← Chapters

ငါတို့တွေ အတူယှဉ်တွဲနေထိုင်လို့မရဘူး

Vol. 83 Ch. 1158

ငါတို့တွေ အတူယှဉ်တွဲနေထိုင်လို့မရဘူး

Vol. 83 Ch. 1158

အခန်း (၁၁၅၈) ငါတို့တွေ အတူယှဉ်တွဲနေထိုင်လို့မရဘူး

ရန်ကျောက်ကဲက စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းကို အဆုံးစွန်အထိ ရက်စက်ကြမ်းတမ်းစွာထုတ်ဖော်လိုက်ရာ မူလကောင်းကင်ဖွင့်ဓားမှ ဓားအလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ထက်ရှသည့်သွေးနီရောင်ဓားသွားက အနက်ရောင်ပိုးသားဧကရာဇ်အား ခုတ်ပိုင်းချလိုက်သည်။

အနက်ရောင်ပိုးသားဧကရာဇ်က နောက်သို့ တစ်ချက်ပင်လှည့်မကြည့်တော့ဘဲ ပြင်ပဗလာနယ်ထဲသို့ တစ်ချိုးတည်းလှည့်ထွက်ပြေးသွားတော့သည်။

သို့သော် စကြာဝဠာအမှောင်ထုကြားတွင် နီညိုရောင်သွေးများ လွင့်စင်သွားပြီး ညည်းညူသံသဲ့သဲ့ ထွက်ပေါ်လာခဲ့သည်။

နီညိုရောင်သွေးများမှ ရွှေရောင်မှိန်ပျပျ ထွက်ပေါ်နေပြီး တုန်လှုပ်စရာကောင်းစွာပင် ပြင်ပဗလာနယ်ထဲ လွင့်ပျံလျှက် ရှိ၏။

ထို့နောက် သွေးစက်များက ဗလာနယ်ထဲ ပေါက်ကွဲထွက်သွားပြီး အချိန်အတန်ကြာအောင် ပျောက်ကွယ်သွားခြင်း မရှိဘဲ သွေးနီရောင် ထိုက်ကျိကားချပ်များအဖြစ် ပြောင်းလဲသွားသည်။

ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင် နတ်ဘုရားတစ်ပါး ဒဏ်ရာအပြင်းအထန်ရသွားပြီ ဖြစ်သည်။

သို့သော် အနက်ရောင်ပိုးသားဧကရာဇ်က မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ဘဲ နက်မှောင်သည့် ပြင်ပဗလာနယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

ရန်ကျောက်ကဲကတော့ နတ်ဘုရားတစ်ပါး၏သွေးစက်များကို တည်ငြိမ်စွာပင် ကြည့်နေခဲ့သည်။

မူလဖွင့်လှစ်ဓား ရန်ကျောက်ကဲလက်ထဲကျရောက်သွားကြောင်း တွေ့ရသည့်အခါ ဝမ်ကျန်းချန် ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။

အနက်ရောင်ပိုးသားဧကရာဇ်ကဲ့သို့ပင် ဝမ်ကျန်းချန်မှာလည်း ဆက်လက်တိုက်ခိုက်ခြင်းမပြုတော့ဘဲ ယင်ယန်တောင်နှင့်မြစ်ရေကားချပ်၏အကာအကွယ်ကို ရယူကာ ဗလာနယ်ထဲမှ အထက်ဘုံကမ္ဘာဆီသို့ ထွက်ပြေးသွားတော့သည်။

အခြေအနေက ဤသို့ပင် ဖြစ်လာလေရာ သူ့အတွက် ရွေးချယ်စရာ မရှိတော့ပေ။ ဤနေရာတွင် ဆက်လက်တိုက်ခိုက်ခြင်းက အမှန်တကယ်ပင် အဓိပ္ပါယ် မရှိတော့ပေ။

အနက်ရောင်ပိုးသားဧကရာဇ်ကို ဓားဖြင့် ခုတ်ပိုင်းပြီးနောက် ရန်ကျောက်ကဲက ပိုးသားဧကရာဇ်နောက် ဆက်လိုက်မသွားတော့ဘဲ မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်နောက်သို့ လိုက်ပါသွားသည်။

ပြေးသူ လိုက်သူ နှစ်ယောက်လုံး ဗလာနယ်အာကာသ နယ်နိမိတ်များကို ဖြတ်ကျော်ကာ အထက်ဘုံကမ္ဘာသို့ ပြန်လည် ရောက်ရှိလာကြသည်။

ကျယ်ပြောလှသော မိုးမြေတစ်ခွင်ကိုတွေ့မြင်ရပြီး မြူခိုးသစ်ရွက်တောင်က သူတို့ရှေ့တွင် ပြန်ပေါ်လာသည်။

သို့သော် သူတို့ရှေ့မှ ရှုမျှော်ခင်းများက အရင်ကနှင့်မတူတော့ဘဲ စိတ်ခံစားချက်အရ လုံးဝ ပြောင်းလဲသွားသည်။

ဝမ်ကျန်းချန်က အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်နှင့် အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်နယ် နယ်ခြားဒေသကိုဖြတ်ကျော်ကာ ခွန်လွန်တောင်သို့ အလျှင်အမြန်ပင် ထွက်ပြေးသွားသည်။

ချီလင်းကမ်းပါးမှ သိုင်းပညာက ကြံ့ခိုင်သန်မာပြီး လေးလံမှုရှိသည်ဖြစ်ရာ အရှိန်အဟုန်နှင့်လျှင်မြန်မှုတွင် အားသာချက် မရှိပေ။

သို့သော် ဝမ်ကျန်းချန်က ယင်ယန်တောင်နှင့်မြစ်ရေကားချပ်ကိုအသုံးပြုပြီး မြေကြောချုံ့လျှက် မြေအောက်ဥမင်လိုဏ်ခေါင်းတူးကာ ထွက်ခွာသွားလေရာ သာမန်သိုင်းကျင့်ကြံသူများထက် ပိုမိုလျှင်မြန်လှသည်။

စိတ်မကောင်းစရာမှာ ရန်ကျောက်ကဲက သူ့ထက်ပိုပြီး လျှင်မြန်ခြင်း ဖြစ်သည်။

ထိပ်တန်းအဆင့် တိုက်ပွဲများဆင်နွှဲပြီးနောက် ပကတိမိုးကြိုးစွမ်းအားကိုလည်း အသုံးပြုလိုက်သည်ဖြစ်ရာ ရန်ကျောက်ကဲသည်လည်း အနည်းငယ် ပင်ပန်းနွမ်းနယ်လျှက် ရှိသည်။

သို့သော် မူလဖွင့်လှစ်ဓားအကူအညီဖြင့် မိုင်ထောင်ပေါင်းများစွာကို ချက်ချင်းဖြတ်ကျော်ကာ ဝမ်ကျန်းချန်နောက်သို့ အမီလိုက်နိုင်ခဲ့သည်။

သူ့အရှေ့မှ ကမ္ဘာမြေကြီးကို စူးစိုက်ကြည့်ရင်း ရန်ကျောက်ကဲ ကြုံးဝါးသံတစ်ချက် ပြုလိုက်သည်။

ကြီးကျယ်ခမ်းနားသော ဓားအလင်းတန်းတစ်ခုက အဆုံးမရှိဟုထင်မှတ်ရသော မိုးကုတ်စက်ဝန်းဆီမှ ထိုးဖောက်ဆင်းသက်လာပြီး မြေပြင်ထက်သို့ ဆင်းသက်ကျရောက်လာသည်။

မြေကြီးပြိုကျသွားသည့်အခါ မြေအောက်ဥမင်လိုင်ဏ်ခေါင်းထဲတွင်ရှိနေသော ဝမ်ကျန်းချန်ထွက်ပေါ်လာပြီး ရန်ကျောက်ကဲ၏ ဓားအလင်းတန်းက သူ၏လမ်းကြောင်းကို ပိတ်ဆို့ထားသည်။

ရန်ကျောက်ကဲက လက်ဖဝါးတစ်ဖက်ပင့်မြှောက်ပြီး အောက်သို့ရိုက်ချလိုက်ရာ တောတောင် ၊ မြစ်ရေ ၊ ကမ္ဘာမြေကြီးတစ်ခုလုံး အက်ကွဲသွားသည့်ပမာ ဖြစ်သည်။

ဝမ်ကျန်းချန် ကူရာကယ်ရာမဲ့စွာဖြင့်ပင် မြေကြီးထဲမှ ထွက်လာပြီး မြေမျက်နှာပြင်ထက်သို့ တက်လာခဲ့သည်။

သူ့အမြင်အာရုံထဲသို့ရောက်ရှိနေပြီဖြစ်သော်လည်း အဆုံးမဲ့ဝေးကွာနေသည်ဟု ထင်မှတ်ရသော ခွန်လွန်တောင်ကို ဝမ်ကျန်းချန် စကားလုံးမဲ့စွာ ငေးစိုက်ကြည့်နေမိသည်။

“မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်...”

ရန်ကျောက်ကဲက လက်တစ်ဖက်တွင် မူလဖွင့်လှစ်ဓားကိုကိုင်ဆောင်ထားရင်း ဝမ်ကျန်းရှေ့တွင် မတ်တတ်ရပ်နေသည်။

“မင်းက လူသတ်ဖို့ကြိုးစားနေတာ... မင်းလက်တွေ မညစ်ပတ်တော့ဘူးလို့ ထင်နေတာလား”

သူက ဆက်ပြောသည်။

“တာအိုဆရာ’ထျန်းယိ’ ကို သုတ်သင်လိုက်ရုံနဲ့ ငါတို့ မိသားစု (၃)ယောက်အတွက် လုံလောက်သွားပြီလို့ မင်းထင်သလား ၊ တကယ်တော့ ဒီကိစ္စက မပြီးသေးဘူး ၊ မင်းလည်း ဒီလိုပဲတွေးမယ်လို့ ငါယုံကြည်တယ်”

ရန်ကျောက်ကဲက ဝမ်ကျန်းချန်ကို အေးစက်စွာကြည့်ရင်း...

“တကယ်လို့ ဒီနေ့ ငါ့အမေ အသက်ရှင်သန်နိုင်ခဲ့တယ် ၊ မင်းလည်းအသက်ရှင်နေဦးမယ်ဆိုရင် မင်းက ဒီကိစ္စကို ဒီအတိုင်းထားမှာ မဟုတ်ဘူးမလား”

ဝမ်ကျန်းချန်က အချိန်အတန်ကြာတိတ်ဆိတ်နေပြီးမှ...

“အမှန်ပဲ...”

သူက ဆက်ပြောသည်။

“ဒီကိစ္စက ဒီအဘိုးကြီးတစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့ကိစ္စမဟုတ်ဘူး ၊ ဘယ်လိုလုပ် လျစ်လျူရှုထားလို့ ရနိုင်မှာလဲ”

ရန်ကျောက်ကဲက ညင်သာစွာဖြင့်...

“မင်းရဲ့ ရိုးသားမှုနဲ့ ဇွဲကိုတော့ ငါလေးစားပါတယ် ၊ ဒါပေမဲ့ ငါတို့တွေက အတူတူယှဉ်တွဲနေထိုင်လို့ရမယ့်သူတွေမဟုတ်တာ သေချာတယ်”

“ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် တံခါးပိတ်ကျင့်ကြံရာက ထွက်မလာရင် ဒါမှမဟုတ် တိဟွမ်မြေကမ္ဘာဧကရာဇ် ပြင်ပဗလာနယ်ထဲက ပြန်‌ရောက်မလာရင်... မင်း သေပြီသာမှတ်လိုက်တော့”

ရန်ကျောက်ကဲ၏လေသံက အလွန်တည်ငြိမ်ပြီး သတ်ဖြတ်လိုသောအငွေ့အသက်များ ထွက်ပေါ်နေသည်။

ဝမ်ကျန်းချန်က ရန်ကျောက်ကဲ၏မျက်နှာကို တည်ငြိမ်စွာကြည်ရင်း...

“ဒီအဘိုးကြီးက မင်းတို့သားအဖနဲ့ ဘယ်တုန်းကမှ ရန်ငြိုးမဖွဲ့ချင်ခဲ့ပါဘူး ၊ ဒါပေမဲ့ ကံတရားက ငါတို့ကို လှည့်စားလိုက်တာပဲ ၊ ဒီလမ်းက ခက်ခဲတယ်ဆိုတာသိပေမယ့် ဒီအဘိုးကြီးမှာ နောက်ပြန်ဆုတ်ဖို့ ရွေးချယ်ခွင့်မရှိဘူး”

ထို့နောက် သူက သက်ပြင်းတစ်ချက်ချရင်း စိတ်ခံစားချက်အပြည့်ဖြင့် ရန်ကျောက်ကဲအား ချီးကျူးစကားဆိုလိုက်သည်။

“အာဂလူငယ်တစ်ယောက်ပဲ...”

သူက ဆက်ပြောသည်။

“အရမ်းငယ်ရွယ်ပြီး အရမ်းထက်မြက်တယ် ၊ လွှမ်းမိုးနိုင်စွမ်းလည်း မြင့်မားတယ် ၊ မင်းသာ အသက်ငယ်ငယ်နဲ့သေဆုံးမသွားဘူးဆိုရင် တာအိုဝါဒရဲ့ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်တယ် ၊ မင်းတို့သားအဖနှစ်ယောက်လုံးက တာအိုဝါဒအတွက် တကယ့် ကံကောင်းခြင်းတွေပါပဲ ၊ ဒါပေမဲ့ ဒါတွေအားလုံးက ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ နဲ့ ထုန်းမင်ဧကရာဇ် ‘ဟူယွဲ့ရှင်း’ တို့ကြောင့် ပျက်ဆီးသွားရတယ် ၊ စိတ်မကောင်းစရာပဲ စိတ်မကောင်းစရာပဲ...”

ဝမ်ကျန်းချန်က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းရင်း...

“မင်းက ကံဆိုးပြီး အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ဆိုတဲ့အမည်ကို ကြားဖူးလိုက်ရတယ် ၊ ဒါကြောင့် မင်းရဲ့အလားအလာတွေအားလုံး ပျက်သုဉ်းသွားရပေမယ့် အခွင့်အရေးလုံးဝမရှိတာတော့ မဟုတ်ပါဘူး ၊ မင်းရဲ့အဖေကလည်း အရမ်းထူးခြားတဲ့ အရည်အချင်းရှိတယ် ၊ အချိန်အလုံအလောက်ရမယ်ဆိုရင် မင်းတို့နှစ်ယောက်ရဲ့ အောင်မြင်မှုတွေက တိုင်းတာလို့ရနိုင်မယ် မထင်ဘူး”

ရန်ကျောက်ကဲက အရေးမစိုက်ဟန်ဖြင့်...

“မင်းက အရမ်းအစိုးရိမ်လွန်နေပြီ မြေကမ္ဘာထိပ်တန်းအရှင်သခင်...”

“ဒီ နှစ်တွေအတွင်းမှာ အထက်ဘုံကမ္ဘာ ဒီအတိုင်းပုံမှန်ရပ်တည်နေနိုင်တာဟာ ဧကရာဇ် (၃)ပါးကပဲ နာမည်ကောင်းရခဲ့တာပဲ ၊ မြေကမ္ဘာထိပ်တန်းအရှင်သခင်... မင်းကတော့ ဒီနေရာကို ကြိုးကြိုးစားစား စောင့်ကြည့်ပေးနေခဲ့တယ်”

“ဒါက အမတခုံရုံးကြောင့်ပဲ မဟုတ်လား ၊ တခြားကိစ္စတွေကိုအသာထား... ဒီကိစ္စမှာ ငါ့အမေ ၊ ငါ့အဖေနဲ့ ငါကိုယ်တိုင် ဒီကိစ္စတွေကို သည်းခံပြီး ညှိနှိုင်းပေးလို့ရတာပဲ...”

ဝမ်ကျန်းချန် မျက်ဝန်းများက အေးစက်ဝေးကွာသွားပြီး...

“သည်းခံရမယ်... ညှိနှိုင်းရမယ်... ဒီလောကမှာ ငါတို့တွေ မယိမ်းမယိုင် တောင့်ခံထားရမယ့် ကိစ္စတွေရှိသလို အောင့်အည်းသည်းခံရမယ့်ကိစ္စတွေလည်းရှိတာ အမှန်ပါပဲ”

သူက ဆက်ပြောသည်။

“ငါတို့ အထက်ဘုံကမ္ဘာ အခုလိုတိုးတက်လာတဲ့အတွက် ဒီအဘိုးကြီးက ဘာနာမည်ကောင်းမှ မယူဝံ့ပါဘူး ၊ ဒီလိုတည်ငြိမ်မှုရလာတာဟာ ဆရာနဲ့ တခြားအကြီးအကဲတွေ ကြိုးပမ်းအားထုတ်ခဲ့လို့ ဖြစ်ရတာပါ ၊ ရှေးအဆက်ဆက် မရေမတွက်နိုင်တဲ့ အကြီးအကဲတွေရဲ့ အနစ်နာခံမှုတွေကြောင့် ဖြစ်ပေါ်လာတာပါ”

“မင်းရဲ့အဘိုး ရွှေစင်ထက်ယံအရှင်သခင် အပါအဝင်ပေါ့...”

ထို့နောက် ဝမ်ကျန်းချန်က တစ်စုံတစ်ခု စိတ်နာကျင်သွားဟန်ဖြင့်...

“မင်းရဲ့အဘိုးအပါအဝင် မရေမတွက်နိုင်တဲ့ ဘိုးဘေးတွေက အထက်ဘုံကမ္ဘာအတွက် အများကြီးစတေးခံပြီး ငါတို့အနာဂတ်တွေအတွက် မျှော်လင့်ချက်ပေးစွမ်းခဲ့တယ်”

ဝမ်ကျန်းချန်က လေးလံသည့်အသံဖြင့်...

“ဒါပေမဲ့ ဒါတွေအားလုံးက ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ နဲ့ ထုန်းမင်ဧကရာဇ် ‘ဟူယွဲ့ရှင်း’ တို့ကြောင့် ပျက်ဆီးသွားခဲ့ရတယ်”

“သူတို့တွေအမှားလုပ်ခဲ့ကြတယ် ၊ ငါတို့က ဒီအမှားကို ပြန်မကူစားပေးရင် အချိန်နောက်ကျတဲ့အခါ နောင်တရစရာတွေ ဖြစ်လာလိမ့်မယ်”

ရန်ကျောက်ကဲက တည်ငြိမ်သည့်အမူအရာဖြင့်...

“အတိတ်တစ်ချိန်တုန်းက အမှောင်ဆုံးအချိန်တွေနဲ့ အန္တရယ်များတဲ့အချိန်တွေကို ကြုံတွေ့ခဲ့ဖူးတာကြောင့် မင်းတို့တွေ  သတိလက်လွတ်မနေဘဲ အမြဲတမ်း သတိထားနေကြတယ်ဆိုတာ နားလည်ပေးနိုင်ပါတယ် ၊ ဒါပေမဲ့ ငါတို့ အငယ်တန်းမျိုးဆက်တွေက ငြိမ်းချမ်းတဲ့ခေတ်ကာလမှ ကြီးပြင်းလာကြတယ် ၊ ငါတို့ လူငယ်တွေ တိုက်ပွဲဝင်ဖို့ မေ့လျော့နေမယ်ဆိုရင် သေခြင်းတရားက မလွဲမရှောင်သာ ရောက်ရှိလာမှာပဲ ၊ ဒါက အကြီးမားဆုံး လွဲမှားမှုပဲလေ”

ဝမ်ကျန်းချန်က သက်ပြင်းချရင်း...

“မဟုတ်ဘူး... မင်းတို့တွေက အများကြီး လုပ်တတ်ကိုင်တတ်ရှိတယ် ၊ မာနကြီးတယ် ၊ ရည်မှန်းချက်ကြီးတယ် ၊ မျက်စိမှိတ်ပြီးတော့လည်း အကောင်းမြင်စိတ်ထား ထားတတ်တယ်”

သူက ဆက်ပြောသည်။

“မင်း အရင်က အမတခုံရုံးနယ်မြေကို ရောက်ခဲ့ဖူးတာပဲ မဟုတ်လား ၊ သူတို့မှာ ထိပ်တန်းတန်ခိုးစွမ်းအားရှင်တွေ ဘယ်လောက်ရှိလဲ မင်းမသိနိုင်ဘူး ၊ သူတို့ အခြေခံအုတ်မြစ်နဲ့ တန်ခိုးအာဏာက အရမ်းကြောက်စရာကောင်းလွန်းတယ်”

“ပြီးတော့ ဘုရားလောင်းကိုတောင် ဆန့်ကျင်အံတုနိုင်တဲ့ အတိုင်းအဆမဲ့ ကောင်းကင်ဘုံအရှင်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်မြင့်မားလဲဆိုတာ မင်းမသိနိုင်ဘူး”

ရန်ကျောက်ကဲကိုကြည့်ရင်း ဝမ်ကျန်းချန်က လေးလံသည့်အသံဖြင့်...

“ငါတို့ စန်းချင်း (၃)ပါးအဆက်အနွယ် လမ်းမှန်တာအို ကျင့်ကြံသူတွေက လမ်းမှားတာအိုကို ဘယ်တော့မှ ဦးညွှတ်မှာ မဟုတ်ဘူး ၊ ဒါပေမဲ့ ငါတို့က အမှားကိုဖယ်ရှားပြီး အမှန်ရောက်စေချင်တယ်ဆိုရင် စိတ်ခံစားချက်နောက်ကို လိုက်လို့မရဘူး ၊ အချိန်တွေ စုဆောင်းမှုတွေနဲ့ ကံကြမ္မာကောင်းတွေ လိုအပ်တယ်”

ရန်ကျောက်ကဲက ဝမ်ကျန်းချန်ကိုကြည့်ရင်း အေးစက်စွာ ပြုံးလိုက်သည်။

“မင်း တစ်ခုမေ့သွားတယ်ထင်တယ်... မင်းက ငါ့အမေကိုသတ်ဖို့ တာအိုဆရာ’ထျန်းယိ’ ကို စေလွှတ်ခဲ့တယ်”

ရန်ကျောက်ကဲမျက်နှာထက်မှ အပြုံးက ပျောက်ကွယ်သွားသည်။

“တာအိုဆရာ ‘ထျန်းယိ’ သာ အောင်မြင်သွားရင် ငါ့အမေ သေမှာ သေချာတယ်”

“ဒါပေမဲ့ အမတခုံရုံးရဲ့ အမျက်တရားကို ပြေပျောက်ဖို့ ကြံရွယ်တယ်ဆိုရင် အဓိကပစ္စည်းက ကောင်းကင်အမြုတေကျောက်တုံး အပိုင်းအစပဲ ၊ အမေ့အသက် မဟုတ်ဘူး”

ရန်ကျောက်ကဲက ဝမ်ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်ရင်း...

“မင်းက အမတခုံရုံးနဲ့ကိစ္စကို ရှင်းဖို့အတွက် ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစကိုတော့ သိမ်းထားပြီး အမေ့အသက်ကို စတေးဖို့လုပ်တာမဟုတ်လား... ၊ မဟုတ်ဘူး ... မင်းက ယိုးမင်ဧကရာဇ်နဲ့ ထုန်းမင်ဧကရာဇ်ရဲ့ အဆက်အနွယ်တွေအားလုံးကို စတေးခံတွေအဖြစ် အမြစ်ပြတ်သုတ်သင်ပစ်ချင်နေတာပဲ”

All Chapters