← Chapters

ဘက်ရွေးခြင်း၊ ကျောက်စိမ်းဧကရာဇ် ကောင်းကင်မိစ္ဆာဖြစ်ခြင်း

Vol. 37 Ch. 420

ဘက်ရွေးခြင်း၊ ကျောက်စိမ်းဧကရာဇ် ကောင်းကင်မိစ္ဆာဖြစ်ခြင်း

Vol. 37 Ch. 420

ထိုက်စုတျန်ရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ သူ့တွက်ချက်မှုတွေထဲက ဇုထူတစ်ယောက် နွီဝါနန်းတော်ဆီသွားပြီး ကြိမ်းမောင်းတာကို သတိရသွားပါတယ်။ ဒီကိစ္စက ဟန်ကျွယ်ရင်ထဲမှာ စူးတစ်ချောင်း ဖြစ်နေတဲ့အတွက် ဟန်ကျွယ်ဟာ နွီဝါနန်းတော်ကို အပြည့်အဝ မယုံကြည်ပါဘူး။ ဒါ့အပြင် ဟန်ကျွယ်ဟာ ကောင်းကင်တာအိုပညာရှိ မဖြစ်ချင်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်တာအိုပညာရှိကိုးပါးက ကောင်းကင်တာအိုရဲ့ ရုပ်သေးရုပ်တွေ ဖြစ်နေလို့ပါပဲ။ မဟုတ်ရင် အနှိုင်းမဲ့နတ်စိတ်ဝိညာဉ်နဲ့ မဟာတာအိုခုနစ်ပါး နတ်စိတ်ဝိညာဉ်လိုမျိုး တာအိုဖြတ်ကျော်ဆရာကြီးတွေ ရှိနေမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ဘဝဟောင်းက ဖတ်ဖူးခဲ့တဲ့ ဝတ္ထုတွေ ဒဏ္ဍာရီတွေကို ကိုးကားလို့ မရပါဘူး။ အခုလက်ရှိ စကြဝဠာမှာက ကောင်းကင်တာအိုပေါ်လာပြီး အနန္တကပ်ဘေးတွေ အများကြီး ပေါ်ပေါက်ပြီးပြီမို့ စွမ်းအားကြီး ကျင့်ကြံသူတွေကလည်း မရေမတွက်နိုင်အောင် ရှိနေမှာပါ။

ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ နွီဝါနန်းတော်ရဲ့ တောင်းဆိုချက်ကို လိုက်လျောမှာ မဟုတ်ပါဘူး။

“ဒီကိစ္စက အရမ်းအရေးကြီးတော့ ငါ စဉ်းစားဖို့လိုတယ်”

ထိုက်စုတျန်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ဟုတ်ပါတယ်၊ ရှင် ဆုံးဖြတ်ပြီးရင် ရှင်းဟုန်ရွှမ်ကတစ်ဆင့် အကြောင်းပြန်ပါ”

“အင်း...”

အဲဒီနောက် နှစ်ယောက်လုံး ဘာပြောရမှန်း မသိတဲ့အတွက် တိတ်ဆိတ်သွားပါတယ်။

“အဟွတ်... ငါ့မိန်းမနဲ့ သီးသန့်စကားပြောလို့ရမလား”

ဟန်ကျွယ်ရဲ့ မိန်းမဆိုတဲ့ စကားကြောင့် ရှင်းဟုန်ရွှမ်ရဲ့မျက်နှာဟာ လပြည့်ဝန်းလို ဝင်းလက် တောက်ပသွားပါတယ်။

ထိုက်စုတျန်ဟာ ဘာမှထပ်မပြောတော့ဘဲ ချက်ချင်း ပျောက်ကွယ်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ စိတ်မချနိုင်တာကြောင့် စနစ်ကို မေးလိုက်ပါတယ် “ဒီအိပ်မက်နယ်မြေက တတိယလူက ချောင်းကြည့်နိုင်လား”

[ဤဆန်းကြယ်စွမ်းအားသည် မဟာတာအို ဆန်းကြယ်စွမ်းအားဖြစ်သည်။ အိပ်မက်ထဲသို့ ဝင်လာသူ သို့မဟုတ် မဟာတာအိုအဆင့်သို့ ရောက်ရှိမှသာလျှင် ချောင်းကြည့်နိုင်မည်။]

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ရှင်းဟုန်ရွှမ်ကို မေးလိုက်ပါတယ် “သူပြောတာကို မင်းဘယ်လိုထင်လဲ"

ရှင်းဟုန်ရွှမ်ဟာ ဘေးဘီဝန်းကျင်ကို ကြည့်လိုက်ပြီး အသံလွှင့်ပြောလိုက်ပါတယ် “စိတ်မချရဘူး”

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ သတိကြီးမှုကိုကြည့်ပြီး ငိုရမလား ရယ်ရမလား မသိတော့ပါဘူး။ ကြည့်ရတာ ဟန်ကျွယ်နဲ့အိပ်တာများလို့ အကျင့်ကူးပြီး အိပ်မက်နယ်မြေထဲမှာတောင် အသံလွှင့် ပြောနေတာ ဖြစ်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ အသံလွှင့်ပြီး ပြန်ပြောလိုက်ပါတယ် “အဲဒီဆိုရင် မြန်မြန် ပြန်လာခဲ့တာ”

“ဘယ်လိုပြန်လာရမှာလဲ၊ ယောက်ျားကို ဘယ်နားမှာ လာရှာရမှာလဲ”

“ဟင်းလင်းပြင်ကို လာခဲ့၊ ငါ မင်းကို ရှာနိုင်တယ်”

“ကောင်းပြီလေ”

“ရန်သူ မသိစေနဲ့၊ အခွင့်အရေးရှာပြီး ထိုက်စုတျန်နားကနေ ခွာတော့”

“မစိုးရိမ်ပါနဲ့... မိန်းမ ဘယ်လိုလုပ်ရမလဲဆိုတာ သိပါတယ်။

အဲဒီနောက် ဟန်ကျွယ်နဲ့ ရှင်းဟုန်ရွှမ်ဟာ အသံလွှင့်ပြောတာရပ်ပြီး ခပ်ကျယ်ကျယ် စကားပြောကြပါတယ်။

အစစ်အမှန်ကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘နောက်တစ်ခါကျရင် အိပ်မက်ထဲကို လွယ်လင့်တကူ သွားလည်လို့ မဖြစ်တော့ဘူး၊ ဒီတာအိုပညာရှိတွေက အချိန်မရွေး အကောက်ကြံနိုင်တယ်၊ ဒီတစ်ခေါက် ထိုက်စုတျန်မို့လို့ တော်သေးတယ်၊ တာအိုပညာရှိသာဆိုရင် ငါ ငြင်းနိုင်မှာ မဟုတ်ဘူး’

‘ဒီအနန္တကပ်ဘေးက တာအိုပညာရှိတွေရဲ့ စစ်ပွဲအဖြစ် အဆုံးသတ်မှာလား၊ ဒီလိုသာဆိုရင် အင်မော်တယ်ကမ္ဘာတော့ သွားပြီ’

‘အင်မော်တယ်ကမ္ဘာ ပျက်စီးသွားရင် ကျို့ယိုငရဲက အင်မော်တယ်ကမ္ဘာအသစ် ဖြစ်လာနိုင်တယ်’

ဟန်ကျွယ်ဟာ တွေးလေလေ သူ့အတွေးတွေက ဖြစ်နိုင်လေလေလို့ ခံစားရလေလေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ ကျို့ယိုငရဲက အင်အားစုတွေနဲ့ သက်ရှိတွေ ကပ်ဘေးရှောင်ရှားဖို့နေရာ ဖြစ်နေလို့ပါပဲ။ တာအိုပညာရှိတွေသာ ကျို့ယိုငရဲထဲက အကုသိုလ်ကံတွေကို ရှင်းလင်းလိုက်မယ်ဆိုရင် ကျို့ယိုငရဲက သန့်ရှင်းတဲ့ကမ္ဘာတစ်ခု ဖြစ်သွားမှာပါ။

ဟန်ကျွယ်ဟာ အတွေးနဲ့တင် ကြက်သီးမွေးညင်းထသွားပြီး ဆက်မတွေးရဲတော့ပါဘူး။

‘ငါ့ဘာသာ အေးအေးဆေးဆေး ကျင့်ကြံတာပဲ ကောင်းတယ်’

အဲဒီနောက် ဟန်ကျွယ်ရဲ့ မိတ်ဆွေတွေဟာ လူသားမျိုးနွယ်စုနဲ့ ကောင်းကင်ရုံးတော်ထဲကို အသီးသီး ဝင်ရောက်ကြပါတယ်။

နှစ် ၂၀ ကြာတဲ့အခါမှာတော့ တိတ်ဆိတ်ကျွန်းကလွဲရင် အပြင်မှာရှိနေတဲ့ ဟန်ကျွယ်ရဲ့ မိတ်ဆွေ အကုန်လုံးဟာ ဘက်ရွေးပြီးသွားကြပါပြီ။ သူတို့အကုန်လုံးက လူသားမျိုးနွယ်စုမှာ မဟုတ်ရင် ကောင်းကင်ရုံးတော်ထဲမှာပါ။

သူ့လူကိုယ့်လူ ကွာသွားပြီဖြစ်တဲ့အတွက် စစ်ပွဲဖြစ်ပွားဖို့ပဲ ကျန်ပါတော့တယ်။ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနန္တကပ်ဘေးက အနည်းဆုံး နှစ်တစ်သောင်း အများဆုံး နှစ်တစ်သန်း ကြာနိုင်တယ်လို့ ပြောခဲ့တာကို သတိရသွားလို့ပါ။ ဒါပေမဲ့ အခုတော့ နှစ်သုံးလေးထောင်နဲ့ အနန္တကပ်ဘေးရဲ့ နောက်ဆုံးစစ်ပွဲက စတင်တော့မှာပါ။

‘ဒီစစ်ပွဲက အမှောင်တားမြစ်နယ်မြေကိုတော့ လာမသက်ရောက်လောက်ပါဘူးနော်’

ဟန်ကျွယ်ဟာ ပိုသေချာသွားအောင် ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ်။

[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မသက်ရောက်ပါ။]

ဒီတစ်ခါတော့ စနစ်က လောလောဆယ်ဆိုတဲ့ စကားတောင် မသုံးပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် အမှောင်တားမြစ်နယ်မြေက လုံးဝလုံခြုံတယ်ဆိုတာကို သိနိုင်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ အနန္တကပ်ဘေးကို ကျော်ဖြတ်ပြီးသလိုမျိုး ခံစားလိုက်ရပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကျိန်စာတိုက်ရင်း စာစောင်တွေကို စစ်ဆေးလိုက်တဲ့အခါ စာတစ်စောင်က ဟန်ကျွယ်ရဲ့အာရုံကို ဆွဲဆောင်လိုက်ပါတယ်။

[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် အဆင့်နိမ့် နတ်ထူးဆန်း၏ ခန္ဓာသိမ်းခြင်း ခံရပြီး ဝိညာဉ် ဖိနှိပ်ခံလိုက်ရ၏။]

‘ဘယ်သူက ကောင်းကင်ဧကရာဇ်ကို ထိရဲတာလဲ’ ဟန်ကျွယ်ဟာ အမျက်ချောင်းချောင်း ထွက်သွားပါတယ်။

ဟန်ကျွယ်ဟာ အဆင့်နိမ့်နတ်ထူးဆန်းကို တကျို့တျန်လို့ခေါ်တဲ့ လူတစ်ယောက် ဖမ်းသွားတာကို အမှတ်တရ ရှိနေပါသေးတယ်။

‘ဒီကောင်က တာအိုပညာရှိအတုဆိုတော့ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို ကူညီနေတဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်များလား... ဒီကောင်ကတော့ အသက်ရှင်ရတာ ပျင်းနေပြီနဲ့တူတယ်’

ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို ထိတဲ့လူ မှန်သမျှကို ခွင့်လွှတ်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ အင်အားကြီးမလာခင်မှာ ကောင်းကင်ဧကရာဇ်က အမြဲတမ်း ကူညီခဲ့ပြီး လိုချင်တာမှန်သမျှ ပေးခဲ့လို့ပါပဲ။ ဒါကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ် ဒုက္ခရောက်မှာကို မမြင်ချင်ပါဘူး။

‘မင်းတို့က ဒီလောက်တောင် ပျင်းနေမှတော့ ငါကလည်း လက်ဆောင်ပေးရသေးတာပေါ့’

ဟန်ကျွယ်ဟာ ကျောက်စိမ်းဧကရာဇ်ကို ၂၀၀ ဘီလီယံနဲ့ တကျို့တျန်ကို ၃၀၀ ဘီလီယံ လက်ဆောင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုအချိန်မှာ ဟန်ကျွယ်အတွက် သက်တမ်း ၅၀၀ ဘီလီယံက ဘာမှမဟုတ်တော့ပါဘူး။

ခန်းမတစ်ခုရဲ့ ကြမ်းပြင်မှာ ကျောက်စိမ်းဧကရာဇ်ကျိုးရန်ဟာ အလွန်တရာ ဆိုးရွားလွန်းတဲ့မျက်နှာနဲ့ ထိုင်နေပါတယ်။ တကျို့တျန်နဲ့ ကောင်းကင်ဧကရာဇ်ကတော့ ဘေးနားမှာ ရပ်နေပါတယ်။

ကောင်းကင်ဧကရာဇ်ဟာ ထူးဆန်းတဲ့ အခြေအနေမှာ ရှိနေပြီး မျက်လုံးရော ဆံပင်ရော ဖြူဖွေးနေပါတယ်။ ကျိန်းသေတာ တစ်ခုကတော့ အရုပ်တစ်ရုပ်လိုမျိုး ဖြစ်နေတာပါ။ တကျို့တျန်ကတော့ ကောင်းကင်ဧကရာဇ်ကို ပတ်ကြည့်ပြီး ခေါင်းတညိတ်ညိတ် ဖြစ်နေပါတယ်။ သူ ဘာတွေးနေတယ်ဆိုတာတော့ ဘုရားပဲသိပါလိမ့်မယ်။

ဒီအချိန်မှာပဲ...

ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ ရုတ်တရက် မျက်လုံးဖွင့်ပြီး အော်ပြောလိုက်ပါတယ် “ငါ့ကို ကယ်အုန်း”

“ဝေါ့...”

ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ ရွှေရောင်သွေးတစ်လုတ် အန်ထုတ်လိုက်တဲ့အတွက် ခန်းမရဲ့ကြမ်းပြင်မှာ အပေါက်တစ်ပေါက် ဖြစ်သွားပါတယ်။ တကျို့တျန်ဟာ ကျောက်စိမ်းဧကရာဇ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ တိတိကျကျ ပြောရရင် တကျို့တျန်ဟာ ကျောက်စိမ်းဧကရာဇ်ရဲ့ ကျိန်စာတိုက်ခံရတိုင်း အကူအညီတောင်းတာကို သည်းမခံနိုင်တော့ပါဘူး။

‘စောက်သုံးမကျတဲ့ ခွေးစုတ်’

တကျို့တျန်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပြီး ကျောက်စိမ်းဧကရာဇ်နောက်ကို သွားကာ စတင် ကုသပေးပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ အင်အားကောင်းလွန်းလှတဲ့ ကျိန်စာစွမ်းအားကြောင့် တကျို့တျန် မျက်နှာပျက်သွားပါတယ်။

တကျို့တျန်ဟာ ဒီပြင်းထန်လှတဲ့ ကျိန်စာစွမ်းအားကနေ မုန်တိုင်းထန်နေတဲ့ တစ်ဖက်လူရဲ့ ဒေါသကို ခံစားမိပါတယ်။

‘အို... မကောင်းတော့ဘူး၊ အမှောင်သခင်ကြီးက ဒီကောင်ကို အသေသတ်ချင်နေတာပဲ’

ကျောက်စိမ်းဧကရာဇ်ကို သေအောင် ကျိန်စာတိုက်ဖို့ မလွယ်ဘူးဆိုပေမဲ့ ဒီအတိုင်းဆက်သွားရင် တာအိုသီး မတည်မငြိမ်ဖြစ်ပြီး ကျင့်ကြံမှု လျော့ကျမှာကို ကျိန်းသေနေပါပြီ။ အခန့်မသင်ရင် ဓမ္မစွမ်းအား ဖောက်ပြန်ပြီး ကောင်းကင်မိစ္ဆာတောင် ဖြစ်သွားနိုင်ပါတယ်။

တကျို့တျန်ဟာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို အကောင်းဆုံး ကူညီပေမဲ့ ကျိန်စာစွမ်းအားက ပိုပိုပြင်းထန်လာတာကြောင့် ဆက်ပြီးတော့ မဟန့်တားနိုင်တော့ပါဘူး။

‘သွားပြီ... ဒီကောင်တော့ ကိစ္စတုံးပြီ’

တကျို့တျန်ရဲ့ မျက်နှာဟာ ဘီလူးမ သံပရာသီးကိုက်သလို ဖြစ်သွားပါတယ်။

ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ ရုတ်တရက် အပေါ်ကို မော့ကြည့်ပြီး အော်ဟစ်လိုက်ပါတယ် “အား...”

ဒီအော်ဟစ်သံဟာ အနန္တကမ္ဘာကို ပျံ့နှံ့သွားတာကြောင့် ကျောက်စိမ်းဧကရာဇ် ကျိုးရန်ရဲ့အသံကို လူတိုင်း ကြားလိုက်ရပါတယ်။

ကျောက်စိမ်းဧကရာဇ် ကျိုးရန်ရဲ့ ခန္ဓာကိုယ်ဟာ ပေါက်ကွဲထွက်သွားပြီး သူ့ဝိညာဉ်ဟာ အနက်ရောင်မြူခိုးအဖြစ် ပြောင်းလဲသွားပါတယ်။

ဒါကိုမြင်လိုက်ရတဲ့ တကျို့တျန်ဟာ အကြီးအကျယ် မျက်နှာပျက်သွားပါတယ် “မိစ္ဆာချီ... ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” အဲဒီနောက် တကျို့တျန်ဟာ ယမ်းပုံမီးကျ ဖြစ်သွားပါတယ်။

‘ဒီခွေးစုတ်က မိစ္ဆာဘိုးဘေးဆီမှာ ခိုလှုံလိုက်တာပဲ... ကိုယ့်သေတွင်း ကိုယ်တူးတာပဲ’

အနက်ရောင်မြူခိုးတွေဟာ ကျောက်စိမ်းဧကရာဇ်အသွင် ပြောင်းလဲသွားပြီး တကျို့တျန်ဆီ တဟုန်ထိုးသွားကာ ကြုံးဝါးလိုက်ပါတယ် “ငါ သေရင်တောင့် မင်းကို ငါနဲ့အတူ ဆွဲခေါ်သွားမယ်၊ တကျို့တျန်... မင်း အသေဆိုးနဲ့ သေရလိမ့်မယ်”

တကျို့တျန်ဟာ ရူးသွပ်လွန်းတဲ့ ကျောက်စိမ်းဧကရာဇ်ကို ပြန်ကျိန်ဆဲပြီး လက်နှစ်ဖက်နဲ့ ကာကွယ်လိုက်ပါတယ်။

[သင့်ကျိန်စာကြောင့် သင့်ရန်သူ ကျောက်စိမ်းဧကရာဇ် ကျိုးရန်သည် ခန္ဓာကိုယ်ပျက်စီးပြီး ဝိညာဉ်မှာလည်း မိစ္ဆာဘိုးဘေး ဝါးမြိုခြင်းကို ခံလိုက်ရသည်။]

ဒီစာစောင်ကို မြင်လိုက်ရတဲ့အတွက် ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။ ဒီတစ်ခါမှာ ဟန်ကျွယ်ဟာ သက်တမ်း ၃၀၀ ဘီလီယံလုံးသုံးပြီး ကျိန်စာတိုက်လိုက်တဲ့အတွက် ကြမ္မာဆိုးစာအုပ် ကိုင်ထားတဲ့ လက်တွေဟာ တုန်ယင်နေပါတယ်။

‘အရှင်မင်းကြီး... ကျွန်တော် အကောင်းဆုံး ကြိုးစားထားတယ်နော်’

အဲဒီနောက် ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ ပြန်ပြီးတော့ စူးရှလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျိန်စာတိုက်ဖို့ တကျို့တျန် ကျန်နေသေးလို့ပါပဲ။ ဒါပေမဲ့ တကျို့တျန်ကို ကျိန်စာမတိုက်ခင် ဟန်ကျွယ် အနားယူဖို့ လိုအပ်ပါတယ်။

လေးငါးဆယ်ရက် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တကျို့တျန်ကို ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။

တကျို့တျန်ဟာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်နဲ့ တိုက်ပွဲပြီးခါစမို့ တရားထိုင်ရင်း ဒဏ်ရာတွေ ကုသနေတုန်း အားကောင်းတဲ့ ကျိန်စာစွမ်းအားကို ခံစားလိုက်ရတာကြောင့် မျက်နှာတစ်ခုလုံး ဒယ်အိုးဖင်လို မည်းနက်သွားပါတယ်။

‘ခွေးမသား အမှောင်သခင်ကြီး...’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters