လူသားနှင့် နတ်ဘုရားတို့၏ တိုက်ပွဲ၊ တစ်သောင်းဗောဓိပင်
Vol. 34 Ch. 389
လီတောက်ခုံးရဲ့ စကားအဆုံးမှာတော့ တခြားအင်မော်တယ်တွေလည်း သူတို့အမြင်ကို တစ်ယောက်ပြီး တစ်ယောက် တင်ပြကြပါတယ်။ အချို့က လူသားတွေကို ဖိနှိပ်ဖို့ သဘောတူပြီး အချို့ကတော့ လူသားမျိုးနွယ်စုကို ဖျောင်းဖျဖို့ အကြံပေးကြပါတယ်။ တစ်ယောက်ကို အမြင်တစ်မျိုး ဖြစ်တဲ့အတွက် မကြာခင်မှာပဲ နတ်ဘုရားခန်းမတစ်ခုလုံး ဆူညံလာပါတယ်။
ကောင်းကင်ဧကရာဇ်ကတော့ ဘာမှမပြောဘဲ နားထောင်နေပါတယ်။ သူလည်းပဲ ဒီမေးခွန်းရဲ့ အဖြေကို ရှာနေတာ ကြာပါပြီ။ လူသားမျိုးနွယ်စုကို ရင်ဆိုင်မယ်ဆိုရင် နည်းနည်းနောနော ပြဿနာတက်မှာ မဟုတ်ပါဘူး။
ကောင်းကင်ရုံးတော်ရဲ့ အင်မော်တယ်အများစုက လူသားမျိုးနွယ်စုကနေ လာကြတာပါ။ ဒါကြောင့် ကောင်းကင်ရုံးတော်က လူသားမျိုးနွယ်စုကို ပစ်မှတ်ထားတာနဲ့ ကျိန်းသေပေါက် အုတ်အော်သောင်းနင်း ဖြစ်မှာပါ။
ဒါပေမဲ့ လူသားမျိုးနွယ်စုကို ဆက်ပြီးတော့ အင်အားကြီးမားလာခွင့် ပြုလိုက်ရင်လည်း ဒီအင်မော်တယ်တွေက ကောင်းကင်ရုံးတော်ကနေ စွန့်ခွာပြီး လူသားမျိုးနွယ်စုကို ပြန်သွားကြမှာပါ။ ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့က တကယ့်ကို ဘေးကျပ်နံကျပ်ပါ။
အတန်ကြာတဲ့အခါမှာတော့ ကောင်းကင်ဧကရာဇ်က လက်မြှောက်ပြီး အောက်ကိုဖိချလိုက်တဲ့အတွက် နတ်ဘုရားခန်းမထဲက အင်မော်တယ် နတ်ဘုရားတွေ အကုန်လုံး တိတ်ဆိတ်သွားကြပါတယ်။
“လူသားတွေက ဒီလိုဆက်သွားမယ်ဆိုရင် ကောင်းကင်ရုံးတော်က အင်မော်တယ်တွေရဲ့ အစွမ်းကို သူတို့သိအောင် ပြသရလိမ့်မယ်”
ကောင်းကင်ဧကရာဇ်စကားကြောင့် အင်မော်တယ် နတ်ဘုရားတွေ မျက်နှာပြောင်းကုန်ပါတယ်။ သူတို့မှာလည်း အတွေးကိုယ်စီနဲ့ပါ။
၇ နှစ် ကြာပြီးနောက်။
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ရှေ့မှာ စာကြောင်းလေးကြောင်း ရုတ်တရက် ပေါ်လာပါတယ်။
[ကောင်းကင်ရုံတော်သည် လူသားမျိုးနွယ်စုတစ်ခုလုံးအား စစ်ကြော်ငြာလိုက်သောကြောင့် သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ လူသားမျိုးနွယ်စုအား ထောက်ပံ့၍ လူသားမျိုးနွယ်စု၏ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ဆန်းကြယ်စွမ်းအား တစ်ပါးအား ရရှိမည်။]
[၂။ ကောင်းကင်ရုံးတော်အား ထောက်ပံ့၍ အင်မော်တယ် နတ်ဘုရားများ၏ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် အကောင်းစား ရတနာတစ်ပါးအား ရရှိမည်။]
[၃။ သိုသိုသိပ်သိပ် ကျင့်ကြံအားထုတ်၍ ကပ်ဘေးထဲ မဝင်ပါနှင့်။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ကျပမ်း သဘာဝရတနာတစ်ပါးအား ရရှိမည်။]
‘ကောင်းကင်ရုံးတော်နဲ့ လူသားတွေ တိုက်ခိုက်ကြတာလား’
ဟန်ကျွယ်ဟာ လွန်ခဲ့တဲ့ နှစ်လေးထောင်ကျော် ကောင်းကင်ရုံးတော်က သေမျိုးကမ္ဘာ လာဖျက်ဆီးတဲ့ အချိန်ကို ပြန်တွေးမိလိုက်ပါတယ်။ အဲဒီတုန်းက ဟန်ကျွယ်ကိုယ်တိုင် လူသားတွေအတွက် အင်မော်တယ် နတ်ဘုရားတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။
ကောင်းကင်ဧကရာဇ်က သူ့အပေါ် ကျေးဇူးရှိပေမဲ့ ဟန်ကျွယ်ဟာ အင်မော်တယ် နတ်ဘုရားတွေရဲ့ မောက်မာလွန်းတဲ့ အပြုအမူကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ရဲ့ ထူးခြားတဲ့ အရည်အချင်းကြောင့်သာ မဟုတ်ရင် ထုန်ကျန့်ကမ္ဘာက ပျက်သုဉ်းသွားတာ ကြာပါပြီ။
ဒါက အမှန်တရားတစ်ခုပါ။
ဒါပေမဲ့ ဟန်ကျွယ်ဟာ နံပါတ်သုံးကိုပဲ ရွေးချယ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ဟာ လူသားမျိုးနွယ်စုတစ်စုလုံးကို ဂရုမစိုက်လို့ပါပဲ။ ဟန်ကျွယ် ဂရုစိုက်တာက ထုန်ကျန့်ကမ္ဘာမှာရှိတဲ့ လူသားတွေပါ။ အနန္တကမ္ဘာမှာ ရှိနေတဲ့ လူသားတွေကိုတော့ ဟန်ကျွယ် မကာကွယ်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ရဲ့ ကြင်နာမှုကို မေ့ပစ်မှာ မဟုတ်ပေမဲ့ ကောင်းကင်ရုံးတော်ကိုတော့ နည်းနည်းလေးမှ အကောင်းမြင်စိတ် မရှိပါဘူး။ ဒီထက်ပိုပြီး အရေးကြီးတာက ဟန်ကျွယ်ဟာ ဘာစွန့်စားမှုမှ မလုပ်ချင်တာပါပဲ။
[မဟာတာအို အပိုင်းအစ တစ်စနှင့် ကျပမ်း သဘာဝရတနာ တစ်ပါးအား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[တစ်သောင်းဗောဓိပင်ကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[တစ်သောင်းဗောဓိပင်: ရှေးဟောင်းနတ်သစ်ပင်။ ဤသစ်ပင်အောက်၌ ကျင့်ကြံပါက ကျင့်ကြံသူ၏ သိမြင်နားလည်နိုင်စွမ်းအား တိုးတက်စေ၏။ ထို့အပြင် ရှန်တျန်ချီအားလည်း ထုတ်လွှတ်ပေး၏။]
‘ဒီသစ်ပင်က မဆိုးဘူးပဲ’
ဟန်ကျွယ်ဟာ တစ်သောင်းဗောဓိပင်ကို ထုတ်ကြည့်လိုက်တဲ့အခါ အပင်ပေါက်လေးပဲ ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး တစ်သောင်းဗောဓိပင်ကို ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက်ဆီ ယူသွားပါတယ်။ တိတ်ဆိတ်ဂိုဏ်းသားတိုင်းဟာ ဟန်ကျွယ် ထွက်လာတာ တွေ့လိုက်ရတဲ့အတွက် ချက်ချင်း မတ်တတ်ရပ်လိုက်ကြပါတယ်။
ဟန်ကျွယ်ဟာ သူတို့ကို လျစ်လျူရှုပြီး တောင်ခါးပန်းဆီ လျှောက်သွားပါတယ်။ တခြားလူတွေဟာ ဟန်ကျွယ် နောက်ကနေ တစ်ယောက်ပြီးတစ်ယောက် လိုက်ကြတဲ့အတွက် လူပိုများလာပါတယ်။ ဟန်ကျွယ်ဟာ တစ်သောင်းဗောဓိပင်ကို တောင်ခါးပန်းမှာ စိုက်ပျိုးလိုက်ပါတယ်။
ချူရှီရန်ဟာ ဟန်ကျွယ်စိုက်လိုက်တဲ့ အပင်ပေါက်လေးကို ကြည့်ပြီး မျက်လုံးပြူးကာ ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ် “ဒါက ဗောဓိပင်မလား... နောက်ပြီး သူ့အဆင့်ကလည်း မနိမ့်ပုံပဲ၊ ဗုဒ္ဓဂိုဏ်းမှာတောင် ဒီလောက်အဆင့်မြင့်တဲ့ ဗောဓိပင် မရှိနိုင်ဘူး”
ချူရှီရန်စကားကြောင့် တခြားသူတွေလည်း တစ်သောင်းဗောဓိပင်ကို စိတ်ဝင်တစား ကြည့်လိုက်ကြပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ဒီသစ်ပင်က နတ်မင်းအဆင့် ကျင့်ကြံသူတွေအတွက် သင့်လျော်တဲ့ ရှန်တျန်ချီကို ထုတ်ပေးနိုင်ပြီး မင်းတို့ရဲ့ နားလည်နိုင်စွမ်းကိုလည်း တိုးတက်စေနိုင်တယ်၊ ဒါကြောင့် မင်းတို့တွေ ဒီအပင် ဘာမှမဖြစ်အောင် ကာကွယ်ကြရလိမ့်မယ်၊ ဒီအပင်က မင်းတို့ရဲ့ ကျင့်ကြံမှုအတွက် အကောင်းစား ရတနာပဲ၊ ဒီသစ်ပင် ကျန်းကျန်းမာမာ ကြီးထွားလာတာနဲ့ မင်းတို့ရဲ့ ကျင့်ကြံမှုကို အများကြီး အထောက်အကူ ပြုစေလိမ့်မယ်၊ ဒါပေမဲ့ ဒီအပင် အရွယ်မရောက်သေးခင် ဘယ်သူမှ သူ့ရဲ့စိတ်ဝိညာဉ်ချီကို လုယူဖို့ မကြိုးစားကြနဲ့၊ ငါ ပြောတာ နားလည်လား”
လူတိုင်းဟာ ချက်ချင်း ခေါင်းညိတ်လိုက်ကြပြီး တစ်သောင်းဗောဓိပင်ကို ပြင်းပြတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ကြပါတယ်။ သူတို့ထဲက ဘယ်သူကများ ဒီလောက်အစွမ်းထက်တဲ့ နတ်သစ်ပင်ကို မကြိုက်ဘဲ နေနိုင်မှာလဲ။
ဟန်ကျွယ်ဟာ ဘာမှဆက်မပြောဘဲ ကျင့်ကြံခြင်းလိုဏ်ဂူဆီ လျှောက်သွားပါတယ်။ တိတ်ဆိတ်ဂိုဏ်းသားတိုင်းဟာ တစ်သောင်းဗောဓိပင်ကို ဝိုင်းကြည့်ကြပါတယ်။ သူတို့အားလုံးဟာ ဟန်ကျွယ်က ဒီလိုမျိုး အကောင်းစာ ရတနာ ထုတ်ယူနိုင်တာကို အံအားသင့်နေကြပါတယ်။
ဟန်ကျွယ်က အမြဲတမ်း ဂူအောင်းကျင့်ကြံနေတဲ့အတွက် ဒီလိုအကောင်းစား ရတနာကို ဘယ်ကနေ ရလာလဲဆိုတာ ပဟေဠိဖြစ်စရာပါ။ ကောင်းကင်ရုံးတော်ကနေ ရလာတယ်ဆိုတဲ့ အချက်ကိုတော့ သူတို့တွေ အစောကြီးထဲက ပယ်ချပြီးပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ချူရှီရန်ရဲ့ စကားအရ ကောင်းကင်ရုံးတော်မှာ ဒီလိုမျိုး ရတနာကို ထုတ်ယူနိုင်တဲ့ အုတ်မြစ်မရှိလို့ပါပဲ။
တစ်သောင်းဗောဓိလို ရတနာမျိုးက အင်မော်တယ်ကမ္ဘာမှာရှိတဲ့ ဘယ်ထိပ်သီးအင်အားစုမှာမဆို အန္တိမရတနာပါ။
ငရဲကြက်နက်က ဂုဏ်ယူစွာ ပြောလိုက်ပါတယ် “ငါ ပြောသားပဲ၊ သခင်က တာအိုဘိုးဘေး ပြန်ဝင်စားတာပါဆို”
ချူရှီရှန်က ထအော်လိုက်ပါတယ် “တာအိုဘိုးဘေးအကြောင်း မပြောနဲ့၊ သူက ဆရာဘိုးဘိုး ဟုတ်ဟုတ် မဟုတ်ဟုတ် မင်းလျှောက်ပြောလို့ရတဲ့အရာ မဟုတ်ဘူး၊ မပြောသင့်တာ ပြောမိရင် ဒဏ်ခတ်ခံရတက်တယ်”
ချူရှီရန်စကားကြောင့် တခြားလူတွေ အကုန်လုံး ကြောက်လန့်သွားကြပါတယ် ‘သူတောင် တာအိုဘိုးဘေး ပြန်ဝင်စားတဲ့လူလို့ ထင်နေတာလား’
ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်သွားတဲ့ ဟန်ကျွယ်ဟာ သူ့တပည့်တွေရဲ့ စကားကြောင့် ကျောချမ်းသွားပါတယ်။ ကံကောင်းထောက်မစွာပဲ ချူရှီရန်က အချိန်မီ ဟန့်တားလိုက်လို့ တော်ပါသေးတယ်။
အများဆုံး တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေဟာ ဒီအကြောင်းကို တိတ်ဆိတ်ကျွန်းပေါ်မှာ ပြောကြမှာပါ။ အပြင်ကို ထွက်ခွင့်ပြုမှာ မဟုတ်ပါဘူး။ မဟုတ်လို့ အပြင်ထွက်သွားရင် တိတ်ဆိတ်ဂိုဏ်းတစ်ခုလုံး ပြဿနာ အကြီးကြီး တက်မှာပါ။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ဆီ ရောက်လာပြီး အပြုံးနဲ့ မေးလိုက်ပါတယ် “မင်းရဲ့ ကျင့်ကြံမှုရော ဘယ်လိုနေလဲ”
ဖူစန်းသစ်ပင်ဟာ မဆိုစလောက် လှုပ်ခါပြီး ပြန်ဖြေပါတယ် “မဆိုပါဘူး၊ သူတို့တွေက ကျွန်တော်ကို မကြာခဏ လမ်းညွှန်ပေးတယ်၊ ဒါပေမဲ့ အခုအချိန်ထိ ကျွန်တော် အသွင် မပြောင်းနိုင်သေးဘူး”
ဖူစန်းသစ်ပင်ရဲ့အသံဟာ နောင်တရပုံ ပေါက်နေပါတယ်။ ဖူစန်းသစ်ပင်ဟာ တခြားသူတွေလိုပဲ လွတ်လွတ်လပ်လပ် လှုပ်ရှားချင်ပါတယ်။ ဒါပေမဲ့ ဖူစန်းသစ်ပင်ဟာ နတ်သစ်ပင် ဖြစ်တာကြောင့် ကောင်းကင်တာအိုရဲ့ ဖိနှိပ်မှုကို ခံရပြီး အသွင်မပြောင်းနိုင်ပါဘူး။
ဒီလိုမဟုတ်ဘူးဆိုရင် ဒဏ္ဍာရီလာ ပုကျိုးနတ်တောင်က အရင်ဆုံး အသွင်ပြောင်းလဲနိုင်မှာပါ။ ကောင်းကင်တာအိုအောက်မှာ တည်ရှိမှုအကုန်လုံး ကျင့်ကြံမှုနောက်လိုက်ပြီး လိုသလို အသွင်ပြောင်းလဲနိုင်တာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဒါက တကယ်တော့ ကောင်းတဲ့ကိစ္စပဲ၊ ပြဿနာတွေနဲ့ ဝေးရာမှာနေပြီး အေးအေးချမ်းချမ်း ကျင့်ကြံနိုင်တယ်၊ တစ်နေ့ကျလို့ မင်းရဲ့ ကျင့်ကြံမှုက နှောင်ဖွဲ့မှုကို ထိုးဖောက်နိုင်ရင် လူသားအသွင် ပြောင်းလဲနိုင်ပြီး လွတ်လပ်မှုကို ခံစားနိုင်မှာပါ”
လောလောဆယ်မှာတော့ ဖူစန်းသစ်ပင်ဟာ ဟန်ကျွယ်ပြောတဲ့အတိုင်းပဲ တွေးနိုင်ပါတယ်။
အတန်ကြာ စကားပြောပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ပြီး ဆက်လက်ကျင့်ကြံပါတယ်။
မျက်စိတစ်မှိတ်အတွင်း နောက်ထပ် နှစ် ၂၀ ကုန်ဆုံးသွားပါတယ်။
ဒီအတောအတွင်း လူသားမျိုးနွယ်စုနဲ့ ကောင်းကင်ရုံးတော်တို့ တိုက်ခိုက်ကြပါတယ်။ ရှင်းဟုန်ရွှမ်တောင် ကောင်းကင်စစ်သားတွေ တိုက်ခိုက်တာကို ခံရပါတယ်။
လုံဟောင်နဲ့ သိလန်တျန်ကတော့ အကြောက်ပဲ လွန်တာလား၊ တစ်ခုခုပဲ ကြိတ်ပြီး ကြံစည်နေလား မသိပါဘူး။ တော်တော်လေးကို ငြိမ်ချက်သား ကောင်းနေပါတယ်။
အမှောင်ဂိုဏ်းကတော့ ကောင်းကင်ရုံးတော်ကို ကူညီပါတယ်။ ဒါကြောင့်လည်း ကောင်းကင်ရုံးတော်က ပိုပြီးတော့ အင်အားကြီးလာတာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် ရွှယ်မင်းဟယ်က ကောင်းကင်ရုံးတော်ကို အောက်ခြေလွတ်သွားအောင် တကယ်လုပ်နေတာ သိနိုင်ပါတယ်။
ဟန်ကျွယ်ဟာ ဒီအကြောင်းတွေကို နားလည်ပါတယ်။ လောလောဆယ်မှာ အင်အားစုအများကြီးက ကောင်းကင်ရုံးတော်ကို ပစ်မှတ်ထားနေကြတာပါ။ ဒါကြောင့် ကောင်းကင်ဧကရာဇ်ဟာ ဒီကပ်ဘေးမှာ ရှင်သန်ချင်တယ်ဆိုရင် အခက်အခဲတွေကို ကျော်ဖြတ်ပြီး ကြီးမားတဲ့ ကံတရား အထောက်အပံ့ကို အရယူရပါလိမ့်မယ်။
ဒါကြောင့် ဒီစစ်ပွဲမှာ ကောင်းကင်ရုံးတော် အနိုင်ရရင်တောင် လူသားမျိုးနွယ်စုကို သုတ်သင်မှာ မဟုတ်ပါဘူး။
ဒါကြောင့်လည်း ဟန်ကျွယ်ဟာ ရွှယ်မင်းဟယ်ကို မဟန့်တားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကပ်ဘေးမှာ ဒီအကြောင်းရင်းကြောင့် ကောင်းကင်ဧကရာဇ် အနိုင်ရသွားရင် ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ရဲ့ ကျေးဇူးတွေကို ပြန်ဆပ်ပြီးသား ဖြစ်သွားပါပြီ။
အနာဂတ်မှာ ကောင်းကင်ရုံးတော်ထဲ ဝင်ဖို့ကတော့ ဟန်ကျွယ်မှာ အတွေးတောင် မရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ရုံးတော်က ပြဿနာများလွန်းလို့ပါ။ နောက်ပြီး ကောင်းကင်ရုံးတော်ထဲ ဝင်တာက ဟန်ကျွယ်ရဲ့ နှလုံးသားကို ဆိုးကျိုးပဲ ဖြစ်စေမှာပါ။
ဟန်ကျွယ်ဟာ မူလဆန်းကြယ် နတ်စွမ်းအားငါးပါးနဲ့ အလှမ်းဝေနေသေးပေမဲ့ အမြန်ဆုံး အဆင့်ထိုးဖောက်ဖို့ ပိုပြီးတော့ ပြင်းပြလာပါတယ်။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ ရောင်ဝါတစ်ခု ကျို့ယိုငရဲထဲ ဆင်းသက်လာတာကို ခံစားမိလိုက်ပါတယ်။
“ငါက နတ်ရွှေကျီးကန်း မိသားစုက သိလန်တျန်ပဲ၊ အခုအချိန်ကစပြီး နတ်ရွှေကျီးကန်း မိသားစုက ကျို့ယိုငရဲမှာ လာနေမယ်၊ ကျယ်ကျောင်းတော်နဲ့ ပြဒါးငှက်မျိုးနွယ်စုက ငါတို့ကို ပြဿနာလာမရှာဖို့ မျှော်လင့်ပါတယ်”
သိလန်တျန်ရဲ့ အသံဟာ ကျို့ယိုငရဲမှာ ပဲ့တင်ထပ်သွားပါတယ်။
ဒီမောက်မာလွန်းတဲ့အသံကြောင့် ဟန်ကျွယ်ဟာ ဆွံအသွားပါတယ် ‘မင်းက ဘယ်ကနေ ဒီလောက်တောင် ယုံကြည်မှု ရလာတာလဲ’
အဲဒီနောက် ဟန်ကျွယ်ဟာ ရင်ထိတ်သွားပါတယ် ‘သိလန်တျန်က ဒီကို ဘာလာလုပ်တာလဲ၊ ကျန်းယီအတွက်များလား..’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကျန်းယီကို ခေါ်လိုက်ပါတယ်။
ကျန်းယီဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ရောက်တာနဲ့ အရင်ဆုံး ပြောလိုက်ပါတယ် “ဒီကိစ္စက ကျုပ်နဲ့ ဘာမှာမဆိုင်ဘူး၊ တိတ်ဆိတ်ဂိုဏ်းက ကျို့ယိုငရဲမှာရှိနေတာကို ကျုပ် ဘယ်သူကိုမှ မပြောခဲ့ဘူး၊ ဒီကို ရောက်လာပြီးကတည်းကလည်း နတ်ရွှေကျီးကန်း မိသားစုနဲ့ တစ်ခါမှ မဆက်သွယ်ခဲ့ဘူး”
အကြောင်းရင်းတချို့ကြောင့် ကျန်းယီဟာ ဟန်ကျွယ် ဒေါသထွက်မှာကို စိုးရိမ်နေပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “အဲဒါဆို အခု ဘယ်လိုလုပ်မှာလဲ”
“မသိချင်ယောင် ဆောင်နေမယ်၊ နတ်ရွှေကျီးကန်း မိသားစုကို ထွက်မတွေ့ဘူး၊ သူတို့က ဒီလောက် မောက်မာနေတာ ဒုက္ခရောက်မှာ ကျိန်းသေနေပြီ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။