ကောင်းကင်နတ်ဘုံအထိ တက်ရောက်တိုက်ခိုက်ခြင်း
Vol. 57 Ch. 765
ဤသည်မှာ သားသတ်ဒယ်အိုးမှ မှတ်ထားသော မြေအောက်ဘုံအရှင်သခင်လူဝင်စား၏ ဘဝဖြစ်သော်လည်း ချင်မူသည် မြေအောက်ဘုံအရှင်သခင်၏ နေရာမှ မြင်တွေ့နေရသဖြင့် သူ့နည်းတူ ခံစားနေရ၏။
မြွေကြီးက မြေအောက်ဘုံအရှင်သခင်လူဝင်စား၏ မိန်းမနှင့် ကလေးနှစ်ယောက်ကို ရစ်ပတ်လျက် ဖြစ်ညစ်နေသည်။ မြေအောက်ဘုံအရှင်သခင်၏ အားနည်းချက်က သူတို့လက်ထဲသို့ ရောက်နေချေပြီ။
နတ်ဘုရားတစ်ပိုင်းအားလုံး အလွန်စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြသည်။ မြေအောက်ဘုံအရှင်သခင်သည် အနိုင်ယူမရသော ရှေးဟောင်းနတ်ဘုရားတစ်ပါးဖြစ်၏။ သူ၏တန်ခိုးစွမ်းအားက အင်အားကြီးမားရုံတင်မက သူ၏စိတ်အခြေအနေကလည်း မယိမ်းယိုင် ခိုင်မာသည်။ ယိုတုတွင် မည်သူမျှ သူ့ကို အနိုင်မယူနိုင်ပေ။
သို့သော် လူပြန်ဝင်စားသည့်အခါ မြေအောက်ဘုံအရှင်သခင်လူဝင်စားသည် အနိုင်ယူမရသော ရှေးဟောင်းနတ်ဘုရားတစ်ပါး မဟုတ်တော့ပေ။ ပြန်လည်မွေးဖွားလာသည့်အတွက် သူ၏တန်ခိုးစွမ်းအားမှာ များစွာလျော့နည်းသွားသလို၊ စိတ်အခြေအနေတွင်လည်း အားနည်းချက်များ ပြည့်လာခဲ့သည်။
သူ၏အကြီးမားဆုံး အားနည်းချက်ကတော့ သူ့မိသားစု ဖြစ်၏။
မြေအောက်ဘုံအရှင်သခင် လူဝင်စားက မြေအောက်ဘုံအရှင်သခင်အစစ်နှင့် မတူချေ။ သူက အမေအိုကြီးအတွက် အားချို၊ သူ့မိန်းမအတွက် အားနျို ... ရွာအတွက် ရိုးသားသော အရုပ်ဆိုးဆိုး လူသားတစ်ယောက်သာ ဖြစ်လာခဲ့သည်။ ကလေးနှစ်ယောက်၏ အဖေလည်း ဖြစ်၏။
“ရှေးဟောင်းနတ်ဘုရားတွေကို ငါ လူပြန်ဝင်စားတဲ့အကြောင်း မပြောခဲ့ဘူး... ကောင်းကင်နတ်ဘုံကိုလည်း အကြောင်းမကြားခဲ့ဘူး... မင်းတို့တွေ ငါ လူပြန်ဝင်စားခဲ့တာ ဘယ်လိုသိလဲ... ဒီနေရာမှာ နေ,နေတာ ဘယ်လိုသိလဲ”
အားချိုက ဤနတ်ဘုရားတစ်ပိုင်းများကို မကြည့်ဘဲ ကောင်းကင်ထက်သို့ မော့ကြည့်ကာ အလေးအနက် ပြောလိုက်သည်။ “ကောင်းကင်နတ်ဘုံပဲ ငါ လူပြန်ဝင်စားပြီး ဒီနေရာမှာ နေထိုင်နေတာ သိနိုင်တယ်... ဒါဖြင့် ဘယ်သူက ငါ့တန်ခိုးအာဏာကို မက်မောနေတာဖြစ်မလဲ”
ကောင်းကင်ထဲတွင် မည်သည့်လှုပ်ရှားမှုမှ မရှိပေ။
အားချို အနည်းငယ် စိတ်ပျက်သွားသည်။
“အားချို၊ မင့်မိန်းမနဲ့ ကလေးတွေအတွက် အသေမခံဘူးလား”
မြွေနတ်ဘုရားတစ်ပိုင်းက အော်ဟစ်လိုက်သည်။ “မင်းရဲ့ ဝိညာဉ်ပါ ပြိုကွဲသွားမယ့် နည်းလမ်းမျိုးနဲ့ မင်းကိုယ်မင်း သတ်ပြီး အညံ့ခံလိုက်”
အားချိုက ပြန်မဖြေ။ သံထွန်ခြစ်ကို မြှောက်၍ ပခုံးအပေါ် တင်သည်။ မြွေနတ်ဘုရားတစ်ပိုင်းက ဒေါသထွက်သွားပြီး သူ့မိန်းမကို သတ်ရန် ပြင်လိုက်စဉ် အားချိုနောက်တွင် စက္ကူလှေတစ်စင်း ဘွားခနဲ ပေါ်လာ၏။ အလင်းရောင်က မြွေနတ်ဘုရားတစ်ပိုင်း၏ မျက်နှာအပေါ် ဖြာကျလာပြီး မြွေနတ်ဘုရားတစ်ပိုင်း အသံပင်မထွက်နိုင်ခင် ယိုတုထဲသို့ ဝိညာဉ်ဆွဲသွင်းလိုက်ရတော့သည်။
လှေပေါ်တွင် ခေါင်းအနောက်၌ မျက်နှာဖုံးတပ်ထားသော လူငယ်တစ်ယောက် ရှိသည်။ သူ မီးအိမ်ကို ပတ်ဝန်းကျင်သို့ ထွန်းလင်းလိုက်သည့်အခါ တောင်ကြီးများသဖွယ် မြင့်မားသော နတ်ဘုရားတစ်ပိုင်းများ တဘုန်းဘုန်း လဲကျသေဆုံးကုန်ကြသည်။
လူငယ်က မီးအိမ်ကို လှေဦးတွင် ချိတ်ဆွဲကာ အားချိုဆီသို့ ကြည့်လေသည်။ “ဒီတစ်ခေါက်တော့ အကောင်သေးတွေဆိုပေမယ့် နောက်တစ်ကြိမ်ကျ အကောင်သေးတွေပဲ မဟုတ်နိုင်တော့ဘူး... ကျုပ် ခင်ဗျားကို အမြဲတမ်း ကာကွယ်မပေးနိုင်ဘူး... မြန်မြန် ပြန်လာခဲ့ပါ”
အားချို သူ့အမေ၊ မိန်းမနှင့် ကလေးနှစ်ယောက်ကို လှည့်ကြည့်လိုက်ရာတွင် ကလေးနှစ်ယောက်က ခေါင်းခါနေကြသည်။ “အခု ငါ့မှာ တွယ်တာစရာ သံယောဇဉ်တွေ ရှိနေပြီ... ပြန်မလာနိုင်တော့ဘူး”
ထိုလူငယ်က တွေးနေပြီးနောက် ပြော၏။ “ကျုပ်က အခု အင်အားမကြီးသေးဘူး... နတ်ဘုရားတစ်ပိုင်းတွေကြားမှာ ကြောက်စရာဖြစ်တည်မှုတွေ အများကြီးပါတယ်... ကျုပ် သူတို့ကို မယှဉ်နိုင်တဲ့အပြင် ချောင်းမြောင်းနေကြတဲ့ ရှေးဟောင်းနတ်ဘုရားတွေလည်း ရှိသေးတယ်... သူတို့ ပေါ်လာရင် ကျုပ်လည်း ဘာမှမတတ်နိုင်ဘူး... ခင်ဗျား လူပြန်ဝင်စားပြီးတော့ စွမ်းအား ဘယ်လောက်ထိန်းချုပ်နိုင်လဲ”
“သက်ရှိကမ္ဘာမှာ ငါ ယိုတုရဲ့စွမ်းအားကို သုံးမရဘူး”
အားချို ခေါင်းယမ်းလိုက်မိသည်။ “ငါ့မျက်ခုံးနှစ်ဖက်ကြားမှာ စွမ်းအားတွေ ကိန်းဝပ်နေသလို ခံစားရပေမယ့် တတိယမျက်လုံးကို ဘယ်လိုမှ ဖွင့်မရဘူး ဖြစ်နေတယ်”
လူငယ်က သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ကြည့်လိုက်ပြီး ဒေါင်လိုက်မျဉ်းကြောင်းကဲ့သို့ အရာတစ်ရာ တွေ့လိုက်ရသည်။ သို့သော် တတိယမျက်လုံးကို မမြင်ရပေ။ လူငယ်မှာ လှေကို ပြန်လှည့်၍ အမှောင်ထုထဲသို့သာ ပြန်ဝင်သွားရတော့သည်။ “ခင်ဗျားက မြေအောက်ဘုံအရှင်သခင် မဟုတ်တော့ဘူး... အားချိုဖြစ်နေပြီ... မြန်မြန်ပြန်လာခဲ့ပါ”
အားချို သူထွက်သွားသည်ကို ကြည့်နေရင်း တခဏကြာသော် ပြုံးလိုက်၏။ “ငါ ပြန်လာလို့ မရတော့ဘူးလေ....”
သူ့မိန်းမက ကလေးနှစ်ယောက်ကို ချီ၍ လျှောက်လာသဖြင့် အားချိုသည် သူက အားချိုသာ ဖြစ်၍ စိတ်မပူရန် သူ့မိန်းမဆီသို့ ပြောလိုက်သည်။
အားချို ဤနေရာတွင် ဆက်နေမရတော့ပေ။ သူသည် ထွားထွားကြိုင်းကြိုင်းကြီး ဖြစ်ပါသော်လည်း လျင်မြန်သွက်လက်၏။ သူက ကျော၌ လွယ်နိုင်သော ခြင်းတစ်ခြင်း အလျင်အမြန် ရက်လုပ်ကာ အထဲ၌ ဝါဂွမ်းများ ထည့်လိုက်ပြီး အမေအိုကြီးကို ခြင်းထဲ ဝင်ထိုင်စေလိုက်သည်။ သားနှင့်သမီးကို ပခုံးတစ်ဖက်စီတွင် တင်လိုက်ပြီး ကိုယ်ဝန်လွယ်ထားသော ဇနီးကိုတော့ တံတောင်အပေါ်၌ ထိုင်စေသည်။ သူတို့တစ်မိသားစုလုံး နေရာစပြောင်းကြသည်။
ဤနေရာမှ ထွက်ခွာရန် အားချို နေ့မနား၊ ညမအိမ် ပြေးသည်။ သို့သော် လမ်းခရီးကား မချောမွေ့ပေ။ နတ်ဘုရားတစ်ပိုင်းများ၏ တိုက်ခိုက်မှုများကို မကြာခဏ ကြုံတွေ့ရပြီး ဤကမ္ဘာထဲသို့လည်း နတ်ဘုရားတစ်ပိုင်းများစွာ ရောက်လာကြသည်။ လူသားများက နတ်ဘုရားတစ်ပိုင်းများကို ‘လူသားစားသော သားရဲကြီးများ’ဟု ခေါ်ဆိုလာကြ၏။ အတိတ်တုန်းက ဤကမ္ဘာတွင် နတ်ဘုရားတစ်ပိုင်းများစွာ မရှိခဲ့သော်လည်း ယခုမူ အားလုံးနီးပါး ပေါ်လာကြချေပြီ။
အားချိုတို့မိသားစု ပုန်းရင်းရှောင်ရင်း ပြေးလွှားနေသည့် တစ်နေ့တွင် အမေအိုကြီး ကွယ်လွန်သွားသော နေ့ရက်သို့ ရောက်လာတော့သည်။
“အားချို၊ အမေ သေတော့မယ်”
အမေအိုကြီးက သူ့ကို ပြောသည်။ “သားရဲ့မိန်းမနဲ့ ကလေးတွေကို ကောင်းကောင်းစောင့်ရှောက်နော်... အမေ့သားက အရုပ်ဆိုးပေမယ့် ချွေးမလေးက သားကို မစွန့်ပစ်ခဲ့ဘူး... ဒါကြောင့် သားလည်း သူတို့ကို ဘယ်တော့မှ မစွန့်ပစ်ရဘူးနော် ကြားလား... အမေ့သား အားချိုက မြေအောက်ဘုံအရှင်သခင် မဟုတ်ဘူး... မြေအောက်ဘုံအရှင်သခင်နဲ့ တူနေတဲ့ အရုပ်ဆိုးဆိုး ကလေးလေးတစ်ယောက်ပါပဲ...” ထိုသို့ပြောပြီးနောက် အမေအိုကြီး ကွယ်လွန်သွားသည်။
အားချိုမှာ ဝမ်းနည်းကြေကွဲစွာ ငိုရင်း မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးကို ဖွင့်ရန် အပြင်းအထန် ကြိုးစားသည်။ ယိုတု၏စွမ်းအားကို သူ အတင်းအကြပ် ထုတ်ကြည့်သည်။ သူ မြေအောက်ဘုံအရှင်သခင် ဖြစ်စဉ်တုန်းက ကောင်းကင်နတ်အရှင်ရုံကဲ့သို့ အဆင့်မြင့်သိုင်းပညာရှင်များကိုပင် ကောင်းချီးပေး၍ သက်တမ်းတိုးပေးနိုင်ခဲ့၏။ သို့သော် ယခုတွင် သူ့အမေကိုပင် မကယ်နိုင်တော့ပေ။
သူက ဓားမတစ်လက်ဖြင့် မျက်ခုံးနှစ်ဖက်ကြားနေရာကို ခွဲလိုက်၍ သွေးများ တရဟော စီးကျလာသည်။ သို့တိုင်အောင် မျက်လုံးအား ရှာမတွေ့။ ယိုတုစွမ်းအားလည်း ဆိတ်သုဉ်းနေ၏။
သူသည် မြေအောက်ဘုံအရှင်သခင် မဟုတ်ပေ။
သူ့တွင် မိန်းမတစ်ယောက်၊ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိသည်.... သူ ဂရုစိုက်သော လူသားများ ရှိနေသေးသည်။
အားချိုမှာ အမေအိုကြီးကို မြေမြှုပ်သင်္ဂြိုဟ်ပြီးနောက် မိန်းမနှင့်ကလေးများအား ခေါ်ကာ ခရီးဆက်ရသည်။ နောက်မှလိုက်လာသူများကို ပင်ပန်းကြီးစွာ ရှောင်တိမ်းကြရ၏။
နောက်ဆုံးတော့ သူ့မိန်းမ ကလေးမွေးမည့်အချိန် ရောက်လာ၍ လက်သည် ရှာရတော့သည်။ သို့သော် ဤကမ္ဘာတွင် နတ်ဘုရားတစ်ပိုင်းများစွာ စိုးမိုးနေပြီး လူသားစားနေကြသောကြောင့် သက်ရှိလူသားတစ်ယောက် ရှာတွေ့ရန်ပင် အလွန်ခက်ခဲနေပြီဖြစ်သည်။
ဤကမ္ဘာတစ်ခုလုံးတွင် လူသားမျိုးနွယ် မျိုးတုံးလုနီးပါး ဖြစ်နေသည့်အတွက် မိုင်တစ်ထောင်ပတ်ပတ်လည်တွင် သက်ရှိလူသားတစ်ယောက်မှ ရှာမတွေ့ပေ။ နောက်ဆုံးတွင် ဂူတစ်လုံးသာ ရှာလိုက်ရပြီး အတွင်းတွင် ပုန်းကာ သူ့ကလေးကို ကိုယ်တိုင် မွေးပေးလိုက်ရသည်။
အတော်လေး ဒုက္ခခံပြီးနောက် ကလေး မွေးလာပြီး မိန်းကလေး ဖြစ်၏။ သူမက သူနှင့် တူသည်။ ခေါင်းတွင် ချိုသေးသေးလေးတစ်စုံ ရှိပြီး ကျားသွားစွယ်လေးများက ချွန်ထွက်နေလေသည်။ ကလေးသည် အလွန်ကျန်းမာ၏။
အားချို အလွန်ပျော်နေပြီး သူ့မိန်းမအတွက် အားဖြည့်စာရှာရန် အပြင်ထွက်သွားသည်။
သူ ပြန်ရောက်သည့်အချိန်တွင် နတ်ဘုရားတစ်ပိုင်းများက တောင်ကို ဝိုင်းအုံ၍ သူ့မိန်းမ ပုန်းနေသည့် ဂူတွင် ပိတ်ဆို့ထားကြကြောင်း မြင်လိုက်ရသည်။
တောင်ထိပ်တွင် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် သန်မာအားကောင်းသည့် နတ်ဘုရားတစ်ပိုင်းများက ထိုင်နေကြပြီး သူ့ကို ငုံ့ကြည့်နေကြ၏။ သူတို့ဘေးတွင် သူ့မိန်းမ ရှိနေသည်။
အားချို သွေးရူးသွေးတန်း ပြေးသွားပြီး သံထွန်ခြစ်ကို မြှောက်၍ သူ့အရှေ့၌ ပိတ်ရပ်နေသော နတ်ဘုရားတစ်ပါး၏ ခေါင်းအား ရိုက်ခွဲလိုက်သည်။ သူ့လက်သီးများက ရန်သူ၏ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ထိုးနှက်သည်။ ကျွဲချိုကြီးများသည် လမ်းပိတ်နေသည့် နတ်ဘုရားတစ်ပိုင်းများကို ထိုးခွေ့လိုက်ပြီး သွားများက ကိုက်ဖြတ်ပစ်နေ၏။
အားချို စိတ်ရိုင်းများဖြင့် တိုက်ခိုက်ရင်း ဆန့်ကျင်ဘက်တောင်စောင်းဆီသို့ အသားကုန် ပြေးနေမိသည်။
ဤနတ်ဘုရားတစ်ပိုင်းများကား အင်အားကြီးမားကြသည့်အပြင် သူ့ကို ဝိုင်းတိုက်နေကြသောကြောင့် အားချိုမှာ မျက်နှာတစ်ပြင်လုံး ဖူးယောင်နေသည်။ အကွေ့အကောက်ကိုးသွယ် ချိုနှစ်ခုလည်း ကျိုးပဲ့နေသည်။ သို့သော် အားချိုသည် ရပ်တန့်ခြင်းမရှိ၊ သူ့ခြေထောက်များက ပြေးနေဆဲဖြစ်ပြီး လက်များကလည်း အသည်းအသန် တိုက်ခိုက်နေသည်။ သူက ဤနတ်ဘုရားတစ်ပိုင်းများထက်ပင် သားရဲကြီးတစ်ကောင်နှင့် ပိုတူနေတော့သည်။
မည်မျှကြာသွားမှန်း မသိသော်လည်း သူ ခြေကုန်လက်ပန်း ကျလာသည်။ သို့သော် တစ်ဖက်ရန်သူများမှာလည်း သူ၏တိုက်ခိုက်မှုကြောင့် ကြောက်လန့်နေကြပြီဖြစ်သည်။ အားချိုက သစ်ပင်တစ်ပင်ကို မှီလျက် အသက်ပြင်းပြင်းရှူရင်း တစ်ဖက်ရှိ တောင်အား ရက်စက်ကြမ်းကြုတ်စွာ ကြည့်နေသည်။
နတ်ဘုရားတစ်ပိုင်းများက ထိုနေရာတွင် ရပ်နေကြပြီး သူ့ကို အေးစက်စွာ ငုံ့ကြည့်နေကြ၏။ စကားမပြောသော်လည်း လှုပ်ရှားခြင်းလည်း မရှိပေ။
အားချို ခဏနားပြီးနောက် ရှေ့ဆက်သွားသည်။ မြေပြင်ထက်တွင် ခြေပြတ်လက်ပြတ်များ ပြန့်ကြဲနေပြီး အသားစများ၊ ကလီစာများလည်း ဖွေးဖွေးလှုပ်နေသည်။ အားချို၏ခွန်အားသည် အကန့်အသတ်မဲ့သော်လည်း ယိုတုစွမ်းအားက ယခုထက်ထိ ထွက်ပေါ်မလာသေးချေ။
“ဒူးထောက်စမ်း”
တောင်ထိပ်မှ အသံတစ်သံ ပျံ့လွင့်လာသဖြင့် အားချို ခေါင်းမော့ကြည့်လိုက်သည်။ နတ်ဘုရားတစ်ပိုင်းတစ်ယောက်က သူ့မိန်းမကို လည်ပင်းမှ ဆွဲမြှောက်ကာ ချောင်ကမ်းပါးစွန်းတွင် ထားထားသည်။ သူ လက်လွှတ်လိုက်သည်နှင့် သူ့မိန်းမ အောက်သို့ ပြုတ်ကျပြီး အရိုးတခြား အသားတခြား ဖြစ်သွားလိမ့်မည်။
အားချို ခြေလှမ်းများကို ရပ်၍ တောင်းပန်နေသော မျက်ဝန်းများဖြင့် တောင်ထိပ်ဆီသို့ ကြည့်လိုက်သည်။
ထိုနတ်ဘုရားတစ်ပိုင်းက ယုတ်မာစွာဖြင့် သူ့မိန်းမကို လွှတ်ချလိုက်လေသည်။ အားချိုမှာ အာခေါင်ခြစ်၍ အော်ဟစ်ရင်း အားကုန်းပြေးသွားသော်လည်း လမ်းပေါ်ရှိ ကျန်နတ်ဘုရားတစ်ပိုင်းများက သူ့ကို ပိတ်ဆို့ထားကြ၏။
ဘုတ်
ခပ်လေးလေး အရာဝတ္ထုတစ်ခု မြေပြင်ပေါ် ပြုတ်ကျလာသည့်အသံ ထွက်လာသည်။
“ဒူးထောက်စမ်း” ထိုနတ်ဘုရားတစ်ပိုင်းက ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် သူ၏သားအကြီးဆုံးကို မြှောက်လိုက်သည်။
အားချို တုန်ရီသွားပြီး ခြေထောက်များ ခွေကျသွားသည်။ နောက်ဆုံးတော့ သူ့ခြေထောက်များ ဒူးထောက်ကျသွားကာ ခေါင်းငုံ့ထားမိသည်။
တောက်ပြောင်နေသော ပုဆိန်တစ်လက်နှင် နတ်ဘုရားတစ်ပိုင်းက ရှေ့သို့ လျှောက်လာပြီး ပုဆိန်အသွားကို သူ့လည်ပင်းပေါ် တင်သည်။ သူ ခုတ်ချရန် ပြင်လိုက်စဉ် အသံတစ်သံက အလိုမကျမှုအပြည့်ဖြင့် ထွက်လာ၏။ “သူ့ကို အဲဒီအတိုင်း သတ်နေလို့ မသေဘူး”
ပုဆိန်နှင့် နတ်ဘုရားတစ်ပိုင်း ကပျာကယာ ရပ်လိုက်သည်။
နေရောင်များ ကောင်းကင်တွင် တောက်ပကွန့်မြူးလာပြီး အမှောင်ရိပ်ထဲ၌ ပုန်းအောင်းနေသော ရှေးဟောင်းနတ်ဘုရားတစ်ပါး ဆင်းသက်လာသည်။ ကောင်းကင်ထက်တွင် မျက်နှာတစ်ခု ပေါ်လာသော်လည်း သူက မည်သူမည်ဝါမှန်း ပေါ်သွားမည်စိုး၍ မျက်နှာကို ဝါးထားသည်။ “သူ့ကို ဒီလို သတ်လိုက်ရင် သူ့ယန်ဝိညာဉ်သုံးခုက ယိုတုကို ပြန်သွားပြီး မြေအောက်ဘုံအရှင်သခင်ရဲ့ ကိုယ်ထဲ ဝင်သွားလိမ့်မယ်... သူ့ယန်ဝိညာဉ်တွေကိုပါ ဖျက်စီးဖို့ လိုတယ်... ယန်ဝိညာဉ်တွေ ပျက်စီးသွားမှ မြေအောက်ဘုံအရှင်သခင်ကို အစားထိုးနိုင်မှာ”
ဤအခိုက်အတန့်တွင် ကောင်းကင်ထက်တွင် ခပ်ဝါးဝါး မျက်နှာတစ်ခု ပေါ်လာသည်။ စောစောက လေသံကဲ့သို့ မာမာထန်ထန် အသံတစ်သံ ထွက်လာ၏။ “ငါတို့ ကောင်းကင်နတ်ဘုံကနေ ဝိညာဉ်ကိုပါ သုတ်သင်ပေးနိုင်တဲ့ နတ်ဘုရားစီရင်ရာဓားမ ငှားလာတယ်... ဒီဓားမက ကောင်းကင်နတ်ဘုံမှာ နံပါတ်တစ်လက်နက်ပဲ... မခုတ်ဖြတ်နိုင်တဲ့အရာ မရှိဘူး”
အလင်းတန်းတစ်တန်းသည် ကောင်းကင်ထက်မှ ကျဆင်းလာပြီး မြေကြီးထဲသို့ ထိုးစိုက်သွား၏။ ဓားမကို မမြင်ရဘဲ တရိပ်ရိပ် စီးဆင်းနေသော အလင်းရောင်ကိုသာ မြင်ရလေသည်။
“သူ့ကို သုတ်သင်လိုက်တော့” ကောင်းကင်ထဲတွင် မျက်နှာများ ထပ်ပေါ်လာပြီး မျက်နှာများကို သဲသဲကွဲကွဲ မမြင်ရသော်လည်း စိတ်လှုပ်ရှားနေမှုမှာတော့ အထင်းသား ပေါ်လွင်နေသည်။
နတ်ဘုရားတစ်ပိုင်းတစ်ယောက်က ကောင်းကင်နတ်ဘုံမှ နတ်ဘုရားစီရင်ရာဓားမကို ဆွဲ၍ မြေကြီးပေါ်တွင် ဒူးထောက်နေသော အားချိုဆီသို့ ခုတ်ချလိုက်သည်။
ဝှမ်
ဓားရောင်မှ ပြင်းထန်သော တုန်ခါသံများ ထွက်လာကာ ဓားကိုင်ထားသော နတ်ဘုရားတစ်ပိုင်းမှာ ဖွားခနဲ သွေးအခိုးအငွေ့များ ဖြစ်သွားတော့သည်။ အခြားတစ်ဖက်တွင် အားချို၏ လည်ပင်းထက်၌ အရာလေးပင် ထင်မသွားချေ။
မြေအောက်ဘုံအရှင်သခင်၏ ယန်ဝိညာဉ်သုံးခုသည် သာမန်အားကောင်းလွန်း၏။ လူဝင်စားဖြစ်သော်လည်း နတ်ဘုရားတစ်ပိုင်းတစ်ယောက်အနေဖြင့် သတ်နိုင်သော လူသားမဟုတ်သေးပေ။
နတ်ဘုရားတစ်ပိုင်း နောက်တစ်ယောက်က လျှောက်လာကာ နတ်ဘုရားစီရင်ရာဓားမကို ဆွဲကိုင်ကာ ခုတ်ချသည်။ သူလည်း တုန်ခါသံများကြောင့် သွေးအခိုးအငွေ့ဘဝ ရောက်သွားပြီး အားချိုမှာ အကောင်းပကတိအတိုင်း ကျန်ခဲ့သည်။
တတိယမြောက် နတ်ဘုရားတစ်ပိုင်းလည်း နတ်ဘုရားစီရင်ရာဓားမကြောင့် အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားသဖြင့် နတ်ဘုရားတစ်ပိုင်းအားလုံး ကြောက်လန့်သွားကြသည်။ မည်သူမျှ ထိုဓားမကို မကိုင်ရဲတော့ပေ။
“အသုံးမကျတဲ့ကောင်တွေ”
ကောင်းကင်ထက်မှ ဒေါသတကြီး ဟိန်းဟောက်သံကြီး ထွက်ပေါ်လာကာ ရှေးဟောင်းနတ်ဘုရားတစ်ပါးက မနေနိုင်တော့၍ ဆင်းသက်လာသည်။ သူက နတ်ဘုရားစီရင်ဓားမကို ဝင့်၍ သရော်တော်တော် ပြောလိုက်၏။ “မြေအောက်ဘုံအရှင်သခင်ကိုတောင် မသတ်နိုင်ရင် ဘယ်လိုလုပ် ပလ္လင်ပေါ် တက်နိုင်တော့မလဲ”
“အဆွေတော် သင့်ခေါင်းအား ဆက်သလော့”
ဓားမရောင် ကျဆင်းသွားသည့်အခါ အားချို၏လည်ပင်းပေါ်ရှိ သွေးစို့သွားသော အရာတစ်ချက် ပေါ်လာသည်။ ရှေးဟောင်းနတ်ဘုရားမှာ နတ်ဘုရားစီရင်ရာဓားမဆီမှ တုန်ခါမှုများကြောင့် လက်မောင်းတစ်ဖက်လုံး ထုံကျင်သွား၏။
ရှေးဟောင်းနတ်ဘုရား အံ့အားသင့်သွားပြီး ဒေါသထွက်သွားသည်။ သူက တဟားဟား အော်ရယ်ကာ ပြောလေသည်။ “မြေအောက်ဘုံအရှင်သခင်၊ မင်းရဲ့ အသက်ရှင်ချင်စိတ်က တော်တော်အားကောင်းတာပဲ.... ငါ့လက်ထဲက ဓားမနဲ့တောင် မင်းကို မသတ်နိုင်ဘူး... ကြည့်ရတာ မင်း အသက်ရှင်ချင်စိတ် မရှိတော့မှ ဖြစ်မယ်ထင်တယ်... သူ့ကလေးကို ပစ်ချလိုက်”
“မလုပ်....”
သားအကြီးဆုံး ပြုတ်ကျလာသည်ကို မြင်လိုက်သည်နှင့် အားချိုမှာ တုန်ရီသွားပြီး ကပျာကယာ ပြေးသွားရန် ပြင်လိုက်သော်လည်း ရှေးဟောင်းနတ်ဘုရားက သူ့အမြီးကို တက်နင်း၍ နောက်တစ်ကြိမ် ခုတ်ချလိုက်သည်။
အားချို၏ လည်ပင်းပေါ်ရှိ ဒဏ်ရာမှာ တစ်လက်မအထိ နစ်ဝင်သွားသဖြင့် သွေးများ ပန်းထွက်လာသည်။
ထိုရှေးဟောင်းနတ်ဘုရားသည် စိတ်လှုပ်ရှားလာကာ ကျယ်လောင်စွာ ပြောလိုက်၏။ “ကောင်းကင်နတ်အရှင်ရုံဆိုတဲ့ ကောင်စုတ်လေးကို စောင့်နေသေးတာလား.... မြေအောက်ဘုံအရှင်သခင်ကို ဖယ်ရှားချင်ရင် ကောင်းကင်နတ်အရှင်ရုံကိုလည်း လက်စဖျောက်ပစ်ဖို့ လိုတယ်... ဒါ့အပြင် ကောင်းကင်နတ်အရှင်ရုံ အဲဒီကောင်စုတ်လေးက သူ့ကိုယ်သူတောင် ကာကွယ်နိုင်တာ မဟုတ်ဘူး... မင်းမှာ မျှော်လင့်ချက် မရှိတော့တာတောင် ဘာတွေရုန်းကန်နေသေးတာလဲ.... နောက်တစ်ယောက် ထပ်ပစ်ချ”
အားချို သွေးရူးသွေးတန်း လေးဖက်ထောက်သွားသော်လည်း လှုပ်မရပေ။ သူ၏သမီးအကြီးဆုံးမှာ ကျောက်ကမ်းပါးမှ ပစ်ချခံလိုက်ရသည်။
အားချို ဒေါသတကြီး အော်ဟစ်မိသည်။ သူ့အနောက်ရှိ ရှေးဟောင်းနတ်ဘုရားက ဓားမကို မြှောက်၍ နောက်တစ်ကြိမ် ခုတ်ချပြန်၏။ ဓားရောင် ဖျတ်ခနဲ လက်သွားပြီး အားချို၏လည်ပင်းမှာ တစ်ဝက်နီးပါး ပြတ်သွားသည်။
“နောက်တစ်ယောက် ထပ်ပစ်ချ”
ရှေးဟောင်းနတ်ဘုရားက စိတ်လှုပ်ရှားစွာ အော်ရင်း နတ်ဘုရားစီရင်ရာဓားမကို ပင့်မြှောက်လိုက်သည်။
အငယ်ဆုံးသမီးလေး ကောင်းကင်ထက်သို့ အမြှောက်ခံလိုက်ရသည်ကို မြင်လျှင် အားချို၏တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူ့မှာ အသည်းနှလုံးများ ကြေမွသွားပြီး မှောင်ပိန်းနေသော ချောက်နက်ကြီးထဲ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ အလင်းရောင်ကို သူ မမြင်ရတော့။ ကောင်းကင်ထက်ရှိ သူ့သမီးငယ်လေးကိုသာ မြင်နေရသည်။
သူ၏နှလုံးသားဆီမှ ကွဲအက်သွားသံ ထွက်ပေါ်လာသည်။ မျက်ခုံးနှစ်ဖက်ကြားမှလည်း ကွဲအက်သံတစ်ချက် ထွက်လာ၏။ အားချို ဓားဖြင့် နဖူးကို ခွဲခဲ့တုန်းက ဒဏ်ရာက မကျက်သွားဘဲ အနာဖေးသာ တက်နေခဲ့သည်။ ယခုတွင် အနာဖေးများ ပြန်လည်ပွင့်ထွက်လာချေပြီ။
“အမေ့သား အားချိုက မြေအောက်ဘုံအရှင်သခင် မဟုတ်ဘူး... မြေအောက်ဘုံအရှင်သခင်နဲ့ တူတဲ့ အရုပ်ဆိုးဆိုးကလေးလေး တစ်ယောက်ပါပဲ”
အမေအိုကြီး၏အသံက သူ့နားထဲတွင် ပြန်ကြားယောင်လာသည်။ သူ့အမေ၏ စကားသည် လိုက်ဖမ်းခံခဲ့ရသော နှစ်များအတွင်း အားဆေးဖြစ်ခဲ့၏။ သူ့မိန်းမနှင့် ကလေးများကို ခေါ်၍ ဆက်လက်အသက်ရှင်နေရန် တွန်းအားပေးခဲ့သည်။ ယခုမူ ထိုစကားလုံးများပင် ပြိုကွဲပျက်စီးသွားချေပြီ။
သူ့မှာ အမှောင်ထုထဲသို့ လုံးလုံးလျားလျား နစ်မြုပ်သွားတော့သည်။
သူ၏မျက်ခုံးနှစ်ဖက်ကြားနေရာသည် ကွဲထွက်သွားပြီး တတိယမျက်လုံးတစ်လုံး ပေါ်လာသည်။ မျက်လုံးက သွေးစိမ့်ယိုနေသော မျက်လုံးတစ်လုံး ဖြစ်ကာ ငရဲမီးလျှံများ တဟုန်းဟုန်း တောက်လောင်နေသကဲ့သို့ ဝင်းလက်နေသည်။ ငရဲမီးလျှံများက မြေပြင်တွင် တောက်လောင်လာပြီး တစ်ကမ္ဘာလုံးကို မီးလောင်တိုက်သွင်းလိုက်၏။
အားချို ပျောက်ကွယ်သွားပြီး မြေအောက်ဘုံအရှင်သခင် ပြန်ရောက်လာချေပြီ။
သို့သော် ဤတစ်ကြိမ် ပြန်ရောက်လာသော တစ်ယောက်က ဒေါသအမျက်တချောင်းချောင်း ထွက်နေသော မြေအောက်ဘုံအရှင်သခင်၊ ကလဲ့စားချေတော့မည့် မြေအောက်ဘုံအရှင်သခင် ဖြစ်သည်။
ရုတ်တရက် သံကြိုးများ ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို ထိုးဖောက်၍ မြေကြီးနှင့် ချိတ်ဆက်နေသည်။ ဤသံကြိုးများသည် ဒေါသူပုန်ထနေသော ဤမြေအောက်ဘုံအရှင်သခင်ကို ချုပ်နှောင်ထားသည့် ယိုတု၏စည်းမျဉ်းများ ဖြစ်၏။
မြေအောက်ဘုံအရှင်သခင်အနေဖြင့် ယိုတု၏စည်းမျဉ်းများကို ချိုးဖောက်မရသလို၊ ယိုတု၏မဟာတာအိုကိုလည်း မလိုက်နာ၍မရပေ။
သူက နတ်ဘုရားစီရင်ရာဓားမကို ဖမ်းဆုပ်လိုက်၍ ဓားမသွားက သူ့လက်ထဲ နစ်ဝင်သွားသည်။ သူ့လက်နှစ်ဖက်လုံးမှ သွေးများ စီးကျလာပြီး သူ ထရပ်လိုက်သည့်အချိန်တွင် နတ်ဘုရားစီရင်ရာဓားမသည် သူ့လက်ထဲတွင် အရည်ပျော်သွား၏။ ကောင်းကင်နတ်ဘုံတွင် နံပါတ်တစ် အန္တရာယ်အများဆုံးသော လက်နက်ဟု ကျော်ကြားသည့် ဤနတ်ဓားမမှာ သူ့လက်ထဲ၌ အော်ဟစ်ပြီး အရည်ပျော်ကျသွားချေပြီ။
သံရည်ပူတို့က မြေကြီးပေါ်သို့ တစ်စက်စက် ကျကာ ဒယ်အိုးကြီးတစ်လုံးအသွင် ဖွဲ့တည်သွားသည်။ ပြန်ရောက်လာသော မြေအောက်ဘုံအရှင်သခင်သည် ဒယ်အိုးထဲ၌ ရပ်လျက်ရှိ၏။
သူ့အနောက်ရှိ ရှေးဟောင်းနတ်ဘုရားမှာ ကြောက်ဒူးတုန်နေသည်။ မြေအောက်ဘုံအရှင်သခင်က သူ့ကို ခေါင်းမှ ဆွဲ၍ ဒယ်အိုးထဲ ထည့်ကာ ရက်ရက်စက်စက် တက်နင်းလိုက်၏။ နင်းလိုက်သည့်အားကြောင့် ရှေးဟောင်းနတ်ဘုရား၏ ခေါင်း ပေါက်ကွဲသွားပြီး သူ့မျက်နှာက ထိုဒယ်အိုးထဲတွင် ပေါ်လာသည်။
ဒယ်အိုး၏ အမှောင်ထဲတွင် မျက်နှာသည် ကြောက်ရွံ့နေသော အမူအရာဖြင့် အဖော်မဲ့စွာ လွင့်မျောနေ၏။
သို့သော် များစွာမကြာလိုက်ဘဲ အဖော်များ ရလာသည်။ နတ်ဘုရားတစ်ပိုင်းအားလုံး ကြက်ကလေး၊ ငှက်ကလေးလို သေဆုံးသွားကြပြီး ဒယ်အိုးကြီး၏စွမ်းအားကြောင့် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲကုန်ကြသည်။ သူတို့မှာ သေသည်အထိ ဖိနှိပ်ခံလိုက်ကာ ဒယ်အိုးထဲတွင် မျက်နှာများ ဖြစ်လာကြသည်။
မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်သည် ကြီးသထက် ကြီးလာပြီး ကျောက်ကမ်းပါးမှ ပြုတ်ကျလာသော ကလေးကို လှမ်းဖမ်းလိုက်၏။
ဒယ်အိုးထဲမှ အမှောင်ထုက အရပ်လေးမျက်နှာသို့ ဖြာထွက်လာကာ ထွက်ပြေးနေသော နတ်ဘုရားတစ်ပိုင်းများကို ဖမ်းဆုပ်လိုက်သည်။ နတ်ဘုရားတစ်ပိုင်းတို့၏ ခန္ဓာကိုယ်များ လိမ်ဖယ်ကွေးကောက်သွားပြီး ရုတ်ခြည်းဆိုသလို အခွံများ ဖြစ်ကုန်ကြ၏။ သူတို့၏အရေပြားများက မြေပြင်ပေါ်သို့ တဘုတ်ဘုတ် ပြုတ်ကျလာကြလေသည်။
အမှောင်ထုသည် တိတ်ဆိတ်ခြောက်ကပ်နေသော ဤကမ္ဘာ၏အဆုံးအထိ တရဟော ပျံ့နှံ့သွားသည်။
ကောင်းကင်ထက်ရှိ ရှေးဟောင်းနတ်ဘုရားများမှာ အံ့ဩတုန်လှုပ်ကုန်ကြပြီး ကောင်းကင်နတ်ဘုံဆီသို့ ကပျာကယာ ပြန်ဆုတ်သွားကြ၏။
ဤကမ္ဘာကား ယိုတုနောက်တစ်ခု ဖြစ်လာခဲ့ချေပြီ။
သူတို့မှာ မနေရဲတော့သဖြင့် ထွက်ပြေးနေရာမှ နောက်လှည့်ကြည့်လိုက်သည့်အခါ မိစ္ဆာနတ်ဘုရားကြီး၏ခန္ဓာကိုယ်က ဤကမ္ဘာ၏အပြင်အထိပင် ထွက်လာကြောင်း မြင်လိုက်ရသည်။ သူ၏ပခုံးအပေါ်တွင် ကျွဲချိုရှိသော မွေးကင်းစကလေးမတစ်ယောက် ရှိနေသည်။
သူ့ခန္ဓာကိုယ်တွင် ယိုတုစည်းမျဉ်းများမှ ဖွဲ့တည်နေသော သံကြိုးများ ဖုံးလွှမ်းနေသည်။ သံကြိုးများက သူ့ကို ချုပ်နှောင်ထားပြီး သံကြိုးများ၏ အဆုံးက ယိုတုဖြစ်လာခဲ့သည့် ဤကမ္ဘာနှင့် ချိတ်ဆက်နေကြ၏။
သို့တိုင်အောင် မြေအောက်ဘုံအရှင်သခင်က သံကြိုးများကို ဆွဲ၍ ကောင်းကင်နတ်ဘုံသို့ ထွက်ပြေးနေသော သူတို့နောက် လိုက်လာသည်။
“မြေအောက်ဘုံအရှင်သခင်တော့ ရူးသွားပြီ”
သူတို့အားလုံး ကြောက်လန့်တကြား အော်ဟစ်ရင်း ကောင်းကင်နတ်ဘုံ၏ တောင်ကောင်းကင်မုခ်ဝဆီသို့ အသည်းအသန် ပြေးနေကြသည်။ မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဘုရားများက မုခ်ဝအပြင် ထွက်လာကြပြီး မြေအောက်ဘုံအရှင်သခင်၏ လမ်းတွင် ပိတ်ရပ်နေကြကာ သူ့ကို ဖျောင်းဖျနေ၏။ “မြေအောက်ဘုံအရှင်သခင်၊ သူတို့က ခင်ဗျားကို စနေကြတာပါ... ဒီလောက် ဒေါသထွက်စရာ လိုလို့လား”
“မင်းတို့တွေ လာမတောင်းပန်ဘူးလားကွ”
တစ်ယောက်က ဖြန်ဖြေပေးရန် ကြိုးစားသည်။ “ကံကောင်းလို့ ပြဿနာကြီးကြီးမားမား မဖြစ်သေးဘူး... မြေအောက်ဘုံအရှင်သခင် ကျေးဇူးပြုပြီး စိတ်လျှော့စမ်းပါ”
မြေအောက်ဘုံအရှင်သခင်က သားသတ်ဒယ်အိုးကို တောင်ကောင်းကင်မုခ်ဝအတွင်း ဆွဲသွင်းလိုက်သည်။ သူ့ကိုယ်ပေါ်တွင် သံကြိုးများ များသထက် များလာပြီး တောင်ကောင်းကင်မုခ်ဝအပြင်၌ ယိုတု၏အမှောင်ထု စိုးမိုးလာ၏။
သူ့ကို ဖျောင်းဖျရန် ရှေ့ထွက်လာသော ရှေးဟောင်းနတ်ဘုရားတစ်ပါးမှာ ဒယ်အိုးထဲတွင် ကြောက်လန့်နေသော မျက်နှာတစ်ခု ဖြစ်လာတော့သည်။
ထိုနေ့တွင် မြေအောက်ဘုံအရှင်သခင်သည် တောင်ကောင်းကင်မုခ်ဝအထဲ ဝင်၍ သောင်းကျန်းတိုက်ခိုက်ပြီး နတ်ဘုရားပေါင်းများစွာ အသက်ပျောက်ကုန်ကြ၏။
၎
င
၎
၎