ကျိုးဖန် တိတ်ဆိတ်ဂိုဏ်းထဲ ဝင်ခြင်း၊ ဟန်ဇွေတျန်
Vol. 42 Ch. 466
ဟန်ကျွယ်ဟာ လက်ပြန်ရုတ်ပြီး ကောင်းကင်ကျောက်တုံး မှတ်ဉာဏ်တွေ စုပ်ယူပြီးမဲ့အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါတယ်။
အတန်ကြာတဲ့အခါမှာတော့ ကောင်းကင်ကျောက်တုံးက ရုတ်တရက် ဆဲဆိုလိုက်ပါတယ် “ခွီးတဲ့မှပဲ...”
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ်။ ဟန်ကျွယ်ဟာ စိတ်ဆိုးတာ မဟုတ်ပါဘူး။ အံအားသင့်သွားတာပါ ‘ရှန်တျန်သက်ရှိလို့ မပြောရဘူး၊ သင်ယူတာ အရမ်းမြန်တာပဲ’
ဟန်ကျွယ်ဟာ အပြုံးနဲ့ မေးလိုက်ပါတယ် “ဒေါသ အရမ်းထွက်နေတာလား”
“မင်းဆိုရင်ရော စိတ်မဆိုးဘူးလား” ကောင်းကင်ကျောက်တုံးက ပြန်မေးလိုက်ပါတယ်။
“ဒါဆို ငါ မင်းကို သတ်လို့ရမလား”
ကောင်းကင်ကျောက်တုံးဟာ ဟန်ကျွယ်ဆီက ရထားတဲ့ မှတ်ဉာဏ်တွေကြောင့် သေခြင်းတရားက ဘာလဲဆိုတာကို နားလည်တဲ့အတွက် တုန်လှုပ်ချောက်ချားပြီး တုန်ယင်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ကို ဒေါသတကြီး ပြန်ပြောပါတယ် “ငါ မင်းကိုလည်း ဘာမှမလုပ်ပဲနဲ့ ဘာလို့ ငါ့ကို သတ်ချင်ရတာလဲ”
“ဒါဆို မင်း ဘာလို့ပုန်းလဲ”
“ခင်ဗျားက ရုတ်တရက်ကြီး ပေါ်လာတော့ကိုး၊ ကျုပ်နေရာမှာ ခင်ဗျားဆိုရင်ရော မပုန်းဘူးလား”
“ဒါဆိုလည်း ပုန်းလေ၊ ဘာလို့ ရပ်လိုက်တာလဲ”
“ခင်ဗျား.... တော်တော်များသွားပြီးနော်”
“အဲဒီတော့ ဘာဖြစ်လဲ”
ကောင်းကင်ကျောက်တုံးဟာ ငိုချင်စိတ် ပေါက်သွားပါတယ်။ ကျောက်တုံးဖြစ်နေလို့သာ မဟုတ်ရင် ငိုတာကြာပါပြီ။
ဟန်ကျွယ်ဟာ ကောင်းကင်ကျောက်တုံးကို ကြည့်ပြီး ပြုံးလိုက်ပါတယ် “ငါ့နောက်လိုက်လုပ်၊ မင်းအတွက် ဆရာသခင်တစ်ယောက် ရှာပေးမယ်”
ကောင်းကင်ကျောက်တုံးဟာ မှင်သက်သွားပြီးနောက် ဝမ်းသာအားရဖြစ်ကာ ဟန်ကျွယ်ကို ချက်ချင်း ကျေးဇူးတင်စကား ဆိုပါတယ်။
“မိုးမြေစွမ်းအင်ကို ဆက်ပြီးတော့ စုပ်ယူချည်၊ ဒီနေရာမှာ ဘာအန္တရာယ်မှ မရှိဘူး” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ ကောင်းကင်ကျောက်တုံးဆီကနေ ထွက်ခွာလာခဲ့ပါတယ်။ ဟန်ကျွယ်ရဲ့ လက်ရှိ အဆင့်အတန်းနဲ့ ကိုယ်တိုင်ကိုယ်ကျ တပည့်လက်ခံဖို့ မလိုတော့ပါဘူး။
အဲဒီနောက်ပိုင်း တိတ်ဆိတ်ဂိုဏ်းတပည့်တွေ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ရောက်လာကြပါတယ်။ နှစ် ၂၀၀ ကြာတဲ့အခါမှာတော့ တပည့်အားလုံး ပြန်ရောက်လာပါတယ်။ ကျိုးဖန်လည်း နောက်ဆုံးအသုတ်နဲ့ ပါလာပါတယ်။
ဟန်ကျွယ်ဟာ ကျိုးဖန် ပါလာတာတွေ့လို မအံဩပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်ရွှမ်ယွမ်က ပဋိပက္ခနယ်မြေကနေ ဟန်ကျွယ်ကို ခွင့်ပြုချက်တောင်းပြီး မို့လို့ပါ။ အဲဒီအချိန်တုန်းက ပဋိပက္ခနယ်မြေထဲမှာ ကျိုးဖန် ရှိမနေခဲ့ပါဘူး။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ရောက်တဲ့အခါမှာ ကျိုးဖန်ဟာ ပတ်ဝန်းကျင်ကို လျှောက်ကြည့်ရင်း အံဩမဆုံး ဖြစ်သွားရပါတယ်။
မုရုံချီကလည်း ကျိုးဖန်ကို မြင်လိုက်ရတဲ့အတွက် တော်တော်လေး အံအားသင့်သွားပါတယ် “ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီရောက်လာတာလဲ”
ကျိုးဖန်ဟာ မုရုံချီကို လှမ်းကြည့်လိုက်တဲ့အခါ စိတ်ထဲမှာ လန့်သွားပါတယ် ‘ဒီကောင်က အင်မော်တယ်ဧကရာဇ်တောင် ဖြစ်နေပြီလား’ ကျိုးဖန် မှတ်မိသလောက်ဆိုရင် ယွီဂျင်ဂိုဏ်းတော်ကြီးထဲမှာ မုရုံချီက သူ့ရဲ့ဂိုဏ်းတူညီပါ။
“ငါ မင်းတို့ ဆရာဘိုးဘေးဆီ လာလည်တာ” ကျိုးဖန်က ပြန်ဖြေလိုက်ပါတယ်။
ကျိုးဖန် ရောက်လာတာက တခြားတပည့်တွေရဲ့ အာရုံကို ဆွဲဆောင်လိုက်တာကြောင့် တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ ကျိုးဖန်ကို လာကြည့်ကြပါတယ်။
ကျိုးဖန်ဟာ တိတ်ဆိတ်ဂိုဏ်းသားတွေကို ကြည့်ရင် စိတ်ထဲမှာ ပိုပိုလန့်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွီပု၊ မာချောင်နဲ့ တခြားသူတွေရဲ့ ကျင့်ကြံမှုကို မမြင်နိုင်တဲ့အပြင် ကျန်းယီကိုလည်း တွေ့လိုက်ရလို့ပါ။
ကျိုးဖန်ဟာ ကျန်းယီကို အရင်တုန်းက တွေ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက ကျိုးဖန်ဟာ အင်မော်တယ်ကမ္ဘာကို တုန်လှုပ်စေတဲ့ တက်သစ်စ ပါရမီရှင်တစ်ယောက်ပါ။ အဲဒီလိုပါရမီရှင်က တိတ်ဆိတ်ဂိုဏ်းထဲ ဝင်လိမ့်မယ်လို့ ကျိုးဖန် မျှော်လင့်မထားခဲ့ပါဘူး။
အဲဒီနောက် ကျိုးဖန်ဟာ ရှကျဲ့မျိုးနွယ်စု တစ်သောင်းကို သတိထားမိသွားပြီး အိန္ဒြမဆည်နိုင်အောင် ပါးစပ်အဟောင်းသား ဖြစ်သွားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှကျဲ့မျိုးနွယ်စုတွေရဲ့ အနိမ့်ဆုံးအဆင့်က မဟာညီညွတ်မှု ရွှေအင်မော်တယ်ဖြစ်ပြီး တချို့တလေက အင်မော်တယ်ဧကရာဇ် အဆင့်တောင် ရောက်နေကြလို့ပါပဲ။
‘မဖြစ်နိုင်ဘူး... တိတ်ဆိတ်ဂိုဏ်းက ဘယ်တုန်းက ဒီလောက်တောင် အင်အားကြီးသွားတာလဲ’
ကျိုးဖန်ဟာ ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းရှေ့ကို ရောက်မှပဲ သတိပြန်ဝင်လာပါတယ်။
“ကိုယ့်ဘာသာ ဝင်သွားတော့” ကျောက်ရွှမ်ယွမ်ဟာ ကျိုးဖန်ကို တာအိုဘုံကျောင်းအရှေ့မှာ ထားခဲ့ပြီး ကိုယ့်နေရာ ကိုယ်ပြန်ကာ ကျင့်ကြံအားထုတ်ပါတယ်။
ကျိုးဖန်ဟာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး တာအိုဘုံကျောင်းထဲကို ဂရုတစိုက် ဝင်လိုက်ပါတယ်။ မျက်စိကျိန်းလောက်တဲ့ အလင်းရောင်ကို နေသားတကျရှိသွားမှပဲ ကျိုးဖန်ဟာ ဟန်ကျွယ်ကို မြင်လိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ်မှာ တင်ပလ္လင်ခွေထိုင်နေပြီး နောက်ကျောမှာရှိနေတဲ့ နေလ ယင်ယန် အကာအကွယ်က နေနှစ်စင်းလို လှည်ပတ်ကာ တောက်ပတဲ့ အလင်းရောင်ကို ထုတ်လွှတ်နေပါတယ်။
ကျိုးဖန်ဟာ စိတ်ထဲမှာ အတော်လေး တုန်လှုပ်သွားပါတယ် ‘ငါကျင့်ကြံမှုက မူလဆန်းကြယ် နတ်စွမ်းအားနှစ်ပါး အဆင့်ကို ရောက်နေတာတောင် သူ့ပုံရိပ်အစစ်ကို မမြင်နိုင်ပါ့လား၊ ဒါ ဟို စွမ်းအားကြီးပုဂ္ဂိုလ်တွေထက် အများကြီးသာတယ်’
ကျိုးဖန်ဟာ ချက်ချင်းဆိုသလိုပဲ တာအိုပညာရှိကို တွေးမိလိုက်ပါတယ်။ တာအိုပညာရှိကို ကျိုးဖန် စတွေ့တုန်းကလည်း ကျိုးဖန်ဟာ တာအိုပညာရှိရဲ့ မျက်နှာကို မမြင်နိုင်ခဲ့ပါဘူး။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဘာလဲ... ငါ့ကို မမှတ်တော့ဘူးလား”
ကျိုးဖန်ဟာ မချိပြုံး ပြုံးလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ နှစ်ပေါင်းထောင်ချီ ကြိုးစားအားထုတ်ခဲ့တာတွေက ဟန်ကျွယ်ရှေ့မှာ ကလေးကစားစရာ ဖြစ်နေလို့ပါပဲ။ အခုဆိုရင် သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်က မိုးနဲ့မြေလို ဝေးကွာနေပါပြီ။
ကျိုးဖန်ဟာ အားတင်းပြုံးလိုက်ပါတယ် “ဟန်ကျွယ်... မင်းက အခု အတော်စွမ်းအားကြီးနေပြီပဲ၊ တာအိုကို ရရှိဖို့ သိပ်မလိုတော့ဘူး မှတ်လား”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ တာအိုကို ရဖို့က လိုပါသေးတယ်၊ မင်းငါ့ကို လာရှာတာ တိတ်ဆိတ်ဂိုဏ်းထဲ ဝင်မလို့ မဟုတ်ဘူးလား”
“အမှန်ပဲ၊ ဒါပေမဲ့ မင်း ငါ့ကို တပည့်အဖြစ် လက်ခံမှာလား”
“မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ မင်း နောက်ကျရင် အပြင်ထွက်ဖို့ အခွင့်အရေး သိပ်ရမှာ မဟုတ်ဘူး”
“မင်း မျက်စိထဲမှာ ငါက လျှောက်ပွေနေတယ်လို့ ထင်နေတာပဲ၊ ငါတို့နှစ်ယောက်ရဲ့ အရည်အချင်းက ကွာခြားလွန်းတော့ ငါ့မှာ တိုက်ခိုက်ဖို့ကလွဲပြီး ဘာလုပ်နိုင်အုန်းမှာလဲ... ဟင်း...” ကျိုးဖန်ဟာ စိတ်ဓာတ်ကျသွားပါတယ်။
ဟန်ကျွယ် ခန္ဓာကိုယ်က ထုတ်လွှတ်နေတဲ့ ရောင်ခြည်တွေဟာ ပိုမိုအားကောင်းလာပြီး အသံကလည်း နက်ရှိုင်းနက်နဲလာပါတယ် “မင်းမှာ ပဋိပက္ခ ရုပ်ခန္ဓာရှိနေပြီ၊ အတိတ်တုန်းက ကျိုးဖန်နဲ့ တခြားစီ ဖြစ်နေပြီ၊ ဘာလို့ တိတ်ဆိတ်ဂိုဏ်းထဲဝင်ပြီး ဂူအောင်း မကျင့်ကြံတာလဲ”
ကျိုးဖန်ရဲ့ အနာဂတ်က ကန့်သတ်ချက်မရှိပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ ကျိုးဖန်ကို သိမ်းသွင်းနိုင်မယ်ဆိုရင် တိတ်ဆိတ်ဂိုဏ်းအတွက် ကြီးမားတဲ့အင်အားတစ်ခု ဖြစ်လာမှာပါ။
ကျိုးဖန်ဟာ အတွေးနက်ပြီး ငေးကြောင်ကြောင် ဖြစ်သွားပါတယ်။
လေးငါးခြောက်ရက် အကြာမှာတော့ ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းထဲကနေ ကျိုးဖန် ထွက်လာပါတယ်။ ကျိုးဖန်ဟာ အပြာရောင် ကောင်းကင်ပြင်ကို မော့ကြည့်ပြီး စိတ်ပါလက်ပါ ပြုံးလိုက်ပါတယ်။
ငရဲကြက်နက်ဟာ ကျိုးဖန်ဆီ ပျံသန်းသွားပြီး အော်ပြောလိုက်ပါတယ် “ကောင်စုတ်လေး... မင်း ဒီမှာ မနေပြန်ဘူးလား”
ငရဲကြက်နက်ဟာ လွန်ခဲ့တဲ့နှစ်ရှစ်ထောင်က ဟန်ကျွယ်ဆီ ကျိုးဖန် လာလည်ခဲ့တာကို အမှတ်ရနေတုန်းပါ။
ကျိုးဖန်ကလည်း ငရဲကြက်နက်ကို မှတ်မိနေသေးတဲ့အတွက် အပြုံးနဲ့ ပြန်ပြောလိုက်ပါတယ် “နေမှာပါ၊ အနာဂတ်မှာ ငါက တိတ်ဆိတ်ဂိုဏ်း ဒုတိယမျိုးဆက်ရဲ့ ရှစ်ယောက်မြောက် တပည့်ပဲ၊ အဲဒါကြောင့် ငါ့ကို လေးလေးစားစား ဆက်ဆံချည်”
“ဟီးဟီး... ငါက ကျောက်ရွှမ်ယွမ်ကိုတောင် မလေးစားတာ၊ မင်းကို ဘာကိစ္စနဲ့ လေးစားရမှာလဲ”
“မင်း ငါ့ကို မလေးစားရင် ငါက မင်းကို ရိုက်နှက်ဆုံးမမှာ”
“မင်းမှာ အဲဒီလောက် အရည်အချင်း ရှိနေရင် အသွင်တူလက်ရည်စမ်းပွဲမှာ သွားတိုက်ချည်၊ တိတ်ဆိတ်ဂိုဏ်းထဲမှာ ပြိုင်ဘက်ကင်းမှ ငါ့ကို လာစိန်ခေါ်ချည်”
“အင်း... ငါလည်း အဲဒီလို တွေးထားတယ်” ကျိုးဖန်ဟာ ဝင့်ကြွားစွာ ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျိုးဖန်ကို အသွင်တူလက်ရည်စမ်းပွဲထဲ ဆွဲထည့်ပြီးပြီမို့ ကျိုးဖန်ဟာ အသွင်တူလက်ရည်စမ်းပွဲကို စမ်းသပ်ချင်နေပါပြီ။
ငရဲကြက်နက်ကို နှုတ်ဆက်ပြီးနောက် ကျိုးဖန်ဟာ နေရာလွတ်တစ်ခုရှာကာ တာအိုဘုံကျောင်း တစ်ကျောင်း ဆောက်လုပ်နေထိုင်ပြီး အသွင်တူလက်ရည်စမ်းပွဲကို စတင်လိုက်ပါတယ်။
ကျိုးဖန် ပထမဆုံး စိန်ခေါ်တဲ့လူက ဟန်ကျွယ်ပါ။
တစ်ချက်တည်းနဲ့ ကျိုးဖန် အသတ်ခံလိုက်ရပါတယ်။
ကျိုးဖန်ဟာ ကြက်သေသေသွားပါတယ် ‘ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’
ကျိုးဖန်ဟာ အံကြိတ်ပြီး ဟန်ကျွယ်ကို ထပ်စိန်ခေါ်ပါတယ်။ ဒီလို အကြိမ်ရာချီ စိန်ခေါ်ပြီးတဲ့နောက်မှာတော့ ကျိုးဖန်ဟာ စိတ်ဓာတ်အကျကြီးကျပြီး ဟန်ကျွယ်ကို ထပ်ပြီးတော့ စိန်မခေါ်ရဲတော့ပါဘူး။
အဲဒီနောက် ကျိုးဖန်ဟာ တခြားတပည့်တွေဘက် ခြေဦးလှည့်လိုက်ပါတယ်။ ပထမဆုံး ကျိုးဖန်ဟာ သူ့သောက်မြင်ကတ်တဲ့ ငရဲကြက်နက်ကို စိန်ခေါ်ပါတယ်။
‘ခွီးတဲ့မှပဲ... ဒီကြက်စုတ်က ဒီလောက် အားနည်းနေတာကို ဘယ်လိုလုပ်ပြီး မိုးလောက်ရှိတဲ့ စကားလုံးတွေ ပြောနေရတာလဲ’
အဲဒီလိုနဲ့ ကျိုးဖန်ဟာ အသွင်တူလက်ရည်စမ်းပွဲကို စွဲလန်းသွားပြီး တော်တော်နဲ့ မထွက်နိုင်ပါဘူး။
တခြားတစ်ဖက်မှာတော့ ကျိုးမင်ယွဲ့ဟာ ကောင်းကင်ကျောက်တုံးကို ရှာပြီး ကောက်ယူလိုက်ပါတယ်။
“ဟေး... ဟေး... မင်း ဘာလုပ်နေတာလဲ” ကောင်းကင်ကျောက်တုံးက အော်မေးလိုက်ပါတယ်။
ကျိုးမင်းယွဲ့ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဆရာဘိုးဘေးက မင်းကို တပည့်အဖြစ် လက်ခံခိုင်းလို့၊ အခုအချိန်ကစပြီး မင်းက ငါရဲ့ တပည့်ပဲ၊ ငါ့နာမည်က ကျိုးမင်ယွဲ့”
“ဪ... ဒီလိုကိုး... ဒါနဲ့ မင်းတို့ ဆရာဘိုးဘေးရဲ့ နာမည်က ဘယ်လိုခေါ်လဲ”
“ဟန်ကျွယ်.... ဒါပေမဲ့ မင်း သူ့ကို နာမည်တပ်ပြီး ခေါ်လို့မရဘူး”
“ဟန်... ကျွယ်... အဲဒါဆိုရင် အခုအချိန်ကစပြီး ငါ့နာမည်က ဟန်ဇွေတျန်ပဲ”
“ဝိုး... မင်းက ဖော်လန်ဖား လုပ်တဲ့နေရာမှာတော့ တော်သားပဲ၊ ဒီနာမည် မဆိုးဘူး” ကျိုးမင်ယွဲ့ တဟားဟား ရယ်မောလိုက်ပါတယ်။ ကျိုးမင်ယွဲ့ဟာ ကောင်းကင်ကျောက်တုံးက သူ့ကိုယ်သူ ဟန်ဇွေတျန်လို့ နာမည်မှည့်လိုက်တာကို ဗွေယူခြင်းမရှိဘဲ စိတ်ထဲမှာ အတော်လေး ကျေနပ်သွားပါတယ်။
ကျိုးမင်ယွဲ့ဟာ သူ့မျိုးရိုးနာမည်ကို ဟန် ပြောင်းချင်တာ ကြာပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်ဆီက ခွင့်ပြုချက် မတောင်းရဲတာကြောင့် ငြိမ်နေတာပါ။ ဒီအတိုင်း ပြောင်းဖို့ကျပြန်တော့လည်း ချူရှီရန်က ခွင့်မပြုပါဘူး။
တိတ်ဆိတ်ဂိုဏ်းမှာ ပထမဆုံး ငါးဆက်မြောက်တပည့် ပေါ်လာပါတယ်။ ဒီတပည့်ကတော့ ရှန်တျန်သက်ရှိ ဟန်ဇွေတျန် ဖြစ်ပါတယ်။
နှစ် ၂၀ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဆီ ကျန်းယီ ရောက်လာပါတယ်။
ကျန်းယီလည်း ကျိုးဖန်လိုပဲ နေလ ယင်ယန် အကာအကွယ်ရဲ့ တောင်ပတဲ့ အလင်းရောင်ကြောင့် တော်တော်နဲ့ မျက်စိမဖွင့်နိုင်ပါဘူး။
ကျန်းယီဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ပါတယ် “ဂိုဏ်းချုပ်... ကျွန်တော် နတ်မင်းအဆင့်ကို မထိုးဖောက်နိုင်ဘူး ဖြစ်နေတယ်၊ ကျွန်တော့်ကို လမ်းညွှန်ပေးလို့ရမလား”
‘ဒါက ဘယ်လို အလင်းရောင်မျိုးလဲ၊ တော်တော် စူးရှတာပဲ၊ ငါလည်း ဒီလိုမျိုး လုပ်ရမယ်’ ကျန်းယီဟာ စိတ်ထဲမှာ ဟန်ကျွယ်လိုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“အင်း... ငါ မင်းကို တာအိုဟောကြာပေးမယ်”
ကျန်းယီဟာ ဟန်ကျွယ်ရဲ့ စကားကြောင့် ကျေနပ်အံအားသင့်သွားပြီး ချက်ချင်းပဲ ကျေးဇူးတင်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ တာအိုစတင်ဟောကြားပါတယ်။
ကျန်းယီရဲ့ အရည်အချင်းနဲ့ နတ်မင်းအဆင့်ကို ထိုးဖောက်ဖို့က မခက်ခဲပါဘူး။ လမ်းညွှန်မှုပဲ လိုအပ်နေတာပါ။ ဘာပဲဖြစ်ဖြစ် တစ်ချိန်တည်းက ကျန်းယီဟာ နတ်ရွှေကျီးကန်း မိသားစုရဲ့ နံပါတစ်ပါရမီရှင် ဖြစ်ခဲ့တာ မဟုတ်ပါလား။
ဒါပေမဲ့ ကျိုးဖန်ဟာ ကျန်းယီကို ကျော်တက်ပြီး နတ်မင်းအဆင့်ကို အရင်ရောက်သွားခဲ့ပါတယ်။ ဟန်ကျွယ်ဟာ ဒီအကြောင်းကိုတွေးပြီး သက်ပြင်းမချဘဲ မနေနိုင်ပါဘူး။ တစ်ခါတစ်လေမှာ လောကအနှံ့ လျှောက်သွားတာကလည်း ကျင့်ကြံတဲ့နေရာမှာ အကျိုးအများကြီး ဖြစ်ထွန်းစေပါတယ်။
ကျန်းယီရဲ့ အရည်အချင်းနဲ့ တစ်ချိန်လုံး ထိုင်ကျင့်ကြံလည်း ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်နေတဲ့ ကျိုးဖန်ကို မှီမှာ မဟုတ်ပါဘူး။ ဟန်ကျွယ်လိုမျိုး အရည်အချင်းရှိမှာပဲ ကျိုးဖန်ကို နှိပ်ကွပ်နိုင်မှာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။