားစုမဟုတ်တော့ဘဲ မီးပုံထဲဝင်တိုးတဲ့ ပိုးဖလံတွေလို ဖြစ်နေပါပြီ။

အတန်ကြာတဲ့အခါမှာတော့ အသံတစ်သံ ထွက်ပေါ်လာပါတယ် “တိတ်ကြ”

‌စောင့်ဆိုင်းနေကြတဲ့ အမှောင်ဂိုဏ်းသားတွေဟာ ပါးစပ်ပိတ်သွားကြပြီး အသံလာရာကို ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်သာ ဒီနေရာမှာ ရှိနေမယ်ဆိုရင် ဒီအသံပိုင်ရှင်က ကျို့ယိုငရဲကနေ လွတ်မြောက်သွားတဲ့ ရွှယ်မင်းဟယ်မှန်း သိနိုင်မှာပါ။

သွေးချီတွေ တောက်လောင်နေတဲ့ ရွှယ်မင်းဟယ်ဟာ စင့်မြင်အစွန်းမှာရပ်ပြီး အောက်ငုံ့ကြည့်ကာ ပြောလိုက်ပါတယ် “အင်မော်တယ်ကမ္ဘာမှာ အမှောင်သခင်ကြီးယောင် ဆောင်တဲ့လူတွေ အများကြီးပဲ၊ ဒီအထဲမှာ ရှန်နန်းတော်က ဇုထူလည်း ပါတယ်၊ ငါတို့တွေက အမှောင်သခင်ကြီးကို ယုံကြည်တဲ့သူတွေဆိုတော့ ဒီကိစ္စကို လုံးဝသည်းခံလို့မရဘူး၊ ငါတို့တွေ တစ်ခုခုလုပ်ရမယ်၊ ဒါမှ အမှောင်သခင်ကြီးက ငါတို့ကို သတိထားမိလာမှာ”

“မင်းတို့တွေ အမှောင်သခင်ကြီးရဲ့ မျက်နှာသာပေးမှုကို လိုချင်ကြလား”

လူတိုင်းဟာ စိတ်လှုပ်ရှားလာကြပါတယ် “လိုချင်ပါတယ်”

လူတိုင်းရဲ့ အော်သံဟာ အတူစုစည်းသွားပြီး မြေအောက်လိုဏ်ဂူကို တုန်ခါသွားစေပါတယ်။

ရွှမ်ချင်းကျွင်းဟာ ထိတ်လန့်သွားပါတယ်။ ရွှမ်ချင်းကျွင်းဟာ ဒီလိုမြင်ကွင်းမျိုးကို အင်မော်တယ်ကမ္ဘာမှာ ပထမဆုံးအကြိမ် မြင်ဖူးတာပါ။ ကျယ်ကျောင်းတော်မှာ ရှိနေတုန်းကလည်း ရွှမ်ချင်းကျွင်းဟာ ဒီလိုမြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ခဲ့ရပါဘူး။

ရွှမ်ချင်းကျွင်းဟာ အကောင်အထည်တောင် မသိရတဲ့ အမှောင်သခင်ကြီးက လူတွေကို ဘာလို့ ဒီလောက်ထိ ဆွဲဆောင်နိုင်လဲဆိုတာ နားမလည်နိုင်ပါဘူး။ အမှောင်သခင်ကြီးက အလွန်စွမ်းအားကြီးပြီး ကောင်းကင်တာအိုဗုဒ္ဓနဲ့ နတ်ဆိုးရုံးတော်ကို သေအောင် ကျိန်စာတိုက်ခဲ့ပေမဲ့ လူမြင်ကွင်းမှာ တစ်ခါမှ ပေါ်မလာခဲ့ပါဘူး။

ရွှယ်မင်းဟယ်က အပြုံးနဲ့ ဆက်ပြောပါတယ် “ဟိုးကတုန်းက အနန္တကမ္ဘာကို ရှန်နန်းတော်၊ ကောင်းကင်ရုံးတော်၊ ဗုဒ္ဓဂိုဏ်းနဲ့ နတ်ဆိုးရုံးတော်က အသီးသီး အုပ်ချုပ်ခဲ့ကြတယ်၊ သူတို့က အင်အားကြီးမားပြီး အနန္တကမ္ဘာရဲ့ စည်းမျဉ်းတွေကို သတ်မှတ်ခဲ့ကြတယ်၊ ဒါပေမဲ့ မကြာခဏဆိုသလို သူတို့တွေ တိုက်ခိုက်ကြလို့ မရေမတွက်နိုင်တဲ့ သက်ရှိတွေ သေကျေပျက်စီးခဲ့ရတယ်၊ ငါတို့လို အင်အားစုသေးသေးလေးတွေက ဘယ်လောက်ပဲများများ နောက်ဆုံးမှာ အမြဲတမ်း သေရတယ်၊ ထိပ်သီးအင်အားစုလေးစုက သက်ရှိအကုန်လုံးကို နယ်ရုပ်လို သဘောထားပြီး လိုသလိုကစားနေကြတာ၊ သူတို့တွေ ရယ်မောတိုင်းမှာ သက်ရှိအသေင်္ချပျက်စီးရတယ်၊ ဒါပေမဲ့ နောက်ဆုံးမှာ ဒီအခြေအနေက လုံးဝဖျက်ဆီးခံလိုက်ရပြီ”

“ဒီအခြေအနေကို ဖျက်ဆီးလိုက်တဲ့လူက အမှောင်သခင်ကြီးပဲ၊ အမှောင်သခင်ကြီးက ဗုဒ္ဓဂိုဏ်းရဲ့ ကောင်းကင်တာအိုဗုဒ္ဓကို ကျိန်စာတိုက်ပြီး သရုပ်မှန်ပေါ်စေခဲ့တယ်၊ ကြီးကျယ်ခမ်းနားတဲ့ ဗုဒ္ဓဂိုဏ်းမှာ မိစ္ဆာဘိုးဘေးက ဗုဒ္ဓဖြစ်နေတယ်၊ ဘယ်လောက်တောင် ရယ်စာရာကောင်းလဲ၊ နောက်ပြီး အင်မော်တယ်ကမ္ဘာက သက်ရှိတွေကို မျိုးတုံးအောင် သတ်ဖြတ်ချင်တဲ့ နတ်ဆိုးဧကရာဇ်ကို သူတို့တွေ တစ်ယောက်မှ မတိုက်ခိုက်ရဲကြဘူး၊ နောက်ဆုံး အမှောင်သခင်ကြီး လှုပ်ရှားမှာပဲ ဒီကပ်ဘေးက ချုပ်ငြိမ်းသွားရတယ်”

“အခုအချိန်မှာ လောကတစ်ခုလုံး အမှောင်သခင်ကြီးအတုတွေနဲ့ ပြည့်နေပြီ၊ ဒါ အမှောင်သခင်ကြီးကို စော်ကားတာပါ၊ ဒါကြောင့် ငါတို့တွေ အမှောင်သခင်ကြီးရဲ့ လမ်းစဉ်စစ်စစ်ကိုလိုက်ပြီး ဒီအတုအယောင်တွေကို သုတ်သင်ရှင်းလင်းရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငါတို့က အမှောင်သခင်ကြီးစစ်စစ်ကိုပဲ ကြောက်ရွံ့လေးစားလို့ပဲ”

“ငါ ရွှယ်မင်းဟယ်က အသူရာမျိုးနွယ်စုကို ကိုယ်စားပြုပြီး အမှောင်ဂိုဏ်းထဲ ဝင်တယ်၊ ကပ်ဘေးထဲဝင်တယ်၊ ဒီအမှောင်သခင်ကြီးအတုတွေကို ရှင်းလင်းဖို့ အသူရာမျိုးနွယ်စုက ထိပ်ဆုံးက ပါဝင်မယ်”

“မင်းတို့တွေ အမှောင်သခင်ကြီးနဲ့ လောကကြီးအတွက် အရာအားလုံးကို စတေးခံဖို့ အသင့်ပဲလား”

“အသင့်ပါပဲ”

တညီတညာတည်း အော်ဟစ်သံဟာ လူတိုင်းရဲ့သွေးကို ဆူပွက်ပြီး စိတ်ဓာတ် တက်ကြွသွားစေပါတယ်။ ရွှမ်ချင်းကျွင်းလည်း သူ့သွေးတွေ ဆူပွက်လာတာကို ခံစားလိုက်ရပါတယ်။

‘သူတို့ရဲ့ ယုံကြည်မှုက တော်တော်လေး အားကောင်းတာပဲ၊ အမှောင်ဂိုဏ်းကို တညီတညာတည်း ဖြစ်စေတယ်၊ အမှောင်သခင်ကြီးသာ မရှုံးဘူးဆိုရင် အမှောင်ဂိုဏ်းက ပြိုင်ဘက်ကင်းတဲ့ စစ်တပ်ပဲ’

ရွှမ်ချင်းကျွင်းဟာ အမှောင်ဂိုဏ်းရဲ့ အနာဂတ်ကို မျှော်လင့်မိသွားပါတယ် ‘အမှောင်ဂိုဏ်းနောက်လိုက်တာက ငါ့ကို ဒီကပ်ဘေးမှာ အခွင့်အရေးကြီးတစ်ခု ရစေလာက်တယ်’

ရွှမ်ချင်းကျွင်းဟာ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ကို တွေးမိသွားပါတယ် ‘သူ့စွမ်းအားက ငါ့ထက် အများကြီးသာတယ်၊ ဒါပေမဲ့ သူက နဂိုကတည်းက အရမ်းကြောက်တက်တာဆိုတော့ ကပ်ဘေးထဲ လုံးဝဝင်မှာ မဟုတ်ဘူး၊ ကပ်ဘေးပြီးဆုံးလို့ အမှောင်ဂိုဏ်းက နောက်ဆုံးအထိ ရယ်နိုင်သေးရင် သူ့ကို အမှောင်ဂိုဏ်းနဲ့ မိတ်ဆက်ပေးရမယ်’

ရွှမ်ချင်းကျွင်းဟာ ပြုံးလိုက်ပါတယ်။ အရင်တုန်းက ရွှမ်ချင်းကျွင်းဟာ တာအိုကို သိမြင်နားလည်ဖို့အတွက် ဟန်ကျွယ်ကို တာအိုလက်တွဲဖော် လုပ်ခဲ့တာပါ။ ဒါပေမဲ့ နှစ်တွေအများကြီး ကြာသွားတာတောင် ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်ကို မမေ့နိုင်သေးပါဘူး။ တခြားသူတွေကတော့ နာမည်တောင် သတိမရတော့ပါဘူး။

ဆယ်နှစ်ကုန်ဆုံးသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံတာရပ်ပြီး ရန်သူတွေကို ကျိန်စာ စတိုက်ပါတယ်။ ဝူတောက်ကျန့်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက်မှာနေပြီး လီယောင်နဲ့ အတူတူ ကျင့်ကြံပါတယ်။ ဟန်ကျွယ်က မခေါ်ရင် ကျင့်ကြံခြင်းလိုဏ်ဂူထဲကို သူ့ဘာသာ ပြန်မလာတော့ပါဘူး။

ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် ‘မိန်းကလေးတွေက အရွယ်ရောက်လာရင် အိမ်ကို စွန့်ခွာကြတာပဲ’

တစ်ချိန်တည်းမှာပဲ ဝူတောက်ကျန့် မရှိတော့တဲ့အတွက် ဟန်ကျွယ်ဟာ နေရထိုင်ရတာ ပိုလွတ်လပ်သွားပါတယ်။

ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်း စာအိတ်တွေကို စစ်ဆေးလိုက်တဲ့အခါ ကိစ္စကြီးကြီးမားမား မရှိတာကို တွေ့လိုက်ရပါတယ်။

တစ်လကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို အောက်ချလိုက်ပါတယ်။

ရုတ်တရက်ဆိုသလို ဟန်ကျွယ်စိတ်ထဲမှာ အကြံတစ်ခု ပေါ်လာပါတယ်။

“တန်လန်သခင် ဘာလုပ်နေလဲဆိုတာကို ငါသိချင်တယ်”

[သက်တမ်း ဆယ်သန်း ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

တန်လန်သခင်က မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးရှိတဲ့အတွက် ကောင်းကင်ဘဝဂ်အဆင့်နဲ့ တော်တော်လေး နီးကပ်နေပါပြီ။ ဒါကြောင့်မို့ တွက်ချက်ဖို့အတွက် သက်တမ်းအများကြီး သုံးရတာပါ။

ဒါပေမဲ့ အခုလက်ရှိ ဟန်ကျွယ်အတွက်တော့ သက်တမ်း ဆယ်သန်းက ကလေးကစားစရာအဆင့်တောင် မရှိပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters