မဟာတာအို သင်ကြားပေးခြင်း
Vol. 43 Ch. 473
ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာ ဆွံအသွားပါတယ် ‘မင်းက ရာထူးတိုးတဲ့နေရာမှာတော့ တော်တော် အရည်အချင်း ရှိတာပဲ’
ဟန်ကျွယ် ချီးကျူးလည်း ချီးကျူးချင်စရာပါ။ ကျယ်ကျောင်းတော်လိုမျိုး အင်မော်တယ်ဂိုဏ်းမှာ နှစ်ခုနစ်ထောင် ရှစ်ထောင်လောက်နဲ့ သာမန်တပည့်ကနေ ဒုဂိုဏ်းချုပ် ဖြစ်လာတာက ဘယ်တုန်းကမှ မကြားဖူးခဲ့တဲ့ ကိစ္စပါ။ ဒီဇာတ်လမ်းကို ပြောပြရင်တောင် ယုံမဲ့သူရှိမှာ မဟုတ်ပါဘူး။
ဟန်ကျယ်ဟာ တိတ်ဆိတ်သွားပါတယ်။ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို ကျယ်ကျောင်းတော်မှာ ဆက်ထားချင်စိတ် ပေါက်သွားပါတယ်။ ဟွမ်ဇွမ်တျန်မှာ ကျယ်ကျောင်းတော်သာ ဆက်နေမယ်ဆိုရင် သူ့အရည်အချင်းနဲ့ ကျယ်ကျောင်းတော်ရဲ့ ဂိုဏ်းချုပ် ဖြစ်လာဖို့က ၉၉.၉၉ ရာခိုင်နှုန်း သေချာနေပါပြီ။
တစ်ခဏ တိတ်ဆိတ်သွားပြီးနောက် ဟန်ကျွယ်က ခပ်တိုးတိုး ပြောလိုက်ပါတယ် “မင်း အခုပြန်လာရင် ကြိုးစားထားသမျှ အလကား ဖြစ်ကုန်မှာပေါ့၊ ဒီနှစ်တွေမှာ မင်း ဒုက္ခရောက်ခဲ့တယ် ဆိုပေမဲ့ မင်းကျင့်ကြံမှုကလည်း တိုးတက်လာတာပဲ မဟုတ်ဘူးလား၊ နည်းနည်း ထပ်စောင့်အုန်း၊ အချိန်တန်ရင် ငါကိုယ်တိုင် မင်းကို လာခေါ်မယ်”
ဟွမ်ဇွမ်တျန်ရဲ့ မြင်ကွင်းဟာ မည်းမှောင်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က ကိုယ်တိုင် လာခေါ်မယ်ဆိုတဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာတော့ ချက်ချင်း စိတ်လှုပ်ရှားသွားပါတယ်။
‘ဆရာဆိုလိုတာက... အဲဒီအချိန်ကျရင် ကျယ်ကျောင်းတော်ကို မကြောက်တော့ဘူးလို့ ဆိုလိုချင်တာပဲ’
ဟန်ကျွယ်က အဓိပ္ပာယ်ပါပါ ထပ်ပြောလိုက်ပါတယ် “ဒီအနန္တကပ်ဘေးမှာ ကပ်ဘေးသခင်အများစုက ကြက်သွေးရောင် တိမ်ကမ္ဘာကချည်းပဲ၊ ဒါကိုတော့ မင်းသိတယ်မလား၊ နောက်ပြီး မင်းရဲ့ သတင်းကွန်ရက်သာ ကျယ်ပြန့်မယ်ဆိုရင် ငါနဲ့ ရေစက်ရှိတဲ့လူအားလုံး ကပ်ဘေးကို ကျော်ဖြတ်နိုင်ပြီး အခြေအနေ ကောင်းနေတာကို မင်း သိသင့်တယ်”
ဟွမ်ဇွမ်တျန်ဟာ နှလုံးလှုပ်သွားပါတယ်။ ဟွမ်ဇွမ်တျန်လည်း အရင်က ဒီကိစ္စကို တွေးဖူးပါတယ်။ ဒါပေမဲ့ အဖြေမရခဲ့ပါဘူး။
‘ဆရာ ဆိုလိုချင်တာက...’
ဟွမ်ဇွမ်တျန်ဟာ ဆက်ပြီးတော့ မတွေးရဲတော့ပါဘူး။
ဟွမ်ဇွမ်တျန်ဟာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး မေးလိုက်ပါတယ် “ဒါဆို ကျွန်တော် ဘာလုပ်ဖို့ လိုအပ်လဲ”
“အရင်အတိုင်းပဲ ဆက်နေ၊ ငါ မင်းကို ဘာတာဝန်မှ မပေးချင်သေးဘူး၊ မင်းမှာ ရည်ရွယ်ချက် တစ်ခုခုရှိတယ်ဆိုရင် ပြဿနာတက်ဖို့ လွယ်တယ်၊ ကျယ်ကျောင်းတော်မှာ ဆက်နေပြီး တပည့်ကောင်း ဖြစ်အောင်လုပ်၊ လေးလေးနက်နက် ကျင့်ကြံအားထုတ်ချည်”
ဟွမ်ဇွမ်တျန်ဟာ ခေါင်းညိတ်လိုက်ပြီး မနေနိုင်တာကြောင့် ထပ်မေးလိုက်ပါတယ် “ကျွန်တော် ဘယ်လောက်ကြာအောင် စောင့်ရမှာလဲ”
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီး အဖြေ ပြန်ပေးလိုက်ပါတယ် “သိပ် မကြာပါဘူး”
ဟွမ်ဇွမ်တျန်ဟာ စိတ်သက်သာရာ ရသွားပါတယ်။
“မင်း တာအိုနားထောင်ပြီးရုံပဲ ရှိသေးတယ်မလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။
“ဆရာက အနန္တကမ္ဘာကို ထိုးဖောက်မြင်နိုင်တာပဲ၊ ဆရာဆီကနေ ဘာကိုမှ ဖုံးကွယ်လို့မရဘူး”
“ကျယ်ကျောင်းတော်ရဲ့ တာအိုပညာရှိတွေက မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံတာပဲ”
“ပြောရမှာတော့ ရှက်မိပါတယ်၊ တာအိုပညာရှိက အရည်အချင်းရှိတဲ့ တပည့်တွေကိုပဲ တာအိုဟောကြားပေးတာ၊ နောက်ပြီး မဟာတာအိုကို ဟောကြားတာဆိုတော့ ကိုယ့်ကိုကိုယ်ပဲ သုံးသပ်နားလည်နိုင်တယ်၊ မဟာတာအိုကို သုံးသပ်နားလည်နိုင်ဖို့က အဝေးကြီး လိုပါသေးတယ်”
ဟွမ်ဇွမ်တျန်ဟာ ဒီကိစ္စအတွက် အတော်လေး သောကရောက်နေရပါတယ်။ ဒါက တာအိုပညာရှိ တာအိုဟောကြားတာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ ဒါပေမဲ့ မဟာတာအိုက သိမ်မွေ့နက်နဲလွန်းတဲ့အတွက် ဟွမ်ဇွမ်တျန်ဟာ အခုအချိန်အထိ မဟာတာအိုကို သုံးသပ်နားလည်နိုင်ခြင်း မရှိသေးပါဘူး
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဒါဆိုရင် ငါ မင်းကို မဟာတာအို သင်ပေးမယ်၊ မင်း သင်ချင်လား”
ဟွမ်ဇွမ်တျန်ဟာ မှင်သက်သွားပြီး ဟန်ကျွယ်ကို စိုက်ကြည့်လိုက်ပါတယ်။ နေလ ယင်ယန် အကာအကွယ်ရဲ့ တောက်ပတဲ့ အလင်းရောင်အောက်မှာ ဟန်ကျွယ်က နတ်ဘုရားတစ်ပါးလိုပါပဲ။ ဟွမ်ဇွမ်တျန်ဟာ တာအိုပညာရှိကို မြင်တွေ့လိုက်ရသမျိုး ခံစားလိုက်ရပါတယ်။
‘ဆရာက ငါ့ကို မဟာတာအို သင်ပေးမယ်ဆိုတော့၊ ဆရာက...’ ဟွမ်ဇွမ်တျန်ဟာ ဆက်ပြီးတော့ မတွေးရဲတော့ဘဲ အလျင်အမြန်ပဲ ခေါင်းညိတ်လိုက်ပါတယ်။
ဟန်ကျွယ်က တာအိုမဟောကြားခင် သတိပေးလိုက်ပါတယ် “ဒီမဟာတာအိုကို ငါ သင်ပေးတယ်လို့ ဘယ်သူ့ကိုမှ မပြောနဲ့၊ အခွင့်အရေးတစ်ခုကြောင့် သုံးသပ်နားလည်လာတယ်လို့ပဲ ပြော၊ ရွေးချယ်စရာ ရှိနေသေးသမျှ ကာလပတ်လုံး ဒီမဟာတာအိုကို ဘယ်တော့မှ ထုတ်မသုံးမိစေနဲ့၊ ကျင့်ကြံဖို့အတွက်ပဲ သုံးသပ်နားလည်ချည်”
“ဟုတ်ကဲ့ပါ” ဟွမ်ဇွမ်တျန်ဟာ ချက်ချင်းပဲ သဘောတူလိုက်ပါတယ်။
ဒီလိုနဲ့ နှစ် ၂၀ ကုန်ဆုံးသွားပါတယ်။
ဟွမ်ဇွမ်တျန်ရဲ့ မျက်လုံးထဲမှာ တောက်ပမှုတွေ ယှက်သမ်းသွားပါတယ်။ ဟွမ်ဇွမ်တျန်ဟာ သူ့တာအိုဘုံကျောင်းကို ကြည့်ပြီး ဘဝတစ်ခု ကုန်ဆုံးသွားသလိုမျိုး ခံစားလိုက်ရပါတယ်။
‘တော်တော် သိမ်မွေ့နက်နဲတဲ့ မဟာတာအိုပဲ၊ တာအိုပညာရှိတွေ ဟောကြားတဲ့ မဟာတာအိုထက်တောင် ပိုပြီး နက်နဲသေးတယ်၊ ဒါပေမဲ့ ဆရာသင်တာကို ငါ အလွယ်လေး နားလည်ပြီး တာအိုပညာရှိတွေ ဟောကြားတဲ့ မဟာတာအိုကျတော့ ငါ ဘာလို့ နားမလည်နိုင်ရတာလဲ’
‘ဆရာက တာအိုပညာရှိထက်တောင် စွမ်းအားပိုကြီးနေတာလား’
ဟွမ်ဇွမ်တျန်ရဲ့ ခေါင်းထဲမှာ ဒီအတွေး ပေါ်လာတာနဲ့ ချက်ချင်း ကြီးထွားသွားပါတယ်။
ဒီအချိန်မှာပဲ တာအိုဘုံကျောင်း အပြင်ဘက်က ကျယ်ကျောင်းတော် တပည့်တစ်ဦးရဲ့ အသံကို ကြားလိုက်ရပါတယ် ‘ဆရာသခင်... တာအိုပညာရှိက ဆရာသခင်ကို ခေါ်ခိုင်းလိုက်လို့ပါ”
ဟွမ်ဇွမ်တျန်ဟာ အသက်ခပ်ပြင်းပြင်း ရှူသွင်းပြီး မတ်တတ်ရပ်လိုက်ပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ် တာအိုဟောကြားတာကို ဖုံးကွယ်ဖို့ ဆုံးဖြတ်လိုက်ပြီး လမ်းလျှောက်ရင်းနဲ့ ဆန်းကြယ်စွမ်းအားသုံးကာ ဟန်ကျွယ် မဟာတာအို ဟောကြားတဲ့ မှတ်ဉာဏ်ကို ဖျက်ပစ်လိုက်ပါတယ်။
ဒါကြောင့် ဟွမ်ဇွမ်တျန် ကိုယ်တိုင်တောင် အန္တိမမူလ မဟာတာအိုက ဘယ်သူ့ဆီကနေ လာလဲဆိုတာကို မသိနိုင်တော့ပါဘူး။ ဟန်ကျွယ်ပေးတဲ့ အိပ်မက်နဲ့ ဆက်စပ်နေတယ်လို့ပဲ ခန့်မှန်းနိုင်ပါတော့တယ်။
ဒါကြောင့် တာအိုပညာရှိတစ်ပါးက ဟွမ်ဇွမ်တျန်ရဲ့ ဝိညာဉ်ကို ရှာဖွေမယ်ဆိုရင်တောင် ဟန်ကျွယ်ကို ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။
တာအိုဘုံကျောင်းကို ပြန်ရောက်တာနဲ့ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံပါတယ်။ ဟန်ကျွယ်ရဲ့ ရည်မှန်းချက်က တာအိုပညာရှိ ဖြစ်တဲ့အတွက် တစ်ချိန်လုံး ကျင့်ကြံနေဖို့ လိုအပ်ပါတယ်။
လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအိုကျင့်စဉ်၊ အန္တိမမူလ မဟာတာအိုနဲ့ လောကဦးခန္ဓာကိုယ် ရှိနေတာကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်တာအို ကုသိုလ်ကံကနေ တာအိုကိုရရှိတဲ့ လမ်းကို လျှောက်လမ်းဖို့ မလိုပါဘူး။ ဒီအတိုင်း ကိုယ့်အင်အားနဲ့ တာအိုကို အရယူမှာပါ။
ဒီနည်းလမ်းက လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအိုမှာ ပါပြီးသားပါ။ လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို ကျင့်စဉ်က မဟာတာအို အပိုင်းအစ ကိုးစကနေ ဖန်တီးထားတာ ဖြစ်တဲ့အတွက် ဒီလောက်တော့ ပါပါတယ်။
တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ မကြာခဏဆိုသလို အနန္တကမ္ဘာခန်းမဆီသွားပြီး စကားပြောကြပါတယ်။ သူတို့တွေဟာ အလွန်တရာမှ ရင်းနှီးနေတဲ့အပြင် တချို့လူတွေက တစ်ချိန်လုံး စကားပြောချင်နေတာပါ။ ဒါကြောင့် အနန္တကမ္ဘာခန်းမဟာ တိတ်ဆိတ်တဲ့ရက်ကို မရှိပါဘူး။
မျက်တောင်တစ်ခတ် အတွင်းမှာပဲ နှစ်တစ်ထောင် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ အသက် ၁၁,၀၀၀ ပြည့်သွားပေမဲ့ စနစ်ရဲ့ အသိပေးချက်ကို မရတဲ့အတွက် နည်းနည်းတော့ စိတ်ပျက်သွားပါတယ်။ ကြည့်ရတာ စနစ်က အရင်လိုမျိုး နှစ်တစ်ထောင်ကို တစ်ခါမလာတော့ဘဲ နှစ်တစ်သောင်းကို တစ်ခါလာတော့မဲ့ပုံပါပဲ။
‘ဒီအတိုင်းသာဆက်သွားရင် အနာဂတ်မှာ နှစ်တစ်သန်းမှ တစ်ကြိမ်၊ တစ်ဘီလီယံမှ တစ်ကြိမ်အထိ ဖြစ်လာမှာလား’
ဟန်ကျွယ်ဟာ အများကြီး မတွေးပါဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီအချိန်ကိုရောက်ရင် ဟန်ကျွယ်ကိုယ်တိုင်ကလည်း စနစ်ရဲ့ အကူအညီကို သိပ်မလိုတဲ့အထိ စွမ်းအားကြီးနေလောက်ပါပြီ။
နှစ်တစ်ထောင် ကြာသွားပြီ ဖြစ်တဲ့အတွက် တိတ်ဆိတ်ဂိုဏ်း တစ်ဂိုဏ်းလုံး နတ်မိမယ်ရှီရွှမ်၊ ချန်ယွီအာနဲ့ ရှကျဲ့မျိုးနွယ်စု တစ်ခုလုံး အင်မော်တယ်ဧကရာဇ် ဖြစ်သွားကြပါတယ်။
ဒီလိုဖြစ်ရတာက ဟန်ကျွယ် မကြာခဏ တာအိုဟောကြားတာနဲ့လည်း ပတ်သက်နေပါတယ်။ ဟန်ကျွယ်ဟာ နှစ် ၃၀၀ တိုင်း တာအိုဟောကြားလေ့ရှိပြီး တစ်ခါဟောရင် အနည်းဆုံး နှစ် ၃၀ ကြာပါတယ်။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ကျန်းယီ၊ ကျိုးဖန်နဲ့ လီယောင်ကို တာအိုဘုံကျောင်းထဲ ခေါ်လိုက်ပါတယ်။
မကြာသေးခင်ကမှ လီယောင်ဟာ နတ်မင်းအဆင့်ကို ရောက်ရှိသွားတာပါ။
“ငါ မင်းတို့ကို မဟာတာအို သင်ကြားပေးဖို့ စီစဉ်ထားတယ်”
ဟန်ကျွယ်ရဲ့စကားကြောင့် တာအိုအရှင်သခင်တို့ငါးဦးဟာ မျက်လုံး အရောင် တောက်သွားကြပါတယ်။ တာအိုအရှင်သခင်က ပထမဆုံး မေးလိုက်ပါတယ် “တကယ်ကြီး မဟာတာအိုလား၊ တာအိုပညာရှိတွေပဲ မဟာတာအိုကို သင်ကြားပေးနိုင်တာ မဟုတ်ဘူးလား...”
“တကယ်တော့ မဟာတာအို အမွေအနှစ်က တာအိုဟောကြားသူကိုလည်း အများကြီး အထောက်အကူ ပြုတယ်၊ မင်းတို့တွေ တာအိုပညာရှိရဲ့ မဟာတာအိုကို ကျင့်ကြံမယ်ဆိုရင် သူတို့ကို ဘယ်နည်းနဲ့မှ ကျော်တက်နိုင်မှာ မဟုတ်ဘူး၊ အဲဒီလိုပဲ ငါ့ မဟာတာအိုကို ကျင့်ကြံရင်လည်း မင်းတို့တွေ ငါ့ကို ကျော်တက်နိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ငါ စွမ်းအားကြီးလာတာနဲ့ မဟာတာအိုကလည်း စွမ်းအားကြီးလာမှာပဲ၊ ကောင်းကင်တာအိုပညာရှိတွေနဲ့ ဒီထက်မြင့်မားတဲ့ တည်ရှိမှုတွေကို ငါ ကျော်တက်နိုင်လိမ့်မယ်လို့ မင်းတို့တွေ ယုံကြည်လား”
ကျိုးဖန်က နှာမှုတ်လိုက်ပါတယ် “ယုံတာပဲ၊ ဂိုဏ်းချုပ်က ကျွန်တော် အသိအမှတ်ပြုတဲ့ တစ်ယောက်တည်းသော ပုဂ္ဂိုလ်”
တခြားလေးယောက်ကလည်း ခေါင်းညိတ်လိုက်ပါတယ်။ ဒီနေ့ဒီအချိန်မှာတော့ သူတို့တွေဟာ ဟန်ကျွယ်နဲ့ မယှဉ်ပြိုင်ရဲတော့ဘဲ ဟန်ကျွယ်ကို လေးစားကြည်ညိုစိတ်သာ ရှိပါတော့တယ်။
သူတို့တွေဟာ သူတို့ကိုယ်သူတို့ ဟုတ်လာပြီ ထင်လာတိုင်း အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်ပြီး ဟန်ကျွယ်ကို စိန်ခေါ်ကြပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က အမြဲတမ်း တစ်ချက်တည်း အပြတ်ရှင်းတဲ့အတွက် သူတို့ရဲ့ ကျင့်ကြံမှုက ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုနဲ့ မိုးနဲ့မြေလို ကွာခြားနေမှန်း သိလာကြပါတယ်။
သူတို့တွေဟာ ကောင်းကင်တာအို ပညာရှိတွေက တာအိုကို မရရှိခင် သူတို့ထက် အရည်အချင်း ပိုမရှိဘူးလို့ ယုံကြည်ချက် ရှိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ကတော့ မတူပါဘူး။ ပဋိပက္ခရုပ်ခန္ဓာရှိတဲ့ လူတွေတောင် ဟန်ကျွယ်ကို လိုက်မမီပါဘူး။ ဒါကြောင့် ဟန်ကျွယ်ရဲ့ အနာဂတ်က တိုင်းတာလို့မရတဲ့ အနန္တအသေင်္ချပါ။
“မြန်မြန် သင်ပေးတော့လေ” လီယောင်က တောင်းဆိုလိုက်ပါတယ်။
ဟန်ကျွယ်လည်း ပြုံးလိုက်ပြီး တာအို စသင်ပေးပါတယ်။ ဟန်ကျွယ်ဟာ မဟာတာအိုကို တခြားသူတွေဆီ လုံးဝသင်ပေးလို့ရတာက ကိုယ်တိုင်ဖန်တီးထားတဲ့ မဟာတာအိုမို့လို့ပါ။
ဥပမာပေးရရင် ဘိုးဘေးရှီတျန် သင်ကြားတဲ့ ကံတရား မဟာတာအိုကို နားထောင်သူတွေက ၁၀၀ ရာခိုင်နှုန်း နားလည်နိုင်ခြင်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘိုးဘေးရှီတျန်က ကံတရား မဟာတာအိုကို ဖန်တီးတဲ့သူ မဟုတ်ဘဲ ပထမဆုံး ကျင့်ကြံသူမို့လို့ပါ။
ဒီတာအိုသင်ကြားမှုက ကိုးနှစ်အကြာမှာ ပြီးဆုံးသွားပါတယ်။ ဒီလိုမြန်ရတာလည်း နားထောင်သူ ငါးယောင်က အတော်လေး အရည်အချင်းရှိလို့ပါ။ အင်မော်တယ်ကမ္ဘာ တစ်ခုလုံး လိုက်ရှာရင်တောင် သူတို့ငါးယောက်လို အရည်အချင်းရှိတဲ့လူက လက်ချိုးရေလို့ ရပါတယ်။
ဒါပေမဲ့လည်း သူတို့ငါးယောက်က အန္တိမမူလ မဟာတာအိုကို တက်မြောက်ချင်ရင်တော့ အချိန်အကြာကြီးယူပြီး သုံးသပ်နားလည်ရမှာပါ။ ပြောရမယ်ဆိုရင် သူတို့တွေက အခုမှ ကကြီး ခခွေး ရေးတက်သွားတာပါ။ စာတကယ် ရေးတက်ဖို့အတွက်ကတော့ အချိန်အကြာယူရအုန်းမှာပါ။
တာအိုသင်ကြားပေးပြီးတဲ့နောက် ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲကထွက်ပြီး ဖူစန်းသစ်ပင်ဆီ လျှောက်သွားပါတယ်။
ဟန်ကျွယ်ဟာ အချိန်-အာကာသ ဝဲကတော့ဆီ လျှောက်သွားပြီး မေးလိုက်ပါတယ် “ဒီအတောအတွင်း အခြေအနေ ဘယ်လိုရှိလဲ”
မာချောင်က ပြန်ဖြေပါတယ် “သက်ရှိတွေ ဒီနားကို မကြာခဏ လာပြီး တိုးဝင်ဖို့ ကြိုးစားကြတယ်၊ ဒါပေမဲ့ ကျွန်တော်ရောင်ဝါကြော်င့ လန့်ပြေးကုန်ကြတယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။