← Chapters

ချီလင်မျိုးနွယ်စု၊ အသက် ၈,၀၀၀ ပြည့်ခြင်း

Vol. 42 Ch. 462

ချီလင်မျိုးနွယ်စု၊ အသက် ၈,၀၀၀ ပြည့်ခြင်း

Vol. 42 Ch. 462

“အဲဒီလောက် မလွယ်ဘူး၊ တကယ်လို့ မင်း တာအိုပညာရှိ ဖြစ်မလာဘူးဆိုရင် မင်း ရတားထဲ့ ကောင်းကင်တာအို ကုသိုလ်ကံက မင်းကို ဒုက္ခပေးလိမ့်မယ်၊ နောက်အနန္တကပ်ဘေးကို မင်း ဘယ်လို ရှောင်ရှားမလဲ၊ တာအိုပညာရှိ မဖြစ်ဘူးဆိုရင် ကပ်ဘေးဒဏ်ကို ခါးစည်းခံရလိမ့်မယ်” ဟန်ကျွယ်ရဲ့ တည်ငြိမ်တဲ့ စကားက တစိမ့်စိမ့် တွေးတောသွားစေပါတယ်။

ငရဲကြက်နက်က အော်ပြောလိုက်ပါတယ် “ဘာအတွက် တိုက်ခိုက်မှာလဲ၊ သခင့်နောက်လိုက်ပြီး ဘာအန္တရာယ်မှမရှိဘဲ ကျင့်ကြံမှုတွေ ပုံမှန်တိုးတက်နေတာက မကောင်းဘူးလား၊ မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်ကိုလည်း ပြန်ကြည့်အုန်း၊ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်တုန်းကလို ကျင့်ကြံမှုအဆင့်တွေ တက်နေတာပဲ မဟုတ်ဘူးလား”

ငရဲကြက်နက်ရဲ့ စကားကြောင့် လူတိုင်းဟာ သတိဝင်လာကြပါတယ်။

“ဟုတ်တယ်၊ ရှင်သန်ဖို့က အရေးကြီးဆုံးပဲ”

“ဟုတ်တယ်၊ ငါတို့က ကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့တဲ့ လက်တစ်ဆုပ်စာထဲမှာ ပါတယ်၊ ကောင်းကင်တာအို သက်ရှိတွေ ပေါ်လာတဲ့အချိန်ကျရင် ငါတို့က ဆရာကြီးတွေ ဖြစ်နေပြီ”

“တာအိုပညာဖြစ်ဖို့ တိုက်ခိုက်တာနဲ့ အနာဂတ်မှာ နောက်ပြန်ဆုတ်ဖို့ မလွယ်တော့ဘူး”

“ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ဆရာသခင်စကား နားထောင်မှာပဲ”

“ကျွန်တော်ရောပဲ...”

ဟန်ကျွယ်ဟာ သူ့တပည့်တွေ တစ်ယောက်တစ်ပေါက် ပြောဆိုသံကို ဘာတစ်ခွန်းမှ ဝင်မပြောဘဲ အပြုံးနဲ့ နားထောင်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ သူ့ကိုယ်ပိုင် တာအိုဘုံကျောင်း ဆောက်လုပ်ဖို့အတွက် ဘေးဘီဝန်းကျင်ကို ကြည့်လိုက်ပါတယ်။ တိတ်ဆိတ်ကျွန်းကိုတော့ ဟန်ကျွယ်ဟာ လျှို့ဝှက်နယ်မြေလုပ်ဖို့ စဉ်းစားထားပါတယ်။

ဟန်ကျွယ်ဟာ နေရာကောင်းကို ရှာတွေ့တာနဲ့ ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါမှာ သိပ်မကြီး သိပ်မသေးတဲ့ တာအိုဘုံကျောင်း တစ်ကျောင်း တောအုပ်ထဲမှာ ဖြစ်ပေါ်လာပါတယ်။

“မင်းတို့တွေ တစ်ကိုယ်တည်း ကျင့်ကြံအားထုတ်ကြ၊ ကောင်းကင်တာအိုအောက်မှာ သက်ရှိတွေ ကုန်ခမ်းသလောက် ဖြစ်သွားပြီဆိုပေမဲ့ အချိန်မဖြုန်းကြနဲ့”

ဟန်ကျွယ်စကားကြောင့် တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ ချက်ချင်း လူစုခွဲလိုက်ကြပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ဆီ လျှောက်သွားပြီး အပြုံးနဲ့ မေးလိုက်ပါတယ် “ယောက်ျား... မိန်းမ ယောက်ျားရဲ့ တာအိုဘုံကျောင်းမှာ နေလို့မရဘူးလား”

“ငါ့ဘေးနားက တာအိုဘုံကျောင်းကို ရွှေ့လာခဲ့ချည်၊ အတူနေဖို့တော့ အဆင်မပြေဘူး”

ရှင်းဟုန်ရွှမ်ဟာ အတူမနေရတဲ့အတွက် နှုတ်ခမ်းစူသွားပေမဲ့ ခေါင်းညိတ်ရုံကလွဲပြီး ဘာမှမတက်နိုင်ပါဘူး။ ဟန်ကျွယ်နဲ့ ဒီလိုနီးနီးကပ်ကပ်‌ နေရတာက အဝေးမှာ‌ နေရတာထက် ပိုကောင်းတယ် မဟုတ်ပါလား။

ချန်ယွီအာဟာ တစ်စုံတစ်ခု ပြောချင်ပေမဲ့ ချီတုံချတုံ ဖြစ်သွားပြီး နောက်ဆုံးမှာတော့ နတ်မိမယ်ရှီရွှမ်နဲ့ အတူတူ ထွက်ခွာသွားပါတယ်။ သူတို့နှစ်ယောက်ဟာ ရှင်းဟုန်ရွှမ်လောက် မသန်မာတဲ့အပြင် ရဲလည်းမရဲတဲ့အတွက် ရှင်းဟုန်ရွှမ်လိုမျိုး သတ္တိမရှိပါဘူး။

ဟန်ကျွယ်ဟာ သူ့တာအိုဘုံကျောင်းကို မပြန်ဘဲ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို လျှောက်ကြည့်ပါတယ်။ ဟန်ကျွယ်ဟာ အသက် ၈,၀၀၀ ပြည့်ခါနီးနေပေမဲ့ နေရာစုံအောင် လျှောက်မသွားဖူးပါဘူး။ အတိတ်မှာတုန်းက အင်မော်တယ်ကမ္ဘာကို လာရင်လည်း ကိစ္စပြီးတာနဲ့ ပြန်တာပါ။ တစ်ခါမှ အကြာကြီး မနေပါဘူး။

အခုအချိန်မှာ ကောင်းကင်တာအိုအောက်က ဘယ်သူမှကို ကြောက်စရာ မလိုတော့တဲ့အတွက် ဟန်ကျွယ်ဟာ ပိုပြီးတော့ သတ္တိရှိလာတာပါ။ တခြားသူတွေဟာ ဟန်ကျွယ်နောက် မလိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က တစ်ကိုယ်တည်း လမ်းလျှောက်ချင်တာကို သိထားလို့ပါ”

ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ရဲ့ ကျောပြင်ကိုကြည့်ပြီး ရေရွတ်လိုက်ပါတယ် “သခင်က ဘယ်လောက်တောင် စွမ်းလဲ မသိဘူး”

လီယောင်က တည်ငြိမ်စွာ ပြောလိုက်ပါတယ် “ဂိုဏ်းချုပ်က အမှောင်တားမြစ်နယ်မြေမှာ ရှိနေတာတောင် ကပ်ဘေး အခြေအနေကို အချိန်မရွေး နားလည်နိုင်တယ်၊ ငါ့အမြင်ကို ပြောရရင် ဂိုဏ်းချုပ်က တာအိုပညာရှိဖြစ်ဖို့ သိပ်မလိုတော့ဘူး ထင်တယ်၊ ဒါမှမဟုတ် တာအိုပညာရှိ ဖြစ်ပြီးတာလည်း ဖြစ်နိုင်တယ်၊ နောက်ပြီး တာအိုပညာရှိ နေရာကိုလည်း စိတ်ဝင်စားပုံ မပေါ်ဘူး”

ဝူတောက်ကျန့်ဟာ လီယောင်စကားကို ခေါင်းညိတ်ပြီး ထောက်ခံပါတယ်။

ဟန်ကျွယ်ဟာ လမ်းလျှောက်ရင်း နတ်အာရုံကို ဖြန့်ကျက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီနေရာက ကပ်ဘေးပြီးတာတောင် ပုံစံသိပ်မပျက်တဲ့အတွက် တစ်ချိန်က မြင့်မြတ်နယ်မြေ ဖြစ်ခဲ့လိမ့်မယ်လို့ ခံစားလိုက်ရပါတယ်။

နောက်ပြီး စိတ်ဝိညာဉ်ချီကလည်း ရှင်းဟုန်ရွှမ် နေထိုင်ခဲ့တဲ့ လူသားမျိုးနွယ်စုရဲ့ မြင့်မြတ်နယ်မြေလိုမျိုး ပေါကြွယ်ဝပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ တာအိုစက်ကွင်းကိုတော့ မမီပါဘူး။

မကြာခင်မှာပဲ ဟန်ကျွယ်ဟာ မြေအောက်ထဲမှာ ဖွက်ထားတဲ့ ကန့်သတ်စည်းတစ်ခုကို ရှာတွေ့သွားပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်း မြေအောက်ထဲ လျှိုဝင်ပြီး စူစမ်းတဲ့အခါ လျှို့ဝှက်လှတဲ့ လိုဏ်ဂူတစ်ဂူဆီ ရောက်သွားပါတယ်။ လိုဏ်ဂူရှေ့မှာတော့ အလွန်ကြီးမားတဲ့ ကျောက်တုံးတံခါးတစ်ချပ် ရှိနေပြီး တံခါးရွက်နဲ့ တံခါးဘောင်တွေပေါ်မှာ ထူးဆန်းပြီး ခမ်းနားထည်ဝါတဲ့ သင်္ကေတတွေကို ထွင်းထုထားပါတယ်။

ဒီကျောက်တုံးတံခါးမှာ အလွန်အားကြီးတဲ့ ကန့်သတ်စည်းတစ်ခု ရှိနေပါတယ်။ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တောင် ဒီကျောက်တုံးတံခါးနားကို နတ်အာရုံ ရောက်လာမှ ဒီကန့်သတ်စည်းကို ရှာတွေ့နိုင်မှာပါ။ မဟုတ်ရင် လုံးဝရှာတွေ့မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ဟင်းလင်းပြင် နတ်ဘီလူး ဓမ္မရုပ်တုကို ထုတ်ဖော်လိုက်ပါတယ်။ ဟင်းလင်းပြင် နတ်ဘီလူးဟာ လက်နှစ်ဖက်မြှောက်ပြီး ဝှေ့ယမ်းလိုက်တဲ့အခါ နတ္ထိစွမ်းအား ထွက်ပေါ်လာပြီး ကျောက်တုံးတံခါးပေါ်က ကန့်သတ်စည်းကို တစ်ချက်တည်း ပျက်သွားစေပါတယ်။ ကန့်သတ်စည်းတင် မကပါဘူး၊ ကျောက်တုံးတံခါးပါ တစ်ချက်တည်း ပျောက်ကွယ်သွားတာပါ။

ဟန်ကျွယ်ဟာ သေချာကြည့်လိုက်တဲ့အခါ ကျောက်တုံးတံခါးနောက်မှာ ကြီမားတဲ့ဥတွေ ဖွက်ထားတဲ့ လိုဏ်ဂူတစ်ဂူကို တွေ့လိုက်ရပါတယ်။

‘ဟင်... ဥတွေပါလား’

ဟန်ကျွယ်ဟာ နတ်အာရုံနဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါ ဒီဥတွေထဲက အများစုမှာ အသက်ဓာတ် ရှိနေတာကို တွေ့လိုက်ရပါတယ်။

‘ဒီဥတွေက တာအိုပျက်သုဉ်ခြင်း ဆန်းကြယ်စွမ်းအားကနေ ဘယ်လိုလုပ်ပြီး လွတ်လာတာလဲ’ ဟန်ကျွယ်ဟာ သိချင်စိတ်ကို ထိန်းမရတာကြောင့် စနစ်ကို ကောက်မေးလိုက်ပါတယ်။

[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[ချီလင်မျိုးနွယ်စု၏ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်သည် သူ့ကျင့်ကြံမှုနှင့် ကံတရား အထောက်အပံ့အား စတေးပြီး မွေးရာပါ ဆန်းကြယ်စွမ်းအားကို အသုံးပြုကာ ဤလိုဏ်ဂူအား ကောင်းကင်တာအိုနှင့် အဆက်အသွယ် ဖြတ်ခဲ့သဖြင့် တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားမှ လွတ်မြောက်သွားခြင်းတည်း။]

‘ချီလင်မျိုးနွယ်စု...’

ဟန်ကျွယ်ဟာ စိတ်ထဲမှာ နိုးနိုးကြားကြား ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားစွမ်းအားကြီးပုဂ္ဂိုလ် ရှိနေတာကို အာရုံမခံမိလို့ပါပဲ။ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို အသုံးပြုပြီး ချက်ချင်း စစ်ဆေးလိုက်ပေမဲ့ တစ်ဖက်လူရဲ့ တည်ရှိမှုကို လုံးဝ ရှာမတွေ့သွားပါဘူး။

ဒါကြောင့် ချီလင်မျိုးနွယ်စုရဲ့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်က သေသွားပြီဆိုတာ သိလိုက်ပါတယ်။ ဟန်ကျွယ်ဟာ လိုဏ်ဂူထဲ လျှောက်သွားပြီး ဥတွေကို ရေတွက်ကြည့်လိုက်တဲ့အခါ အသက်မဲ့နေတဲ့ ဥတွေကလွဲရင် ရှင်သန်ကျန်ရစ်တဲ့ ဥအရေအတွက်က ၁,၂၀၀ ကျော်ပါတယ်။ ဒီဂူထဲမှာ မြေအောက်က စိတ်ဝိညာဉ်ချီကို ချီလင်ဥတွေဆီ သယ်ဆောင်ပေးတဲ့ စည်းတစ်ခုလည်း ရှိနေပါတယ်။

“ဒီချီလင်ဥတွေကို လက်ခံတာက တာအိုပညာရှိတွေနဲ့ ကံတရား ဆက်စပ်နိုင်သလား” ဟန်ကျွယ်က စနစ်ကို မေးလိုက်ပါတယ်။

[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[လေလောဆယ် မဆက်စပ်နိုင်ပါ။]

ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပြီး ချီလင်ဥတွေကို မွေးမြူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ လိုဏ်ဂူကို သေချာစစ်ဆေးပြီး အန္တရာယ်မရှိတာ သေချာတော့မှ မုရုံချီနဲ့ တာအိုအရှင်သခင်ကို ခေါ်လိုက်ပါတယ်။ မုရုံချီက တိတ်ဆိတ်ဂိုဏ်းရဲ့ မန်နေဂျာဖြစ်ပြီး တာအိုအရှင်သခင်ကတော့ တိတ်ဆိတ်ဂိုဏ်းထဲမှာ အစွမ်းအထက်ဆုံး တပည့်ပါ။

တိတ်ဆိတ်ဂိုဏ်းရဲ့ နှစ်တစ်ရာပြိုင်ပွဲကို မုရုံချီ ဦးစီးတာပါ။ မုရုံချီက စီမံကွပ်ကဲတဲ့အပိုင်းမှာ အတော်လေး အရည်အချင်းရှိပါတယ်။

“ဒီချီလင်ဥတွေက တိတ်ဆိတ်ဂိုဏ်းအပိုင်ပဲ၊ မင်းတို့တွေ ဒီဥတွေကို ဂရုစိုက်ရမယ်” ဟန်ကျွယ်က မုရုံချီနဲ့ တာအိုအရှင်သခင်ကို ညွှန်ကြားလိုက်ပါတယ်။

မုရုံချီနဲ့ တာအိုအရှင်သခင်ဟာ ချီလင်ဥတစ်ထောင်ကျော်ကို ကြည့်ပြီး အံဩမှင်သက်သွားကြပါတယ်။

တာအိုအရှင်သခင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... ဒီနေရာက တကယ်ပဲ ချီလင်မျိုးနွယ်စုရဲ့ နေရာကိုး”

မုရုံချီက မေးလိုက်ပါတယ် “ချီလင်မျိုးနွယ်စုက မျိုးတုံးသွားပြီလား”

ဟန်ကျွယ်လည်း မသိတဲ့အတွက် ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ်။ သက်တမ်း ၂ ဘီလီယံ သုံးစွဲပြီးနောက်မှာတော့ ချီလင်မျိုးနွယ်စုက ဒီဥတွေပဲ ကျန်တော့တာကို ဟန်ကျွယ် သိသွားပါတယ်။

“ဟုတ်တယ်၊ ချီလင်မျိုးနွယ်စုမှာ ဒီဥတွေပဲ ကျန်တော့တာ၊ သူတို့မွေးဖွားလာရင် တိတ်ဆိတ်ဂိုဏ်းဝင်ပဲ” ဟန်ကျွယ်ဟာ မုရုံချီမေးခွန်းကို ဖြေပြီးတာနဲ့ ထွက်ခွာသွားပါတယ်။

မုရုံချီနဲ့ တာအိုအရှင်သခင်ဟာ လိုဏ်ဂူထဲ လျှောက်ဝင်ပြီး ဥတွေကို လိုက်ကြည့်ပါတယ်။

မြေအောက်ထဲကနေ ထွက်လာပြီးနောက် ဟန်ကျွယ်ဟာ လမ်းဆက်လျှောက်ပါတယ်။ ဒီလိုနဲ့ လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်လာပြီး ဆက်လက်ကျင့်ကြံပါတယ်။ ဒါပေမဲ့ အပြင်က အခြေအနေတွေကို သိချင်တဲ့အတွက် ဟန်ကျွယ်ဟာ ကောင်းကင်ရုပ်သေးရုပ် တစ်ရုပ် ဖန်တီးပြီး အခြေအနေ စုံစမ်းဖို့ လွှတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ တာအိုပညာရှိအောက်မှာ ဘယ်သူ့ကိုမှ ကြောက်စမလိုတော့တဲ့အထိ စွမ်းအားကြီးနေပြီဆိုပေမဲ့ ခြေဦးတည့်ရာ လျှောက်မသွားချင်ပါဘူး။ မတော်လို့ တာအိုပညာရှိအတု အယောက်တစ်ရာ ဝန်းရံခံရရင် ဘယ်လိုလုပ်မလဲ။

တကယ်တော့ ဒါက ဟန်ကျွယ် အတွေးလွန်လွန်းတာပါ။ လက်ရှိ ကောင်းကင်တာအိုအောက်မှာ တာအိုပညာရှိအတုက အယောက်တစ်ရာ မရှိပါဘူး။ ရှိခဲ့ရင်လည်း ဟန်ကျွယ်ကို သတ်ဖို့ အတူ စောင့်စားရလောက်တဲ့အထိ စိတ်သဘောထား တိုက်ဆိုင်မှာ မဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် အကြွင်းမဲ့ မလုံခြုံတဲ့အတွက် ဟန်ကျွယ်ဟာ တာအိုစက်ကွင်းကနေ ဝေးရာကို မသွားချင်ပါဘူး။

ဟန်ကျွယ်ဟာ သူ့ရဲ့ တာအိုဘုံကျောင်းအသစ်ကို စနစ်အရံအတားနဲ့ ဖုံးလွှမ်းလိုက်တဲ့အတွက် ဘယ်သူမှ အထဲကို ချောင်းမကြည့်နိုင်တော့ပါဘူး။

နေရာသစ်ရောက်လို့ စိတ်လှုပ်ရှားတာက အချိန်ရဲ့ တိုက်စားမှုအောက်မှာ ပျောက်ကွယ်သွားပါတယ်။ တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ စပြီးတော့ ဂူအောင်း ကျင့်ကြံလာကြပါတယ်။

လျှပ်တစ်ပြက်အတွင်း တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပါတယ်။

တာအိုဘုံကျောင်းထဲမှာ ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ရဲ့ မြင်ကွင်းထဲမှာ စာကြောင်းသုံးကြောင်း ပေါ်လာပါတယ်။

[သင်သည် အသက် ၈,၀၀၀ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ ဂူအောင်းနေရာမှ ထွက်၍ လောကအနှံ့ တာအိုဟောကြားပြီး ကြီးကျယ်မြင့်မြတ်သော နာမည်တစ်ခု ချန်ထားခဲ့ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ဆန်းကြယ်စွမ်းအား တစ်ပါးကို ရရှိမည်။]

[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ အရှုပ်အထွေးများကြား မဝင်ပါနှင့်။ ဆုလာဘ်အဖြစ် တာအိုစက်ကွင်း အစောင့်တစ်ယောက်အား ရရှိမည်။]

ဟန်ကျွယ်ဟာ အနည်းငယ်တောင် မတုံ့ဆိုင်းဘဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။

တာအိုစက်ကွင်းအစောင့်က တာအိုပညာရှိအတုအဆင့် ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ ရှီတုတောက်ကို ထပ်ပြီးတော့ ပုံတူပွားလိုက်ပါတယ်။

[တာအိုစက်ကွင်းအစောင့်အား စတင် ပုံတူပွားနေပါပြီ။]

ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီးနောက် စနစ်ကို မေးလိုက်ပါတယ် “ငါ တာအိုစက်ကွင်းကို တိတ်ဆိတ်ကျွန်းကနေ ‌ရွှေ့လို့ရလား”

အခုအချိန်မှာ တာအိုစက်ကွင်းက နေရာအကျယ်ကြီးကို လွှမ်းမိုးလို့ရပြီ ဖြစ်တဲ့အတွက် တိတ်ဆိတ်ကျွန်းမှာထဲ ထားတာက အရင်းအမြစ်ကို ဖြုန်းတီးရာ ကျပါတယ်။

[သက်တမ်း ၁၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် လုပ်ဆောင်လိုပါသလား။]

‘ဈေးကြီးလှချည်လား...’

ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ ဒါပေမဲ့ လုံခြုံရေးအတွက် ဟန်ကျွယ်ဟာ တာအိုစက်ကွင်းကို ရွှေ့ပြောင်းဖို့ ရွေးချယ်လိုက်ပါတယ်။

ဆက်လုပ်မယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters