အင်မော်တယ်နတ်ဘုရားများ၏ ဒေါသ၊ မကောင်းဆိုးဝါးနတ်
Vol. 40 Ch. 450
ဟန်ကျွယ်ရဲ့ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှုက တခြားသူရဲ့ အစီအစဉ်တွေကို ဘေးကနေ ထိုင်ကြည့်နေသလိုမျိုးပါ။
ဒါ့အပြင် ဟန်ကျွယ်ရဲ့ နာမည်က ကောင်းကင်တာအိုအောက်မှာ အလွန်တရာမှ သေးငယ်ပါတယ်။ တချို့သေမျိုးတွေတောင် ဟန်ကျွယ်ထက် နာမည်ပိုကြီးပါတယ်။ ဒါကြောင့် ဟန်ကျွယ်က အန္တရာယ်တောထဲမှာ ရှိနေတယ်လို့ ထင်ရပေမဲ့ ဘာအန္တရာယ်မှ မရှိသေးပါဘူး။ ရှင်းအောင်ပြောရရင် ဟန်ကျွယ်က အဆုံးသတ်ကို ကြိုဖတ်နေတာပါ။
ဟန်ကျွယ်သာ သူက လောကဦး နတ်ဘီလူးဆိုတာကို ထုတ်မပြောရင် ဘယ်သူမှ ဒီအကြောင်းကို သိမှာမဟုတ်ပါဘူး။ ဒီလိုဆိုရင် ဟန်ကျွယ်အတွက် ဘာစိုးရိမ်စရာမှာ မလိုတော့ပါဘူး။ တာအိုဘိုးဘေးတောင် လောကဦးနတ်ဘီလူးက ဘာလဲဆိုတာ မသိတဲ့အတွက် တာအိုပညာရှိတွေဆိုရင်တော့ ပြောမနေပါနဲ့။
ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက် ကျင့်ကြံရင်း အနန္တကပ်ဘေး ပြီးဆုံးမှာကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါတယ်။ ချုံရှီလိုင်ကတော့ သူနဲ့ ဆက်ဆံရေးကောင်း ရှိတဲ့လူတွေကို ကာကွယ်ပေးမယ်လို့ ပြောထားပါတယ်။ တကယ်လို့ ချုံရှီလိုင်က မကာကွယ်ပေးဘူးဆိုရင်တော့ ဟန်ကျွယ်နဲ့ ဗုဒ္ဓဂိုဏ်းက ဘာဆက်ဆံရေးမှ ရှိလာမှာ မဟုတ်ပါဘူး။
မိတ်ဆွေကောင်းတွေ ကပ်ဘေးထဲမှာ သေတာတော့ ဟန်ကျွယ်က ဂရုမစိုက်ပါဘူး။ ဟန်ကျွယ်က သူတို့ကို သတိပေးထားပြီးသားပါ။ သူတို့ဘာသာ ကိုယ့်သေတွင်း ကိုယ်တူးတာတော့ ဟန်ကျွယ်လည်း မကယ်နိုင်ပါဘူး။ ဟန်ကျွယ်ဟာ သူတို့ကို ကူညီသင့်သလောက် ကူညီမှာဆိုပေမဲ့ အစွမ်းကုန်ထုတ်ပြီး ကယ်တင်မှာတော့ မဟုတ်ပါဘူး။ လူတိုင်းမှာ ကိုယ့်လမ်းနဲ့ကိုယ် မဟုတ်ပါလား။
‘ဒီကပ်ဘေးမှာ တာအိုပညာရှိတစ်ပါး သေမှာဆိုတော့ ဖူရှီများလား’ ဟန်ကျွယ်ဟာ တာအိုပညာရှိသေရင် ဘယ်လိုဖြစ်မလဲဆိုတာ စိတ်ထဲမှာ သိချင်သွားပါတယ်။
ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်သေရင် လောကကြီးမှာ ရွှေမိုးရွာပါတယ်။ တာအိုပညာရှိသေရင် ဘယ်လိုအံဖွယ်ဖြစ်ရပ် ဖြစ်လာမလဲဆိုတာက အတော်စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းတစ်ခုပါ။
ဟန်ကျွယ်ဟာ ကပ်ဘေးမပြီးခင် ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ထိ ရောက်အောင် ကျင့်ကြံအားထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုပညာရှိအတုအဆင့်ကို ရောက်မှ အင်မော်တယ်ကမ္ဘာကို ပြန်သွားချင်တာပါ။
ဗုဒ္ဓဂိုဏ်းပျက်သွားတာက အနန္တကမ္ဘာကို အုတ်အော်သောင်းနင်း ဖြစ်သွားစေပါတယ်။ ပထမဆုံး အင်မော်တယ်ကမ္ဘာက ဗုဒ္ဓတွေဟာ ဗုဒ္ဓဂိုဏ်း ဖျက်သိမ်းကြောင်း ကြော်ငြာပါတယ်။ အဲဒီနောက် အနန္တကမ္ဘာမှာရှိတဲ့ ဗုဒ္ဓဂိုဏ်းခွဲတွေလည်း တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားပါတယ်။
အင်မော်တယ်ကမ္ဘာကို ကိုင်လှုပ်နိုင်တဲ့ နာမည်တစ်ခု ရုတ်တရက် ပျောက်ကွယ်သွားတာက တကယ်ကို အံဩဖို့ကောင်းလှပါတယ်။ ဒါကြောင့်လည်း အနန္တကပ်ဘေးမှာ ဘာမဆိုဖြစ်နိုင်တယ်လို့ ပြောကြတာပါ။
အချိန်တစ်ခုအထိ အင်အားစုအသီးသီးဟာ အထိတ်တလန့် ဖြစ်ကုန်ကြပါတယ်။ ဒီအထဲမှာ လူသားမျိုးနွယ်စုနဲ့ ကောင်းကင်ရုံးတော်လည်း ပါပါတယ်။
စိတ်ဝိညာဉ်နန်းတော်၊ နတ်ဘုရားခန်းမ။
ဖန်းလျန်ဟာ အင်မော်တယ် နတ်ဘုရားတွေနဲ့ တိုက်ပွဲအကြောင်း ဆွေးနွေးနေတုန်း ကောင်းကင်စစ်သားတစ်ဦး ခန်းမထဲ အပြေးဝင်လာပါတယ်။
“သတင်းပို့ပါတယ်၊ တာအိုပညာရှိ နွီဝါက သေမျိုးကမ္ဘာကို ဆင်းသက်ပြီး လူသားတွေကို တာအိုဟောကြားနေပါတယ်”
ဒီသတင်းကြောင့် အင်မော်တယ် နတ်ဘုရားတွေ အကုန်လုံး နှလုံးလှုပ်သွားပြီး ဖန်းလျန်လည်း မျက်မှောင်ကြုတ်သွားပါတယ်။ ဖူရှီတစ်ယောက်နဲ့တင် အင်မော်တယ် နတ်ဘုရားတွေ နာလန်မထူနိုင်အောင် ဗျာများနေရတာပါ။ နွီဝါပါ ထပ်ပေါင်းလိုက်ရင်တော့ အင်မော်တယ် နတ်ဘုရားတွေအတွက် မြေမြှုပ်စရာနေရာတောင် ရှားသွားနိုင်ပါတယ်။
ကောင်းကင်ရုံးတော်ကို တာအိုပညာရှိတွေ ကူညီတယ်ဆိုပေမဲ့ တစ်ခါမှ လူမကယ်ပေးဖူးပါဘူး။ လူသားတွေကိုပဲ ဝိုင်းသတ်တာပါ။ ဒါကြောင့် လူသားမျိုးနွယ်စုနဲ့ ကောင်းကင်ရုံးတော်မှာရှိတဲ့ သက်ရှိတွေက ဆက်တိုက် လျော့နည်းလာပါတယ်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် နှစ်ဖက်စလုံး အထိနာမှာပါ။
ဖန်းလျန်က မေးလိုက်ပါတယ် “အင်မော်တယ်ကမ္ဘာမှာ ဒီအတောအတွင်း အင်အားကြီးလာတဲ့ မျိုးနွယ်စုအသစ်တွေ ရှိလား”
အိုမင်းတဲ့ အင်မော်တယ်တစ်ပါးက ပြန်ဖြေပါတယ် “ရှိပါတယ်၊ မျိုးနွယ်စု ဒါဇင်ကျော်လောက် ရှိတယ်၊ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ကို မခြိမ်းခြောက်နိုင်ပါဘူး”
ဒီစကားအဆုံးမှာတော့ အင်မော်တယ် နတ်ဘုရားတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ အင်မော်တယ် နတ်ဘုရားတွေဟာ ငတုံးတွေ မဟုတ်တဲ့အတွက် ဖန်းလျန်က ဘာလို့ ဒီသတင်းကို နားစွင့်နေလဲဆိုတာ သိပါတယ်။
အခုအချိန်မှာ တာအိုပညာရှိတွေရဲ့ လုပ်ဆောင်ချက်က လူသားတွေနဲ့ အင်မော်တယ် နတ်ဘုရားတွေကို အတော်လေး စိတ်ပျက်စေပါတယ်။ လူသားတွေနဲ့ အင်မော်တယ် နတ်ဘုရားတွေဟာ တာအိုပညာရှိတွေက သူတို့ကို အချင်းချင်း သတ်ဖြတ်ခိုင်းပြီး မျိုးနွယ်စုအသစ် ဖန်တီးချင်နေတာကို သိနေကြပါပြီ။
လူသားတွေနဲ့ အင်မော်တယ် နတ်ဘုရားတွေဟာ တာအိုပညာရှိတွေရဲ့ ရည်ရွယ်ချက်ကို သိပေမဲ့ တာအိုပညာရှိတွေ ဒေါသထွက်မှာကို ကြောက်တဲ့အတွက် ကြိတ်မှိတ်ခံနေတာပါ။ ဒါ့အပြင် လူသားတွေနဲ့ အင်မော်တယ် နတ်ဘုရားတွေက တိုက်ခိုက်တာ ကြာပြီဖြစ်တဲ့အတွက် ရန်ငြိုးရန်စတွေက ကမ္ဘာမကျေဖြစ်နေတာလည်း ပါပါတယ်။ အဆင့်နိမ်တဲ့ ကျင့်ကြံသူတွေနဲ့ ကောင်းကင်စစ်သားတွေဟာ တာအိုပညာရှိတွေရဲ့ ရည်ရွယ်ချက်ကို မသိတာကြောင့် အထက်လူကြီးတွေက အချင်းချင်း အပေးအယူ လုပ်နေတယ်လို့ ထင်နေပါတယ်။
ဘာပဲဖြစ်ဖြစ် နှစ်ဖက်စလုံး နောက်ဆုံးလို့ မရပါဘူး။ ဒီအခြေအနေက ပြောင်းလဲလို့မရတဲ့ ခေတ်ရေစီးကြောင်း ဖြစ်နေပါပြီ။
လီတောက်ခုံးက မေးလိုက်ပါတယ် “စုချီက ဘယ်တော့ ကယ်ကြမလဲ”
မလှမ်းမကမ်းမှာရှိတဲ့ သိုင်းနတ်ဘုရား စစ်သူကြီးက ခေါင်းခါပြီး ပြောလိုက်ပါတယ် “သူ့ကို တာအိုပညာရှိက ဖိနှိပ်ထားတာဆိုတော့ ကယ်တင်ဖို့ မလွယ်ဘူး”
“ဒါဆို မင်းကို တာအိုပညာရှိ ဖိနှိပ်ထားရင် ငါတို့ကို လာကယ်စေချင်သေးတာလား” လီရွှမ်အောက်က လှောင်လိုက်ပါတယ်။
သိုင်းနတ်ဘုရား စစ်သူကြီးဟာ လီရွှမ်အောက်ရဲ့ လှောင်ပြောင်မှုကြောင့် ဒေါသထွက်သွားပေမဲ့ ဘာမှပြန်မပြောပါဘူး။
ဒီအချိန်မှာ နောက်ထပ် ကောင်းကင်စစ်သားတစ်ဦး ပြေးဝင်လာပါတယ်။
“သတင်းပို့ပါတယ်၊ လူသားမျိုးနွယ်စုမှာ လူသားဧကရာဇ်အသစ်တစ်ပါး ပေါ်လာပါတယ်၊ ဒီလူသားဧကရာဇ်က ကြမ္မာဆိုးနတ်ကို ယှဉ်တိုက်ခဲ့တဲ့ ကျိုးဖန်ပါ”
အင်မော်တယ် နတ်ဘုရားတွေဟာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ပွက်လောရိုက်သွားကြပါတယ်။
“ကျိုးဖန်က မသေသေးဘူးလား”
“သူက တကယ်ကြီး တာအိုပညာရှိလက်ကနေ လွတ်မြောက်နိုင်တာလား”
“ရှေးခေတ်ကတည်းက တာအိုပညာရှိ လက်ကနေ လွတ်မြောက်တဲ့လူက သူ ပထမဆုံးပဲ၊ သူက အင်မော်တယ်ဧကရာဇ် မဟုတ်ဘူးလား”
“သူက အင်မော်တယ်ဧကရာဇ် မဟုတ်တော့ဘူး၊ နတ်မင်းအဆင့်ကို ရောက်သွားပြီ”
“တာအိုပညာရှိက သနားညှာတာလိုက်တာလား”
“ဒါဆို ကျုပ်တို့ကျတော့ရော၊ တာအိုပညာရှိတွေက ကျုပ်တို့ကို လူသားမျိုးနွယ်စုအတွက် ဓားသွားကျောက်လို သဘောထားနေတာလား”
ကျိုးဖန် အသက်ရှင်နေသေးတာကို သိလိုက်ရတဲ့အတွက် အင်မော်တယ် နတ်ဘုရားတွေဟာ အမျက်ချောင်းချောင်း ထွက်ကုန်ကြပါတယ်။ အင်မော်တယ် နတ်ဘုရားတွေဟာ တာအိုပညာရှိ ကစားတာ ခံရပြီလို့ တွေးလိုက်ကြပါတယ်။
တာအိုပညာရှိလက်ကနေ တာအိုပညာရှိကလွဲလို့ ဘယ်သူ လွတ်မြောက်နိုင်မှာလဲ။
ဖန်းလျန်ရဲ့ မျက်နှာဟာလည်း ရှုပ်ထွေးနေပါတယ်။ ဖန်းလျန်ဟာ ကျိုးဖန်ကို မသေစေချင်တာ မှန်ပေမဲ့ တာအိုပညာရှိတွေရဲ့ စိတ်ထင်တိုင်း ကြဲတာကိုလည်း အတော်ဒေါသ ထွက်လာပါတယ်။
‘ဒီတစ်ခါ ပျက်စီးဖို့ ကံကြမ္မာပါလာတာက လူသားတွေမဟုတ်ဘဲ အင်မော်တယ် နတ်ဘုရားတွေလား’ ဖန်းလျန်ဟာ မချိပြုံး ပြုံးလိုက်ပါတယ်။ ဒီနှစ်ရာချီတိုက်ပွဲက ဖန်းလျန်အတွက် အတော်လေး ပင်ပန်းလှပါတယ်။ ဒီအတောအတွင်း ဖန်းလျန်ဟာ ကျင့်ကြံဖို့မပြောနဲ့ အနားယူချိန်တောင် သိပ်မရှိခဲ့ပါဘူး။
နောက်ထပ် နှစ် ၄၀ ကုန်ဆုံးသွားပါတယ်။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးရင်း တာအိုပညာရှိမင်ကျွယ်ကို ကျိန်စာတိုက်ပါတယ်။
[သင့်မိတ်ဆွေ ဟန်မင်သည် လောကဦး မြင့်မြတ်နယ်မြေ အပျက်အစီးနှင့် တွေ့ကြုံမိပြီး အကောင်းစား ရတနာတစ်ပါးကို ရရှိကာ ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နတ်မင်းအဆင့် လူသားကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသော်လည်း ဘေးအန္တရာယ်ကို ကျော်လွှားနိုင်ခဲ့သောကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် လူသားကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၄၃၀၉
[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် လူသားကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခဲ့ရသည်။] x၁၂၂၂၃၈၂
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ စုချီသည် အလွန်များပြားသော အကုသိုလ်ကံများကို ဆက်ခံရရှိပြီး အဆင့်ထိုးဖောက်ကာ ကြမ္မာဆိုးစွမ်းအား များစွာ မြင့်မားသွား၏။]
[သင့်မိတ်ဆွေ ပန်ရှင်းသည် သင့်မိတ်ဆွေ လီတောက်ခုံး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ကျန်းတုကူးသည် တာအိုပညာရှိတစ်ပါး တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ချုံရှီလိုင်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
စာစောင်တွေကိုဖတ်ရင်း ဟန်ကျွယ်ဟာ အတော်လေး ကရုဏာသက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက မသေမချင်း တိုက်ခိုက်မဲ့ပုံ ရှိနေလို့ပါပဲ။
ဟန်ကျွယ်ဟာ ချုံရှီလိုင် ကျိန်စာတိုက်ခံရတာကိုလည်း သတိထားမိလိုက်ပါတယ်။ ဒါက ဟန်ကျွယ်အတွက်တော့ သတင်းကောင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ တာအိုပညာရှိကို ကျိန်စာတိုက်တဲ့လူက သူတစ်ယောက်တည်း မဟုတ်တော့လို့ပါပဲ။ ရှင်းအောင်ပြောရရင် တာအိုပညာရှိတွေထဲမှာ ဇာတ်တူသား စားချင်တဲ့လူ ရှိနေတာပါ။
ဒီအချိန်မှာပဲ တိတ်ဆိတ်ကျွန်းဟာ ရုတ်တရက် လှုပ်ခါသွားပါတယ်။ တိတ်ဆိတ်ကျွန်း ဒီလိုလုပ်ခါတာက ပထမဆုံးအကြိမ်တော့ မဟုတ်တော့ပါဘူး။ အမင်္ဂလာ မကောင်းဆိုးဝါး လာတိုက်တိုင်း ဒီလို လှုပ်ခါနေကြပါ။
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ခံစားမိလိုက်တာကြောင့် ကြမ္မာဆိုးစာအုပ်ကို သိမ်းလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကမ္ဘာဖျက်ကြာနက်ထဲကနေ နတ်ထူးဆန်းကို ထုတ်ယူလိုက်ပါတယ်။ နတ်ထူးဆန်ဟာ ဟန်ကျွယ်ရှေ့မှာ ပေါလောမျောပြီး အလောသုံးဆယ် ဟိုဟိုဒီဒီ လျှောက်သွားပါတယ်။
ဟန်ကျွယ်ဟာ အရင်တစ်ခေါက် နတ်ထူးဆန်း ဒီလိုဖြစ်တုန်းက အဆင့်နိမ့် နတ်ထူးဆန်း ပေါ်လာတကို သတိရသွားပါတယ် ‘ဒီတစ်ခေါက်လည်း နောက်ထပ် အဆင့်နိမ့် နတ်ထူးဆန်း ပေါ်လာတာများလား’
ဟန်ကျွယ်ဟာ ပတ်ဝန်းကျင်က ရန်သူတွေကို ချက်ချင်းပဲ စစ်ဆေးကြည့်လိုက်ပါတယ်။
[မကောင်းဆိုးဝါးနတ်: ကျင့်ကြံမှုမသိ၊ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုတစ်ခု။ အမှောင်တားမြစ်နယ်မြေ၌ ဖွားမြင်ပြီး နှစ်ပေါင်းများစွာ စုစည်းလာသော မရေမတွက်နိုင်သည့် ရန်ငြိုးရန်စများမှ ပေါက်ဖွားလာခြင်း ဖြစ်သောကြောင့် သတ်ဖြတ်ငွေ့နှင့် မုန်းတီးမှုများ ပြည့်နှက်နေသည်။]
မကောင်းဆိုးဝါးနတ် က နတ်ထူးဆန်း မဟုတ်ပါဘူး။ နတ်ထူးဆန်းက ပဋိပက္ခ နတ်ဘီလူးတွေရဲ့ ကံတရား အထောက်အပံ့ကနေ ဖြစ်ပေါ်လာတာဖြစ်ပြီး မကောင်းဆိုးဝါးနတ် ကတော့ ရန်ငြိုးရန်စတွေ မုန်းတီးမှုတွေကနေ ဖြစ်ပေါ်လာတာပါ။
ဟန်ကျွယ်ဟာ မကောင်းဆိုးဝါးနတ် က တာအိုစက်ကွင်းရဲ့ အရံအတားကို လောလောဆယ်မှာ မချိုးဖျက်နိုင်မှန်း သိတဲ့အတွက် အလန့်တကြား မဖြစ်ပါဘူး။
“မကောင်းဆိုးဝါးနတ် ကို လက်အောက်ခံစေချင်ရင် ဘယ်လောက် ပေးဆပ်ရမလဲ” ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ်။
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မကောင်းဆိုးဝါးနတ်သည် အလွန်တရာမှာ ယုတ်မာရက်စက်သည့် မကောင်ဆိုးဝါး ဖြစ်သည့်အတွက် ယဉ်ပါးအောင် မလုပ်နိုင်ပါ။ အတူထားပါက အတွင်းနတ်ဆိုးကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်သည်။]
‘ဒီလောက်တောင် ကရိကထများတာလား’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
“ဝုန်း...”
ဝီရိယတောင်ဟာ ပြင်းထန်စွာ လှုပ်ခါသွားပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက်က ငရဲကြက်နက်ရဲ့ အော်သံကို ကြားလိုက်ရပါတယ် “အဲဒါ ဘာကြီးလဲ”
မကောင်းဆိုးဝါးနတ်က တိတ်ဆိတ်ကျွန်းထဲကို ဝင်ရောက်လာတာပါ။
ဟန်ကျွယ်ဟာ နတ်အာရုံကို ချက်ချင်း ဖြန့်ကျက်လိုက်တဲ့အခါ တိတ်ဆိတ်ကျွန်း အစွန်းက ပင်လယ်ထက်မှာ လွီပုနဲ့ အရိပ်နက်တစ်ခု တိုက်ခိုက်နေတာကို တွေ့လိုက်ရပါတယ်။ နှစ်ဖက်စလုံးက အလွန်တရာ လျင်မြန်တယ်ဆိုပေမဲ့ ဟန်ကျွယ် မျက်စိထဲမှာတော့ အရိပ်နက် ပိုမြန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွီပုရဲ့ ဓမ္မစွမ်းအားတွေက အရိပ်နက်က တစ်ခါတည်း ဝါးမြိုလိုက်လို့ပါပဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။