← Chapters

ကောင်းကင်ဘုံ ၂၉ ဘုံမြောက်

Vol. 32 Ch. 364

ကောင်းကင်ဘုံ ၂၉ ဘုံမြောက်

Vol. 32 Ch. 364

“မင်းကလား... မင်း ငါ့အစ်ကိုကိုတောင် အနိုင်ယူနိုင်လို့လား၊ အဲဒီမှော်ဆရာအိုကြီးကိုရော အနိုင်ယူနိုင်လား” ငရဲကြက်နက်ဟာ ဖူစန်းသစ်ပင်ပေါ်က ခုန်ဆင်းပြီး အော်ပြောလိုက်ပါတယ် ‘ဒီလူသစ်လေးက ဘဝင် တော်တော်မြင့်တာပဲ၊ ငါ သူ့ကို သင်ခန်းစာ ကောင်းကောင်း ပေးရမယ်’

ငရဲကြက်နက်ဟာ ကျန်းယီက ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဖိတ်ခေါ်မခံရတဲ့အတွက် ဟန်ကျွယ်နဲ့ ဆက်ဆံရေး သိပ်မလေးနက်မှန်း သိပါတယ်။ ဒါကြောင့်လည်း အခုလို ပြဿနာရှာရဲတာပါ။

ကျန်းယီဟာ ငရဲကြက်နက်စကားကြောင့် မကျေမချမ်း ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတာ့ ငရဲနက်နတ်ဆိုးသခင်က စွမ်းအားကြီးပုံ ပေါ်ပေမဲ့ ကျန်းယီကို အသက်ရှုကြပ်စေလောက်တဲ့အထိ ဖိအားမပေးလို့ပါပဲ။ ဒါကြောင့် ကျန်းယီဟာ ငရဲနက်နတ်ဆိုးသခင်နဲ့ သူ့စွမ်းအားက သိပ်မကွာဘူးလို့ ကောက်ချက် ချလိုက်ပါတယ်။

“လက်ရည်စမ်းရအောင်...” ကျန်းယီဟာ ငရဲနက်နတ်ဆိုးသခင်ဘက် လှည့်လိုက်ပါတယ်။

ငရဲနက်နတ်ဆိုးသခင်ဟာ ပြုံးလိုက်ပါတယ် “ကောင်းပြီလေ... ဂိုဏ်းချုပ်ရဲ့ အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်ကြတာပေါ့”

“အသွင်တူ လက်ရည်စမ်းပွဲ... အဲဒါ ဘာလဲ”

“တိုက်ခိုက်ဖို့အတွက် အထူးပြုလုပ်ထားတဲ့ ဂိုဏ်းချုပ်ရဲ့ ဆန်းကြယ်စွမ်းအား၊ ဒီအထဲမှာ ဂိုဏ်းချုပ် တိုက်ခိုက်ခဲ့တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ရှိတယ်၊ နတ်ဆိုးဧကရာဇ်၊ ကောင်းကင်ဧကရာဇ်၊ ရှန်နန်းတော်သခင်၊ ကောင်းကင်တာအိုဗုဒ္ဓနဲ့ တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေရောပဲ”

“တကယ်ကြီးလား”

ကျန်းယီဟာ မယုံပါဘူး ‘ဒီကောင်က ‌တော်တော် လေလုံးထွားတာပဲ’

ဒီအချိန်မှာပဲ ဟန်ကျွယ်က ကျန်းယီကို အသွင်တူ လက်ရည်စမ်းပွဲထဲ ဆွဲသွင်းလိုက်ပါတယ်။

ကျန်းယီဟာ ပထမဆုံး အလွန်တရာမှ အံအားသင့်သွားပါတယ်။ ဟန်ကျွယ်ဟာ ကျန်းယီ တိုက်ခိုက်ဖို့အတွက် စန့်ရှီကို တစ်ခါတည်း စီစဉ်ပေးလိုက်ပါတယ်။ အစော်ခံရပြီးတဲ့နောက် ကျန်းယီရဲ့ တိုက်ခိုက်လိုစိတ်ဟာ ပြင်းထန်လာပြီး အသွင်တူလက်ရည်စမ်းပွဲကို တမ်းတမ်းစွဲ ဖြစ်လာပါတယ်။

ငရဲကြက်နက်ဟာ ငေးကြောင်နေတဲ့ ကျန်းယီကိုကြည့်ပြီး ခေါင်းခါလိုက်ပါတယ် “ဟင်း... သခင် စကားနဲ့ ပြောရရင် နောက်ထပ် အင်တာနက်စွဲတဲ့လူပဲ”

ကျိုးမင်ယွဲ့ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် “သူက သူ့ကို မီအောင်လိုက်ဖို့ ပြောသေးတယ်၊ ရောက်ရောက်ချင်း မကျင့်ကြံဘဲနဲ့များ... နောက်ကျရင် သူ့ကျင့်ကြံမှုက နောက်ဆုံး‌ရောက်နေမှာ ကျိန်းသေတယ်”

တခြားသူတွေကလည်း ကျိုးမင်ယွဲ့စကားကြောင့် ခပ်ပြုံးပြုံး ဖြစ်သွားကြပါတယ်။ သူတို့လည်း အရင်တုန်းက အသွင်တူ လက်ရည်စမ်းပွဲကို တော်တော်လေး စွဲလမ်းခဲ့ကြတာပါ။ သေခြင်းတရားကို ကြောက်လန့်စရာမလိုတဲ့ တိုက်ပွဲက ကျင့်ကြံသူတွေအတွက် ကံတရား အထောက်အပံ့လိုမျိုး စွဲဆောင်အား ကောင်းလှပါတယ်။

ဒါ့အပြင် အသွင်တူ လက်ရည်စမ်းပွဲထဲက တိုက်ပွဲတွေဟာ အစစ်အမှန်အတိုင်းပါ။ ဒါပေမဲ့ အသတ်ခံရရင်တောင် ခန္ဓာစစ်ကို ဘာဆိုးကျိုးမှ မပေးပါဘူး။ ဒီလို ဆန်းကြယ်စွမ်းအားမျိုးက အင်မော်တယ်ကမ္ဘာမှာ လုံးဝကို မရှိခဲ့တာပါ။

ဟန်ကျွယ်ဟာ ကျန်းယီက အသွင်တူလက်ရည်စမ်းပွဲကို တမ်းတမ်းစွဲ ဖြစ်လာတာ တွေ့တဲ့အခါမှာတော့ ကျန်းယီကို ဂရုမစိုက်တော့ဘဲ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

နှစ်လေးဆယ် ကြာပြီးနောက်။

ဟန်ကျွယ်ဟာ မူလဆန်းကြယ် နတ်စွမ်းအားနှစ်ပါးနဲ့ တော်တော်လေး ဝေးနေပါသေးတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ကျို့ယိုငရဲရဲ့ အကုသိုလ်ကံကို ထပ်မံစုပ်ယူပါတယ်။ ပန်ရှင်းက ထပ်ပြီး မနှောင့်ယှက်တာကြောင့် ဟန်ကျွယ်ရဲ့ နေရက်တွေဟာ အေးချမ်းလှပါတယ်။

ကျန်းယီဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ဆယ်နှစ်ကျော် ကစားပြီးနောက် တိတ်ဆိတ်ဂိုဏ်းအထဲမှာ သူက ဟန်ကျွယ်ပြီးရင် ထိပ်ဆုံးမှာရှိမနေတာကို သိလိုက်ရပါတယ်။ ဒါကြောင့် အားကုန်ထုတ်ပြီး ကျင့်ကြံပါတော့တယ်။

တခြားတပည့်တွေကလည်း တူတူပါပဲ။ ကျန်းယီနဲ့ ရှကျဲ့မျိုးနွယ်စု ရောက်လာတာက သူတို့ဘဝကို အနှောင့်အယှက် မဖြစ်စေပါဘူး။

ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ ထိုက်စုတျန်သည် လောကဦး အနောက်မယ်တော်၏ အမွေအနှစ်ကို ဆက်ခံရရှိပြီး ကံတရား အထောက်အပံ့ များစွာ အားကောင်းသွား၏။]

[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နတ်ဆိုးဧကရာဇ်၏ ဆန်းကြယ်စွမ်းအားကို သင်ယူလေ့လာပြီး ကျင့်ကြံမှုများစွာ တိုးတက်သွာ၏။]

[သင့်မိတ်ဆွေ ကျိုးဖန်သည် အမှောင်ဂိုဏ်း ကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၃၂၉၃၁

[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]

[သင့်မိတ်ဆွေ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ကျန်းကူရှင်းသည် ဓားတာအိုမြစ်အား ဝါးမြိုရန် ကြိုးစားခဲ့၍ တန်ပြန်ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရသွား၏။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် နဂါးစစ်မျိုးနွယ်စု၏ နတ်လက်နက်တစ်ပါးအား ရရှိသွားသည်။]

[သင့်တပည့် စုချီသည် ကြမ္မာဆိုးခန္ဓာကိုယ်အား ကျင့်ကြံအားထုတ်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ လီတောက်ခုံးသည် ရှေးဟောင်းမျိုးနွယ်စု တစ်စုအား မျိုးတုံးသတ်ဖြတ်လိုက်သောကြောင့် အကုသိုလ်ကံများစွာ တိုးပွားသွား၏။]

ဟန်ကျွယ်ဟာ စာအိတ်တွေကို ဖတ်ရင်း အင်မော်တယ်ကမ္ဘာက တစ်ဖန်ပြန်ပြီးတော့ စိတ်လှုပ်ရှားဖို့ ကောင်းလာတယ်လို့ ခံစားလိုက်ရပါတယ်။ ဒါ့အပြင် ကောင်းကင်ဧကရာဇ် ကျိန်စာတိုက်ခံရတာကို တွေ့လိုက်ရတဲ့အတွက် ဇုထူလက်ချက်မှန်း သိလိုက်ပါတယ်။

‘ဒီဇုထူကတော့ အသက်ရှင်ရတာ ပင်ပန်းနေပြီတဲ့တူတယ်’

ဟန်ကျွယ်ဟာ ဇုထူနဲ့ ပတ်သက်ပြီး ဘေးကျပ်နံကျပ် ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတာ့ ဇုထူက သူ့အပေါ်မှာ မျက်နှာသာပေးမှုရော မုန်းတီးမှုရော မရှိတဲ့အတွက် ဇုထူရဲ့ အခြေအနေကို မသိနိုင်လို့ပါပဲ။ ဒါကြောင့် ဟန်ကျွယ်ဟာ ဘယ်‌လောက်ပဲ ကျိန်စာတိုက်တိုက် အသုံးမဝင်ဘူးလို့ ခံစားနေရပါတယ်။ နောက်ပြီး ဇုထူက ဒီအနန္တကပ်ဘေးမှာ အစွမ်းအထက်ဆုံး မဟုတ်ပါလား။

ဟန်ကျွယ်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ် တိုက်ခိုက်ခံရတာကိုလည်း သတိထားမိသွားပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် လွမ်ဟွေ အင်မော်တယ်ဧကရာဇ်မှာ တခြားသူတွေနဲ့ ရန်ငြိုးရန်စ ရှိတာ သိနိုင်ပါတယ်။ ဒါက ဟန်ကျွယ်အတွက်တော့ သတင်းကောင်းပါပဲ။

‘ငါ့အစ်ကိုတော်က တော်တော် သတ္တိကောင်းတာပဲ၊ ဓားတာအိုမြစ်ကိုတောင် ဝါးမြိုဖို့ ကြိုးစားရဲတယ်’ ဟန်ကျွယ်ဟာ ကျန်းကူရှင်းက ဓားတာအိုကို ကာကွယ်တဲ့ လူကြီးလူကောင်း တစ်ယောက်လို့ အမြဲတမ်း မှတ်ယူခဲ့တာပါ။ ဒါပေမဲ့ ဒီဖြစ်ရပ်ကြောင့် ဟန်ကျွယ်ဟာ ကျန်းကူရှင်းအပေါ် အမြင်ပြောင်းသွားပါတယ်။

‘ကြည့်ရတာ ငါ့အစ်ကိုတော်က ရှန်နန်းတော်မှာ အကျဉ်းချခံလိုက်ရလို့ ပြောင်းလဲသွားပြီနဲ့တူတယ်’

ဟန်ကျွယ်ဟာ လီတောက်ခုံးနဲ့ ပတ်သက်ပြီးတော့ မစိုးရိမ်ပါဘူး။ လီတောက်ခုံးက ရှေး‌ဟောင်းမျိုးနွယ်စုတစ်စုကို မျိုးတုံးသတ်ဖြတ်လိုက်လို့ အကုသိုလ်ကံတွေ တိုးပွားသွားတယ်ဆိုရင်တောင် သူ့ဆီမှာ အကုသိုလ်တွေကို ဆေးကြာနိုင်တဲ့ နည်းလမ်းတစ်ခု ကျိန်းသေပေါက်ရှိနေမှာပါ။

ဒါပေမဲ့ ဟန်ကျွယ်ဟာ လီတောက်ခုံးကိုတော့ နည်းနည်း ကရုဏာသက်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ် အနာဂတ်ကို တွက်ချက်တာ လေးငါကြိမ်ရှိပြီဆိုပေမဲ့ တစ်ခါမှ နောက်ဆုံးအနိုင်ရတဲ့သူက လီတောက်ခုံး မဟုတ်လို့ပါပဲ။ ဒါကိုကြည့်ခြင်းအားဖြင့် လီတောက်ခုံးက ကပ်ဘေးထဲမှာ ဆုံးပါးသွားတာ သိသာလှပါတယ်။

ဒါကိုတွေးမိသွားတဲ့ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ သတိပေးလိုက်ပါတယ် ‘အလင်းထဲမှာ ရှိနေတဲ့ လူတွေက ကြောက်ဖို့ မကောင်းဘူး၊ အမှောင်ထဲမှာ ပုန်းနေတဲ့လူတွေကသာ ကြောက်ဖို့အကောင်းဆုံးပဲ’

ဟန်ကျွယ်မှာ စနစ်ရှိတယ်ဆိုပေမဲ့ စိတ်လိုက်မာန်ပါ လျှောက်လုပ်လို့ မရပါဘူး။ အန္တရာယ်ကြီးကြီးမားမား ကျလာရင် စနစ်က ဟန်ကျွယ်ကို ကာကွယ်ကောင်း ကာကွယ်ပေးနိုင်ပေမဲ့ ဟန်ကျွယ် ကာကွယ်ချင်တဲ့ လူတွေကိုတော့ ကာကွယ်ပေးမှာ မဟုတ်ပါဘူး။

ဒါကြောင့် ဟန်ကျွယ်ဟာ ရန်သူတွေကို ကျိန်စာတိုက်ပြီးတာနဲ့ ဆက်ကျင့်ကြံပါတယ်။

ဟန်ကျွယ်ရဲ့ မှန်းဆချက်အရ သူ့ကျင့်ကြံမှုက မူလဆန်းကြယ် နတ်စွမ်းအားနှစ်ပါးနဲ့ သိပ်မဝေးတော့ပါဘူး။ ဒီလိုဖြစ်ရတာက ဟန်ကျွယ်ရဲ့ လောကဦး ကြယ်တာရာခန္ဓာကိုယ်ကြောင့်ပါ။ လောကဦး ကြယ်တာရာခန္ဓာကိုယ်က အကုသိုလ်ကံတွေကို စုပ်ယူနိုင်တဲ့အတွက် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက အလွန်တရာမှ လျင်မြန်လှပါတယ်။ သာမန် နတ်မင်းအဆင့် ကျင့်ကြံသူတွေသာဆိုရင် အဆင့်လေးတစ်ဆင့်တက်ဖို့ နှစ်သန်းချီ စောင့်ဆိုင်းရမှာပါ။ အခန့်မသင့်ရင် သေတာတောင် အဆင့်တက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ကတော့ နတ်မင်းအဆင့်ကို ရောက်နေတာတောင် တစ်နေ့တစ်ခြား ပိုပိုစွမ်းအားကြီးလာတာကို ခံစားနိုင်ပါတယ်။

ဟန်ကျွယ် ကျင့်ကြံလို့ မကြာခင်မှာပဲ ကောင်းကင်တာအိုတိုကင်က လှုပ်ခါလာပါတယ်။

ကောင်းကင်ဧကရာဇ်က ဟန်ကျွယ်ကို ဆက်သွယ်တာပါ။

ဟန်ကျွယ်ဟာ ကျင့်ကြံရာက ထလိုက်ပြီး ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူကာ နတ်အာရုံချင်း ချိတ်ဆက်လိုက်ပါတယ်။

“မင်း ဒီနှစ်ထဲ ဟောင်အာကို တွက်ချက်မိသေးလား” ကောင်းကင်ဧကရာဇ်က အရင်ဆုံး မေးလိုက်ပါတယ်။

ကောင်းကင်ဧကရာဇ်ရဲ့ မေးခွန်းကြောင့် ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ် “ဟောင်အာ ဘာဖြစ်လို့လဲ”

“နတ်ဆိုးဧကရာဇ် သူ့ကို ဖမ်းသွားပြီးကတည်းက သူပျောက်နေတယ်၊ ငါ အကောင်းဆုံး ကြိုးစားပေမဲ့ သူ့ကို ရှာမတွေ့သေးဘူး၊ အဲဒါကြောင့် မင်းကို လာမေးတာ” ကောင်းကင်ဧကရာဇ်ရဲ့ လေသံဟာ သူ့ကိုယ်သူ အပြစ်တင်နေမှန်း သိသာလှပါတယ်။

နတ်ဆိုးဧကရာဇ်က လုံဟောင်ကို ကောင်းကင်ရုံးတော်ကနေ ပြန်ပေးဆွဲသွားတာ ဖြစ်တဲ့အတွက် ဒီကိစ္စက ကောင်းကင်ဧကရာဇ်အတွက် အရှက်ရဖွယ်ကိစ္စတစ်ခုပါပဲ။ နတ်ဆိုးဧကရာဇ် သေဆုံးသွားတာတောင် ဒီကိစ္စက ပျောက်ပျက်မသွားပါဘူး။

“ကျွန်တော် ကြိုးစားကြည့်မယ်”

ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို တိတ်တဆိတ် အသုံးပြုလိုက်ပါတယ် “လုံဟောင် ဘယ်မှာရှိနေလဲဆိုတာ ငါ သိချင်တယ်”

[သက်တမ်း သန်း ၅၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

‘များလှချည်လား... ဒါပေမဲ့ ဒီကောင်လေးက အင်မော်တယ်ဧကရာဇ်တောင် မဖြစ်သေးပါဘူး’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဟောင်တျန်ကို တွေးမိသွားတာကြောင့် ဖြေသာသွားပါတယ်။

ဆက်တွက်မယ်။

ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။

[အတိအကျ တွက်ချက်မရပေ။ ပျမ်းမျှအားဖြင့် အင်မော်တယ်ကမ္ဘာ ကောင်းကင်ဘုံ ၂၉ ဘုံမြောက်၌ ရှိနေ၏။]

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒါပဲလား...’

ဟန်ကျွယ်လည်း မတက်နိုင်ဘဲ ဒီစာကြောင်းအတိုင်း ကောင်းကင်ဧကရာဇ်ကို အဖြေပြန်ပေးလိုက်ရပါတယ် “အရှင်မင်းကြီး... ကျွန်တော်လည်း သူ ရှိနေတဲ့နေရာကို တွက်ချက်လို့ မရဘူး၊ ဒါပေမဲ့ သူ အင်မော်တယ်ကမ္ဘာရဲ့ ကောင်းကင်ဘုံ ၂၉ ဘုံမြောက်မှာ ရှိနေတာကို ကျွန်တော် ခံစားမိတယ်”

“ကောင်းကင်ဘုံ ၂၉ ဘုံမြောက်လား... သွားပြီ”

ကောင်းကင်ဧကရာဇ်ဟာ ထိတ်လန့်သွားပြီး နတ်အာရုံကို ချက်ချင်း ဖြတ်‌တောက်လိုက်ပါတယ်။

ဒီအဖြစ်ကြောင့် ဟန်ကျွယ်လည်း အံအားသင့်သွားပါတယ် ‘ကောင်းကင်ဘုံ ၂၉ ဘုံမြောက်မှာ ဘာလျှို့ဝှက်ချက် ရှိနေတာလဲ’

ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကနေ လုံဟောင်ရဲ့ ရုပ်ပုံကို စစ်ဆေးလိုက်တဲ့အခါမှာ ဟောင်တျန်က ခန္ဓာသိမ်းမထားတာကို တွေ့လိုက်ရတဲ့အတွက် လုံဟောင် ဘာမှမဖြစ်သေးမှန်း သိလိုက်ပါတယ်။ ဒါ့အပြင် လုံဟောင် တိတ်ဆိတ်ကျွန်းကနေ ထွက်သွားတုန်းက ဘယ်သူမှ တွန်းအားပေးခဲ့တာ မဟုတ်ပါဘူး။ သူ့သဘောနဲ့ သူ ထွက်သွားခဲ့တာပါ။

ဒါ့ကြောင့် ဟန်ကျွယ်ဟာ လုံဟောင်ကို ထွက်မကယ်ပါဘူး။ ဟန်ကျွယ်ဟာ လုံဟောင်ကို ဘယ်လောက်ပဲချစ်ချစ် သူ့အသက်ထက်တော့ ပိုမချစ်ပါဘူး။

အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ပြန်သိမ်းလိုက်ပြီး ဆက်လက် ကျင့်ကြံပါတယ်။

၇ နှစ် ကြာပြီးနောက်။

ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို စွမ်းအားကြီးတဲ့ ကျိန်စာတစ်ခုရဲ့ တိုက်ခိုက်မှုကို ခံစားလိုက်ရပါတယ်။ ဒီအဖြစ်ကြောင့် ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။

‘ဘာလဲဟ... ဘယ်သူက ငါ့ကို လာရှုပ်ပြန်ပြီလဲ’

ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ကို အသက်သွင်းပြီး အကုသိုလ်ကံစွမ်းအားကို အသုံးပြုကာ ကျိန်စာကို ခုခံလိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters