← Chapters

လီမုယဲ့ ရောက်လာခြင်း

Vol. 44 Ch. 483

လီမုယဲ့ ရောက်လာခြင်း

Vol. 44 Ch. 483

“ဝုန်း...”

ကျယ်လောင်လှတဲ့ တိုက်မိသံဟာ တောင်ထိပ်တစ်ရာ အင်မော်မြစ်မှာ ရုတ်တရက် ထွက်ပေါ်လာပါတယ်။

ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ တာအိုစက်ကွင်းထဲ ထိုးဖောက်ဝင်ဖို့ ကြိုးစားနေတဲ့ ကျန်းတုကူးကို တွေ့လိုက်ရပါတယ်။

‘ဒီကောင်က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ’ ဟန်ကျွယ်ဟာ ကျိန်ဆဲလိုက်ပြီး ကျန်းတုကူးရဲ့ ကျင့်ကြံမှုကို စစ်ဆေးလိုက်ပါတယ်။

‘တာအိုပညာရှိအတု အလယ်အဆင့်န့များ ငါ့တာအိုစက်ကွင်းထဲကို ထိုးဖောက်ဝင်ဖို့ ကြိုးစားရဲတယ်’

ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။ ကျန်းတုကူး ဘယ်လောက်ပဲ ကြိုးစားပါစေ တာအိုစက်ကွင်းကို ထိုးဖောက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။

ဒါပေမဲ့ ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့ အသံကြောင့် တိတ်ဆိတ်ဂိုဏ်းသားတွေဟာ နတ်အာရုံကို ဖြန့်ကျက်လိုက်တဲ့အခါ ကျန်းတုကူးကို တွေ့သွားပါတယ်။

“အဲဒါ သူပဲ...”

ကျိုးဖန်ဟာ မျက်နှာ အကြီးအကျယ် ပျက်သွားပြီး အနည်းငယ် ဒေါသထွက်သွားပါတယ်။ လုံဟောင်လည်း ကျိုးဖန်လိုပါပဲ။

ဒီအချိန်မှာပဲ တာအိုစက်ကွင်းအစောင့် စိးမာယိဟာ တာအိုစက်ကွင်း အပြင်ဘက်ကို ရုတ်တရက် ထွက်လိုက်ပါတယ်။

“ဝုန်း... ဝုန်း... ဝုန်း...”

ပေါက်ကွဲသံတွေဟာ တာအိုစက်ကွင်း အပြင်ဘက်မှာ ဆူညံသွားပါတယ်။ တောတောင်ရေမြေတွေ တုန်ခါကုန်သလို ကြမ်းတမ်းပြင်းထန်တဲ့ လေပျင်းဟာလည်း တိမ်ပင်လယ်ကို ဖရိုဖရဲ ဖြစ်သွားစေပါတယ်။

တိတ်ဆိတ်ဂိုဏ်းသားတိုင်းဟာ တာအိုစက်ကွင်းအစွန်းကို သွားပြီး ဒီတိုက်ပွဲကို ကြည့်ရှုကြပါတယ်။

စီးမာယိက ရှီတုတောက်ကို ပုံတူကူးထားတာဖြစ်တဲ့အတွက် ကျန်းတုကူးကို အသာအယာ တိုက်ခိုက်နိုင်ပါတယ်။ သိပ်မကြာခင်မှာပဲ ကျန်းတုကူး အရေးနိမ့်သွားပါတယ်။

စီးမာယိဟာ ဘယ်လက်ကို နောက်ပစ်ပြီး ညာလက်နဲ့ မျှော်စင်တစ်ခုကို ဖန်တီးလိုက်ပါတယ်။ အဲဒီနောက် ဓမ္မစွမ်းအားကနေ ဖြစ်တည်လာတဲ့ စီးမာယိရဲ့ မျှော်စင်ဟာ ကျန်းတုကူးကို တုံ့ပြန်ချိန်တောင် မပေးဘဲ အလွန်လျင်မြန်လှတဲ့ အရှိန်နဲ့ ဖိနှိပ်လိုက်ပါတယ်။

ရှီတုတောက်ရဲ့ မျှော်စင်က သိပ်မကြီးပေမဲ့ ကျန်းတုကူးပေါ်ကို ဆင်းသက်တိုင်း မြေကြီးကို ပြိုလဲစေပြီး အာကာသနိယာမကို ကျိုးပြတ်သွားစေပါတယ်။

“ရှီတုတောက်... ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ကျန်းတုကူးဟာ မျက်လုံးပြူးသွားပါတယ်။

စီးမာယိဟာ လက်နှစ်ဖက်ကို ခါထုတ်လိုက်တဲ့အခါမှာ ကြောက်မက်ဖွယ် ဓမ္မစွမ်းအားတွေဟာ ဆူနာမီလှိုင်းလို ထွက်ပေါ်လာပြီး လျင်မြန်တဲ့အရှိန်နဲ့ ကောင်းကင်ကို လွှမ်းမိုးသွားပါတယ်။

ကျန်းတုကူးဟာ မျက်နှာ အကြီးအကျယ်ပျက်ပြီး သုတ်ခြေတင် ပြေးပါတော့တယ်။

စီးမာယိဟာ ကျန်းတုကူးနောက် မလိုဘဲ တာအိုစက်ကွင်းထဲကို ပြန်ပါတယ်။

ကျိုးဖန်၊ လုံဟောင်နဲ့ ဟောင်တျန်ဟာ တိုက်ပွဲကိုကြည့်ပြီး မှင်သက်သွားကြပါတယ်။ သူတို့တွေဟာ တာအိုအစောင့်တွေက အစွမ်းထက်မှန်း သိပေမဲ့ ကျန်းတုကူးလို လူမျိုးကို ကြောက်လန့်တကြား ထွက်ပြေးစေတဲ့အထိ စွမ်းလိမ့်မယ်လို့တော့ ထင်မထားခဲ့ပါဘူး။

ဟန်ကျွယ် ကျန်းတုကူးကို လွှတ်ပေးလိုက်တာက ကံတရား အထောက်အပံ့ဂိုဏ်းတွေကို ကြောက်လို့ မဟုတ်ပါဘူး။ နောက်တစ်ခါ ပြဿနာလာမရှာရဲအောင် တမင်သက်သက် လွှတ်ပေးလိုက်တာပါ။ ဒီလိုမဟုတ်ဘဲ ပြဿနာလာရှာရင်လည်း ဟန်ကျွယ်က မကြောက်ပါဘူး။

ဟန်ကျွယ်ဟာ ဒီကိစ္စကို တာအိုပညာရှိတွေ သိသွားမှာကိုလည်း မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တာအိုပညာရှိတွေ အင်မော်တယ်ကမ္ဘာထဲ ဝင်လို့မရလို့ပါပဲ။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ဆက်လက် ကျင့်ကြံပါတယ်။

ဟန်ကျွယ် အဆင့်မတက်တာ နှစ် ၂,၀၀၀ ကျော်ခဲ့ပါပြီ။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအလျင်နဲ့ဆိုရင် နောက် နှစ် ၅,၀၀၀ အတွင်း နောက်တစ်ဆင့်တက်ဖို့က ဘာမှခက်ခဲတဲ့အရာ မဟုတ်ပါဘူး။

ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်။

ကျန်းတုကူးဟာ ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေတဲ့ လီမုယဲ့ရှေ့မှာ ဒူးထောက်နေပါတယ်။

“တကယ်လား” လီမုယဲ့က သေချာအောင် မေးလိုက်ပါတယ်။

ကျန်းတုကူးရဲ့ မျက်နှာက အတော်ရုပ်ဆိုးနေပါတယ် “ဟုတ်ပါတယ်၊ တကယ်ကို ရှီတုတောက်ပါ”

“ရှီတုတောက်က တောင်ဘက်စွန်း ကောင်းကင်အရှင်ရဲ့ တာအိုစက်ကွင်းထဲမှာ ကျင့်ကြံအားထုတ်နေတုန်း၊ သူ မဖြစ်နိုင်ဘူး”

လီမုယဲ့ဟာ လက်‌ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်တဲ့အခါ တာအိုစက်ကွင်းကို တွက်ချက်လို့မရတာ တွေ့လိုက်ရပါတယ် ‘တစ်ခုခုတော့ မှားနေပြီ’

ကျန်းတုကူးက ခပ်တိုးတိုး ပြောလိုက်ပါတယ် “အဲဒီထက်ပိုပြီး အရေးကြီးတာက ကျွန်တော် အကောင်းဆုံး ကြိုးစားတာတောင် တာအိုစက်ကွင်းကို မထိုးဖောက်နိုင်တာပဲ၊ တာအိုပညာရှိရဲ့ တာအိုစက်ကွင်းကို ထိုးဖောက်ဖို့ ကြိုးစားနေသလိုမျိုး ခံစားရတယ်”

“မဖြစ်နိုင်ဘူး” လီမုယဲ့က ပြတ်သားစွာ ပြောလိုက်ပါတယ်။

ကျန်းတုကူးဟာ တိတ်ဆိတ်သွားပါတယ်။

လီမုယဲ့လည်း တိတ်ဆိတ်သွားပါတယ်။ အသက်ရှုကြိမ် လေးငါးကြိမ် ကြာတဲ့အခါမှာတော့ လီမုယဲ့က ‌ပြောလိုက်ပါတယ် “ငါကိုယ်တိုင် သွားကြည့်လိုက်မယ်”

ကျန်းတုကူးရဲ့ မျက်လုံးတွေဟာ တောက်ပသွားပြီး ချက်ချင်း ခေါင်းညိတ်လိုက်ပါတယ်။

တာအိုပညာရှိတွေဟာ အင်မော်တယ်ကမ္ဘာထဲ ကိုယ်တိုင်ဝင်လို့မရပေမဲ့ ကိုယ်ခွဲတစ်ခု ဒါမှမဟုတ် ဓမ္မကိုယ်ပွားတစ်ခုကိုတော့ စေလွှတ်လို့ရပါတယ်။

နှစ်ငါးဆယ် ကြာပြီးနောက်။

တာအိုဘုံကျောင်းထဲမှာ ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ တစ်ယောက်ယောက်က တာအိုဟောကြားနေတာကို ကြားလိုက်ရပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ပတ်ဝန်းကျင်က ရန်သူတွေကို စစ်ဆေးလိုက်ပါတယ်။

[လီမုယဲ့: တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်၊ တာအိုပညာရှိတစ်ပါး၏ အလောင်းသုံးလောင်းမှ တစ်လောင်းဖြစ်သည်။]

‘အင်း... နောက်ဆုံးတော့ သူ ရောက်လာပြီပဲ’

ဟန်ကျွယ်ဟာ တာအိုပညာရှိတွေ အာရုံစိုက်တာကို ခံရမယ်လို့ ကြိုတွေးထားပြီးသားမို့ ကြောက်တာတို့ လန့်တာတို့ အံအားသင့်တာတို့ မဖြစ်ပါဘူး။

ဟန်ကျွယ်ဟာ မျက်စိတ်မှိတ်ပြီး အသွင်တူလက်ရည်စမ်းပွဲထဲမှာ လီမုယဲ့နဲ့ စတင် တိုက်ခိုက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အစွမ်းကုန် ထုတ်တိုက်တဲ့အတွက် လီမုယဲ့ကို တစ်ချက်တည်း သတ်နိုင်သွားပါတယ်။

တာအိုပညာရှိရဲ့ ကိုယ်ခွဲဆိုပေမဲ့ တာအိုပညာရှိအတုအဆင့်ပဲ ရှိတာကြောင့် ဟန်ကျွယ်ကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စိတ်သက်သာရာ ရသွားတဲ့ ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို အာရုံပြန်စိုက်ပါတယ်။

အရံအတား ရှိနေတာကြောင့် တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ဖြားယောင်းခံရရင်တောင် အပြင်ထွက်နိုင်မှာ မဟုတ်ပါဘူး။

တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ လီမုယဲ့ တာအိုဟောကြားတာကို ကြားလိုက်ရတဲ့အတွက် တာအိုစက်ကွင်းအစွန်းကို အပြေးရောက်လာပြီး လာကြည့်ကြပါတယ်။

လီမုယဲ့ဟာ တောင်ခါးပန်းမှာ တာအိုဟောကြားနေတာပါ။ လီမုယဲ့ဟာ သာမန်အဝတ်အစားကိုသာ ဝတ်ဆင်ထားတဲ့အတွက် လယ်သမားတစ်ယောက်လိုပါပဲ။ ဒါပေမဲ့ ဒီခေတ်မှာက လယ်သမား မရှိပါဘူး။

ရှန်တျန်သက်ရှိတွေဟာ အရပ်ဆယ်မျက်နှာကနေ လီမုယဲ့ဆီ အပြေးရောက်လာကြပါတယ်။ ဒီမြင်ကွင်းက တော်တော်ကို ကြီးကျယ်ပါတယ်။

“အဲဒီကောင်က ဘယ်သူလဲ” ကျန်းယီက မပျော်မရွှင် ပြောလိုက်ပါတယ်။

တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာ ဟန်ကျွယ်ရဲ့ တာအိုဟောကြားတာကို အမြဲမပြတ် နားထောင်ရတဲ့အတွက် လီမုယဲ့ တာအိုဟောကြားတာကို မကြိုက်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ရဲ့ တာအိုဟောကြားမှုက လီမုယဲ့ တာအိုဟောကြားတာထက် နားလည်ရ ပိုလွယ်လို့ပါပဲ။

တာအိုအရှင်သခင်ဟာ မျက်တောင် ခတ်လိုက်ပါတယ် “ငါတို့တွေ ဒီကောင်ကို ရှင်းသင့်လား”

မုရုံချီက ပြောလိုက်ပါတယ် “မလောပါနဲ့၊ စောင်ကြည့်ရအောင်၊ ဒါက ထောင်ချောက် ဖြစ်နိုင်တယ်၊ ကျန်းတုကူးကို မမေ့နဲ့၊ အဲဒီကောင်ကြောင့် ကျွန်တော်တို့ တိတ်ဆိတ်ဂိုဏ်းကို သူများတွေ သိသွားတာ ဖြစ်နိုင်တယ်”

တခြားတပည့်တွေရဲ့ မျက်နှာဟာလည်း လေးနက် တည်ကြည်သွားပါတယ်။ သူတို့တွေဟာ လီမုယဲ့ကို နတ်အာရုံနဲ့ စစ်ဆေးကြည့်ပေမဲ့ ထိုးဖောက်မမြင်နိုင်တာကို တွေ့လိုက်ရတဲ့အတွက် လန့်သွားကြပါတယ်။ ဒါကြောင့် တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ အပြင်မထွက်ရဲတော့ပါဘူး။

ဟောင်တျန်ဟာ လုံဟောင်ခေါင်းထက်မှာ ပေါ်လာပါတယ် “တာအိုပညာရှိရဲ့ ကိုယ်ခွဲပါလား”

ဟောင်တျန်စကားကြောင့် တိတ်ဆိတ်ဂိုဏ်းသားတိုင်း လန့်သွားပါတယ်။

ဒီအချိန်မှာပဲ လီမုယဲ့ဟာ ဟောင်တျန်ကို တစ်ချက်ကြည့်လိုက်ပါတယ်။ ဟောင်တျန်ဟာ လန့်ဖျပ်သွားပြီး လုံဟောင်ခန္ဓာကိုယ်ထဲကို ချက်ချင်းဝင်ပြေးပါတယ်။

“သူက တာအိုပညာရှိဆိုတော့ ဘာဖြစ်လဲ၊ အထဲတောင် မဝင်ရဲဘဲနဲ့” ငရဲကြက်နက်က အထင်အမြင်သေးစွာ ပြောလိုက်ပါတယ်။

အန္တရာယ်တကယ်ရှိတယ်ဆိုရင် ဟန်ကျွယ်က ကျိန်းသေပေါက် ထွက်ပြေးမှာကို ငရဲကြက်နက် သိနေပါတယ်။ ဒါကြောင့်လည်း ငရဲကြက်နက်က ဒီလိုပြောရဲတာပါ။

ငရဲကြက်နက်ရဲ့ စကားကြောင့် လူတိုင်းရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ်။

လီယောင်က ပြောလိုက်ပါတယ် “စီနီယာအစောင့်တွေလည်း မလာဘူး၊ ကြည့်ရတာ ဂိုဏ်းချုပ်က အန္တရာယ်မရှိဘူးလို့ တွက်ဆထားပု့ပဲ၊ ဒီလူ တာအိုဟောကြားနေတာက ကျွန်မတို့ကို အပြင်ထွက်အောင် လာဖြားယောင်းတာပဲ ဖြစ်ရမယ်”

ကျောက်ရွှမ်ယွမ်က သက်ပြင်းချလိုက်ပါတယ် “ဆရာသခင်က တကယ်ကို အထင်ကြီးဖို့ ကောင်းတာပဲ၊ တာအိုစက်ကွင်းတစ်ခုနဲ့ တာအိုပညာရှိကို ဟန့်တားနိုင်တယ်”

တိတ်ဆိတ်ဂိုဏ်းသားတွေရဲ့ သက်ပြင်းချသံနဲ့ သူတို့ပြောနေတဲ့ စကားတွေကို ကြားနေရတဲ့ လီမုယဲ့ဟာ နှုတ်ခမ်းတွန့်သွားပါတယ်။ ဒါပေမဲ့ လီမုယဲ့ဟာ မကြားချင်ယောင်ဆောင်ပြီး တာအိုဆက်ဟောပါတယ်။

မကြာခင်မှာပဲ တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ကိုယ့်နေရာ ကိုယ်ပြန်ပြီး ကျင့်ကြံအားထုတ်ကြပါတယ်။

တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးသွားပါတယ်။

တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်မှာ ရှန်တျန်သက်ရှိတွေ ပိုပိုပြီးတော့ စုစည်းလာပါတယ်။ ဘယ်နေရာကိုကြည့်ကြည့် သားရဲမျိုးစုံ ငှက်မျိုးစုံပါပဲ။

နှစ်တစ်ရာကြာတဲ့အခါမှာတော့ ရှန်တျန်သက်ရှိ အရေအတွက်ဟာ တစ်သိန်းကို ကျော်လွန်သွားပါတယ်။ ဒါပေမဲ့ ရှန်တျန်သက်ရှိအရေအတွက် တိုးလာတာက ရပ်မသွားဘဲ ပုံမှန်ဆက်တိုးနေပါတယ်။ ကြည့်ရတာ လီမုယဲ့က ဒီနေရာမှာ တာအိုစက်ကွင်း တည်ဆောက်ချင်ပုံပါပဲ။

ဟန်ကျွယ်ဟာ မနေနိုင်တော့ဘဲ အသံလွှင့်ပြီး ပြောလိုက်ပါတယ် “စီနီယာ... ဘာလို့ ဒီလိုလုပ်တာလဲ”

လီမုယဲ့က အပြုံးနဲ့ ပြန်ဖြေပါတယ် “မိတ်ဆွေလည်း... မင်းက တကယ်ကို အထင်ကြီးဖို့ကောင်းတယ်၊ ကျုပ်ကို ဘာလို့ တာအိုစက်ကွင်းထဲ မဖိတ်‌ခေါ်တာလဲ”

“ကျွန်တော်က သေမှာကြောက်တယ်”

“မင်းက ငါ့သရုပ်မှန်ကို ခန့်မှန်းမိတယ်မလား၊ ငါ မင်းကို မတိုက်ခိုက်ပါဘူး၊ အရင်တုန်းက ငါ မင်းကို အိပ်မက်ပေးသေးတယ်၊ ဒါပေမဲ့ မင်းက အမှောင်တားမြစ်နယ်မြေမှာဆိုတော့ ငါ့အိပ်မက်ကို လက်မခံနိုင်ခဲ့ဘူး”

“အဲဒါ ထားလိုက်ပါတော့၊ အခုက ဘာကိစ္စရှိလို့ပါလဲ”

“မင်း တာအိုပညာရှိနေရာကို လိုချင်လား”

‘ဒီတာအိုပညာရှိတွေက ဒီတာအိုပညာရှိနေရာကိုပဲ ကတိပေးနိုင်တာလား’ ဟန်ကျွယ်ဟာ တာအိုပညာရှိတွေကို စိတ်ထဲမှာ အထင်သေးသွားပါတဘ်။

“တာအိုပညာရှိ ချုံရှီလိုင်က ကျွန်တော်ကို တာအိုပညာရှိနေရာပေးမယ်လို့ ကတိပေးထားတယ်၊ တာအိုပညာရှိနေရာက ဘယ်နှခုတောင် ရှိနေတာလဲ”

လီမုယဲ့ဟာ နှလုံးလှုပ်သွားပါတယ် “အဲဒီကောင်မှာ တာအိုပညာရှိနေရာ မရှိဘူး၊ သူက မင်းကို အရူးလုပ်နေတာ”

“တကယ်လား၊ ဒါဆိုရင် ကျွန်တော် သူ့ကို မေးကြည့်အုန်းမယ်” ဟန်ကျွယ်က သံသယဖြစ်သွားတဲ့ မျက်နှာနဲ့ ပြန်ဖြေလိုက်ပါတယ်။

“ဟွန်း..."

အေးစက်လှတဲ့ နှာမှုတ်သံတစ်ခု ထွက်ပေါ်လာပါတယ်။ ချုံရှီလိုင်ကလွဲရင် ဘယ်သူဖြစ်နိုင်အုန်းမှာလဲ။

လီမုယဲ့ဟ တစ်စုံတစ်ခုကို ကြားသွားပုံပါပဲ။ အလင်းတန်အသွင် ပြောင်းလဲပြီး ကောင်းကင်ပေါ် ပျံတက်သွားပါတယ်။

ဟန်ကျွယ်ဟာ ဒီကိစ္စကို စိတ်ထဲမထားပါဘူး။ ချုံရှီလိုင်နဲ့ လီမုယဲ့ အချင်းချင်း နှောင်ဖွဲ့ထားရင် သူ့ဆီလာပြီး နှောင့်ယှက်နိုင်တော့ မဟုတ်ပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters