မူလဆန်းကြယ် နတ်စွမ်းအားငါးပါး၊ ကောင်းကင်ဘဝဂ် ဆန်းကြယ်စွမ်းအား
Vol. 35 Ch. 394
ဟန်ကျွယ်ဟာ အံအားသင့်သွားစေတာက အနန္တကပ်ဘေး တစ်ခုတည်းနဲ့ ရှင်းဟုန်ရွှမ်ဟာ သာမန်သေမျိုးကနေ ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ရှိသွားတာပါ ‘တာအိုပညာရှိတွေရဲ့ အမွေအနှစ်က အဲဒီလောက်တောင် စွမ်းတာလား’
အဲဒီနောက် ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို သတိထားမိသွားပါတယ် ‘တိတ်ဆိတ်ဂိုဏ်းချုပ်ရဲ့ တာအိုလက်တွဲဖော်ဆိုတာက ဘာကိုဆိုလိုတာလဲ၊ အဲဒီအချိန်မှာ ငါ့အဆင့်အတန်းက အနန္တဧကရာဇ် တာအိုပညာရှိတပည့် လူသားမျိုးနွယ်စုရဲ့ ဧကရီ ဆိုတဲ့ အဆင့်တွေနဲ့ ယှဉ်နိုင်နေပြီလား..’
‘ဒါမှမဟုတ် ဒီထက် စွမ်းအား ပိုကြီးနေတာလား’
ဟန်ကျွယ်ဟာ ဒီအတွေးကြောင့် သူ့ကိုယ်သူ ဂုဏ်ယူသွားပါတယ်။
ဒီဟာက ဟန်ကျွယ် ပထမဆုံးအကြိမ် သူ့ဘေးနားကလူတွေ ကပ်ဘေးကို အောင်မြင်စွာ ဖြတ်သန်းပြီး ကြီးမားတဲ့ ကံတရား အထောက်အပံ့ ရရှိတာကို မြင်တွေ့ရတာပါ။ နောက်ပြီး ဒီလိုရရှိတဲ့သူကလည်း အရည်အချင်း ထက်မြက်သူတွေ ပါရမီရှင်တွေ မဟုတ်ဘဲ သာမန်အရည်အချင်းသာ ရှိတဲ့ ရှင်းဟုန်ရွှမ် ဖြစ်နေပါတယ်။
‘ဒီလိုဆိုရင် ငါ စိုးရိမ်စရာ မလိုတော့ဘူး’
ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ အဲဒီနောက် ထုံးစံအတိုင်း ဆက်ကျင့်ကြံပါတယ်။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်က သူ့ မီလာမှာကို ဘယ်လိုမှ ခွင့်မပြုပေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုခွင့်ပြုလိုက်ရင် ယောက်ျားတစ်ယောက်ရဲ့ ဩဇာအာဏာတွေ လျော့ပါးသွားမှာမို့လို့ပါပဲ။
အချိန်စက်ဝန်းဟာ ပုံမှန်လည်ပတ်ပြီး နှစ် ၅၀ ကြာသွားပါတယ်။
ဟန်ကျွယ် တိတ်ဆိတ်ကျွန်းကို အမှောင်တားမြစ်နယ်မြေဆီ ရွှေ့လိုက်ကတည်းက ထပ်ပြီးတော့ ဘာပြဿနာမှ မတွေ့ရသေးပါဘူး။ တိတ်ဆိတ်ကျွန်းအပြင်ဘက်က ကြောက်မက်ဖွယ်ကောင်းအောင် တည်ရှိနေပြီး ဘာဆိုဘာမှ မရှိအောင် ဗလာကျင်းနေပါတယ်။
ဟန်ကျွယ်ဟာ စိတ်ရောကိုယ်ရော နှစ်ပြီး ကြိုးစား ကျင့်ကြံတဲ့အတွက် နောက်ဆုံးမှာတော့ အဆင့်တက်ဖို့ အခွင့်အရေး ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ အဆင့်မတက်ခင် အရင်ဆုံး စာအိတ်ကို စစ်ဆေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေ မဖတ်တာ နှစ် ၂၀ လောက် ရှိပြီမို့ အင်မော်တယ်ကမ္ဘာ ဘာဖြစ်နေမှန်းတောင် မသိသလောက် ဖြစ်နေပါပြီ။
[သင့်မိတ်ဆွေ လီတောက်ခုံးသည် သင့်မိတ်ဆွေ သိလန်တျန်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ကျင်းတျန်ကုန်းသည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မြေးတပည့် ဖန်းလျန်သည် နတ်ရွှေကျီးကန်း မိသားစု တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၃၀၇၂
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် ချီလင်မျိုးနွယ်စု တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၄၀၉၇
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် ကောင်းကင်ရုံးတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ရှင်းဟုန်ရွှမ်သည် တာအိုပညာရှိ အမွေအနှစ်အား ဆက်ခံရရှိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မြေးတပည့် စုချီသည် ကောင်းကင်တာအိုနယ်မြေသို့ ကျူးကျော်ခဲ့သဖြင့် တန်ပြန်ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွား၏။]
[သင့်မိတ်ဆွေ ကျန်းတုကူးသည် အဆုံးသတ် အပျက်အစီးမှ နတ်ဘုံသို့ ဝင်ရောက်သွားသည်။]
‘တိုက်ပွဲစပါပြီလား..’
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို ကောင်းကင်ရုံးတော်က စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်တာကို သတိထားမိသွားတာကြောင့် ဘယ်သစ္စာဖောက်က ပြဿနာရှာပြန်ပြီလဲလို့ တွေးမိလိုက်ပါတယ်။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ် ဘာမှမဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ ဒီကိစ္စကို ခေါင်းထဲမထည့်ပါဘူး။
ကောင်းကင်ဧကရာဇ်က ကောင်းကင်ရုံးတော်ကို အစိုးရတဲ့ အရှင်သခင်ပါ။ တစ်ချိန်လုံး ကလေးတစ်ယောက်လို လိုက်ကြည့်နေစရာ မလိုပါဘူး။
ဟန်ကျွယ်ဟာ စုချီရဲ့ အပြုအမူကို တွေ့လိုက်ရတဲ့အခါမှာ ဘာပြောရမှန်း မသိတော့ပါဘူး ’ဒီကောင်လေးက ဘာလို့ ပြန်လာချင်ရတာလဲ၊ ရန်သူ တိုက်ခိုက်ခံရတာလဲ မဟုတ်ဘဲနဲ့၊ အခုတော့ ကောင်းရော... ကောင်းကင်တာအို တန်ပြန်တာကို ခံနေရပြီ၊ ဘယ်သူက မင်းကို ပြန်လာခိုင်းလို့လဲ..’
ဟန်ကျွယ်ဟာ စုချီကို ကယ်ပေးဖို့ စိတ်ကူးမရှိပါဘူး။ ကုန်ကုန်ပြောရရင် ကူညီဖို့ အစွမ်းအစလည်း မရှိသေးပါဘူး။
ဟန်ကျွယ်ဟာ အမှောင်တားမြစ်နယ်မြေကို ရောက်လာပြီးနောက် အင်မော်တယ်ကမ္ဘာမှာ အုတ်အော်သောင်းနင်း ဖြစ်စေတဲ့ အံဖွယ်ဖြစ်ရပ်တွေကို မမြင်တွေ့ မခံစားရတော့ပါဘူး။ ဒီလိုဖြစ်ရတာက အမှောင်တားမြစ်နယ်မြေမှာရှိတဲ့ အမှောင်စွမ်းအားရဲ့ တိုက်စားမှုကြောင့်ပါ။ ဒါပေမဲ့ သိလန်တျန်ရဲ့ ဘိုးဘေး ဧကရာဇ်ခေါင်းလောင်းသံကိုတော့ မကြာမကြာ ယဲ့ယဲ့လေး ကြားနေရပါသေးတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေကနေ ကောင်းကင်ရုံးတော်ရဲ့ အခြေအနေ အတိအကျကို မခန့်မှန်းနိုင်ပါဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်အတွက် ကောင်းကင်ဧကရာဇ် မသေဖို့ပဲ လိုအပ်လို့ပါ။
ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်အတွက် လမ်းတွေ အများကြီး ခင်းပြီးပါပြီ။ အခုအချိန်က သူတို့ဘာသာ လမ်းလျှောက်ရမဲ့အချိန်ပါ။ ဟန်ကျွယ်လည်း ထပ်ပြီးတော့ မကူညီပေးနိုင်တော့ပါဘူး။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဖတ်ပြီးတဲ့နောက်မှာတော့ စပြီးတော့ အဆင့်ထိုးဖောက်ပါတယ်။ ဒီလိုနဲ့ လေးနှစ်အကြာမှာတော့ ဟန်ကျွယ်ဟာ မူလဆန်းကြယ် နတ်စွမ်းအားငါးပါးကို ရောက်ရှိသွားပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၅,၆၇၁/၆၆၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: လောကဦး နတ်ဘီလူး။]
[ကျင့်ကြံမှု: မူလဆန်းကြယ် နတ်စွမ်းအား ငါးပါး။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို။]
‘ဝိုး... ငါ့သက်တမ်းက တော်တော်လေး တိုးသွားတာပဲ’
ဟန်ကျွယ်ရဲ့ နတ်စွမ်းအားဟာ အသွင်ပြောင်းလဲသွားပြီး နတ်အာရုံလည်း ပိုအားကောင်းသွားပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံမှု ခိုင်မြဲဖို့အတွက် နောက်ထပ်သုံးနှစ် အချိန်ပေးလိုက်ရပါတယ်။
ကျင့်ကြံမှုကို ခိုင်ခံ့အောင် လုပ်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ သက်တမ်းတွေကို မဖြုန်းဘဲ ဆန်းကြယ်စွမ်းအားတွေကို အဆင့်မြှင့်တင်ပါတယ်။ ဟန်ကျွယ်ဟာ အမှောင်တားမြစ်နယ်မြေကို ရောက်လာပြီးနောက် ဓားတာအိုမြစ်ထဲ ဝင်လို့မရတာကို ရှာတွေ့သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ဓားတာအို ဆန်းကြယ်စွမ်းအားတွေကတော့ ပိုပြီးတော့ အစွမ်းထက်လာတုန်းပါပဲ။
နားလည်လွယ်အောင် ပြောရရင် ဟန်ကျွယ်ဟာ အမှောင်တားမြစ်နယ်မြေမှာ ရှိနေတဲ့အတွက် လီတောက်ခုံးကို ဖြတ်ကျော်ပြီး ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို ကန့်သတ်စည်းထိ တိုးမြှင့်လိုရတယ်ဆိုတာပါပဲ။
ဟန်ကျွယ် ပထမဆုံး သုံးသပ်တာကတော့ ပြိုင်ဘက်ကင်းဓားချီပါ။
ဟန်ကျွယ် အဆင့်တက်တိုင်းမှာ ဟန်ကျွယ်ရဲ့ ဓားတာအို နားလည်မှုကလည်း ပိုနက်ရှိုင်းလာပါတယ်။ ဒါ့အပြင် ထိပ်တန်း ဓားတာအို နားလည်မှု စွမ်းရည် ရှိနေတာကြောင့် ဟန်ကျွယ်ဟာ ဓားတာအို ဆန်းကြယ်စွမ်းအားတွေရဲ့ ကန့်သတ်စည်းကို အမြဲတမ်း ထိုးဖောက်နိုင်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ တိတ်ဆိတ်ဂိုဏ်းသားတိုင်းဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို လှမ်းကြည့်လိုက်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အကုန်လုံး ကျင့်ကြံခြင်းလိုဏ်ဂူကနေ ဖြာထွက်လာတဲ့ ကြီးမားတဲ့ဖိအားကို ခံစားမိလို့ပါပဲ။
ကျန်းယီလည်း စိတ်ထဲမှာ လန့်သွားပါတယ် ‘သူ ဘာလုပ်နေတာလဲ၊ ထပ်ပြီးတော့ အဆင့်တက်တာလား’
ချူရှီရန်ကတော့ နက်နက်နဲနဲ စဉ်းစားနေပါတယ်။
တခြားသူတွေလည်း အမူအရာမျိုးစုံ ရှိနေကြပါတယ်။
ငရဲကြက်နက်ဟာ ဝူတောက်ကျန့်ကို ကြည့်ပြီး ပြုံးလိုက်ပါတယ် “အရင်တုန်းက သခင်အဆင့်တက်တိုင်း နင့်ကို အမြဲမောင်းထုတ်တာ၊ အခု နင် အထဲဝင်လို့တောင် မရတော့ဘူး၊ ဘယ်သူက နင့်ကို ကျင့်ကြံခြင်းလိုဏ်ဂူထဲကထွက်ပြီး အပြင်မှာနေခိုင်းလို့လဲ”
ဝူတောက်ကျန့်ဟာ ငရဲကြက်နက်ကို စိန်းစိန်းဝါးဝါးကြည့်ပြီး ဒေါသတကြီး ပြန်ပြောလိုက်ပါတယ် “နင့် ကြက်ဦးနှောက်က ဘာသိမှာလဲ၊ ငါက သခင် အနှောင့်အယှက်ဖြစ်မှာစိုးလို့ အထဲမှာ မနေတာ”
“ငါကတော့ နင် လီယောင်ကို ကြိုက်နေတယ်လို့ ထင်တယ်”
“အဓိပ္ပာယ်မရှိတာတေါ”
ဝူတောက်ကျန့်ဟာ ငရဲကြက်နက်ကို ဝါးစားမတက် ကြည့်လိုက်သလိုပဲ လီယောင်ကလည်း ငရဲကြက်နက်ကို ရန်သူလို ကြည့်လိုက်ပါတယ်။
ထူလင်းအာကတော့ သက်ပြင်းချလိုက်ပါတယ် “ငါသာ ဆိုရင် ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်လာမှာ မဟုတ်ဘူး”
မုရုံချီဟာ ချူရှီရန်ကိုကြည့်ပြီး မေးလိုက်ပါတယ် “တစ်ခုခု တွေ့ရသေးလား”
ချူရှီရန်ဟာ မျက်လုံးမှိတ်ပြီး ပြောလိုက်ပါတယ် “ဘာတစ်ခုမှကို မတွေ့ရတာ”
အဲဒီနောက် နှစ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့ရဲ့ ဆန်းကြယ်စွမ်းအား အကုန်လုံးကို ကန့်သတ်စည်းထိ မြှင့်တင်လို့ ပြီးသွားပါတယ်။ ဟန်ကျွယ်ရဲ့ ဓားတာအို ဆန်းကြယ်စွမ်းအားတွေ အကုန်လုံးက ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ရှိသွားပါပြီ။
ဟန်ကျွယ်ဟာ ပြိုင်ဘက်ကင်းဓားချီနဲ့ သူ့ခန္ဓာကိုယ်ထဲက နတ်စွမ်းအား အကုန်လုံးကို တစ်ခဏချင်း အသုံးပြုနိုင်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကောင်းကင်ဘဝဂ်အဆင့် ဆန်းကြယ်စွမ်းအားက ဘယ်လောက်ထိ ကြောက်ဖို့ကောင်းလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်လိုက်ပြီး ပထမဆုံး လီရွှမ်အောက်ကို စိန်ခေါ်လိုက်ပါတယ်။
အသက်ရှူကြိမ် ၁၀ ကြိမ် အကြာမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မကျေမနပ် ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လီရွှမ်အောက်ကို တစ်ချက်တည်း မသတ်နိုင်လို့ပါပဲ။
‘မတက်နိုင်ဘူး... ငါ့စွမ်းအားက တော်တော်လေး အားနည်းသေးတာကိုး’
ဟန်ကျွယ်ရဲ့ ဝိညာဉ်ရတနာက အလွန်စွမ်းအားကြီးတယ်ဆိုပေမဲ့ လီရွှမ်အောက်ရဲ့ ဓားကလည်း မရိုးရှင်းလှပါဘူး။ ဟန်ကျွယ်ဟာ နတ်မင်းအဆင့်က ရန်သူတွေကိုတောင် တစ်ချက်တည်း မသုတ်သင်နိုင်ရင် လီတောက်ခုံးနဲ့ ပခုံးချင်းယှဉ်ဖို့ အတော်ကြိုးစားရအုန်းမှာပါ။
ဟန်ကျွယ်ဟာ လီတောက်ခုံးက ကောင်းကင်ဘဝဂ်အဆင့်ကို မရောက်ခင် နတ်မင်းအဆင့်က ထိပ်သီးကျင့်ကြံသူ အကုန်လုံးကို သတ်နိုင်လား မသတ်နိုင်ဘူးလားဆိုတဲ့ အချက်ကိုတော့ ထည့်သွင်းမစဉ်းစားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ် လိုအပ်နေတာက သူ့ကို ဖိအားပေးနိုင်တဲ့ ပန်းတိုင်တစ်ခုမို့လို့ပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ လီတောက်ခုံးကို ထပ်ပြီးတော့ စိန်ခေါ်ပါတယ်။ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ရှိနေတဲ့ လီတောက်ခုံးဟာ တာအိုဟောကြားတဲ့ မဟာအန္တိမခန်းမမှာ ပုံတူကူးခဲ့တာမို့ အခုလက်ရှိ လီတောက်ခုံးနဲ့ဆိုရင် တော်တော်လေး ကွားခြားလွန်းပါတယ်။
ဒါတောင် တော်တော်လေး ဒုက္ခပေးသေးတဲ့အတွက် တစ်နာရီကြာမှာပဲ ဟန်ကျွယ်ဟာ လီတောက်ခုံးကို အနိုင်ရသွားပါတယ်။
ဟန်ကျွယ်ဟာ အမျက်ချောင်းချောင်း ထွက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာဖျက်ကြာနက်ကြောင့်သာ မဟုတ်ရင် ဟန်ကျွယ်ဟာ လီတောက်ခုံးကို အနိုင်ယူနိုင်မှာ မဟုတ်လို့ပါပဲ။
‘မဖြစ်သေးဘူး... ငါ ဒီလီတောက်ခုံးကို အနိုင်တိုက်ရမယ်’
ဟန်ကျွယ်ဟာ စိတ်လှုပ်ရှားလာပြီး လီတောက်ခုံးကို ဆက်ပြီးတော့ စိန်ခေါ်ပါတယ်။
တိုက်ပွဲပေါင်း ထောင်သောင်းချီ တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ နိုင်လိုက်ရှုံးလိုက်နဲ့ လီတောက်ခုံးရဲ့ အဓိက အားနည်းချက်ကို ရှာဖွေတွေ့ရှိသွားပါတော့တယ်။ အဲဒါကတော့ လီတောက်ခုံးဟာ မာနကြီးပြီး စစချင်း ဘယ်တော့မှ အစွမ်းကုန် ထုတ်မတိုက်ဘဲ ရန်သူကို ဓားသိုင်းမျိုးစုံနဲ့ ကစားတာပါ။
ဒါကြောင့် ဟန်ကျွယ်သာ တိုက်ပွဲစစချင်း အစွမ်းကုန် ထုတ်တိုက်မယ်ဆိုရင် လီတောက်ခုံးကို အနိုင်ရဖို့ ရာခိုင်နှုန်း ပိုများသွားမှာပါ။ အတိတ်မှာတုန်းက ဟန်ကျွယ် အသွင်တူလက်ရည်စမ်းပွဲထဲမှာ တိုက်ခိုက်ခဲ့တဲ့ ပြိုင်ဘက်အများစုဟာ အစကတည်းက စွမ်းအားကုန် ထုတ်တိုက်ကြတာချည်းပါပဲ။ ဒါကြောင့် လီတောက်ခုံးလို အစမှာ စွမ်းအားကုန် ထုတ်မတိုက်တဲ့လူက ကောင်းကင်တာအို ဝိညာဉ်ရတနာထက် ရှားတယ်လို့တောင် ပြောလို့ရပါတယ်။
ဟန်ကျွယ်ဟာ လီတောက်ခုံးရဲ့ အားနည်းချက်ကို ရှာတွေ့သွားလို့ လီတောက်ခုံးကို အနိုင်ယူနိုင်လိမ့်မယ်လို့ မခံစားရပါဘူး။ ဘာြဖစ်လို့လဲဆိုတော့ မဟာအန္တိမခန်းမမှာ တာအိုဟောကြားတာ ပြီးကတည်းက လီတောက်ခုံးရဲ့ အစွမ်းကလည်း ဆက်တိုက် တိုးတက်လာလို့ပါပဲ။ အခုဆိုရင် လီတောက်ခုံးက ကောင်းကင်ဘဝဂ် ကျင့်ကြံသူတောင် ဖြစ်နေပါပြီ။ ဒါကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ်အဆင့်ကို မရောက်ဘူးဆိုရင် ဘယ်နည်းနဲ့မှ လီတောက်ခုံးရဲ့ ပြိုင်ဘက် မဖြစ်နိုင်ပါဘူး။
‘ကောင်းကင်ဘဝဂ် ဆန်းကြယ်စွမ်းအားက စွမ်းအားကြီးတာတော့ ဟုတ်တယ်၊ ဒါပေမဲ့ ငါ့ ဝိညာဉ်စွမ်းအားက မလုံလောက်ဘူး ဖြစ်နေတယ်’
ဒါတောင် ဟန်ကျွယ်မှာ လောကဦး ကြယ်တာရာ ခန္ဓာကိုယ် ရှိနေလို့ပါ။ ဟန်ကျွယ်လို လောကဦး ကြယ်တာရာခန္ဓာကိုယ်မရှိတဲ့ တခြားသက်ရှိတွေကတော့ ကောင်းကင်ဘဝဂ် ဆန်းကြယ်စွမ်းအားကို တတ်မြောက်ထားရင်တောင် လွယ်လင့်တကူ ထုတ်သုံးရဲမှာ မဟုတ်ပါဘူး။
ကောင်းကင်ဘဝဂ်အဆင့်က အလွန်တရာမှ လျှို့ဝှက်ဆန်းကြယ်ပြီး သိမ်မွေ့နက်နဲပါတယ်။ တာအိုကျင့်စဉ်ပဲဖြစ်ဖြစ် ဆန်းကြယ်စွမ်းအားပဲဖြစ်ဖြစ် ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်သွားတာနဲ့ လုံးဝလုံးဝကို ပြောင်းလဲသွားပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ် ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ဖူးပါတယ်။ ကောင်းကင်ဘဝဂ် ကျင့်ကြံသူတွေရဲ့ အထင်ရှားဆုံး အချက်တစ်ချက်က လျှို့ဝှက်ဆန်းကြယ် အထင်ကြီးဖို့ကောင်းပြီး ဘယ်လိုတိုက်တိုက် ဒဏ်ရာရအောင် မလုပ်နိုင်ဘူးလို့ ခံစားရစေတာပါ။ နောက်ပြီး ကောင်းကင်ဘဝဂ်ကျင့်ကြံသူတွေဟာ ဆန်းကြယ်စွမ်းအား အသုံးပြုမယ်ဆိုရင် လက်မြှောက်စရာ မလိုပါဘူး။ အကြည့်တစ်ချက်နဲ့ ပညာရပ်မျိုးစုံကို ထုတ်သုံးနိုင်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ် ဆန်းကြယ်စွမ်းအားကို တတ်မြောက်ပြီးနောက် ကောင်းကင်ဘဝဂ်အဆင့်ကို ပိုပိုရောက်ချင်လာပါတယ်။
‘ငါ အမြန်ကျင့်ကြံမှပဲ... နှစ်တစ်ထောင်အတွင်း ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ရမယ်’
‘မဟုတ်သေးဘူး... နှစ်တစ်ထောင်က သိပ်ပြီးတော့ ယုတ္တိမရှိဘူး... အနည်းဆုံး ငါ့ကိုယ်ငါ့ နှစ် ၂၀၀၀ တော့ ပေးသင့်တယ်’
မြန်မာပြည် ငြိမ်းချမ်းပါစေ။