တာအိုပညာရှိတို့ရဲ့ ကစားပွဲ၊ ကောင်းကင်ဧကရာဇ်လောင်း
Vol. 35 Ch. 395
ဟန်ကျွယ်ဟာ ကျင့်ကြံမှုပန်းတိုင်ကို သေချာ ချမှတ်ပြီးနောက် စတင်ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ်အဆင့်ကိုရောက်မှာ ကြားမှာ မူလဆန်းကြယ် နတ်စွမ်းအားခြောက်ပါးပဲ ရှိပါတော့တယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ်အဆင့်နဲ့ တော်တော်လေး နီးကပ်နေပြီလို့ ပြောလို့ရပါတယ်။
ဟန်ကျွယ် စွမ်းအားပိုကြီးလာသလိုပဲ တိတ်ဆိတ်ဂိုဏ်း တပည့်တွေကလည်း စွမ်းအားပိုကြီးလာကြပါတယ်။ ဒီလိုနဲ့ ၇ နှစ်အကြာမှာ ထူလင်းအာဟာ ဧကရာဇ်အဆင့်ကို ရောက်ရှိသွားပါတယ်။
အမျိုးသမီး တပည့်နှစ်ယောက်က ဧကရာဇ်အဆင့်ကို အရင်ဆုံး ရောက်ရှိသွားတဲ့အတွက် ကျန်တဲ့အမျိုးသား တပည့်တွေလည်း နောက်ကျမကျန်ချင်တာကြောင့် ကျားကုတ်ကျားခဲ ကျင့်ကြံကြပါတော့တယ်။
လျှပ်တပြက်အတွင်း နောက်ထပ် နှစ် ၃၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ဟောင်တျန်နဲ့ လီရွှမ်အောက်ကို ကျိန်စာတိုက်ပါတယ်။ ထုံးစံအတိုင်း ကျိန်စာတိုက်ရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် ကောင်းကင်ရုံးတော် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၄
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နဂါးစစ်မျိုးနွယ်စု တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၀၃၃၂၂
[သင့်မိတ်ဆွေ ကျိုးဖန်သည် သင့်မိတ်ဆွေ သိလန်တျန်၏ ဖိနှိပ်မှုကို ခံရပြီး နေမင်း၌ အကျဉ်းချခံထားရ၏။]
[သင့်မြေးတပည့် ဖန်းလျန်သည် သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်၏ အမွေအနှစ်ကို ဆက်ခံရရှိပြီး ပြိုင်ဘက်ကင်း ဆန်းကြယ်စွမ်းအားတစ်မျိုးအား သင်ယူတက်မြောက်သွား၏။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် နတ်ရွှေကျီးကန်း မိသားစု တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၆၈၉
[သင့်မိတ်ဆွေ ပန်ရှင်းသည် ကပ်ဘေးသခင် ဖြစ်လာ၏။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ကောင်းကင်ရုံးတော်က အချင်းချင်း ပြန်တိုက်နေကြတာလား၊ ဖန်းလျန်ကရော ဘယ်လိုလုပ်ပြီး ကောင်းကင်ဧကရာဇ်ရဲ့ အမွေကို ရသွားတာလဲ’
‘ကျိုးဖန်က သိလန်တျန်ရဲ့ ဖိနှိပ်မှုကိုပဲ ခံရပြီး အသတ်မခံရဘူးဆိုတော့ ဒီကောင် အခြေအနေက အရင်လို မရိုးရှင်းတော့ဘူးပဲ’
‘ပန်ရှင်းလို သူရဲဘောကြောင်တဲ့လူကရော ဘယ်လိုလုပ်ပြီး ကပ်ဘေးသခင် ဖြစ်လာတာလဲ’
ဟန်ကျွယ်ဟာ ပန်ရှင်းအချက်ကို ကြည့်လိုက်ပါတယ်။
[ပန်ရှင်း: ကျင့်ကြံမှုမသိ။ စကြဝဠာ ဖြစ်တည်ပြီးနောက် ပထမဆုံး သက်ရှိများထဲတွင် တစ်ဦးအပါအဝင် ဖြစ်ပြီး အနန္တကပ်ဘေးအား ရင်ဆိုင်တွေ့ကြုံဖူးသည်။ ပန်ရှင်းသည် ကပ်ဘေးထိန်းချုပ်သူကို ကြောက်ရွံ့သဖြင့် ဓားတာအိုမြစ်ထဲ ဝင်ပုန်းခဲ့၏။ သင့်စရိုက်ကြောင့် ပန်ရှင်းသည် သင့်အား စိတ်ဝင်စားလာ၏။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]
‘အို... ဒီအတိုင်းဆို သူက အနန္တကပ်ဘေးကိုပဲ ကြုံတွေ့ဖူးပြီး တစ်ခါမှ အနိုင်မရဖူးဘူးလား... ဟုတ်ပါတယ်လေ... သူ့လိုမျိုး ငကြောက်က ဘယ်လိုလုပ်ပြီး အနန္တကပ်ဘေးမှာ အနိုင်ရမှာလဲ’
ဟန်ကျွယ်ဟာ ပန်ရှင်းကို ဆက်ပြီးတော့ ဂရုမစိုက်တော့ပါဘူး။ ပန်ရှင်း သေသွားလို့လည်း ဟန်ကျွယ်ကို ဘာမှထိခိုက်စေမှာ မဟုတ်ပါဘူး။
လဝက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို အောက်ချပြီး စနစ်ကို မေးလိုက်ပါတယ် “ကောင်းကင်ဧကရာဇ်က ဒီအနန္တကပ်ဘေးမှာ ရှင်သန်နိုင်မလားဆိုတာကို ငါ သိချင်တယ်”
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မရှင်နိုင်ပါ။]
ဒီအဖြေက ဟန်ကျွယ်နှလုံးသားကို ရေခဲရေ လောင်းချလိုက်သလိုပါပဲ။ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
‘ဘယ်လိုဖြစ်ပြီး ဒီလို ဖြစ်လာတာလဲ... ဘာတွေ ထပ်ပြောင်းပြန်ပြီလဲ’
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဒီအနန္တကပ်ဘေးမှာ နောက်ဆုံးအနိုင်ရတဲ့သူက ငါ သိချင်တယ်”
[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘သုံးဘီလီယံ... ဒါ အနည်ဆုံး တာအိုပညာရှိအတုပဲ’
ဟန်ကျွယ်ရဲ့ နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားပါတယ်။
ဆက်တွက်မယ်။
ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ဟာ အမြင်အာရုံဝေဝါးပြီး ပုံရိပ်ယောင်တစ်ခုထဲ လျင်မြန်စွာ ရောက်ရှိသွားပါတယ်။
ပျက်စီးနေတဲ့ ခန်းမထက်မှာ ရုပ်သွင်တစ်ခု လေပေါ် ရပ်နေပါတယ်။ ဒီရုပ်သွင်ရဲ့ ခန္ဓာကိုယ်ကို နဂါးနဲ့ဖီးနစ်သဏ္ဌာန်ရှိတဲ့ ရောင်စုံအလင်းတန်းတွေက ဝန်းရံထားပါတယ်။
‘ဒါ... ကျောက်စိမ်းဧကရာဇ် ကျိုးရန်မလား’
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
‘သူက ကောင်းကင်ဧကရာဇ်ကို နောက်ကွယ်ကနေ ထောက်ပံ့နေတဲ့လူ မဟုတ်ဘူးလား၊ အနန္တကပ်ဘေးကို သူနိုင်မှတော့ ကောင်းကင်ဧကရာဇ်က ဘာလို့ သေရသေးတာလဲ’
‘ဒါမှမဟုတ် ကျောက်စိမ်းဧကရာဇ်က ကောင်းကင်ဧကရာဇ်ကို စတေးလိုက်တာများလား’
ဟန်ကျွယ်ဟာ တွေးလေလေ သူ့အတွေးက ဖြစ်နိုင်လေလေလို့ ခံစားရလေလေပါပဲ။ အဲဒီအချိန်မှာပဲ ခန်းမထဲကို လူတစ်ယောက် လမ်းလျှောက် ဝင်လာပါတယ်။ ဒီလူကတော့ အလွန်တရာမှ သူရဲကောင်းဆန်တဲ့ ကောင်းကင်နတ်ဘုရား စစ်သူကြီးပါ။
ဟန်ကျွယ်ဟာ ကောင်းကင်နတ်ဘုရား စစ်သူကြီးကို မသိပါဘူး။
ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဆီ လျှောက်သွားပြီး ဒူးထောက်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ လက်သီးဆုပ်ပြီး လျှောက်တင်ပါတယ် “အရှင်မင်းကြီး... လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို ကွပ်မျက်လိုက်ပါပြီ”
ကျောက်စိမ်းဧကရာဇ်ဟာ မျက်လုံးမဖွင့်ဘဲ ပြောလိုက်ပါတယ် “ကောင်းကင်တာအိုမှာ ရှိတဲ့ သက်ရှိအားလုံးကို ရှင်းလင်းသုတ်သင်ချည်၊ ငါ ကောင်းကင်တာအို အသစ်ကို ဖန်တီးမယ်”
“ဒါပေမဲ့... ကောင်းကင်တာအိုက...”
“ငါ ကောင်းကင်လျှို့ဝှက်ချက်ကို ဟန့်တားပြီးပြီ၊ မင်း လုပ်စရာရှိတာသာ လုပ်...”
“အမိန့်တော်ကို နာခံပါတယ် အရှင်မင်းကြီး”
ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ မတ်တတ်ရပ်ပြီး ထွက်သွားပါတယ်။
ဒီအဖြစ်အပျက်ကို မြင်လိုက်ရတဲ့ ဟန်ကျွယ်ဟာ အမျက်ချောင်းချောင်း ထွက်သွားပါတယ် ‘ဘယ်လိုဖြစ်ပြီး ဒီကျိုးရန်ကလည်း လောကကြီးကို သုတ်သင်ချင်ရတာလဲ၊ အနန္တကပ်ဘေးကို အနိုင်ရတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ စိတ်ရောဂါ ရှိနေကြတာလား’
ပုံရိပ်ယောင်တစ်ခုလုံး ကွဲကျေသွားပါတယ်။
ဟန်ကျွယ်ရဲ့ သိစိတ်လည်း အစစ်အမှန်ကို ပြန်ရောက်သွားပါတယ် “ကျောက်စိမ်းဧကရာဇ် ကျိုးရန်က ကောင်းကင်ဧကရာဇ်ကို ဘာလို့ သတ်ချင်ရတာလဲ” ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
သက်တမ်း ၂ ဘီလီယံ ဟန်ကျွယ်အတွက် မပြောပလောက်တော့ပါဘူး။
ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲကို ထပ်ရောက်သွားပါတယ်။
ဟန်ကျွယ် ရောက်သွားတဲ့နေရာက အရင်ခန်းမပါပဲ။ ဒါပေမဲ့ မပျက်စီးသေးပါဘူး။ ဟန်ကျွယ်ဟာ ဒီခန်းမက နတ်ဘုရားခန်းမလို့ မှန်းဆလိုက်ပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ ပလ္လင်ပေါ်မှာထိုင်နေပြီး ခန်းမထဲမှာလည်း ရှန်စစ်သူကြီး၊ ဂျိရှင်းရှန်၊ ဖန်းလျန်၊ လီတောက်ခုံး၊ လီရွှမ်အောက်နဲ့ တခြားအင်မော်တယ်အချို့လည်း ရှိနေပါတယ်။
ကောင်းကင်ဧကရာဇ်ရဲ့ မျက်နှာဟာ ခံစားချက်ကင်းမဲ့ပြီး မျက်လုံးတွေကလည်း အေးစက်နေပါတယ်။
“ကောင်းကင်ဧကရာဇ်... မင်းက ငါ့ကို တကယ်ကြီး သစ္စာဖောက်တာလား”
ကျောက်စိမ်းဧကရာဇ် ကျိုးရန်ရဲ့အသံဟာ ခန်းမထဲမှာ ထွက်ပေါ်လာပါတယ်။ အသံဘယ်ကနေ လာလဲဆိုတာတော့ ခန့်မှန်းဖို့ခက်ပါတယ်။
ကောင်းကင်ဧကရာဇ်က အေးစက်စွာ ပြောလိုက်ပါတယ် “ကျုပ် ခင်ဗျားကို သစ္စာမဖောက်ဘူး၊ ခင်ဗျားကသာ ကောင်းကင်ရုံးတော်နဲ့ ကောင်းကင်တာအိုကို သစ္စာဖောက်တာ”
ခန်းမထဲက အင်မော်တယ်တွေဟာ ဘေးဘီဝန်းကျင်ကို လိုက်ကြည့်ကြပေမဲ့ ဘာမှမတွေ့ရပါဘူး။ ဒါကြောင့် အင်မော်တယ်အများစုဟာ တုန်လှုပ်ချောက်ချားသွားကြပါတယ်။
ကျောက်စိမ်းဧကရာဇ်က နှာခေါင်းရှုံ့ပြီး သရော်လိုက်ပါတယ် “မင်း ကောင်းကင်ရုံးတော်ကို အုပ်ချုပ်တာက တကယ်ကြီး ကောင်းကင်တာအို အတွက်လား”
“ခင်ဗျားအကြံက ရူးသွပ်လွန်းတယ်၊ ကျုပ် သက်ရှိအကုန်လုံးကို သတ်ဖြတ်ပြီး ခင်ဗျားတစ်ယောက်တည်း ပိုင်မဲ့ ကောင်းကင်တာအို ဖန်တီးရာမှာ မကူညီပေးနိုင်ဘူး”
ကျောက်စိမ်းဧကရာဇ်က အေးစက်စွာ ပြောလိုက်ပါတယ် “တာအိုပညာရှိတွေတောင် သဘောတူပြီးပြီ၊ မင်းက ဒါကို ဆန့်ကျင်ချင်တာလား”
“ကျုပ် တာအိုဘိုးဘေးကိုပဲ ယုံတယ်”
“တာအိုဘိုးဘေး ပေါ်မလာတာ ဘယ်လောက်တောင် ကြာပြီလဲ၊ သူက ကောင်းကင်တာအိုနဲ့ ပေါင်းစပ်လို့ မပျက်စီးနိုင်တဲ့ တည်ရှိမှုတစ်ခု ဖြစ်နေလောက်ပြီ”
“ဒါဆိုရင် ကျုပ်က ကောင်းကင်တာအိုကို ပိုပြီးတော့ ကာကွယ်သင့်သေးတယ်”
“မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ” ကျောက်စိမ်းဧကရာဇ်ဟာ ဒေါသတကြီး ပြောလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ နတ်ဘုရားခန်းမတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားပါတယ်။
အဲဒီနောက် မြင်ကွင်းတစ်ခုလုံး ကွဲကျေသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘သဘောထား မတိုက်ဆိုင်လို့ ကောင်းကင်ဧကရာဇ်နဲ့ ကျောက်စိမ်းဧကရာဇ်က ရန်သူ ဖြစ်သွားတာလား’
ဟန်ကျွယ်ဟာ ဒီသတင်းကို အရင်တွက်ချက်မှုကနေ သိထားပြီးပြီဆိုပေမဲ့ သက်တမ်းတွေ အလကား ဖြုန်းလိုက်ရတယ်လို့ မခံစားရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ဧကရာဇ်က ကျောက်စိမ်းဧကရာဇ် လက်ချက်နဲ့ သေသွားတာကို သိလိုက်ရလိုက်လို့ပါပဲ။ ရန်သူကို သိမှတော့ ပြန်တိုက်နိုင်ပြီ မဟုတ်ပါလား။
ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ ဗီလိန်နဲ့ တော်တော်လေး ဆင်တူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်လမ်းအများစုမှာ ဗီလိန်အများစုက လောကကြီးကို ဖျက်ဆီးချင်တာ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ကျောက်စိမ်းဧကရာဇ်ရဲ့ ရည်မှန်းချက်က တော်တော်ကြီးမားတယ်လို့ ခံစားလိုက်ရပါတယ်။ သက်ရှိအားလုံးကို ဖျက်ဆီးပြီး တစ်ယောက်တည်းပိုင်တဲ့ ကောင်းကင်တာအိုကို ဖန်တီးတာက လူတိုင်းမတွေးရဲတဲ့ အရာပါ။
‘အိပ်မက်မက်နေလိုက်... မင်း ရည်မှန်းချက် အောင်မြင်ဖို့ ငါ လုံးဝခွင့်ပြုမှာ မဟုတ်ဘူး’
အဲဒီနောက် ဟန်ကျွယ်ဟာ တာအိုပညာရှိတွေတောင် သဘောတူထားပြီးပြီဆိုတဲ့ စကားကို ပြန်အမှတ်ရသွားပါတယ်။
‘ကျောက်စိမ်းဧကရာဇ်ရဲ့ စကားအတိုင်းဆိုရင် ဒီဟာက တာအိုပညာရှိတွေနဲ့ တာအိုဘိုးဘေးကြားက ကစားပွဲလား’ ဟန်ကျွယ်ဟာ အတွေးနဲ့တင် ကြက်သီးမွေးညင်း ထသွားပါတယ်။
တာအိုဘိုးဘေးက ကျင့်ကြံခြင်းတာအိုကို လောကအနှံ့ ဖြန့်ကျက်ခဲ့တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးဆိုတာ လူတိုင်းသိပါတယ်။ ဒါ့အပြင် တာအိုဘိုးဘေးဟာ သက်ရှိအားလုံးကို လမ်းပြခဲ့တဲ့ ပထမဆုံး တာအိုပညာရှိလည်း ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ သူရရှိထားတဲ့ သတင်း အချက်အလက်တွေကနေ တာအိုဘိုးဘေး ကွယ်ပျောက်သွားတာက အဆင့်တက်ဖို့ ကြိုးစားနေတာလို့ မှန်းဆလိုက်ပါတယ်။ ဒါမှမဟုတ် ပိုပြီးစွမ်းအားကြီးလာဖို့ ကောင်းကင်တာအိုနဲ့ ပေါင်းစပ်နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
‘ဒီလိုဆိုရင် ကောင်းကင်တာအိုကို ဆန့်ကျင်တာက တာအိုဘိုးဘေးကို ဆန့်ကျင်တာပဲ မဟုတ်ဘူးလား’
ဟန်ကျွယ်ဟာ တွေးလေလေ သူ့အတွေးက ဖြစ်နိုင်လေလေလို့ ခံစားရလေလေပါပဲ။
‘အနန္တကပ်ဘေးက ပိုပိုပြီးတော့ အန္တရာယ်များလာပါလား..’
‘မဖြစ်ဘူး ငါ ကောင်းကင်ဘဝဂ်အဆင့်ကို အမြန်ဆုံးရောက်ဖို့ လိုနေပြီ၊ မဟုတ်ရင် ကိုယ့်ကိုကိုယ် ကာကွယ်ဖို့တောင် မလွယ်ဘူး’
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူပြီး ကောင်းကင်ဧကရာဇ်နဲ့ ဆက်သွယ်လိုက်ပါတယ်။ မကြာခင်မှာပဲ နတ်အာရုံချင်း ချိတ်ဆက်မိသွားပါတယ်။
“အရှင်မင်းကြီး... ဒီအတောအတွင်း အခြေအနေ ဘယ်လိုရှိလဲ” ဟန်ကျွယ်က တစ်ခါတည်း တန်းမေးလိုက်ပါတယ်။
“အဆင်ပြေပါတယ်၊ ပြဿနာတချို့ရှိတယ်ဆိုပေမဲ့ ကောင်းကင်ရုံးတော်ကို အများကြီး မသက်ရောက်ပါဘူး” ကောင်းကင်ဧကရာဇ်ရဲ့ အသံဟာ ပင်ပန်းနွမ်းလျနေပါတယ်။
“ဒါနဲ့ ငါ မင်းရဲ့ မြေးတပည့်ဖန်းလျန်ကို နောက်တက်မဲ့ ကောင်းကင်ဧကရာဇ်လောင်းအဖြစ် လျာထားလိုက်ပြီ၊ ငါ သူ့ကို ပြုစုပြိုးထောင်ဖို့ စီစဉ်ထားတယ်”
ကောင်းကင်ဧကရာဇ်စကားကြောင့် ဟန်ကျွယ်ရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ ကောင်းကင်တာအိုတိုကင်ဟာ လွတ်ကျလုနီး ဖြစ်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။