← Chapters

အကြွင်းမဲ့သန့်စင်ခြင်း၊ ခြောက်ကပ်နေသော အင်မော်တယ်ကမ္ဘာ

Vol. 41 Ch. 460

အကြွင်းမဲ့သန့်စင်ခြင်း၊ ခြောက်ကပ်နေသော အင်မော်တယ်ကမ္ဘာ

Vol. 41 Ch. 460

အင်မော်တယ်ကမ္ဘာကို ပျံသန်းနေစဉ်အတွင်း ဟန်ကျွယ်ဟာ စနစ် အရင်တုန်းက ပေးထားတဲ့ ရွေးချယ်မှုနှစ်ခုထဲက နံပါတ်တစ်က ရွေးချယ်လိုက်ပါတယ်။

[ဤရွေးချယ်မှုအား ပြုလုပ်ရန် ကောင်းကင်တာအို အင်မော်တယ်ကမ္ဘာသို့ ရောက်ရှိရန် လိုအပ်သည်။]

ဟန်ကျွယ်လည်း အင်မော်တယ်ကမ္ဘာကို မရောက်သေးတာကြောင့် လက်လျှော့လိုက်ရပါတယ်။

ဟန်ကျွယ်ဟာ လမ်းခြောက်သွယ် အမှတ်အသားကို အာရုံခံပြီး တိတ်ဆိတ်ကျွန်းကို အကြိမ်များစွာ ဦးတည်ချက် ပြောင်းရပါတယ်။ တိတ်ဆိတ်ကျွန်း ရောက်နေတဲ့နေရာက အင်မော်တယ်ကမ္ဘာနဲ့ ဝေးကွာလွန်းတဲ့အတွက် အင်မော်တယ်ကမ္ဘာကို အချိန်တိုအတွင်း ရောက်ရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို သတိရသွားပါတယ်။ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ မလှုပ်ရှားတာ အတော်ကြာပါပြီ။ ဒါပေမဲ့ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က အကောင်းအတိုင်း ရှိနေသေးတာကို သူ့လှုမှုဆက်ဆံရေးကနေ ဟန်ကျွယ် သိထားပါတယ်။

အခုအချိန်မှာ ဟန်ကျွယ်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို မျက်စိထဲ မထည့်တော့ပါဘူး။

ကောင်းကင်ဧကရာဇ်ဘေးမှာ ကောင်းကင်ဧကရာဇ် မသိအောင် ပုန်းအောင်းနိုင်တဲ့အတွက် လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က ကောင်းကင်ဧကရာဇ်ထက် သိပ်မညံဘူးဆိုတာ သိသာလှပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် မျက်စိထဲမှာတော့ အထင်ကြီးစရာ တစ်ကွက်မှ မရှိပါဘူး။

တာအိုပညာရှိ မင်ကျွယ်ကို ကျိန်စာစတိုက်ကတည်းက ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ကို မျက်စိထဲ မထည့်တော့တာပါ။ ဟန်ကျွယ်ဟာ အတိတ်ကို ပြန်တွေးရင်း ပြုံးမိလိုက်ပါတယ်။

သိပ်မကြာသေးခင်က ဟန်ကျွယ်ဟာ လွမ်ဟွေအင်မော်တယ်ဧကရာဇ်ကို အင်အားကြီး ရန်သူလို သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ အချိန်ကြာလာတဲ့အခါ လွမ်ဟွေအင်မော်တယ်ဧကရာဇ်က ဟန်ကျွယ် မျက်စိထဲတောင် မဝင်နိုင်တော့ပါဘူး။

ဒါက အရည်အချင်းပါပဲ။

ဟန်ကျွယ်ဟာ တိုက်ခိုက်ဖို့ မလိုအပ်ပါဘူး။ တစ်နေရာရာမှာ ပုန်းအောင်းပြီး အေးအေးဆေးဆေး ကျင့်ကြံရုံနဲ့ သူ့ရန်သူတွေ ဘာမှမလုပ်နိုင်ခင် သူတို့ထက် စွမ်းအားကြီးသွားပါတယ်။

‘နောက်အနန္တကပ်ဘေး မတိုင်ခင် ငါ တာအိုကို ရရှိရမယ်’ ဟန်ကျွယ်ဟာ ပန်းတိုင်းတစ်ခု ချမှတ်လိုက်ပါတယ်။

အနန္တကပ်ဘေး စတင်တာနဲ့ ကောင်းကင်လျှို့ဝှက်ချက် ဖုံးလွှမ်းခံရပြီး တာအိုပညာရှိတွေ သေမျိုးကမ္ဘာကို ဆင်းသက်လို့ရတဲ့အတွက် အဲဒီအချိန်မှာ ကောင်းကင်တာအို အင်မော်တယ်ကမ္ဘာက အန္တရာယ်များလာမှာ ဗေဒင်မေးစရာ မလိုပါဘူး။

အတိတ်က ဖြစ်ရပ်တွေကို အခြေခံရင် နောက်အနန္တကပ်ဘေး ကျရောက်ဖို့က အတော်လိုအုန်းမှာပါ။ တစ်ချိန်က တန်ခိုးထွားခဲ့တဲ့ ရှန်နန်းတော်ကလည်း အနန္တကပ်ဘေးအဆုံးမှာ စပြီးတော့ အင်အားကြီးမားလာခဲ့တာပါ။ ဘယ်လောက်ပဲ အရည်အချင်းရှိတယ်ပြောပြော အင်မော်တယ်ကမ္ဘာရဲ့ ထိပ်သီးအင်အားစုဖြစ်လာဖို့က နှစ်နည်းနည်းနဲ့တော့ရမှာ မဟုတ်ပါဘူး။

၇ နှစ်ကြာပြီးနောက်။

နောက်ဆုံးမှာတော့ တိတ်ဆိတ်ကျွန်းဟာ အင်မော်တယ်ကမ္ဘာကို ရောက်ရှိသွားပါတယ်။ ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ထိန်းချုပ်ပြီး ရှေ့ဆက်ပျံသန်းရင်း လမ်းတစ်လျှောက် အရာအားလုံးကို နတ်အာရုံနဲ့ စစ်ဆေးကြည့်ရှုပါတယ်။

မြေပြင်က ခြောက်သွ့နေပြီး အစိမ်းရောင်ဆိုလို မြက်တစ်ပင်တောင် မတွေ့ရပါဘူး။ အဲဒီအသား သွေးအိုင်တွေက အခုထိ မခြောက်သေးပါဘူး။ ကောင်းကင်ကလည်း မှောင်မည်းနေပြီး နေမထွက်ပါဘူး။ အရာအားလုံးက တိတ်ဆိတ်ပြီး သုဿန်တစပြင်လို ခြောက်ကပ်နေပါတယ်။

ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။ နောက်ရက်အနည်းငယ်မှာလည်း ဟန်ကျွယ်ဟာ သက်ရှိဆိုလို့ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင် မတွေ့ရပါဘူး။

ဒီနေရာမှာ သိထားရမှာက တိတ်ဆိတ်ကျွန်း ပျံသန်းတဲ့အလျင်က မနှေးဘူးဆိုတာပါပဲ။ ၂၁ ရာစုစကားနဲ့ ပြောရရင် တစ်ရက်တည်းနဲ့ ဂလက်ဆီကို တစ်ပတ် ပတ်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာက အတော်ကြီးမားတာပဲလို့ ပထမဆုံးအကြိမ် ခံစားလိုက်ရပါတယ်။ အင်မော်တယ်ကမ္ဘာက ဟန်ကျွယ်ထင်ထားတာထက် အများကြီး ပိုနေပါတယ်။ ဒီလိုကျယ်ပြန်တဲ့ မြေပြင်မှာ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင် မရှိဘူးဆိုတော့ အနန္တကပ်ဘေးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေက ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာကို ခန့်မှန်းနိုင်ပါတယ်။

တိတ်ဆိတ်ကျွန်းကို ရှေ့ဆက်ပျံပါတယ်။ ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်း ဆင်းသက်ဖို့အတွက် ခပ်သန့်သန့် နေရာတစ်ခုကို ရွေးချယ်ပါတယ်။ ချီစွမ်းအင်အတွက်တော့ ဟန်ကျွယ်ဟာ သိပ်ပြီးတော့ ဂရုမစိုက်ပါဘူး။ အင်မော်တယ်ကမ္ဘာ တစ်ခုလုံးမှာ ဟန်ကျွယ်ရဲ့ တာအိုစက်ကွင်းထဲ ချီစွမ်းအင် ပိုများတဲ့နေရာ မရှိပါဘူး။

တစ်နှစ်ကြာတဲ့ အခါမှာတော့ ဟန်ကျွယ်ဟာ သန့်ရှင်းတဲ့ တောင်တန်းတစ်ခုကို တွေ့သွားပါတယ်။ ဒီတောင်တန်းက မိုင်တစ်သန်းကျော် ရှည်လျားပြီး စိမ်းလန်စိုပြေတဲ့ တောအုပ်တွေ ပေါက်ရောက်နေပါတယ်။ ဒါပေမဲ့ သက်ရှိအရိပ်အယောင်တော့ လုံးဝ မတွေ့ရပါဘူး။

တိတ်ဆိတ်ကျွန်းဟာ တောအုပ်ထဲမှာ ဆင်းသက်လိုက်ပါတယ်။ တောအုပ်က ကြီးမားလွန်းတဲ့အတွက် တိတ်ဆိတ်ကျွန်းက သစ်ရွက်ပုံထဲ ကျသွားတဲ့ ခဲလုံးလေးတစ်လုံးလိုပါပဲ။

ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လာပြီး ညာလက်ကို ဝှေ့ယမ်းလိုက်ကာ လူတိုင်းကို တာအိုစက်ကွင်းအပြင် ထုတ်လိုက်ပါတယ်။ ဟန်ကျွယ်ကိုယ်တိုင်လည်း တာအိုစက်ကွင်း အပြင်ကို ထွက်လိုက်ပါတယ်။

ရှကျဲ့မျိုးနွယ်စုနဲ့ တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ တောအုပ်တစ်အုပ်ထဲကို ရောက်သွားပါတယ်။

“ဒါက အင်မော်တယ်ကမ္ဘာပဲ၊ အခုအချိန်ကစပြီး ငါတို့တွေ ဒီနေရာမှာ နေကြမယ်၊ ဒါပေမဲ့ မင်းတို့တွေ မိုင်တစ်သန်းပတ်လည်ကနေ အပြင်ထွက်ခွင့် မပြုဘူး၊ အနီးအနားမှာ နေစရာဆောက်လုပ်ပြီး တိတ်ဆိတ်ဂိုဏ်းကို တည်ဆောက်ကြတော့”

ဟန်ကျွယ်ရဲ့အသံဟာ လူတိုင်းရဲ့ နားထဲကို ဝင်ရောက်သွားပါတယ်။ လူတိုင်းဟာ အင်မော်တယ်ကမ္ဘာကို ပြန်ရောက်လာတဲ့အတွက် စိတ်လှုပ်ရှားနေကြပါတယ်။ အင်မော်တယ်ကမ္ဘာကို တစ်ခါမှ မရောက်ဖူးသေးတဲ့ တိတ်ဆိတ်ဂိုဏ်းတပည့်တွေကတော့ အနည်းငယ် ရင်တုန်ပန်းတုန် ဖြစ်သွားကြပါတယ်။

ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ပြန်သွားပါတယ်။

[သင်သည် ကောင်းကင်တာအို အင်မော်တယ်ကမ္ဘာသို့ ပြန်သွားမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စနှင့် စနစ်၏ လုပ်ဆောင်ချက် အသစ်တစ်ခုအား နိုးထနိုင်မည့် အခွင့်အရေးတစ်ခုကို ဆုလာဘ်အဖြစ် ရရှိပါသည်။]

[အကြွင်းမဲ့သန့်စင်ခြင်း လုပ်ဆောင်ချက်အား စတင်အသုံးပြုလို့ရပါပြီ။]

[အကြွင်းမဲ့ သန့်စင်ခြင်း: ဤလုပ်ဆောင်ချက်ဖြင့် ရတနာများ၊ သက်ရှိများ၊ သဘာဝရတနာများ၊ ကန့်သတ်ချက်များ၊ ကျိန်စာများနှင့် အခြားသော မကောင်းသည့်အရာများအား ရှင်းလင်းသန့်စင်နိုင်သည်။ ဤလုပ်ဆောင်ချက်အား အသုံးပြုရန် သက်တမ်းကို အသုံးပြုရပါမည်။]

‘ဟင်... သန့်စင်တာ’ ဟန်ကျွယ်ဟာ စိတ်ပျက်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိသွားတာကြောင့် စနစ်ကို မေးလိုက်ပါတယ် “မကောင်းတဲ့အရာ မှန်သမျှကို ရှင်းလင်းနိုင်တာ ကျိန်းသေလား၊ ဥပမာ မဟာတာအိုပညာရှိက ငါ့ကို ကျိန်စာတိုက်ရင် ဒါမှမဟုတ် ငါ့အပေါ် မန္တန်သုံးပြီး တိုက်ခိုက်ရင် အဲဒါတွေကို ရှင်းလင်း သန့်စင်နိုင်လား”

[သင်သာ လုံလောက်သော သက်တမ်းအား စတေးပါက ရှင်းလင်း သန့်စင်နိုင်ပါသည်။]

ဒီအဖြေက ဟန်ကျွယ်အတွက်တော့ သတင်းကောင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ဆီမှာက သုံးဖြုန်းဖို့ သက်တမ်းတွေ အလုံအလောက် ရှိနေလို့ပါပဲ။

ဟန်ကျွယ်ဟာ အကြွင်းမဲ့ သန့်စင်ခြင်း လုပ်ဆောင်ချက်ကို သူ့အပေါ်မှာ သုံးစွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။

[သက်တမ်း ၂ ဘီလီဘံ ကုန်ဆုံးပါမည်။ ဆက်လုပ်လိုပါသလား။]

ဒီတန်ဖိုးက တွက်ချက်တာနဲ့ သိပ်မကွာတဲ့အတွက် ဟန်ကျွယ် လက်ခံနိုင်တဲ့ အတိုင်းအတာထဲမှာ ရှိပါတယ်။ ထူးဆန်းတဲ့ အပူစီးကြောင်းတစ်ခုဟာ ဟန်ကျွယ် ခန္ဓာကိုယ်ထဲကို စီးဝင်လာပါတယ်။ ဒီအပူစီးကြောင်းဟာ နွေးထွေးပြီး သက်သောင့်သက်သာရှိကာ နည်းနည်းတော့ ယားပါတယ်။

ဆယ်မိနစ်ကြာတဲ့ အခါမှာတော့...

[ရှင်းလင်း သန့်စင်ခြင်း ပြီးဆုံးပါပြီ။ ပြီးပြည့်စုံသော အခြေအနေ။]

ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး သန့်စင်ခြင်း လုပ်ဆောင်ချက်အကြောင်း လေ့လာတာကို ရပ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ မဟာတာအို အပိုင်းအစ ကိုးစလုံး စုစည်းပြီးပြီမို့ ပေါင်းစပ်ဖို့ပဲ ကျန်ပါတော့တယ်။ အဲဒါကြောင့် ဟန်ကျွယ်ဟာ မဟာတာအို အပိုင်းအစ ကိုးစကို ထုတ်ယူလိုက်ပြီး စတင် ပေါင်းစပ်လိုက်ပါတယ်။ ဒီတစ်ခါ ဟန်ကျွယ်ရဲ့ ရည်မှန်းချက်က ကိုယ်ပိုင် မဟာတာအို ဖန်တီးဖို့ပါ။

တစ်နာရီကြာတဲ့အခါမှာတော့ မဟာတာအို အပိုင်းအစကိုးစလုံး ပေါင်းစပ်သွားပြီး ဟန်ကျွယ်လည်း မဟာတာအို သိမြင်နားလည်တဲ့ အခြေအနေကို ဝင်ရောက်သွားပါတယ်။ ဟန်ကျွယ်ရဲ့ စိတ်ထဲမှာ စိတ်ကူးမျိုးစုံနဲ့ အကြံဉာဏ်မျိုးစုံ ပေါ်ပေါက်လာပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အတွေးတစ်ခုတည်းကိုပဲ အာရုံစိုက်ပါတယ်။

အဲဒါကတော့ မဟာတာအိုအသစ်ပါ။

ကျယ်ပြောလှတဲ့ တောတောင်မြစ်ချောင်းတွေမှာ တိတ်ဆိတ်ဂိုဏ်း တပည့်တွေနဲ့ ရှကျဲ့မျိုးနွယ်စု တစ်သောင်းဟာ အုပ်စုဖွဲ့ပြီး လျှောက်သွားကြပါတယ်။

အဲဒီထဲကမှ ကျောက်ရွှမ်ယွမ်၊ တာအိုအရှင်သခင်နဲ့ ကျန်းယီတို့ဟာ ခြေဦးတည့်ရာ အတူတူ လျှောက်သွားကြပါတယ်။ သူတို့သုံးဦးဟာ အရင်တုန်းက သူတို့ရဲ့ အင်အားစုတွေမှာ နံပါတ်တစ် ပါရမီရှင်တွေ ဖြစ်ခဲ့တာကြောင့် အခုလို မိတ်ဆွေဖွဲ့လို့ရတာပါ။

“အကုသိုလ်ကံတွေ ပျောက်ကွယ်သွားပြီ၊ အနန္တကပ်ဘေးက တကယ်ကို အဆုံးသတ်သွားတာပဲ” တာအိုအရှင်သခင်ဟာ သက်ပြင်းချလိုက်ပါတယ်။ တာအိုအရှင်သခင်ဟာ တိတ်ဆိတ်ဂိုဏ်းကို နောက်ဆုံးမှ ဝင်လာသူပါ။

တာအိုအရှင်သခင် အင်မော်တယ်ကမ္ဘာကနေ ထွက်ခွာတုန်းက အကုသိုလ်ကံတွေက များပြားလွန်းတဲ့အတွက် သာမန်မျက်စိနဲ့တောင် မြင်နိုင်ပါတယ်။

ကျောက်ရွှမ်ယွမ်ဟာ အပြုံးနဲ့ ပြောလိုက်ပါတယ် “ကံကောင်းထောက်မပြီး ငါတို့တွေ တိတ်ဆိတ်ဂိုဏ်းထဲ ဝင်ခဲ့ပေလို့ပဲ၊ မဟုတ်ရင် ငါတို့တွေ ဘယ်လိုလုပ်ပြီး အနန္တဧကရာဇ် ကံတရား အထောက်အပံ့ကို ရနိုင်မှာလဲ”

ကျန်းယီဟာ ပတ်ဝန်းကျင်ကို လျှောက်ကြည့်ပြီး ဖြတ်ပြောလိုက်ပါတယ် “ဒီနေရာက ကြည့်ရတာ မရိုးရှင်းဘူး၊ ငါ ဒီနေရာကို ရောက်ဖူးတယ်လို့ ခံစားနေရတယ်”

ကျောက်ရွှမ်ယွမ်နဲ့ တာအိုအရှင်သခင်ဟာ ကျန်းယီရဲ့စကားကြောင့် ပတ်ဝန်းကျင်ကို သေချာ အကဲခတ်လိုက်ပါတယ်။

တစ်ခဏအကြာမှာတော့ တာအိုအရှင်သခင်က တအံတဩ ပြောလိုက်ပါတယ် “ဒီနေရာက ချီလင်မျိုးနွယ်စုရဲ့ နေရာဟောင်းနဲ့ တူတယ်၊ တောတောင်ရေမြေတွေ ဘာမှမဖြစ်တာ အံဩစရာ မရှိတော့ပါဘူး၊ ချီလင် မင်္ဂလာချီက အကုသိုလ်ကံတွေကို တွန်းလှန်ထားခဲ့တာပဲ”

ကျန်းယီက သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဒါဆို ဒီနေရာမှာ ဘာလို့ ချီလင်တစ်ကောင်တောင် မရှိတာလဲ”

“သူတို့အကုန်လုံး သေသွားတာ ဖြစ်နိုင်တယ်” ကျောက်ရွှမ်ယွမ်က သူ့အမြင်ကို ပြောလိုက်ပါတယ်။

တာအိုအရှင်သခင်နဲ့ ကျန်းယီဟာ မျက်ခုံးလှုပ်သွားပါတယ်။ သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှုက မနိမ့်ပါးတဲ့အတွက် သူတို့ရဲ့ နတ်အာရုံဟာ မိုင်ပေါင်းတစ်သန်းကျော်ကို အာရုံခံနိုင်ပါတယ်။ ဒါပေမဲ့ တိတ်ဆိတ်ဂိုဏ်းကလွဲရင် တခြားဘယ်သက်ရှိကိုမှ သူတို့တွေ မခံစားမိပါဘူး။

တာအိုအရှင်သခင်နဲ့ ကျန်းယီဟာ ဖြစ်နိုင်ချေတစ်ခုကို တွေးမိပြီး နှလုံးလှုပ်သွားပါတယ် ‘အင်မော်တယ်ကမ္ဘာရှိတဲ့ သက်ရှိတွေ အကုန်လုံး သေသွားတာလား’

တာအိုအရှင်သခင်၊ ကျန်းယီနဲ့ ကျောက်ရွှမ်ယွမ်ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး လေပေါ်ပျံတက်ကာ ပတ်ဝန်းကျင်ကို သေချာအကဲခတ်ပါတယ်။ ဟန်ကျွယ်က မိုင်တစ်သန်းပတ်လည်မှာပဲ လျှောက်သွားခွင့် ပြုထားတဲ့အတွက် တာအိုအရှင်သခင်တို့ သုံးဦးဟာ ကိုယ်ပွားခွဲထုတ်ပြီး စုံစမ်းကြပါတယ်။

တစ်နှစ်ကြာတဲ့အခါမှာတော့ တာအိုအရှင်သခင်တို့ သုံးဦးဟာ သူတိုရဲ့ စုံစမ်းမှုတွေကို ပေါင်းစပ်ပြီး ကောင်းကင်တာအိုအောက်က သက်ရှိတွေ အကုန်လုံး သေဆုံးသွားတယ်လို့ ကောက်ချက်ချလိုက်ကြပါတယ်။

ဘာဖြစ်လို့ သူတို့တွေ ဒီလို ကောက်ချက် ချရတာလဲဆိုတော့ မိုင်တစ်သန်းပတ်လည် မပြောနဲ့ သူတို့ကိုယ်ပွားတွေ ဒေသအသီးသီးကို ခရီးနှင်တာတောင် သက်ရှိအရိပ်အယောင်ကို တစိုးတစမျှ မတွေ့ရလို့ပါပဲ။

တာအိုအရှင်တို့ သုံးဦးဟာ ဒီအကြောင်းကို တိတ်ဆိတ်ဂိုဏ်းက တခြားသူတွေသိအောင် ပြောပြပါတယ်။ တိတ်ဆိတ်ဂိုဏ်းသားတွေဟာ တာအိုအရှင်ခင်တို့သုံးဦးရဲ့ စကားကို ကြားပြီးတဲ့နောက် ဟန်ကျွယ်နောက် လိုက်ရတာက ကံကောင်းတယ်လို့ ခံစားလိုက်ရကြပါတယ်။

ဟန်ကျွယ်နဲ့သာ အတူတူ မကျင့်ကြံခဲ့ရင် သူတို့တွေ အခုလောက်ဆို အရိုးဆွေးနေလောက်ပါပြီ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters