တာအိုပညာရှိ၏ အမွေအနှစ်၊ နတ်ထူးဆန်း
Vol. 35 Ch. 400
ငါးနှစ်ကြာပြီးနောက်။
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်က ဖိတ်ခေါ်ပညာရပ် အသုံးပြုနေတာကို ခံစားမိလိုက်တဲ့အတွက် မတ်တတ်ရပ်ပြီး အနက်ရောင် ဝဲကတော့ထဲ ဝင်လိုက်ပါတယ်။ အဲဒီနောက် နောက်ထပ်နှစ်ဝက်ကြာအောင် သခင်နဲ့ ကျွန်မလေးဂိမ်း ကစားကြပါတယ်.
ဟန်ကျွယ်ဟာ အဝတ်အစားကို သပ်ရပ်အောင် ပြုပြင်ပြီး စားပွဲခုံဆီလျှောက်သွားကာ ကုလားထိုင်မှာ ထိုင်လိုက်ပါတယ် “ဒီအတောအတွင်း အင်မော်တယ်ကမ္ဘာရဲ့ အခြေအနေ ဘယ်လိုရှိလဲ”
ဟန်ကျွယ်ဟာ နတ်အာရုံကို အပြင်ဘက် မစေလွှတ်ရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးပါးက လူသားမျိုးနွယ်စုကို စောင့်ကြပ်နေမှာ စိုးရိမ်လို့ပါ။
ရှင်းဟုန်ရွှမ်က ဖြေလိုက်ပါတယ် “လောကတစ်ခုလုံး အကုသိုလ်ကံတွေချည်းပဲ၊ လူတွေလည်း တော်တော် ဒုက္ခရောက်နေကြတယ်၊ လူသားမျိုးနွယ်စုက တော်သေးတယ်၊ တခြားမျိုးနွယ်စုတွေက ဒီထက် ပိုဆိုးတယ်၊ အဆက်မပြတ် သတ်ဖြတ်နေတာ လောကဦးခေတ်အတိုင်းပဲ”
ရှင်းဟုန်ရွှမ်ဟာ သက်ပြင်းချလိုက်ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ အနန္တကပ်ဘေးကို အရမ်းကြောက်ဖို့ ကောင်းတယ်လို့ ကြားထားတာ ကြာပါပြီ။ ဒါပေမဲ့ ဒီလောက်ထိ ဆိုးရွားလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပါဘူး။
ရှင်းဟုန်ရွှမ်ဟာ လူသားမျိုးနွယ်စုက ကျင့်ကြံသူတချို့နဲ့ အပြင်ထွက်ခဲ့ဖူးတဲ့အတွက် အလောင်းတောင်လိုပုံပြီး သွေးပင်လယ်ဝေတယ်ဆိုတဲ့ စကားကို ကောင်းကောင်းကြီး နားလည် သဘောပေါက်သွားပါပြီ။
“လူသားတွေနဲ့ ကောင်းကင်ရုံးတော် တိုက်ခိုက်နေတုန်းပဲလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။
“မတိုက်တော့ဘူး၊ ဒါပေမဲ့ လူသားမျိုးနွယ်စုက ရည်မှန်းချက်ကြီးတာ အသိသာကြီး၊ နောက်ထပ်ပစ်မှတ်က ဘယ်သူဖြစ်မလဲ မပြောတက်ဘူး” ရှင်းဟုန်ရွှမ်ဟာ စိုးရိမ်ကြောင့်ကြစွာ သက်ပြင်းချလိုက်ပါတယ်။
အဲဒီနောက် ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ဘေးနားကို လျှောက်သွားပြီး ကုလားထိုင်ပေါ် ထိုင်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်အတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်ပါတယ်။
ဒီလက်ဖက်ရည်က မရိုးရှင်းပါဘူး။ ရှန်တျန်ချီ ပါဝင်နေပါတယ်။ ရှင်းဟုန်ရွှမ်ဟာ မဟာညီညွတ်မှု ရွှေအင်မော်တယ် အဆင့်ပဲ ရှိသေးတဲ့အတွက် အင်မော်တယ်ချီပဲ လိုအပ်ပါသေးတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဘယ်လောက်ထိ ချမ်းသာလဲ ဘယ်လောက်ထိ လက်ဖွာလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။
‘လူသားမျိုးနွယ်စုက ရှင်းဟုန်ရွှမ်ကို အများကြီး မျှော်လင့်ထားတာပဲ’
“ဒါနဲ့ ကျောက်ရွှမ်ယွမ်ကို သိလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။
ရှင်းဟုန်ရွှမ်ဟာ တအံတဩ ဖြစ်သွားပါတယ် “ယောက်ျားက ဂူအောင်း ကျင့်ကြံနေတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပြီး ကျောက်ရွှမ်ယွမ်ကို သိရတာလဲ၊ သူက လူသားတွေထဲမှာ ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်၊ မိန်းမလိုပဲ တာအိုပညာရှိရဲ့ အမွေအနှစ်ကို ဆက်ခံရရှိထားတယ်၊ နောက်ပြီး ပဋိပက္ခရုပ်ခန္ဓာလည်း ရှိတယ်၊ မိန်းမရဲ့ ဆရာသခင်ပြောတာတော့ သူက ကောင်းကင်တာအိုအောက်မှာ တာအိုရရှိဖို့ မျှော်လင့်ချက် အရှိဆုံးပဲတဲ့”
ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် “ကောင်းကင်ရုံးတော်က တာအိုအရှင်သခင်ဆီမှာလည်း ပဋိပက္ခရုပ်ခန္ဓာရှိတယ်၊ သူက တာအိုအရှင်သခင်နဲ့ယှဉ်ရင် ဘာမှမဟုတ်သေးဘူး”
ရှင်းဟုန်ရွှမ်ဟာ ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ မိန်းမလည်း သူက လေလုံးထွားနေတယ်လို့ပဲ ထင်တယ်၊ ယောက်ျားနဲ့ယှဉ်ရင် ကျောက်ရွှမ်ယွမ်က ပမွှားလေးပဲရှိတယ်၊ သူက အမြဲတမ်း မိန်းမတို့ကို တန်းတူ ဆက်ဆံတာ မဟုတ်ဘူး”
‘သူက အဲဒီလောက်တောင် မာနကြီးတာလား’ ဟန်ကျွယ်ဟာ ပဋိပက္ခနယ်မြေထဲက ကျောက်ရွှမ်ယွမ်ရဲ့ သနားစဖွယ်မျက်နှာကို တွေးမိလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျောက်ရွှမ်ယွမ်အကြောင်း တွေးတာ ရပ်လိုက်ပြီး ရှင်းဟုန်ရွှမ်ကို စိုက်ကြည့်ကာ ပြောလိုက်ပါတယ် “အနာဂတ်မှာ ကပ်ဘေးထဲ မဝင်မိအောင် အတတ်နိုင်ဆုံး ကြိုးစားချည်၊ တာအိုပညာရှိရဲ့ တပည့်ဆိုတာကို အကြောင်းပြပြီး အေးအေးဆေးဆေး ကျင့်ကြံအားထုတ်၊ လူသားမျိုးနွယ်စုက မင်းကို ခက်ခဲအောင် မလုပ်လောက်ပါဘူး”
“မိန်းမသိပါတယ်၊ ဒါနဲ့ ဧကရီနွီဝါက ယောက်ျား ဘယ်လိုထင်လဲ” ရှင်းဟုန်ရွှမ်ဟာ စကားလမ်းကြောင်း ပြောင်းပြီး စပ်စုလိုက်ပါတယ်။
“တာအိုပညာရှိအကြောင်း လျှောက်မပြောနဲ့၊ သူ့အမွေအနှစ် ရထားတာကို ကျေးဇူးတင်သင့်တယ်”
ဟန်ကျွယ်ရဲ့ ဆူပူမှုကြောင့် ရှင်းဟုန်ရွှမ်ဟာ လျှာတစ်လစ်တစ်လစ် လုပ်ပြီး ကသိကအောက် မျက်နှာနဲ့ ပြောလိုက်ပါတယ် “အဲဒါလည်း ဟုတ်တာပဲ”
ရှင်းဟုန်ရွှမ်ဟာ တုံးအတဲ့လူ မဟုတ်တဲ့အတွက် ဟန်ကျွယ်စကားရဲ့ ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်က တာအိုပညာရှိတွေကို တကယ် လေးစားလိမ့်မယ်လို့ လုံးဝမယုံကြည်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သေမျိုးအဖြစ်နဲ့ ရှိနေတုန်းကတောင် အင်မော်တယ်တွေကိုတောင် ပြန်သတ်ရဲသူ မဟုတ်ပါလား။
ဟန်ကျွယ်က တာအိုပညာရှိရဲ့ စွမ်းအားကို ကြောက်နေမှန်း ရှင်းဟုန်ရွှမ် သိပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို ပြုံးဖြဲဖြဲနဲ့ မျက်စိတစ်ဖက် မှိတ်ပြလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ချက်ချင်း မတ်တတ်ရပ်ပြီး ပြောလိုက်ပါတယ် “ငါ သွားတော့မယ်၊ ကိုယ့်ကိုကိုယ် ဂရုစိုက်၊ အန္တရာယ်တွေ့ရင် ဖိတ်ခေါ်ပညာကို ချက်ချင်း အသုံးပြု”
ရှင်းဟုန်ရွှမ်ဟာ ဝမ်းသာပီတိ ဂွမ်းဆီထိသွားပြီး ချက်ချင်း ခေါင်းညိတ်လိုက်ပါတယ်။ ရှင်းဟုန်ရွှမ်ရဲ့ ဟန်ကျွယ်ရဲ့ ကတိစကားကြောင့် ဝမ်းသာတာ မဟုတ်ပါဘူး။ ဟန်ကျွယ်ရဲ့ သဘောထားကြောင့်ပါ။
‘ချန်ယွီအာ၊ မော့ကျူ... နင်တို့တွေကများ ငါ့ကို လာယှဉ်ချင်သေးတယ်’ ဟန်ကျွယ် ထွက်သွားတဲ့အခါ ရှင်းဟုန်ရွှမ်ဟာ ဂုဏ်ယူစွာ ပြုံးလိုက်ပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ ဆက်မကျင့်ကြံဘဲ ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ထွက်ကာ တာအိုဟောကြားဖို့ ပြင်ဆင်ပါတယ်။
ဟန်ကျွယ် ထွက်လာတာကို တွေ့တာနဲ့ တိတ်ဆိတ်ဂိုဏ်းသားအားလုံး မတ်တတ်ရပ်လိုက်ကြပါတယ်။
ငရဲကြက်နက်က ရုတ်တရက် အော်ပြောလိုက်ပါတယ် “သခင်ဆီက ဘယ်လိုလုပ်ပြီး မိန်းမအနံ့ ရနေတာလဲ၊ ဒါ ရှင်းဟုန်ရွှမ်ပဲ ဖြစ်ရမယ်၊ အရင်တုန်းက သူ သခင်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လာတုန်းကလည်း ဒီလိုအနံ့မျိုးရှိတယ်”
ဟန်ကျွယ်ဟာ ငရဲကြက်နက်ကို အေးစက်စွာ ကြည့်လိုက်ပါတယ်။ ငရဲကြက်နက်ဟာ ချက်ချင်းဆိုသလိုပဲ ဇာက်ပုသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ခန္ဓာကိုယ်က အနံ့ကို အတွေးတစ်ချက်နဲ့ ရှင်းပစ်လိုက်ပါတယ်။
တခြားသူတွေကတော့ ဘာမှ မကြားသယောင် ဆောင်နေကြပါတယ်။
“တာအိုနားထောင်ဖို့ ပြင်ဆင်ကြတော့”
ဟန်ကျွယ်စကားကြောင့် လူတိုင်း စိတ်လှုပ်ရှားသွားကြပါတယ် ‘နောက်ထပ် တာအိုဟောကြားမှုလား..’
ဒီတာအို ဟောကြားမှုဟာ နှစ်အတော်ကြာပါတယ်။ ဟန်ကျွယ် တာအို ဟောကြားတိုင်းမှာ တိတ်ဆိတ်ဂိုဏ်းသားတိုင်း အသိဉာဏ် လင်းလက်တာချည်းပါပဲ။ ဒီလိုဖြစ်ရတာက ဟန်ကျွယ်ရဲ့ တိုးတက်မှုအလျင်ဟာ တိတ်ဆိတ်ဂိုဏ်းသားတွေရဲ့ တိုးတက်မှုထက် အဆမတန် မြန်ဆန်လို့ပါပဲ။
တာအိုဟောကြားမှု ပြီးဆုံးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲပြန်ပြီး ဆက်ကျင့်ကြံပါတယ်။
မျက်စိတစ်မှိတ်အတွင်း ၃၂ ကြာသွားပါတယ်။
ဟန်ကျွယ်ဟာ မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးနဲ့ တဖြည်းဖြည်း နီးကပ်လို့လာပါတယ်။ တစ်ချိန်တည်းမှာပဲ အနန္တကပ်ဘေးကလည်း ပိုပိုပြင်းထန်လာပါတယ်။ အမှောင်တားမြစ်နယ်မြေမှာ ရှိနေတာတောင် ဟန်ကျွယ်ဟာ အနန္တကပ်ဘေးရဲ့ အရှိအဟုန်ကို ခံစားမိပြီး စိတ်လေးလာပါတယ်။
ဖြစ်နိုင်တာ ဟန်ကျွယ်လည်း သူမသိလိုက်ခင်မှာ အနန္တကပ်ဘေးထဲ ဝင်သွားတာ ဖြစ်နိုင်ပါတယ်။
ဒီနေ့မှာတော့ တိတ်ဆိတ်ကျွန်းမှာ တစ်စုံတစ်ခုနဲ့ ဝင်တိုက်မိသလိုမျိုး တုန်ခါသွားပါတယ်။ ဟန်ကျွယ်လည်း လန့်သွားပြီး အပြင်ဘက်ကို ချက်ချင်း ကြည့်လိုက်ပေမဲ့ မည်းမှောင်နေတဲ့အတွက် ဘာမှမမြင်ရပါဘူး။
နတ်အာရုံက အမှောင်တားမြစ်နယ်မြေမှာ သုံးစားလို့မရဘူး မဟုတ်ပါလား။
“ဝုန်း...”
ဒီအချိန်မှာပဲ တိတ်ဆိတ်ကျွန်းဟာ ထပ်ပြီးတော့ လှုပ်ခါသွားပါတယ်။ ဒီတစ်ကြိမ်မှာတော့ တိတ်ဆိတ်ဂိုဏ်းက လူတွေတောင် အလန့်တကြား ဖြစ်သွားကြပါတယ်။
“ဘာတွေ ဖြစ်နေတာလဲ”
“ရန်သူ တိုက်ခိုက်တာလား..”
“မကြောက်နဲ့၊ ဂိုဏ်းချုပ် ဒီမှာ ရှိသေးတယ်”
“ဆရာဘိုးဘိုးက ချက်ချင်း မတိုက်ခိုက်ဘူးဆိုတော့ အပြင်မှာ ကျွန်တော်တို့တွေ အနိုင်မယူနိုင်တဲ့ စွမ်းအားကြီးရန်သူများ ရှိနေလို့လား”
“စီနီယာလွီပုတောင် မလှုပ်ရှားဘူး၊ မင်းက ဘာကို စိုးရိမ်နေတာလဲ”
ဟန်ကျွယ်ဟာ နတ်အာရုံကို သုံးလို့မရတဲ့အတွက် ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ် “တိတ်ဆိတ်ကျွန်းက ဘယ်သူတိုက်ခိုက်နေတာလဲ ငါ သိချင်တယ်”
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘၂ ဘီလီယံတောင်...’
ဟန်ကျွယ်ဟာ အံကြိတ်ပြီး ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သက်တမ်းကို နှမြောတာ မဟုတ်ပါဘူး။ ကြောက်နေတာပါ။ ဘာလို့လဲဆိုတော့ ၂ ဘီလီယံက ကောင်းကင်ဘဝဂ်အဆင့်ကို တွက်ချက်ရတာမို့လို့ပါ။
[အမင်္ဂလာ မကောင်းဆိုးဝါး: အမှောင်တားမြစ်နယ်မြေ၏ လျှို့ဝှက်ဆန်းကြယ်စွမ်းအား၊ ရှေးဟောင်း ပဋိပက္ခနတ်ဘီလူးများ၏ ရန်ငြိုးရန်စမှ အသွင်းပြောင်းလဲ ဖြစ်တည်လာပြီး ပဋိပက္ခ၌ ပုန်းအောင်းကာ အမှောင်ထုအဖြစ် ပြောင်းလဲနိုင်သည်။ သင် တစ်နာရီကြာ တောင့်ခံနိုင်ပါက အမင်္ဂလာ မကောင်းဆိုးဝါး ဆုတ်ခွာသွားလိမ့်မည်။]
‘တစ်နာရီ..’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘တာအိုစက်ကွင်းက တစ်နာရီကြာအောင် ခုခံနိုင်ပါ့မလား’
ဟန်ကျွယ်ဟာ စိတ်ရှည်လက်ရှည် စောင့်ပါတယ်။ လက်ရှိမှာ အမင်္ဂလာ မကောင်းဆိုးဝါးက တိတ်ဆိတ်ကျွန်းထဲ မဝင်နိုင်သေးပါဘူး။ တိတ်ဆိတ်ကျွန်းက လှုပ်ခါနေလို့သာ လူတိုင်းက အန္တရာယ် ကျရောက်နေပြီလို့ ခံစားနေရတာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ အသံလွှင့်စကားပြောပြီး လူတိုင်းကို စိတ်မပူဖို့ ပြောလိုက်ပါတယ်။
ဟန်ကျွယ်စကားကို ကြားလိုက်ရမှာပဲ လူတိုင်းဟာ စိတ်သက်သာရာ ရသွားကြပါတယ်။
ဒီရှည်ကြာတဲ့နှစ်တွေမှာ ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းသားတိုင်းရဲ့ ထောက်တိုင်ကြီး ဖြစ်နေပါပြီ။ ဟန်ကျွယ်သာ တည်တည်ငြိမ်ငြိမ်ရှိမယ်ဆိုရင် တိတ်ဆိတ်ဂိုဏ်းသားတွေဟာ မိုးပြိုတောင် မကြောက်ပါဘူး။
တစ်စုံတစ်ခုနဲ့ တိုက်မိသံဟာ ဆက်လက် ထွက်ပေါ်နေပါတယ်။ ဒီလိုနဲ့ တစ်နာကြာတဲ့အခါမှာတော့ အမင်္ဂလာ မကောင်းဆိုးဝါး ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ် ‘အမင်္ဂလာ မကောင်းဆိုးဝါးက သိစိတ်မရှိတဲ့ စွမ်းအားသက်သက်လား’
အရင်တုန်းက ဟန်ကျွယ်ဟာ စာစောင်တွေကနေ အမင်္ဂလာ မကောင်းဆိုးဝါး တိုက်ခိုက်ခံရတဲ့ အကြောင်းအရာကို တွေ့ဖူးပါတယ်။ အဲဒီလူတွေ ဘယ်လိုလွတ်ခဲ့လဲဆိုတာတော့ ဟန်ကျွယ် မသိပါဘူး။ ဖြစ်နိုင်တာတော့ အမင်္ဂလာ မကောင်းဆိုးဝါးတွေထဲမှာလည်း အားနည်းသူ အားကြီးသူ ရှိနေတာ ဖြစ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ ဒီနေ့မှ သူတို့ရဲ့ တည်ရှိမှုကို ခံစားမိတာပါ။ ဒီစွမ်းအားက အတော်ကို ဆန်းကြယ်လွန်းပါတယ်။ နတ်မင်းအဆင့် ကျင့်ကြံသူတောင် သူတို့ကို မရှာနိုင်ပါဘူး။
ဟန်ကျွယ်ဟာ တွေးလေလေ ကျောချမ်းလေလေပါပဲ ‘မဟာတာအိုအောက်မှာ ဘယ်လောက်တောင် လျှို့ဝှက်ဆန်းကြယ်တဲ့ တည်ရှိမှုတွေ ရှိနေသေးတာလဲ’
ဟန်ကျွယ်ဟာ အမင်္ဂလာ မကောင်းဆိုးဝါးက နောက်တစ်ခါ လာတိုက်မှာ စိုးတဲ့အတွက် တိတ်ဆိတ်ကျွန်းကို နေရာရွှေ့လိုက်ရပါတယ်။
‘အမှောင်တားမြစ်နယ်မြေမှာ ဘယ်သူမှ လာမပုန်းတာ အံဩစရာ မရှိတော့ပါဘူး၊ ဒီနေရာကလည်း အန္တရာယ်ရှိတာကိုး’
အတန်ကြာ ရွှေ့လျားပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ရုတ်တရက် ပေါ်လာပါတယ်။
[ကံတရား အထောက်အပံ့ရှိသူအား ရှာဖွေတွေ့ရှိထားသည်။ မူလဇစ်မြစ်အား စစ်ဆေးနေသည်။]
‘ဟင်... ကံတရား အထောက်အပံ့ရှိသူလား’
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို မမြင်ရတာ အတော်ကြာခဲ့ပါပြီ။ စနစ်ကို ဒီလုပ်ဆောင်ချက်ကို စွန့်ပစ်လိုက်ပြီလို့တောင် ဟန်ကျွယ် ထင်ထားတာပါ။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။
[နတ်ထူးဆန်း: အမျိုးအမည် မသိသော တည်ရှိမှု။ ပဋိပက္ခနတ်ဘီလူးဆီမှ ကံတရား အထောက်အပံ့ကို ဆက်ခံရရှိခဲ့ပြီး နှစ်ပေါင်းများစွာ ပြုစုပြိုးထောင်မှုကြောင့် စိတ်ဝိညာဉ် အဆင့်သို့ ရောက်လုနီး ဖြစ်နေသည်။]
‘ပဋိပက္ခနတ်ဘီလူးရဲ့ ကံတရား အထောက်အပံ့ကို အမွေဆက်ခံခဲ့တာလား..’
‘အံဩဖို့ကောင်းလိုက်တာ... ဒါပေမဲ့ ဒီနာမည်က အရမ်းအန္တရာယ်များပုံ ပေါ်တယ်’
ဟန်ကျွယ်ရဲ့ ပထမဆုံးအတွေးက နတ်ထူးဆန်းနဲ့ ဝေးဝေးမှာ နေဖို့ပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။