← Chapters

မူလဆန်းကြယ် နတ်စွမ်းအား နှစ်ပါး၊ ရှန်နန်းတော်အား ကျိန်စာတိုက်ခြင်း

Vol. 32 Ch. 368

မူလဆန်းကြယ် နတ်စွမ်းအား နှစ်ပါး၊ ရှန်နန်းတော်အား ကျိန်စာတိုက်ခြင်း

Vol. 32 Ch. 368

ကောင်းကင်ဧကရာဇ်ရဲ့ ကြွေးကြော်သံဟာ တိတ်ဆိတ်ဂိုဏ်းက လူတိုင်းကို ရှန်နန်းတော်နဲ့ ကောင်းကင်ရုံးတော် ဘာဆက်ဖြစ်မလဲဆိုတာ ဆွေးနွေးသွားစေပါတယ်။

ငရဲနက်နတ်ဆိုးသခင်က တအံတဩ ပြောလိုက်ပါတယ် “ကောင်းကင်ဧကရာဇ်က တော်တော် ရက်စက်တာပဲ၊ ရှန်နန်းတော်ကို မိစ္ဆာမျိုးနွယ်စုအဖြစ် ကြော်ငြာလိုက်တယ်၊ ဒီအတိုင်းဆိုရင် ရှန်နန်းတော်က တခြားအင်အားစုတွေကို စည်းရုံးဖို့ အတော်ခက်သွားပြီ၊ ဒီလိုအဖြစ်မျိုးက ဗုဒ္ဓဂိုဏ်းမှာလည်း ဖြစ်ပျက်ထားတာ မကြာသေးဘူးဆိုတော့ သက်ရှိအများစုက ရှန်နန်းတော်ကို အယုံအကြည် မဲ့သွားလောက်ပြီ”

ဟိုးနှစ်ပေါင်းများစွာကတည်းက မိစ္ဆာမျိုးနွယ်စုဟာ ရက်စက်ကြမ်းကြုတ်တဲ့ လူယုတ်မာနေရာမှာ နေလာခဲ့တာကြောင့် အင်မော်တယ်ကမ္ဘာရဲ့ မဟုတ်တာမှန်သမျှက မိစ္ဆာမျိုးနွယ်စုရဲ့ အပြစ်အဖြစ် ပုံချခံရတာချည်းပါပဲ။ မကောင်းတာမှန်သမျှက မိစ္ဆာမျိုးနွယ်စု လုပ်သလိုမျိုး ရိုက်သွင်းခဲ့တာပါ။

သွမ့်ဟုန်ချန်ဟာ ခေါင်းခါပြီး ပြောလိုက်ပါတယ် “အဲဒီလိုကြီးလည်း မဟုတ်ဘူး၊ အနန္တကပ်ဘေး စတင်ပြီးကတည်းက ဘယ်သူကများ မိစ္ဆာမျိုးနွယ်စုကို ဂရုစိုက်နေသေးလို့လဲ၊ ကျုပ် ပြောတာကို စိတ်မရှိပါနဲ့၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ကောင်းကင်ရုံးတော်က သေမျိုးတွေကိုပဲ ဆွဲဆောင်နိုင်တာ၊ အင်မော်တယ်ကမ္ဘာမှာ နောက်ခံရှိတဲ့ လူအများစုက ကောင်းကင်ရုံးတော်ကို ကြိုက်ကြတာ မဟုတ်ဘူး”

မုရုံချီက နှာခေါင်းရှုံ့လိုက်ပါတယ် “ဘာပဲဖြစ်ဖြစ် ကောင်းကင်ရုံးတော်က ရှန်နန်းတော်ထက် ပိုကောင်းတယ်၊ တာအိုအရှင်သခင်တောင် ကောင်းကင်ရုံးတော် ရောက်နေပြီလေ” မုရုံချီဟာ ရှန်နန်းတော်လက်ချက်နဲ့ သေဆုံးခဲ့ရတာမို့ ရှန်နန်းတော်ကို အသေမုန်းပါတယ်။

