တာအိုပညာရှိ၏ မျက်နှာသာပေးမှု၊ မဟာအဂ္ဂဗုဒ္ဓ၏ ကျင့်ကြံမှု
Vol. 33 Ch. 377
ဟန်ကျွယ်ဟာ အမှောင်သခင်ကြီးနာမည်ရဲ့ ကံတရားဝန်ကို ထမ်းဖို့အတွက် ဘယ်လောက်ထိ စွမ်းအားကြီးရမလဲဆိုတာ စဉ်းစားလိုက်ပါတယ် ‘ငါ တာအိုပညာရှိဖြစ်မှ ဒီနာမည်ကို ယူနိုင်မယ်ထင်တယ်... မဟုတ်ရင် တာအိုပညာရှိတွေရဲ့ နယ်ရုပ်တစ်ရုပ် အသာလေး ဖြစ်သွားနိုင်တယ်’
အနန္တကပ်ဘေးမှာ အစွမ်းအထက်ဆုံးဖြစ်တဲ့ ဇုထူတောင် တာအိုပညာရှိရဲ့ နယ်ရုပ်ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ ဒီကိစ္စကို အလောင်းအစား မလုပ်ရဲပါဘူး။ ဟန်ကျွယ်သာ အမှောင်သခင်ကြီးဆိုပြီး ဝန်ခံလိုက်ရင် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက ကောင်းကင်ဘဝဂ်အဆင့် ဒါမှမဟုတ် တာအိုပညာရှိအတု ဖြစ်နေရင်တောင် တာအိုပညာရှိလက်ကနေ လွတ်မြောက်ဖို့ ခက်ခဲလှပါတယ်။
သေဆုံးဖို့က ၉၉.၉၉၉... ရာခိုင်နှုန်း သေချာပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်လိုက်ပြီး စတင်ကျင့်ကြံပါတယ်။ အမှောင်ထုရဲ့ အိပ်မက်ဆိုးကို အသုံးပြုတာက ဟန်ကျွယ်ရဲ့ နတ်စွမ်းအားနဲ့ နတ်အာရုံကိုပဲ လျော့ကျစေပါတယ်။ ဒါ့အပြင် ဟန်ကျွယ်ဟာ အိပ်မက်ထဲမှာ မတိုက်ခိုက်ခဲ့တဲ့အတွက် သူ့ခန္ဓာကိုယ် အခြေအနေကလည်း အကောင်းအတိုင်း ရှိနေပါသေးတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ တစ်ခါတည်း ကျင့်ကြံလိုက်တာပါ။
မဟာတာအို ဆန်းကြယ်စွမ်းအားက ဆန်းကြယ်စွမ်းအားတစ်ခုပဲမို့ ကျင့်ကြံမှုအဆင့်နဲ့ ယှဉ်လို့မရပါဘူး။ ဥပမာပေးရရင် ဆန်းကြယ်စွမ်းအားက အသွားထက်လှတဲ့ ဓားနဲ့တူပြီး ကျင့်ကြံမှုအဆင့်ကတော့ အဲဒီဓားကို ကိုင်ဆောင်တဲ့ လူတစ်ယောက်ရဲ့ ခွန်အားနဲ့ တူပါတယ်။ ဓားက ထက်လွန်းလို့ ကောင်းကင်ပြင်ကို နှစ်ခြမ်းခွဲနိုင်တယ်ဆိုရင်တောင် ကိုင်ဆောင်တဲ့လူက ခွန်အားမရှိရင် အချည်းနှီးပဲ မဟုတ်ပါလား။
ကျိုးမင်းဆက် တည်ထောင်တဲ့ ဒဏ္ဍာရီမှာ ခုန်ရွှမ်ရဲ့ ရောင်ခြည်ငါးပါး အလင်းတန်းက အရာအားလုံးကို ဟင်းလင်းပြင်ဆီ လွင့်စဉ်သွားအောင် လုပ်နိုင်ပါတယ်။ ဒီရောင်ခြည်ငါးပါး အလင်းတန်းက စွမ်းအားကြီးလွန်းလို့ တာအိုပညာရှိတွေတောင် အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ စွမ်းအားမလုံလောက်လို့ ဗုဒ္ဓတစ်ပါးကို ရှုံးခဲ့ရတာပဲ မဟုတ်ပါလား။
ဟန်ကျွယ်ရဲ့ လက်ရှိရည်းမှန်းချက်က အနန္တကပ်ဘေး မပြီးဆုံးခင် ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ရှိဖို့ပါ။ တိတိကျကျ ပြောရမယ်ဆိုရင်တော့ ဒီရည်မှန်းချက်က ဟန်ကျွယ်ရဲ့ အနိမ့်ပါးဆုံး ရည်မှန်းချက်ပါ။ ဖြစ်နိုင်ရင် ဟန်ကျွယ်ဟာ ဒီကပ်ဘေးမပြီးခင် တာအိုပညာရှိအတု ဖြစ်ချင်ပြီး နောက်ကပ်ဘေးမလာခင် တာအိုပညာရှိ ဖြစ်ချင်တာပါ။
ဟန်ကျွယ်ဟာ တာအိုပညာရှိဖြစ်မှ ကပ်ဘေးထဲဝင်ဖို့ ဆုံးဖြတ်ထားပါတယ်။ တကယ်လို့ နောက်ကပ်ဘေးမှာ တာအိုပညာရှိ မဖြစ်လည်း ကိစ္စမရှိပါဘူး။ ဟန်ကျွယ်မှာ သက်တမ်း အများကြီးရှိတဲ့အတွက် တာအိုပညာရှိဖြစ်တဲ့အထိ စောင့်နိုင်ပါတယ်။
ဆယ်နှစ်ကြာပြီးနောက်။
ထုံးစံအတိုင်း ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ရင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် ကောင်းကင်တာအို အကောင်းစား မိစ္ဆာရတနာအား ရရှိပြီး ကံတရား အထောက်အပံ့ များစွာ တိုးပွားသွား၏။]
[သင့်မြေးတပည့် ဖန်းလျန်သည် နတ်ဆိုး အင်မော်တယ်ဧကရာဇ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃
[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ သင်ကြားပြသမှုကို အိပ်မက်ထဲမှ ရရှိပြီး ကျင့်ကြံမှု များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ကျင်းတျန်ကုန်းသည် ငရဲပြည်အား ကျိန်စာတိုက်ခဲ့သောကြောင့် အကုသိုလ်ကံ တိုးပွားသွား၏။]
[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် တာအိုပညာရှိ၏ သင်ကြားပြသမှုကို လက်ခံရရှိပြီး ကောင်းကင်တာအို ဆန်းကြယ်စွမ်းအား တစ်ပါးအား တတ်မြောက်သွား၏။]
[သင့်တပည့် လုံဟောင်သည် သင့်မိတ်ဆွေ လီတောက်ခုံး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားသော်လည်း ကံကောင်းထောက်မစွာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ ကယ်တင်ခြင်းကို ခံလိုက်ရသည်။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ထိုက်စုတျန်သည် သင့်တာအိုလက်တွဲဖော် ရှင်းဟုန်ရွှမ်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
‘ကျွတ်..ကျွတ်... ကောင်းကင်တာအို အကောင်းစား မိစ္ဆာရတနာဆိုပါလား.. ဒီဂျိရှင်းရှန်က မိုးပေါ်ပျံတက်တော့မှာပဲ’
ကောင်းကင်တာအို အကောင်းစား မိစ္ဆာရတနာက ဘယ်လောက်ထိ အစွမ်းထက်တယ်ဆိုတာကို ဟန်ကျွယ် အသိဆုံးပါ။ မိစ္ဆာဆိုတဲ့ စကားလုံးက နားထောင်လို့ မကောင်းပေမဲ့ စွမ်းတာကတော့ အတော်စွမ်းတာပါ။
‘ဒီကပ်ဘေးမှာ ဒီကောင် ရှင်သန်နိုင်ရင် နောက်ထပ် နတ်ဆိုးဧကရာဇ် ဒါမှမဟုတ် ဇုထူ ဖြစ်လာနိုင်တယ်’
ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းက စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးဆီကနေ သင်ကြားပြသမှု ရရှိတာကို တွေ့လိုက်ရတဲ့အတွက် ဒါက ထောင်ချောက်မှန်း တန်းသိလိုက်ပါတယ် ‘မဖြစ်ဘူး ငါစစ်ဆေးမှ ဖြစ်မယ်’
အဲဒီနောက် ဟန်ကျွယ်ဟာ စာအိတ်တွေ ဆက်ဖတ်တဲ့အခါ ကျင်းတျန်ကုန်းဟာ သူ့စကားအတိုင်း ငရဲပြည်ကို ကျိန်စာတိုက်နေတာ တွေ့လိုက်ရပါတယ်။ အဲဒီနောက် ထိုက်စုတျန်က ရှင်းဟုန်ရွှမ်နား ချဉ်းကပ်လာတာကိုလည်း ဟန်ကျွယ် သတိထားမိသွားပါတယ်။
‘ဒီခွေးမက ဘာတွေကြံနေပြန်ပြီလဲ..’ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်အတွက် စိုးရိမ်သွားပါတယ်။
ထိုက်စုတျန်ကို ကျိန်စာတိုက်ပြီး သတ်ဖို့ကလည်း ထိုက်စုတျန်နောက်မှာ နွီဝါ ရှိနေတဲ့အတွက် ဟန်ကျွယ် မလုပ်ရဲပါဘူး။ ထိုက်စုတျန်ရဲ့ ပစ်မှတ်က သူ ဖြစ်တဲ့အတွက် ဟန်ကျွယ်သာ ထိုက်စုတျန်ကို သတ်လိုက်ရင် နွီဝါက သူ့ကို ကျိန်းသပေါက် သံသယဝင်မှာပါ။
‘မဖြစ်သေးဘူး... ငါ အကြောင်းရင်းကို သိအောင် လုပ်ရမယ်..’
“ထိုက်စုတျန်က ရှင်းဟုန်ရွှမ်ကို ဘာလို့ ချဉ်းကပ်တာလဲ” ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ ခေါင်းမူးလာတာကြောင့် မျက်စိတ်မှိတ်လိုက်ပါတယ်။ ဟန်ကျွယ် မျက်စိ ပြန်ဖွင့်လိုက်တဲ့အခါ ကြီးမားကျယ်ပြန့်တဲ့ ခန်းမတစ်ခုထဲ ရောက်နေတာကို တွေ့လိုက်ရပါတယ်။ အလင်းရောင်ဟာ နေ့ခင်းအလား တောက်ပနေပြီး ထိုက်စုတျန်ဟာ ရုပ်တုတစ်ခုရှေ့မှာ ဒူးထောက်နေပါတယ်။
ဒီရုပ်တုဟာ အမျိုးသမီးရုပ်တုဖြစ်ပြီး သိမ်မွေ့ညင်သာတဲ့ မျက်နှာနဲ့ ကရုဏာတရားကြီးမားပုံ ရှိပါတယ်။
“ဒီကလေးက မသိကိန်းတစ်ခုပဲ၊ အဲဒါကြောင့် နင် သေမျိုးကမ္ဘာကို ဆင်းသက်ပြီး ကံတရားကို ဆေးကြာရမယ်၊ ပြီးရင် သူ့နားချဉ်းကပ်ပြီး သူ့ယုံကြည်မှုကို အရယူရလိမ့်မယ်” အမျိုးသမီး ရုပ်တုကနေ သိမ်မွေ့ညင်သာတဲ့ အသံတစ်သံ ထွက်ပေါ်လာပါတယ်။
ဒီအသံပိုင်ရှင်က တာအိုပညာရှိ နွီဝါမှန်း ဟန်ကျွယ် သိလိုက်ပါတယ်။
ထိုက်စုတျန်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “မယ်တော်က သူ့ကို ဘာလို့ချဉ်းကပ်ချင်ရတာလဲ၊ မယ်တော်ရဲ့ ရည်ရွယ်ချက်က ဘာလဲ..”
“သူက လူသားနဲ့ နတ်ဆိုးတွေရဲ့ မုန်းတီးမှုကို ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော သော့ချက် ဖြစ်နိုင်တယ်၊ ကောင်းကင်တာအိုက ရှင်သန်ဖို့အတွက် လမ်းတစ်လမ်း ချန်ထားတဲ့၊ အဲဒီလမ်းက သူဖြစ်နိုင်တယ်၊ သူနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ချည်၊ အဲဒါမှ ငါ သူနဲ့ အနာဂတ်မှာ ဆက်ဆံရေးကောင်းနိုင်မှာ..”
“အဲဒါက သေချာလို့လား..”
“၁၀၀ ရာခိုင်နှုန်းတော့ မသေချာဘူး၊ ဒီအတောအတွင်း ကောင်းကင်တာအိုမှာ မသိကိန်းတွေ ပိုပိုပေါ်လာပါတယ်၊ အဲဒီတော့ ငါ မသိကိန်းတစ်ခုကို ရွေးချယ်ပြီး လောင်းရတာပဲ၊ ဒီကလေးရဲ့ စရိုက်က သတိကြီးပြီး ဘယ်တော့ ပြဿနာ စမရှာဘူး၊ သူ့ကံတရား ရေစက်ကလည်း အတော်နည်းတယ်၊ သူ့အရည်အချင်းနဲ့ဆိုရင် ပါရမီရှင်လမ်းကို လျှောက်နိုင်တယ်၊ ဒါပေမဲ့ သူက မလျှောက်ခဲ့ဘူး၊ သူ့ကို ကြည့်ပြီး ငါ တာအိုဘိုးဘေးကို ပြန်တွေးမိတယ်..”
“တာအိုဘိုးဘေး... သူက တာအိုဘိုးဘေးနဲ့ ဆက်စပ်နေတာလား..”
“မဆက်စပ်ပါဘူး... သူက တာအိုဘိုးဘေးရဲ့ လမ်းစဉ်ကို လျှောက်နေတယ်လို့ ငါ ခံစားရရုံပါ၊ တိတိကျကျ ပြောရရင် ဖြစ်နိုင်ချေပဲ ရှိသေးတယ်”
ထိုက်စုတျန်ဟာ အတွေးနက်သွားပါတယ်။
မြင်ကွင်းတစ်ခုလုံးလည်း ကွဲကျေသွားပါတယ်။
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပြီး ကျိန်စာတိုက်တာ ရပ်လိုက်ပါတယ်။
‘ဟ.. ဘာတွေ ဖြစ်ကုန်တာလဲ၊ နွီဝါက ထိုက်စုတျန်ကို ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ငါ့နား ချဉ်းကပ်ခိုင်းတယ်၊ ဒါဆို... ထိုက်စုတျန်က ဘာဖြစ်လို့ ရှင်းဟုန်ရွှမ်ကို သတ်ချင်ရတာလဲ’
ဟန်ကျွယ်ဟာ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း စုံစမ်းမှာပဲ ဖြစ်တော့မယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ရန်သူတွေကို မျက်တောင်တစ်ချက်မခတ် သတ်နိုင်ပေမဲ့ သူ့အပေါ် စိတ်ကောင်းရှိတဲ့ လူတွေကိုတော့ မုန်းတီသွားအောင် မလုပ်နိုင်ပါဘူး။
‘ဒီအထဲမှာ နောက်ထပ် အကြံအစည်တစ်ခု ရှိနေရမယ်’
“ထိုက်စုတျန်က ရှင်းဟုန်ရွှမ်ကို ဘာလိုသတ်ချင်ရလဲဆိုတာ ငါ သိချင်တယ်” ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ်။
[တွက်ချက်မှု ကျရှုံးပါသည်။ ထိုက်စုတျန်သည် ရှင်းဟုန်ရွှမ်အား သတ်ဖြတ်လိုစိတ် မရှိပါ။]
ဟန်ကျွယ်ဟာ ကြက်သေသေသွားပါတယ် ‘သတ်ဖြတ်လိုစိတ် မရှိဘူး... အနာဂတ်က ထပ်ပြီး ပြောင်းလဲသွားတာများလား..’
ဒါကြောင့် ဟန်ကျွယ်ဟာ တခြားအကြောင်းအရာကို မေးမြန်းလိုက်ပါတယ် “ရွှမ်ချင်းကျွင်းကို အိပ်မက်ထဲကနေ သင်ကြားပြသပေးတဲ့လူကို ငါ သိချင်တယ်”
[သက်တမ်း သန်း ၅၀၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ရဲ့ စိတ်ထဲမှာ ချောမောလှပတဲ့ အမျိုးသမီးတစ်ယောက်ပုံ ပေါ်လာပြီး မြင်ကွင်းထဲမှာလည်း စာကြောင်းတစ်ကြောင်းလည်း ပေါ်လာပါတယ်။
[ဧကရီဟုတ်ထို: ကျင့်ကြံမှုမသိ။ ပြန်လည်မွေးဖွားခြင်း အရှင်သခင်။]
‘ဧကရီဟုတ်ထိုးကိုး..’
ဟန်ကျွယ်ဟာ ဧကရီဟုတ်ထိုက ကောင်းတဲ့ရည်ရွယ်ချက်နဲ့ပဲ သင်ပေးတာလား ဒါမှမဟုတ် တခြားအကြံအစည်များ ရှိနေသေးလား သိချင်တဲ့အတွက် ထပ်မေးလိုက်ပါတယ် “ဧကရီဟုတ်ထိုက ရွှမ်ချင်းကျွင်းကို မကောင်းတဲ့စိတ်ရှိလား”
[မကောင်းသောစိတ် မရှိပါ။]
ဒီတစ်ခါမှာတော့ သက်တမ်း မကုန်ပါဘူး။ ကြည့်ရတာတော့ အကြောင်းအရာတစ်ခုတည်းကို ပြဿနာ နှစ်ခုမေးရင် သက်တမ်း ထပ်မနှုတ်ပုံပါပဲ။
ဟန်ကျွယ်ဟာ စိတ်ချလက်ချ ဖြစ်သွားတာမို့ ရန်သူတွေကို ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။ ကပ်ဘေးက ပိုပိုပြီး ကြောက်ဖို့ ကောင်းလာတဲ့အတွက် ဟန်ကျွယ်ဟာ သူ့ဘေးနားကလူတွေ ဒုက္ခရောက်မှာကို စိုးရိမ်လာစေပါတယ်။
ဟန်ကျွယ်ဟာ အမှောင်ထုရဲ့ အိပ်မက်ဆိုးကို အသုံးပြုပြီး ရှင်းဟုန်ရွှမ်နဲ့ ရွှမ်ချင်းကျွင်းကို ပြန်ခေါ်ဖို့ စဉ်းစားလိုက်ပါသေးတယ်။ ဒါပေမဲ့ ဒီလိုလုပ်လိုက်မယ်ဆိုရင် ရှင်းဟုန်ရွှမ်နဲ့ ရွှမ်ချင်းကျွင်းက သူ့ရဲ့ ဆန်းကြယ်စွမ်းအားကို သိသွားမှာပါ။ ဒီလိုဆိုရင် ဟန်ကျွယ်ရဲ့ အမှောင်သခင်ကြီးဆိုတဲ့ နာမည်က တစ်ချိန်ကျရင် ပေါ်သွားဖို့ အလားအလာ ရှိသွားပါပြီ။ ဟန်ကျွယ်ဟာ နည်းနည်းလေးမှ မစွန့်စားလိုသူမို့ အမှောင်ထုရဲ့ အိပ်မက်ဆိုးကို သုံးပြီး ရှင်းဟုန်ရွှမ်နဲ့ ရွှမ်ချင်းကျွင်းကို ပြန်ခေါ်တဲ့ အကြံကို ဖျက်လိုက်ပါတယ်။
နောက်ထပ် နှစ် ၂၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ရန်သူတွေကို ကျိန်စာတိုက်ပြီးပြီးချင်းမှာပဲ ရောင်ဝါအချို့ကို ရုတ်တရက် ခံစားမိလိုက်ပါတယ် ‘နောက်ထပ် အင်အားစုတစ်စု ထပ်ရောက်လာပြန်ပြီ’
ဟန်ကျွယ်ဟာ ဆွံအသွားပြီး ပတ်ဝန်းကျင်က ကျင့်ကြံသူတွေကို စစ်ဆေးလိုက်ပါတယ်။ တာအိုစက်ကွင်း အဆင့်မြင့်လာတယ်ဆိုပေမဲ့ ကျို့ယိုငရဲတစ်ခုလုံးကိုတော့ မလွှမ်းခြုံနိုင်သေးပါဘူး။ အသစ်ရောက်လာတဲ့ အင်အားစုက တာအိုစက်ကွင်းနဲ့ အလှမ်းဝေးတဲ့အတွက် ဟန်ကျွယ် စစ်ဆေးလို့ မရပါဘူး။
‘မရလည်း ထားလိုက်တော့... ငါ့ကို လာမနှောင့်ယှက်ရင် ပြီးတာပဲ’
ဒီအတောအတွင်း ကျယ်ကျောင်းတော်ဟာ ကျို့ယိုငရဲထဲမှာ လျှောက်မသွားရဲတော့ပါဘူး။ ကြည့်ရတာ သူတို့တွေ လောကဦးယွမ်ဖီးနစ်ကို တွေ့သွားပုံပါပဲ။ လောကဦးယွမ်ဖီးနစ်ကြောင့် မဟုတ်ရင်လည်း အကုသိုလ်ကံရဲ့ တိုက်စားမှုကို အချိန်ကြာကြာ မခံနိုင်လို့ ဖြစ်ပါလိမ့်မယ်။
ဟန်ကျွယ်ဟာ ရုတ်တရက် စိတ်ပြောင်းပြီး အသစ်ရောက်လာတဲ့သူတွေကို သိချင်သွားတာကြောင့် စနစ်ကို မေးလိုက်ပါတယ် “အသစ်ရောက်လာတာ ဘယ်သူတွေလဲ..”
[သက်တမ်း ၁၀ သန်း ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ရှန်နန်းတော်။]
‘ရှန်နန်းတော်...’ ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး စိတ်လေးသွားပါတယ်။ ရှန်နန်းတော် ရှုံးနိမ့်သွားရတာရဲ့ အဓိအကြောင်းအရင်းက ဇုထူကို ဟန်ကျွယ် ကျိန်စာတိုက်လိုက်လို့ပါ။ ဒီအကြောင်းကို ဘယ်သူမှ မသိပေမဲ့ ဟန်ကျွယ်ဟာ စိတ်လေးနေတုန်းပါပဲ။ ဒါ့အပြင် မုရုံချီကလည်း ရှန်နန်းတော်နဲ့ ကမ္ဘာမကျေနိုင်တဲ့ ရန်ငြိုး ရှိနေပါတယ်။
‘မဖြစ်ဘူး... ငါ သူတို့နဲ့ ခပ်ဝေးဝေးမှာ နေမှ ဖြစ်မယ်’
ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ထိန်းချုပ်ပြီး ကျို့ယိုငရဲရဲ့ နက်ရှိုင်းတဲ့နေရာတစ်ခုဆီ ခရီးနှင်ပါတယ်။ တစ်နာရီကြာမှ ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ရပ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေကိုလည်း ကျင့်ကြံတာကိုပဲ အာရုံစိုက်ဖို့ သတိပေးလိုက်ပါတယ်။
နှစ်တစ်ရာတိုင်း ကျင်းပတဲ့ တိတ်ဆိတ်ဂိုဏ်းရဲ့ ပြိုင်ပွဲဟာ ရောက်ရှိလို့ လာပါတယ်။ ဟန်ကျွယ် ဝင်မပြိုင်တဲ့အတွက် စန့်ရှီက နံပါတ်တစ် ချိတ်သွားပါတယ်။
ကျန်းယီဟာ ငရဲနက်နတ်ဆိုးသခင်နဲ့ ခက်ခက်ခဲခဲ တိုက်ခိုက်ပြီး ဒုတိယနေရာ ရသွားတာကြောင့် သူ့ကိုယ်သူ တော်တော်လေး ဂုဏ်ယူသွားပါတယ်။
ငရဲနက်နတ်ဆိုးသခင်ဟာ ကျန်းယီကို ရှုံးနိမ့်သွားတာကြောင့် တတိယနေရာနဲ့ပဲ ကျေနပ်လိုက်ရပြီး သွမ့်ဟုန်ချန်ကတော့ ငရဲနက်နတ်ဆိုးသခင်ကို အနိုင်မယူနိုင်တဲ့အတွက် စတုတ္ထနေရာနဲ့ နှစ်သိမ့်လိုက်ရပါတယ်။ ဒီရလဒ်ကို သူတို့နှစ်ယောက်လုံး မကျေနပ်ကြပါဘူး။
နံပါတ်ငါးနေရာမှာတော့ လီယောင်ရှိနေပြီး နံပါခြောက်နေရာကိုတော့ မုရုံချီနဲ့ ထူလင်းအာ တစ်ယောက်မှမရဘဲ ချူရှီရန် ရောက်သွားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မဟာအဂ္ဂဗုဒ္ဓက အစွမ်းပြလာပြီဆိုတာကို သိနိုင်ပါတယ်။
လီယောင်ဟာ ချူရှီရန်ကို ရှုပ်ထွေးတဲ့မျက်နှာနဲ့ကြည့်ပြီး မေးလိုက်ပါတယ် “ဘာလို့ ရှင် အစွမ်းကုန် ထုတ်မတိုက်တာလဲ”
တခြားသူတွေကလည်း ချူရှီရန်ကို ကြည့်လိုက်ကြပါတယ်။
ချူရှီရန်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေပါတယ် “ကျွန်တော်က ဒီဘဝရဲ့ ကျင့်ကြံမှုကို သုံးပြီး တိုက်ခိုက်ရုံပါ၊ အဲဒါကြောင့် ခင်ဗျားကို မနိုင်တာပါ”
ပဋိပက္ခကောင်းကင်ခွေးက မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဒါဆို မင်းဆိုလိုချင်တာက ဘဝဟောင်းက စွမ်းအားတွေကို အသုံးပြုနိုင်သေးတယ်ပေါ့”
ချူရှီရန်ဟာ ချီတုံချတုံ ဖြစ်သွားပြီး အတန်ကြာမှာ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။