← Chapters

စီးမာယိ

Vol. 42 Ch. 468

စီးမာယိ

Vol. 42 Ch. 468

ဒီအသက်တစ်သောင်းဓားနဲ့တင် ဟန်ကျွယ်ဟာ တာအိုပညာရှိအောက်မှာ ဘုရင်လုပ်လို့ရပါတယ်။ ဟန်ကျွယ်ဟာ ဒီလောက်နဲ့ အားမရနိုင်ဘဲ တာအိုပညာရှိကို စိန်ခေါ်ပါတယ်။ တာအိုပညာရှိက လက်တစ်ချက်ခါပြီး ဆန်းကြယ်စွမ်းကို ဖျက်ရုံမက ဟန်ကျွယ်ကိုပါ တစ်ခါတည်း သတ်သွားပါတယ်။

အသက်တစ်သောင်းဓားက အစွမ်းထက်ပေမဲ့ ဓမ္မစွမ်းအား နယ်ပယ်ထဲမှာပဲ ရှိနေပါသေးတယ်။ ဒါ့အပြင် အသက်တစ်သောင်းဓားမှာ နောက်ထပ် အားနည်းချက်တစ်ခု ရှိနေပါသေးတယ်။ အဲဒါက ဟင်းလင်းပြင်မှာ အသုံးပြုလို့မရတာပါ။

ဟင်းလင်းပြင်မှာ ဘာမှမရှိတဲ့အတွက် ဓားအဖြစ် ပြောင်းလဲစရာ ဘာမှမရှိပါဘူး။

သက်ရှိတွေရှိတဲ့ ကမ္ဘာထဲမှာဆိုရင် အသက်တစ်သောင်းဓားက ပဋိပက္ခရုပ်ခန္ဓာထက်တောင် အစွမ်းပိုထက်ပါတယ်။ ဒါပေမဲ့ ပဋိပက္ခရုပ်ခန္ဓာလိုမျိုး နေရာတကာမှာတော့ အသုံးပြုလို့ မရပါဘူး။

ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ မဟာတာအို ဆန်းကြယ်စွမ်းအား နှစ်ပါးကို တက်မြောက်သွားပြီ ဖြစ်တဲ့အတွက် တာအိုပညာရှိအောက်မှာ လုံးဝ ဘုရင် ဖြစ်သွားပါပြီ။ ဒီလိုဖြစ်သွားလို့လည်း ဟန်ကျွယ်ဟာ ဘဝမြင့်ခြင်းမရှိဘဲ ဆက်လက် ကျင့်ကြံပါတယ်။

အခုအချိန်မှာ ဟန်ကျွယ်အတွက် အရေးကြီးဆုံးက တာအိုပညာရှိအတု ဖြစ်ဖို့ပါ။

မျက်စိတစ်မှိတ် အတွင်းမှာပဲ နောက်ထပ် ၁၇ နှစ် ကုန်ဆုံးသွားပါတယ်။

တစ်နေ့မှာတော့ ငရဲကြက်နက်၊ ပဋိပက္ခကောင်းကင်ခွေး၊ မြွေနဂါးဘုရင်၊ ငရဲနက်နတ်ဆိုးသခင်၊ ကျန်းယီ၊ အာတနဲ့ ရှောင်အာတို့ဟာ ဟန်ကျွယ်ဆီ လာလည်ပါတယ်။ ဟန်ကျွယ်ဟာ သူတို့ကို တာအိုဘုံကျောင်းထဲ ဝင်ခွင့်ပြုလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီလိုလူအများကြီး စုလာတယ်ဆိုကတည်းက မရိုးတော့ဘူးဆိုတာ သိလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ငရဲကြက်နက်တို့ကို ကြည့်ရုံသာကြည့်ပြီး ဘာမှမပြောပါဘူး။

ကျန်းယီဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ပြောလိုက်ပါတယ် “ကျွန်တော်တို့တွေ အပြင်ထွက်ချင်လို့”

“ဘာဖြစ်လို့လဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။

“သားရဲတော်တော်များများက ကန့်သတ်စည်းကို ချိုးဖျက်ပြီး အင်မော်တယ်ကမ္ဘာမှာ ပေါ်လာကြပြီ၊ ကျွန်တော်တို့သာ အဲဒီသားရဲတွေကို ဝါးမြိုလိုက်မယ်ဆိုရင် ကျွန်တော်တို့ အရည်အချင်းတွေ တိုးတက်နိုင်တယ်”

ဒီတော့မှာ ဟန်ကျွယ်ဟာ သူ့ဆီလာလည်တဲ့လူတွေ အကုန်လုံးက သားရဲတွေ ဖြစ်နေတာကို သတိထားမိသွားပါတယ်။ ဟန်ကျွယ်ဟာ ငရဲကြက်နက်ကို စိုက်ကြည့်လိုက်ပါတယ်။ ငရဲကြက်နက်ဟာ လူအုပ်နောက်ဆုံးမှာ တုန်ယင်စွာ ရပ်နေပါတယ်။

ဟန်ကျွယ်ဟာ အပြုံးနဲ့ မေးလိုက်ပါတယ် “မင်းလည်း အပြင်ထွက်မလို့လား”

ဟန်ကျွယ်ရဲ့ အကြည့်ကို ခံစားမိတဲ့ ငရဲကြက်နက်ဟာ တံတွေးကို မျိုချလိုက်ပါတယ် “ထွက်ပါဘူး...”

ငရဲနက်နတ်ဆိုးသခင်က ပြောလိုက်ပါတယ် “သူ့ကို လိုက်ခိုင်းလိုက်ပါ၊ ကျွန်တော်တို့ အတူတူဆိုရင် ဘာမှမဖြစ်နိုင်ပါဘူး၊ မဟုတ်ရင် သူ့အရည်အချင်းနဲ့ အနာဂတ်မှာ ဘာမှဖြစ်မြောက်မှာ မဟုတ်ဘူး”

ဟန်ကျွယ်ဟာ ချက်ချင်း သဘောမတူသေးဘဲ အတွေးနက်သွားပါတယ်။

မြွေနဂါးဘုရင်ကလည်း အပြုံးနဲ့ ပြောလိုက်ပါတယ် “သခင်... ကျွန်တော်တို့ကို သွားခွင့်ပြုပါ၊ အဲဒီသားရဲတွေက ကြမ်းတယ်ဆိုပေမဲ့ ကျန်းယီကို မယှဉ်နိုင်ပါဘူး၊ ကျွန်တော်တို့တွေ သားရဲတွေကို အတူတူစားသောက်ဖို့ သဘောတူထားပြီးပြီ”

ဟန်ကျွယ်ဟာ ပိုပြီးစိတ်ချရအောင် စနစ်ကို မေးလိုက်ပါတယ် “ဒီကောင်တွေ သားရဲတွေကို အမဲလိုက်ရင် ကောင်းကင်တာအို ထိန်းချုပ်တာကို ခံရမှာလား”

[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[ထိန်းချုပ်မခံရပါ။ ဤအဖြစ်အပျက်သည် ကောင်းကင်တာအို၏ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး သားရဲများတွင် အလိုလိုသိစိတ်ရှိ၏။ ထို့အပြင် ဤအချိန်သည် အနန္တကပ်ဘေး ကျရောက်နေသောကာလ မဟုတ်ပါ။]

ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီးနောက် သဘောတူလိုက်ပါတယ် “သွားလို့ရတယ်... သတိတော့ မပြတ်စေနဲ့”

ကျန်းယီတို့လည်း ဟန်ကျွယ်ရဲ့ သဘောတူညီမှုကြောင့် ကျေနပ်အံအားသင့်သွားပြီး သတိမပြတ်စေရဘူးလို့ ကတိပေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို ငရဲကြက်နက်က ပထမဆုံးအကြိမ် အပြင်ထွက်တာ ဖြစ်တဲ့အတွက် သူ့ကြောက်စိတ်ကို ကျော်လွှားနိုင်ပါ့မလားလို့ တွေးမိလိုက်ပါတယ်။ ဟန်ကျွယ်က အတွေးလွန်နေတာပါ။

အဲဒီနေ့မှာပဲ တိတ်ဆိတ်ဂိုဏ်းရဲ့ သားရဲကျင့်ကြံသူ မှန်သမျှ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကနေ ထွက်ခွာသွားပါတယ်။ တခြားငရဲနက်ဖီးနစ်တွေကိုလည်း ငရဲနက်နတ်ဆိုးသခင်က တစ်ပါတည်း ခေါ်ဆောင်သွားပါတယ်။

ငါးနှစ်ကြာတဲ့အခါမှာတော့ ကောင်းကင်ကျောက်တုံး တစ်ဖြစ်လဲ ဟန်ဇွေတျန်ဟာ လူသားအသွင်ကို အောင်မြင်စွာ ကူးပြောင်းနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ကျိုးမင်ယွဲ့ဘေးမှာ ငယ်ရွယ်ချောမောတဲ့ ယောက်ျားပျိုတစ်ယောက် ပေါ်လာပြီး ကျိုးမင်ယွဲ့ ဘယ်သွားသွား နောက်ကနေ တကောက်ကောက် လိုက်ပါတယ်။

တခြားတပည့်တွေကလည်း ဒီတပည့်အသစ်ကို စိတ်ဝင်စားတာကြောင့် ဟန်ဇွေတျန်ဆီ မကြာခဏ သွားလည်သလို ဘယ်လိုကျင့်ကြံရမလဲ ဆိုတာကိုလည်း သင်ကြားပေးကြပါတယ်။

ဟန်ဇွေတျန်ဟာ ကျိုးမင်ယွဲ့ တစ်ယောက်တည်းကို ဆရာသခင်အဖြစ် အသိအမှတ်ပြုထားပေမဲ့ တိတ်ဆိတ်ဂိုဏ်း တစ်ဂိုဏ်းလုံးရဲ့ ဂရုစိုက်တာကို ခံရပါတယ်။

ထူလင်းအာဟာ ဟန်ဇွေတျန်ကို မြင်တဲ့အခါတိုင်း လုံဟောင်ကို သတိရတာကြောင့် သူ့ခံစားချက်ကို မထိန်းချုပ်နိုင်ပါဘူး။ အတိတ်မှာတုန်းက ထူလင်းအာဟာ လုံဟောင် ကြီးပြင်းလာတာကို ကြည့်ခဲ့ရသူ ဖြစ်တဲ့အတွက် လုံဟောင်ကို သားတစ်ယောက်လို သဘောထားပါတယ်။ အခု အနန္တကပ်ဘေး ပြီးသွားပေမဲ့ လုံဟောင်က ပြန်မလာသေးတဲ့အတွက် ထူလင်းအာဟာ လုံဟောင် သေသွားပြီလို့ ထင်နေတာပါ။

ဒီကြားထဲ ကျိုးဖန်ကလည်း မိုးကောင်းကင်မျိုးနွယ်စုနဲ့ ကံတရား အထောက်အပံ့ဂိုဏ်းကလွဲရင် ကောင်းကင်ဘဝဂ် အဆင့်အောက်က သက်ရှိအားလုံး သေသွားပြီလို့ ပြောထားပါတယ်။

ထူလင်းအာရဲ့ အမြင်မှာ နဂါးစစ်မျိုးနွယ်စုက နောက်ဆုံးတိုက်ပွဲ မတိုင်ခင်ထဲက မရေမတွက်နိုင်အောင် ဆုံးရှုံးခဲ့ပြီး ကောင်းကင်ဧကရာဇ်ကလည်း သေဆုံးသွားတဲ့အတွက် လုံဟောင်ကို ကာကွယ်ပေးမဲ့သူ မရှိတော့ဘူးလို့ ထင်နေတာပါ။

တိတ်ဆိတ်ဂိုဏ်းကို ပြန်မလာတာက လုံဟောင် တစ်ယောက်တည်း မဟုတ်ပါဘူး။ စုချီနဲ့ ရန်ထျန်တျန်းကလည်း ပေါ်မလာတာ ကြာပြီဖြစ်တဲ့အတွက် တိတ်ဆိတ်ဂိုဏ်းသားတွေက သေသွားပြီလို့ ကောက်ချက်ချထားကြပါတယ်။

ပြောရမယ်ဆိုရင် တိတ်ဆိတ်ဂိုဏ်းရဲ့ ဒုတိယမျိုးဆက်က တစ်ဝက်နီးပါး သေဆုံးသွားတာပါ။

ဒါကြောင့် တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ ဟန်ဇွေတျန်က လုံဟောင်လိုမျိုး ဖြစ်လာမှာစိုးတဲ့အတွက် လုံဟောင်အကြောင်းကို ဥပမာပေးပြီး ဟန်ဇွေတျန်ကို သတိပေးလေ့ ရှိပါတယ်။

ကံကောင်းထောက်မစွာပဲ ဟန်ဇွေတျန်က သိမ်မွေ့တဲ့စရိုက်ရှိပြိး ကျင့်ကြံဖို့ ဒီလောက်ကြီး မလိုလားပါဘူး။ တန်ခိုးစွမ်းအားကို လိုချင်တပ်မက်စိတ် သိပ်မရှိတဲ့အတွက် အပြင်ထွက်ပြီးတော့ ကျင့်ကြံဖို့လည်း စိတ်ကူး မရှိပါဘူး။

အနန္တကပ်ဘေး ပြီးဆုံးသွားမှာပဲ ဟန်ကျွယ်ဟာ တိတ်ဆိတ်အေးချမ်းတဲ့ဘဝရဲ့ အဓိပ္ပာယ်ကို နားလည်သွားပါတယ်။

အင်မော်တယ်ကမ္ဘာက ခြောက်ကပ်နေတဲ့အတွက် ဟန်ကျွယ် အင်မော်တယ်ကမ္ဘာကို ပြန်ရောက်တာ အတော်ကြာပြီဖြစ်ပေမဲ့ တစ်ယောက်မှ လာတိုက်တာကို မခံရပါဘူး။ ဒါကြောင့် တိတ်ဆိတ်ဂိုဏ်းတစ်ခုလုံး အလွန်တရာမှာ ငြိမ်သက်ပြီး အေးချမ်းနေပါတယ်။

ဒီလိုအချိန်က နှစ်ပေါင်းများစွာ ကြာမှာပါ။ ချူရှီရန်ကတော့ နှစ်သန်းချီ ကြာပြီးမှ အင်မော်တယ်ကမ္ဘာမှာ ပထမဆုံး ရှန်တျန်သက်ရှိတွေ ပေါ်လာလိမ့်မယ်လို့ ခန့်မှန်းပါတယ်။

ကောင်းကင်ကျောက်တုံး အသွင်ပြောင်းလဲနိုင်တာက ဟန်ကျွယ်ရဲ့ တာအိုစက်ကွင်းထဲမှာရှိတဲ့ ချီစွမ်းအင်ကြောင့်ပါ။ အင်မော်တယ်ကမ္ဘာရဲ့ ဘယ်နေရာကမှ ဟန်ကျွယ်ရဲ့ တာအိုစက်ကွင်းလိုမျိုး ထူထပ်သိပ်သည်းတဲ့ ချီစွမ်းအင်ရှိတာ မဟုတ်ပါဘူး။

ဆယ်နှစ်ကျော်ကြာပြီးနောက်။

[သင်သည် အသက် ၉,၀၀၀ ပြည့်ပြီ ဖြစ်သောကြောင့် အောက်ပါရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]

[၁။ ဂူအောင်းနေရာမှထွက်၍ သက်ရှိအားလုံးကို အသိဉာဏ် နိုးကြားစေပြီး ကောင်းကင်တာအို ကုသိုလ်ကံအတွက် တိုက်ခိုက်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]

[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် တာအိုစက်ကွင်းအစောင့် တစ်ယောက်အား ရရှိမည်။]

ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် ‘ဟင်း... ဘာလိုလိုနဲ့ ငါတောင် အသက်ကိုးထောင် ပြည့်ပါပြီလား’

ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို ရွေးချယ်လိုက်တဲ့အတွက် နောက်ထပ် တာအိုပညာရှိအတု အစောင့်တစ်ယောက်ကို ရရှိလိုက်ပါတယ်။

ရုတ်တရက်ဆိုသလို ဟန်ကျွယ် ခေါင်းထဲကို အကြံတစ်ခု ဝင်လာပါတယ်။

“ငါ့ကိုယ့်ငါ ပုံတူပွားလို့ရလား”

[မရပါ။]

ဟန်ကျွယ်ရဲ့ စိတ်လှုပ်ရှားမှုဟာ ရုတ်ခြည်းဆိုသလို ငြိမ်းသတ်ခံလိုက်ရပါတယ်။ ဟန်ကျွယ်လည်း မတက်နိုင်ဘဲ ရှီတုတောက်ကိုသာ ပုံတူပွားလိုက်ပါတယ်။ ဒီတာအိုအစောင့်ကိုတော့ ဟန်ကျွယ်က စီးမာယိလို့ နာမည်ပေးလိုက်ပါတယ်။

အခုဆိုရင် ဟန်ကျွယ်ဆီမှာ ရှီတုတောက်ကနေ ပုံတူပွားထားတဲ့ အစောင့်သုံးယောက်ရှိသွားပါပြီ။ အဲဒီအစောင့်သုံးယောက်ကတော့ ကျောက်ယွင်၊ တျန်ဝေနဲ့ စီးမာယိတို့ပဲ ဖြစ်ပါတယ်။ တာအိုပညာရှိအတု သုံးယောက်က စောင့်ကြပ်နေတဲ့အတွက် တာအိုစက်ကွင်းရဲ့ လုံခြုံမှုဟာ နောက်တစ်ဆင့်ကို တက်သွားပါပြီ။

ဟန်ကျွယ်ဟာ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူလိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို အဆင့်စမြှင့်ပါတယ်။ ကြမ္မာဆိုးစာအုပ်က ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုခရီးလမ်းမှာ အတော်လေး အထောက်အကူ ပြုခဲ့ပါတယ်။ ဟန်ကျွယ်က သူ့ထက် စွမ်းအားကြီးတဲ့ ရန်သူမှန်သမျှကို ကြမ္မာဆိုးစာအုပ်နဲ့ ရှင်းလင်းပစ်ခဲ့တာချည်း မဟုတ်ပါလား။

လေးငါးရက် အကြာမှာတော့ ကြမ္မာဆိုးစာအုပ်ဟာ ကောင်းကင်ဘဝဂ် စိတ်ဝိညာဉ်ရတနာ အဆင့်ကနေ ကောင်းကင်ဘဝဂ် အကောင်းစားရတနာအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားပါတယ်။ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ရဲ့ အစွမ်းကို စမ်းသပ်ဖို့အတွက် သက်တမ်း ၁ ထရီလီယံ သုံးပြီး တာအိုပညာရှိမင်ကျွယ်ကို ကျိန်စာတိုက်ကြည့်ပါတယ်။

ဒါပေမဲ့ သက်တမ်း ၁ ထရီလီယံ ကုန်သွားတာတောင် တာအိုပညာရှိမင်ကျွယ်ဆီကနေ စာတစ်စောင်မှ ရောက်မလာပါဘူး။

ဒါပေမဲ့ ဟန်ကျွယ်ဟာ စိတ်ပျက်ခြင်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က တာအိုပညာရှိမင်ကျွယ်ကို စိတ်အနှောင့်အယှက် ပေးချင်ရုံမို့လို့ပါ။

တာအိုပညာရှိမင်ကျွယ်ကို ကျိန်စာတိုက်ပြီးတာနဲ့ ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံပါတယ်။

ကောင်းကင်ဘုံ ၃၃ ဘုံအပြင်ဘက်က ခန်းမတစ်ခုမှာ တရားထိုင်နေတဲ့ တာအိုပညာရှိမင်ကျွယ်ဟာ မျက်လုံးပွင့်လာပြီး မျက်မှောင်ကြုတ်သွားပါတယ်။

“အမှောင်သခင်ကြီးက ဘယ်သူလဲ၊ သူ့ကျိန်စာက ပိုအားကောင်းလာပြန်ပြီ၊ ဒီလောက် အချိန်တိုလေးအတွင်းမှာ ကျင့်ကြံမှုအဆင့် တက်တာ‌တော့ မဖြစ်နိုင်ဘူး၊ နဂိုကတည်းက ကျင့်ကြံမှုအဆင့် မြင့်မားတာပဲ ဖြစ်ရမယ်... ဒီကောင်က ကျိန်းသေပေါက် တာအိုပညာရှိ ဖြစ်ရမယ်”

တာအိုပညာရှိမင်ကျွယ် ပထမဆုံး သံသယဝင်တဲ့လူက ချုံရှီလိုင်ပါ။

ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်တာအို ပညာရှိတွေထဲမှာ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို တတ်မြောက်တဲ့လူက သူတို့နှစ်ယောက်ထဲ ရှိလို့ပါပဲ။ ဒါကြောင့် သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် အကြီးမားဆုံး ခြိမ်းခြောက်မှုတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ တခြားသူတွေ ရန်ပြုတာကနေ ကာကွယ်ဖို့အတွက် မဖြစ်မနေ မိတ်ဆွေဖွဲ့ထားရပါတယ်။

တာအိုပညာရှိမင်ကျွယ် ဒုတိယ သံသယဝင်တာကတော့ တာအိုဂိုဏ်းရဲ့ ကျောင်းတော်သုံးကျောင်းက ကောင်းကင်တာအို ပညာရှိတွေပါ။

တာအိုဂိုဏ်းရဲ့ ကျောင်းတော်သုံးကျောင်းက တာအိုဘိုးဘေးရဲ့ မျိုးဆက်တွေ ဖြစ်တာကြောင့် ဒီကျောင်းတော်သုံးကျောင်းရဲ့ ကောင်းကင်တာအို ပညာရှိတွေကလည်း ကောင်းကင်တာအို ပညာရှိတွေကြားမှာ တော်တော်လေး အရာရောက်ပါတယ်။ သူတို့တွေဟာ မကြာခဏပူးပေါင်းပြီး တခြားတာအိုပညာရှိတွေကို ကြံစည်လေ့ရှိကြပါတယ်။

တာအိုပညာရှိမင်ကျွယ်က ကျောင်းတော်သုံးကျောင်းက မဟုတ်တဲ့အပြင် တာအိုဘိုးဘေးနဲ့လည်း သိပ်ရင်းနှီးတာ မဟုတ်ပါဘူး။ ဒီအချက်တွေအပြင် တာအိုပညာရှိမင်ကျွယ်က တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကိုပါ တတ်မြောက်ထားတဲ့အတွက် ပစ်မှတ်ထားခံရတာ ထူးဆန်းတာတော့ မဟုတ်ပါဘူး။

တာအိုပညာရှိမင်ကျွယ်ဟာ အမှောင်သခင်ကြီး ဘယ်သူဘယ်ဝါဆိုတာကို မဖော်ထုတ်နိုင်ရင် အနာဂတ်မှာ ပြဿနာကြီးတစ်ခု ဖြစ်လာလိမ့်မယ်လို့ ခံစားလိုက်ရပါတယ်။

‘ငါ ဘာလို့ အမှောင်သခင်ကြီးယောင်ဆောင်ပြီး တခြားတာအိုပညာရှိတွေကို ကျိန်စာမတိုက်ရမှာလဲ၊ တာအိုပညာရှိတွေကြားမှာ ဝရုန်းသုန်းကား ဖြစ်လာရင် ဒီအမှောင်သခင်ကြီးလည်း အလိုလိုပေါ်လာမှာပဲ’

တာအိုပညာရှိမင်ကျွယ်ဟာ တစ်ယောက်ချင်းဆိုရင် ဘယ်ကောင်းကင်တာအိုပညာရှိကိုမှ မကြောက်ပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters