← Chapters

တကျို့တျန်နှင့် တိုက်ခိုက်ခြင်း၊ မကောင်းဆိုးဝါးကောင်များ၏ ကျူးကျော်မှု

Vol. 37 Ch. 413

တကျို့တျန်နှင့် တိုက်ခိုက်ခြင်း၊ မကောင်းဆိုးဝါးကောင်များ၏ ကျူးကျော်မှု

Vol. 37 Ch. 413

ဖန်းလျန်ရဲ့စကားကြောင့် ရှန်စစ်သူကြီးဟာ အတွေးနက်သွားပါတယ်။

ရှန်စစ်သူကြီးဟာ ဖန်းလျန်က သူ့ကို ဘာကြောင့် အသက်ပြန်သွင်းရလဲဆိုတာ နောက်ဆုံးတော့ နားလည်သွားပါပြီ။ ဒါပေမဲ့ ရှန်စစ်သူကြီးဟာ ကျောက်စိမ်းဧကရာဇ်ကို တွေးမိတဲ့အခါ နှလုံးသားထဲမှာ ဒေါသမီးလျှံ တောက်လောင်လာပါတယ် ‘ငါ လက်စားချေရမယ်’

“ကျွန်တော် ဆန္ဒရှိပါတယ်” ရှန်စစ်သူကြီးက ခပ်တိုးတိုး ပြန်ဖြေလိုက်ပါတယ်။

ဖန်းလျန်ရဲ့ မျက်နှာမှာ ဖျော့တော့တဲ့ အပြုံးတစ်ခု ပေါ်လာပါတယ် “မစိုးရိမ်ပါနဲ့၊ ငါ မင်းကို ဒုက္ခမပေးပါဘူး၊ ကောင်းကင်ဘဝဂ်အဆင့်က သက်ရှိအများဆုံး သူတို့ဘဝမှာ မရောက်နိုင်တဲ့ အဆင့်ပဲ၊ ဒါပေမဲ့ ဒီဖြစ်စဉ်က နှစ်တစ်ထောင်ဆိုတော့ နည်းနည်းကြာမယ်”

ရှန်စစ်သူကြီးဟာ ခေါင်းညိတ်လိုက်ပါတယ်။ ရှန်စစ်သူကြီးဟာ ကောင်းကင်ရုံးတော်ရဲ့ အကျိုးအဆောင်ဆုံး စစ်သူကြီးဖြစ်ပေမဲ့ ကောင်းကင်ဘဝဂ်အဆင့်နဲ့တော့ အရမ်းအလှမ်းဝေးပါတယ်။ ရှန်စစ်သူကြီးဟာ ကောင်းကင်ဘဝဂ်အဆင့်ကို သူ့ဘာသာ ရောက်နိုင်မယ်လို့တောင် ယုံကြည်ချက် မရှိပါဘူး။

နှစ် ၂၀ ကြာပြီးနောက်...

ကျင့်ကြံခြင်းလိုဏ်ဂူထဲက ဟန်ကျွယ်ဟာ ကျင့်ကြံတာရပ်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို ကျိန်စာတိုက်ပါတယ်။ ကျောက်စိမ်းဧကရာဇ် မသေမချင်း ဟန်ကျွယ်ဟာ စားဝင်အိပ်ပျော်မှာ မဟုတ်ပါဘူး။

ဒီနေအချိန်အခါမှာတော့ ဟန်ကျွယ် ကျိန်စာတိုက်တဲ့လူက ကျောက်စိမ်းဧကရာဇ် ကျိုးရန်ပဲ ရှိပါတော့တယ်။ ရန်သူတွေ နည်းပါးလာတဲ့အတွက် ဟန်ကျွယ်ဟာ ရှိတဲ့တစ်ယောက်ကို ပိုပြီးတော့ တန်ဖိုးထားပါတယ်။ ဒါပေမဲ့ ရန်သူမရှိရင် ဟန်ကျွယ်အတွက် အကောင်းဆုံးပါ။

ငါးရက်ကြာတဲ့အခါမှာ ဟန်ကျွယ်ဟာ ဆက်ကျင့်ကြံဖို့ ပြင်လိုက်ပေမဲ့ နတ်ထူးဆန်းဟာ ဟန်ကျွယ်ရှေ့ ရောက်လာပြီး ဟန်ကျွယ်ကို တစ်နေရာရာ ခေါ်သွားချင်သလိုမျိုး ဟိုဟိုဒီဒီ ရွှေ့လျားပါတယ်။ ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ဟာ နတ်ထူးဆန်းရဲ့ ခံစားချက်ကို ဖတ်နိုင်တဲ့အတွက် နတ်ထူးဆန်းက သူ့ကို တိတ်ဆိတ်ကျွန်းနဲ့ ဝေးကွာတဲ့ နေရာတစ်ခုကို ခေါ်သွားချင်နေမှန်း သိနေလို့ပါပဲ။

‘တော်တော် ရယ်စရာကောင်းတာပဲ၊ အပြင်မှာ ဒီလောက်အန္တရာယ်များတာ၊ ငါက ဘာလို့ အပြင်ထွက်ရမှာလဲ’

ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို လက်နဲ့ဖမ်းပြီး အပြင်မထွက်ဘူးလို့ ခေါင်းခါပြလိုက်ပါတယ်။ ဒါပေမဲ့ နတ်ထူးဆန်းဟာ ခေါင်းမာစွာပဲ ဟန်ကျွယ်ကို အပြင်ထွက်ဖို့ ဆက်တွန်းအားပေးပါတယ်။ ဟန်ကျွယ်လည်း မျက်စိနှောက်လာတဲ့အတွက် နတ်ထူးဆန်းကို ကမ္ဘာဖျက်ကြာနက်ထဲ ပစ်ထည့်လိုက်ပါတယ်။

တစ်ခဏတွေးတောပြီးနောက် ဟန်ကျွယ်ဟာ တာအိုစက်ကွင်း ပတ်ဝန်းကျင်မှာရှိတဲ့ စွမ်းအားကြီး ရန်သူတွေကို စစ်ဆေးလိုက်ပါတယ်။ နတ်ထူးဆန်းကို ဒီလောက်အပြင်ထွက်စေချင်တာက အပြင်မှာ တစ်ခုခုရှိနေတာ ဖြစ်နိုင်ပါတယ်။ သက်ရှိမဟုတ်ရင် ဟန်ကျွယ်အတွက် အကောင်းဆုံးပါ။

[တကျို့တျန်: ကျင့်ကြံမှုမသိ၊ တာအိုပညာရှိတပည့်၊ ချန်ကျောင်းတော်အချုပ်။]

‘အင်း... နောက်ထပ် တာအိုပညာရှိတပည့်ပါလား၊ ကျင့်ကြံမှုမသိဆိုတော့ တာအိုပညာရှိအတုပဲ၊ ဒီချန်ကျောင်းတော်က တကယ် အထင်ကြီးဖို့ ကောင်းတာပဲ’

ဟန်ကျွယ်ဟာ ချန်ကျောင်းတော်က မှန်းဆမရဘူးလို့ အမြဲတမ်း ခံစားခဲ့ရပါတယ်။ အရင်တုန်းကလည်း ချန်ကျောင်းတော်ဟာ အင်မော်တယ်ကမ္ဘာမှာရှိတဲ့ ပါရမီရှင်တွေ အကုန်လုံးကို ဖိတ်ခေါ်ခဲ့ပါသေးတယ်။ နောက်ပြီး ကောင်းကင်ဧကရာဇ်တောင် ချန်ကျောင်းတော်ကို ကိုယ်တိုင်သွားလည်ခဲ့တာ မဟုတ်ပါလား။ ဒါကို ကြည့်ခြင်းအားဖြင့် ချန်ကျောင်းတော်က ဘယ်လောက်ထိ အုတ်မြစ်နက်လဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။

ဟန်ကျွယ်ဟာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါတယ်။ တကျို့တျန်ကို စစ်ဆေးလို့မရတော့မှ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်းစမ်းပွဲထဲမှာ တကျို့တျန်နဲ့ တိုက်ခိုက်လိုက်ပါတယ်။

တစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။

‘ဒီကောင်က တစ်ခုခုတော့ တစ်ခုခုပဲ၊ ငါ အကောင်းဆုံး ကြိုးစားတာတောင် သရေကျဖို့ တော်တော်လေး အားထုတ်လိုက်ရတယ်’

တကျို့တျန်ကပဲ ချီးကျူးဖို့ကောင်းတာ မဟုတ်ပါဘူး။ သူ့ဓမ္မရတနာကလည်း အလွန်အစွမ်းထက်ပါတယ်။ ကံကောင်းထောက်မစွာပဲ ဟန်ကျွယ်မှာလည်း ကမ္ဘာဖျက်ကြာနက် ရှိနေပါတယ်။

ဟန်ကျွယ်ဟာ တကျို့တျန်ကို အနိုင်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တကျို့တျန်က စွမ်းအားကြီးလွန်းတဲ့အတွက် သတ်ပစ်ဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ရည်မှန်းချက်က တကျို့တျန်ကို တစ်ချက်တည်း အသေသတ်ဖို့ပါ။

တကျို့တျန် ထွက်သွားတဲ့အခါမှာ နတ်ထူးဆန်းဟာ ငြိမ်ကျသွားပါတယ်။ ဒီတော့မှ ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို လွှတ်ပေးလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ် “နတ်ထူးဆန်းကို ဘယ်အရာက ဒီလောက်တောင် ဆွဲဆောင်နေတာလဲ”

[သက်တမ်း ၅ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[အဆင့်နိမ့် နတ်ထူးဆန်း: အမျိုးအမည်မသိ တည်ရှိမှု။ ပဋိပက္ခနတ်ဘီလူး၏ ကံတရား အထောက်အပံ့အား ဆက်ခံရရှိထားပြီး နှစ်ပေါင်းများစွာ ပြုစုပြိုးထောင်ခံရသောကြောင့် စိတ်ဝိညာဉ်ဖြစ်လုနီးပါပြီ။]

‘အင်း... နောက်ထပ် နတ်ထူးဆန်းပါလား၊ ဒါပေမဲ့ ဒီဟာက အဆင့်နိမ့်ဆိုပါလား’

‘ဒီနတ်ထူးဆန်းနှစ်ကောင်က ဘာကွဲတာလဲ’

ဟန်ကျွယ်အတွေးကို သိတဲ့ စနစ်က ချက်ချင်း ပြန်ဖြေပါတယ်။

[သင့်နတ်ထူးဆန်းသည် ပဋိပက္ခနတ်ဘီလူး အားလုံး၏ ကံတရား အထောက်အပံ့အား ဆက်ခံရရှိထားပြီး အဆင့်နိမ့် နတ်ထူးဆန်းသည် ပဋိပက္ခ နတ်ဘီလူးတစ်ပါး၏ ကံတရား အထောက်အပံ့ကိုသာ ဆက်ခံရရှိထားသည်။]

‘အို... ဒီလိုဆို အကွာကြီးပဲ’

ဟန်ကျွယ်ဟာ သူ့ဆီမှာရှိနေတဲ့ နတ်ထူးဆန်းက အကောင်းဆုံး ဖြစ်နေတဲ့အတွက် စိတ်သက်သာရာ ရသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ခေါင်းထဲမှာရှိနေတဲ့ အတွေးတွေကို ရှင်းထုတ်ပြီး ကမ္ဘာဖျက်ကြာနက်ထဲက အကုသိုလ်ကံကို စုပ်ယူလိုက်ပါတယ်။

.....

မှောင်မည်းတဲ့ စကြဝဠာ တစ်နေရာရဲ့ တိမ်ပင်လယ်ထက်က သစ်ပင်အိုကြီးအောက်မှာ ကျောက်စိမ်းဧကရာဇ်ရှေ့ကို တကျို့တျန် ပြန်ရောက်လာပါတယ်။

“ကျိန်စာ ထပ်တိုက်ခံရပြန်ပြီလား”

ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ မျက်လုံးဖွင့်လိုက်ပြီး သရဲမျက်နှာနဲ့‌ ခေါင်းညိတ်လိုက်ပါတယ်။ အမှောင်သခင်ကြီးက အိပ်မက်ဆိုးလိုပါပဲ။ ဆယ်နှစ်တိုင်း ကျိန်စာတိုက်နေပါတယ်။ ပိုဆိုးတာက သိနေရဲ့သားကြီးနဲ့ ဘာမှလုပ်လို့မရတာပါ။

သိနေရဲ့သားကြီးနဲ့ မတက်နိုင်တဲ့ ခံစားချက်က အရမ်းကို ဆိုးရွားလှပါတယ်။

ဒီအတောအတွင်း ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ အမှောင်သခင်ကြီး ရှာဖွေဖို့ ကံကြမ္မာကို အကြိမ်များစွာ တွက်ချက်ကြည့်ပေမဲ့ အချည်းနှီးပါပဲ။

တကျို့တျန်က ညာလက်ကို မြှောက်လိုက်ပါတယ် “ငါ ဘာကိုင်ထားလဲ မင်း မြင်လား”

ကျောက်စိမ်းဧကရာဇ်ဟာ နားရှုပ်သွားပါတယ် “ဘာမှမရှိဘူးလေ၊ ဘာကို ပြောနေတာလဲ”

“ဒါက အမှောင်တားမြစ်နယ်မြေမှာပဲ ကြီးပြင်းနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုတစ်ခု၊ ဒီထဲမှာ ဒဏ္ဍာရီလာ ပဋိပက္ခနတ်ဘီလူးတွေရဲ့ စွမ်းအားတွေ ပါဝင်နေတယ်၊ ဒါကို သေချာ ပြုစုပြိုးထောင်မယ်ဆိုရင် အနန္တကပ်ဘေးကို ပြောင်းပြန်လှန်ပြီး မဟာတာအို အနန္တကပ်ဘေးမှာတောင် ထိပ်တန်းနေရာက ရပ်တည်နိုင်တယ်”

ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

“မင်းက ငါ ပြောတာကို မယုံဘူးလား၊ ဒါဆို စမ်းကြည့်ချည်” တကျို့တျန်ဟာ ပြုံးလိုက်ပြီး ညလက်ကို ဝှေ့ယမ်းလိုက်ပါတယ်။

ချက်ချင်းဆိုသလိုပဲ ကျောက်စိမ်းဧကရာဇ်ကျိုးရန်ဟာ သူ့ဆီကို ချဉ်းကပ်လာတဲ့ မကောင်းဆိုးဝါးရောင်ဝါကို ခံစားမိလိုက်တာနဲ့ ကျောစိမ့်တက်ပြီး ချက်ချင်း မတ်တတ်ရပ်လိုက်ပါတယ်။

ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ သေချာ ကြည့်ရှုပေမဲ့ ဘာမှ မတွေ့ရတာကြောင့် တကျို့တျန်ကို တအံတဩ ကြည့်လိုက်ပါတယ်။

“ဒါက သာမန်မဟုတ်တဲ့ တည်ရှိမှုပဲ၊ မင်းလို တာအိုပညာရှိအတုတောင် သူ့တည်ရှိမှုကို မဖမ်းယူနိုင်ဘူး၊ သူသာ မင်းကို သတ်ချင်ရင် မင်း ဘယ်လို ခုခံမလဲ”

ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဒါဆို ခင်ဗျားက ဒီတည်ရှိမှုကို ဘယ်လိုမြင်နိုင်တာလဲ”

တကျို့တျန်က ပြုံးလိုက်ပါတယ် “ဂိုဏ်းချုပ်က ငါ့မျက်လုံးကို မန္တန်တစ်ပုဒ် ရွတ်ပေးလိုက်တယ်”

ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ တိတ်ဆိတ်သွားပါတယ်။

“ငါတို့တွေ ဒီကောင်ကို ပိုပြီးစွမ်းအားကြီးလာအောင် လုပ်ဖို့ နည်းလမ်းရှာရမယ်၊ လီတောက်ခုံးကို ပြဿနာထပ်မရှာတော့နဲ့၊ သူ့နောက်မှာ တာအိုပညာရှိ ရှိတော့ ငါ သူ့ကို သတ်လို့မရဘူး” တကျို့တျန်က အလေးအနက် ပြောလိုက်ပါတယ်။

ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ ခပ်တိုးတိုး ညည်းလိုက်ပါတယ် “ကျုပ်က သူ့ကို သွားရှာတာ မဟုတ်ဘူး၊ သူကသာ ကျုပ်ကို လိုက်ရှာနေတာ”

လီတောက်ခုံးနာမည်ကို ကြားလိုက်ရတဲ့အတွက် ကျောက်စိမ်းဧကရာဇ်ရဲ့ ရင်ထဲမှာ ဒေါသမီး တောက်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လီတောက်ခုံးက သူတို့နှစ်ယောက်ကို မနိုင်မှန်း သိရဲ့နဲ့ လိုက်တိုက်နေလို့ပါ။ ဒါပေမဲ့ ရွမ်လိန့်ကျောင်းတော်ရဲ့ တာအိုပညာရှိကြောင့် ကျောက်စိမ်းဧကရာဇ်နဲ့ တကျို့တျန်ဟာ လီတောက်ခုံးကို ဘာမှမလုပ်နိုင်ပါဘူး။

အခုလက်ရှိမှာ ကျောက်စိမ်းဧကရာဇ်က တာအိုပညာရှိကို စိန်ခေါ်ဖို့ အရည်အချင်း အများကြီး လိုပါသေးတယ်။

“ဘာပဲဖြစ်ဖြစ် သူ ရှာမတွေ့အောင် ပုန်းရမယ်” တကျို့တျန်က ယတိပြတ် ပြောလိုက်ပါတယ်။ ကျောက်စိမ်းဧကရာဇ်ဟာ သက်ပြင်းချလိုက်ပါတယ်။

၈ နှစ်ကြာပြီးနောက်...

[လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးသည် ကောင်းကင်တာအို ငြင်းပယ်ထားသော မကောင်းဆိုးဝါး သက်ရှိအား ထိန်းချုပ်၍ ကောင်းကင်ဘုံအား ဒုက္ခပေးရန် ကြံစည်နေသဖြင့် သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ ဂူအောင်းကျင့်ကြံရာမှထွက်၍ မကောင်းဆိုးဝါးသက်ရှိအား သတ်ဖြတ်ပါ။ ကောင်းကင်တာအို ကုသိုလ်ကံ၊ မဟာတာအို အပိုင်းအစတစ်စနှင့် ဆန်းကြယ်စွမ်းအား တစ်ပါးအား ဆုလာဘ်အဖြစ် ရရှိမည်။]

[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပါ။ မဟာတာအို အပိုင်းအစ တစ်စအား ဆုလာဘ်အဖြစ် ရရှိမည်။]

ဟန်ကျွယ်ဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။ အခုဆိုရင် ဟန်ကျွယ်ဆီမှာ မဟာတာအိုအပိုင်းအစ ငါးစ ရှိသွားပြီတဲ့အတွက် အပိုင်းအစတွေကို ပေါင်းစပ်ဖို့ တစ်စထက်တစ်စ ပိုပိုနီးလာပါပြီ။

‘ဒီမကောင်းဆိုးဝါး သက်ရှိက အဆင့်နိမ့် နတ်ထူးဆန်း ဖြစ်ရမယ်၊ ငါ့နတ်ထူးဆန်းတောင် အရွယ်မရောက်သေးတာ ဒီအဆင့်နိမ့် နတ်ထူးဆန်းက အရွယ်ရောက်ဖို့ အချိန်ပိုယူရမှာပဲ’

ဟန်ကျွယ်ဟာ အဆင့်နိမ့် နတ်ထူးဆန်းကို သူ့ကို အန္တရာယ်မပေးနိုင်မှန်း သိတာကြောင့် စိတ်အေးလက်အေး ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

နှစ်ဝက်ကြာတဲ့အခါမှာတော့ မုရုံချီဟာ ဧကရာဇ်အဆင့်ကို ရောက်ရှိသွားပါတယ်။

အခုဆိုရင် တိတ်ဆိတ်ဂိုဏ်းတပည့်တွေထဲက လီယောင်၊ ထူလင်းအာ၊ ဖန်းလျန်၊ မုရုံချီ၊ လုံဟောင်နဲ့ စုချီတို့ဟာ ဧကရာဇ်အဆင့်ကို ရောက်ရှိသွားကြပါပြီ။ အခုအချိန်က အနန္တကပ်ဘေးအတွင်း ဖြစ်တဲ့အတွက် ကံတရား အထောက်အပံ့ရှိသူတွေဟာ တခြားသူတွေထက် ကျင့်ကြံရာမှာ ပိုလျင်မြန်ကြပါတယ်။ ဒါကြောင့် ဟန်ကျွယ်လုပ်ရမှာက သူ့တပည့်တွေရဲ့ တာအိုနှလုံးသားကို မယိမ်းယိုင်အောင် လုပ်ပေးပြီး အပြင်ထွက်ဖို့ လုံးဝခွင့်မပြုရမှာပါ။

ဟန်ကျွယ်ဟာ မုရုံချီဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ခေါ်လိုက်ပြီး ဆန်းကြယ်စွမ်းအားတစ်ပါး သင်ပေးလိုက်ပါတယ်။

မုရုံချီဟာ ဘဝဟောင်းက စွမ်းအားတွေကို အကုန်အစင် ပြန်ရောက်ရင်တောင် လက်ရှိဟန်ကျွယ်ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ရဲ့ သင်ကြားပြသမှုဟာ မုရုံချီကို တော်တော်လေး အကျိုးအမြတ် ဖြစ်ထွန်းသွားစေပါတယ်။

နောက်ထပ် သုံးနှစ်အကြာမှာတော့ ချူရှီရန်ဟာ ဟန်ကျွယ်ဆီ ရောက်လာပါတယ်။ အခုအချိန်မှာ ဟန်ကျွယ်ဟာ မဟာအဂ္ဂဗုဒ္ဓကို အထင်သေးဖို့ အရည်အချင်း ရှိသွားပါပြီ။

ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ ကောင်းကင်တာအိုဗုဒ္ဓကို သတ်ပစ်ခဲ့ပါတယ်။ တကယ်တမ်း ပြောရရင် မဟာအဂ္ဂဗုဒ္ဓက ကောင်းကင်တာအိုဗုဒ္ဓလောက် မစွမ်းပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters