← Chapters

လီမုယီ၊ လောင်ဇီ

Vol. 38 Ch. 422

လီမုယီ၊ လောင်ဇီ

Vol. 38 Ch. 422

ဟန်ကျွယ်ဟာ ဖန်းလျန်နဲ့ စကားခဏပြောပြီး အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။ ဖန်းလျန်က ကူကယ်ရာမဲ့တဲ့ အခြေအနေမှာ ရှိနေပေမဲ့ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်လိုစိတ် ရှိတာကို ဟန်ကျွယ် ခံစားမိပါတယ်။ ကြည့်ရတာ ဖန်းလျန်ကိုယ်တိုင်က ဒီစစ်ပွဲကို စိတ်ပါနေတာလည်း ဖြစ်နိုင်ပါတယ်။

လူတိုင်းက သူ့ကံကြမ္မာနဲ့သူမို့ ဟန်ကျွယ်ဟာ ဖန်းလျန်ကို ဖိအားပေးမှာ မဟုတ်ပါဘူး။

ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို ဆက်သွယ်ဖို့ ချီတုံချတုံ ဖြစ်နေပါတယ်။ ဒါပေမဲ့ အတန်ကြာ စဉ်းစားပြီးတဲ့အခါမှာတော့ မဆက်သွယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ စကားပြောတာများရင် အမှားပါလာသလို မကြာခဏ ဆက်သွယ်တာ များရင်လည်း မတော်တဆ မဖြစ်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။

အဲဒါကြောင့် ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းဆီ အိပ်မက်ကနေ သွားလည်ပါတယ်။ အစတုန်းက ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်ကို ရင်းမြစ်မျိုးစုံပေးပြီး ကူညီခဲ့ပါတယ်။ ဒီကျေးဇူးကို ဟန်ကျွယ်မေ့မှာ မဟုတ်ပါဘူး။

အိပ်မက်နယ်မြေက လိုဏ်ဂူတစ်ဂူထဲမှာဖြစ်ပြီး အလင်းရောင်က ဖျော့တော့နေပါတယ်။ ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် မှင်သက်သွားပါတယ်။

“ပြန်လာခဲ့... အနန္တကပ်ဘေးက ပေါက်ကွဲထွက်တော့မယ်၊ လူသားမျိုးနွယ်စုက ကောင်းကင်ရုံးတော်ကို ဘယ်လိုမှနိုင်မှာ မဟုတ်ဘူး၊ အင်မော်တယ်နတ်ဘုရားတွေတောင် သေဘေးကနေလွတ်မှာ မဟုတ်ဘူး”

ဟန်ကျွယ်စကားကြောင့် ရွှမ်ချင်းကျွင်းဟာ မျက်မှောင်ကြုတ်သွားပြီး အတွေးနက်သွားပါတယ်။

ဟန်ကျွယ်ဟာ စိတ်ရှည်လက်ရှည် စောင့်ပါတယ်။

အတန်ကြာတဲ့အခါမှာတော့ ရွှမ်ချင်းကျွင်းက ပြောလိုက်ပါတယ် “ရှင့်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်မ တိုက်ခိုက်ချင်သေးတယ်” ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်ကို အလွန်တရာ သိမ်မွေ့ညင်သာတဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။

ရွှမ်ချင်းကျွင်းက ဆက်ပြောပါတယ် “ကျွန်မရဲ့ အရည်အချင်းက သိပ်မကောင်းဘူး၊ ဒီအနန္တကပ်ဘေးကို ရှောင်နိုင်ရင်တောင် ဘယ်လောက်ထိ အသက်ဆက်ရှင်နိုင်မှာလဲ၊ နောက်တစ်ခါ အနန္တကပ်ဘေးထိ ကျွန်မ ဆက်ရှင်နိုင်မှာ မဟုတ်ဘူး၊ အနာဂတ်မှာ ရှင်သန်ဖို့အတွက် ကျွန်မ ဒီအနန္တကပ်ဘေးမှာ တိုက်ခိုက်ရလိမ့်မယ်”

ရွှမ်ချင်းကျွင်းရဲ့ စကားတွေက လုံးဝမှန်ကန်ပါတယ်။ တိတ်ဆိတ်ဂိုဏ်းလိုမျိုး လူတိုင်း အင်မော်တယ်ဧကရာဇ် ဖြစ်လာနိုင်တာ မဟုတ်ပါဘူး။ တိတ်ဆိတ်ဂိုဏ်းမှာ ရှိနေတဲ့လူတွေက အရည်အချင်း ရှိတဲ့သူတွေထဲကမှာ ပိုပြီးထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တွေပါ။

“မင်း နောင်တမရရင် ပြီးတာပဲ”

ရွှမ်ချင်းကျွင်းဟာ ပြုံးပြီး ခေါင်းခါပြပါတယ်။

ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီး ပြောလိုက်ပါတယ် “ဒီလိုဆိုရင် ငါ မင်းကို ဆန်းကြယ်စွမ်းအား သင်ပေးမယ်”

ရွှမ်ချင်းကျွင်းဟာ ကျယ်ကျောင်းတော် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးရဲ့ အမွေအနှစ်ကို ရရှိထားတာဆိုပေမဲ့ ဟန်ကျွယ်ရဲ့ ကြင်နာမှု မငြင်းပယ်ဘဲ ဟန်ကျွယ် သင်ပေးတဲ့ ဆန်းကြယ်စွမ်းအားကို သင်ယူပါတယ်။

မကြာခင်မှာပဲ ရွှမ်ချင်းကျွင်း အံဩတကြီး ဖြစ်သွားရပါတယ်။

‘ဒီဆန်းကြယ်စွမ်းအားက... ငါ တက်မြောက်ထားတာတွေထက် အများကြီး ပိုစွမ်းတယ်၊ ဒီကောင်လေးက ဘယ်အဆင့်ကိုတောင် ရောက်နေပြီလဲ’

ရွှမ်ချင်းကျွင်းဟာ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ကို နားမလည်နိုင်တော့ပါဘူး။

‘သူက အင်မော်တယ်ကမ္ဘာရဲ့ ထိပ်တန်းအဆင့်ကို ရောက်နေပြီလား’ ရွှမ်ချင်းကျွင်းဟာ ဒီအတွေးကြောင့် ကြက်သေသေသွားပြီး ဟန်ကျွယ်နဲ့ ပထမဆုံးတွေ့ခဲ့တဲ့အချိန်ကို မျက်စိထဲ ပြန်မြင်ယောင်လာပါတယ်။

အဲဒီအချိန်တုန်းက ဟန်ကျွယ်ဟာ အချောဆုံးယောက်ျားဖြစ်ပြီး ရွှမ်ချင်းကျွင်းရဲ့ နှလုံးသားကို လှုပ်ရှားစေနိုင်တဲ့ တစ်ဦးတည်းသောသူပါ။ ရွှမ်ချင်းကျွင်းဟာ သူ တာအိုလက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့တဲ့ အချောဆုံးယောက်ျားက အင်မော်တယ်ကမ္ဘာမှာ စွမ်းအားကြီးပုဂ္ဂိုလ် ဖြစ်လာလိမ့်မယ်လို့ စိတ်ကူးထဲတောင် ထည့်မတွေးဖူးပါဘူး။

‘ဒီကောင်လေးက စွမ်းအားကြီးပုဂ္ဂိုလ် ပြန်ဝင်စားတာလား၊ ဟုတ်တယ်... အဲဒါ အဖြစ်နိုင်ဆုံးပဲ’

အစစ်အမှန်ကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် ‘ဒါက အနန္တကပ်ဘေးလား...’

ရှင်းဟုန်ရွှမ်ကလွဲရင် ကျန်တဲ့လူတွေက အန္တရာယ်များတာတောင် ပြန်မလာကြပါဘူး။ မြွေတွင်းမှန်းသိလျက်နဲ့ စိန်လိုချင်လို့ ခုန်ချနေတဲ့ ရွာသားတွေလိုပါပဲ။ ရှင်းဟုန်ရွှမ် ပြန်လာချင်တာကလည်း တာအိုပညာရှိရဲ့ အမွေအနှစ်ကို ဆက်ခံရရှိထားတာကြောင့်ပါ။ မဟုတ်ရင် ပြန်လာမလားဆိုတာ ပြောဖို့ခက်ပါတယ်။

ဟန်ကျွယ်ဟာ ကျိုးဖန်၊ မော့ဖူချိုနဲ့ ဂျိရှင်းရှန်တို့ဆီကို အိပ်မက်ကနေတစ်ဆင့် ပြန်ခေါ်ပေမဲ့ ဘယ်သူမှ ပြန်လာဖို့ သဘောမတူကြပါဘူး။ ကျိုးဖန်နဲ့ ဂျိရှင်းရှန်က ဟန်ကျွယ်ကိုတောင် ပြန်စိန်ခေါ်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကျိုးဖန်နဲ့ ဂျိရှင်းရှန်ကို အခွင့်အရေးတစ်စက်တောင် မပေးဘဲ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ မော့ကျူကို တွေးမိသွားပြီး အိပ်မက်ထဲ ဆွဲထည့်လိုက်ပေမဲ့ ဆွဲထည့်လို့မရတာကို အံဩဖွယ်ရာ တွေ့ရှိလိုက်ရပါတယ်။ ဟန်ကျွယ်လည်း လူမှုဆက်ဆံရေးကနေ မော့ကျူကို ဝင်ကြည့်တဲ့အခါ ပိုပြီးတော့ အံအားသင့်သွားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မော့ကျူရဲ့ ကျင့်ကြံမှုအဆင့်က မဟာညီညွတ်မှု အင်မော်တယ်စစ် ဖြစ်နေလို့ပါ။ မော့ကျူရဲ့ အရည်အချင်းနဲ့ အချိန်တိုအတွင်း ဒီအဆင့်ထိရောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဟန်ကျွယ်ဟာ ချက်ချင်းပဲ စနစ်ကို မေးလိုက်ပါတယ် “မော့ကျူကို အိပ်မက်ထဲ ဘာလို့ ဆွဲထည့်လို့မရတာလဲ”

[သက်တမ်း သန်း ၁၀၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[တာအိုပညာရှိ တာအိုစက်ကွင်း။ မဟာတာအို အရံအတား ရှိနေသောကြောင့် သင့်ဆန်းကြယ်စွမ်းအား အလုပ်မလုပ်ခြင်းတည်း။]

‘တာအိုပညာရှိရဲ့ တာအိုစက်ကွင်း...’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ လန့်သွားပါတယ် ‘မော့ကျူကို တာအိုပညာရှိတစ်ပါးက ရွေးချယ်လိုက်တာလား...’

ဟန်ကျွယ်ဟာ ဆက်ပြီးတော့ တွက်ချက်ပါတယ် “ဘယ်တာအိုပညာရှိလဲ ငါသိချင်တယ်”

[သက်တမ်း ၅ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[လီမုယီ: ကျင့်ကြံမှုမသိ၊ တာအိုဖြတ်ကျော် ဆရာကြီး၊ ရွမ်လိန့်ကျောင်းတော် ဂိုဏ်းချုပ်၊ ဓားတာအို ဖန်တီးသူ။ ခြေရာကောက်ရန် ခက်ခဲပြီး ဓားတာအိုမြစ်အား စောင့်ကြပ်ရန် သင် ငြင်းဆိုခဲ့သောကြောင့် သင့်အပေါ်တွင် မကောင်းမြင်စိတ်ရှိ၏။ လီမုယီသည် သင့်ကိုယ်ရည်ကိုယ်သွေးက ဓားကျင့်ကြံသူဖြစ်ရန် မထိုက်တန်ဟု ယူဆ၏။ လက်ရှိ မုန်းတီးမှု: ကြယ်တစ်ပွင့်။]

‘ရွမ်လိန့်ကျောင်းတော်ရဲ့ ဂိုဏ်းချုပ်...’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင်က ငါ့ကို အထင်သေးနေတာ မဟုတ်ဘူးလား၊ ဘာဖြစ်လို့ မော့ကျူကို ခေါ်သွားရတာလဲ၊ ဒါ တိုက်ဆိုင်မှု မဖြစ်နိုင်ဘူး’

တာအိုပညာရှိတွေက ကံတရားကို ထိုးဖောက်မြင်နိုင်တဲ့အတွက် မော့ကျူကို တွေ့လိုက်တာနဲ့ ဟန်ကျွယ်နဲ့ ဆက်စပ်နေတာကို တန်းသိမှာပါ။

“လီမုယီက မော့ကျူကို ဘာလို့ခေါ်သွားရတာလဲ” ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ်။

[သက်တမ်း ၅ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဟန်ကျွယ်ဟာ ၅၀၀ ဘီလီယံတောင်သုံးပြီး ကျိန်စာတိုက်ထားတာ ဖြစ်တဲ့အတွက် ၅ ဘီလီယံကို စိတ်ထဲမထည့်ပါဘူး။

ဆက်တွက်မယ်။

တာအိုပညာရှိတစ်ပါးရဲ့ ပစ်မှတ်ထားတာကို ခံရတာက ပျော်စရာတော့ မဟုတ်ပါဘူး။ အခု ဟန်ကျွယ်ကို ပစ်မှတ်ထားနေတဲ့ တာအိုပညာရှိတက တစ်ပါးမကတော့ပါဘူး။

ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ပုံရိပ်ယောင်ထဲ ဝင်သွားပါတယ်။

ခန်းမတစ်ခုရဲ့ ကော်ဇောမှာ အဘိုးဘိုတစ်ဦး ထိုင်နေပါတယ်။ အဘိုးအိုဟာ အလွန်တရာ ပိန်ပါးပေမဲ့ ညအမှောင်ထုမှာ တောက်စားနေတဲ့ ပိုးစုန်းကြူးလိုပါပဲ။

လီမုယီ။

လီမုယီဟာ တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ငယ်ရွယ်တဲ့မျက်နှာနဲ့ ဖြူဖွေးတဲ့ဆံပင် ရှိပါတယ်။ လီမုယီဟာ တာအိုပညာရှိတစ်ပါးရဲ့ ကြီးမြတ်မှုရှိပြီး ဘိုးဘေးရှီတျန်နဲ့ တော်တော်လေး ဆင်တူပါတယ်။

လီမုယီဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ် “ရွမ်လိန့်ကျောင်းတော်က ကပ်ဘေးကို ရင်ဆိုင်နေရပြီ”

ဒီအချိန်မှာပဲ လီမုယီရှေ့မှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ လီမုယီဟာ ချက်ချင်း မတ်တတ်ရပ်ပြီး ခါးညွှတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီလူက ဘယ်သူလဲ၊ လီမုယဲ့ကိုတောင် ခါးညွှတ်စေနိုင်တယ်ဆိုတော့ သာမန်လူ မဖြစ်နိုင်ဘူး၊ တာအိုဘိုးဘေးများလား’

‘မဖြစ်နိုင်ဘူး... တာအိုဘိုးဘေးက ပျောက်သွားတာကြာပြီ၊ မော့ကျူကိစ္စနဲ့ မပတ်သက်လောက်ဘူး’

“ရွမ်လိန့်ကျောင်းတော်က ဒီကပ်ဘေးကို ကျော်ဖြတ်ချင်ရင် မသိကိန်းပေါ် မှီခိုရလိမ့်မယ်၊ မင်း အဲဒီမသိကိန်းကို ဂရုတစိုက် စောင့်ကြည့်ထားလား” ရုတ်တရက် ပေါ်လာတဲ့ ရုပ်သွင်က ဩဇာအာဏာ ပြည့်ဝတဲ့အသံနဲ့ မေးလိုက်ပါတယ်။

“ဆရာသခင်... ကျွန်တော် သူ့ကို ဂရုတစိုက် စောင့်ကြည့်နေပါတယ်၊ ဒါပေမဲ့ ဒီကလေးရဲ့ ကိုယ်ရည်ကိုယ်သွေးက အားနည်းလွန်းတယ်၊ သူက ထာဝရအသက်ကလွဲရင် ဘာမှ ဂရုမစိုက်ဘူး၊ ကောင်းကင်တာအိုကို ပြောင်းလဲဖို့တောင် အရမ်းခက်တာ မဟာတာအိုကို ပြောင်းလဲဖို့ သူ့ကို မှီခိုလို့ရပါ့မလား”

ရုပ်သွင်က ပြန်ဖြေပါတယ် “မသိကိန်းဆိုတာက ငါတို့လို တာအိုပညာရှိတွေတောင် ခန့်မှန်းလို့မရဘူး၊ ငါတို့တွေ ထိုးဖောက်ဖို့အတွက် သူ့ကိုပဲ မှီခိုရလိမ့်မယ်၊ တာအိုဂိုဏ်းရဲ့ ကျောင်းတော်သုံးခုက မဟာတာအိုကပ်‌ဘေး မတိုင်ခင် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”

လီမုယီဟာ မျက်မှောင်ကြုတ်သွားပြီး ခပ်တိုးတိုး ပြန်ပြောလိုက်ပါတယ် “တောက်ခုံးက သူ့ကို တပည့်အဖြစ် လက်ခံချင်ပေမဲ့ သူက ငြင်းလိုက်တယ်၊ သူက ချဉ်းကပ်ဖို့ မလွယ်ဘူး”

“ဒီကလေးမှာ ကံတရား ဆက်စပ်မှု သိပ်မရှိဘူး၊ ဒါပေမဲ့ သူက ဆက်ဆံရေးတွေကို တန်ဖိုးထားတယ်၊ မင်း ဒီမိန်းကလေးကို တပည့်အဖြစ် လက်ခံလိုက်”

ရုပ်သွင်က လက်ဝှေ့ယမ်းလိုက်တဲ့အခါမှာ မော့ကျူရဲ့ ပုံရိပ်ပေါ်လာပါတယ်။

လီမုယီဟာ ပိုပြီးတော့ မျက်မှောင်ကြုတ်သွားပါတယ် “ဒီသေမျိုးရဲ့ အရည်အချင်းက နိမ့်ပါးလွန်းတယ်၊ သူနဲ့ မတန်ဘူး”

“ဟင်း... မင်းက ငါ့စကားတောင် နားမထောင်တော့ဘူး”

“မဟုတ်ပါဘူး... ကျွန်တော် လက်ခံလိုက်ပါ့မယ်” လီမုယီဟာ ကူကယ်ရာမဲ့စွာ ပြောလိုက်ပါတယ်။

အဲဒီနောက် မြင်ကွင်းတစ်ခုလုံး ကွဲကြေသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး စိုးရိမ်သွားပါတယ် ‘စွမ်းအားကြီးပုဂ္ဂိုလ် ဘယ်လောက်များများက ငါ့ကို စောင့်ကြည့်နေတာလဲ”

“လီမုယီရဲ့ ဆရာသခင်ကို ငါ သိချင်တယ်”

[သက်တမ်း ၅၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

တားဆီးမရနိုင်တဲ့ သိချင်စိတ်ကြောင့် ဟန်ကျွယ်ဟာ အံကြိတ်ပြီး ရွေးချယ်လိုက်ပါတယ်။

[လောင်ဇီ: ကျင့်ကြံမှုမသိ၊ တာအိုဖြတ်ကျော် ဆရာကြီး၊ တာအိုဘိုးဘေး၏ ပထမဆုံးတပည့်၊ ရွမ်လိန့်ကျောင်းတော် တည်ထောင်သူ၊ အနန္တဧကရာဇ်၊ ဓားတာအိုအရှင်သခင်။]

‘ဂလု... ဒဏ္ဍာရီထဲက လောင်ဇီလား’

ဟန်ကျွယ်ဟာ ဒီကမ္ဘာမှာလည်း လောင်ဇီရှိနေလိမ့်မယ်လို့ ထင်မထားပါဘူး။

‘ကြည့်ရတာ လောင်ဇီက ကောင်းကင်တာအိုပညာရှိထက် ပိုစွမ်းမဲ့ပုံပဲ၊ မဟုတ်မှလွဲရော မဟာတာအိုအဆင့်ကိုများ ရောက်နေတာလား’

‘ဘဝဟောင်းမှာတုန်းက ငါ သိခဲ့တဲ့ ဒဏ္ဍာရီတွေက ဒီလောကရဲ့ လောကဦးခေတ်သာဆိုရင် တခြားစွမ်းအားကြီးတဲ့ တည်ရှိမှုတွေ အများကြီး ရှိနေအုန်းမှာပဲ’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters