မိုးကောင်းကင်မျိုးနွယ်စု
Vol. 41 Ch. 452
ဟန်ကျွယ်ဟာ နေလ ယင်ယန် အကာအကွယ်ကို ထုတ်ယူလိုက်ပါတယ်။ ဒီရတနာဟာ စက်ဝိုင်းပုံရှိပြီး အဆက်မပြတ် လည်ပတ်ကာ အလင်းရောင်နှစ်ခု ဖြာထွက်နေပါတယ်။
ဟန်ကျွယ်ဟာ နေလ ယင်ယန် အကာအကွယ်ကို ကိုယ်ပိုင်ပစ္စည်းပြုပါတယ်။ ဒါပေမဲ့ ချက်ချင်းမရဘဲ သုံးလေးရက်ကြာမှ နေလ ယင်ယန်အကာအကွယ်က ဟန်ကျွယ်ကို သခင်အဖြစ် အသိအမှတ်ပြုပါတယ်။
နေလ ယင်ယန် အကာအကွယ်ဟာ ဟန်ကျွယ်ရဲ့ နောက်ကျောဘက်ကို အလိုအလျောက် ပျံသန်းသွားပြီး လေထဲမှာ ပေါလောမျောနေပါတယ်။ နေလ ယင်ယန် အကာအကွယ်ကန ဖြာထွက်နေတဲ့ တောက်ပတဲ့ အလင်းရောင်တွေက ဟန်ကျွယ်တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတာကြောင့် ဟန်ကျွယ်ရဲ့ ပုံရိပ်စစ်ကို တခြားသူတွေ မြင်တွေ့ရဖို့ ခက်ခဲသွားပါတယ်။ ဒါပေမဲ့ ဒီအလင်းရောင်တွေက တခြားသူကိုပဲ သက်ရောက်တာပါ။ ဟန်ကျွယ်ရဲ့ မြင်ကွင်းကိုတော့ မသက်ရောက်ပါဘူး။
‘မဆိုးဘူး... ဒီဟာက ငါ့ကို တခြားသူတွေအမြင်မှာ လျှို့ဝှက်ဆန်းကြယ်စေတယ်’
စွမ်းအားကြီးပုဂ္ဂိုလ်က စွမ်းအားကြီးပုဂ္ဂိုလ်နဲ့ တူရပါမယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်ကို ရောက်နေပြီ ဖြစ်တာမို့ သာမန်သေမျိုးနဲ့ မတူချင်ပါဘူး။ လူမှာအဝတ် တောင်းမှာအကွပ်ဆိုရင် ကျင့်ကြံသူမှာ ရတနာပါ။
ဟန်ကျွယ်ဟာ လူထင်ကြီးနေဖို့ လိုအပ်ပါတယ်။ အရင်တုန်းက ကောင်းကင်ဧကရာဇ်ဟောင်း နတ်ဘုရားခန်းမမှာ မတ်တတ်ရပ်နေရင် အင်မော်တယ် နတ်ဘုရားတွေက ပုရွက်ဆိတ်လေးတွေလိုပါပဲ။ ဒါ့အပြင် ချုံရှီလိုင်ကလည်း ရုပ်တုပဲပြပြီး ခန္ဓာစစ်ကို မပြပါဘူး။ ဒါတွေ အကုန်လုံးက လူထင်ကြီးအောင် လုပ်တာပဲ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ပျင်းပျင်းနဲ့ လျှောက်တွေးနေတာပါ။ ဘယ်လောက်ပဲ လူထင်ကြီးကြီး စွမ်းအားမရှိရင် အလကားပဲ မဟုတ်ပါလား။ အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်တာအို မျိုးနွယ်စုအသစ် အကြောင်းကို စိတ်ဝင်စားသွားတာကြောင့် စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မိုးကောင်းကင်မျိုးနွယ်စု: လူသားမျိုးနွယ်စုမှ ဖြစ်ပြီး ကောင်းကင်တာအို၏ ကောင်းချီးပေးမှုအောက်တွင် အင်မော်တယ်နတ်ဘုရားများ ဖြစ်လာသည်။ တာအိုပညာရှိများ၏ ကြီးမားသော စွမ်းအားကြောင့် ထိုအင်မော်တယ်နတ်ဘုရားများသည် မျိုးနွယ်စုအသစ် ဖြစ်လာ၏။ ဤမျိုးနွယ်စုသည် လူသားတို့၏ သဘောသဘာဝနှင့် နတ်အစွမ်းရှိသောကြောင့် ရှန်တျန်မျိုးနွယ်စုများနှင့် ရင်ဘောင်တန်းနိုင်၏။]
ဟန်ကျွယ်ဟာ အံဩ မှင်သက်သွားပါတယ် ‘လူသားမျိုးနွယ်စုရဲ့ အင်မော်တယ် နတ်ဘုရားတွေက မျိုးနွယ်စုအသစ် ဖြစ်လာတာလား... ဒီတာအိုပညာရှိတွေက တော်တော် ယုတ်မာတာပဲ’
ဟုတ်ပါတယ်။ တာအိုပညာရှိတွေရဲ့ အကြံအစည်က အတော်ကို ရက်စက်ယုတ်မာလွန်းတာပါ။ တာအိုပညာရှိတွေဟာ လူသားတွေနဲ့ ကောင်းကင်ရုံးတော်ကို စစ်မဖြစ် ဖြစ်အောင် တိုက်တွန်းလှုံ့ဆော်ပြီး နှစ်ဖက်စလုံးက သက်ရှိအများစုကို ရှင်းလင်းပစ်ပါတယ်။ အခုပြီးခါနီးတော့မှ လူသားတွေကနေ အင်မော်တယ်နတ်ဘုရား ဖြစ်လာတဲ့လူတွေကို ရွေးချယ်ပြီး ကောင်းကင်တာအို မျိုးနွယ်စုဖြစ်အောင် လုပ်ပေးလိုက်ပါတယ်။
ဒီအနန္တကပ်ဘေးမှာ မိုးကောင်းကင်မျိုးနွယ်စုကလွဲရင် ကျန်တဲ့သက်ရှိအားလုံးကို ရှင်းလင်းခံရမှာပါ။ ဒါမှ ကောင်းကင်တာအို အနန္တကပ်ဘေး ပြီးဆုံးပြီး အင်မော်တယ်ကမ္ဘာကလည်း ပုံမှန်အခြေအနေကို ပြန်ရောက်သွားမှာပါ။
ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကနေ စစ်ဆေးလိုက်တဲ့အခါ ဂျိရှင်းရှန်၊ ရွှမ်ချင်းကျွင်း၊ ဖန်းလျန်၊ ရှန်စစ်သူကြီးနဲ့ စုချီတို့က မိုးကောင်းကင်မျိုးနွယ်စုဝင်တွေ ဖြစ်လာတာကို တွေ့လိုက်ရပါတယ်။ သနားစရာကောင်းတဲ့ ကျိုးဖန်နဲ့ မော့ဖူချိုမှာတော့ လူသားမျိုးနွယ်စုမှာမို့ မိုးကောင်းကင် မျိုးနွယ်စုဝင်တွေ ဖြစ်မလာပါဘူး။
အမှန်အတိုင်းပြောရရင် မော့ဖူချိုကမှ သနားစရာ အကောင်းဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျိုးဖန်လိုမျိုး စွမ်းအားကြီးနောက်ခံ မရှိတဲ့အတွက် သေရာကနေ ပြန်ရှင်နိုင်မှာ မဟုတ်လို့ပါပဲ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီကိစ္စကို ဂရုမစိုက်ပါဘူး။ ကိုယ်လုပ်ကိုယ်ခံ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး စတင်ကျင့်ကြံပါတယ်။
နောက်ထပ် နှစ် ၅၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ကပ်ဘေးပြီးတော့မယ်လို့ သိကတည်းက ဘယ်တော့ အဆုံးသတ်မလဲပဲ တွေးနေတဲ့အတွက် အချိန်တွေက လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ နေ့တိုင်း ကျင့်ကြံအားထုတ်ပြီး ဆယ်နှစ်တစ်ကြိမ် တာအိုပညာရှိ မင်ကျွယ်ကို ကျိန်စာတိုက်ပါတယ်။ ဒီအလုပ်နှစ်ခုကလွဲရင် ဟန်ကျွယ်မှာ တခြားလုပ်စရာမရှိပါဘူး။ စာစောင်တွေကိုတောင် ဟန်ကျွယ်ဟာ လျှော့ဖတ်လာပါတယ်။
ဟန်ကျွယ် စာစောင်တွေ လျှော့ဖတ်တာက ဒီစာတွေကြောင့် ကပ်ဘေးထဲ ဝင်ချင်စိတ် ဖြစ်လာမှာစိုးလို့ပါ။ ကပ်ဘေးက ပြီးဆုံးခါနီးလေ ပိုကြမ်းလေ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ အခုအချိန်အထိ တောင့်ခံထားပြီးပြီမို့ အဆုံးသတ်ခါနီးကျမှ ကပ်ဘေးထဲဝင်လိုက်ရင် ကြိုးစားထားသမျှ သဲထဲရေသွန် ဖြစ်ကုန်မှာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ့မိတ်ဆွေတွေ သေမယ်ဆိုရင်တောင် ကပ်ဘေးထဲဝင်မှာ မဟုတ်ပါဘူး။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကြယ်ပင်လယ်ထဲက ပဋိပက္ခမူလ ကျောက်တုံးကို ကောက်ကြည့်လိုက်ပါတယ်။ နှစ်တွေကြာပြီဖြစ်တဲ့အတွက် ပဋိပက္ခမူလကျောက်တုံးကနေ ထုတ်လွှတ်တဲ့ ပဋိပက္ခချီတွေက အတော်လေးကို များပြားနေပါပြီ။
ဟန်ကျွယ်ဟာ ကြယ်ပင်လယ်ထဲမှာ ကြယ်ပေါင်းရာချီ အသစ်မွေးဖွားလာတာကို တွေ့လိုက်ရပါတယ်။ ဒါက အစမို့လို့ပါ။ နောက်ဆိုရင် ဒီထက် ပိုများလာမှာပါ။
ပြောစရာရှိတာဆိုလို့ ထုန်ကျန့်ကမ္ဘာမှာ ဝတ်ရုံဖြူဗုဒ္ဓကလွဲရင် နောက်ထပ် အင်မော်တယ်ဧကရာဇ်တစ်ပါး မွေးဖွားလာတာပါ။ ထုန်ကျန့်ကမ္ဘာရဲ့ စိတ်ဝိညာဉ်ချီက သေမျိုးကမ္ဘာအများရဲ့ စိတ်ဝိညာဉ်ချီထက် များပြားတာ ကြာပါပြီ။ ဒါ့အပြင် ရင်းမြစ်တွေကလည်း မရှားပါးတဲ့အတွက် အင်မော်တယ်ဧကရာဇ် အဆင့်ရောက်ဖို့က အရည်အချင်းပဲ လိုပါတယ်။
ဘာပဲဖြစ်ဖြစ် တစ်ချိန်တုန်းက လူသားမျိုးနွယ်စုဟာ ကောင်းကင်တာအို မျိုးနွယ်စု ဖြစ်ခဲ့ဖူးတဲ့အတွက် ဒီသေးငယ်လှတဲ့ ထုန်ကျန့်ကမ္ဘာလေးမှာ ပါရမီရှင်တွေ ပေါ်ပေါက်လာတာ ထူးဆန်းတာတော့ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ဒီအင်မော်တယ်ဧကရာဇ်အသစ်ကို တိတ်ဆိတ်ဂိုဏ်းထဲ ဆွဲမထည့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထုန်ကျန့်ကမ္ဘာက သူ့ဘာသာ ကြီးထွားလာဖို့အတွက် ပါရမီရှင် အမြောက်အများကို လိုအပ်လို့ပါပဲ။ ဒါ့အပြင် ဟန်ကျွယ်ရဲ့ တိတ်ဆိတ်ဂိုဏ်းမှာကလည်း လုံလောက်တဲ့ ပါရမီရှင်တွေ ရှိနေပါပြီ။ နောက်ထပ် အင်မော်တယ်ဧကရာဇ်တစ်ပါး ဝင်လာလာလို့ ဘာမှထူပြီး ခြားနားသွားမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ အေးအေးချမ်းချမ်း ကျင့်ကြံဖို့ ထာဝရအသက်ကသာ တစ်ခုတည်းသော ဦးတည်ရာ ဖြစ်ကြောင်း သူ့ကိုယ်သူ သတိပေးလိုက်ပါတယ်။ ဒီအချိန်မှာပဲ ဟန်ကျွယ် မြင်ကွင်းထဲမှာ အသိပေးချက်တွေ တသီကြီး တက်လာပါတယ်။
[လီမုယဲ့သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
[လီမုယဲ့သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
[လီမုယဲ့သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
များပြားလှတဲ့ အသိပေးချက်တွေကြောင့် ဟန်ကျွယ်ရဲ့ စိတ်ကောင်းဝင်မှုဟာ ရုတ်ခြည်း ပျောက်ကွယ်သွားရပါတယ်။ ဟန်ကျွယ်ဟာ စိတ်လွှဲတဲ့အနေနဲ့ စာစောင်တွေကို ကောက်ဖတ်လိုက်ပါတယ်။
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် မိုးကောင်းကင် မျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်လာပြီး ကံတရား အထောက်အပံ့ ပြောင်းလဲသွား၏။]
[သင့်မြေးတပည့် ဖန်းလျန်သည် ကောင်းကင်ရုံးတော်၏ ကံတရား အထောက်အပံ့နှင့် ပေါင်းစပ်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် တာအိုပညာရှိတစ်ပါး၏ ဓမ္မစွမ်းအားကို ရရှိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ကျင်းတျန်ကုန်းသည် သင့်မိတ်ဆွေ ကျန်းတုကူး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ရွှယ်မင်းဟယ်သည် သင့်မိတ်ဆွေ ကျန်းတုကူး၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည်။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် သင့်မိတ်ဆွေ ကျန်းတုကူး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ကျန်းတုကူးသည် သင့်မိတ်ဆွေ လီတောက်ခုံး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ သိလန်တျန်သည် သင့်မိတ်ဆွေ ပန်ရှင်း၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် တာအိုပညာရှိတစ်ပါး၏ ဖိနှိပ်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
‘ရွှယ်မင်းဟယ် သေသွားပြီလား...’
ဟန်ကျွယ်ဟာ သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ရွှယ်မင်းဟယ်အပေါ် သိပ်တော့ အကောင်းမမြင်ပေမဲ့ ရွှယ်မင်းဟယ်က သူ့စကားဆို အတော်နားထောင်တာကြောင့် ရွှယ်မင်းဟယ် သေတဲ့သတင်းကို တွေ့လိုက်ရတဲ့အခါ မသက်မသာ ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်လည်း ဘာမှမတက်နိုင်ပါဘူး။ ရွှယ်မင်းဟယ် ကပ်ဘေးထဲ ဝင်တာက သူ့သဘောနဲ့သူ ဝင်တာ မဟုတ်ပါလား။
ကျင့်ကြံတာက ကောင်းကင်ကို ဆန့်ကျင်တာဖြစ်တဲ့အတွက် ကျင့်ကြံတဲ့လမ်းစဉ်မှာ သေခြင်းတရားကို ရင်ဆိုင်ကြုံတွေ့ရတာက ဖြစ်နေကျကိစ္စတစ်ခုပါ။
ကောင်းကင်ဧကရာဇ်က အပြင်းအထန် ဒဏ်ရာရသွားပေမဲ့ မသေသေးပါဘူး။ ကြည့်ရတာ တာအိုပညာရှိက ကောင်းကင်ဧကရာဇ်ကို သတ်ချင်တဲ့စိတ် မရှိပုံပါပဲ။
ဂျိရှင်းရှန် မိုးကောင်းကင် မျိုးနွယ်စုရဲ့ ခေါင်းဆောင် ဖြစ်လာတာက သူ့နဲ့ ပတ်သက်နေမလားဆိုတာ ဟန်ကျွယ်လည်း မပြောတက်ပါဘူး။
ဟန်ကျွယ်ဟာ သူ့မိတ်ဆွေတွေရတဲ့ အခွင့်အရေးကြီးတွေက သူနဲ့ ပတ်သက်ဆက်နွှယ်နေတယ်ဆိုပြီး အမြဲတမ်း သံသယဝင်ပါတယ်။ ဒီလို သံသယဝင်ရတာက ဟန်ကျွယ်ကိုယ်တိုင်က သံသယကြီးလို့ မဟုတ်ပါဘူး။ တာအိုပညာရှိတွေရဲ့ အကြံအစည်ထဲမှာ နယ်ရုပ်ဖြစ်ခံရမှာ စိုးလို့ပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီး ကျင်းတျန်ကုန်းဆီ သွားလည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ် ကျင်းတျန်ကုန်ဆီ သွားလည်ရတာက နှစ်သိမ့်ပေးဖို့နဲ့ လက်ရှိအခြေအနေအကြောင်း စနည်းနာဖို့ပါ။
မကြာခင်မှာပဲ ဟန်ကျွယ်နဲ့ ကျင်းတျန်ကုန်းဟာ အိပ်မက်နယ်မြေမှာ တွေ့ဆုံမိကြပါတယ်။
ကျင်းတျန်ကုန်းဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်တဲ့အခါ အမှောင်သခင်ကြီးကို တွေ့လိုက်ရတဲ့အတွက် ကျေနပ် အံအားသင့်သွားပါတယ်။ ကျင်းတျန်ကုန်းဟာ ချက်ချင်း ဒူးထောက်ပြီး အရိုအသေ ပေးလိုက်ပါတယ် “အမှောင်သခင်ကြီး... နောက်ဆုံးတော့ ရောက်လာပြီပဲ”
“အမှောင်သခင်ကြီးပြောတာ အမှန်ပဲ၊ ဒီကပ်ဘေးက ထောင်ချောက်ကြီး၊ ကျွန်တော်တို့တွေ လုံးဝမဝင်ခဲ့သင့်ဘူး” ကျင်းတျန်ကုန်းရဲ့ မျက်နှာဟာ နောင်တရပုံ ပေါ်နေပါတယ်။ ကြည့်ရတာ ကျယ်ကျောင်းတော်က အတော်လေး အထိနာသွားပုံပါပဲ။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ရွှယ်မင်းဟယ် သေတာကို ငါ သိပြီးပြီ၊ လက်ရှိအခြေအနေကို မင်း ဘယ်လိုထင်လဲ”
ကျင်းတျန်ကုန်းဟာ အမှောင်သခင်ကြီးက ရွှယ်မင်းဟယ် သေတာကို သိနေတဲ့အတွက် စိတ်ထဲမှာ လေးစားသွားပြီး တစ်ခဏစဉ်းစားကာ ပြန်ဖြေလိုက်ပါတယ်။
“တာအိုပညာရှိကျင်းအန်းက လူသားမျိုးနွယ်စုရဲ့ အင်မော်တယ် နတ်ဘုရားတွေရဲ့ မိုးကောင်းကင် မျိုးနွယ်စုကို ဖန်တီးပြီး ကပ်ဘေး အခြေအနေကို ပြောင်းလဲလိုက်တယ်၊ အခု လူသားတွေနဲ့ ကောင်းကင်ရုံးတော်က သဘောတူညီချက် ရသွားပြီ၊ လူသားတွေ အကုန်လုံး မိုးကောင်းကင်မျိုးနွယ်စု ဖြစ်ချင်ရင် ကောင်းကင်ဧကရာဖန်းရဲ့ နတ်ဘုရားခုံကို လိုအပ်တယ်၊ ဒါပေမဲ့ တခြားမျိုးနွယ်စုတွေက မိုးကောင်းကင် မျိုးနွယ်စု ဖြစ်မလာနိုင်ဘူး၊ ဒါကြောင့် လူသားမျိုးနွယ်စုနဲ့ ကောင်းကင်ရုံးတော်ကို တခြားမျိုးနွယ်စုတွေက အသည်းအသန် တိုက်ခိုက်နေကြတော့ အခြေအနေ မကောင်းဘူး”
“ဒီထက်ပိုပြီး အရေးကြီးတာက တာအိုပညာရှိတွေရဲ့ သဘောထားကို မသိရတာပဲ၊ တာအိုပညာရှိတွေက မကြာမကြာ စစ်မြေပြင်မှာ ပေါ်လာပြီး သတ်ဖြတ်သလို သူတို့အချင်းချင်းတောင်မှ ပြန်တိုက်ခိုက်နေကြတယ်၊ အရင်တစ်ခေါက် တာအိုပညာရှိတွေ ကောင်းကင်ဘုံကိုးဘုံမှာ တိုက်ခိုက်လို့ ကောင်းကင်ပြိုကွဲပြီး စိတ်ဝိညာဉ်နန်းတော် လဲပြိုသွားတယ်၊ အမှန်အတိုင်း ပြောရရင် လက်ရှိအခြေအနေကို ကျွန်တော်လည်း နားမလည်နိုင်တော့ဘူး”
ဟန်ကျွယ်က ပြောလိုက်ပါတယ် “မင်း စိုးရိမ်းမနေနဲ့၊ ကပ်ဘေးကို ရှောင်လွှဲဖို့သာ နည်းလမ်းရှာ၊ မင်းတို့ ကျယ်ကျောင်းတော်က ကောင်းကင်တာအိုပညာရှိ နှစ်ပါးတောင် ရှိတာ ဘယ်လိုလုပ်ပြီး ပျက်နိုင်မှာလဲ”
ကျင်းတျန်ကုန်းဟာ တအံဩဖြစ်သွားပြီး ပြန်မေးလိုက်ပါတယ် “ကောင်းကင်တာအိုပညာရှိနှစ်ပါး”
“ဟုတ်တယ်၊ တာအိုပညာရှိ ကျင်းအန်းက မင်းတို့ ကျယ်ကျောင်းတော်ကပဲ”
“တကယ်ကြီးလား” ကျင်းတျန်ကုန်းဟာ ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်။ ကျင်းတျန်ကုန်းဟာ ဒီအကြောင်းကို လုံးဝမသိပါဘူး။
“ဒီအကြောင်းကို မင်းစိတ်ထဲမှာ သိထားရင်ရပြီ” ဟန်ကျွယ်က အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။