← Chapters

ကျိုးဖန်၏ နောက်ခံ၊ ကျယ်ကျောင်းတော်အား ထိန်းချုပ်ခြင်း

Vol. 35 Ch. 399

ကျိုးဖန်၏ နောက်ခံ၊ ကျယ်ကျောင်းတော်အား ထိန်းချုပ်ခြင်း

Vol. 35 Ch. 399

ဟန်ကျွယ်ဟာ လီတောက်ခုံးက တာအိုအရှင်သခင်ကို သွားကယ်ဖို့ သဘောတူလား မတူလား မသိပါဘူး။ သဘောမတူရင်တောင် ဟန်ကျွယ်က ဘာမှလုပ်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တာအိုအရှင်သခင်က သေဖို့ထိုက်တန်လို့ပါပဲ။

တာအိုအရှင်သခင်ရဲ့ အရည်အချင်းက အင်မော်တယ်ကမ္ဘာမှာ ထိပ်တန်းပါ။ ဒါကို အေးအေးဆေးဆေး မကျင့်ကြံဘဲ လျှောက်သွားနေတဲ့အတွက် ပိုးစိုးပက်စက်သေရင်တောင် ဟန်ကျွယ်က သနားမှာ မဟုတ်ပါဘူး။

‘ကျန်းယီတောင် စိတ်သစ်လူသစ် ဖြစ်သွားပြီ၊ ဒီတာအိုအရှင်သခင်က ဘယ်တော့မှ ပြောင်းလဲမှာလဲ’

ဟန်ကျွယ်ဟာ နောက်ကျရင် တာအိုအရှင်သခင်ကို ပြန်ပေးဆွဲပြီး ဆုံးမဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် တာအိုအရှင်သခင်မှာ ပဋိပက္ခရုပ်ခန္ဓာ ရှိတဲ့အတွက် တိတ်ဆိတ်ဂိုဏ်းထဲဝင်ဖို့ အရည်အချင်း ပြည့်မီပါတယ်။

မှောင်မိုက်တဲ့ အာကာသ၊ နေတစ်စင်း။

ကျိုးဖန်ဟာ နေမီးလျှံစစ်တွေကို အားပါတရ စုပ်ယူနေတဲ့အတွက် တစ်ကိုယ်လုံး မီးဟုန်းဟုန်းတောက်ပြီး မီးလူသား ဖြစ်နေပါတယ်။ ဒါပေမဲ့ မျက်လုံးတွေကတော့ ကြည်လင်ပြတ်သားနေပြီး အမှောင်ထုကို စိုက်ကြည့်နေပါတယ်။

‘ပြီးခါနီးပြီ... ပြီးခါနီးပြီ... ပြီးခါနီးပြီ’

ကျိုးဖန်ဟာ အံကြိတ်ရင်း ပင့်သက်ရှိုက်လိုက်ပါတယ်။

ဒီအချိန်မှာပဲ အံအားသင့်တဲ့ အသံတစ်သံ ထွက်ပေါ်လာပါတယ်။

“မင်းက နေမီးလျှံစစ်ကို တကယ်ကြီး စုပ်ယူနိုင်တာလား၊ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

“နေပါအုန်း... မင်းဝိညာဉ်ထဲမှာ ဘယ်လိုလုပ်ပြီး မိုးမြေအာကာသာ ဆေးအိုး ရှိနေရတာလဲ” သိလန်တျန်ဟာ ရင်တုန်ပြီး အသံပြာသွားပါတယ်။

ကျိုးဖန်က အေးစက်စွာ ပြန်ပြောပါတယ် “ဘာလဲ၊ အခုမှ ကြောက်နေတာလား”

“မင်း ဘယ်သူလဲ” သိလန်တျန်က ဒေါသတကြီး မေးလိုက်ပါတယ်။ သိလန်တျန်ဟာ ကျိုးဖန်ကို အထင်သေးပုံ ပေါ်နေပေမဲ့ လက်တွေတုန်ပြီး ချွေးစေးတွေ ထွက်လာပါတယ်။

သိလန်တျန်ဟာ နတ်ရွှေကျီးကန်း မိသားစုရဲ့ ဦးစီး ကောင်းကင်ဘဝဂ်ကျင့်ကြံသူပါ။ ဒီလိုလူမျိုးကို ကြောက်လန့်စေနိုင်တဲ့ မိုးမြေအာကာသာ ဆေးအိုးက သာမန်မဟုတ်ဘူးဆိုတာ ကလေးတောင် သိပါတယ်။

ကျိုးဖန်က အော်ပြောလိုက်ပါတယ် “ငါက သေမျိုးပဲ၊ ဘာလဲ၊ မင်းက မိုးမြေအာကာ ဆေးအိုးကို တွေ့လိုက်ရလို့ ကြောက်နေတာလား၊ ဟားဟား... အခုမှ လာကြောက်နေတာလား”

သိလန်တျန်ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပါတယ်။

ကျိုးဖန်ဟာ မိစ္ဆာပြုံး ပြုံးလိုက်ပါတယ် “ဒီကံတရားကို ရှင်းပစ်ချင်ရင် ငါ့ကို ဒီနေ ပေးရမယ်၊ ဒီနေတစ်စင်းတည်း မဟုတ်ဘူး၊ နောက်ထပ် နေအများကြီးလည်း ပေးရမယ်၊ မရှင်းချင်ရင်လည်း ရတယ်”

သိလန်တျန်ရဲ့ မျက်လုံးထဲမှာ သတ်ဖြတ်ငွေ့တွေ ယှက်သမ်းသွားပါတယ် “တကယ်လား”

ကျိုးဖန်ဟာ ပြုံးလိုက်ပြီး ဘာမှပြန်မဖြေပါဘူး။

သိလန်တျန် ရုတ်တရက် လက်မြှောက်လိုက်တဲ့အခါမှာ အလွန်များပြားတဲ့ နေမီးလျှံစစ်တွေ လက်ဖဝါးထဲ စုစည်းသွားပါတယ်။ အဲဒီနောက် လက်ဖဝါးထဲကနေ ထိုးထွက်ပြီး ခြေသုံးချောင်းရှိတဲ့ ရွှေကျီးကန်းတစ်ကောင် ဖြစ်သွားပါတယ်။ သိလန်တျန် လက်ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ ကြီးမားလှတဲ့ ခြေသုံးချောင်း ရွှေကျီးကန်းဟာ နေမင်းကို မြိုချလိုက်ပါတော့တယ်။

ဒီလိုနဲ့ နောက်ထပ် ၁၀ နှစ် ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စာအိတ်ကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ ကျိုးဖန်သည် နတ်ဝိညာဉ်နိုးထပြီး မိုးမြေအာကာသ ဆေးအိုး၏ ကံတရား အထောက်အပံ့ကို ရရှိသွားသောကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]

[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နတ်ရွှေကျီးကန်း မိသားစုမှ နတ်မင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်မိတ်ဆွေ လီတောက်ခုံးသည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မြေးတပည့် ဖန်းလျန်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]

[သင့်မိတ်ဆွေ လီတောက်ခုံးသည် တာအိုစာပေအား သိမြင်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ဟောင်တျန်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]

[သင့်မိတ်ဆွေ တာအိုအရှင်သခင်သည် သင့်မိတ်ဆွေ လီတောက်ခုံး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

ကျိုးဖန်တစ်ယောက်ပဲ ဟန်ကျွယ်အာရုံကို ဆွဲဆောင်နိုင်ပါတယ်။ ကျန်တဲ့စာစောင်တွေက ဘာမှမဟုတ်ပါဘူး။

မိုးမြေအာကာသ ဆေးအိုးက နာမည်ကြားရုံနဲ့တင် အထင်ကြီးဖို့ ကောင်းပါတယ်။ စာစောင်ထဲမှာ နာမည်ပါတဲ့ ဝိညာဉ်ရတနာဖြစ်တာကြောင့် ဒီရတနာဟာ ကျိန်းသေပေါက် ကောင်းကင်တာအို အကောင်းစား ရတနာ ဖြစ်မှာပါ။

ဟန်ကျွယ်ဟာ သိချင်စိတ်နဲ့ စနစ်ကို မေးလိုက်ပါတယ် “ကျိုးဖန်က ဘယ်လိုလုပ်ပြီး အခွင့်အရေးတွေ ဆက်တိုက်ရနေတာလဲ”

[သက်တမ်း ၅ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

‘၅ ဘီလီယံတောင်... ဘာလဲဟ... ဒါက ကျောက်စိမ်းကျိုးရန်ထက်တောင် မြင့်နေပါ့လား’

ဟန်ကျွယ်ဟာ သိချင်စိတ်ကို ထိန်းမရတာကြောင့် အံကြိတ်ပြီး ဆက်တွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

[ကျိုးဖန်: တတိယအဆင့် အင်မော်တယ်ဧကရာဇ်၊ တာအိုပညာရှိတစ်ပါး၏ ဓမ္မကိုယ်ပွားဖြစ်ပြီး ပြန်လည်မွေးဖွားခြင်း စက်ဝန်း၌ သေမျိုးခန္ဓာကိုယ်အဖြစ် အသွင်ပြောင်းလဲခဲ့သည်။ သူ့ကံတရား အထောက်အပံ့သည် မိုးမြေအာကာသ ဆေးအိုး၌ ပုန်းအောင်းနေခဲ့၏။ ဘုံပျံတက်စဉ်တွင် ကောင်းကင်တာအိုသည် သူ့ဝိညာဉ်ထဲရှိ မိုးမြေအာကာသ ဆေးအိုးနှင့် ပေါင်းစပ်ခဲ့သည်။ ထို့ကြောင့် ကောင်းကင်တာအို၏ နတ်အာရုံမှလွှဲလျှင် မိုးမြေအာကာသ ဆေးအိုးကို မည်သူမှ မမြင်တွေ့နိုင်ခဲ့ချေ။ သူ့ခန္ဓာစစ်သည် ခုနစ်ပါးတာအိုပညာရှိတည်း။]

ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ် ‘ကျိုးဖန်က တကယ်ကြီး တာအိုပညာရှိရဲ့ ဓမ္မကိုယ်ပွားလား... ဒီလောက် ယုတ္တိမရှိအောင် ကံကောင်းနေတာ အံဩစရာ မရှိတော့ပါဘူး’

‘နေပါအုန်း... ခုနစ်ပါး တာအိုပညာရှိဆိုတော့... ဒါ ငါ့မိတ်ဆွေပဲ’

မဟာအန္တိမခန်းမမှာ တာအိုဟောကြားမှု ပြီးဆုံးသွားတဲ့အခါ ဘိုးဘေးရှီတျန်၊ သိကျွင်း၊ ကျောက်စိမ်းဗောဓိနဲ့ ခုနစ်ပါးတာအိုပညာရှိတို့ဟာ ဟန်ကျွယ်အပေါ် မျက်နှာသာပေးမှု ရှိခဲ့ပါတယ်။

ဟန်ကျွယ်ဟာ ချက်ချင်းပဲ လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်ပါတယ်။

[ခုနစ်ပါးတာအိုပညာရှိ: ကျင့်ကြံမှုမသိ။ မဟာတာအို နတ်စိတ်ဝိညာဉ်။ မဟာတာအို ခုနစ်ပါးအား ထိန်းချုပ်ပြီး မဟာတာအို အနန္တကပ်ဘေးအား ရင်ဆိုင်ကြုံတွေ့ဖူးသူ ဖြစ်သည်။ အဆုံးအသတ် အပျက်အစီး၏ နတ်ဘုံ၌ နေထိုင်ပြီး ဘိုးဘေးရှီတျန်က သင့်ကို ချီးကျူးသောကြောင့် သင့်အား အကောင်းမြင်စိတ် ဝင်လာခြင်းတည်း။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်။]

‘ခုနစ်ပါးတာအိုပညာရှိက ဘိုးဘေးရှီတျန်ထက် မျက်နှာသာပေးမှုများနေတာ အံဩစရာ မရှိတော့ပါဘူး၊ ဒီကိစ္စက ကျိုးဖန်နဲ့ ဆက်စပ်နေတာပဲ ဖြစ်ရမယ်’

ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ်။

ဘာပဲဖြစ်ဖြစ် ကျိုးဖန်ရဲ့နောက်ခံက ရန်သူ မဟုတ်တဲ့အတွက် ဟန်ကျွယ်ဟာ စိုးရိမ်ပူပန်ခြင်း မရှိပါဘူး။ ဒါ့အပြင် ဟန်ကျွယ်ရဲ့ တွက်ချက်မှုတိုင်းမှာလည်း ခုနစ်ပါးတာအိုပညာရှိရဲ့ သတင်းကို အရိပ်အယောင်တောင် မတွေ့ရပါဘူး။

မဟာတာအို နတ်စိတ်ဝိညာဉ်က သာမန်တာအိုပညာရှိတွေထက် အများကြီး ပိုစွမ်းမှာပါ။ ဒါကြောင့် အနန္တကပ်ဘေးရဲ့ ကံတရား အထောက်အပံ့ကို အလုပ်ရှုပ်ခံပြီး မတိုက်ခိုက်လောက်ပါဘူး။

‘ဒီခုနစ်ပါးတာအိုပညာရှိက မဟတာအိုအနန္တကပ်ဘေးကိုတောင် ကြုံဖူးတာပဲ၊ ကောင်းကင်တာအို အနန္တကပ်ဘေးလောက်တောင် စိတ်ကူးထဲ ထည့်မှာ မဟုတ်ဘူး’

‘ကြည့်ရတာ ဘာကိစ္စဖြစ်ဖြစ် မသေနိုင်တဲ့လူတွေက နောက်ခံကြီးကြီး ရှိပုံပဲ၊ ဒါပေမဲ့ သူတို့တွေ ငါနဲ့ သေမျိုးကမ္ဘာတစ်ခုတည်းမှာ မွေးဖွားလာတာ တိုက်ဆိုင်မှုရော ဟုတ်ပါ့မလား’

“ခုနစ်ပါးတာအိုပညာရှိက ငါ့ကို ဒုက္ခပေးဖို့ အစီအစဉ်ရှိလား” ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို မေးလိုက်ပါတယ်။

[သက်တမ်း ၅ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[လေလောဆယ် မရှိပါ။]

ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပြီး ဆက်ကျင့်ကြံပါတယ်။

ဟန်ကျွယ်ဟာ စွမ်းအားပိုကြီးတဲ့ တည်ရှိမှုတွေကို ပိုသိလာလေလေ ကျင့်ကြံမှုအဆင့်တက်ဖို့ အလျင်လိုလေလေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ခုနစ်ပါးတာအိုပညာရှိလိုမျိုး တည်ရှိမှုအတွက် ဟန်ကျွယ်ရဲ့ ကျိန်စာက လေပြေလောက်တောင် အားရှိမှာ မဟုတ်လို့ပါပဲ။

ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုတင်မကဘဲ ကြမ္မာဆိုးစာအုပ်ကလည်း အဆင့်မြှင့်တင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ စွမ်းအားကြီးတဲ့ ရန်သူတွေကို ကျိန်စာတိုက်ရာမှာ ပိုထိရောက်မှာပါ။

ကျို့ယိုငရဲ၊ ကျယ်ကျောင်းတော်၊ တာအိုဘုံကျောင်းတစ်ကျောင်း။

ဟွမ်ဇွမ်တျန်ဟာ ကျင်းတျန်ကုန်ရှေ့မှာ ရိုရိုသေသေ ဒူးထောက်နေပါတယ်။ ကျင်းတျန်ကုန်းဟာ အပြုံးနဲ့ ပြောလိုက်ပါတယ် “ဒီအတောအတွင်း မင်းလည်း ပင်ပန်းနေရောပေါ့”

ဟွမ်ဇွမ်တျန်ဟာ ဟန်လုပ်ပြုံးပြီး ပြောလိုက်ပါတယ် “ကျယ်ကျောင်းတော်အတွက်ဆိုရင် ကျွန်တော် တစ်စက္ကန့်တောင် တုံ့ဆိုင်းမှာ မဟုတ်ပါဘူး”

ဟွမ်ဇွမ်တျန်ဟာ စိတ်ထဲမှာ ခါးသီးသွားပါတယ် ‘ဒီကျောင်းတော်က ပြဿနာ တော်တော် များတာပဲ’

ဟွမ်ဇွမ်တျန်ဟာ ကျို့ယိုငရဲထဲမှာဆိုရင် အနန္တကပ်ဘေးကို ရှောင်ရှားနိုင်ပြီလို့ တွေးထားခဲ့တာပါ။ အခုလိုမျိုး အင်မော်တယ်ကမ္ဘာက တိုက်ပွဲတွေထက် အန္တရာယ်ပိုကြီးလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

ကျင်းတျန်ကုန်းက ပြောလိုက်ပါတယ် “ငါတို့တွေ နတ်ရွှေကျီးကန်း မိသားစုနဲ့ သဘောတူညီချက် ရသွားပြီ၊ အဲဒါကြောင့် ငါ အင်မော်တယ်ကမ္ဘာကိုပြန်ပြီး ကျယ်ကျောင်းတော်ရဲ့ ရှေးကျတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဆီကနေ အကူအညီ သွားတောင်းမယ်၊ ဒီနေ့ကစပြီး ကျို့ယိုငရဲမှာရှိတဲ့ ကျယ်ကျောင်းတော်ကို မင်း အုပ်ချုပ်ပေတော့၊ ငါ့ဓားနဲ့ဆိုရင် ဘယ်သူ့မှ မင်းကို ဆန့်ကျင်ရဲမှာ မဟုတ်ဘူး”

ကျင်းတျန်ကုန်းဟာ ပြောပြောဆိုဆို ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ ဟွမ်ဇွမ်တျန်ရှေ့မှာ ကြေးဓားတစ်ချောင်း ပေါ်လာပါတယ်။

ဟွမ်ဇွမ်တျန်ဟာ ကြေးဓားကိုကိုင်ရင်း မျက်မှောင်ကြုတ်သွားပါတယ် “ဒုဂိုဏ်းချုပ်က နတ်ရွှေကျီးကန်း မိသားစုနဲ့ ဆက်တိုက်ဖို့ စီစဉ်ထားတာလား”

“စီစဉ်ထားတာပေါ့၊ ငါတို့တွေ နတ်ရွှေကျီးကန်း မိသားစုကိုတောင် အနိုင်မရရင် ဘယ်လိုလုပ်ပြီး ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်နိုင်မှာလဲ”

ဟွမ်ဇွမ်တျန်ဟာ နှလုံးခုန် မြန်သွားပါတယ် ‘ဒီစစ်ပွဲက အခုထိ မပြီးသေးဘူးလား’

ကျင်းတျန်ကုန်းဟာ လေးနက်စွာ ပြောလိုက်ပါတယ် “ဒီအနန္တကပ်ဘေးက သာမန်မဟုတ်ဘူး၊ ကောင်းကင်တာအိုကို ကြီးမားတဲ့ အပြောင်းအလဲ လုပ်စေလိမ့်မယ်၊ ငါတို့ကျယ်ကျောင်းတော်က ဒီအခွင့်အရေးကို လက်လွှတ်ခံလို့ မဖြစ်ဘူး၊ နောက်ပြီး ကျယ်ကျောင်းတော်အပြင် ငါ အမှောင်သခင်ကြီးနဲ့လည်း ဆက်သွယ်ထားတယ်၊ ဒီတိုက်ပွဲမှာ ငါတို့ မရှုံးနိုင်ပါဘူး”

‘‌စောစောတုန်းက တစ်ခါရှုံးပြီးပြီ မဟုတ်ဘူးလား’ ဟွမ်ဇွမ်တျန်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ဒီကျင်းတျန်ကုန်းကတော့ ရူးသွားပြီ’

ကျယ်ကျောင်းတော်နဲ့ နတ်ရွှေကျီးကန်း မိသားစု သဘောတူညီမှု ရသွားတာက ကျို့ယိုငရဲရဲ့ နယ်မြေအများစုကို နတ်ရွှေကျီးကန်း မိသားစုဆီ ပေးလိုက်လို့ပါ။ အခုဆိုရင် ကျယ်ကျောင်းတော်က နေရာကျဉ်းကျဉ်းလေမှာ တိုးကြိတ်ပြီး နေနေရတာပါ။ တာအိုပညာရှိဂိုဏ်းဆိုတဲ့ နာမည်နဲ့ လားလားမှကို မတန်ပါဘူး။

“ထားလိုက်တော့... မင်း သွားလို့ရပြီ၊ ငါ ဒီတစ်ရက်နှစ်ရက်အတွင်း အင်မော်တယ်ကမ္ဘာကို သွားမယ်” စကားအဆုံးမှာတော့ ကျင်းတျန်ကုန်းဟာ မျက်စိတ်မှိတ်လိုက်ပါတယ်။

ဟွမ်ဇွမ်တျန်လည်း ဘာမှမတက်နိုင်ဘဲ ဦးညွှတ်ပြီး တာအိုဘုံကျောင်းထဲကနေ ထွက်သွားပါတယ်။ တာအိုဘုံကျောင်း အပြင်ကို ရောက်တဲ့အခါမှာတော့ ဟွမ်ဇွမ်တျန်ရဲ့ မျက်နှာတစ်ခုလုံး ဒယ်အိုးဖင်လို မည်းနက်သွားပါတယ်။

‘ငါ့အာဏာ တိုးလာသလို အန္တရာယ်ကလည်း တိုးလာပါ့လား၊ ဒါ သတင်းဆိုးပဲ’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters