ကောင်းကင်ရုံးတော်၏ ရန်သူအသစ်
Vol. 34 Ch. 388
“ကျေးဇူးပါပဲ ဂိုဏ်းချုပ်၊ ဒီကပ်ဘေးမှာ ကျွန်တော် ရှင်သန်နိုင်ခဲ့ရင် တိတ်ဆိတ်ဂိုဏ်းကို ပြန်လာပြီး ဂိုဏ်းချုပ်နဲ့အတူ မဟာတာအိုကို ရှာဖွေပါ့မယ်၊ ဂိုဏ်းချုပ်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်တော့မှ အပြင် ပြန်မထွက်တော့ပါဘူး” သွမ့်ဟုန်ချန်ဟာ စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီးနောက် ဟန်ကျွယ်ကို လေးငါးကြိမ်ကို ဦးချရှိခိုးလိုက်ပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ဒါက မင်းရဲ့ကံကြမ္မာပဲ၊ မင်းကိုယ်မင်း တိတ်ဆိတ်ဂိုဏ်းသားလို ခံယူတယ်ဆိုရင် အချိန်မရွေး ပြန်လာနိုင်တယ်၊ ဒါပေမဲ့ မင်း ဒုက္ခရောက်ရင်တော့ ငါက ကူညီမှာ မဟုတ်သလို ကယ်လည်း မကယ်ဘူး၊ အနည်းဆုံး ဒီ အနန္တကပ်ဘေးမှာ ငါ လှုပ်ရှားမှာ မဟုတ်ဘူး၊ ဒါက ငါရဲ့ လမ်းစဉ်လည်း ဖြစ်သလို တိတ်ဆိတ်ဂိုဏ်း တစ်ခုလုံးအတွက် ငါ ထမ်းရွက်ရမဲ့ တာဝန်ဝတ္တရားတစ်ခုပဲ”
သွမ့်ဟုန်ချန်ဟာ လေးလေးနက်နက် ခေါင်းညိတ်လိုက်ပါတယ် “ကျွန်တော် နားလည်ပါတယ်၊ တကယ်တော့ ကျွန်တော်လည်း တိတ်ဆိတ်ဂိုဏ်းထဲမှာ ကျင့်ကြံရတာ အဆင်ပြေပါတယ်၊ ဂိုဏ်းချုပ်က ကျွန်တော်ကို ဘယ်တော့မှ ခွဲခွဲခြားခြား မဆက်ဆံခဲ့ဘူး၊ ဒီအတွက် ကျွန်တော်က ဂိုဏ်းချုပ်ကို အမြဲတမ်း ကျေးဇူးတင်နေတာပါ၊ ဒါကြောင့် ကျွန်တော် တိတ်ဆိတ်ဂိုဏ်းအတွက် ဘယ်တော့မှ ပြဿနာ မဖြစ်စေရပါဘူး၊ ကျွန်တော် ဒီအနန္တကပ်ဘေးမှာ ရှင်သန်ပြီး ကြီးမားတဲ့ ကံတရား အထောက်အပံ့ကို ရရှိခဲ့ရင် တိတ်ဆိတ်ဂိုဏ်းကို ကျိန်းသေပေါက် ပြန်ပေးဆပ်မှာပါ”
ဟန်ကျွယ်ဟာ မျက်စိတ်မှိတ်ပြီး လက်ဝှေ့ယမ်းပြလိုက်ပါတယ်။
သွမ့်ဟုန်ချန်လည်း ချက်ချင်း မတ်တတ်ရပ်ပြီး ခါးညွှတ်ကာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ သွမ့်ဟုန်ချန်ကို ဖိတ်ခေါ်ပညာရပ် မသင်ပေးလိုက်ပါဘူး။ ဘာဖြစ်လို့ဆိုတော့ သွမ့်ဟုန်ချန်က ဟန်ကျွယ်အပေါ်မှာ မျက်နှာသာပေးမှု ကြယ်ခြောက်ပွင့် ရှိနေပေမဲ့ ဟန်ကျွယ်က သွမ့်ဟုန်ချန်အပေါ်မှာတော့ မျက်နှာသာပေးမှု သိပ်မရှိလို့ပါပဲ။ နောက်ပြီး သွမ့်ဟုန်ချန်က အနန္တကပ်ဘေးမှာ ရှင်သန်ဖို့ ခက်ခဲတဲ့ ကပ်ဘေးသခင် မဟုတ်ပါလား။
ကပ်ဘေးသခင်တွေက ရာကျော်နေတဲ့အတွက် ကျိန်းသေပေါက် အများကြီး သေဆုံးပြီး အဆုံးသတ်မှာ တစ်ယောက်နှစ်ယောက်ပဲ ကျန်ရစ်ခဲ့မှာ သေချာပါတယ်။
ဒီအတွေးကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်၊ ဂျိရှင်းရှန်၊ ဖန်းလျန်၊ ကျိုးဖန်နဲ့ တခြားလူတွေကို စိုးရိမ်စိတ် ဝင်သွားပါတယ်။ ဟန်ကျွယ်ရဲ့ မိတ်ဆွေအများစုက ကပ်ဘေးသခင် ဖြစ်လာကြတဲ့အတွက် သူတို့ထဲက တချို့ သေဆုံးမယ်ဆိုတာ ဗေဒင်တွက်စရာ မလိုပါဘူး။
ဟန်ကျွယ်ဟာ သူတို့အားလုံး အသက်ရှင်ဖို့တော့ မျှော်လင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ သေဆုံးသွားမယ်ဆိုရင်တော့ ဟန်ကျွယ်မှာ ဝမ်းနည်းပူဆွေးပေးရုံကလွဲပြီး တခြားဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ရဲ့ လက်ရှိကျင့်ကြံမှုနဲ့ တခြားသူတွေအတွက် ကိုယ့်အသက်ကို စွန့်စားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကောင်းကင်ဧကရာဇ်ဆိုလည်း ဒီအတိုင်းပါပဲ။ ကောင်းကင်ဧကရာဇ်က ဟန်ကျွယ်ကို မျက်နှာသာပေးတယ်ဆိုပေမဲ့ ဟန်ကျွယ်ဟာ သူ့အသက် အန္တရာယ်မရှိမှ ကောင်းကင်ဧကရာဇ်ကို ကူညီပေးမှာပါ။ သူ့အသက်နဲ့ ကောင်းကင်ဧကရာဇ်ကို ကယ်တင်ဖို့ နှစ်ခုထဲက တစ်ခုရွေးရမယ်ဆိုရင် ဟန်ကျွယ်ဟာ သူ့အသက်ကိုပဲ ရွေးမှာပါ။
ကောင်းကင်ဧကရာဇ် နေရာမှာ ဘယ်သူပဲဖြစ်ဖြစ် ဟန်ကျွယ် ဆုံးဖြတ်ချက်က ပြောင်းလဲမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သေသွားရင် ကျင့်ကြံမှုတွေ အရည်အချင်းတွေ ကံတရား အထောက်အပံ့တွေက သုံးစားမရတော့လို့ပါပဲ။
ရှည်လျားလှတဲ့ ကျင့်ကြံခြင်းခရီးလမ်းမှာ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ အမြဲတမ်း သတိပေးနေခဲ့ပါတယ်။ ဘယ်တော့မှ သူ့ရဲ့ မူလရည်ရွယ်ချက်ကို မမေ့ဖို့ပေါ့။ တစ်နေ့ကျလို့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းခရီးလမ်းရဲ့ အဆုံးသတ်ကို ရောက်ခဲ့ရင် စိတ်တိုင်းကျ လုပ်နိုင်ပါပြီ။ အဲဒီအချိန်ကျရင် ဟန်ကျွယ်ဟာ အတိတ်မှာ နောင်တရခဲ့တာတွေကိုလည်း ပြန်ဖြည့်ဆည်းမှာပါ။
သွမ့်ဟုန်ချန် ထွက်သွားတာကက တိတ်ဆိတ်ဂိုဏ်းအတွင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အတူကျင့်ကြံတာ ကြာပြီဖြစ်တဲ့အတွက် သူတို့ရဲ့ ခံစားချက် နှောင်ကြိုးတွေက အတော်လေး ခိုင်မာနေပါပြီ။ ဒါကြောင့် တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ကပ်ဘေးသခင်အကြောင်း စပြီးတော့ ဆွေးနွေးကြပါတယ်။ ချူရှီရန်ဟာ မဟာအဂ္ဂဗုဒ္ဓပြန်ဝင်စားသူ ဖြစ်တာကြောင့် အသိဉာဏ်ဗဟုသုတ အများဆုံးပါ။ ဒါကြောင့် ကပ်ဘေးသခင်က ဘာအဓိပ္ပာယ်လဲဆိုတာကို တခြားလူတွေသိအောင် ရှင်းပြပါတယ်။
ဟန်ကျွယ်ဟာ သူ့တပည့်တွေ ဆွေးနွေးနေတာကို ဂရုမစိုက်ဘဲ ဆက်ကျင့်ကြံပါတယ်။
ဒါက ဘဝတစ်ခုပါ။ တချို့က ဝင်လာပြီး တချို့က ထွက်သွားမှာ ဓမ္မတာပဲ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ကျင့်ကြံမှုကိုပဲ အာရုံစိုက်ပါတယ်။ အခုအချိန်မှာ ဟန်ကျွယ်ရဲ့ ပစ်မှတ်က ကောင်းကင်ဘဝဂ်အဆင့် ဖြစ်သွားပါပြီ။
လျှပ်တပြက်အတွင်းမှာပဲ နှစ် ၄၀ ကုန်ဆုံးသွားပါတယ်။
ဒီအတောအတွင်း ရှင်းဟုန်ရွှမ်ဟာ ဖိတ်ခေါ်ပညာရပ်ကို သုံးပြီး ဟန်ကျွယ်ကို ဆင့်ခေါ်ပါတယ်။ ဟန်ကျွယ်လည်း ရှင်းဟုန်ရွှမ်ရဲ့ နန်းတော်မှာ ဘဝရဲ့အရသာကို နှစ်ဝက်ကြာအောင် ခံစားပြီးမှ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်လာပါတယ်။
ရှင်းဟုန်ရွှမ်ဆီမှာ ဟန်ကျွယ်ကို ကျေနပ်အောင်လုပ်ဖို့ အမြဲတမ်း တစ်နည်းမဟုတ် တစ်နည်း ရှိနေပါတယ်။ ဒါကြောင့်လည်း ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ဆိုရင် တခြားသူတွေထက် ပိုပြီးတော့ ဂရုစိုက်တာပါ။ ဒါ့အပြင် မြန်မြန်ဆန်ဆန် စွမ်းအားကြီးလာအောင် ဆန်းကြယ်စွမ်းအားလည်း သင်ပေးခဲ့ပါသေးတယ်။
ဒီလိုမျိုး နှစ်ဖက်စလုံး အချင်းချင်း ဂရုစိုက်တာကမှ တကယ့်အချစ်ပါ။ တစ်ဖက်သတ် ဂရုစိုက်တာဆိုရင် အဲဒီဆက်ဆံရေးက မှားယွင်းနေပြီး တစ်ဖက်လူအပေါ် မတရားရာ ကျပါလိမ့်မယ်။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်တာရပ်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ လီရွှမ်အောက်ကို အပျော်သဘောနဲ့ ကျိန်စာတိုက်ပါတယ်။ အဲဒီနောက် ကျိန်စာတိုက်ရင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ သွမ့်ဟုန်ချန်သည် အမှောင်ဂိုဏ်းထဲ ဝင်ရောက်သွားသောကြောင့် ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ ရွှယ်မင်းဟယ်၏ ကျိန်စာတိုက်မှုကြောင့် သင့်တပည့်လုံဟောင်သည် ကံဆိုးမိုးမှောင်ကျပြီး အတွင်းနတ်ဆိုး ဖြစ်ပေါ်သွား၏။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် သေခြင်းတရားအား ရင်ဆိုင်ရချိန်၌ အဆင့်ထိုးဖောက်ပြီး သတ်ဖြတ်ခြင်း မတဟာအိုအား သိမြင်နားလည်ကာ ဧကရာဇ်အဆင့်သို့ တက်လှမ်းသွား၏။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် ကျိန်စာတိုက်ခံခဲ့ရသော်လည်း အကောင်းစား ရတနာ ရှိနေသောကြောင့် ဘာမှမဖြစ်ပေ။]
[သင့်မိတ်ဆွေ သိလန်တျန်သည် သင့်မိတ်ဆွေ လီတောက်ခုံး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ကျယ်ကျောင်းတော်၏ ကံတရား အထောက်အပံ့ကြောင့် အသိဉာဏ်ပွင့်လင်းပြီး ကျင့်ကြံမှုများစွာ တိုးတက်ကာ ကပ်ဘေးသခင် ဖြစ်သွား၏။]
[သင့်တပည့်စုချီသည် ကောင်းကင်တာအိုသို့ ကြမ္မာဆိုးများစွာနှင့် ပြန်ရောက်လာခဲ့သောကြောင့် ကောင်းကင်တာအို၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။]
‘သွမ့်ဟုန်ချန်က အမှောင်ဂိုဏ်းထဲကို တစ်ခါတည်း ရောက်သွားပါလား... ကြည့်ရတာ သူနဲ့ ရွှယ်မင်းဟယ်က ဆက်ဆံရေးကောင်းပုံပဲ’
ရွှယ်မင်းဟယ်ဟာ ကောင်းကင်ဧကရာဇ်ကို လေးလေးနက်နက် ကူညီနေတာပါ။ ဒါပေမဲ့ လုံဟောင် ဒုက္ခရောက်တာကို တွေ့လိုက်ရတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သိပ်မပျော်တော့ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သိပ်ဂရုမစိုက်ဘဲ ဆက်ဖတ်ပါတယ်။
‘ကျိုးဖန်က ဧကရာဇ်အဆင့်ကို ရောက်သွားပြီလား..’ ဟန်ကျွယ်ဟာ မျက်လုံးပြူးသွားပါတယ် ‘ဒါကမှ တကယ့်ဇတ်လိုက်အစစ်ပဲ’
ဟန်ကျွယ်ဟာ ကျိုးဖန်နဲ့ သေမျိုးကမ္ဘာမှာကတည်းက စတွေ့ခဲ့တာပါ။ ဒါပေမဲ့ ကျိုးဖန်ရဲ့ အရည်အချင်းက သာမန်ပဲရှိပြီး အန္တရာယ်ကနေ အမြဲတမ်း ရှင်သန်နိုင်တာတစ်ခုပဲ ကောင်းကွက် ရှိပါတယ်။ ဒါပေမဲ့ ဒီလို အန္တရာယ်တွေကို ရှင်သန်နိုင်တာကပဲ ဇာတ်လိုက်တစ်ယောက်ရဲ့ အရည်အချင်း မဟုတ်ပါလား။
ဒါ့အပြင် ကျိုးဖန်ဟာ ဘုံပျံတက်ပြီးနောက်ပိုင်း သူ့အရှိန်အဟုန်က လျော့ကျမသွားဘဲ ပိုအားကောင်းလာပါတယ်။ ကျိုးဖန်ဟာ သူ့လမ်းမှာ ကြုံတွေ့ရတဲ့ အတားအဆီးမှန်သမျှကို တန်ပြန် တိုက်ခိုက်ပြီး အခုဆိုရင် ဧကရာဇ်အဆင့်ကိုတောင် ရောက်ရှိသွားပါပြီ။
‘ဒီကောင်သာ အနန္တကပ်ဘေးကို အသက်ရှင်လျက် ဖြတ်ကျော်နိုင်ရင် သူ့အနာဂတ်က အကန့်အသတ်မဲ့ပဲ’
ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ ကျိုးဖန်က ဘာဖြစ်လို့ ဒီလောက်ထိ အထင်ကြီးဖို့ ကောင်းနေလဲဆိုတာ နားမလည်နိုင်သေးပါဘူး။ ကံကောင်းထောက်မစွာပဲ ဟန်ကျွယ်အပေါ် ထားရှိတဲ့ ကျိုးဖန်ရဲ့ မျက်နှာသာပေးမှုကို လျော့မသွားတဲ့အတွက် လောလောဆယ်မှာ ဟန်ကျွယ်နဲ့ ရန်သူဖြစ်လာစရာအကြောင်း မရှိသေးပါဘူး။
‘သိလန်တျန်က လီတောက်ခုံး လက်ချက်နဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာလား’ ဟန်ကျွယ်ဟာ လီတောက်ခုံးကို မလေးစားဘဲ မနေနိုင်အောင် ဖြစ်သွားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လီတောက်ခုံးကို အနိုင်ယူခဲ့တဲ့ ကျန်းတုကူးဟာ သူ့ထက်သာတဲ့လူ လက်ချက်နဲ့ ဒုက္ခရောက်သွားပေမဲ့ လီတောက်ခုံးကတော့ အခုအချိန်အထိ အကောင်းပကတိ ရှိနေသေးလို့ပါပဲ။
ဟွမ်ဇွမ်တျန် ကပ်ဘေးသခင် ဖြစ်လာတာကတော့ ကံဆိုးတယ်လို့ပဲ ပြောရပါမယ်။ စုချီကို ကောင်းကင်တာအို ဖိနှိပ်လိုက်တာက မကောင်းတာတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စုချီရဲ့ ကြမ္မာဆိုးနဲ့ဆိုရင် အနန္တကပ်ဘေးက ဒီထက်ပိုပြီး ဖရိုဖရဲဖြစ်ဖို့ပဲ ရှိလို့ပါ။
ဟန်ကျွယ်ဟာ စာစောင်တွေကို အတန်ကြာအောင်ဖတ်ရင်း ခံစားချက်တစ်ခုကို ရလိုက်ပါတယ်။
‘အနန္တကပ်ဘေးက ပိုပိုပြင်းထန်လာပြီ... ဒီတော့ ပိုပိုပြီး အန္တရာယ်များလာတော့မယ်’
‘မဖြစ်ဘူး... ငါ ကောင်းကင်ဘဝဂ်အဆင့်ကို အမြန်ဆုံးရောက်မှ ဖြစ်မယ်၊ ဒါမှ စနစ်အဆင့်မြှင့်တာ ဒါမှမဟုတ် တာအိုစက်ကွင်း အဆင့်မြှင့်တာကို ရနိုင်မှာ၊ ဒါမှ ငါ ပိုပြီးတော့ လုံခြုံမှာ’
ဒီအတွေးကြောင့် ဟန်ကျွယ်ဟာ လီရွှမ်အောက်ကို ကျိန်စာတိုက်ပြီးတာနဲ့ ဆက်ကျင့်ကြံပါတယ်။
ကောင်းကင်ရုံးတော်၊ နတ်ဘုရားခန်းမ။
အင်မော်တယ် နတ်ဘုရားတွေ စုစည်းပြီး ရုတ်ရုတ်သဲသဲ ဖြစ်နေပါတယ်။
လီတောက်ခုံး၊ လီရွှမ်အောက်၊ ရှန်စစ်သူကြီး၊ သိုင်းနတ်ဘုရား စစ်သူကြီးနဲ့ ကောင်းကင်နတ်ဘုရား စစ်သူကြီးတို့လည်း နတ်ဘုရားခန်းမထဲမှာ ရှိနေကြပါတယ်။
ကောင်းကင်ဧကရာဇ်ရဲ့ အကြည့်ဟာ ကောင်းကင်နတ်ဘုရား စစ်သူကြီးဆီကို ရောက်သွားပါတယ်။ ကောင်းကင်နတ်ဘုရား စစ်သူကြီးရဲ့ ရောင်ဝါဟာ မဟာစစ်သူကြီးသုံးပါးထဲမှာ အားအကောင်းဆုံးပါ။ အရင်တုန်းက ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ စစ်နတ်ဘုရားရဲ့ ကံတရား အထောက်အပံ့အတွက် လောကတစ်ခုလုံးမှာရှိတဲ့ စစ်နတ်ဘုရားတွေကို စစ်ကြော်ငြာခဲ့ပါတယ်။ ဒါပေမဲ့ နှစ်တွေ အများကြီး ကြာသွားတာတောင် ဘယ်စစ်နတ်ဘုရားမှ ကောင်းကင်နတ်ဘုရား စစ်သူကြီးကို အနိုင်မယူနိုင်ခဲ့ပါဘူး။ အခုဆိုရင် လာစိန်ခေါ်တဲ့သူတောင် မရှိတော့ပါဘူး။
စစ်နတ်ဘုရားရဲ့ ကံတရား အထောက်အပံ့ အကုန်လုံးကို ရရှိထားတဲ့ ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ အခုဆိုရင် လောကတစ်ခွင်လုံးမှာ အသန်မာဆုံး စစ်နတ်ဘုရား ဖြစ်နေပါပြီု။
သိုင်းနတ်ဘုရား စစ်သူကြီးဟာ ကောင်းကင်ဧကရာဇ်ရဲ့ အကြည့်ကြောင့် နှုတ်ခမ်းတွန့်လိုက်ပါတယ်။
လီရွှမ်အောက်ကလည် ကောင်းကင်နတ်ဘုရားကို စစ်သူကြီးကို ပြုံးဖြဲဖြဲကြည့်ပြီး စနောက်လိုက်ပါတယ် “ကောင်းကင်နတ်ဘုရား စစ်သူကြီး... ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်တာ ဘယ်လိုနေလဲ”
ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ မျက်နှာတစ်ချက် ပြောင်းမသွားပါဘူး “ခင်ဗျား နားလည်နိုင်မှာ မဟုတ်ပါဘူး”
လီရွှမ်အောက်ရဲ့ မျက်နှာဟာ ချက်ချင်းဆိုသလို သူများအကျန် စားမိသလို ဖြစ်သွားပါတယ်။
လီတောက်ခုံးက ပြုံးလိုက်ပါတယ် ‘အချိန်ရရင် ကျုပ်တို့တွေ လက်ရည်စမ်းကြရအောင်၊ ကောင်းကင်ဘဝဂ်အဆင့်မှာ ဘယ်လို တိုက်ခိုက်ရမလဲဆိုတာ သင်ပေးမယ်”
လီတောက်ခုံးကို ရင်ဆိုင်ရတဲ့အခါမှာတော့ ကောင်းကင်နတ်ဘုရား စစ်သူကြီးရဲ့ မျက်လုံးတွေဟာ တိုက်ခိုက်လိုစိတ် အပြည့်ဖြစ်သွားပေမဲ့ ဘာမှပြန်မဖြေပါဘူး။
ကောင်းကင်ဧကရာဇ်က ရုတ်တရက် ပြောလိုက်ပါတယ် “နဂါးရုံးတော်နဲ့ နတ်ရွှေကျီးကန်း မိသားစုက ပူးပေါင်းသွားပြီ၊ ဒါပေမဲ့ သူတို့တွေ ရှုံးနိမ့်ထားတာဆိုတော့ အချိန်တိုအတွင်း ပြန်လာနိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ကောင်းကင်ရုံးတော်မှာ ရန်သူအသစ် ပေါ်လာတယ်၊ မင်းတို့တွေ လူသားမျိုးနွယ်စုကို ဘယ်လိုထင်လဲ”
ကောင်းကင်ဧကရာဇ်ရဲ့ စကားကြောင့် အင်မော်တယ် နတ်ဘုရားတွေ အကုန်လုံး ပါးစပ်ပိတ်သွားပြီး မျက်နှာအမူအရာမျိုးစုံနဲ့ ကောင်းကင်ဧကရာဇ်ကို ကြည့်လိုက်ကြပါတယ်။
အနန္တကပ်ဘေး စတင်ကတည်းက လူသားမျိုးနွယ်စုရဲ့ အဂ္ဂပြည်အသီးသီးဟာ စုစည်းနေခဲ့တာပါ။ အခုဆိုရင် သူတို့က အတော်အားကောင်းတဲ့ အင်အားစုတစ်စု ဖြစ်နေပါပြီ။ ဒီအဂ္ဂပြည်တွေဟာ အင်မော်တယ်တွေနဲ့ တာအိုပညာရှိတွေကို မယုံကြည်ဘဲ လူသားမျိုးနွယ်စုအတွက် တိုက်ခိုက်ချင်နေကြပါတယ်။
ကောင်းကင်တာအိုရဲ့ ဇာတ်လိုက်အနေနဲ့ လူသားမျိုးနွယ်စုရဲ့ အဓိက အားသားချက်က အရေအတွက်နဲ့ အဆက်အသွယ်တွေ ပေါများတာပါ။ စကြဝဠာတစ်ခုလုံးမှာရှိတဲ့ အဓိကအင်အားစုတိုင်းလိုလိုမှာ လူသားမျိုးနွယ်စု ကျင့်ကြံသူတွေ ရှိကြပါတယ်။
လီတောက်ခုံးက ပထမဆုံး စပြောပါတယ် “ရွမ်လိန့်ကျောင်းတော်က လူသားမျိုးနွယ်စုကို အုတ်မြစ်အဖြစ် တန်ဖိုးထားတယ်ဆိုပေမဲ့ သူတို့တွေ ဖြားယောင်းခံလိုက်ရပြီဆိုတော့ သင်ခန်းစာပေးသင့်တယ်လို့ ထင်တယ်၊ လူသားမျိုးနွယ်စုက ကောင်းကင်တာအိုရဲ့ ဇာတ်လိုက်ဖြစ်နေတာတောင် သူတို့က ကောင်းကင်တာအိုကို ထိန်းချုပ်ချင်သေးတယ်၊ အကြီးကို စော်ကားတာက ဘယ်နည်းနဲ့မှ ခွင့်မလွှတ်သင့်တဲ့ အပြစ်ပဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။