← Chapters

ကောင်းကင်ဧကရာဇ်ဖန်လျန်၊ တာအိုဘိုးဘေး၏ မျက်နှာသာပေးမှု

Vol. 35 Ch. 397

ကောင်းကင်ဧကရာဇ်ဖန်လျန်၊ တာအိုဘိုးဘေး၏ မျက်နှာသာပေးမှု

Vol. 35 Ch. 397

ဟန်ကျွယ်ဟာ အစစ်အမှန်ကို ပြန်ရောက်ပြီးနောက် စနစ်ကို မေးလိုက်ပါတယ် “ပဋိပက္ခရုပ်ခန္ဓာ နိုးထလာတဲ့လူသစ်က ဘယ်သူလဲ”

ဒီလူသစ်က ရန်သူဆိုရင် ဟန်ကျွယ်ဟာ အမြန်ဆုံး သတ်ပစ်မှာပါ။ ရန်သူ မဟုတ်ဘူးဆိုရင်တော့ ရန်မစမိအောင် သတိထားနေမှာပါ။

[သက်တမ်း သန်း ၈၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

‘သန်း ၈၀ တည်းလား၊ ဒါဆို ဒီကောင်က သိပ်မစွမ်းလောက်ဘူး၊ အများဆုံး နတ်မင်းအဆင့်မှာပဲ ရှိရမယ်’

ဟန်ကျွယ်ရှေ့မှာ စာကြောင်းတွေ ပေါ်လာပါတယ်။

[ကျောက်ရွှမ်ယွမ်: မူလဆန်းကြယ် နတ်စွမ်းအား သုံးပါး။ လူသားဧကရာဇ်၏ မျိုးဆက်ဖြစ်ပြီး တာအိုပညာရှိတစ်ပါး၏ တပည့်ဖြစ်သည်။ မွေးဖွားစဉ်က လူသားဧကရာဇ် ဝိညာဉ်တစ်ပါးနှင့် ပေါင်းစပ်ခဲ့ပြီး လူသားမျိုးနွယ်စု၏ ပြုပြင်ပြောင်းလဲမှုကြောင့် ပဋိပက္ခရုပ်ခန္ဓာ နိုးထလာခဲ့၏။ ကြီးမားသော ကံတရား အထောက်အပံ့ရှိပြီး လူသားဧကရာဇ်ဖြစ်လာဖို့ ကံပါ၏။]

‘အို... တာအိုပညာရှိတပည့်ဆိုတော့ နောက်ခံက မရိုးဘူးပဲ’

‘ကြည့်ရတာ ဒီကောင်က နောက်ခေတ်မှာ ဆရာကြီးဖြစ်လာမဲ့ပုံပဲ’

ဟန်ကျွယ်ဟာ ဘာမှ ထူးထူးခြားခြား မခံစားရပါဘူး။ မူလဆန်းကြယ် နတ်စွမ်းအားသုံးပါးက ဟန်ကျွယ် မျက်လုံးထဲ မဝင်တော့ပါဘူး။ သူ့အောက် အဆင့်နိမ့်တဲ့သူက သူ့ကို ကျော်တက်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တာပါ။ ဒါက ဟန်ကျွယ်ရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုပါပဲ။

‘ငါ့ခန္ဓာကိုယ်က လောကဦးရုပ်ခန္ဓာပဲ၊ ပဋိပက္ခရုပ်ခန္ဓာလောက်တော့ တောက်ချလိုက်လို့ ရတယ်’

စွမ်းအားကြီးလာလေလေ အစွမ်းချင်းယှဉ်ဖို့ ခက်လာပါတယ်။ ဒါပေမဲ့ အရည်အချင်းချင်း ယှဉ်မယ်ဆိုရင်တော့ ဟန်ကျွယ်ဟာ ဘယ်သူ့ကိုမှ မကြောက်ပါဘူး။ အဆင့်တူရင် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအလျင်ကို ဘယ်သူ့မှ လိုက်မမီပါဘူး။

သူတို့ကို ကောင်းကင်တာအိုက ဘေးတံခါးဖွင့်ပေးလိုက်ရင်တော့ တစ်မျိုးပေါ့။

အဲဒီနောက် ဟန်ကျွယ်ဟာ အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက်ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးကို နှစ် ၃၀၀ အတွင်း ရောက်ရှိဖို့ လိုအပ်ပါတယ်။ ဒါမှသာ နှစ် ၂၀၀၀ အတွင်း ကောင်းကင်ဘဝဂ်အဆင့်ကို ထိုးဖောက်ဖို့ မျှော်လင့်ချက် ရှိမှာပါ။

တခြားတစ်ဖက်မှာတော့ အင်မော်တယ်ကမ္ဘာရဲ့ အခြေအနေဟာ လုံးဝ ပြောင်းလဲသွားပါတယ်။

ကောင်းကင်ဧကရာဇ် သေဆုံးမှုဟာ ကောင်းကင်ရုံးတော်ကို တော်တော်လေး ဝရုန်းသုန်းကား ဖြစ်သွားစေပါတယ်။ အင်မော်တယ်နဲ့ နတ်ဘုရား တော်တော်များများဟာ ကောင်းကင်ရုံးတော်ကို သစ္စာဖောက်သွားကြပါတယ်။ ဒ့ါအပြင် ကောင်းကင်ဧကရာဇ်အသစ် ဖန်းလျန်ကလည်း အင်မော်တယ်ဧကရာဇ်အဆင့်ပဲ ရှိတဲ့အတွက် လှောင်စရာပြက်လုံးတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒီလိုနဲ့ ကောင်းကင်ရုံးတော်ကို အထင်အမြင်သေးတဲ့ သက်ရှိတွေ ပိုပိုများလာပါတယ်။ အမှောင်သခင်ကြီးကတော့ ကောင်းကင်ဘုံမှာ လူပြောအများဆုံး အကြောင်းအရာတစ်ခု ပြန်ဖြစ်လာပါတယ်။

၁၇ နှစ်ဆိုတာက သေမျိုးကမ္ဘာအတွက် အလွန်ကြာပါတယ်။ ဒါပေမဲ့ အင်မော်တယ်ကမ္ဘာအတွက်တော့ မျက်တောင်တစ်ခတ်ပါပဲ။

စိတ်ဝိညာဉ်နန်းတော်၊ နတ်ဘုရားခန်းမ။

အင်မော်တယ်တွေဟာ ပလ္လင်ပေါ်မှာထိုင်နေတဲ့ ဖန်းလျန်ကို ကြည့်လိုက်ကြပါတယ်။ ဖန်းလျန်ဟာ ကောင်းကင်ဧကရာဇ် ဝတ်ရုံကို ဆင်မြန်းထားတာကြောင့် နဂိုနဲ့မတူဘဲ ကိုယ်ရှိန်ပြင်းနေပါတယ်။ လီတောက်ခုံး၊ လီရွှမ်အောက်၊ ဂျိရှင်းရှန်၊ ဟွမ်ဂျိဟောင်၊ ရှန်စစ်သူကြီး၊ ကောင်းကင်နတ်ဘုရား စစ်သူကြီး၊ သိုင်းနတ်ဘုရား စစ်သူကြီး စတဲ့ အင်မော်တယ်တွေလည်း ခန်းမထဲမှာ ရှိနေကြပါတယ်။

ဂျိရှင်းရှန်ဟာ ဖန်းလျန်ကို အကြည့်နဲ့ အားပေးနေပါတယ်။

ဖန်းလျန်က တစ်လုံးချင်း ပြောလိုက်ပါတယ် “ဒါက ငါ ကောင်းကင်ဧကရာဇ်အဖြစ်နဲ့ အနန္တကပ်ဘေးကို ပထမဆုံးအကြိမ် ရင်ဆိုင်ရတာပဲ၊ ဒါကြောင့် မင်းတို့တွေရဲ့ ကူညီထောက်ပံမှုကို ငါ လိုအပ်တယ်၊ ဒါပေမဲ့ ကောင်းကင်ရုံးတော်က အမြဲတမ်း ကောင်းကင်တာအိုရဲ့ ဥပဒေကို ထိန်းသိမ်းသူပဲ၊ ဒါကြောင့် သက်ရှိအကုန်လုံးကို ကာကွယ်ဖို့ ကောင်းကင်ရုံးတော်မှာ တာဝန်ရှိတယ်”

အင်မော်တယ်တွေဟာ ချက်ချင်း ဒူးထောက်ပြီး အမြော်အမြင်ကြီးမားကြောင်း ချီးမွမ်းကြပါတယ်။

ရွမ်လိန့်ကျောင်းတော်ရဲ့ တပည့်နှစ်ယောက်ပဲ ဒူးမထောက်ဘဲ ရှိနေကြပါတယ်။ အရင်တုန်းကလည်း သူတို့နှစ်ယောက်ဟာ ကောင်းကင်ဧကရာဇ်ကို ဒူးမထောက်ခဲ့ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်က ကောင်းကင်ရုံးတော်က မဟုတ်ဘဲ ကောင်းကင်ရုံးတော်ကို ကူညီပေးနေတာကြောင့်ပါ။ ရွမ်လိန့်ကျောင်းတော်ရဲ့ အင်အားကြောင့်လည်း ပါပါတယ်။

“အခုအချိန်မှာ ကောင်းကင်ရုံးတော်က လူသားတွေနဲ့ တိုက်ခိုက်တာရပ်ပြီး ပိုင်ဆိုင်ထားတဲ့ နယ်မြေတွေကို အထိုင်ကျအောင်လုပ်သင့်တယ်၊ အင်မော်တယ်နဲ့ နတ်ဘုရားတွေကလည်း လူသားတွေကို ကာကွယ်သင့်တယ်၊ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် လူသားမျိုးနွယ်စု တစ်စုလုံးနဲ့ ရန်သူဖြစ်ဖို့ မသင့်တော်ဘူး၊ အင်မော်တယ်တွေက လူဆိုးကြမ်းပိုးလည်း မဟုတ်သလို သားသတ်သမားလည်း မဟုတ်ဘူး”

ဖန်းလျန်ရဲ့စကားကြောင့် အင်မော်တယ်နဲ့ နတ်ဘုရားတွေကြားမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါတယ်။

လူသားမျိုးနွယ်စုနဲ့ တိုက်ခိုက်တာက အရင်ကောင်းကင်ဧကရာဇ်ရဲ့ အမိန့်ပါ။ ဖန်းလျန်က ပလ္လင်ပေါ် ရောက်ရောက်ချင်း ပေါ်လစီကို ပြောင်းလိုက်တဲ့အတွက် အင်မော်တယ်နဲ့ နတ်ဘုရား အများစုက ဘဝင်မကျ ဖြစ်သွားပါတယ်။

လီတောက်ခုံးကတော့ ပြုံးလိုက်ပါတယ်။ သူ ဘာတွေးနေလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ ဒါပေမဲ့ အင်မော်တယ်နဲ့ နတ်ဘုရားတွေကတော့ လီတောက်ခုံးရဲ့ အရိပ်အခြေကို ကြည့်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူသားမျိုးနွယ်စုကို တိုက်ခိုက်တုန်းက လီတောက်ခုံးဟာ ပထမဆုံး ပံ့ပိုးသူမို့လို့ပါပဲ။

“အရှင်မင်းကြီး ပြောတာ မှန်ပါတယ်၊ လူသားတွေကိုလည်း အတန်အသင့် သတိပေးပြီးပြီဆိုတော့ ကျွန်တော်တို့ ရွမ်လိန့်ကျောင်းတော်က အရှင်မင်းကြီးရဲ့ အစီအစဉ်ကို ပံ့ပိုးပေးပါ့မယ်”

လီတောက်ခုံးရဲ့ စကားကြောင့် အင်မော်တယ်တွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါတယ် ‘ရွမ်လိန့်ကျောင်းတော်က ဘယ်လိုလုပ်ပြီး ဘက်ပြောင်းသွားတာလဲ... ဒါမှမဟုတ်...’

အင်မော်တယ်တွေဟာ ဖန်းလျန်နဲ့ လီတောက်ခုံးကိုကြည့်ရင်း တစ်စုံတစ်ခုကို သဘောပေါက်သွားပါတယ်။

‘ဖန်းလျန် ကောင်းကင်ဧကရာဇ် ဖြစ်လာတာ အံဩစရာ မရှိတော့ပါဘူး၊ လီတောက်ခုံးက နောက်ကနေ ပံ့ပိုးပေးထားတာကိုး၊ အရင်ကောင်းကင်ဧကရာဇ်က ရွမ်လိန့်ကျောင်းတော်နဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ချင်လို့ ဖန်းလျန်ကို ရွေးချယ်လိုက်တာ ဖြစ်ရမယ်’

ဒီအတွေးကြောင့် အင်မော်တယ်နဲ့ နတ်ဘုရားတွေဟာ ဖန်းလျန်ကို အထင်မသေးရဲကြတော့ပါဘူး။

ပလ္လင်ပေါ်မှာထိုင်နေတဲ့ ဖန်းလျန်လည်း လီတောက်ခုံးရဲ့ ရပ်တည်မှုကြောင့် တော်တော်လေး အံဩသွားပါတယ်။ ဖန်းလျန်ဟာ လီတောက်ခုံးက ရင်ဆိုင်ရခက်မယ်လို့ ထင်ခဲ့တာပါ။ အခုလိုမျိုး သူ့ကို ပံ့ပိုးပေးလိမ့်မယ်လို့ မတွေးထားခဲ့ပါဘူး။

‘ဘာတွေ ဖြစ်ကုန်တာလဲ၊ ဒါ ကောင်းကင်ဧကရာဇ်ဟောင်းရဲ့ စီစဉ်မှုလား’

နှစ် ၃၀ ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ ရုတ်တရက် အတွေးတစ်ခု ရသွားပါတယ် ‘ကောင်းကင်ဧကရာဇ်က သူ သေချင်ယောင်ဆောင်တာကို ပြောပြီး ငါ့ကို စမ်းသပ်တာများလား’

ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကောင်းကင်ဧကရာဇ်ကို အိပ်မက်ထဲ ဆွဲခေါ်လိုက်ပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်နဲ့ ကောင်းကင်ဧကရာဇ်နှစ်ယောက်လုံး အိပ်မက်ထဲ ရောက်သွားပါတယ်။

ကောင်းကင်ဧကရာဇ်ဟာ အမှောင်သခင်ကြီးကို ထပ်တွေ့ရတဲ့အတွက် တုန်လှုပ်ခြင်း မရှိပါဘူး။

ဟန်ကျွယ်ဟာ သရော်သံနဲ့ ပြောလိုက်ပါတယ် “မင်း သေချင်ယောင်ဆောင်ရုံနဲ့ ငါ့လက်ကနေ လွတ်မယ်လို့ ထင်နေတာလား”

“ခင်ဗျား ဘယ်လိုသိတာလဲ” ကောင်းကင်ဧကရာဇ်က မေးလိုက်ပါတယ်။

“အရင်တုန်းက ဇုထူလည်း သေချင်ယောင်ဆောင်တာပဲ၊ ဒါပေမဲ့ တကယ်သေချင်တဲ့ သူ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးလိုက်ပါတယ်”

ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်နည်းနည်း ကြုတ်သွားပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ရဲ့စကားကို သံသယမဝင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဇုထူရဲ့ ကျင့်ကြံမှုနဲ့ သေအောင် ကျိန်စာတိုက်ခံရဖို့ဆိုတာ ဖြစ်‌နိုင်ချေနည်းလို့ပါပဲ။

ဒါပေမဲ့ ဒီလောက်ကြာတာတောင် ဇုထူကို မတွက်ချက်နိုင်တဲ့အတွက် တကယ်သေသွားတာ ဖြစ်ဖို့ များပါတယ်။ ကျို့ယိုငရဲမှာ ဇုထူပေါ်လာတယ်လို့ သတင်းကြားပေမဲ့ ကောင်းကင်ဧကရာဇ်က မယုံပါဘူး။ နတ်ရွှေကျီးကန်း မိသားစုက ထောင်ချောက်ဆင်ပြီး ရန်သူကိုမြား‌‌ခေါ်တယ်လို့ပဲ ယုံကြည်ထားပါတယ်။

ကောင်းကင်ဧကရာဇ် ဒီလိုထင်တာ မှားတော့မမှားပါဘူး။ ကျို့ယိုငရဲထဲဝင်သွားတာ ရှန်နန်းတော် ကျင့်ကြံသူတွေ အကုန်လုံး တစ်ယောက်မှ ပြန်မထွက်လာဘူး မဟုတ်ပါလား။ ဒါ့အပြင် ကျယ်ကျောင်းတော် တပည့်တွေရဲ့ အဆိုအရ ရှန်နန်းတော် ကျင့်ကြံသူ အကုန်လုံးကို နတ်ရွှေကျီးကန်း မိသားစုကို ဖိနှိပ်ထားပါတယ်တဲ့။

ကောင်းကင်ဧကရာဇ်ဟာ မျက်စိမှေးလိုက်ပါတယ် “ခင်ဗျားက ကျုပ်ကို ပစ်မှတ်ထားချင်တာလား”

“မင်းကသာ ငါ့ကို ပစ်မှတ်ထားနေတာ မဟုတ်ဘူးလား”

“ဒါဆို ခင်ဗျား ဘာလုပ်ချင်တာလဲ”

“မင်းကို ငါ့နယ်ရုပ်လုပ်စေချင်တယ်”

ဒါက ဟန်ကျွယ် တွေးလို့ရတဲ့ နည်းလမ်းပါ။ အမှောင်သခင်ကြီးမှာ ရည်ရွယ်ချက် မရှိဘူးဆိုရင် ကောင်းကင်ဧကရာဇ်က ကျိန်းသေပေါက် သံသယဝင်လာမှာပါ။

ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပြီး ဒေါသကြောင့် မျက်လုံးတွေ နီရဲလာပါတယ်။

ဟန်ကျွယ်က ဆက်ပြောလိုက်ပါတယ် “ဒါကတော့ ငါက တာအိုဘိုးဘေး ဖန်တီးထားတဲ့ ကောင်းကင်တာအိုရဲ့ ရွှေခေတ်ကို ကာကွယ်ချင်ရုံပါ၊ အဲဒီတော့ မင်းငါ့နယ်ရုပ်လုပ်တာက တာအိုပညာရှိတွေရဲ့ နယ်ရုပ်လုပ်တာထက် ပိုကောင်းပါတယ်”

ကောင်းကင်ဧကရာဇ်ဟာ မျက်နှာ အကြီးအကျယ် ပျက်သွားပါတယ်။

ဟန်ကျွယ်ဟာ အိပ်မက်ကို အဆုံးသတ်ရင်း ပြောလိုက်ပါတယ် “တစ်ခါတစ်လေမှာ ကိုယ့်နောက်ကလူကို ယုံလို့မရဘူး၊ အထူးသဖြင့် ကောင်းကင်တာအိုနဲ့ ပတ်သက်လာရင်ပေါ့”

အစစ်အမှန်ကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ သူ့သရုပ်ဆောင်မှုကို ကျေနပ်သွားပါတယ်။

တာအိုဘိုးဘေးက ကောင်းကင်ဧကရာဇ်ရဲ့ အားနည်းချက်ပါ။ တာအိုဘိုးဘေးအတွက် ကောင်းကင်ဧကရာဇ်ဟာ ကျောက်စိမ်းဧကရာဇ်ကျိုးရန်ကို အသက်စွန့်ပြီး ဆန့်ကျင်ခဲ့တာ မဟုတ်ပါလား။

‘ဒီလိုဆိုရင် ကောင်းကင်ဧကရာဇ်နဲ့ အမှောင်သခင်ကြီးက သဘောတူညီချက်ရသွားပြီ ထင်တာပဲ’

[တာအိုဘိုးဘေးသည် သင့်အား အကောင်းမြင်စိတ် ရှိသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]

ရုတ်တရက်ပေါ်လာတဲ့ စာတစ်ကြောင်းကြောင့် ဟန်ကျွယ်ဟာ ထခုန်မတက် ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ ချက်ချင်းပဲ လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်ပါတယ်။ တာအိုဘိုးဘေးရဲ့ ပုံရိပ်ဟာ လုံးဝမည်းနက်ပြီး ဟန်ကျွယ်ရဲ့ မိတ်ဆွေတွေထဲမှာ လုံးဝထူးခြားနေပါတယ်။

[တာအိုဘိုးဘေး: ကျင့်ကြံမှုမသိ။ ပဋိပက္ခ နတ်ဘီလူး၊ တာအို တည်ထောင်သူ၊ ကောင်းကင်တာအို၏ စိတ်ဆန္ဒ၊ တာအိုပညာရှိတို့၏ ဘိုးဘေး၊ အနှိုင်းမဲ့နတ်မင်း၊ တာအိုဖြတ်ကျော်ပညာရှိ၊ အနန္တအရှင်သခင်။ ဓမ္မကိုယ်ပွားများစွာ ပိုင်ဆိုင်သည်။ ကောင်းကင်တာအိုထဲရှိ တာအိုဘိုးဘေး၏ စိတ်ဆန္ဒသည် သင်က သူ့အတွက် ကြံစည်နေသည်ကို သိရှိပြီး သင့်အပေါ် အကောင်းမြင်စိတ် ဝင်သွား၏။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]

ဟန်ကျွယ်ဟာ အသက်ရှူသံ မြန်သွားပါတယ် ‘အံဩဖို့ကောင်းလိုက်တာ... တာအိုဘိုးဘေးက ငါ အိပ်မက်ထဲမှာ ရှိနေတာကိုတောင် တွက်ချက်နိုင်တာလား၊ ဒါမှမဟုတ် တာအိုဘိုးဘေးက အဖြစ်အပျက် အကုန်လုံးကို မြင်ပြီးသားလား’

ဟန်ကျွယ်ဟာ တွေးလေလေ ကျောစိမ့်လေလေပါပဲ။ စိတ်ဆန္ဒတစ်ခုကတောင် ဒီလောက် ကြောက်ဖို့ကောင်းနေရင် ခန္ဓာစစ်ရဲ့ စွမ်းအားက ဘယ်လောက်ထိတောင် မြင့်မားနေပြီလဲ။

‘တာအိုဘိုးဘေးက မြှောက်ပြောတာကို ကြိုက်တာလား၊ မဟုတ်လောက်ဘူး... တာအိုဘိုးဘေးက ကောင်းကင်ဧကရာဇ်ကို စောင့်ကြည့်နေတုန်း ငါ့စကားကို ကြားသွားတာ ဖြစ်ရမယ်’

ကောင်းကင်တာအိုဘက်ကနေ ကြည့်မယ်ဆိုရင် ဟန်ကျွယ် လုပ်နေတာတွေ အကုန်လုံးကို တာအိုဘိုးဘေး ဖန်တီးထားတဲ့ ကောင်းကင်တာအိုကို ကာကွယ်နေတာပါ။ ဒီအတွေးကြောင့် ဟန်ကျွယ်ဟာ ဘာဖိအားမှ မခံစားရတော့ပါဘူး။

‘ငါက တာအိုဘိုးဘေးကို ဒုက္ခပေးမဲ့လူမှ မဟုတ်တာ၊ ဘာကြောက်စရာ ရှိလို့လဲ၊ ဒါပေမဲ့ ငါ့တပည့်တွေကို မဟုတ်တာတွေ မပြောမိအောင် ကြိုပိတ်ထားရမယ်၊ တာအိုဘိုးဘေးက အသက်ရှင်နေသေးတယ်’

စိတ်ဆန္ဒတစ်ခုကတောင် သက်ရှိအကုန်လုံး နှိုင်းယှဉ်မရတဲ့ တည်ရှိမှုတစ်ခုပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters