ဒေသသုံးခု ရရှိခြင်း
Vol. 43 Ch. 476
‘တာအိုပညာရှိနေရာ...’ ကျန်းတုကူးရဲ့ မျက်လုံးတွေ အရောင်တောက်သွားပါတယ်။ အခုအချိန်မှာ ကျန်းတုကူး လိုချင်နေတာကလည်း ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေ အာဏာတွေ မဟုတ်ဘဲ တာအိုပညာရှိနေရာ ဖြစ်တဲ့အတွက် ရေငတ်တုန်း ရေတွင်းထဲ ကျသလို ဖြစ်သွားပါတယ်။
ဟန်ကျွယ်ကတော့ ထူးဆန်းသွားပါတယ် ‘ဒီအသံက လီမုယဲ့အသံနဲ့တူတယ်၊ ဒီကောင်က တကယ့်လူလိမ်ပဲ၊ တာအိုပညာရှိနေရာက နွီဝါလက်ထဲမှာ ရှိနေသေးတာကို ကိုယ့်လူ ကိုယ်ပြန်လိမ်တယ်’
ကျန်းတုကူးဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ပြောလိုက်ပါတယ် “ကောင်းပြီ၊ ကျွန်တော် နားလည်ပါတယ်”
ရုပ်သွင်လည်း ပျောက်ကွယ်သွားပါတယ်။
အဲဒီနောက် ပုံရိပ်ယောင်လည်း ကွဲကြေပြီး ဟန်ကျွယ်ဟာ အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။
တိတ်ဆိတ်ဂိုဏ်းက လူတွေထဲမှာ တာအိုအရှင်သခင်ပဲ ဒဏ်ရာရထားပါတယ်။ ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်တဲ့အခါ ရှကျဲ့မျိုးနွယ်စု နှစ်ရာက တစ်ယောက်မှ မသေမှန်း သိလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ် ‘ငါ ကျန်းတုကူးကို ကလဲ့စားချေသင့်ရဲ့လား၊ မဟုတ်ဘူး၊ ကလဲ့စားချေကို ချေရမယ်၊ ဒီကောင်က ငါ့မိတ်ဆွေဆိုပေမဲ့ ငါ့တပည့်တွေကို ထိခိုက်အောင် လုပ်ထားတယ်၊ တပည့်ထိ ဓားကြည့်ပဲကွ’
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကျန်းတုကူးကို ကျိန်စာစတိုက်ပါတယ်။ ငါးရက် ပြည့်တဲ့အခါမှာတော့ ကျန်းတုကူးကို ကျိန်စာတိုက်တာရပ်ပြီး လီမုယဲ့ကို ကျိန်စာ စတိုက်ပါတယ်။
ဟန်ကျွယ်ဟာ အများကြီး ကျိန်စာမတိုက်ပါဘူး။ သတိပေးရုံဖြစ်တဲ့အတွက် ငါးရက်ပဲ ကျိန်စာတိုက်ပါတယ်။
မိုးကောင်းကင်မျိုးနွယ်စု ပွဲတော်ကို တက်ရောက်တဲ့လူတွေက လူမျိုးစုံဖြစ်တဲ့အတွက် သူ ကျိန်စာတိုက်တာ လူသိမှာကို ဟန်ကျွယ်ဟာ စိုးရိမ်ခြင်း မရှိပါဘူး။
၃၆ နှစ်ကြာတဲ့အခါမှာတော့ မုရုံချီနဲ့ တခြားလူတွေ ပြန်ရောက်လာပါတယ်။ အချိန်လည်း ကြာသွားပြီမို့ တာအိုအရှင်သခင်ရဲ့ ဒဏ်ရာတောင် ပျောက်သွားပါပြီ။ သူတို့သုံးယောက်ဟာ ပြန်ရောက်တာနဲ့ ဟန်ကျွယ်ကို သွားတွေ့ပါတယ်။
မုရုံချီဟာ မိုးကောင်းကင်မျိုးနွယ်စု ပွဲတော်မှာ တိတ်ဆိတ်ဂိုဏ်း ရရှိခဲ့တဲ့ ဒေသတွေကို ရှင်းပြပါတယ်။ တိတ်ဆိတ်ဂိုဏ်း ရရှိခဲ့တဲ့ ဒေသသုံးခုမှာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်လည်း ပါဝင်ပါတယ်။ ဒီအင်မော်တယ်ကမ္ဘာရဲ့ ဒေသသုံးခုက ထုန်ကျန့်ကမ္ဘာထက် ပိုကျယ်ပြန့်ပါတယ်။
ဒီပွဲတော်မှာ တိတ်ဆိတ်ဂိုဏ်းက နယ်ပယ်အများဆုံး ရလိုက်တာ မဟုတ်ပါဘူး။ တိတ်ဆိတ်ဂိုဏ်း ရလိုက်တဲ့ နယ်ပယ်က တာအိုဂိုဏ်းရဲ့ ကျောင်းတော်သုံးကျောင်း၊ ဗုဒ္ဓဂိုဏ်း၊ ကောင်းကင်ရုံးတော်တို့ ရလိုက်တဲ့ နယ်မြေတွေကို မမှီပေမဲ့ သိပ်အရမ်းကြီး သေးနေတာလည်း မဟုတ်ပါဘူး။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ဘာပဲဖြစ်ဖြစ် ဒီလိုနယ်ခွဲတာက ပါးစပ်ပြောတင်၊ တကယ်တမ်းကျ အသုံးဝင်တာ မဟုတ်ဘူး၊ နောက်ဆုံးမှာ လက်သီးကောင်းတဲ့ကောင် အနိုင်ရတာပဲ၊ ဘယ်အင်အားစုကမှ သူတို့နယ်မြေတွေမှာ အေးဆေးထိုင်နေမှာ မဟုတ်ဘူး”
မုရုံချီက ခေါင်းညိတ်လိုက်ပါတယ် “ဟုတ်တယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ ကျွန်တော်တို့မှာ ကိုယ်ပိုင်နယ်မြေ ရှိသွားတာပေါ့၊ ဒါနဲ့ ပွဲတော်မှာ ကျွန်တော်တို့ တိုက်ခိုက်ခံရသေးတယ်၊ မိုးကောင်းကင် မျိုးနွယ်စုရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်က လှုပ်ရှားတာမြန်လို့ တော်သေးတယ်”
တာအိုအရှင်သခင်က ကျိန်ဆဲလိုက်ပါတယ် သူပြေးတာ အရမ်းမြန်လို့ မဟုတ်လို့ကတော့...”
ကျန်းယီက စနောက်လိုက်ပါတယ် “မင်းက အစွမ်းပြချင်တာမလား၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူများ အစွမ်းပြတာကို ကြည့်လိုက်ရတယ်၊ ဘယ်လောက် ရှက်ဖို့ကောင်းလဲ”
တာအိုအရှင်သခင်ဟာ ကျန်းယီကို ဝါးစားမတက် စိုက်ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “လီတောက်ခုံး မလာဘူးလား”
မုရုံချီက ခေါင်းခါလိုက်ပါတယ် “မလာဘူး၊ လီတောက်ခုံး ပေါ်မလာတာ အတော်ကြာပြီလို့ ကျွန်တော်ကြားတယ်၊ ရွမ်လိန့်ကျောင်းတော်က နောက်ထပ် တပည့်နှစ်ယောက်ကို ရွေးချယ်ဖို့ ပြင်ဆင်နေပုံပဲ”
ဟန်ကျွယ်ဟာ မျက်ခုံး ပင့်တက်သွားပါတယ်။ ဒီအကြောင်းကို ပြောရရင် ဟန်ကျွယ်ဟာ ရွမ်လိန့်ကျောင်းတော်ကို တော်တော်လေး စိတ်ဝင်စားပါတယ်။ ပထမတုန်းက ဟန်ကျွယ်ဟာ ရွမ်လိန့်ကျောင်းတော်မှာ တပည့်နှစ်ယောက်ပဲ ရှိတယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကျန်းတုကူးလိုမျိုး တပည့်တွေ ရှိသေးတယ်ဆိုတာ သိလာခဲ့ပါတယ်။
ဖြစ်နိုင်တာကတော့ တိတ်ဆိတ်ဂိုဏ်းလိုမျိုး တပည့်အနည်းငယ်ကပဲ ရွမ်လိန့်ကျောင်းတော်ရဲ့ စစ်မှန်တဲ့ မျိုးဆက် ဖြစ်နိုင်ပါတယ်။
“မင်းတို့တွေ သွားကြတော့၊ ကြိုးစားကျင့်ကြံဖို့ မမေ့နဲ့” ဟန်ကျွယ်ဟာ ပြောရင်းဆိုရင်း မျက်လုံး မှိတ်လိုက်ပါတယ်။
မုရုံချီတို့ သုံးယောက်လည်း ဟန်ကျွယ်ကို ဦးညွှတ်ပြီး ထွက်ခွာသွားကြပါတယ်။
ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်း ရလာတဲ့ ဒေသသုံးခုအတွက် လောလောဆယ်မှာ ဘာအစီအစဉ်မှ မရှိသေးပါဘူး။ တာအိုကို မရရှိခင် ဟန်ကျွယ်ဟာ တာအိုစက်ကွင်းကနေ ထွက်ခွာမှာ မဟုတ်ပါဘူး။
မုရုံချီတို့ သုံးယောက် ပြန်လာတဲ့အခါမှာ တိတ်ဆိတ်ဂိုဏ်းရဲ့ တခြား တပည့်တွေဟာ သူတို့နားကပ်ပြီး မိုးကောင်းကင်မျိုးနွယ်စုရဲ့ ပွဲတော်အကြောင်း စပ်စုကြပါတယ်။
မိုးကောင်းကင်မျိုးနွယ်စုရဲ့ ပွဲတော်က လက်ရှိ အင်မော်တယ်ကမ္ဘာရဲ့ ထိပ်သီးတွေ စုစည်းတာနဲ့ အတူတူပါပဲ။ အနာဂတ်မှာ ဒီစုစည်းမှုက အင်မော်တယ်ကမ္ဘာနဲ့ အနန္တကမ္ဘာအတွက် ဒဏ္ဍာရီတစ်ပုဒ် ဖြစ်လာမှာ ကျိန်းသေပါတယ်။
.....
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က ခန်းမတစ်ခုမှာ လီမုယဲ့၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ တောင်ဘက်စွန်း ကောင်းကင်အရှင်နဲ့ တာအိုပညာရှိ ကျင်းအန်းဟာ မျက်နှာချင်းဆိုင် ထိုင်နေကြပါတယ်။
“တကယ်ကြီးလား” ဂိုဏ်းချုပ်တျန်ကျွယ်က မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ်။
လီမုယဲ့က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေပါတယ် “အမှန်ပဲ၊ ငါ့ကို မထိခိုက်စေဘူးဆိုပေမဲ့ ကျိန်စာတိုက်ခံရတာ အမှန်ပဲ၊ ဒါပေမဲ့ ဘယ်သူလဲ ငါ တွက်ချက်လို့ မရဘူး”
တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ နှာမှုတ်သံ ပြုလိုက်ပါတယ် “ငါပြောတာ မှန်တယ်မလား၊ တာအိုပညာရှိတွေထဲက တစ်ယောက်ယောက်ရဲ့ လက်ချက်ပါဆို”
ကပ်ဘေးပြီးတာ ဘာမှမကြာသေးပါဘူး။ ဒီလိုအချိန်မှာ တစ်ယောက်ယောက်က တာအိုပညာရှိတွေကို ပစ်မှတ်ထားနေတာက ရည်ရွယ်ချက်ကောင်းနဲ့ မဟုတ်ဘူးဆိုတာ သိသာလှပါတယ်။ ဒါ့အပြင် မဟာတာအို ကပ်ဘေးကလည်း တာအိုပညာရှိတွေကို ဓားမိုးထားသလိုပါပဲ။
‘ဒီအမှောင်သခင်ကြီးက ဘာလုပ်ဖို့ စဉ်းစားနေတာလာဲ၊ တာအိုပညာရှိတွေကို ရှင်းပစ်ပြီး ကောင်းကင်တာအိုကို တာအိုဘိုးဘေးလိုမျိုး တစ်ယောက်တည်း ထိန်းချုပ်ချင်တာလား’ တာအိုပညာရှိလေးပါးဟာ အတွေးများသွားပါတယ်။
တာအိုဘိုးဘေး ဆက်တိုက် စွမ်းအားကြီးသွားခဲ့တာကလည်း သူနဲ့ ပြိုင်ဆိုင်မဲ့လူ တစ်ယောက်မှ မရှိတာလည်း ပါပါတယ်။ တာအိုဘိုးဘေး တာအိုပညာရှိ ဖြစ်သွားကတည်း သူ့နောက်ကို ဘယ်သူမှ မလိုက်နိုင်တော့ပါဘူး။
အချိန်အတော်ကြီး ကြာတော့မှ ဒုတိယ ကောင်းကင်တာအိုပညာရှိက ပေါ်လာတာပါ။ အဲဒီနောက် သိပ်မကြာခင်မှာပဲ နောက်ထပ် တာအိုပညာရှိငါးပါး ထွက်ပေါ်လာတဲ့အတွက် တာအိုပညာရှိအချင်းချင်း ပြိုင်ဆိုင်ကြရင်း အေးအေးဆေးဆေး ကျင့်ကြံဖို့ အချိန်မရှိကြတော့ပါဘူး။ ဒီတာအိုပညာရှိတွေက အမှန်တကယ် အေးချမ်းနေရင်တောင် တခြားတာအိုပညာရှိတွေက သူတို့ကို ကြံစည်နေတယ်လို့ တွေးထင်တက်တဲ့ လူစားမျိုးပါ။
တာအိုပညာရှိ ကျင်းအန်းက မေးလိုက်ပါတယ် “ခင်ဗျားတောင် အမှောင်သခင်ကြီးကို မတွက်ချက်နိုင်ဘူးဆိုရင် သူက ကျုပ်တို့ထက် စွမ်းအားပိုကြီးတယ်ဆိုတဲ့ သဘောလား၊ အခုခေတ်မှာ အစွမ်းအထက်ဆုံး တာအိုပညာရှိက ဘယ်သူလဲ”
တောင်ဘက်စွန်း ကောင်းကင်အရှင်ရဲ့ မျက်လုံးတွေဟာ ကျဉ်းမြောင်းသွားပါတယ် “တာအိုပညာရှိ မင်ကျွယ်”
ဂိုဏ်းချုပ်တျန်ကျွယ်က သူ့အမြင်ကို ဝင်ပြောပါတယ် “ကျုပ်တို့တွေ သူ့ကို သံသယစာရင်းထဲကနေ ထုတ်လို့မရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အမှောင်သခင်ကြီး ကျိန်စာစတိုက်တဲ့လူက သူ ဖြစ်နေလို့ပဲ၊ ပုံမှန်အခြေအနေမှာ အမှောင်သခင်ကြီးက အားအနည်းဆုံးလူကနေ ကျိန်စာ စတိုက်သင့်တယ်”
လီမုယဲ့က ပြောလိုက်ပါတယ် “ငါက ကောင်းကင်တာအိုပညာရှိ မဟုတ်ဘူးဆိုပေမဲ့ ငါ့ကျင့်ကြံမှုက တာအိုပညာရှိမင်ကျွယ်နဲ့ တစ်တန်းတည်းပဲ၊ ငါ နောက်ထပ် ကောင်းကင်တာအိုတစ်ခုကို ဖန်တီးထားတယ်၊ မကြာသေးခင်က အဲဒီတရှီကျဲ့ကမ္ဘာလည်း ဝရုန်းသုန်းကား စဖြစ်လာတယ်၊ အမျိုးအမည် မသိရတဲ့ တည်ရှိမှုတစ်ခုက အမှောင်တားမြစ်နယ်မြေမှာရှိတဲ့ အမင်္ဂလာ မကောင်းဆိုးဝါးတွေကို ထိန်းချုပ်ပြီး တရှီကျဲ့ကမ္ဘာကို ကျူးကျော်နေတယ်”
တခြားတာအိုပညာရှိ သုံးပါးဟာ လီမုယဲ့စကားကြောင့် တိတ်ဆိတ်သွားပါတယ်။ တာအိုပညာရှိတွေဟာ ကြီးမားတဲ့ လက်တစ်ခုက နောက်ကွယ်ကနေ အရာအားလုံးကို ထိန်းချုပ်ပြီး လိုသလို ကစားနေတယ်လို့ ခံစားလိုက်ရပါတယ်။
တာအိုပညာရှိ ကျင်းအန်းက ရုတ်တရက် ပြောလိုက်ပါတယ် “တာအိုဘိုဘေး ပျောက်သွားတာကိုကာ ထောင်ချောက်တစ်ခု ဖြစ်နေမလား၊ သူ့လိုမျိုး တည်ရှိမှုက ကောင်းကင်တာအို ဝါးမြိုတာကို ဘယ်လိုလုပ်ပြီး ခံရမှာလဲ”
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ တာအိုပညာရှိကျင်းအန်းကို တစ်ချက်ကြည့်ပြီး သတိပေးလိုက်ပါတယ် “ကိုယ့်စကားကို ဂရုစိုက်အုန်း”
လီမုယဲ့က ပြောလိုက်ပါတယ် “အမှောင်သခင်ကြီးကို အရင်ဆုံး ရှာရအောင်၊ ငါ့အထင် သူက ဧကရီနွီဝါ ထားခဲ့တဲ့ တာအိုပညာရှိနေရာအတွက် တိုက်ခိုက်နေတာ ထင်တယ်၊ လောကဦး ခရမ်းရောင်ချီကိုတောင် သူက ပိုင်ဆိုင်ထားလောက်ပြီ ထင်တယ်”
တာအိုပညာရှိတွေရဲ့ မျက်နှာဟာ ဘီလူးမ သံပရာသီး ကိုက်ထားသလို ဖြစ်သွားပါတယ်။
ဆောင်းရာသီ ကုန်ဆုံးပြီး နွေရာသီ ရောက်လာပါတယ်။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကတော့ ပိုပိုပြီး စည်ကားလာပါတယ်။ မိုးကောင်းကင်မျိုးနွယ်စုရဲ့ ပွဲတော် ပြီးကတည်းက ခေတ်သစ်ကို ရောက်တော့မဲ့အတိုင်း ရှန်တျန်သက်ရှိတွေ ပိုပို ပေါ်လာပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က ရှန်တျန်သက်ရှိတွေ စုဝေးကြတဲ့ နေရာအများကြီးထဲက သေးငယ်လှတဲ့ နေရာတစ်ခုပါ။
နောက် နှစ်တစ်ထောင်အတွင်း တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ ရှန်တျန်သက်ရှိ တစ်ရာကျော် ပေါ်လာပါတယ်။
နှစ်တစ်ထောင် ကြာသွားတာကြောင့် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း များစွာ တိုးတက်သွားပါတယ်။ ပုံမှန်ကလေး တိုးတက်နေတာကြောင့် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ တာအိုပညာရှိအတု အလယ်အဆင့်ကို တဖြည်းဖြည်း နီးကပ်လို့ လာပါတယ်။
အခုဆိုရင် ဟန်ကျွယ်ဟာ နှစ်တစ်သောင်းအတွင်း တာအိုကို ရရှိနိုင်တယ်လို့တောင် သူ့ကိုယ်သူ ထင်မြင်သွားပါတယ်။ ဟန်ကျွယ် ထင်တဲ့အတိုင်းသာ ဖြစ်ခဲ့မယ်ဆိုရင် ဟန်ကွယ်ဟာ နောက်ကပ်ဘေး မတိုင်ခင်မှာ ကောင်းကင်တာအိုပညာရှိတွေကို ဖိနှိပ်နိုင်တဲ့ တည်ရှိမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။
ပျင်းရိဖို့ကောင်းတဲ့ ကျင့်ကြံခြင်းဘဝမှာ ရည်မှန်းချက်နဲ့ ပန်းတိုင်ရှိမှလည်း ဘဝက အဓိပ္ပာယ်ရှိမှာပါ။ မဟုတ်ရင် ပျင်းလွန်းလို့ ရူးတောင် ရူးသွားနိုင်ပါတယ်။
တစ်နေ့ကျလို့ ဟန်ကျွယ်ဟာ ကောင်းကင် တာအိုပညာရှိတွေကို ကျောက်တက်သွားရင် သူ့ကို အကောက်ကြံတဲ့လူ မှန်သမျှ အကုန်ရှင်းပစ်မှာပါ။ ဟန်ကျွယ်က သတိကြီးတယ်ဆိုပေမဲ့ သူ့ရန်သူကိုတော့ တစ်ခါမှာ မသနားပါဘူး။ ဆုံးဖြတ်ချက် ပြတ်သားတဲ့လူပါ။
ဒီနေ့မှာတော့ ဟန်ဇွေတျန်ပြီးရင် ဒုတိယရှန်တျန်သက်ရှိ အသွင်ပြောင်းလာပါတယ်။ ဟန်ဇွေတျန်ဟာ ဒီရှန်တျန်သက်ရှိကို နေရာတကာ ခေါ်သွားပြီး သူသိကြောင်း သူတက်ကြောင်း ကြွားဝါပါတယ်။ ငရဲကြက်နက်ဟာ ဟန်ဇွေတျန်ကို မကြိုက်တဲ့အတွက် မကြာခဏ ပြဿနာရှာပါတယ်။ ဒါကတော့ တိတ်ဆိတ်ဂိုဏ်းရဲ့ အောက်ခြေ အခြေနေပါ။
လေးငါးဆယ်လ အကြာမှာတော့ တာအိုအရှင်သခင်ဟာ ဟန်ကျွယ်ကို လာရှာပါတယ်။
“ဆရာသခင်... ကျွန်တော် ကောင်းကင်ဘဝဂ် ကျင့်ကြံသူ ဖြစ်ချင်တယ်” တာအိုအရှင်သခင်ရဲ့ မျက်နှာဟာ ယုံကြည်မှုအပြည့်ပါပဲ။
တာအိုအရှင်သခင်ဟာ တိတ်ဆိတ်ဂိုဏ်း တပည့်တွေထဲမှာ ကောင်းကင်ဘဝဂ် ကျင့်ကြံသူကို ပထမဆုံးရောက်ရှိမဲ့လူမို့ သူ့ကိုယ်သူ ယုံကြည်မှုရှိဖို့ ထိုက်တန်ပါတယ်။
ဟန်ကျွယ်ဟာ ကျေနပ်စွာ ပြုံးလိုက်ပါတယ် ‘နောက်ဆုံးတော့ ဒီနေ့ ရောက်လာပြီပဲ’
“မင်း ဖြစ်ချင်ရင် မင်း လုပ်နိုင်တယ်”
“ဒါပေမဲ့ တစ်ခုခု လိုနေတယ်လို့ ကျွန်တော် ခံစားနေရတယ်”
“အို... ပဋိပက္ခရုပ်ခန္ဓာနဲ့ မလုံလောက်ဘူးလား”
“အဟွတ်..အဟွတ်... ရုပ်ခန္ဓာက ကျင့်ကြံမှုရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ ကောင်းကင်ဘဝဂ် အဆင့်က ဝိညာဉ်ကို သုံးသပ်နားလည်ဖို့ လိုအပ်တယ်လေ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။