“အပိုတွေ လျှောက်ပြောမနေနဲ့၊ သခင်က ကောင်းကင်ရုံးတော်ကို ထောက်ပံ့တာ” ငရဲကြက်နက်က သတိပေးလိုက်ပါတယ်။

ငရဲကြက်နက်ရဲ့ သတိပေးစကားကြောင့် လူတိုင်းဟာ မနေနိုင်ဘဲ ကျင့်ကြံခြင်းလိုဏ်ဂူကို ကြည့်လိုက်ပါတယ်။

ထူလင်းအာက သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဆရာက ကျွန်မတို့ တိတ်ဆိတ်ဂိုဏ်းကိုခေါ်ပြီး ကောင်းကင်ရုံးတော်ကို ကူညီမယ်ဆိုရင် ကောင်းကင်ရုံးတော်က ဒီကပ်ဘေးမှာ အနိုင်ရနိုင်မလား”

စန့်ရှီက ရယ်မောလိုက်ပါတယ် “နိုင်တာပေါ့၊ မင်းတို့အားလုံးက ပါရမီရှင်တွေချည်းပဲ၊ ဂိုဏ်းချုပ်က ကောင်းကင်ဧကရာဇ်ထက်တောင် စွမ်းအားပိုကြီးသေးတယ်၊ ဒီလိုအင်အားမျိုးကို ဘယ်သူက ဟန့်တားနိုင်မှာလဲ”

မုရုံချီက ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ ဆရာဘိုးဘိုးက ကျွန်‌တော်တို့အားလုံးကို ကောင်းကောင်းမွန်မွန် ကျင့်ကြံချင်တာ၊ ဒီကပ်ဘေးက ကျွန်တော်တို့အတွက် မသင့်တော်သေးဘူး၊ နောက်တစ်ခါ အနန္တကပ်ဘေး ရောက်လာရင် ကျွန်တော်တို့တွေက အင်မော်တယ်ဧကရာဇ်တွေ နတ်မင်းတွေ ဖြစ်နေလောက်ပြီ၊ ကောင်းကင်ဘဝဂ်အဆင့်ကိုတောင် ရောက်ကောင်း ရောက်နိုင်တယ်၊ အဲဒီအချိန်ကျရင် ကျွန်‌တော်တို့ကို ဘယ်သူက ဟန့်တားနိုင်တော့မှာလဲ”

တစ်ဦးနဲ့တစ်ဦး ရင်းနှီးတာကြာပြီ ဖြစ်တဲ့အတွက် တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာ တစ်ယောက် အရည်အချင်းကို တစ်ယောက် သိနေကြပါပြီ။ ဒါကြောင့် သူတို့အကုန်လုံးက ပါရမီရှင်တွေဆိုတာက သူတို့သိနေကြပါပြီ။

ချူရှီရန်ရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ်။ ချူရှီရန်ဟာ မုရုံချီရဲ့ စကားကြောင့် တစ်စုံတစ်ခုကို တွေးမိသွားပြီး ကျင့်ကြံခြင်းလိုဏ်ဂူကို လေးစားစွာ လှမ်းကြည့်လိုက်ပါတယ်။

“လွီပုလို့ခေါ်တဲ့ စီနီယာကိုလည်း မမေ့နဲ့အုန်း” ရွှင်ချန်အန်းက ရုတ်တရက် သတိပေးလိုက်ပါတယ်။

လူတိုင်းဟာ တိတ်ဆိတ်ကျွန်းဘေးနားက ပင်လယ်ကို ကြည့်လိုက်ပြီး ချောက်ချားသွားကြပါတယ်။ သူတို့အကုန်လုံးဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ လွီပုကို စိန်ခေါ်ဖူးပါတယ်။ ဒါပေမဲ့ စန့်ရှီတောင် လွီပုရဲ့ တိုက်ချက်တစ်ချက်ကို မခံနိုင်ဘဲ တစ်ချက်တည်း အသတ်ခံလိုက်ရပါတယ်။

ကျန်းယီဟာ ဖူစန်းသစ်ပင်အောက်မှာထိုင်ပြီး လူတိုင်းရဲ့စကားကို နားထောင်နေပါတယ် ‘တိတ်ဆိတ်ဂိုဏ်းက အလားအလာ တော်တော် ကောင်းတာပဲ၊ စီးမာယိက ကျိန်းသေပေါက် အမြဲတမ်း ပုန်းနေမှာ မဟုတ်ဘူး၊ မဟုတ်ရင် တိတ်ဆိတ်ဂိုဏ်းကို တည်ထောင်ထားမှာ မဟုတ်ဘူး၊ သူ့နောက်ကိုလိုက်တာက နတ်ရွှေကျီးကန်း မိသားစုနောက်ကို လိုက်တာထက် အလားအလာ ပိုကောင်းနိုင်တယ်’

‘အနာဂတ်မှာ နတ်ရွှေကျီးကန်း မိသားစုက ငါရဲ့ ကာကွယ်မှုကို လိုအပ်ကောင်း လိုအပ်လာနိုင်တယ်’

ကျန်းယီဟာ တွေးလေလေ သူ့အတွေးက ဖြစ်နိုင်လေလေလို့ ခံစားလိုက်ရပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ သူ့တပည့်တွေ စကားပြောနေတာကို ကြားပေမဲ့ အလေးအနက် မယူပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှည်ကြာပြီး ပျင်းရိဖွယ်ကောင်းလှတဲ့ ကျင့်ကြံခြင်းခရီးလမ်းမှာ အတင်းအဖျင်းပြောတာက ပျင်းရိခြင်းကို အနည်းငယ် ပြေပျောက်စေနိုင်လို့ပါပဲ။

မျက်စိတစ်မှိတ်အတွင်း နှစ် ၃၀ ကုန်ဆုံးသွားပါတယ်။

နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ အဆင့်တက်ဖို့ အခွင့်အ‌ရေး ရလာပါတယ်။ ဟန်ကျွယ်ဟာ အဆင့်တက်ဖို့အတွက် နှစ်သုံးရာ ကျင့်ကြံခဲ့ရတာအတွက် တော်တော်လေး စိတ်လှုပ်ရှားနေပါတယ်။ စိတ်လှုပ်ရှားလွန်းတဲ့အတွက် ဟန်ကျွယ်ဟာ ရန်သူတွေကို ကျိန်စာတိုက်ဖို့ မေ့သွားပြီး တစ်ခါတည်း အဆင့်စတက်ပါတယ်။

တစ်ချိန်တည်းမှာပဲ တိတ်ဆိတ်ကျွန်း ပတ်လည်မှာရှိတဲ့ အကုသိုလ်ကံတွေဟာ တိတ်ဆိတ်ကျွန်းရှိရာကို တဟုန်ထိုး စုစည်းလာပါတယ်။

နတ်မင်းအဆင့်မှာ အဆင့်တက်တာက မူလဆန်းကြယ် နတ်စွမ်းအားရဲ့ အဆီအနှစ်ကို တိုးပွားအောင်လုပ်ပြီး ဝိညာဉ်စွမ်းအားရဲ့ ကန့်သတ်စည်းကို ထိုးဖောက်တာပါ။ ဝိညာဉ်စွမ်းအားနဲ့ ဝိညာဉ်က ပြီးပြည့်စုံတဲ့ အခြေအနေကို ရောက်ရှိသွားပြီဆိုရင် ကောင်းကင်ဘဝဂ်အဆင့်ကို ထိုးဖောက်ဖို့ အခွင့်အ‌ရေး ရှိသွားပါပြီ။

ဟန်ကျွယ်ဟာ လောကဦး ကြယ်တာရာခန္ဓာကိုယ်နဲ့ လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို ရှိနေတဲ့အတွက် အကုသိုလ်ကံတွေကို ဆက်တိုက် စုပ်ယူဖို့ပဲ လိုအပ်ပါတယ်။ လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို ကျင့်စဉ်ဟာ မဟာတာအိုအပိုင်းအစ ကိုးစနဲ့ လဲလှယ်ခဲ့ရတာမို့ အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ နှစ်ခုမရှိတဲ့ ကျင့်စဉ်တစ်ခုပါ။

ကျို့ယိုငရဲထဲက အကုသိုလ်ကံဟာ မကုန်ဆုံးနိုင်အောင် ရှိတဲ့အတွက် ဟန်ကျွယ်အတွက် နှစ်ပေါင်းများစွာ ကျင့်ကြံဖို့ လုံလောက်ပါတယ်။

အချိန်ဟာ ပုံမှန်ကုန်ဆုံးတာကြောင့် ရှစ်နှစ်ကြာသွားပါတယ်။

နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ အဆင့်တက်သွားပြီး မူလဆန်းကြယ် နတ်စွမ်းအားက ပြောင်းလဲသွားပါတယ်။

မူလဆန်းကြယ် နတ်စွမ်းအား နှစ်ပါး။

ဟန်ကျွယ်ဟာ သူ့အစွမ်းတွေ တိုးပွားလာတကို ခံစားနိုင်ပါတယ်။ ဒီခံစားချက်ကို စကားလုံးနဲ့ ဖော်ပြလို့မရတဲ့အထိ ခံစားလို့‌ကောင်းတဲ့အတွက် ဟန်ကျွယ်ကို နားလည်ရန်ခက်ခဲတဲ့ အသံနည်းနည်း ထွက်သွားစေပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ရင်း ကိုယ်ရေးအကျဉ်းကို စစ်ဆေးလိုက်ပါတယ်။

[အမည်: ဟန်ကျွယ်]

[သက်တမ်း: ၅,၀၅၈/၁၀၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]

[မျိုးနွယ်စု: လောကဦး နတ်ဘီလူး။]

[ကျင့်ကြံမှု: မူလဆန်းကြယ် နတ်စွမ်းအား နှစ်ပါး။]

[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]

[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို။]

‘ဝိုး... ငါ့သက်တမ်းက အများကြီး တိုးသွားပါလား’ ဟန်ကျွယ်ဟာ သူ့သက်တမ်း အရေအတွက်က များလွန်းတဲ့အတွက် ဆက်ပြီးတော့ မရေနိုင်တော့ပါဘူး။ ဟန်ကျွယ်သုံးခဲ့တဲ့ သက်တမ်းတွေက အဆင့်တက်လို့ တိုးလာတဲ့ သက်တမ်းနဲ့ယှဉ်ရင် မြူတစ်မှုန်စာလောက်ပဲ ရှိပါတယ်။

၁၀၉ ကွာဒလီယီတောင် ရှိတဲ့အတွက် သန်း ၁၀၀ က ဟန်ကျွယ်အတွက် ဘာမှ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဒီအချိန်ကစပြီး ဟန်ကျွယ်ဟာ ပွဲကြီးကြီး ကစားလို့ရပါပြီ။ ဒီအတွေးကြောင့် ဟန်ကျွယ်ဟာ ၁၀ ကွာဒလီယံကို သုံးဖြုန်းဖို့ လျာထားလိုက်ပါတယ်။

ဟန်ကျွယ်သာ နှစ်နှစ်ကြာ ကျင့်ကြံမှုကို ခိုင်ခံ့အောင် လုပ်ပြီးတဲ့နောက်မှာတော့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာစတိုက်ပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ တစ်ခါတည်း ရှန်နန်းတော်ကို တန်းပြီးတော့ ကျိန်စာတိုက်ပါတယ်။

ဟန်ကျွယ်က ရှန်နန်းတော်ရဲ့ ကံတရား အထောက်အပံ့ကို ကျိန်စာတိုက်တာပါ။ ဟန်ကျွယ်ဟာ ရှန်နန်းတော်ရဲ့ ကံတရား အထောက်အပံ့အတွက် ၁၀ ဘီလီယံ ဇုထူအတွက် ဘီလီယံ ၅၀ သုံးပြီး ကစားပေးဖို့ စဉ်းစားထားပါတယ်။

ဟန်ကျွယ်ဟာ ကျိန်စာအစွမ်းနဲ့ ရှန်နန်းတော်ကို မဖျက်ဆီးနိုင်ဘူးဆိုတာ မယုံကြည်ပါဘူး။

ဒီကျိန်စာတိုက်တာက ကောင်းကင်ဧကရာဇ်အတွက် ရှန်နန်းတော်ကို တိုက်ခိုက်ပေးတာအပြင် သူ့မြေးတပည့် မုရုံချီအတွက် လက်စားချေပေးတာလည်း ပါပါတယ်။ ဟန်ကျွယ် ဘီလီယံ ၆၀ သုံးလိုက်ရလို့ ဝန်ထုပ်ဝန်ပိုး မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတာ့ ဘီလီယံ ၆၀က ၁၀ ကွာဒလီယံနဲ့ ယှဉ်ရင် တော်‌တော်လေး နည်းနေလို့ပါပဲ။

ဟန်ကျွယ်ဟာ အချိန်ကုန်ခံပြီး တွက်ချက်မနေတော့ဘဲ လုပ်စရာရှိတာ ဆက်လုပ်ပါတယ်။ ဒီလိုနဲ့ ငါးရက် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပြီး ရှန်နန်းတော်လည်း ဒုက္ခစတွေ့ပါတယ်။

အဆင့်တက်ပြီးနောက်ပိုင်း ဟန်ကျွယ်ရဲ့ သက်တမ်းလျော့နည်း ပိုမြန်လာပါတယ်။ ဒီလိုဖြစ်ရတာက ဟန်ကျွယ်ရဲ့ ကျိန်စာအစွမ်းကလည်း ပိုပိုပြင်းထန်လာလို့ပါ။ ဒါကြောင့်လည်း သက်တမ်းကလည်း မြန်မြန်ကုန်လာတာပါ။

နှစ်ရက်တည်းနဲ့တင် ဟန်ကျွယ်ဟာ သက်တမ်း ၆ ဘီလီယံ ကုန်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာ မရပ်ပါဘူး။

ရှန်နန်းတော်။

ခန်းမထဲမှာ ထိုင်နေတဲ့ ဇုထူဟာ သူ့စွမ်းအားကို လှည့်ပတ်ပြီး ကျိန်စာကို ခုခံနေပါတယ်။

“သတင်းပို့ပါတယ် - ‌ဒေါသနတ်ဧကရာဇ်က အမှောင်သခင်ကြီး ကျိန်စာတိုက်တာ ခံရပါတယ်”

“သတင်းပို့ပါတယ် - ရွှေရောင်ဆီးနှင်းနန်းတော်က တပည့်တွေ အကုန်လုံး အမှောင်သခင်ကြီး ကျိန်စာတိုက်တာ ခံရပါတယ်”

“သတင်းပို့ပါတယ် - တပည့်အသစ်အချို့ ကျိန်စာကို တောင့်မခံနိုင်လို့ ရုပ်နာမ်နှစ်ပါးလုံး ဖျက်ဆီးခံလိုက်ရပါတယ်”

“သတင်းပို့ပါတယ်...”

ရှန်နန်းတော် ကျင့်ကြံသူတွေရဲ့ အသံတွေဟာ ခန်းမအပြင်ဘက်ကနေ ထွက်ပေါ်လာပါတယ်။ ခန်းမ‌ရှေ့မှာ ဒူးထောက်နေတဲ့သူတွေ ရာချီပါပြီ။ သူတို့အကုန်လုံးဟာ ရှန်နန်းတော်ရဲ့ ဂိုဏ်းခွဲတွေပါ။ ဇုထူရဲ့မျက်နှာတစ်ခုလုံးလည်း မည်းမှောင်နေပါတယ်။

ဇုထူဟာ သူ့လူတွေကို ဘယ်လို ပြန်ပြောရမလဲ မသိတော့ပါဘူး။ အမှောင်သခင်ကြီးက ရှန်နန်းတော် တစ်ခုလုံးကို ကျိန်စာတိုက်လိမ့်မယ်လို့ ဇုထူ ဘယ်တုန်းကမှ ထင်မထားခဲ့ပါဘူး။

‘ဒီအမှောင်သခင်ကြီးက တကယ့်အရူးပဲ... ရှန်နန်းတော် တစ်ခုလုံးကိုတောင် ကျိန်စာတိုက်ရဲတယ်’

ဒါပေမဲ့ ဇုထူ သေချာသိသွားတာကတော့ ကောင်းကင်ရုံးတော်မှာ အမှောင်သခင်ကြီး ရှိနေတာကိုပါ။ ဒါကြောင့် ဇုထူဟာ သူ့ရဲ့ကျိန်စာစာအုပ်ကို ထုတ်ယူပြီး ကောင်းကင်ရုံးတော် တစ်ခုလုံးကို ကျိန်စာတိုက်ဖို့ ပြင်ဆင်ပါတယ်။

ဒါပေမဲ့ မကြာခင်မှာပဲ ကျိန်စာတိုက်လို့ မရတာကို တွေ့သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ရုံးတော်ကို ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့က ကာကွယ်ထားလို့ပါပဲ။

ကံတရား အထောက်အပံ့ကို တိုက်ခိုက်ချင်ရင် သက်တမ်းသုံးပြီး ကျိန်စာတိုက်မှပဲ ရပါလိမ့်မယ်။ သက်တမ်းကို စတေးပြီး ကျိန်စာတိုက်မယ်ဆိုရင် ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့က ဇုထူကို တားနိုင်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ကောင်းကင်ရုံးတော် တစ်ခုလုံးကို ကျိန်စာတိုက်ဖို့အတွက်ဆိုရင် ကုန်ဆုံးမဲ့ သက်တမ်းက နည်းနည်းနောနော မဟုတ်ပါဘူး။

ကောင်းကင်ဘဝဂ် ကျင့်ကြံသူရဲ့ သက်တမ်းက မကုန်ဆုံးနိုင်အောင် ရှိတယ်ဆိုပေမဲ့ သုံးစွဲတာ များလွန်းရင်တော့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ထိခိုက်နိုင်ပါတယ်။ ဒီထက်များသွားရင်တော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်ပါတယ်။

တခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ သက်တမ်း ဆယ်ဘီလီယံ ကုန်သွားတာ တွေ့တာနဲ့ ကျိန်စာတိုက်တာကို ချက်ချင်းရပ်လိုက်ပါတယ်။

[သင့်ကျိန်စာစွမ်းအားကြောင့် ရှန်နန်းတော်၏ ကံတရား အထောက်အပံ့ လျော့ကျပြီး အင်မော်တယ်တပည့် ထောင်ချီ သေဆုံးသွား၏။]

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘နောက်ဆုံးတော့ သူတို့ ကံတရား အထောက်အပံ့ လျော့ကျသွားပြီပဲ’

ဟန်ကျွယ်ဟာ သေဆုံးသွားတဲ့ အင်မော်တယ်တပည့်တွေအတွက်တော့ နောက်ဘဝကျရင် ရှန်နန်းတော်ထဲ မဝင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။ ရှန်နန်းတော်နောက်ကို လိုက်တာက သူတို့ဘဝအတွက် အဆုံးသတ်ကောင်းမှာ မဟုတ်ပါဘူး။

နေ့ဝက်နားပြီးတဲ့နောက် ဟန်ကျွယ်ဟာ ဇုထူကို ကျိန်စာတိုက်ပြန်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters