← Chapters

တာအိုပညာရှိအတု မဖြစ်ရင် အပြင်မထွက်နဲ့

Vol. 44 Ch. 482

တာအိုပညာရှိအတု မဖြစ်ရင် အပြင်မထွက်နဲ့

Vol. 44 Ch. 482

ရှေးမိစ္ဆာယင် အတွေးများနေတုန်းမှာပဲ အောက်မှာရှိတဲ့ ရှန်တျန်သက်ရှိတွေဟာ ပိုပိုပြီးတော့ ဂနာမငြိမ် ဖြစ်လာပါတယ်။ လူသားစကား ပြောဆိုနိုင်တဲ့ သက်ရှိတွေဟာ အချင်းချင်း ဆက်သွယ်ကြပြီး တစ်ယောက်ကို တစ်ယောက် မိုတီ ပေးကြပါတယ်။ သူတို့တွေဟာ ရှေးမိစ္ဆာယင်ထံမှာ အညံမခံလိုတဲ့ ခေါင်းဆောင်တွေ ဆိုရင်လည်း မမှားပါဘူး။

တဖြည်းဖြည်း ဆိုးလာတဲ့ အခြေအနေကြောင့် ရှေးမိစ္ဆာယင်ဟာ နှာမှုတ်လိုက်ပါတယ်။ အေးစက်လှတဲ့ နှာမှုတ်သံဟာ မီးကို ရေနဲ့ဖြန်းလိုက်သလို ရှန်တျန်သက်ရှိအားလုံးကို ငြိမ်ကျသွားစေပါတယ်။

ချက်ချင်းဆိုသလိုပဲ ရှေးမိစ္ဆာယင်ရဲ့ ခန္ဓာကိုယ်ဟာ တွန့်လိမ်ရှုံ့တွလာပြီး တောင်ကြီးတစ်တောင်လို မြင့်မားသွားပါတယ်။ ရှေးမိစ္ဆာယင်ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်တောင် မြင့်မားလဲဆိုရင် ကောင်းကင်ပြင်ကိုတောင် လက်ဝါးနဲ့ ကာလို့ရတဲ့အထိပါပဲ။

ဖုန်းဆိုးမြေပေါ်က ရှန်တျန်သက်ရှိတွေဟာ ကြီးမားလှတဲ့ ရှေးမိစ္ဆာယင်ရဲ့ မြင့်မားလှတဲ့ ခန္ဓာကိုယ်ကြီးရှေ့မှာ ပုရွက်ဆိတ်လေးတွေလိုပါပဲ။ ခုနတုန်းက စကားပြောခဲ့တဲ့ လိပ်ကြီးဟာလည်း ကြောက်ရွံ့မှုကြောင့် တုန်ယင်နေပါတယ်။

ရှေးမိစ္ဆာယင်ဟာ အပေါ်ကို မော့ကြည့်လိုက်တဲ့အခါမှာ သူ့အကြည့်က ကောင်းကင်ဘုံ ၃၃ ဘုံကို ထိုးဖောက်သွားပါတယ် “ဘယ်သူပဲဖြစ်ဖြစ် ငါ တာအိုရရှိမှာကို မဟန့်တားနိုင်စေရဘူး” ရှေးမိစ္ဆာယင်က သူ့ကိုယ်သူ ယုံကြည်မှုအပြည့်နဲ့ ရေရွတ်လိုက်ပါတယ်။

ရှေးမိစ္ဆာယင် သူ့ကိုသူ ယုံကြည်မှု အပြည့်ရှိတာကလည်း ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ကပ်ဘေးမရောက်ခင်မှာ တာအိုပညာရှိတွေ အင်မော်တယ်ကမ္ဘာထဲ မဝင်နိုင်တဲ့အတွက် ဒီအချိန်ဟာ တာအိုပညာရှိအတုတွေရဲ့ အချိန်ပါပဲ။ ရှေးမိစ္ဆာယင် ကိုယ်တိုင်ကလည်း တာအိုပညာရှိအတုအဆင့်မှာ ပြိုင်ဘက်ကင်းသူ မဟုတ်ပါလား။

နှစ်ငါးဆယ် ကြာတဲ့အခါမှာတော့ ဧကရီဟုတ်ထိုက ဟန်ကျွယ်ကို အိပ်မက်ပေးပါတယ်။

ဟန်ကျွယ် အိပ်မက်ထဲ ဝင်လိုက်တဲ့အခါ အရင်အိပ်မက်ထဲကအတိုင်း နွေဦးမြစ် ဖြစ်နေပါတယ်။ ဒီတစ်ခါမှာတော့ ဧကရီဟုတ်ထိုဟာ ပွင့်ပွင့်လင်းလင်းပဲ အကူအညီပဲ တောင်းပါတော့တယ်။

“ပြန်လည်မွေးဖွားခြင်း စက်ဝန်းက ပြန်လည်ပတ်နေပြီဆိုပေမဲ့ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကြောင့် ငရဲပြည်မှာရှိတဲ့ သက်ရှိအားလုံးနီးပါး ရှင်းလင်းခံရတယ်၊ အဲဒါကြောင့် ငါ့မှာ ပြန်လည်မွေးဖွားခြင်း စက်ဝန်းကို လည်ပတ်ဖို့ သရဲစစ်သားတွေနဲ့ သရဲနတ်တွေ လိုနေတယ်၊ တခြားအင်အားစုတွေကိုလည်း ငါ မယုံလို့ မင်းဆီ အကူအညီ လာတောင်းတာ”

ဟန်ကျွယ်ဟာ နိုးနိုးကြားကြား ဖြစ်လာပါတယ်။

“ဒါက အဆင်မပြေဘူးနဲ့ တူတယ်၊ ကျွန်တော်တို့ တိတ်ဆိတ်ဂိုဏ်းက သိုသိုသိပ်သိပ်ပဲ ကျင့်ကြံချင်တာ၊ ကပ်ဘေးထဲ မဝင်ချင်ဘူး၊ ရှကျဲ့မျိုးနွယ်စုကလည်း ကပ်ဘေးထဲ မဝင်ဘူးဆိုပြီး ဖန်တီးခဲ့တာမလာ၊ ဒီလောက်နှစ်တွေကြာမှ သူတို့ကို အပြင်ထွက်ခိုင်းရင်တောင် ထွက်မှာ မဟုတ်တော့ဘူး”

ဧကရီဟုတ်ထိုက ပြောလိုက်ပါတယ် “ကြိုးစားကြည့်ပေါ့၊ ငါက သူတို့ကို ကပ်ဘေးထဲ ဝင်ခိုင်းနေတာမှ မဟုတ်တာ၊ ငရဲပြည်ကို ဝိုင်းထိန်းသိမ်းဖို့ ပြောနေတာ”

“ဒါဆို ကောင်းကင်ရုံးတော်နဲ့ ပူးပေါင်းကြည့်ပါလား ဧကရီ၊ ကျွန်တော်ရဲ့ မြေးတပည့်က ကောင်းကင်ဧကရာဇ်လေ၊ အခုအချိန်မှာ ကောင်းကင်ရုံးတော်က အားနည်းနေတာဆိုတော့ မဟာမိတ်တွေလိုနေတယ်”

“အဲဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး” ဧကရီဟုတ်ထိုက ခပ်တိုးတိုး ပြောလိုက်ပါတယ်။

ဒီစကားကြောင့် ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပါတယ် ‘နောက်ဆုံးတော့ ရှင်းနိုင်ခဲ့ပြီပဲ’

ဟန်ကျွယ်ဟာ ဧကရီဟုတ်ထို စိတ်ပြောင်းမှာ စိုးတဲ့အတွက် ခပ်မြန်မြန်ပဲ စကားလမ်းကြောင်း လွှဲလိုက်ပါတယ် “ရှေးဟောင်းမျိုးနွယ်စုကို ဧကရီ ဘယ်လိုထင်လဲ”

“ရှေးမိစ္ဆာယင်က ရည်မှန်းချက် ကြီးတယ်၊ ဒါပေမဲ့ သူ့ရည်မှန်းချက် အောင်မြင်မလား ကျရှုံးမလား ဆိုတာက သူ ရှေးဟောင်း မျိုးနွယ်စုကို ဘယ်လို ဦးဆောင်မလဲ ဆိုတဲ့အပေါ် မူတည်တယ်၊ တခြားအင်အားစုတွေက သေမှာကို ထိုင်စောင့်နေမှာ မဟုတ်ဘူး၊ အင်မော်တယ်ကမ္ဘာမှာ မကြာခင် စစ်ထပ်ဖြစ်လိမ့်မယ်၊ စစ်ပွဲရှိရင် သရဲတွေ ရှိလိမ့်မယ်၊ အဲဒါကြောင့် ငါ မင်းအကူအညီကို လိုနေတာ”

ဧကရီဟုတ်ထိုရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ ဆွံအသွားပါတယ် ‘ဘယ်လိုဖြစ်ပြီး ဒီအကြောင်းကို ပြန်ရောက်လာရတာလဲ’

အဲဒီနောက် ဧကရီဟုတ်ထိုဟာ သူ့ဒုက္ခတွေကို တစ်ခုချင်းပြောပြပြီး ပြန်လည်မွေးဖွားခြင်း စက်ဝန်းက လောကကြီးအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို တရားဟောပါတော့တယ်။

ဟန်ကျွယ်ကလည်း အားကျမခံ သိုသိုသိပ်သိပ် ကျင့်ကြံရတာက မလွယ်ကူကြောင်း၊ အထီးကျန်မှုကို ဘယ်လောက်တောင် ခံစားရကြောင်း၊ အပြင်ထွက်တာနဲ့ နှောင်ဖွဲ့ခံရပြီး အရင်လို ပြန်မကျင့်ကြံနိုင်တော့တဲ့ အကြောင်းတွေကို စာတစ်တန် ပေတစ်တန်နဲ့ တရားပြန်ဟောပါတယ်။

အချိန်အတော်ကြာမှာပဲ ဟန်ကျွယ်နဲ့ ဧကရီဟုတ်ထိုဟာ စကားပြောတာကို ရပ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ အစစ်အမှန်ကို ပြန်ရောက်တာနဲ့ ကောင်းကင်တာအို တိုကင်ကို ထုတ်ယူပြီး ဖန်းလျန်နဲ့ ဆက်သွယ်ကာ ဧကရီဟုတ်ထိုအကြောင်း ပြောလိုက်ပါတယ်။ ဖန်းလျန်ဟာ ဧကရီဟုတ်ထိုနဲ့ ပူးပေါင်းဖို့ ချက်ချင်းပဲ သဘောတူလိုက်ပါတယ်။ လက်ရှိအချိန်မှာ ကောင်းကင်ရုံးတော်က မှီခိုအားထားလို့ရတဲ့ မဟာမိတ်အင်အားစုတစ်စု လိုအပ်နေတာ မဟုတ်ပါလား။

မိုးကောင်းကင်မျိုးနွယ်စု ဖွဲ့စည်းထားပုံက အလွန်တရာမှ ရှုပ်ထွေးလှပါတယ်။ ဂျိရှင်းရှန်တောင် မိုးကောင်းကင်မျိုးနွယ်စုကို ၁၀၀ ရာခိုင်နှုန်း မထိန်းချုပ်နိုင်ပါဘူး။ ဒါကြောင့် ကောင်းကင်ရုံးတော်ဟာ တခြားအင်အားစုတွေရဲ့ အထောက်အပံ့ကို လိုအပ်နေတာ ဖြစ်ပါတယ်။

ဧကရီဟုတ်ထိုက ကောင်းကင်တာအိုပညာရှိ မဟုတ်ပေမဲ့ ကောင်းကင်တာအို ပညာရှိနဲ့ အစွမ်း သိပ်မကွာပါဘူး။ ဒါကြောင့် ကောင်းကင်ရုံးတော်အတွက် မဟာမိတ်ဖွဲ့ဖို့ အထူးသင့်တော်ပါတယ်။

ဖန်းလျန်ဟာ ဟန်ကျွယ်က သူ့ကို ကူညီတယ်လို့ တွေးထင်မိတာကြောင့် ဟန်ကျွယ်ကို အတော်လေး ကျေးဇူးတင်သွားပါတယ်။ ဟန်ကျွယ်ကတော့ ဒီနားလည်မှုလွဲတာကို အချိန်ကုန်ခံပြီး ဖြေရှင်းမနေတော့ပါဘူး။

ကောင်းကင်တာအိုတိုကင်ကို ပြန်သိမ်းပြီးနောက် ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

‘မဖြစ်သေးဘူး... နောက်တစ်ခါ တာအိုဟောကြားရင် ငါ့အယူအဆကို တိတ်ဆိတ်ဂိုဏ်းသားတိုင်းရဲ့ စိတ်ထဲမှာ စွဲမြဲနေအောင် လုပ်ရမယ်’

နှစ် ၂၀၀ ကြာတဲ့အခါ ဟန်ကျွယ်ဟာ တာအို စတင်ဟောကြားပါတယ်။

ဒီအကြိမ်က ပထမဆုံးအကြိမ် ဟန်ကျွယ် တာအိုဟောကြားတာကို နားထောင်ရတာ ဖြစ်တဲ့အတွက် လုံဟောင်နဲ့ ဟောင်တျန်ဟာ မျှော်တလင့်လင့် ဖြစ်နေကြပါတယ်။

တာအိုစဟောကြားလို့ ရက်အနည်းငယ် အတွင်းမှာပဲ ဟောင်တျန်ဟာ အံဩတကြီး ဖြစ်သွားရပါတယ်။

‘သူက မဟာတာအိုကို ဟောကြားနေတာပဲ၊ တာအိုပညာရှိတွေပဲ မဟာတာအို အကြောင်း ပြောနိုင်တာ’

‘ငါ ထင်တော့ထင်သားပဲ၊ သူက ဘိုးဘေးရှီတျန်နဲ့ ယှဉ်နိုင်တဲ့ ရှေးခေတ် ကျင့်ကြံသူပဲ’

စိတ်လှုပ်ရှားသွားတဲ့ ဟောင်တျန်ဟာ ဟန်ကျွယ် တာအိုဟောကြားတာကို ဂရုတစိုက် နားထောင်ပါတယ်။

ဟောင်တျန်ဟာ တာအိုပညာရှိတွေ မဟာတာအို ဟောကြားကြီး မဟာတာအို ဟောကြားတာကို ကြားဖူးပါတယ်။ ကပ်ဘေးမှာ မကျရှုံးခင်တုန်းကလည်း ဟောင်တျန်ရဲ့ မဟာတာအို နားလည်မှုက သိပ်မမြင့်ပါဘူး။

နားထောင်ရင်း နားထောင်ရင်းနဲ့ ဟန်ကျွယ်ရဲ့ မဟာတာအိုက တာအိုပညာရှိ‌တွေ သင်ကြားတဲ့ မဟာတာအိုထက် နားလည်လို့ လွယ်နေတာကို တွေ့လိုက်ရတဲ့အတွက် ဟောင်တျန်ဟာ ကျေနပ်အံအားသင့်သွားပါတယ်။ ဟန်ကျွယ်ရဲ့ မဟာတာအိုက နားလည်လို့ လွယ်ရုံတင် မဟုတ်ပါဘူး။ တခြားတာအိုပညာရှိတွေ ဟောကြားတဲ့ မဟာတာအိုထက် ပိုလို့တောင် နက်နဲနေပါသေးတယ်။

‘သူက ကောင်းကင်တာအိုပညာရှိတွေထက် အဆင့်မြင့်တဲ့ တည်ရှိမှုတစ်ခု ဖြစ်ရမယ်၊ ငါ ဒီ တိတ်ဆိတ်ဂိုဏ်းကနေ တစ်ဖဝါးတောင် ခွာလို့ မဖြစ်ဘူး’ ဟောင်တျန်ဟာ စိတ်ပိုင်းဖြတ်လိုက်ပါတယ်။

လက်ရှိ ဟောင်တျန်ဟာ အရင်လိုမျိုး အာဏာတွေ တန်ခိုးစွမ်းအားတွေကို မမက်မောတော့ပါဘူး။ တာအိုကို ရယူလို့တဲ့ ဆန္ဒတစ်ခုသာ ရှိပါတော့တယ်။ ဟောင်တျန်ဟာ သူ့ဆန္ဒအောင်မြင်ဖို့အတွက် ဘာမဆို လုပ်မှာပါ။ မျှော်လင့်ချက် သေးသေးလေး ရှိရင်တောင် လုံးဝ အလျှော့ပေးမှာ မဟုတ်ပါဘူး။

ဒီတာအိုဟောကြားမှုက နှစ်တစ်ရာ ကြားပါတယ်။

တာအိုဟောကြားတာ ပြီးသွားပေမဲ့ လူတိုင်းဟာ မဟာတာအို သုံးသပ်နားလည်တဲ့ အခြေအနေကနေ နိုးထမလာကြသေးပါဘူး။ ကျယ်ပြောလှတဲ့ မဟာတာအိုထဲမှာ စိတ်နှစ်ထားရတာက အလွန်တရာမှ သက်သောင့်သက်သာ ရှိလှပါတယ်။ ကမ္ဘာပေါ်က ဘယ်အတွေ့အကြုံထက်မဆို ပိုပြီးတော့ သက်သောင့်သက်သာ ဖြစ်နေတာပါ။

ဖြစ်နိုင်မယ်ဆိုရင် တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ဒီအခြေအနေထဲမှာပဲ ထာဝရနေချင်တာပါ။

“တောက်”

မိုးခြိမ်းသံလို ကျယ်လောင်လှတဲ့ ဟန်ကျွယ်ရဲ့ တောက်ခေါက်သံကြောင့် တိတ်ဆိတ်ဂိုဏ်းသားအားလုံး တာအို သုံးသပ်နားလည်ရာကနေ နိုးထလာကြပါတယ်။

ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်က ထွက်ပေါ်လာတဲ့ ကြောက်မက်ဖွယ် ‌ရောင်ဝါဟာ တာအိုစက်ကွင်းတစ်ခုလုံးကို တုန်လှုပ်သွားစေပါတယ်။ နတ်ဘီလူးဓမ္မရုပ်တု ကိုးပါးဟာ ဟန်ကျွယ်ရဲ့ ခေါင်းထက်မှာ ပေါ်လာပါတယ်။ ဒီနတ်ဘီလူးဓမ္မရုပ်တုတွေဟာ တန်ခိုးထွားပုံ ပေါ်သလို ဘာမထီတဲ့ မျက်နှာထား ရှိပါတယ်။

လူတိုင်းဟာ နတ်ဘီးဓမ္မရုပ်တုတွေကို ငေးမောကြည့်လိုက်ကြပါတယ်။

တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ဒီဟာက ဟန်ကျွယ်ရဲ့ ဆန်းကြယ်စွမ်းအားမှန်း သိကြပါတယ်။ ဒီနတ်ဘီလူးဓမ္မရုပ်တုက အသွင်တူလက်ရည်စမ်းပွဲထဲမှာ အိပ်မက်ဆိုးတစ်ခုဆိုလည်း မမှားပါဘူး။ ဘယ်သူမှ ဒီနတ်ဘီလူးဓမ္မရုပ်တုတွေရဲ့ တိုက်ချက်တစ်ချက်ကိုတောင် မခံနိုင်ကြပါဘူး။

ဒါပေမဲ့ သူတို့တွေဟာ နတ်ဘီလူးဓမ္မရုပ်တုကိုးပါး တစ်ခါတည်း ပေါ်လာတာကို ပထမဆုံးအကြိမ် မြင်ဖူးကြတာပါ။

ဟောင်တျန်ဟာ နတ်ဘီလူးကိုးပါးကို စိုက်ကြည့်နေရင်းနဲ့ ဘိုးဘေးမှော်ဆရာ ၁၂ ပါးကို ရုတ်တရက် တွေးမိလိုက်ပါတယ် ‘ဒါတွေက ဘိုးဘေးမှော်ဆရာတွေရဲ့ စိတ်ဝိညာဉ်တွေများလား’

ဟန်ကျွယ်က ပြောလိုက်ပါတယ် “ကောင်းကင်တာအို ပြန်စတာ နှစ်ထောင်ချီပြီ၊ ရှေးဟောင်း မျိုးနွယ်စုလည်း ပေါ်လာပြီ၊ လူတော်တော်များများက စိတ်မထိန်းနိုင်ဘဲ အပြင်ထွက်ပြီး စွန့်စားလိုကြတယ်၊ အဲဒါကြောင့် ငါ ဒီနေ့ စည်းကမ်းတစ်ခု ချမှတ်မယ်၊ မင်းတို့တွေ တာအိုပညာရှိအတု မဖြစ်ရင် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကနေ ငါ့ခွင့်ပြုချက်မရှိဘဲ မထွက်ရဘူး”

လူတိုင်းဟာ ကြက်သေသေသွားကြပါတယ် ‘တာအိုပညာရှိအတု မဖြစ်ရင် အပြင်မထွက်ရဘူး’

ဟောင်တျန်လည်း လန့်သွားပါတယ် ‘ဒီတပည့်တွေအကုန်လုံးက အပြင်ထွက်နိုင်ဖို့ တာအိုပညာရှိအတု ဖြစ်ရမှာလား၊ မဖြစ်နိုင်ဘူး... နေအုန်း... ဒါ မဖြစ်နိုင်တာ မဟုတ်ဘူး၊ အခုလောလောဆယ်တောင် တိတ်ဆိတ်ဂိုဏ်းမှာ အင်မော်တယ်ဧကရာဇ် တစ်သောင်း ရှိနေပြီပဲ’

ဟောင်တျန်ဟာ ဟန်ကျွယ်ရဲ့ ကြောက်မက်ဖွယ် ကျင့်ကြံမှုကို တွေးမိပြီး တိတ်ဆိတ်ဂိုဏ်းမှာ မဖြစ်နိုင်တာ မရှိဘူးလို့ ခံစားလိုက်ရပါတယ် ‘ငါ ဘယ်လိုဂိုဏ်းမျိုးထဲ ဝင်မိလိုက်တာလဲ’

ဟောင်တျန်ဟာ တိတ်ဆိတ်ဂိုဏ်းသားတွေရဲ့ မျက်လုံးက ကြက်သေသေသွားပေမဲ့ လူတိုင်းရဲ့ မျက်လုံးထဲမှာ ယုံကြည်မှုတွေနဲ့ ပြည့်နှက်နေတာကို တွေ့လိုက်ရပါတယ်။

ဟန်ကျွယ် အန္တိမမူလ မဟာတာအိုကို ဖန်တီးပြီးကတည်းက တိတ်ဆိတ်ဂိုဏ်းမှာရှိတဲ့ လူတိုင်းဟာ ဟန်ကျွယ် တာအိုဟောကြားတာကို နားထောင်ပြီး အဆင့်တွေ ဆက်တိုက် ထိုးဖောက်လာကြပါတယ်။ ဒီအထဲမှာ သာမန်အရည်အချင်းသာရှိတဲ့ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာလည်း ပါပါတယ်။

အချိန်ကြာလာတာနဲ့ တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ကျင့်ကြံမှုမှာ အနှောင်အဖွဲ့ ရှိတယ်ဆိုတာ ကိုတောင် မေ့သွားကြပါတယ်။ သူတို့တွေဟာ ဟန်ကျွယ်နဲ့ အတူတူ ကျင့်ကြံတာက ကျင့်ကြံမှုရဲ့ တောင်ထိပ်ကို ဆက်တိုက် တက်ရောက်နိုင်တယ်လို့ ခံစားလာကြရပါတယ်။

“ကျွန်တော်က တိတ်ဆိတ်ဂိုဏ်း တပည့်တွေထဲမှာ တာအိုပညာရှိအတုအဆင့်ကို ပထမဆုံး ရောက်တဲ့လူ ဖြစ်ရမယ်၊ ဆရာသခင် မစိုးရိမ်ပါနဲ့၊ တစ်ယောက်ယောက်သာ အပြင်ထွက်ရဲရင် ကျွန်တော် သူ့ကို ကောင်းကောင်းကြီး သင်ခန်းစာ ပေးလိုက်ပါ့မယ်” တာအိုအရှင်သခင်က ဂုဏ်ယူစွာ ပြောလိုက်ပါတယ်။

ငရဲကြက်နက်က လှောင်ပြောင်လိုက်ပါတယ် “မင်းအသံက အကြီးဆုံးတပည့် ကျနေတာပဲ၊ မင်းက ငါတို့ထက် အသက်နည်းနည်းပဲ ပိုကြီးတာ မဟုတ်ဘူးလား၊ ပါရမီချင်းယှဉ်ရင် မင်းက အထက်မြက်ဆုံး မဟုတ်ပါဘူး”

တခြားလူတွေဟာ ငရဲကြက်နက်နဲ့ တာအိုအရှင်သခင် ထသတ်မှာစိုးတဲ့အတွက် တစ်ယောက်တစ်ပေါက် ရယ်စာရာတွေ ပြောကြပါတယ်။

ဟန်ကျွယ်ကတော့ နေရာကနေ ရုတ်ခြည်းကွယ်ပျောက်ပြီး တာအိုဘုံကျောင်းကို ပြန်ကာ ဆက်ကျင့်ကြံပါတယ်။

တာအိုပညာရှိအတု ဖြစ်မှ အပြင်ထွက်ရမယ်ဆိုတဲ့ ဟန်ကျွယ်ရဲ့ စည်းကမ်းကြောင့် တိတ်ဆိတ်ဂိုဏ်းသားတွော အသည်းအသန် ကြိုးစား ကျင့်ကြံကြပါတော့တယ်။

သက်ရှိတော်တော်များများကလည်း တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်နားကို ရွှေ့ပြောင်းလာကြပါတယ်။ သားရဲကြမ်းတွေကလည်း တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲကို တိုးဝင်ချင်ကြပေမဲ့ အရံအတားရဲ့ တားဆီးမှုကြောင့် ရှေ့မဆက်နိုင်ကြပါဘူး။

မျက်တောင်တစ်ခတ်အတွင်း နှစ် ၈၀ ကုန်ဆုံးသွားပါတယ်။

ဒီနေ့မှာတော့ တောင်ထိပ်တစ်‌ရာ အင်မော်တယ်မြစ်ကို လူတစ်ယောက် ရောက်လာပါတယ်။ ဒီလူဟာ ကျယ်ပြောလှတဲ့ တောင်တန်းတွေကိုကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ဒီလူက တခြားလူ မဟုတ်ပါဘူး။ ဟန်ကျွယ်နဲ့ တစ်ခါတွေ့ဖူးတဲ့ ကျန်းတုကူးပါ။

“ငါ သူ့ကို မမြင်နိုင်ဘူးပဲ” ကျန်းတုကူးဟာ သူ့ဘာသာ ရေရွတ်လိုက်ပြီး လွန်ခဲ့တဲ့ အနန္တကပ်ဘေးတုန်းက ကျို့ယိုငရဲမှာ ကြုံတွေ့ခဲ့ရတဲ့ လျှို့ဝှက်ဆန်းကြယ် တာအိုစက်ကွင်းကို သတိရမိလိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters