← Chapters

ကောင်းကင်ဘဝဂ် နောက်ဆုံးအဆင့်၊ နတ်ဘီလူး ဓမ္မရုပ်တုငါးပါး

Vol. 40 Ch. 446

ကောင်းကင်ဘဝဂ် နောက်ဆုံးအဆင့်၊ နတ်ဘီလူး ဓမ္မရုပ်တုငါးပါး

Vol. 40 Ch. 446

ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်ဟောင်းတွေနဲ့ တပည့်သစ်တွေ ပြိုင်ဆိုင်ကြတာကို မျက်စိတစ်ဖတ်မှိတ်ပြီး ကြည့်နေပါတယ်။ ပြဿနာမတက်ရင် ဟန်ကျွယ်ဟာ သူ့တပည့်တွေကိစ္စမှာ ဝင်ပါဖို့ စိတ်ကူးမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှည်ကြာလှတဲ့ ကျင့်ကြံမှုခရီးလမ်းမှာ ဒီအတိုင်းကြီး ကျင့်ကြံနေရတာ ပျင်းစရာကောင်းတယ် မဟုတ်ပါလား။

ဆယ်နှစ်ကြာတဲ့အခါမှာတော့ တိတ်ဆိတ်ဂိုဏ်းဟာ ပြန်ငြိမ်သက်သွားပြီး ဟန်ကျွယ်လည်း အဆင့်တက်ဖို့ အခွင့်အရေး ရသွားပါတယ်။

ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို လွှတ်ပေးလိုက်ပြီး အဆင့်စတက်ပါတယ်။ ကမ္ဘာဖျက်ကြာနက်ထဲက အကုသိုလ်ကံတွေဟာ လိမ့်ထွက်လာပြီး ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ထဲကို တိုးဝင်ပါတယ်။ ဟန်ကျွယ် ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့ အကုသိုလ်ကံတွေဟာ ကောင်းကင်ဘဝဂ်တာအိုသီးထဲ ဝင်ရောက်ပြီး ဓမ္မစွမ်းအားတွေအဖြစ် ပြောင်းလဲသွားပါတယ်။ ဒီလိုနဲ့ ခုနစ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် နောက်ဆုံးအဆင့်ကို ရောက်ရှိသွားပါတယ်။

[အမည်: ဟန်ကျွယ်]

[သက်တမ်း: ၇,၂၈၇/၆၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]

[မျိုးနွယ်စု: လောကဦး နတ်ဘီလူး။]

[ကျင့်ကြံမှု: ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် နောက်ဆုံးအဆင့်။]

[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]

[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို။]

ဟန်ကျွယ်ရဲ့ သက်တမ်းဟာ နောက်ထပ် နှစ်ဆနီးပါး တိုးသွားပါတယ်။ ဟန်ကျွယ်လည်း သက်တမ်း တိုးသွားတာကြောင့် စိတ်ကောင်းဝင်ပြီး ကျင့်ကြံမှုကို ခိုင်ခံအောင် ဆက်အားထုတ်ပါတယ်။

ဒီအတိုင်းဆက်သွားမယ်ဆိုရင် ဟန်ကျွယ်သာ တာအိုပညာရှိအတုအဆင့်ကို ရောက်တာနဲ့ လက်ရှိသက်တမ်း ကန့်သတ်ချက်ကို ကျော်လွှားနိုင်လောက်ပါတယ်။ ဒီလိုသာ ကျော်လွှားနိုင်မယ်ဆိုရင် ဟန်ကျွယ်ရဲ့ ကျိန်စာစွမ်းအားကလည်း ပိုပြင်းထန်လာမှာပါ။ သက်တမ်းပိုများလေ ကျိန်စာပိုတိုက်နိုင်လေ မဟုတ်ပါလား။

နောက်ထပ် သုံးနှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်လို့ ပြီးသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်သာ သူ့ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို စပြီးတော့ အဆင့်မြှင့်ပါတဘ်။ နှစ်ဝက်အတွင်းမှာပဲ ဟန်ကျွယ်ဟာ သူ့ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို ကန့်သတ်စည်းထိရောက်အောင် တိုးမြှင့်ပြီးသား ဖြစ်သွားတာကြောင့် မဟာညီညွတ်မှုရုပ်သွင်ကို ဆက်ပြီးတော့ ကျင့်ကြံပါတယ်။

လေးခုမြောက် နတ်ဘီလူး ဓမ္မရုပ်တုက အရိပ်လွှမ်းမိုး နတ်ဘီလူးဖြစ်ပါတယ်။ ဒီအရိပ်လွှမ်းမိုး နတ်ဘီလူးဟာ အရိပ်ထုကြီးအသွင် ပြောင်းလဲပြီး အရာအားလုံးကို တိုက်ထုတ်ပစ်နိုင်ပါတယ်။ ဒါ့အပြင် လူထုကြီးတစ်ခု ဖြစ်လာအောင်လည်း အရိပ်တွေနဲ့ ဖန်တီးလို့ရပါတယ်။ ဒီလိုဖန်တီးရာမှာလည်း ဒီအရိပ်တွေက ရန်သူတိုင်းရဲ့ စွမ်းအားတွေကို ပွားယူနိုင်စွမ်း ရှိပါတယ်။

နှစ်ဝက်အတွင်းမှာပဲ ဟန်ကျွယ်ဟာ ဒီနတ်ဘီလူး ဓမ္မရုပ်တုကို တတ်မြောက်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ နောက်ထပ်ငါးခုမြောက် နတ်ဘီလူး ဓမ္မရုပ်တုကိုလည်း လေ့ကျင့်လို့ရသေးတာကို အံဩဖွယ်ရာ တွေ့ရှိလိုက်ရပါတယ်။

ငါးခုမြောက် နတ်ဘီလူး ဓမ္မရုပ်တုကတေ့ ဟင်းလင်းပြင် နတ်ဘီလူးဖြစ်ပြီး ဟင်းလင်းပြင် မဟာတာအိုကို ပိုင်စိုးပါတယ်။ ဒီနတ်ဘီလူးဟာ အရာအားလုံးကို ဟင်းလင်းပြင်အတိဖြစ်အောင် လုပ်ပစ်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ ဒီနတ်ဘီလူးဓမ္မရုပ်တုကိုလည်း နှစ်ဝက်အတွင်းမှာပဲ လေ့ကျင့်အောင်မြင်သွားပါတယ်။

ဒါကြောင့် ဟန်ကျွယ်ဟာ အခုဆိုရင် နတ်ဘီလူးဓမ္မရုပ်တုငါးပါးကို တစ်ပြိုင်တည်း အသုံးပြုနိုင်ပါပြီ။ ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ပြီးနောက်ပိုင်းမှာ ဓမ္မစွမ်းအားကို မကုန်ဆုံးနိုင်အောင် ရှိတဲ့အတွက် ဓမ္မစွမ်းအား ကုန်ခမ်းမှာကို စိုးရိမ်စရာ မလိုတော့ပါဘူး။

ကောင်းကင်နက္ခ နတ်ဘီလူး၊ ကျို့ယင် နတ်ဘီလူး၊ ဖုန်းယောင် နတ်ဘီလူး၊ အရိပ်လွှမ်းမိုး နတ်ဘီလူးနဲ့ ဟင်းလင်းပြင် နတ်ဘီလူးလိုမျိုး စွမ်းအားကြီးမားတဲ့ နတ်ဘီလူးဓမ္မရုပ်တုငါးပါးကို ဘယ်လိုဆန်းကြယ်စွမ်းအားမျိုးကို ခုခံနိုင်မှာလဲ။

ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲဝင်ပြီး လက်ရည်စမ်းတဲ့အခါ ကောင်းကင်ဘဝဂ် ကျင့်ကြံသူမှန်သမျှ ပြိုင်ဘက်မဟုတ်တာကို တွေ့လိုက်ရပါတယ်။ တာအိုပညာရှိအတုကိုတောင် ဟန်ကျွယ်ဟာ မကြောက်တော့ပါဘူး။

အဲဒါကြောင့် ဟန်ကျွယ်လည်း ရဲတင်းလာပြီး ဖူရှီနဲ့ တိုက်ကြည့်လိုက်ပါတယ်။ ဒီတစ်ခါမှာတော့ တစ်ချက်တည်း ပွဲပြတ်သွားတဲ့လူက ဟန်ကျွယ် ဖြစ်သွားပါတယ်။ ဝဋ်က ချက်ချင်းကို အကျိုးပေးတာပါ။

ဟန်ကျွယ်လည်း စိတ်ဓာတ်ကျလုနီး ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်ကို မယှဉ်နိုင်တာ သိပေမဲ့ ကောင်းကင်တာအိုပညာရှိရဲ့ စွမ်းအားကြောင့် တစ်ချက်တည်း အသတ်ခံရတာကိုတော့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ဒီဟာက ဟန်ကျွယ်ရဲ့ တာအိုနှလုံးသားကို လှုပ်ခတ်စေပါတယ်။ မသိမသာနဲ့ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုပညာရှိတွေကို တာအိုပညာရှိအစစ်လို့ မခံစားရတာကြောင့် အထင်သေးခဲ့တာလည်း ပါပါတယ်။

ဟန်ကျွယ်ဟာ တောင်ဘက်စွန်း ကောင်းကင်အရှင်နဲ့ ဆက်တိုက်ပါတယ်။ ဒီတစ်ခါမှာလည်း ဟန်ကျွယ် တစ်ချက်တည်း အသတ်ခံရတာပါပဲ။

ဟန်ကျွယ်ဟာ ချက်ချင်းပဲ အသံလွှင့်ပြီး ကျောက်ရွှမ်ယွမ်နဲ့ တာအိုအရှင်သခင်ကို အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်လာဖို့ ပြောလိုက်ပါတယ်။ ကျောက်ရွှမ်ယွမ်နဲ့ တာအိုအရှင်သခင်ဟာ မငြင်းပယ်ဘဲ အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်လိုက်တဲ့အခါ ဟန်ကျွယ်က သူတို့နဲ့ နှစ်ယောက် တစ်ယောက် တိုက်ခိုက်ချင်နေတာကို သိလိုက်ရပါတယ်။

ကျောက်ရွှမ်ယွမ်က မချိပြုံး ပြုံးလိုက်ပါတယ် “ဆရာသခင်... ကျွန်တော်တို့ကို အနိုင်ကျင့်နေတာလား”

တာအိုအရှင်သခင်ကလည်း စိတ်ဆိုးသွားပါတယ်။

ဟန်ကျွယ်ဟာ ဘာမှထပ်မပြောဘဲ နတ်ဘီလူးဓမ္မရုပ်တုငါးပါးကို ထုတ်ဖော်လိုက်ပါတယ်။ နတ်ဘီလူးဓမ္မရုပ်တုတိုင်းက ပေတစ်သောင်းကျော် မြင့်မားတဲ့အတွက် အမြင်နဲ့တင် ကြောက်မက်ချောက်ချားဖွယ် ကောင်းလှပါတယ်။

ကျောက်ရွှမ်ယွမ်နဲ့ တာအိုအရှင်သခင်ဟာ ပဋိပက္ခနတ်ဘီလူး ဓမ္မရုပ်တုငါးပါးကို ကြည့်ပြီး ကြက်သီးမွေးညင်း ထသွားပါတယ်။

“အဲဒါ ဘာလဲ” တာအိုအရှင်သခင်ဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဆန်းကြယ်စွမ်းအားတစ်မျိုးပဲ၊ မင်းတို့တွေ ဘယ်ဓမ္မရုပ်တုကိုပဲဖြစ်ဖြစ် ဖျက်ဆီးနိုင်မယ်ဆိုရင် ကောင်းကင်ဘဝဂ်ကျင့်ကြံသူကို အနိုင်ယူနိုင်တဲ့ စွမ်းအားရှိတယ်လို့ မှတ်ယူလို့ရတယ်၊ ကိုယ်အဆင့်ထက် မြင့်တဲ့လူကိုမှ မသတ်နိုင်ရင် မင်းတို့ကိုယ်မင်းတို့ ပါရမီရှင်လို့ ခေါ်ထိုက်အုန်းပါ့မလား”

ဟန်ကျွယ်ရဲ့ လှုံ့ဆော်မှုကြောင့် ကျောက်ရွှမ်ယွမ်နဲ့ တာအိုအရှင်သခင်ဟာ နတ်ဘီလူးဓမ္မရုပ်တုတွေကို ချက်ချင်း တိုက်ခိုက်လိုက်ပါတယ်။

ဖူစန်းသစ်ပင်အောက်။

ပဋိပက္ခ ကောင်းကင်ခွေးဟာ ကျောက်ရွှမ်ယွမ်နဲ့ တာအိုအရှင်သခင်ကို စိုက်ကြည့်ရင်း ခေါင်းခါလိုက်ပါတယ် “ကြည့်ကြအုန်း.. ဒီနှစ်ယောက် ရူးသွားပြီနဲ့ တူတယ်”

တခြားသူတွေလည်း မျက်လုံးပွင့်လာပြီး ကျောက်ရွှမ်ယွမ်နဲ့ တာအိုအရှင်သခင်ကို လှမ်းကြည့်လိုက်ပါတယ်။ တာအိုအရှင်သခင်နဲ့ ကျောက်ရွှမ်ယွမ်ဟာ တုန်ယင်နေပြီး မျက်နှာတွေကလည်း သံပရာသီး နေပူလှန်းထားသလိုပါပဲ။ သူတို့နှစ်ယောက်ဟာ အံကြိတ်ရင်ကြိတ် မကြိတ်ရင် တစ်စုံတစ်ခုကို တောင့်ခံနေရသလိုမျိုး ဖြစ်နေပါတယ်။

ဒီမြင်ကွင်းကြောင့် တခြားသူတွေဟာ ကျောက်ရွှမ်ယွမ်နဲ့ တာအိုအရှင်သခင်နား ချဉ်းကပ်လာကြပါတယ်။

ချူရှီရန်က ပြောလိုက်ပါတယ် “သူတို့နှစ်ယောက်က အသွင်တူလက်ရည်စမ်းပွဲထဲမှာဆိုတော့ အတွင်းနတ်ဆိုးတော့ မဖြစ်နိုင်ဘူး”

ငရဲကြက်နက်က တအံတဩ မေးလိုက်ပါတယ် “သူတို့နှစ်ယောက်သား တိုက်ခိုက်နေကြတာလား”

လူတိုင်းက ထင်ကြေးမျိုးစုံ ပေးကြပြီး အချင်းချင်း ဆွေးနွေးကြပါတယ်။

အတန်ကြာတဲ့အခါမှာတော့ တာအိုအရှင်သခင်နဲ့ ကျောက်ရွှမ်ယွမ်ဟာ တစ်ပြိုင်နက်တည်း မျက်လုံးဖွင့်လိုက်ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ မျက်လုံးတွေက စိတ်ပျက်နေတာ သိသာလှပါတယ်။

“ခင်ဗျားတို့နှစ်ယောက် ဘာဖြစ်နေတာလဲ” မုရုံချီက စပ်စုလိုက်ပါတယ်။

တာအိုအရှင်သခင်ဟာ မုရုံချီရဲ့ အမေးကို ဘာမှပြန်မဖြေဘဲ နှာတစ်ချက်မှုတ်ပြီး ဖူစန်းသစ်ပင်ရဲ့ တခြားတစ်ဖက်ကိုသွားကာ တရားထိုင်ပါတယ်။

ကျောက်ရွှမ်ယွမ်ကပဲ မျက်နှာပူပူနဲ့ ဖြေလိုက်ပါတယ် “စောစောတုန်းက ငါတို့နှစ်ယောက် ဆရာသခင်နဲ့ တိုက်နေတာ”

ငရဲကြက်နက်ရဲ့ မျက်လုံးတွေဟာ ဝင်းလက်သွားပါတယ် “နှစ်ယောက် တစ်ယောက်လား”

“ဟုတ်တယ်”

“အခြေအနေ ဘယ်လိုရှိလဲ”

“ဆက်တိုက်ကို တစ်ချက်တည်း အသတ်ခံရတာပဲ” ကျောက်ရွှမ်ယွမ်ရဲ့ မျက်နှာဟာ စိတ်ဓာတ်ကျမှုတွေ ပြည့်နှက်နေပါတယ်။

တခြားသူတွေကတော့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ ငရဲကြက်နက်က အနာပေါ် ဆားဖြူးဖို့ ပြင်လိုက်ပေမဲ့ လီယောင်က သက်ပြင်းချပြီး ပြောလိုက်ပါတယ် “ဟင်း... ငါတို့တွေက ဂိုဏ်းချုပ်နဲ့ လက်ရည်စမ်းဖို့တောင် အရည်အချင်း မရှိသေးဘူး”

လူတိုင်းဟာ လီယောင်ရဲ့ စကားကို သဘောတူ လက်ခံကြပါတယ်။

ဟန်ကျွယ်ဟာ တာအိုအရှင်သခင်နဲ့ ကျောက်ရွှမ်ယွမ်ကလွဲရင် ဘယ်သူ့ကိုမှ သူနဲ့ တိုက်ခိုက်ဖို့ စမပြောခဲ့ပါဘူး။

ကျန်းယီရဲ့ မျက်နှာကတော့ မိုးလိုမှောင်သွားပါတယ် ‘သူ့မျက်လုံးထဲမှာ ငါ မရှိတော့ဘူးလား’

အချိန်တစ်ခုအထိ လူတိုင်းရဲ့ စိတ်ဓာတ်တွေက တော်တော်လေး မတည်မငြိမ် ဖြစ်သွားကြပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။

ဟန်ကျွယ်ဟာ အရိပ်လွှမ်းမိုး နတ်ဘီလူးနဲ့ ဟင်းလင်းပြင် နတ်ဘီလူးအတွက် နတ်ဘီလူးချီကို စတင်ပြင်ဆင်ပါတယ်။ အရင်ရှိနှင့်ပြီး နတ်ဘီလူးချီလုံး သုံးလုံးကတော့ ဆက်ပြီးတော့ ခဲနေတုန်းပါ။ ဘယ်တော့မှ တကယ့်ပဋိပက္ခ နတ်ဘီလူး ထွက်လာမလဲကတော့ ဟန်ကျွယ်လည်း မပြောတက်ပါဘူး။ ဒါပေမဲ့ ကျိန်းသေတာတစ်ခုကတော့ အချိန်တစ်ခုမှာ ဒီနတ်ဘီလူးတွေက တကယ်ဖြစ်တည်လာမှာပါ။

ဒီနတ်ဘီလူးတွေက အသက်မရှိဘဲ အရုပ်ဆိုရင်တောင် ဟန်ကျွယ်အတွက် အများကြီး အသုံးဝင်မှာပါ။

နှစ်ဝက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နောက်ထပ် နတ်ဘီလူးချီလုံး နှစ်လုံးကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီချီလုံးနှစ်လုံးကလည်း သူတို့ဘာသာ လောကဦးချီကို စုပ်ယူပြီး တဖြည်းဖြည်း ကြီးထွားပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး တာအိုပညာရှိမင်ကျွယ်ကို ကျိန်စာတိုက်ပါတယ် ‘ငါ အဆင့်တက်ထားတာဆိုတော့ အောင်ပွဲခံရမယ်’

ကျိန်စာတိုက်တာ ငါးရက်ကျော်သွားတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ ကျိန်စာကန့်သတ်ချက်ကို တိုးမြင့်ပြီး တာအိုပညာရှိမင်ကျွယ်ကို သက်တမ်း ၂ ထရီလီယံ လက်ဆောင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့ခန္ဓာကိုယ်က ဒီလောက်သက်တမ်းအများကြီး ဆုံးရှုံးတာကို ဘာမှမဖြစ်ဘဲ ဒီအတိုင်း ခံနိုင်မလားတော့ မသိသေးပါဘူး။

၁၀၀ ဘီလီယံ။

၃၀၀ ဘီလီယံ။

၅၀၀ ဘီလီယံ။

အင်မော်တယ်ကမ္ဘာက တောင်တန်းတစ်ခုကို မရေမတွက်နိုင်တဲ့ သက်ရှိတွေ နေရာယူထားကြပြီး သက်ရှိအကုန်လုံးကို အရပ်မျက်နှာတစ်ဖက်တည်းကို မျက်နှာမူနေကြပါတယ်။ ဒီသက်ရှိတွေ မျက်နှာမူနေတဲ့ တောင်ထိပ်မှာ အင်မော်တယ်ရောင်ဝါ လျှံထွက်နေတဲ့ အဘိုးအိုတစ်ဦးက တာအိုဟောကြားနေပါတယ်။

ဒီအဘိုးအိုကတော့ တခြားသူ မဟုတ်ပါဘူး။ တာအိုပညာရှိ မင်ကျွယ်ပါ။

တာအိုပညာရှိမင်ကျွယ်ဟာ အနန္တကပ်ဘေးကို အခွင့်ကောင်းယူပြီး အင်မော်တယ် နတ်ဘုရားအသွင် ပြောင်းလဲကာ သေမျိုးကမ္ဘာကို ဆင်းသက်ပြီး သက်ရှိတွေရဲ့ နှလုံးသားကို သိမ်းပိုက်ပါတယ်။ တာအိုပညာရှိမင်ကျွယ် ဒီလိုတာအိုဟောကြားတာက ကောင်းကင်ရုံးတော်အတွက် စစ်သားတွေ စုဆောင်းပေးချင်တာလည်း ပါပါတယ်။

တာအိုပညာရှိ မင်ကျွယ်ဟာ တာအိုဟောကြားရင်း မျက်မှောင်ကြုတ်သွားပါတယ် ‘လာပြန်ပြီ ဒီကျိန်စာ... ဒါ ကျိန်းသေပေါက် အမှောင်သခင်ကြီး လက်ချက်ပဲ၊ တောင်ဘက်စွန်း ကောင်းကင်အရှင်ရဲ့ စကားအရဆိုရင် အမှောင်သခင်ကြီးက ဆယ်နှစ်တစ်ကြိမ် ကျိန်စာတိုက်တာပဲ၊ ဒီအမှောင်သခင်ကြီးက ဘယ်တာအိုပညာရှိများပါလိမ့်’

တာအိုပညာရှိ မင်ကျွယ်ဟာ ပဟေဠိ ဖြစ်သွားပါတယ်။ တာအိုပညာရှိတွေဟာ အရာအားလုံးကို ချောင်းကြည့်နိုင်ပြီး အရာအားလုံးကို တွက်ချက်နိုင်ပါတယ်။ ဒါကြောင့် တာအိုပညာရှိ မင်ကျွယ်ကလည်း များသောအားဖြင့် တွက်ချက်မှုကိုပဲ အမှီပြုပြီး ဆုံးဖြတ်ချက်တွေ ချခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ရန်သူ ဘယ်သူလဲဆိုတာကို တွက်ချက်လို့မရတဲ့အတွက် ဘာလုပ်ရမှန်းမသိ ဖြစ်နေပါတယ်။

ကျိန်စာအားက ပိုပိုပြင်းထန်လာပါတယ်။ ဒီကျိန်စာအားက တာအိုပညာရှိမင်ကျွယ်ကို ဒဏ်ရာရစေတဲ့အထိ မပြင်းထန်ဘူးဆိုပေမဲ့ စိတ်အနှောင့်အယှက်တော့ တော်တော်လေး ဖြစ်စေပါတယ်။

‘ဒီအမှောင်သခင်ကြီးက ငါ့ရဲ့ တာအိုနှလုံးသားကို ယိုင်နဲ့စေချင်တာလား’ တာအိုပညာရှိမင်ကျွယ်ဟာ ဆက်တွေးလေလေ သူ့အတွေးက ဖြစ်နိုင်တယ်လို့ ခံစားရလေလေပါပဲ။

ဒီအချိန်မှာပဲ စွမ်းအားကြီးမားတဲ့ ‌ရောင်ဝါတစ်ခုဟာ မိုးကုပ်စက်ဝိုင်းဆီကနေ ထွက်ပေါ်လာပါတယ် “ငါ လူသားမျိုးနွယ်စုဝင် ကျိုးဖန်က အင်မော်တယ်တွေကို သိမ်းပိုင်နိုင်တဲ့ စွမ်းအားအတွက် ငါ့ရဲ့ ကံတရား အထောက်အပံ့ကို စတေးချင်တယ်”

“အင်မော်တယ်တွေ သက်ရှိအကုန်လုံးကို သတ်ဖြတ်တာက ကောင်းကင်တာအိုကို ဆန့်ကျင်တာပဲ၊ ဒါကြောင့် ကောင်းကင်တာအိုက အင်မော်တယ် နတ်ဘုရားတွေကို သတ်ဖြတ်နိုင်တဲ့ စွမ်းအားကို ကျွန်တော့်ဆီ ပေးအပ်ဖို့ မျှော်လင့်ပါတယ်၊ လူသားမျိုးနွယ်စုက ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး”

ကျိုးဖန်ရဲ့ ကြုံးဝါးသံဟာ လောကတစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။

နားထောင်သူတွေကတော့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိလိုက်ကြပါတယ်။ နားထောင်သူတွေ အံဩစိတ် မပြေခင်မှာပဲ နောက်ထပ်ကျယ်လောင်တဲ့ ရယ်မောသံကို ထပ်ကြားလိုက်ရပါတယ်။

“သေမျိုးကများ အင်မော်တယ်နတ်ဘုရားကို တော်လှန်ပြီး ကောင်းကင်တာအိုကို အမိန့်ပေးချင်နေတယ်၊ ဘယ်လောက်တောင် ယုတ္တိမရှိလိုက်လဲ...”

“ကျိုးဖန်... မင်း တာအိုပညာရှိရဲ့ စွမ်းအားကို သိလား၊ မသိဘူးဆိုရင် သိသွားအောင် ခံစားဖူးသွားအောင် ငါက ဒီနေ့ ပြပေးမယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters