← Chapters

ဇုထူ ကျရှုံးခြင်း၊ နွီဝါ အိပ်မက်ပေးခြင်း

Vol. 33 Ch. 372

ဇုထူ ကျရှုံးခြင်း၊ နွီဝါ အိပ်မက်ပေးခြင်း

Vol. 33 Ch. 372

‘တာအိုပညာရှိတစ်ပါးက ကောင်းကင်ဧကရာဇ်ကို တိုက်ခိုက်လိုက်တာလား’ ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ် ‘ဒါက စည်းကျော်မနေဘူးလား’

‘နေပါအုန်း... တာအိုပညာရှိတွေကို တားဆီးထားတဲ့ တာအိုဘိုးဘေးက ပေါ်မလာတာ ကြာပြီဆိုတော့ သူတို့တွေကလည်း စည်းမျဉ်းကို ဂရုမစိုက်ကြတော့တာလား’

ဟန်ကျွယ်က မေးလိုက်ပါတယ် “အရှင်မင်းကြီး... အရှင်မင်းကြီး နောက်မှာရော တာအိုပညာရှိ မရှိဘူးလား”

ကောင်းကင်ဧကရာဇ်ဟာ မချိုပြုံးပြုံးလိုက်ပါတယ် “ကောင်းကင်ရုံးတော်ကို ကောင်းကင်တာအိုက ထောက်ပံ့ထားတာဆိုတော့ တခြားတာအိုပညာရှိတွေက မထိကြဘူး၊ မဟုတ်ရင် ကောင်းကင်တာအို ကံတရားရဲ့ သက်ရောက်ခြင်းကို ခံရလိမ့်မယ်”

‘မဟုတ်တာတွေ... အရှင်မင်းကြီး တာအိုပညာရှိနဲ့ ရှိနေတာကို ကျွန်တော် မြင်ပြီးပါပြီ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ လှောင်ပြောင်လိုက်ပေမဲ့ အပြင်မှတော့ ပြန်မငြင်းရဲပါဘူး။

“ဒါနဲ့ ဟောင်အာရဲ့ အခြေအနေ ဘယ်လိုရှိလဲ၊ သူ ပြန်မလာသေးဘူးလား..”

“ဟမ်... သူ့အကြောင်း မပြောနဲ့၊ သူက ကောင်းကင်ရုံးတော်ရဲ့ ရန်သူတစ်ယောက် ဖြစ်လာပြီ”

“ဘာဖြစ်လို့လဲ... ဘာတွေ ဖြစ်သွားလို့လဲ”

“ဒီအကြောင်းတွေ မမေးနဲ့၊ ငါ ပြောရမှာတောင် ရှက်တယ်”

“ဒါဆိုလည်း ကျွန်တော် မမေးတော့ဘူး”

ကောင်းကင်ဧကရာဇ်ရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ ဆက်မမေးတော့ပါဘူး။ အဲဒီနောက် သူတို့နှစ်ယောက်ဟာ စကားတစ်လုံးနှစ်လုံးပြောပြီး နတ်အာရုံချိတ်ဆက်မှုကို ဖြတ်တောက်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်မှာ ကိစ္စကြီးတစ်ခု ဖြစ်ပျက်သွားတာကို သဘောပေါက်လိုက်ပါတယ်။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ် မပြောပြချင်တဲ့အတွက် ဟန်ကျွယ်လည်း မမေးချင်ပါဘူး။

ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ပြန်သိမ်းလိုက်ပြီး တာအိုဆေးပုလင်းကို ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုဆေးပုလင်း အဖုံးကိုဖွင့်ပြီး တာအိုဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ပါတယ်။

ဒီဆေးလုံးတွေက နတ်မင်းအဆင့် ကျင့်ကြံသူကိုတောင် ကျင့်ကြံရာမှာ ကူညီနိုင်တဲ့အတွက် ဒီဆေးလုံးတွေ ဖော်စပ်တဲ့ ရွမ်လိန့်ကျောင်းတော်က တကယ်ကို အထင်ကြီးစရာပါ။ အင်မော်တယ်ကမ္ဘာမှာ အဂ္ဂိရတ်ပညာက ရွမ်လိန့်ကျောင်းတော်ကနေ အစပြုတယ်လို့ ဆိုကြပါတယ်။

‘ရွမ်လိန့်ကျောင်းတော်ရဲ့ တပည့်နှစ်ယောက် ဒီလောက် အင်အားကြီးနေတာ အံအားသင့်စရာ မရှိတော့ပါဘူး၊ ဒီလို ဆေးလုံးတွေ ရင်းမြစ်တွေ ရှိနေမှတော့ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လိုလုပ်ပြီး နိမ့်ပါးနိုင်မှာလဲ’

ဟန်ကျွယ်ဟာ တာအိုဆေးလုံးတစ်လုံးကို ပါးစပ်ထဲ ကောက်ထည့်လိုက်ပါတယ်။ တာအိုဆေးလုံးဟာ ဟန်ကျွယ် ခန္ဓာကိုယ်ထဲ ရောက်သွားတာနဲ့ အလွန်များပြားတဲ့ ရှန်တျန်ချီအသွင် တစ်ခါတည်း ပြောင်းလဲသွားပြီး ဟန်ကျွယ် ခန္ဓာကိုယ်အနှံ့ လျှောက်သွားကာ မူလဆန်းကြယ် နတ်စွမ်းအားအဖြစ် ပြောင်းလဲပါတယ်။

ဒီဆေးလုံးက တော်တော်လေးကို အသုံးဝင်တာပါ။ ဟန်ကျွယ်လည်း တာအိုဆေးလုံးရဲ့ အစွမ်းကြောင့် နည်းနည်း အံဩသွားပါတယ်။ ဟန်ကျွယ်ဟာ တာအိုဆေးလုံးက ဒီလောက်ထိ အစွမ်းရှိလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ပါဘူး ‘ငါ ရွမ်လိန့်ကျောင်းတော်ရဲ့ အုတ်မြစ်ကို လျှော့တွက်မိခဲ့တာပဲ’

လေးငါးရက် ကြာတဲ့အခါမှာတော့...။

ဟန်ကျွယ်ဟာ တာအိုဆေးလုံးတစ်လုံးကို သုံးစွဲလို့ ပြီးသွားပါတယ်။ ဒီတာအိုဆေးလုံးရဲ့ အစွမ်းက ဆယ့်လေးငါးနှစ် ကျားကုတ်ကျားခဲ ကျင့်ကြံတာထက် ပိုကောင်းနေပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဆေးလုံးတွေကို ဆက်ပြီးတော့ မှီဝဲပါတယ်။

နှစ်လကြာပြီးနောက်။

ဟန်ကျွယ်ဟာ တာအိုဆေးလုံး အကုန်လုံးကို သုံးစွဲပြီးသွားပြီး သူ့ကျင့်ကြံမှုကလည်း မူလဆန်းကြယ် နတ်စွမ်းအား သုံပါးကို ရောက်ဖို့ အရေးကြီးအမှတ်ကို ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ကောင်းကင်ဧကရာဇ်ကို တော်တော်လေး ကျေးဇူးတင်သွားပါတယ်။

ဒီလိုဆေးလုံးက တကယ်ရှားပါးတဲ့ ရတနာတစ်လက်ပါ။ ဒီလိုရတနာမျိုးက ကောင်းကင်ဧကရာဇ်က တစ်ခါတည်း ဆယ်လုံးတောင် ပေးလိုက်တဲ့အတွက် ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို ဘယ်လို ကျေးဇူးပြန်ဆပ်ရမလဲတောင် မသိတော့ပါဘူး။

အဲဒီနောက် ဟန်ကျွယ်ဟာ အဆင့်တက်ဖို့ ပြင်ဆင်ပါတယ်။

ကောင်းကင်ရုံးတော်၊ နတ်ဘုရားခန်းမ။

ကောင်းကင်ဧကရာဇ်နဲ့ လီတောက်ခုံး နှစ်ယောက်တည်း ရှိနေပါတယ်။ လီတောက်ခုံးက အပြုံးနဲ့ မေးလိုက်ပါတယ် “အရှင်မင်းကြီး တာအိုဆေးလုံး နှစ်ဆယ်ကို ခွဲဝေပေးလိုက်ပြီလား..”

ကောင်းကင်ဧကရာဇ်ကလည်း ပြုံးလိုက်ပါတယ် “အင်း... ပြီးပြီ၊ မင်းတို့ဂိုဏ်းချုပ်ကို ငါ့ကိုယ်စား ကျေးဇူးတင်စကား ပြောလိုက်ပါအုန်း”

လီတောက်ခုံးဟာ ခေါင်းခါပြီး ပြုံးလိုက်ပါတယ် “အခု တာအိုပညာရှိတွေက ကပ်‌ဘေးထဲ ဝင်လာပြီဆိုတော့ ရွမ်လိန့်ကျောင်းတော်က အရှင်မင်းကြီးကို ထောက်ပံ့ပေးမှာပါ၊ ကျွန်တော် ဆရာသခင်ဆီက ကြားထားတာတော့ မဟာတာအိုကပ်ဘေးက အနန္တကပ်ဘေး လေးငါးခြောက်ခုပြီးရင် ရောက်လာမယ်ဆိုပဲ၊ ဒီအတိုင်းသာမှန်ရင် ကောင်းကင်တာအိုအတွက် အချိန် သိပ်မကျန်တော့ဘူး၊ ကောင်းကင်ရုံးတော်သာ ဒီကပ်ဘေးကို အနိုင်ရရင် အဆုံးသတ်အပျက်အစီးက နတ်ဘုံကို ဖြတ်ကျော်ပြီး ရှေးပျက်သုဉ်းနယ်မြေကို သွားသင့်တယ်၊ အဲဒီမှာ ပြင်ဆင်သင့်တာတွေကို စောစောစီးစီး ပြင်ဆင်ထားရင် အကောင်းဆုံးပဲ”

ကောင်းကင်ဧကရာဇ်ရဲ့ အပြုံးဟာ လုံးဝ ပျောက်ကွယ်သွားပါတယ် “မင်း ဂိုဏ်းတူညီရဲ့ ဒီအတောအတွင်း လှုပ်ရှားမှုတွေကို မင်း ဘယ်လိုထင်လဲ” ကောင်းကင်ဧကရာဇ်ရဲ့ မျက်လုံးမှာ သတ်ဖြတ်ငွေ့ ယှက်သမ်းသွားပါတယ်။

လီတောက်ခုံးက ကောင်းကင်ဧကရာဇ်ရဲ့ သတ်ဖြတ်ငွေ့ကို သတိထားမိဟန် မရှိပါဘူး။

“သူ့ကိုယ်သူပဲ အပြစ်တင်ရမယ်၊ သူသာ ကောင်းကင်ရုံး‌တော်ကို တားဆီးချင်တယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် သူ့ကို ဖိနှိပ်ပစ်မယ်၊ အရှင်မင်းကြီး... သူ့အတွက် မစိုးရိမ်ပါနဲ့၊ သူက ကျွန်တော်ကို ဆန့်ကျင်ချင်ရုံပါ၊ တခြား ဘာအကြံအစည်မှ မရှိပါဘူး”

ကောင်းကင်ဧကရာဇ်ဟာ အတွေးနက်သွားပါတယ်။

လီတောက်ခုံးက ဆက်ပြောပါတယ် “ဇုထူက မသေသေးဘူး၊ ကျွန်တော် သူ့အရိပ်အယောင်ကို ခြေရာခံမိထားတဲ့အတွက် သူ့နောက်လိုက်ဖို့ ဆုံးဖြတ်ထားတယ်”

“အခု မလုပ်နဲ့အုန်း၊ ဇုထူက အရာအားလုံးကို စွန့်ပစ်ပြီး ထွက်ပြေးသွားတာဆိုတော့ သူက ငါတို့ကို ဘာမှ မခြိမ်းခြောက်နိုင်ဘူး၊ အခု ရှန်နန်းတော်လည်း ပြိုလဲသွားပြီဆိုတော့ ရှန်နန်းတော်နဲ့ နတ်ဆိုးရုံးတော် ဘာပြင်ဆင်မှုမှ မလုပ်ရသေးခင် ငါတို့တွေ သူတို့ကို အရင်ဆုံး သိမ်းပိုက်ရမယ်”

လီတောက်ခုံးက ခေါင်းညိတ်လိုက်ပါတယ်။

“နတ်ရွှေကျီးကန်း မိသားစု သိလန်တျန်က ဒီအတောအတွင်းမှာ ခြေမငြိမ်ဘူး၊ သူက ရှေးဟောင်း ကောင်းကင်ရုံးတော်ကို အကြောင်းပြပြီး ရှေးဟောင်းမျိုးနွယ်စုတွေကို စည်းရုံးသိမ်းသွင်းချင်နေတယ်၊ မင်း ကောင်းကင်ရုံးတော်ကို ကိုယ်စားပြုပြီး သူနဲ့ ရင်ဆိုင်ချည်” ကောင်းကင်ဧကရာဇ် သာမန်ကာလျှံကာ ပြောလိုက်ပါတယ်။

လီတောက်ခုံးက ချက်ချင်းပဲ သဘောတူလိုက်ပါတယ်။

ခုနစ်နှစ် ကြာသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မူလဆန်းကြယ် နတ်စွမ်းအား သုံးပါးကို ရောက်ရှိသွားပြီး ဟန်ကျွယ်ရဲ့ နတ်စွမ်းအားဟာ ထိုးတက်သွားပါတယ်။ စွမ်းအားတွေ တိုးပွားလာတာကို ဟန်ကျွယ်ကို တော်‌တော်လေး သက်သောင့်သက်သာ ဖြစ်စေပါတယ်။

ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ရင်း ကိုယ်ရေအကျဉ်းကို စစ်ဆေးလိုက်ပါတယ်။

[အမည်: ဟန်ကျွယ်]

[သက်တမ်း: ၅,၁၃၂/၂၃၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]

[မျိုးနွယ်စု: လောကဦး နတ်ဘီလူး။]

[ကျင့်ကြံမှု: မူလဆန်းကြယ် နတ်စွမ်းအား သုံးပါး။]

[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]

[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို။]

ဟန်ကျွယ်ရဲ့ သက်တမ်းဟာ နှစ်ဆနီးပါး တိုးသွားတဲ့အတွက် ဆုံးရှုံးသွားတဲ့ သက်တမ်းတွေကို ပြန်ရလိုက်တဲ့အပြင် ကွာဒလီယံ ၂၀၀ ကျော်သွားပါတယ်။

ဟန်ကျွယ်ဟာ သူ့သက်တမ်းကိုကြည့်ပြီး အောင်မြင်မှုအရသာကို ခံစားလိုက်ရပါတယ် ‘ဒါတွေ အကုန်လုံး ကောင်းကင်ဧကရာဇ်ကို ကျေးဇူးတင်ရမယ်၊ မဟုတ်ရင် ငါ နောက်ထပ် နှစ် ၂၀၀ လောက် ဆက်ပြီးတော့ စောင့်ရအုန်းမှာ’

ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို ခိုင်ခံ့အောင် ဆက်ပြီးတော့ အားထုတ်ပါတယ်။ သုံးနှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ လုံးဝခိုင်မြဲသွားပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ဇုထူကို ကျိန်စာတိုက်ဖို့ ပြင်ဆင်ပါတယ်။

ဇုထူဟာ ဝိညာဉ်အစ ကျန်နေသေးတဲ့အတွက် ဟန်ကျွယ်ဟာ နောင်ပြဿနာ မတက်အောင် တစ်ခါတည်း အပြတ်ရှင်းပစ်မှာပါ။ အခုအချိန်မှာ ဇုထူကို ချမ်းသာပေးလိုက်လည်း သူတို့နှစ်ယောက်ရဲ့ ရန်ငြိုးက ပြေပျောက်သွားမှာ မဟုတ်ပါဘူး။

‘မင်း ဘယ်လောက်ပဲ ဉာဏ်များများ ငါ ရအောင် သတ်မယ်’

ဟန်ကျွယ်ဟာ နတ်စွမ်းအာကို ကြမ္မာဆိုးစာအုပ်ထဲ လောင်းထည့်ပြီး အင်တိုက်အားတိုက် ကျိန်စာတိုက်ပါတယ်။ ငါးရက်ကျော်သွားတဲ့ အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ ဇုထူကို အသေသတ်ဖို့ ဆုံးဖြတ်ထားပြီးပါပြီ။

၁ ဘီလီယံ။

၃ ဘီလီယံ။

၈ ဘီလီယံ။

[နွီဝါသည် အိပ်မက်မှတစ်ဆင့် သင့်ဆီ လာလည်ချင်နေသည်။ လက်ခံလိုပါသလား။]

ရုတ်တရက်ဆိုသလိုပဲ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။ ဒီစာကြောင်းကြောင့် ဟန်ကျွယ်ဟာ မှင်သက်သွားပြီး တစ်စုံတစ်ခုကို ချက်ချင်း တွေးမိသွားပါတယ်။

‘ဒါ ဇုထူနဲ့ ပတ်သက်နေတာလား... ဇုထူက တာအိုပညာရှိဆီ အကူအညီ သွားတောင်းတာလား’

‘တာအိုပညာရှိက ငါ့တာအိုစက်ကွင်းက ထိုးဖောက်မမြင်ရလို့ ကောင်းကင်ဧကရာဇ်လိုမျိုး ဒီနည်းလမ်းသုံးတာ ဖြစ်ရမယ်’

ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ် ‘ငါ လက်ခံသင့်လား... ငါ လက်ခံလိုက်ရင် ငါ့နေရာ ပေါ်သွားမလား’

‘နေပါအုန်း... ငါက သူ့ကို ဘာလို့ ကြောက်ရမှာလဲ၊ ငါ့နောက်မှာ ဧကရီဟုတ်ထို ရှိနေတာပဲ’

‘ဇုထူသာ အသက်ရှင်နေရင် အနာဂတ်မှာ ငါ့ဆီ ကျိန်းသေပေါက်လာပြီး ပြဿနာရှာမှာပဲ၊ ငါတို့ ရန်ငြိုးက ကမ္ဘာမကျေဆိုတော့...’

ဟန်ကျွယ်ဟာ အံကြိတ်လိုက်ပြီး ကျိန်စာဆက်တိုက်ပါတယ် ‘ဒီကောင် သေကိုသေရမယ်’

[နွီဝါသည် အိပ်မက်မှတစ်ဆင့် သင့်ဆီ လာလည်ချင်နေသည်။ လက်ခံလိုပါသလား။]

[နွီဝါသည် အိပ်မက်မှတစ်ဆင့် သင့်ဆီ လာလည်ချင်နေသည်။ လက်ခံလိုပါသလား။]

[နွီဝါသည် အိပ်မက်မှတစ်ဆင့် သင့်ဆီ လာလည်ချင်နေသည်။ လက်ခံလိုပါသလား။]

ဒီအသိပေးချက်တွေက ဟန်ကျွယ်ရှေ့မှာ ဆက်တိုက် ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ဒီအသိပေးချက်တွေကို မမြင်ချင်ယောင် ဆောင်ထားလိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးသွားတဲ့အခါမှာတော့ ကျိန်စာစွမ်းအားက ရုတ်တရက် ပျောက်ကွယ်သွားပါတယ်။

“ဇုထူ သေသွားပြီလား”

[ဇုထူသည် ရုပ်နာမ်နှစ်ပါးစလုံး ဖျက်ဆီးခံလိုက်ရ၍ အမှန်တကယ် သေဆုံးသွားပါပြီ။]

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ အခုမှပဲ ဟန်ကျွယ်ဟာ စိတ်အေးလက်အေး ဖြစ်သွားပါတယ်။ ပြောစရာရှိတာဆိုလို့ နွီဝါက ဟန်ကျွယ်ကို မမုန်းပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် နွီဝါဟာ အမှောင်သခင်ကြီးက ဟန်ကျွယ်ဆိုတာကို သိပုံမပေါ်ပါဘူး။

နွီဝါက ဆန်းကြယ်စွမ်းအားကို သုံးပြီး ကျိန်စာရဲ့ ရင်းမြစ်နောက်ကို လိုက်တာပါ။ ကတယ်လို့ ဟန်ကျွယ်သာ အိပ်မက်ကို လက်ခံလိုက်မယ်ဆိုရင် အမှောင်သခင်ကြီးဆိုတာ ပေါ်သွားဖို့များပါတယ်။

ဟန်ကျွယ်ဟာ ဒီအကြောင်းကို တွေးမိပြီး နွီဝါရဲ့ အိပ်မက်ကို လက်မခံမိတာ ကံကောင်းတယ်လို့ ခံစားလိုက်ရပါတယ်။ တာအိုပညာရှိတစ်ပါးက ကြမ္မာဆိုးစာအုပ်ပဲဆိုရင် တွက်ချက်ကောင်း တွက်ချက်နိုင်ပေမဲ့ တာအိုစက်ကွင်းရဲ့ ဟန့်တားမှုကြောင့် ကြမ္မာဆိုးစာအုပ်ကို တွက်ချက်လို့ မရတာပါ။

‘နောက်ကျရင် ငါ တာအိုစက်ကွင်းထဲမှာပဲ ကျိန်စာတိုက်မှ ဖြစ်မယ်၊ ကြမ္မာဆိုးစာအုပ်ကို အပြင်ဘက် လုံးဝယူသွားလို့ မဖြစ်ဘူး’

ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက ဆက်တိုက် တိုးတက်လာတယ်ဆိုပေမဲ့ ပါးလွှာတဲ့ရေခဲပြင်ပေါ် လမ်းလျှောက်နေရသလိုပါပဲ။ သတိတစ်ချက်လွတ်တာနဲ့ ချော်လဲပြီး ရေခဲရေထဲ ပြုတ်ကျသွားနိုင်ပါတယ်။

လေးငါးခြောက်လ ကြာသွားတဲ့ အခါမှာတော့ ဟန်ကျွယ်ဟာ ဧကရီဟုတ်ထိုရဲ့ ရောင်ဝါကို ခံစားမိလိုက်ပါတယ်။ ဧကရီဟုတ်ထိုက ဟန်ကျွယ်ကို တွေ့ချင်တဲ့အတွက် သူ့ရောင်ဝါကို တမင်တကာ ထုတ်လွှတ်လိုက်တာပါ။ ဒါကြောင့် ဟန်ကျွယ်လည်း နတ်အာရုံကို စေလွှတ်ပြီး ဧကရီဟုတ်ထိုဆီ ခပ်မြန်မြန်ပဲ ရောက်သွားပါတယ်။

ဧကရီဟုတ်ထိုရဲ့ ခန္ဓာကိုယ်ဟာ စူးရှတဲ့အလင်းတန်းတွေ ဖြာထွက်နေတာကြောင့် ပုံရိပ်အစစ်အမှန်ကို မမြင်နိုင်ပါဘူး။

“ဧကရီ... ဘာကိစ္စရှိလို့လဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး တစ်ကိုယ်လုံး စိမ့်တက်သွားပါတယ် ‘ဧကရီဟုတ်ထိုက ငါ့တာအိုစက်ကွင်းကိုတော့ ထိုးဖောက်မမြင်ဘူး၊ ဒါပေမဲ့ ငါတည်ရှိမှုကိုတော့ သိတယ်၊ အင်မော်တယ်ကမ္ဘာမှာ တာအိုပညာရှိတွေ ထိုးဖောက် မမြင်နိုင်တာက ငါ့တာအိုစက်ကွင်းပဲ ရှိနေတာလား..’

‘သူတို့တွေ ဒီရှုထောင့်ကနေ တွက်ချက်ရင်..’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters